Beauty by Zo Lar

Beauty by Zo Lar

Share

Save the life

Photos from Beauty by Zo Lar's post 20/07/2025

🧡Sulwhasoo Clarifying Mask{Review}🧡 ‌

ပစ္စည်းလေးတွေထွက်လာရင် 😉ကိုယ့်မျက်စိ‌ ‌မြင်ရင်ကိုသုံးချင်လာတာ🌬️ရောဂါဆိုရမလားမသိ အဲ့ရောဂါကြောင့်ပဲဝယ်ချင်စိတ်ထိန်းမရတာနဲ့💸ဝယ်ချ၊သုံးချရင်းကြိုက်သွားပါကြောင်းဟဲဟဲ😊 ။သူကတော peel off mask မျိူးစားလေးပါဂျာ🤟🏻။ ကျနော်က combination skin ဆိုတော့သူလေးနဲ့ပြေတယ်ပြောရမယ်👍🏻။ဒါတင်ဘယ်ကမလဲ oily skin လေး တွေတွက်လဲ ok မှာစိုပြေပါတယ်ရော်🫶🏻 ။ တကယ်ကိုသုံးလို့ကောင်းတဲ့ 🧡Mask လေးပါဗျာ။ ဒါနဲ့သူက deadcell တွေကိုလဲ💁🏻 remove လုပ်ပေးတယ်၊ skin correcting 🙆🏻အတွက် လဲ ကောင်း၂ Support ပေးနိုင်တယ်‌ရော်။ ပထမဆုံးသုံးကြည့်လိုက်တာ မျက်နှာ လေးကိုနူးညံပြီးအိသွားတာ 🧏🏻လေးမိုက်တယ်။ ရောင်‌ေလးကပျားရည်‌ေရာင် ‌ေလး🐝ကိုမှ အနံ့ကလဲ🐝ပျားရည်နံဆန်ဆန်လေး။ မျက်နှာ ‌ လေးကိုသစ်ပြီးရင်‌ေခြာက်အာင်သုပ်‌ ‌ mask ‌ေလး ကိုလိမ်း မိနစ်🕐၂၀ ဒါမှမဟုခြောက်သွားရင်ခွာ၊ရေ လေးနဲ့ဆေးချ လိမ်း နေကြ skin care လိမ်း၊ဘယ်လောက်လွယ်လဲအိုကေမှာစိုပြေနေကော။ဆားဝက်ခြံလဲရှိမယ်၊အဆီလဲပြန်မယ်၊ skin လေးလဲကြည်ချင်🧑🏻ရင် ရွေးလိုက်‌ေတာ့ဗျာ၊ဘူသေး လေးပဲအရင်စမ်းကြည့်လိုက် 😍ကြိုက်နေမှာ၊ကိုယ်ဆိုကုန်သွားလို့အကပ် အသပ်တောင်ကတ်ကြေးနဲ့✂️ညပ်သုံးပစ် တာကြိုက်တာ‌ေကာနှမျောတာ‌ ကော ကြောင့်။တပတ်ကို ၂ကြိမ်လောက်ဆို ‌‌‌‌‌‌လုံလောက်ပြီ။အိုကေမှာဆိုပြေကြပါစေဗျာ။
🧡See You Next week🧡
😚Love You (Zo Lar)😚

