အသံတိတ်စကားများ
Healing လုပ်ကြမယ် 🩵
1."နောက်ပြန်မကြည့်တော့တဲ့ မိန်းမတ ယောက်ရဲ့ဆုံးဖြတ်ချက်"
မိန်းမတယောက်ဆိုတာ သူ့စိတ်ထဲမှာ မပြတ်သားသေးတဲ့အချိန်တွေမှာ တော့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင် မနားလည်နိုင် လောက်အောင် အရာရာကို သည်းခံပြီး နေတတ်ပါတယ်။
မင်းမသိတဲ့နေရာတွေမှာ သူမဟာ မျက်ရည်တွေ မျှောနေခဲ့နိုင်တယ်.. မင်းပြောတဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲမှာ မပြောနိုင်တဲ့နာကျင်မှုတွေ စုပြုံနေခဲ့နိုင်..
ဒါပေမယ်
သူမ မပြောဘူး... မဖော်ပြဘူး.. မင်းနားလည်ပေးမယ်လို့ မျှော်လင့်ပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံသည်းခံနေတတ်တယ်။
တချို့အချိန်တွေမှာ သူမဟာ ကိုယ့်တန်ဖိုးကိုတောင် မေ့သွားနိုင်တယ်... မင်းကို မဆုံးရှုံးချင်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုပဲ အလျော့ပေးပြီး "အဆင်ပြေပါတယ်" လို့ ပြောနေခဲ့တာတွေ များ တယ်။
2.အဲ့ဒါတွေကို မြင်ပြီး "သူက အမြဲဒီလိုပဲနေလိမ့်မယ်" လို့ မထင်ပါနဲ့…
ဘာလို့လဲဆိုတော့’ သည်းခံမှုဆိုတာ အဆုံးမရှိတဲ့အရာ မဟုတ်လို့ပါ။
တနေ့မှာ သူမရဲ့စိတ်ထဲက မျှော်လင့်ချက်တွေ တဖြည်းဖြည်း ချိုးကွဲလာမယ်.. မင်းကို ယုံကြည်ထားတဲ့ အရာတွေ တစ်ခုချင်းစီ ပြိုကွဲသွားမယ်..
အဲ့ဒီအချိန်မှာတောင် သူမက နောက်တစ်ခါ ထပ်ပြီး ကြိုးစားနေတတ် သေးတယ်… "ဒီတစ်ခါတော့ ပြောင်းလဲလာမယ်ထင်တယ်" ဆို ပြီး နောက်ဆုံးအကြိမ်အထိ စောင့်ကြည့်နေတတ် တယ်...
ဒါပေမယ့်… နောက်ဆုံးမှာတော့ သူမရဲ့စိတ်က အရမ်းပင်ပန်းသွားတယ်။
နာကျင်မှုတွေကို ဆက်မထမ်းနိုင်တော့တဲ့အချိန် မင်းအတွက် မျှော်လင့်ချက်တွေ အားလုံးကို သူမကိုယ်တိုင်ပဲ ဖြတ်တောက်လိုက်တယ်။
3.အဲ့ဒီတနေ့ဟာ အရာအားလုံး ပြောင်းလဲသွားတဲ့နေ့ပါပဲ...
မင်းသိထားတဲ့ သည်းခံတတ်တဲ့ မိန်းမတယောက် မဟုတ်တော့ ဘူး။ မင်းကို စောင့်မျှော်နေတတ်တဲ့သူ မဟုတ်တော့ ဘူး။ မင်းအတွက် အလျော့ပေးနေတတ်တဲ့သူလည်း မဟုတ်တော့ဘူး။
အဲ့ဒီနေ့ကစပြီး သူမဟာ တိတ်တိတ်လေး လှည့်ထွက်သွားတတ် ... ရှင်းပြဖို့ မလိုအပ်တော့ဘူးလို့ ထင်လာတယ်. ပြန်လည်စောင့်ဆိုင်းဖို့ အကြောင်းမရှိတော့ဘူးလို့ သိလာတယ်...
