Clover’s and Ruby’s Diary

Clover’s and Ruby’s Diary

Share

Proud mama of two beautiful blessings 💕
My world revolves around their smiles — my little queens.

Photos from Clover’s and Ruby’s Diary's post 17/01/2026

အိမ်မှာ ပေါင်မုန့်ပီဇာလေး အလွယ်လုပ်စားကြမယ် 🍕🍕 🍕
ဒါလေးက Oven or Air-fryer or Non-stick Pan ဘာနဲ့ဖြစ်ဖြစ်လုပ်လို့ရလို့ အဆင်ပြေလွယ်ကူသောလေးပါ။ Clover လေးက အရမ်းကြိုက် 😋 တစ်ချပ်လုံး သူကုန်အောင်စားတာ😍
လုပ်နည်းက အရမ်းလွယ်လို့ ပုံလေးသာကြည့်တော့ 🥰

Photos from Clover’s and Ruby’s Diary's post 06/01/2026

ကျောင်းပြန် ညနေခင်းအဆာပြေ အကြော်ပူပူလေး🥔🧅🫕
Clover လေးကျောင်းကပြန်လာတော့ အမေလည်း တစ်ခုခုစားချင်နေတာနဲ့ အိမ်မှာရှိတာလေး အပြေးလွှား ကြော်လိုက်တယ်။
သမီးကြီးက အရင်က အကြော်ဆို မစားဘူး။ ခုတစ်ခါတော့ အာလူးကြော်လေး အားပေးရှာတယ်။


#မုံရွာအညာမုန့်

Photos from Clover’s and Ruby’s Diary's post 30/12/2025

Mini Boss Edition 😅 on the road memories of Pattaya City and Beijing trip 🏝️🌃

Dad : “We’ll rest a bit, okay?”
Her: “No rest, Daddy! We’re on vacation!” 😆

Photos from Clover’s and Ruby’s Diary's post 29/12/2025

Visited the dental clinic 🦷 🏥

🍀 Clover လေးက (၄)နှစ်ပြည့်ပါပီ။

✅Clover မေမေက ဆရာဝန်မဟုတ်တာမို့ ကိုယ့်အမြင်နဲ့ဘဲ ရေးတာလေးတွေမှာ အမှားပါရင် ခွင့်လွတ်ဖြည့်တွေးပေးပါရှင်။

🦷Clover (၁)နှစ်ကျော်မှာကတည်းက ရှေ့သွားလေးတွေ သွားပိုးစားချင်တဲ့ လက္ခဏာ (ကြွေလွှာကွာပီး ဝါနေတာ၊ သွားကျွတ်တတ်တာနဲ့ သဏ္ဍာန်တူ) တွေ့တာမို့ နာမည်ကြီးသွားဆေးခန်းတစ်ခုမှာ Appointment ယူပီးသွားပြပါတယ်။ ဆေးခန်းမှာ ဆရာဝန်ငယ်ငယ်လေးက Consultation လုပ်ပေးပီး Cloverလေးကို သွားစစ်ဖို့လုပ်ပါတယ်။ Clover လေးက သူ့သွားကို လုံးဝအထိမခံတာပါ။ အရမ်းငိုပီး ရုန်းကန်နေတာမို့ သေချာလည်း ကြည့်မရပါဘူး။ သွားဆရာဝန်လေးကလည်း စိတ်မရှည်ပါဘူး။သွားချေးတွေဆိုပီး ကောက်ချက်ချပါတယ်😖

🦷သွားဆေးခန်းမသွားမှီ ကလေးအမေ၊ကလေးအဖေအသိသူငယ်ချင်းတွေကို လိုက်ပတ်မေးပီးမှ သွားခဲ့တာပါ။ ပြည်ပက ကလေးအမေ သူငယ်ချင်းက သူတို့ဆီမှာ ကလေးကို fluoride သုတ်ပေးတယ်လို့ပြောပါတယ်။ မေမေ မျှော်လင့်မိတာလည်း သွားတိုက်ရခက်တာမို့ သွားပိုးမစားအောင် Fluoride လေးတော့ သုတ်ပေးမယ် ထင်တာပါ။ ဘာမှ မလုပ်ပေးပါဘူး။ သွား, ရအောင် တိုက်လို့ဘဲ ပြောပါတယ်။ဆေးခန်းကို အပြစ်တင်လို့တော့ မရပါဘူး။ အရေးကြီးဆုံးက မိဘအပြစ်ဘဲမဟုတ်လား။