13/07/2025

💙Skin Pastel X5 Ampoule Day cream💙{Review}

🌜🌛night cream လေးသုံးကြည့်ရင်းစမ်းဖြစ်တဲ့ပစ္စည်း လေး။ 🥰ဘာကြိုက်လဲမေးရင်ပြောင်ပြောင်တင်းတင်းလေး🧑🏻ဖြစ်သွားတာကိုသဘောကျမိတာရော်။ဒါလေး ☝🏻၁မျိုးထဲနဲ့ သုံး🌞ကော🌛ကောသုံးပေးလို့ရတယ်ကွာ။ ၁ဗူးဆိုလဲအကြာကြီးပဲသုံးပေရော့ပဲ🤩 💦Hyaluronic ပါ‌တော့ လို့ ရေဓာတ်အစိုဓာတ်‌ လေးလဲဖြည့်ပေးတယ်။ combination နဲ့ dry skin တွေ normal skin တွေတော့သဘောကျမှာ ဝက်ခြံအဆီဖုထွက်တတ်တဲ့အသားအရေနဲ့ oily skin တွေတော့🙅🏻အကြံမပေးချင်ဘူး။သူ့မှာပါတဲ့🥄ဇွန်းလေးနဲ့ဆိုရင်တောင်လုံလောက်တယ်။ 💙Collagen‌ လေးကလဲပါတယ်ဆိုတော့ကာ အရေးအကြောင်းဖြစ်တာ တွေကိုလဲသက်သာစေနိုင်တယ်🤟🏻။ လိမ်းလိုက်ရင်အသားအရေလေးကို 🧏🏻တင်းသွားကြည်သွားသလို‌လေးဖြစ်‌တော့ မဆိုးဘူးကွာ။💙Collagen ရဲ့အစွမ်းကလဲ အမဲစက် အမာရွတ် နဲ့ တင်းတိပ်တွေသက်သာ‌တယ်ဆို‌တော့မဆိုးဘူးလေနော့်။ကိုယ်ကတင်းတိတ်အမဲစက်မရှိတော့အာ့တော့မသိရဘူးပြောရမယ်။ဘာပဲဖြစ်ဖြစ်သူလေးလိမ်းပြီးရင်လည်း sun cream 🌤️လေး လိမ်း နော်။Light Weight ဖြစ်တာမို့ စေးကပ်တာ တွေဘာတွေတော့မရှိဘူး ❄️အေးမြပြီးအသားထဲ စိမ့်ဝင်တာ တော့ သိသာတယ်နော်💙
။လက်လွန်ကြက်သွန်ဖြစ်ရင်တော့အဆင်မပြေလောက်ဘူးသူ့🥄ဇွန်းလေးနဲ့တဇွန်းဆိုရင်တောင်ကိုယ်ကအဆင်ပြေတယ်။ခုကာလ 💸ဈေးလေးလဲမဆိုးဘူး 💧moisture ကိုမှ 💙collagen ပါတာ‌ လေးလဲ လိမ်းချင်တယ်ဆိုဒါလးမဆိုးဘူးမိုက်‌‌တယ်နော်😘။☝🏻၁ဘူးကုန်မှလာရေးတာပါညော်။😍
🙆ချစ်သော SKEE🙆
See you next week😗

20/04/2025

🌞Lionia Sunscreen Lotion{Review}🌞
လိမ်းလို့သိပ်ကောင်းပြီးမျက်နှာမှာလိမ်းလိုက်ရင်သိပ်သိပ်လေးနဲ့💁🏻‍♀️လင်းသွားတဲ့☀️ sunscreen လေးမို့ Review ပြီနော်။
သူရဲ့💵ဈေးလေးက ✌🏼2သောင်းတောင်မကျော်တာ့မဆိုးဘူးလေနော်။🫶🏼
brand ကိုလဲ မေးအုံး Australia ဆိုတော့ကိုယ့်မျက်နှာလေး🙆🏻‍♀️အတွက်စိတ်ချရတယ်ဗျာ။
Lionia sunscreen လေးက SPF 50+ 🌤️UVA 🌞, UVB☀️ တွေကို ရှယ်ကိုကာကွယ်ပေးမဲ့အသဲကျော်လေးဆို တော့ဒီနွေရာသီအတွက် ကိုယ်ရဲ့ bodyguard 🦸🏻‍♀️လေးလိုကိုဖြစ်လို့။
သူရဲ့ Texture က cream သားအိအိ လေးနဲ့လိမ်းရတာ🧏🏻‍♀️ smooth ဖြစ်တယ်။ဒါပေမဲ့တခုပဲသူက Tone up ပုံစံမျိူးပါတော့လိမ်းပြီးပြီးချင်းနဲနဲလန့်🤷🏻‍♀️သွားသေးတယ်။
just few seconds⏱️ လောက်ပါပဲ၊ခနနေတော့အသားနဲ့တသားထဲဖြစ်ပြီး👩🏻‍🦳လင်းသွားတဲ့ပုံစံလေးနဲ့မိုက်တယ်။
မိန်းခလေး🧏🏼‍♀️‌ တွေ အနေနဲ့ Makeupမလိမ်းချင်ရင်သူ့ကိုလိမ်းပြီးတာနဲ့ ပေါင်ဒါ၊Two wayတို့ပါးပါး‌ေလးပုတ်လိုက်ရင်ကို perfect 🫶🏼😘ပဲ။
Skin👩🏻‍🦳 ဖွေးဖွေးလေးနဲ့ အဆီမပြန်တာလေးကို‌ေတာ့ကြိုက်တယ်။အနံ့ကသေချာလေးရှုကြည့်မှပါးပါးလးဆိုမှပါးပါးလေးပဲ။
နွေရာသီဆိုတာ့☀️ရာသီဥတုကလဲပူတယ်၊ချွေးလဲထွက်တတ်တော့အဆီမပြန်တာလေးသိပ်သိပ်လေးမှကြိုက်တယ်ဆိုသူပဲဗျာ👈🏻။
နေပူမထွက်လို့🌞 sunscreen မလိုဘူးလို့မတွေးလိုက်နဲ့ နော်👍🏻အရိပ်ထဲမှာနေလဲလိုတယ်။တင်း တိတ်တွေအမဲစက်တွေကိုဖြစ်မှကုတာထက်မဖြစ်ခင်ကာကွယ်တာကပိုထိရောက်တယ်ညော်❣️။
တင်းတိတ် အမဲစက်တွေ နေလောင်တာ ကာကွယ်ဖို့ sunscreenသုံးပေးဖို့ လိုပါတယ်ဗျာ။
ကိုယ်မျက်နှာလေးကိုနေ‌ေလာင်ဒဏ်ကကာကွယ်ချင်တယ်၊တင်းတိတ်အမဲစက်တွေကလဲကာကွယ်ချင်တယ်မိတ်ကပ်လဲမလိမ်းချင်ဘူးတဆင့်လင်းတာလေးကြိုက်တယ်၊အဆီလဲမပြန်ချင်ဘူးဆိုဒါလေးကိုကိုယ်ရဲ့ဘေးနားဆောင်ထားလိုက်တော့နော်။
‌‌‌‌‌‌‌‌‌‌‌ 🙆ချစ်သော Zo Lar🙆
See you next week😗