တစ်ချိန်က
မထားနိုင်ခဲ့တဲ့အရာတွေကို လွယ်လွယ်ကူကူ လွှတ်ချနိုင်သွားတယ်...
တစ်ချိန်က မမေ့နိုင်ခဲ့တဲ့သူကို မထင်မှတ်ပဲ မေ့သွားတတ်တယ်...
13/02/2026
လူတစ်ယောက်ကိုလက်လွှတ်နိုင်တဲ့အချိန်
လက်လွှတ်ရတဲ့ခံစားချက်ကို ခံစားဖူးတဲ့သူပဲသိပါတယ်
ဝန်လေးရတယ် စိတ်အားလဲငယ်ရတယ်
စိတ်သေချာမပြတ်နိုင်သေးပဲနဲ့
လက်လွှတ်လိုက်မယ်လေလို့တွေးလိုက်မိတဲ့အချိန်တိုင်းမှာ ဘယ်လောက်မွန်းကျပ်ပြီးလှောင်ပိတ်နေရလဲဆိုတာ ကိုယ်လဲနားလည်ပါတယ်
ဘာလို့ဆို ခံစားဖူးခဲ့တာကို ခံစားရခဲ့တာကိုး
ဒါပေမယ့်လေ အကုန်လုံးကိုအပြီးသ၊တ်လက်လွှတ်စေချင်တယ် ကိုယ့်ကိုယ်ကိုပိုချစ်ပြီးတော့ အများကြီးလဲတန်ဖိုးထားစေချင်တယ်
ကိုယ့်ရဲ့ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့
အေးအေးချမ်းချမ်းဖြတ်သန်းစေချင်တယ်
အဲ့ဒီနွံထဲကရုန်းထွက်စေချင်တယ်
လွယ်မှာတော့မဟုတ်ဘူး တကယ်လဲမလွယ်ခဲ့ဘူး
ဒါပေမယ့် ..ဒါပေမယ့်ပေါ. .....
Crd
11/02/2026
ချစ်နေရက်နဲ့တောင် ထားပစ်နိုင်ခဲ့ခြင်း " ဟာ
ကိုယ့်ရဲ့ အလံနီဖြစ်လိမ့်မယ် ထင်တယ် ။
အဲဒီ အလံနီလေးဟာ တစ်ဖက်မှာတော့
" ကိုယ့်ဘဝရဲ့ အေးချမ်းမှုကို ကာကွယ်ပေးတဲ့ ..
တားမြစ်နယ်မြေ အမှတ်သားတစ်ခု " ဖြစ်နေခဲ့ပြန်တယ် ။
ဘာကို ဆိုလိုသလဲဆိုရင် …
တစ်ခါတလေ လူကို ချစ်ပေမယ့် အကျင့်စရိုက်ကို မကြိုက်တာမျိုးတွေ ရှိတယ် ။ တွဲထားတယ်လို့ထင်တဲ့ လက်တွေက ကိုယ့်ဘက်ကချည်း ဆွဲထားနေရတာမျိုးတွေလည်း ရှိတယ် ။ သိပ်လိုချင်ပေမဲ့လည်း .. စိတ်ကို ပူစေတဲ့ သောကလှလှလေးတွေလည်း ဖြစ်နေတတ်တယ် ။
ဒါကြောင့်ပဲ အချစ်ကို ပယ်ပြီး .. ဘဝကိုသာ ကယ်
နိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ။ move on နိုင်မယ် ၊ မနိုင်မယ်ဆိုတာ နောက်မှာထား … ကိုယ့်တကယ် လိုအပ်တဲ့ အေးချမ်းမှု ၊ ပျော်ရွှင်မှု ၊ self love ၊ self esteem မရဘူးဆိုရင် ရတဲ့နေရာဆီကိုသာ ဒုန်းစိုင်းပြေးထွက်လာခဲ့တော့တာပဲ ။
အဲဒီအရာဟာ red flag ပဲ ဖြစ်နေမလား .. ။
Healthy ego လို့ပဲ ဆိုမလား .. ။
Self - love လို့ပဲ သတ်မှတ်ရမလား .. ။
Move on ဖို့ခက်မှာ ၊ Healing မလုပ်နိုင်မှာကို ကြောက်တဲ့စိတ်ထက် … မှားတဲ့ ဆက်ဆံရေးကြား လုံးပါးပါးနေမှာကိုသာ ပိုစိုးရိမ်တယ် ။ ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ … အရာရာကို ချုပ်ထိန်းရ ၊ သည်းခံရ ၊ မြိုသိပ်ရတဲ့ ခံစားချက်ဟာ ကိုယ်မလုပ်ချင်ဆုံးအရာ ဖြစ်ခဲ့တယ် ။
အဲတာကြောင့်ပဲ ..
