Ayemu Online Shop
အသားအရေပြဿနာကြုံတွေ့နေရတဲ့ အမျိုးသမီးများ အိမ်ရှင်မများ
အတွက် ကူညီဖြေရှင်းပေးမယ့်နေရာ
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်တွေဖြည့်ပေးလို့အသားအရေလှပကျန်းမာလာစေတယ်
အသီးအနှံ ၃၆ မျိုးပါဝင်ထုတ်လုပ်ထားတယ်
17/09/2025
ရနံ့သင်းပြီး အသားဖြူတဲ့ Blink Lotion
အမှာလေးတွေ ပို့လိုက်ပါပြီ
Stock Out ပါပြီလို့
Blinks Soap နဲ့ Armpit Cream အတွဲလေး ရပါတယ်နော်
ဘိုက်ဘာ 09778960388/cb ကနေမှာယူလို့ရပါတယ်
04/06/2025
🤗 အမြဲလိမ်းနေကျသူလေးတွေကတော့🤗🤗🤗
✅ Blink အသားဖြူ Lotion ကို ကြိုက်ကြတယ်
✅စေးကပ်မှုမရှိ အသားထဲစိမ့်ဝင်လွယ်ပြီး ရနံ့လေးကလည်း လန်းဆန်းစေတယ်
💸💸💸 ခုလို နှစ်ဘူးယူတစ်ဘူးဝယ်လက်ဆောင်ပေးလိုက်တော့ အရမ်းတန်မှန်းသိလို့ ပြောလိုက်တာနဲ့ တန်းဝယ်တာဘဲ
💧💧💧 တန်တုန်းဝယ်ထားပါ
တန်အောင်လိမ်းရမှာနော်
သူငယ်ချင်းတွေစုဝယ်လည်း တဘူး 12000 ဘဲကျတာမို့ 6000 Save ဖြစ်ပါတယ်
ဒီမနက်တော့ လက်လီ သုံးဘူးအရင်ပို့ပေးလိုက်ပါပြီ
ပစ္စည်းဒီနေ့ရောက်မှ မနက်ဖန်လက်ကားဝယ်သူတွေဆီ ဆက်ပို့ပေးပါမယ်ရှင်
#အားပေးသူအားလုံးကျေးဇူးတင်ပါတယ်ရှင်
#စတိုးဆိုင်များလက်ကားမှာယူနိုင်ပါတယ် #အိမ်ရောက်ငွေချေရ
#မြို့နယ်ပေါင်း300ကျော်ပို့ပေးပါတယ်
မဂ်လာရှိသောနေ့တစ်နေ့ဖြစ်ကြပါစေ
05/04/2025
လောကမှာ လူတွေ မမျှော်လင့်ဘဲနဲ့
အန္တရာယ်ဆိုး ကပ်ဆိုးဘေးဆိုးတွေ ကျရောက် လာတတ်တယ်။
အဲဒီလို ကျရောက်လာတဲ့အခါမှာ အန္တရာယ်က လွတ်မြောက်အောင် လုပ်တဲ့နည်းကို မြတ်စွာဘုရားက ဒီရတနသုတ္တန်မှာဟောပေးတယ်။
သစ္စာဆိုတဲ့နည်းနဲ့ အန္တရာယ်ကို ကာကွယ် ပေးတယ် ဘေးအန္တရာယ်က လွတ်မြောက်အောင် ဆောင်ရွက် ပေးတယ်။
ရှည်လျှားတဲ့ ကာလကြီးတစ်ခုပေါ့။
အချိန်အတိုင်းအတာ အရ၊ ဒီလို အတိုင်းအတာတစ်ခုအရ စားနပ်ရိက္ခာမဖူမလုံနဲ့ မိုးခေါင်နေတဲ့ အချိန်ပိုင်းကြီးကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။
ရောဂါဝေဒနာတွေဖြစ်ပြီး ကူးစက်ပြန့်ပွားနေတဲ့ အချိန်ပိုင်းကို ရောဂန္တရ လို့ခေါ်တယ်။
အဲဒီအံချိန်မှာ မကောင်းဆိုးဝါးတွေက ဝင်ရောက်ပြီးတော့နှိပ်စက်တဲ့ အချိန်ပိုင်းကို အမနုဿန္တရကပ် လို့ခေါ် တယ်။
“ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ
တိဝိဓံ ဘယံ” လို့ဆိုတဲ့အတိုင်း
ဝေသာလီပြည်မှာ ကြုံခဲ့တယ်။