16/02/2025

🍀JM Solution 𝐂𝐞𝐧𝐭𝐚𝐥𝐥𝐚 𝐂𝐚𝐫𝐞 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 𝐰𝐚𝐭𝐞𝐫 🍀[Review]

ခုနောက်ပိုင်းသုံးဖြစ်နေတဲ့ cleansing water လေးကိုမှ အဆီဖုဝက်ခြံသမားတွေ အတွက်သင့် တော်ပြီးညဖက်အိပ်ရေးပျက်လွန်းပြီးထွက်လာတဲ့ဝက်ခြံတွေအတွက်အဆင်ပြေလို့ကြိုက်နေတဲ့ကိုယ့်ရဲ့ cleasing waterလေးမို့ review လေးရေးမယ်ညော်။📝

🍀Ingredients🍀
Centalla
Heart leaf
Madecassoside
Tea tree

🍀Texture & Scent🍀
JM Solution Cleansing water တွေတော်တော်များများက water type ကိုမှ pump လေးနဲ့ဆိုတော့သုံးရတာလဲအဆင်ပြေသလို လိုသလောက်လေးနှိပ်ယုံပဲသူ့အနံလေးကတော့နဲနဲပြင်းတယ်။ကိုယ်စသုံးသုံးချင်တော့နှာခေါင်းနားလေးတွေကနဲနဲစပ်သလိုလိုတော့ရှိတယ်။ဒါပေမဲ့2ရက်3ရက်လောက်ကျတော့မစပ်တော့ဘူး။ 😘