🦷Clover လေးက သွားတိုက်ရခက်ပါတယ်။ ချော့ပြောလည်း မရသလို ခြောက်ပြောရင်ငိုပါတယ်။ ငိုရင် အန်ပါတယ်။ သူအန်မှာစိုးတာနဲ့ အရမ်းဖိအားမပေးဖြစ်ပါဘူး။ သွားတိုက်တံပေါင်းမျိုးစုံ၊သွားတိုက်ဆေးမျိုးစုံနဲ့ သွားတိုက်လိုက်မတိုက်လိုက်နဲ့ (၄)နှစ်ရောက်တော့ သွားပိုးပေါက် (၄)ခု၊ ရှေ့သွားပိုးစားတာက ၄ချောင်းဖြစ်နေပါပီ။ 😭
ဖြစ်ရတဲ့အကြောင်းရင်းကလည်း ညအိပ်ရင် နို့ဘူးစို့ရင်း အိပ်တာကြောင့်လို့ ထင်ပါတယ်။

🦷အသက် (၄)နှစ်မှာတော့ online ပေါ်က ကြော်ငြာလေးတစ်ခုက သိတဲ့ သွားဆေးခန်းကို မရမက ခေါ်သွားပါတယ်။ အဲ့ဒီကျမှ သိတာက ကလေးတွေကို သွားဆေးခန်းပြဖို့ ကလေးသီးသန့် သွားဆေးခန်းမှ အဆင်ပြေတာဆိုတာကို သိတာပါ။ အရင်ကသွားခဲ့တာက နာမည်ကြီးပေမယ့် ပုံမှန်သွားဆေးခန်းပါ၊ ကလေးပေါက်စအတွက်တော့ ကြောက်စရာ နေရာလို ဖြစ်နေတာပေါ့။စိတ်ရှည်ဖို့ကတော့ နံပါတ်-၁ အရေးကြီးပါတယ်။ အဲ့ဒီဆေးခန်းမှာ playground ပိစိလေးရှိသလို ဆေးခန်းသုံးပစ္စည်းတွေကလည်း ကလေးမကြောက်တဲ့ အရုပ်ကလေးတွေနဲ့ ပုံဖော်ထားတာပါ။ Consulting ကိုလည်းသေချာလုပ်ပေးသလို ဆေးခန်းသုံးပစ္စည်းတွေကိုလည်း ကလေးကို သေချာမိတ်ဆက်ပေး၊ ကိုယ်တိုင်ကိုင်ခိုင်းပါတယ်။ Clover က ဒီတစ်ခါတော့ လုံးဝမကြောက်သလို အေးဆေး သူ့စိတ်ကြိုက်ကာတွန်းကားကြည့်ပီး သွားဖာတာကို လက်ခံပါတယ်။ ခုတော့ သွားပိုးပေါက်တွေအကုန်ဖာပီးပီမို့ အစားသောက်လည်း စိတ်ကြိုက် စားလို့ရပါပီ။ နွားနို့ကိုလည်းခွက်နဲ့ပြောင်းသောက်ပီး ညတိုင်းသွားတိုက်ပီးမှ အိပ်ရာဝင်နေပါပီ။ ရှေ့သွားပိုးစားတာလေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပီး ဆက်လုပ်ဖို့ ကျန်ပါသေးတယ်။

🦷 Clover မေမေလို ကလေးသွားပြဿနာကြုံနေရတဲ့ မေမေများအတွက် သွားဆေးခန်းလေး နာမည်က Smile Craft Dental Studioပါ။

https://www.facebook.com/share/1BhucXHPUM/?mibextid=wwXIfr

လိပ်စာလေးက ရှင်စောပုလမ်းမပေါ်က Nut house, Osushi , Beer Vibe ဆိုင်ကပ်ရပ်မှာပါ။ Clover မေမေကတော့ 💯 recommend ပါရှင်။
❌not sponsored post ပါနော်❌

Photos from Clover’s and Ruby’s Diary's post 28/12/2025

ဒီနေ့က သမီးအငယ်လေး Ruby Shane လေး မွေးတာ (၁)လပြည့်လေးပါ။ Clover’s and Ruby’s Diary page လေးကို post မတင်ဖြစ်တာ (၁)နှစ်ကျော်ကြာပီ။ Clover လေး ၁နှစ်လောက်ကစပီး မေမေတစ်ယောက် အိမ်ထွက်ငွေလေး ဖာရန် အလို့ဌာနဲ့ သမီးလေးအတွက်စိတ်ကြိုက် အဝတ်တွေဆင်ပေးချင်လို့ baby online shop လေး နဲ့ Skincare online shop လေး လုပ်နေလိုက်လို့ပါ။
ကလေးငယ်သေးတာရော ပစ္စည်းတွေ မဝင်တာရောကြောင့် အရောင်းပါးတုန်းမှာ စာလေးတွေ ပုံလေးတွေ တင်ချင်လာပြန်ရော😁။
ဒီတော့ စာလေးတွေ ပုံလေးတွေ ပြန်တင်မယ်ရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11231