MeDiary
Daily diary for all people.
11/02/2022
စိတ်မာသူ
သူက စိတ်မာတယ်။
ကျွန်မ မရှိတော့ရင်တောင် ဘာမှပြိုလဲမသွားအောင် စိတ်မာသူတယောက်လို့ ကျွန်မယုံကြည်ခဲ့တယ်။
တကယ်လည်း ကျွန်မထင်သလို စိတ်မာသူက သူပါပဲ။
ကျွန်မလည်း သူ့လို စိတ်မာနိုင်အောင် ကြိုးစားခဲ့တယ်။
ကျွန်မဘဝမှာ သူမရှိရင် ဘာမှပြိုလဲသွားမှာ မဟုတ်ဖူးလို့ ထင်ခဲ့ဖူးတယ်။
တကယ်က ကျွန်မရဲ့နေ့ရက်တိုင်းမှာ စိတ်ဓါတ်တွေအလဲလဲအပြိုပြို ဖြစ်ခဲ့ရပြီ။
သူကတော့ စိတ်မာဆဲ။
သူက ခုထိ စိတ်မာသူတယောက်ပါပဲ။
မို့ငြိမ်းသူ
11Feb2022
ဦးနှောက်ကမေ့ပစ်လိုက်ပေမဲ့
နှလုံးသားက ဘယ်တော့မှမမေ့ခဲ့ဖူးပဲ
ဘာမှမခံစားရတော့ဖူးလို့ ထင်ပေမဲ့
တိုက်ဆိုင်လိုက်တိုင်းမှာ
နင့်နေအောင် ခံစားရတယ်
ချစ်သူ
မို့ငြိမ်းသူ
24Jan2021
28/12/2020
တခြားသူတယောက်ကို မြှင့်တင်ပေးချင်ရင် ကိုယ်တိုင်အရင်မြင့်အောင် ကြိုးစားပါ။
ကိုယ်တိုင်က ဘာမှမဟုတ်ပဲ သူများကို ဘယ်လောက်ထိ ကူညီမြှင့်တင်ပေးနိုင်ပါ့မလဲ။
မို့ငြိမ်းသူ
28Dec2020
19/09/2020
💙 ကျွန်မရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို ချမပြဖြစ်တာတောင် အတော်ကြာခဲ့ပြီပဲ။
💙 ဘဝအတွက်ရုန်းကန်လှုပ်ရှားနေရတဲ့သူတယောက်အတွက် ခံစားချက်တွေကိုမေ့ပြီး လုပ်စရာအလုပ်တွေကို လုပ်နေရတာပါပဲ။
💙 အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။
မို့ငြိမ်းသူ
19Sep2020
23/06/2020
💗 ချစ်တယ်
💗 အရာရာတိုင်းကိုချစ်တယ်
💗 ကျွန်မကိုမချစ်လည်း ချစ်တယ်
💗 ကျွန်မကိုချစ်လည်း ချစ်တယ်
💗 ချစ်ခြင်းဆိုတာ ချစ်တတ်ဖို့ပဲလိုတာလေ
💗 အပြန်အလှန်မချစ်လည်း ချစ်လို့ရတယ်
မို့ငြိမ်းသူ
23June2020
21/05/2020
☘️ ချစ်သူ
☘️ ပျော်ရွှင်ပါစေ
☘️ အမြဲပျော်ရွှင်ပါစေ
☘️ အချိန်တိုင်း ပျော်ရွှင်ပါစေ
မို့ငြိမ်းသူ
21May2020
12/05/2020
Today Thought
🍀 အရမ်းချစ်ဖူးတဲ့သူတယောက်ကို မုန်းသင့်လား?
ကျွန်မကတော့ မမုန်းသင့်ဖူးလို့ပဲထင်တယ်။
ဖြူစင်တဲ့အချစ် ၅၂၈ မေတ္တာနဲ့ဆက်ချစ်သွားလို့ရတာပဲလေ ဟုတ်တယ်မလား ...
🍀 ကျွန်မကတော့ ချစ်ဖူးတဲ့သူကိုမမုန်းဖူး အေးမြတဲ့ မပူလောင်တဲ့ ဘာကိုမှမမျော်လင့်တဲ့ အချစ်နဲ့ဆက်ချစ်နေဆဲပဲ ...