🍀Personal Experience🍀
🧏မိတ်ကပ်လိမ်းလိမ်းမလိမ်း Cleansing Water 🌊 ကတော့သုံးပေးတာ Skin🧏🏼‍♀️ အတွက်ပိုကောင်းစေတယ်လေနော့☝🏼🌞တနေကုန် step by step ကိုယ်လိမ်းထားတဲ့ Skin Care တွေSun Cream တွေ‌ကော 💨လေထုထဲကဖုန်မှုန့်‌ တွေကောက🙍🏼‍♀️ကိယ်မျက်နှာပေါ်တင်ကျန်နေတာ့ ✌🏼Double Cleansing မလုပ်ဘူးဆိုအရေပြား ပြသနာကသေချာပေါက်ဖြစ်မှာ🙎🏼‍♀️ ပဲအဆီဖုထွက်တာတွေဝက်ခြံထွက်တာတွေအများဆုံးဖြစ်မှာပဲ။မျက်နှာသစ်ဆေးနဲ့မပြောင်နိုင်တဲ့အရာတွေကျတော့ cleansing waterလေးနဲ့အရင်ဖြတ်မှအဆင်ပြေတာဆို‌ တော့ကာမပျင်းမရိပဲသေချာလုပ်ပေးသင့်တယ်ရော်🫶🏼။ဒါမှဝက်ခြံတွေအဆီဖုတွေနဲ့အတူအသားမညစ်ပဲ🙎🏿‍♀️ကြည်ကြည်လေးဖြစ်နေမှာ🧑🏻။ ဗူးကလဲအကိတ်ဆိုတော့အားရပါးရကိုသုံးဗျာ👌။ သုံးပြီး‌ တော့လဲအရေပြားမှာခြောက်ကပ်ကပ်ကြီးဖြစ်မနေလို့သဘောကျကော။အိပ်ရေးပျက်ပြီးထွက်လာတဲ့ဝက်ခြံတွေအဆီဖုတွေအတွက်တော့အဆင်ပြေတယ်ကော။ကိုယ်နဲ့လဲတည့်တော့ကြိုက်တာပေါ့ရို့ ။ Sensitive Skin တွေပါသုံးလို့ရတော့ All Skin type တွေအတွက်ဘာ‌ ပြောကောင်းမလဲ။ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ ကိုလဲတကယ်ကိုထိထိရောက်ကိုသန့်စင် ပေးနိုင်တာ ရှယ် ပဲ🤷။ဒါ‌လေးနဲ့ Double cleansing သေချာလေးလုပ်ပြီးနောက်ပိုင်းSkin လေးက သိသိသာသာကိုကောင်းလာတယ်❤️။‌ ဆေးမြင်းခွာလေးနဲ့ထုတ်ထားတော့ဝက်ခြံ အဆီဖု ဆားဝက်ခြံလဲထိန်းပေးတယ်ကွာ။ဘာတွေလိုသေးလဲ သန့်ရှင့်သွားမဲ့ကိုယ့် 🧏🏼‍♀️skin လေးအတွက်မျက်နှာလးထပ်သစ်၊လိမ်းနေကျ skin careလးဆက်လိမ်း ohh perfect ပဲ။အဲ့တော့ Sensitive သမားတွေ Cleansing Waterကောင်းကောင်းသုံးချင်လို့ရှာ‌ နေတယ်ဆိုရင်တော့သုံးကြည့်ဖို့အကြံပြုချင်တယ်ဗျာ။
Cleansing Water သုံးမယ်ဆိုရင်တော့Cotton Pad လေးနဲ့ Cleansing သေချာလုပ်ပြီး ပုံမှန်အတိုင်း မျက်နှာသစ်ပေးညော်🥰။💯😘🥰👍