အဲဒီလို ကြုံကြိုက်လာတဲ့ အခါကျတော့ ဒီဘေးဆိုး အန္တရာယ်ကြီးက ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် လုပ်ကြ မလဲလို့ တိုင်ပင်ညှိနှိုင်းကြတယ်။
လူတွေဟာ အန္တရာယ်ဆိုးတွေ ကျရောက်ပြီ ဆိုတဲ့အခါ ကိုယ်ယုံကြည်ရာတွေကို လုပ်တတ်ကြတယ်။
ဝေသာလီပြည်မှာ အန္တရာယ်ကင်းအောင် ... ဘာဟောလဲဆိုရင် ဘုရားဂုဏ်နဲ့ သစ္စာဆိုပုံကို မြတ်စွာဘုရား ဟောတယ်။
“ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နောသမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စဝဇ္ဇေန သုဝတ္ထိ ဟောတု”တဲ့။
ဒီဂါထာကစပြီးတော့ သစ္စာဆိုပုံကို မြတ်စွာဘုရားက ပြတယ်။
“ဣဓဝါ” ဆိုတာ လောကမှာဖြစ်စေ သို့မဟုတ် လူ့ပြည် မှာပဲဖြစ်စေ။
“ဟုရံ” ဆိုတာ နတ်ပြည်မှာပဲဖြစ်စေ၊ တခြားဘုံဘဝ မှာပဲဖြစ်စေ။
"သဂ္ဂေသုဝါ” နတ်ပြည် ဗြဟ္မာပြည်မှာပဲ ဖြစ်စေတဲ့
လောကမှာ အလွန်မွန်မြတ်တဲ့ ရတနာတွေ ဆိုတာရှိတယ်။
ဟုတ်တာပေါ့ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ လူ့ပြည်မှာသာ ရှိတာမဟုတ်ဘူး။
နတ်ပြည်မှာလည်းရှိတယ်၊ ဒီလို မွန်မြတ်တဲ့ ရတနာတွေရှိတယ်။
ဆိုလိုတာကတော့ လောကကြီး မှာရှိတဲ့ လူတိုင်းနှစ်သက်တဲ့ စိန်ရွှေရတနာတွေဟာ ရှိတယ်။
အဲတော့ ရတနာဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေမှာ မြန်မာစကားလောက် ဖြစ်ပြီးတော့ ရင်းနှီးနေကြတယ်။
ရတန ဆိုတာ ဒါကိုမြင်လို့ရှိရင် လူတွေစိတ်ထဲမှာ ကျေနပ် နေတယ်။
ရွှေကိုမြင်ရင် ကျေနပ်နေတယ်၊ ပတ္တမြား မြင်ရင် ကျေနပ်တယ်၊ ကျောက်သံပတ္တမြားတွေ မြင်ရင် ကျေနပ်တယ်။
အဲဒါတွေကို ရတနာ လို့ခေါ်တယ်။
“ရတိံ ဇနေတီတိ ရတနံ” ဆိုတဲ့အတိုင်း ရတနာ။
သို့သော်လည်း ‘ရတနာ” ဆိုတာ ဘာကြောင့် ရတနာ ခေါ်ရတာလဲလို့ မေးမယ်ဆိုလို့ရှိရင်
ရတနာခေါ်ပုံ က “စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ” ဂါထာအရ
ပြောမယ်ဆိုရင် ရတနာဆိုတာ စိတ္တိကတံ၊ လူတိုင်းရဲ့အကြိုက် ဖြစ်တယ်၊
လူတိုင်းက ကျေနပ်တယ်၊ လူတိုင်းကြိုက်တယ်၊
လူတိုင်း လိုချင်တဲ့ အရာဖြစ်တယ်၊
လူတိုင်းနှစ်သက်တဲ့ အရာဖြစ်တယ်၊
ဒါ ရတန။
မဟဂ္ဃတ၊ ဆိုတာ´ တန်ဖိုးကြီးတယ်၊ အင်မတန်မှ တန်ဖိုးကြီးတဲ့ အရာဟာ ရတနာလို့ ခေါ် တယ်။
အတုလ နိုင်းဖို့ ယှဉ်ဖို့ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် အဆင့်မြင့်တယ်၊ အတုမဲ့တယ်။
တန်ဖိုးအင်မတန်မှ ကြီးမားတယ်။
အတုလ ဖြစ်တယ်၊
နှိုင်းစရာ ဥပမာမရှိဘူး၊
အနှိုင်းမဲ့ဖြစ်တယ်၊
အဲဒါမျိုးကို “ရတနာ”လို့ ခေါ်တယ်။