အံချော်နေတဲ့ ဆက်ဆံရေးတွေကြား မတော်တဆ ရောက်လာတဲ့အခါ ....
မင်းကို သိပ်ချစ်တယ် ဆိုတဲ့နောက်မှာ … ငါ့ကိုငါလည်း ချစ်ဖို့ လိုသေးတယ်လို့ အမြဲ သတိပေးနေမိတယ် ။
မင်းနဲ့ နီးနီးနေချင်တယ် ဆိုတဲ့ ဆန္ဒနောက်မှာ …
ငါ့ဘဝအတွက်လည်း ကြိုးစားချင်သေးတယ်ဆိုတဲ့ စိတ်အားထက်သန်မှုမျိုးက ကပ်ပါလာခဲ့တယ် ။
မင်းကို ပျော်စေချင်တယ် ဆိုတဲ့ စိတ်နောက်မှာ ..
ငါ့အတွက်လည်း ပျော်ရွှင်ဖို့ လိုအပ်သေးတယ်ဆိုတဲ့
အတ္တလည်း ရှိနေသေးတာ ။
အဲဒါကြောင့်ပဲ ချစ်နေရက်နဲ့ ထားပစ်ခဲ့နိုင်တယ်ဆိုတဲ့
အသဲမာတဲ့ဆုံးဖြတ်ချက်ဟာ …
ကိုယ့်အတွက် Normalize တစ်ခု လိုသာ
ဖြစ်လာခဲ့တော့တာ ။
လက်တွေ့အကျဆုံးကိုပဲ စဉ်းစားရရင်
ကိုယ်စိတ်မကောင်းဖြစ်သွားတဲ့အခိုက်အတန့်၊
ကိုယ်ဝမ်းနည်းသွားရတဲ့ တညတာအတွက်တောင်
သူဟာစိတ်ကျေနပ်မှုရဖို့ ချော့မော့ဖို့ စေတနာမရှိခဲ့ဘူး
ဆိုရင်တခြားဘာကိုမှ မမျှော်လင့်တော့ဘူး။
တန်ဖိုးကြီးလက်ဆောင်ထပ် စိတ်မဆင်းရဲစေခြင်းဟာ
ပိုတန်ဖိုးရှိတယ်ဆိုတာလက်ခံလာနိုင်တဲ့တနေ့မှာ ငါတို့ဟာ ကြာကြာငိုစရာလဲမလိုအပ်တော့ဘူး။
04/02/2026
ငါ သူ့ ကို စတင်ရွေးချယ်ခဲ့တုန်းကလေ
လောကကြီးတစ်ခုလုံးကို ကျောခိုင်းပြီးတော့ တောင်
ငါ့ရွေးချယ်မှု ဘယ်တော့မှ မမှားစေရဘူး" ဆိုပြီး ယုံကြည်ချက်တွေနဲ့ ရဲရဲကြီး သက်သေပြချင်ခဲ့တာ ပါ။
သူကတော့ တခြားလူတွေနဲ့ မတူလောက်ဘူး...
သူကတော့ ငါ့တန်ဖိုးကို နားလည်ပေးမယ့်သူ...