🙆ချစ်သော Zo Lar🙆
See you next week😗

Photos from Beauty by Zo Lar's post 05/02/2025

🍋Head Spa Shampoo 7 Suntree Hair Loss Care 🍋{Review}

🧖🏼‍♀️ စာမေးပွဲအတွက်စာတွေကျက်တာနဲ့ဘာနဲ့အလုပ်တွေများပြီး review📝 မရေးဖြစ်တာကြာလို့ခုတော့အားလုံးအဆင်ပြေပြီဆိုတော့ hair care‌ လေးနဲ့စမယ်‌ နော်😉Korea brand 🇰🇷တွေထဲက တကယ် quality 👌🏼ကောင်းတဲ့ Headspa 7 ရဲ့ Shampoo 🧴လေးအကြောင်းပြောပြမယ်။ကိုယ်လည်း shampoo 🧴တွေတော်တော်များများသုံးကြည့်ရင်းက‌နေ fresh ဖြစ်တဲ့🍋အနံ့သင်းသင်း လေးနဲ့တင် first impression ကမိုက်နေပြီ😘သူ‌လေး ကနံမည်ကြီးပြီးသား Shampoo🧴 လေးဆိုပေမဲ့ကိုယ်နဲ့တည့်မတည့်အရင်စမ်းကြည့်လိုက်သေးတာ🛀🏼 တော်‌တော် လေးလေး လည်းသုံးပြီးတော့ result ကရှယ်ကြီးဗျာ👩🏼‍🦲ဆံပင်ကျွတ်တာအတွက်တကယ်ထိရောက်တယ်ပြောရမယ်။❄️ဆံသားလေးကိုအေးနေတာပဲ ဒါနဲ့မပြီးသေးဘူး🙇🏼‍♀️ဦးရေပြားခြောက်သွေ့ တာ 🦠ဗောက်ထတာတွေအတွက်ရှယ်မှရှယ်ပဲ။Ph Level💦ကိုလည်း Balanced ဖြစ်စေပြီးတော့ ဦးရေပြားမှာရှိတဲ့ 🦠ဗောက်တွေကိုဖယ်ရှားပေးနိုင်တာတင်မကပဲခေါင်းအဆီထွက်တာ‌ 🙆🏼‍♀️တွေလည်း သက်သာစေလို့ဦးရေပြားသွေးလည်ပတ်မှုကိုအားကောင်း‌ စေတယ်ဆိုတော့ကာ👌🏼 Natural Ingredients 29 မျိုးပါဝင်တဲ့အပြင် Suntree shampoo လေးက Hair Loss Care ဆိုတဲ့အတိုင်း 👩🏼‍🦲ဆံပင်ကျွတ်တာကို တော့တကယ်သိသာတယ် 🥰ဆံပင်‌ လေးကလဲ👩🏽 ထူထူလေးဗျာ မိန်းကလေး ဆို ဆံသားက 👩🏽‍💼weight ရှိလာတဲ့သဘောလေး။🧴Shampoo ကောင်းကောင်းလေးသုံးချင်တယ်🦠ဗောက်တွေထတယ်၊ 👩🏼‍🦲ဆံပင်တွေကျွှတ်တယ် ဘယ်ခေါင်းလျှော်ရည်မှကို အဆင်မပြေဘူးဆိုတဲ့သူ‌ တွေ အတွက် ကတော့ Headspa 7 Shampoo လေးကိုသေချာပေါက် Must Try ပါဗျာ။‌‌ အော်ဒါနဲ့ ဆံပင်ကျွတ်👩🏼‍🦲တာတင်မကဆံသားပါးသူတွေနဲ့ဦးရေပြားမှိုစွဲပြီး🦠ဗောက်ထတတ်တဲ့သူတွေသုံးကို သုံးကြည့်သင့်တယ်လို့ 👍🏼recommend👍🏼 ပေးပါရ စေညော်။တကယ်ကို✌🏼2 weeksပဲသုံးကြည့်ပြီးရင်ကိုသိသိသာသာထူးခြားလာတာ။ အားလုံးနှစ်သစ်မှာ👩🏽‍💼ဆံပင်ထူထူ 👩🏽‍💼လေး‌ တွေနဲ့ ဆံပင်ကျွတ်ခြင်း ဆံသားပျက်ဆီးခြင်းကကင်း ဝေးကြပါစေဗျာ။😘😘😘
🙆ချစ်သော Zo Lar🙆
😗 See you next week😗