‘ဒုလ္လဘဒဿန” ဆိုတာ တွေ့ဖို့မြင်ဖို့ရာ ခဲယဉ်းတဲ့အရာ ဖြစ်တယ်။
လမ်းခင်းတဲ့ကျောက်တွေ ဘယ်လောက်ပေါပေမယ့်
“ရတနာ”လို့ဆိုတဲ့ ပတ္တမြား
ကျောက်ကတော့ တွေ့ရခဲတယ်။
အင်မတန်မှ ရှားပါးတယ်ပေါ့။ ကွာဟတဲ့ နှိုင်းယှဉ်မှု။
အဲတော့ ရတနာဆိုတဲ့ သဘောက တွေ့ဖို့မြင်ဖို့ ခဲယဉ်းတဲ့ဟာလည်းပဲ ရတနာပဲ။
အနောမသတ္တ ပရိဘောဂ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ မှ အသုံးပြုနိုင်တယ်။
သာမန်ပုဂ္ဂိုလ်တွေ မသုံးနိုင်တဲ့ ပစ္စည်းမျိုးကို ရတနာလို့ခေါ်တယ်။
ဒါ လောကီဘက်ကပြောတဲ့ ရတနာ။
လောကီရတနာတွေပဲကြည့် ဒီအခြေအနေမျိုးတွေနဲ့ ရှိတယ်။
အဲတော့ လောကမှာရှိကြတဲ့ စိန်ရွှေစတဲ့ ဒီရတနာတွေဟာ လူ့ပြည်မှာပဲရှိရှိ၊ နတ်ပြည်မှာပဲရှိရှိ၊
လောကမှာ ရတနာ အမျိုးမျိုး တွေ
လူတွေအကြိုက် ရတနာ အမျိုးမျိုး
ရှိတယ်တဲ့။
အဲဒီ ရတနာတွေထဲမှာ မြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆို တာ တစ်ခုမှ မရှိဘူး။
ဗုဒ္ဓရတနာဟာ မြတ်စွာဘုရားရဲ့ နှစ်သက် ဖွယ်ကောင်းတဲ့ အခြေအနေ ဂုဏ်ရည်မျိုးဟာ တခြားရတနာ
တွေမှာ မရှိနိုင်ဘူး။
ဒါကြောင့်မို့ ရတနာလို့ ခေါ်ခြင်းခေါ်ရင် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေသာ တကယ့်ရတနာ ဖြစ်တယ်။
မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တွေဟာ အင်မတန်မှ မြတ်နိုးဖွယ်ကောင်းတဲ့ ရတနာအစစ်တွေသာ ဖြစ်တယ်။
လောကမှာရှိတဲ့ ရတနာတွေထက် အင်မတန်မှ တန်ဖိုးကြီးတယ်၊
လောကမှာရှိတဲ့ ရတနာတွေနဲ့မတူဘဲ အင်မတန်ထူးခြားတဲ့ ရတနာဆိုတာ ဘုရားရတနာပဲဖြစ်တယ်။
ဧတေနသစ္စေန ဒီမှန်တဲ့စကားကို
ဆိုလိုက်ရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။
သစ္စာဆိုတဲ့နေရာမှာ နံပါတ်တစ်က မှန်တာကို အရင် ပြောတယ်။
ပြောပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖေါ်၊ ဒီနှစ်ချက်ရှိတယ်။
လောကမှာ ဘာအခက်အခဲပဲ တွေ့တွေ့၊ ဘာပဲလိုချင်လိုချင် မှန်တဲ့စကားကိုဆို၊
ဆိုပြီးလို့ရှိရင် ကိုယ်လိုချင် တာတစ်ခုကို ဖေါ်ထုတ်လိုက်လို့ရှိရင်
အခြေအနေ စွမ်းရည်သတ္တိ ပြည့်လာပြီဆိုလို့ရှိရင်
အောင်မြင်နိုင်တယ်လို့ ဆိုတာကို တစ်ချို့ ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ကို ထုတ်ဖေါ်ပြီး ပြောကြတယ်။
အဲဒီတော့ သစ္စာဆိုတာ “သစ္စာနှုတ်သီး မန္တာန်ကြီး” ဆိုတဲ့ အတိုင်း
အန္တရာယ်တွေလည်း ကင်းပျောက်နိုင်တယ်၊ ကိုယ်လိုချင် တာလည်း ရတယ်။ ဒါကြောင့်မို့လို့ သစ္စာရဲ့စွမ်းအားဟာ အင်မတန်ကြီးမားတယ်။