ငါ့အချစ်ကို တန်ဖိုးထားမယ့် လူကောင်းတစ် ယောက်လို့
ငါ့ဘက်က အထင်ကြီး လေးစားခဲ့မိတာပေါ့။
ဒါပေမဲ့ အခုတော့ကွာ…
ငါ့မာနတွေလည်း ကျိုးပဲ့ကြေမွသွားခဲ့ပါပြီ။
အခု ငါရပ်နေတဲ့ နေရာမှာ
အားလုံးက ငါ့ကို ဝိုင်းကြည့်နေကြတယ်...
ငါ့မျက်လုံးအိမ်ထဲက စီးကျလာမယ့် မျက်ရည်တွေ ကို
ဘယ်သူမှ မမြင်စေချင်လို့
အတင်းအဓမ္မ မနည်းကို ထိန်းချုပ်ထားရတယ်။ ရင်နာစရာအကောင်းဆုံးက ဘာလဲသိလား...
ငါ အမြတ်တနိုး တန်ဖိုးထားခဲ့တဲ့သူက
ငါ ထင်သလို ထူးခြားမနေခဲ့ဘူးဆိုတာပါပဲ။ သူများတွေ ပြောပြောနေကြတဲ့သစ္စာမရှိတဲ့လူ၊ တာဝန်မဲ့တဲ့လူ၊ ခံစားချက်ကို နင်းချေတတ်တဲ့လူ... သူလည်း အဲဒီလို "လူစားမျိုး" ထဲက တစ်ယောက်ပါပဲလားဆိုတာကို ငါ့မှာ အရှက်တရားတွေနဲ့အတူ ခါးခါးသီးသီး လက်ခံလိုက်ရပြီလေ။
🌸🌸🌸
04/02/2026
အရင်လို မနူးညံ့တော့တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရုံနဲ့ ပြောင်းလဲသွားလိုက်တာဆိုတဲ့ စကားမျိုးပဲ ကြားရတတ်တယ် ။ တကယ်တမ်းကျတော့ လွယ်လွယ်ကူကူလေး ပြောင်းလဲနိုင်ခဲ့တာ တော့ ဘယ်ဟုတ်ပါ့မလဲ ။
သာမန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်တဲ့ မိန်းကလေးမျိုးဆို ပြောင်းလဲသွားဖို့ ပိုလို့တောင် မဖြစ်နိုင်သေးတယ် ။ အမှားတွေ လုပ်လာတယ်မလား ခွင့်လွှတ်လိုက်ဖို့ပဲ တွေးမှာပဲ ။ အနိုင်ယူနေတယ်ဆိုတာမှန်း သိနေရင်တောင် အရှုံးပေးလိုက်ဖို့ပဲ ရွေးမှာပါပဲ ။
နေနိုင်သွားအောင် ဘယ်သူကမှ လေ့ကျင့်မယူချင်ခဲ့ပါဘူး သူမရှိပဲ နေတတ်သွားမှာတောင် ပစ်ထားတဲ့ ရက်တွေကြားမှာ ကြောက်နေတတ်တာလေ။ ဖုန်းတွေမဆက်ဘူးမလား ကိုယ့်ဖက်က စဆက်လိုက်မှာပေါ့ဆိုတဲ့ အတွေးလေးပဲရှိတာ မာနတွေထားဖို့ သတိရတာ မဟုတ်ဘူး စာတွေမပို့ဘူးမလား မအားလို့နေမှာဆိုပြီးပဲ ဖြည့်တွေးလိုက်မှာပါပဲ ။
ပြောင်းလဲသွားလိုက်တာဆိုတဲ့ စကားတွေမပြောခင် ဘယ်လောက်နာကျင်ခဲ့ရလဲဆိုတဲ့ အကြောင်းတရားတွေကို အရင်ဆုံး သိစေချင်တယ် ။ ဆွဲထားရင်းက လွှတ်ထွက်သွားတဲ့ လက်တွေအကြောင်းသိစေချင်သေးတယ် ။