Photos from Beauty by Zo Lar's post 06/08/2024

Nivea Extra Bright 10 Super Vitamin & Skin Foods 100x Serum {review}

🏖️ချောင်းသာသွားတုန်းကလိမ်း🏊🏻ဖို့ယူသွားရင်းစမ်းကြည့်မိလို့စွဲလန်းနေတာ🙆🏻သူလေးပေါ့။ 10x တောင် တော်တော်လေးသိသာတာ၊ကြည်လာတာကိုသူက 100xဆိုရင်တော့ ဘယ်လို တွေတောင်လဲဆိုတာစဉ်းစားသာကြည့်တော့ဗျာ💓
🏖️100x Super Vitamins ပါတဲ့ lotionမို့အစက်အပြောက်‌တွေ၊ အမာရွတ်တွေကို2ပတ်လောက်ဆိုလျော့လာတာလေးကွာ။
🌄SPF 15 ပါပြီးတော့ အသားအရေ အတွက်လိုအပ်တဲ့ အသီးအနှံလေးတွေနဲ့ထုတ်လုပ်ထားတာဆို‌ တော့ကာ အသားဖြူပြီးကြည်ဝင်းလာတဲ့ဂျပလွတ်လေး။
🌞SPF 15 ပါတယ်ဆိုပြီး လိမ်းလိုက်ရင် ပျစ်ပျစ်ကြီးမဟုတ်ဘဲ ကျဲကျဲအေးအေးလေးနဲ့အသားထဲကိုစိမ့်ပြီးဝင်သွားတာမျိူးလေး🥰
🥑🍋🍒ဗီတာမင် C, A, B3, Pro B5, B9 နှင့် E တို့ရဲ့အာနိသင်‌ တွေကိုပေါင်းစပ်ပြီးထုတ်ထားတာမို့ တဖြည်းဖြည်းနဲ့ အသားရည်ကိုကြည်ကြည်စိုစိုလေးဖြစ်စေတာလေးက lotion လေးရဲ့အသက်😯
🧒🏻ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိုင်တဲ့အပြင်SPF 15 ပါဝင်တာကြောင့် နေရောင်ခြည်ကို ၁၅ ဆ‌တောင်ကာကွယ်ပေးပါကွာ။ဒါပေမဲ့နေအရမ်းပူတဲ့အခါတွေဆိုSPF နဲ့ PA+++++များများပါတဲ့အခြား lotion လေးတွေနဲ့တွဲလိမ်းစေချင်တယ်ကွာ😗
🧖🏼အနံ့လေးက fresh ဖြစ်တဲ့သီးစုံနံ့လေးမို့.. So Sweetလေးကွာမိုက်ချက်။အနံ့မွှေးမွှေး‌ လေးကို မှလိမ်းချင်တယ်၊အသားထဲစိမ့်ပြီးbright ဖြစ်စေပြီး healthy glow skin လေးရချင်တယ်၊အသားကြည်ချင်တယ်ဆိုရင်တော့ရွေးလိုက်တော့ဗျာလုံးဝကောင်းသောပဲ၊☝🏻တခုပဲအပေါ်မှာပြောခဲ့သလို့အရမ်းနေပူထဲထွက်ရင်တော့သတိတရနဲ့ SPFများတာလေးနဲ့ရောလိမ်းညော်👈🏻👌🏻
🙆ချစ်သော Zo Lar🙆
😗 See you next week😗

29/07/2024

At shooting

17/07/2024

💓{Tonymoly wonder rice toner]🌾 review 🌾

👏🏻ကိုယ်ရဲ့အကြိုက်ဆုံးတွေထဲကမှအကြိုက်ဆုံးလေးမို့ညွန်းမယ်ညော်👍🏻။သူကိုသုံးဖြစ်တာက 🌾Rice 🌾ကိုအခြေခံထားလို့အသားအရေအတွက်အဆင်ပြေတယ်ဆိုတဲ့စိတ်လေးနဲ့သုံးဖြစ်သွားတာ😯 500ml size ကြီးကိုမှ3ဘူးမြောက်ရှိပြီ။ထပ်ဝယ်အုံးမလားဆို တော့ထပ်ဝယ်မဲ့တိုနာ‌ လေးပါဂျာ💯။အသားအရေမညီတဲ့သူတွေ အသားအရေညစ်နွမ်းပြီး 🙍🏽‍♀️ချွေးပေါက်ကျယ်သမား‌ လေးတွေနဲ့ rough skin ,dry & dehydrated skin တွေအတွက်အိုကေမှာစိုပြေမဲ့အမိုက်စားလေးပါဂျာ🤷🏻။အဓိကအနေနဲ့ကတော့🌾 ဆန်ကို အချဉ်ဖောက်ထားပြီးတော့နောက်ထပ်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ကြံ,🍇စပျစ်နဲ့🍎 Apple extracts က skin ကို naturally exfolitae ဖြစ်အောင်ကူညီ‌ပေးတယ်။အချဉ်ဖောက်ထားတဲ့🌾 ဆန်ကတော့ အသားအရေအတွင်းပိုင်းထိ 💦ရေဓာတ်ဖြည့်ပေးလို့တကယ်ရေထပ်ဖြည့်ပေးနိုင်တဲ့tonerလေးဆိုပါ တော့။mild exfoliiate လုပ်ပေးလို့🙆🏻 ချွေးပေါက်ကျယ်တာလေးတွေကိုသိသာသက်သာစေပြီး skin က Smooth and bright💁🏻 ဖြစ်တာကတော့✌🏻၂ပတ်လောက်သုံးပြီးတာနဲ့သိသာတာလေးကသဘောကျမိတဲ့အချက်ပဲ။Alcohol free ဖြစ်လို့ Alcohol ပါတာကို သဘောမကျတဲ့Sensitive skin သမားတွေပါသုံးရတာအဆင်ပြေတဲ့Tonerလေးမို့သဘာကျလို့လုံးဝမပြတ်အောင်ကြိုဝယ်ရတဲ့productမို့ Skin ကြည်ချင်တယ်၊အသားအရေမညီတာတွေကိုသက်သာပြီးbright ဖြစ်ချင်တယ်၊ရေဓာတ်ပြည့်ဝချင်တယ်၊ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့အမာရွတ်ချိုင့်ခွက်တွေအတွက်အဆင်ပြေပြီးဈေးနှုန်းသင့်တဲ့produt ကောင်းလေးထဲကဆို ဒီတိုနာလေး full recommend ပါဂျာ💯👍🏻။Rice🌾 နဲ့တည့်တဲ့ Dry & dehydrated ,Dull & rough skin သမားတွေကို ဒါလေး Try ကြည့်စေချင်တယ်ဂျာ။ချစ်သောသူတွေအတွက် budget အဆင်ပြေ quality လဲကောင်းတဲ့ product လေးမို့လုံးဝအကြိုက်တွေ့မှာအသေချာပဲဗျာ။💓💓💓💓💓