တခြားဟာတွေပြောရင် မှန်ချင်မှန်မယ်၊ ဘုရားဂုဏ်ကို ထုတ်ဖေါ်ပြီးတော့ ပြောလိုက်ပါ။
ဒါကြောင့်-
ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ”
ကမ္ဘာလောကကြီးမှာရှိတဲ့၊ ရှိသမျှသော ရတနာတွေ အလွန်မွန်မြတ်ပေမယ့် မြတ်စွာဘုရားဆိုတဲ့ ရတနာနဲ့တူတာတော့ တစ်ခုမှမရှိဘူး။
အဲဒီလို ရတနာတွေထက် သာလွန်တဲ့၊ နှစ်သက် ဖွယ်ကောင်းတဲ့၊ မြတ်နိုးဖွယ်ကောင်းတဲ့ အခြေအနေဟာ
မြတ်စွာ ဘုရားမှာ တွေ့နိုင်တဲ့ ထူးခြားမွန်မြတ်တဲ့ ရတနာပါပဲလို့
ဒီစကား ဟာ မှန်ကန်တဲ့စကား ဖြစ်တယ်။
“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီ မှန်ကန်တဲ့စကား ကြောင့်
ဒုက္ခရောက်နေတဲ့ သတ္တဝါအားလုံး ချမ်းသာသုခ ရကြပါစေလို့ အဲဒီလိုသစ္စာဆိုတယ်။
အဲတော့ ဒီကနေ့ခေတ်မှာလည်းပဲ ဒါကို အသုံးချမယ် ယုံယုံကြည်ကြည်နဲ့
ဒီအတိုင်း လိုက်နာကျင့်သုံးမယ် ဆိုလို့ရှိရင် အန္တရာယ်တွေ ပျောက်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်ဆိုတာ
ဘုန်းကြီးတို့တစ်တွေ မှတ်သားကြရမှာ ဖြစ်တယ်။
ဒါ ဘုရားနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ လောကမှာရှိသမျှ ရတနာတွေထဲမှာ
ဘုရားရတနာနဲ့ တူတဲ့ ရတနာမရှိဘူး။
မြတ်စွာ ဘုရားရဲ့ ဂုဏ်ဆိုတာ အင်မတန်ကို ရတနာထိုက်ပါပေတယ်။
အမြတ်ဆုံးသော ရတနာထိုက်ပါပေတယ်။
ဤမှန်ကန်သော စကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့ပြောလိုရင်း ဖြစ်တယ်။
ပရိတ်ရဲ့ အစွမ်းတန်ခိုးဟာ အင်မတန်မှ ထက်ပါတယ်။
တကယ် လုပ်ရင် တကယ်ဖြစ်တယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ရတနသုတ် အနှစ်ချုပ် တရားတော်မှ
20/03/2025
Blink Body Lotion
18000
#၅ဘူးကစလက်ကားဈေးရ
09778960388/Viber ကနေ မှာယူနိုင်ပါတယ်
19/03/2025
🌞 အဆီပြန်မှုကိုထိန်းပေးတယ်
🌞 အသားထဲစိမ့်ဝင်လွယ်တယ်
🌞 အမဲစက် တင်းတိပ် မဖြစ်အောင်ကာကွယ်ပေးတယ်
🌞 အမဲစက် တင်းတိပ် သက်သာလျော့ပါးစေတယ်
🌞အိုင်ဘီနေကာ ၂၅၀၀၀
#စတိုးဆိုင်များလက်ကား၅ဘူး၅ထုပ်ကစယူလို့ရပါတယ်
#မြို့နယ်ပေါင်း၃၀၀ကျော်ပို့ပေးပါတယ်
18/01/2025
📌📌📌 အသားအရေထိန်းသိမ်းချင်သူများ စိုပြေလှပချင်သူများအတွက် အိုင်ဘီ Soothing Gel
💧🫧 ရေဓါတ်ဖြည့်ပေးတယ်
💧🫧 အသားအရေကြမ်းတမ်းတာတွေ၊ အဆီပြန်တာတွေ၊ ဝက်ခြံ အမဲစက်တွေ သက်သာစေတယ်
💧🫧 အသားအရေတင်းရင်းစေတယ်
💧🫧 တစ်ဘူး ၄၃၅၀၀၊ အထုပ် ၁၂၀၀၀