တစ်ခုခု အပြောင်းအလဲ မလုပ်ခင်မှာ ... မျက်ရည်တွေ အများကြီးကျပြီး အိပ်ခဲ့ရတဲ့ညတွေမှ အများကြီးပါ ။ ပြီးတော့ သည်းခံထားရင်းက ဒီထက်ပိုပြီးဆက်ပြီးဆိုးလာမယ့် ဆက်ဆံရေးတွေကို မဖြစ်မနေမို့သာ ဖြတ်တောက်ပစ်လိုက်ရတာမျိုးပဲရှိပါတယ် ။ ဖြစ်နိုင်ပါသေးတဲ့အသိနဲ့ ဆက်ပြီးဆွဲထားချင်သေးတဲ့ မိန်းကလေးတွေမှ အများကြီးပဲ။
တစ်ခုပဲ သိထားပေးပါ ... မိန်းကလေးတစ်ယောက်က လွယ်လွယ်လေးနဲ့တော့ မပြောင်းလဲတတ်ပါဘူးဆိုတဲ့ အကြောင်းတရားလေးကိုပဲ သိထားရင်ပဲ လုံလောက်ပါပြီ ။ ပြီးတော့ အပြောင်းအလဲမြန်လိုက်တာဆိုတဲ့ စကားကို လွယ်လွယ်လေးပြောမထွက်ရင်ပဲ ရပါပြီ။
02/02/2026
နှလုံးသား ရုတ်တရက် ငြိမ်ကျသွားတဲ့ အချိန်တစ်ခုရှိတယ်။
အဲဒီအခါ
စိတ်မကောက်ချင်တော့ဘူး၊
ရန်မဖြစ်ချင်တော့ဘူး၊
ချော့မော့ခံရဖို့လည်း မလိုတော့ဘူး။
ဒါဟာ မချစ်တော့လို့ မဟုတ်ဘူး။
မျှော်လင့်ချက်ကိုတောင် လွှတ်ချပစ်လောက်အောင် စိတ်ပင်ပန်းသွားလို့ပါ။
အမှန်တကယ် လွှတ်ချတယ်ဆိုတာ
အချစ်နဲ့ အမုန်း ဘာမှမရှိတော့ဘဲ
ငြိမ်သက် တိတ်ဆိတ်မှုသာ ကျန်ခဲ့ခြင်းပဲ။
အခက်အခဲအားလုံးကို
တစ်ယောက်တည်း ကြံ့ကြံ့ခံပြီးတဲ့နောက်
ဘယ်သူ့ကိုမှ သိပ်မလိုအပ်တော့ဘူးဆိုတာ သိလိုက်ရတယ်။
#နိုင်းနိုင်းစနေ
13/01/2026
စိတ်အေးလက်အေးပျော်ပါဒီတစ်ခါငါ့ကိုယ်ငါပြန်ရွေးသွားပြီမို့...
ရှေ့ဆက်ငါမပါဝင်တဲ့နေ့ရက်တွေကြီးသက်သက်မို့...
Congratulationပါနော်(ဂုဏ်ယူပါတယ် )
ငါနေတတ်သွားတဲ့အခါ(မင်းကိုယ်မင်းခွင့်လွှတ်ပါ)
ငါတိတ်ဆိတ်သွားတဲ့ခါ(မင်းကိုယ်မင်းနားလည်ပါ)
သဲကြီးမဲကြီးလိုက်ရှာရင်း....
အဆုံးမှာငါ့ကိုယ်ငါဘဲပြန်ရှာတွေ့သွားတယ်....
ဒီအခါမှာတော့ငါ့ကိုယ်ငါပြန်ချစ်ကြည့်မယ်နော်...
ငါ့ကိုယ်ငါပြန်ဂရုစ်ိုက်ကြည့်မယ်..
ငါ့ကိုယ်ငါအချိန်တွေပြန်ပေးမယ်...
ထောက်လက်စဒူးတွေပြန်မတ်လိုက်မယ်..ရှေ့လျောက်
စကားတွေလိုတာထက်ပိုမပြောတော့မှာမို့..
မေတ္တာတွေလိုတာထက်ပိုမပေးတော့မှာမို့...