🙆ချစ်သော SKEE🙆
😗 See you next week😗

21/06/2024

Channel 9 ရဲ့ messenger Program မှာ combination skin နဲ့ပတ်သတ်ပြီး share ပေးထားတာလေးလွှင့်ရင်လဲအားမေးနော်

Photos from Beauty by Zo Lar's post 15/06/2024

💓Espoir water Splash Sun Cream Ceramide💓{ Review}
နံမည်ရပြီးသား brand လဲဖြစ်တယ်။နေလောင်ဒဏ်လဲထိထိရောက်ရောက်ကာကွယ်ပေးပြီး Skin ကြည်ကြည်လေးကိုမှ အသားအရေလေးကိုတဆင့်ကြည်သွားစေတဲ့ Sun Cream လေးမို့ ရီဗျူးလိုက်ပါ၏။
💮Ingredients
C12-15 Alkyl Benzoate
Titanium Dioxide
Ceramide NP
Peptide
Centella Asiatica Flower/​Leaf/​Stem Extract..........!

💮Skin Effect
hydrating
soothing
sunburn for reduce
UV protection
Calming Effect
Skin barrier
Glow look

💮Personal Experience
သူကလေးကိုပြောပါဆိုရင်တော့ကြိုက်တယ်👍🏻ကြိုက်တယ်ပြောလို့ဇွတ်ကြိုက်ဟုဘူးညော်။🤟ကြိုက်နေရတဲ့အကြောင်းလေးတွေရှိတယ်📝Sun Cream ဆိုတာအပြင်နံမည်ရပြီးသား Sun Cream တွေထွက်တဲ့ brand ဆိုတော့ပြောနေစရာကိုမလိုအောင်နေလောင်ဒဏ်တွေ🌞 UV Rays တွေရဲ့ဒဏ်ကိုထိထိရောက်ရောက်ကာကွယ်ပေးတယ်။SPF ကလဲ 50+ PA++++ဆိုတော့ကာ ကြိုက်သိပဲပေါ့၊ကိုယ်တို့မြန်မာပြည်ရာသီဥတုနဲ့တော့ကိုက်သလားမမေးနဲ့၊ပြောပြမယ်နော်ကိုယ်ရဲ့သူ‌လေး ကိုလိမ်းပြီးတာနဲ့ရလာတဲ့💁🏻 Skin လေးကကြည်ကြည်လင်လင်လေးကိုမှ တူများတွေပြောသလို 🧏🏻Glowသွားတာလေး၊သူရဲ့ Creamအရောင်လေးက💓ပန်းရောင်လေးကိုမှကိုယ်Skinနဲ့ထိတွေ့လိုက်တာနဲ့ ပန်းရောင်ဆန်ဆန်ကြည်ကြည်လေးလင်းသွားတာကအသက်🧖🏼၊သူမှာပါတဲ့ Ceramide ကြောင့် Skin barrier ထိတားတဲ့သူတွေ Sensitive Skinတွေအတွက်လုံးဝအဆင်ပြေပြီး healthy Glow look လေးကွာ။တကယ်ကို 💦ရေဓာတ်ပြည့်ကျန်းမာတဲ့ Skin ပုံစံလေးဗျာ။ alcohol free/ paraben free ဆိုတော့ကာ fungal acne ပါ saveဖြစ်တယ်။ Makeup မလိမ်းပဲအပေါ်ကနေ powder လေးပါးပါးလေးသာပုတ် အပြင်ထွက်ဖို့🚶🏻အဆင်သင့်🚶🏻🚶🏻🚶🏻 တကယ်ပြီးပြည့်စုံသော။ ဘူးကြီးဝယ်ဖို့မချင့်မရဲဖြစ်နေရင်မပူနဲ့ဘူးသေးပါလာတယ်အေးဆေးကိုယ်တောင်ဘူးသေးလေးစစမ်းကြည့်တာ....ဟီးဟီး..ခုတော့ဘူးကြီးဝယ်ရတော့မယ်..ဘာလို့လဲတိလား၊ကြိုက်လို့ဆို💓