မို့ငြိမ်းသူ
12 May 2020
06/05/2020
Today Thought
လူရဲ့စိတ်က သိပ်ကိုထူးဆန်းတယ်။ တခါတလေ ဖြစ်ဖူး ကြုံဖူးကြမယ်ထင်ပါတယ်။
စကားလေးတခွန်းနှစ်ခွန်းပြောဖူးရုံ၊ တချို့ဆို အသံလေးကြားဖူးရုံ မျက်နှာလေးမြင်ဖူးရုံနဲ့ ချစ်ခင်နှစ်သက်မိနေတာမျိုးလေ။ အရင့်အရင်ဘဝက ရေစက်တွေကြောင့်ဖြစ်မယ်ထင်ပါတယ်။
ကျွန်မဆို သူတို့ကိုမြင်ရတဲ့အခါ အသံလေးကြားရတဲ့အခါ ရင်ထဲမှာပေါ်လာတဲ့ မေတ္တာအအေးဓါတ်ကိုခံစားရတယ်။ သိပ်ကိုရိုးရှင်းတဲ့ ကြည်လင်တဲ့မေတ္တာပါ။ အဲလိုမေတ္တာမျိုး လူတိုင်းအပေါ်ထားနိုင်ရင် သိပ်ကောင်းမယ်လို့လဲတွေးမိတယ်။
မို့ငြိမ်းသူ
06-05-2020
ညစ်ထေးနေတဲ့အတွေးတွေကို
အဖြူရောင်ခြယ်လိုက်တယ်
နှလုံးသားတခုလုံး သန့်စင်စေ။
မို့ငြိမ်းသူ
04-02-2020
ကျွန်မ
တချို့က ကျွန်မကို အနေအေးသူ၊
တချို့က ကျွန်မကို သွက်လက်ချက်ချာသူ၊
တချို့က ကျွန်မကို ရိုးအသူ၊
တချို့က ကျွန်မကို လည်ဝယ်သူ၊
တချို့က ကျွန်မကို သည်းခံတတ်သူ၊
တချို့က ကျွန်မကို ဒေါသကြီးသူ၊
တချို့က ကျွန်မကို ကျေးဇူးကန်းသူ၊
တချို့က ကျွန်မကို ကျေးဇူးသိတတ်သူ၊
တချို့က ကျွန်မကို ကြင်နာတတ်သူ၊
တချို့က ကျွန်မကို ရက်စက်တတ်သူ၊
တချို့က ကျွန်မကို အဆင့်အတန်းခွဲသူ၊
တချို့က ကျွန်မကို အဆင့်အတန်းမခွဲသူ၊
တချို့က ကျွန်မကို ဥာဏ်အမျော်အမြင်ကြီးသူ၊
တချို့က ကျွန်မကို ဥာဏ်နည်းသူ၊
တချို့က ကျွန်မကို ဆက်ဆံရေးကောင်းသူ၊
တချို့က ကျွန်မကို ဆက်ဆံရေးညံ့ဖျင်းသူ၊
တချို့က ကျွန်မကို မိခင်ကောင်းပီသသူ၊
တချို့က ကျွန်မကို ငွေနောက်လိုက်သူ၊
တချို့က ကျွန်မကို လောဘကြီးသူ၊
တချို့က ကျွန်မကို လောဘနည်းသူ၊
တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...
တချို့က ကျွန်မကို ...
သူတို့ မှန်ပါတယ်။
သူတို့နဲ့ထိတွေ့ဆက်ဆံလိုက်ရတဲ့အခြေအနေတခုမှာ၊ သူတို့ရဲ့ခံစားချက်/စဥ်းစားဆင်ခြင်ဥာဏ်ကနေ ဖြစ်ပေါ်လာတဲ့အမြင်တခုမှာ ကျွန်မက သူတို့ပြောတဲ့ကျွန်မအဖြစ်တည်ရှိနေပါတယ်။
တကယ်တော့ ကျွန်မက ကျွန်မပါပဲ။
ကျွန်မစိတ်နဲ့ကျွန်မကိုယ် ရပ်တည်နေသူတယောက်သာ။
မို့ငြိမ်းသူ
03-01-2020
Click here to claim your Sponsored Listing.