လမ်းတွေ့တောင်မျက်နှာလွဲပေးပါ..
ဘဝမှာ..
မတွေ့ဖူးလောက်အောင်ပျော့ညံ့စျေးပေါသူဖြစ်ဖူးသလို...
ဘယ်သူမှမမြင်ဖူးလောက်အောင်ပြတ်သားစျေးကြီးလွန်းသူလည်းဖြစ်ကြည့်ချင်တယ်...
ချစ်စိတ်-သည်းခံစိတ်-ပျော့ညံ့စိတ်-စောင့်မျှော်စိတ်-လိုချင်တပ်မက်စိတ်တွေဟာ.....Expire date(အချိန်အကန့်သတ်ရှိတယ်)
#ရဲသူလွင်
13/01/2026
ပြတ်ပြတ်သားသား စွန့်ပစ်လိုက်တော့မှသာ
နစ်နာသူလိုဟန်ဆောင်ကြတာ
မစွန့်ပစ်ခင် စွန့်ပစ်နိုင်ဖို့အတွက်
အရေးမပါ အရာမရောက်မှုတွေ
မလေးမစားဆက်ဆံခံရမှုတွေ
မစွန့်ပစ်နိုင်လို့ အိပ်ပျက်ရတဲ့ညတွေ
နားလည်ပေးခဲ့ရမှုတွေ
ကိုယ်တိုင်ပဲ ကြိတ်မျိုသိပ်ခဲ့ရတဲ့
ဝမ်းနည်းမှုတွေနဲ့
ခက်ခဲပင်ပန်းခဲ့တဲ့ တစ်လျှောက်လုံး
မျက်ကွယ်ပြုလာကြပြီးတော့လေ
12/01/2026
ဘာမှ မဟုတ်တာလေးကအစ ရင်ဘတ်ထဲ သိမ်းထားပြီး... ဘာမှ မဟုတ်တာလေးကအစ စိတ်ပူပြီး မျက်ရည်တွေ ကျချင်ကျနေတတ်တာ ။ ဒါပေမယ့် ဒီကောင်မလေးရဲ့ မျက်ရည်တွေက ဘယ်တုန်းကမှတော့ လက်နက်တစ်ခု မဖြစ်ခဲ့ပါဘူး အားနည်းချက်လေးပါပဲ ။
စကားတွေ ယှဥ်ပြီးပြောလို့မှ မနိုင်တော့ရင် ဘာကြောင့်မှန်းမသိ မျက်ရည်တွေကျလာတယ် ။ သူ့အိပ်မက်လေးတွေ မကောင်းဘူးထင်ရင် ငိုပြီးတော့မှလဲ နိုးလာတတ်တယ် ။ စိတ်ကူး ယဥ်လို့ကောင်းနေတုန်း ဆန့်ကျင်ဖက် တစ်ခုခုတွေးမိရင် မျက်ရည် အရင်ဆုံးကျလာတတ်တယ် ။
ဟုတ်တယ်... ဒီကောင်မလေးက မျက်ရည်သိပ်လွယ်တာ... ပြီးတော့ သိပ်လဲ အားငယ်တတ်တာ ။ ဂရုစိုက်ခံချင်တဲ့ လူအနားကမှ ဂရုစိုက်မှုတွေ မရရင် ဝမ်းနည်းလာရောပဲလေ ။ သိပ်ချစ်တဲ့ သူဆီက အလေးမထားတဲ့ စကားလေးတစ်ခွန်းကြားရရင် စနေမှန်းသိသိရဲ့နဲ့တောင် မျက်ရည်တွေက လက်သင့်မခံဘူး... အကယ်၍ သူပြောသလို ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေက ရပ်လို့မရတော့ဘူး ။