🙆ချစ်သော SKEE🙆
See you next week😗

Photos from Beauty by Zo Lar's post 29/05/2024

💖Vaseline Gluta Hya Pro-Age Restore Lotion 💖-💖 Review💖

Texture လေးကတော့ ကျဲကျဲရဲရဲ‌ လေးရဲ့။ လိမ်းပြီးရင်လည်း ❄️🧖🏼အေးမွှေးစိမ့်လေးကောင်းရဲ့။သူ typeကလည်းSerum Burst ဆိုတဲ့အတိုင်းပဲ၊ စိမ့်ဝင်လွယ်ပြီးတော့ လုံးဝ စေးကပ်မှုမရှိတာ‌ လေးကကြိုက်လွန်း‌ သောပဲ။🌄နေလောင်ထားတဲ့သူတွေအတွက်လဲ🌜🌛ညဘက်ကိုသေသေချာချာလေးလိမ်းမယ်ဆိုရင် ထူးခြားတဲ့result ကိုသိသိသာသာရတယ်။
💁🏻အသားအရေကို လည်းကြည်‌နေစေတဲ့အပြင်နေလောင်ထားလို့ လက်‌ချောင်း 🤚🏻၊ခြေ‌ချောင်းလေး🦶🏻တွေ ညိုသွားညစ်သွားတာတွေကိုလည်းအကောင်းဆုံးအနေအထားနဲ့ ပြန်လည်ဖွေးကြည်လာတာ‌ လေးကမိုက်‌ သောပဲ။skin tone 🙆🏻ကလည်း သုံးနေရင်းနဲ့ကိုတဖြည်းဖြည်းသိသိသာသာပြောင်းလာတာလေးကွာ----မိုက်စ်ပဲ။ Collagen လဲပါတော့အသားအရေ တင်းရင်းစေတဲ့ effect ကြောင် ၃၀ကျော်နောက်ပိုင်းတွေအတွက် လဲအရမ်းသင့်တော်တဲ့ lotion လေးပါကွာာာာာ။
Firmer,smoother and even-toned ဖြစ်ဖို့ ပိုအရေးပေးထားတာဖြစ်လို့အသားဖြူဖို့ဆိုထက် အသားအရေ တင်း‌ရင်းဖို့ ချောမွေ့‌ နေစေပြီးအသားအ‌ရေသိသိသာသာညီစေတဲ့အစွမ်းထက်လေး။အမာရွတ်အမဲစက် ၊dark spot,red spot and strawberry legs သမားတွေ တကယ်ကိုဝယ်သင့်တဲ့ lotion လေးဗျာ။Skin elasticity ကို Fish ကရတဲ့ Collagen နဲ့ အဆ70 တင်းရင်းလာအောင် မြှင့်တင်ပေးထားတယ် ဆိုတော့အသားတွေ လျော့သွားတဲ့သူတွေ သူတွေအတွက်လဲ အရမ်းအဆင်‌ပြေတော့ရှယ်ကြိုက်မှာ။serum type ဖြစ်လို့ လိမ်းရတာ smooth ဖြစ်ပြီးချက်ချင်းစိမ့်ဝင်သွားတယ် လိမ်းပီးပီး ချင်းကိုလည်း skin tone ကြည်ပြီးတင်းလာတယ် ။အနံ့လေးက သင်းသင်းလေးနဲ့တကယ်စွဲမက်ဖွယ်အနံ့လေးစွန်း ကြိုက်တယ်ဗျာ။SPF မပါလို့နေ့ခင်းဘက် တွေလိမ်းချင်တယ်ဆို ရင်တော့ spf ပါတဲ့ lotion လေးနဲ့တွဲသုံးနော်။🥰🥰🥰

🙆ချစ်သော SKEE🙆
See you next week😗

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Nga Moe Yeik 9 Street, Thingangyun Tsp
Yangon