ဆုံးရှုံးလိုက်ရရင် ပြီးတော့... မချစ်တော့ရင် ဆိုပြီး နေရာတကာကို စိုးရိမ်ပြီး ထိတ်လန့်နေရတာမျိုးလေ ။ တကယ်ဆို ကိုယ်ကိုယ်တိုင်လဲ သန်မာချင်ပါတယ် ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားကို ရီရီမောမောလေး ပြန်ပြောချင်တယ် ဘယ်သူမှ မရှိလဲ ဖြစ်တယ်ဆိုတဲ့စကားကို ပြုံးပြုံးလေး ပြောတတ်ချင်တယ်။
မငိုနဲ့လို့ တားနေတဲ့ကြားထဲက ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ ဘယ်လို တားရမလဲ နည်းလမ်းရှာမရဘူး ။ အစွဲအလမ်းကြီးတတ်တဲ့ စိတ်ကြီးကလဲ ဆိုးနေတာပါ ။ တစ်ခုခုဆို အဆုံးစွန်ထိ တွေးပြီး အဆုံးစွန်ထိ ခံစားပစ်လိုက်တဲ့ အကျင့်ကြီးကလဲဆိုးနေတာ ။
ဇာတ်ကားတစ်ကားကြည့်လို့... နည်းနည်းလေးများ စိတ်ထိခိုက်စရာပါလာရင် မျက်ရည်က မခိုင်ချင်တော့ဘူး ။ သီချင်းသံလေးကြားလို့ တိုက်ဆိုင်တာ ပါသွားရင် မျက်ရည်မကျပဲနေဖို့ မလွယ်တော့ဘူး ။
ဟုတ်ပါတယ်... ဒီကောင်မလေးက မျက်ရည်သိပ်လွယ်တာ ။ တစ်ခုခုဆို ငိုဖို့ပဲ သိတာ ။ ဒါပေမယ့် အဲ့ဒီအနောက်က ဆုံးရှုံးလိုက်ရရင်ဆိုတဲ့ အတွေးတွေကိုတော့ ဘယ်သူမှ မမြင်ပါဘူး ။ မရှိတော့ရင်ဆိုပြီး တွေးပြီးကြောက်နေမိတဲ့ အဖြစ်တွေကို ဘယ်သူမှလဲ မသိပါဘူး ။
#ကျေးကို
11/01/2026
အမှားတွေ တွေ့လာလို့ ရှိလာလို့ ကျွန်မ ခွင့်လွှတ်ပေးနိုင်ခဲ့ရင်တောင် အရင်လို ပြန်ပြီး ယုံကြည်နိုင်ဖို့ခက်တဲ့ ကျွန်မရဲ့ စိတ်ကို နားလည်ပါ ။ မချစ်တော့တာလား တဲ့ မဟုတ်ဘူး အရင်တုန်းကလိုပဲ ချစ်မြဲ ချစ်ဆဲပါ ။ ဒါပေမယ့်... အဲ့ဒီဒါပေမယ့် ဆိုတဲ့နောက်မှာ ... ကျွန်မ မယုံရဲတော့ဘူး ။ ဒီတစ်ခါအမှားတွေက ... ကျွန်မကို ရင်ထဲ နင့်နေအောင် နာစေခဲ့တာလေ ။ နောက်တစ်ခါ ဒီလိုသာ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ အိပ်ရခက်ခဲ့ပေါင်းလဲများပြီ ။ ကြိုတွေးပြီး နာကျင်ခဲ့ပေါင်းလဲ များပြီလေ ။ ဘာမဟုတ်တာလေးကအစ သံသယ မျက်လုံးတွေနဲ့ ကြည့်နေတယ် မပြောပါနဲ့ ။ တကယ်တမ်းကျတော့ ကျွန်မကိုယ်ကျွန်မလဲ ယုံကြည်ပြီး အေးချမ်းတဲ့ Relationshipလေး တစ်ခု တည်ဆောက်ချင်ခဲ့တာပါ ။ အရင်တုန်းကလို မျက်လုံးမှိတ်ပြီး ယုံကြည်လို့ မရတော့တာ တစ်ခုပဲ ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လေ တဲ့ ။ ခုတ်ခဲ့တဲ့ ပုဆိန်ကတော့ လွယ်လွယ်လေး သင်ပုန်းချေနိုင်တာပေါ့ ။ ကိုယ့်မှာ အမာရွှတ်မြင်တိုင်း ပြန်ပြီးနာရတယ် ။ ကိုယ်တိုင်တောင် လက်ခံလို့ ခွင့်လွှတ်ပေးပြီးပြီပဲ ထပ်ခါထပ်ခါ ပြန်ပြီး အစမဖော်နဲ့လေ တဲ့ ။ တကယ်တမ်းကျတော့ မစွန့်လွှတ်နိုင်လို့သာ ခွင့်လွှတ်နေမိတာပါ ။ တကယ့်တကယ့်ပြန်တွေးကြည့်ရင် ခွင့်လွှတ်ဖို့ မတန်တာတွေချည်းပဲ ။ ကျွန်မကိုယ် ကျွန်မ ခွင့်လွှတ်ပေးခဲ့မိတာ မှားပြီဆိုတဲ့ နောင်တတွေရတယ် ။ ကျွန်မကိုယ်တိုင်ကလဲ လွယ်လွယ်ကူကူလေး မေ့ပစ်ပြီး ပြန်မတွေးပဲ နေနိုင်လိမ့်လို့ ထင်ခဲ့မိတာလေ ။ တကယ့်လက်တွေ့မှာကျ ခွင့်လွှတ်ဖို့ လွယ်ကူခဲ့ပေမယ့် ပြန်ပြီး ယုံကြည်ဖို့ ခက်ခဲတယ် ။ အရင်လို မယုံကြည်ရဲတော့တဲ့အခါ ရှေ့ဆက်ဖို့တစ်ခါတစ်ခါ ၀န်လေးနေမိတယ် ။ ပစ္စုပ္ပန်ကို ကြည့်နေပေမယ့် အတိတ်ကို ပြေးပြေးမြင်တဲ့အခါတိုင်း သူ့ကို မေ့ပစ်ချင်လာတဲ့ ရက်တွေ ရှိလာတယ် ။ သူ့ကို မုန်းပစ်ချင်တဲ့ အတွေးတွေ ၀င်လာတယ် ။ ဂရုစိုက်နေပေမယ့် အချိုသတ်နေတာနေမှာဆိုတဲ့ သံသယတွေပဲ ၀င်လာတယ် ။ ကျွန်မကိုယ် ယုံကြည်ချင်ခဲ့ပါတယ် ။ သူငါ့ကို ချစ်နေတာပဲဆိုတဲ့အတွေးနဲ့ ..ပဲ ကျွန်မ ပေါ့ပေါ့ပါးပါးလေး နေချင်တယ် ။ နေလို့မရခဲ့ဘူး ။ အမှားတွေကို ခွင့်လွှတ်ဖို့ပဲ လွယ်ခဲ့တာပါ အရာရာအားလုံးမှတ်မိနေတဲ့ စိတ်ကိုကျ ဖျက်ပစ်လိုက်ဖို့ခက်တယ် ။ ဒီလိုနဲ့ ... အရင်တုန်းက ပျော်ရွှင်ရယ်မောခဲ့ဖူးတယ်ဆိုတဲ့ အရာတွေဟာ အတိတ်မှာ တဖြေးဖြေး ကျန်ခဲ့တာပဲ ။ သူ့အနားမှာ ရပ်နေပေမယ့် ဘယ်နေ့ကျန်ခဲ့မလဲဆိုတဲ့ အတွေးတွေပဲ တွေးနေမိတော့တယ် တကယ်ပါ ... လူတစ်ယောက်ကို ဆက်ပြီး ချစ်နေပေမယ့် အဲ့ဒီလူကို မယုံကြည်တော့တဲ့အခါ ရှေ့ဆက်ပြီး လက်တွဲသွားဖို့ သိပ်ကို ခက်တယ် ။ #မိန်းမသားတို့အတွက် #ယုံကြည်မှု #သျှင်ယွန်း
Click here to claim your Sponsored Listing.
Website
Address
Yangon