💚💚💚နေ့ရော ညရော လိမ်းပေးလို့ရတယ်
၀၉၇၇၈၉၆၀၃၈၈ or viber or cb ကနေ မှာယူနိုင်ပါတယ်
#၅ဘူး၅ထုပ်ကစပြီး လက်ကားဈေးရပါတယ်
#ဆိုင်ပေါ်တင်ရောင်းလိုသူများအတွက်အဆင်ပြေတယ်
#လက်လီလက်ကားအိမ်အရောက်ငွေချေ
#အမြို့မြို့အနယ်နယ်မှာယူနိုင်ပါတယ်
01/01/2025
မြစ်ကျဉ်းတော့ ရေစီးသန်တယ် ။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။
အမြင်ခြင်းမတူဘူးဆိုရင်
မပြိုင်နဲ့ မရှင်းနဲ့ မငြင်းပါနဲ့ ။
ပြိုင်လေ ရန်များလေးပဲ
ရှင်းလေရှုတ်လေ ငြင်းလေ ဆိုးလေပါပဲ ။
အရူးတစ်ယောက်နဲ့ ငြင်းခုံနေတာဟာ အရူးနှစ်ယောက်ရှိတယ်လို့ သက်သေပြလိုက်တာနဲ့ တူပါတယ် ။
လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ ။
လင်းနို့ အတည့်မြင်အောင်
ကိုယ်က ကင်းမြီးကောက် ထောင်ပြစရာမလိုပါဘူး။
ကိုယ့်သမိုင်းကိုယ်ရေးတဲ့ နေရာမှာ သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို လိုက်ခံစားမနေပဲ အချိန်ရသ၍ ရိုးသား ကြိုးစားနေဖို့ပါပဲ ။
crd_to_owner
17/12/2024
✅ အသားရေထိန်းသိမ်းခြင်းက နေ့ရက်တိုင်းပုံမှန်လုပ်ပေးရမဲ့ daily routine လေးတစ်ခုဖြစ်ပါတယ်
✅ဆောင်းရာသီမှာအသားအရေ အက်ကွဲခြင်းနဲ့ အသားပတ်ခြင်း ယားယံခြင်းတို့ကို ဖြစ်စေတတ်ပါတယ်
✅အသားအရေကို အမြဲတမ်းအစိုဓာတ်ပြည့်နေစေဖို့ အသားအရေစိုပြေစေမဲ့ Skincare ကိုသုံးသင့်ပါတယ်
✅ရေနွေးနဲ့ ရေချိုးတာ မျက်နှာသစ်တာကို မကြာခဏ ပြုလုပ်ခြင်းကိုရှောင်သင့်ပါတယ်
✅ ပြင်ပလေနဲ့တိုက်ရိုက်ထိတွေ့တာမျိုးကို လျှော့ချသင့်ပါတယ်
✅လုံလောက်တဲ့ ရေပမာဏရရှိအောင် ရေများများသောက်သင့်ပါတယ်
✅ မျက်နှာကို မလိုအပ်ဘဲ Scrub တိုက်တာ၊ ပြင်းထန်တဲ့မျက်နှာသစ်မျိုး သုံးတာကိုရှောင်သင့်ပါတယ်
31/10/2024
" ရူးမတတ် ခံစားနေရချိန်မှာ နာနာဖိရွတ် "
***************************************
"ဖုဋ္ဌဿလောက ဓမ္မေဟိ" = ( လောကဓံတရား တစ်ပါးပါးနဲ့ ထိတွေ့ခံစားရတဲ့အခါလို့ အဓိပ္ပါယ်ရပါတယ်။)
"စိတ္တံယဿ နကမ္ပတိ" = ( စိတ်သည်မတုန်မလှုပ်ပါစေနှင့်လို့ အဓိပ္ပါယ်ရပါတယ်)
"အသောကံ" = ( မတွေးတော၊ မစိုးရိမ်ပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်။)
"ဝိရဇံ" = (မက်မောမှုမရှိပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်)
"ခေမံ" = ( ကြည်လင် အေးချမ်းအောင် စိတ်ကို လေ့ကျင့်မွေးမြူထားပါလို့ အဓိပ္ပါယ်ရပါတယ်)
✨ အန္တရာယ် အလွန်ကင်းတယ်။
တစ်ခါတစ်ရံ ဘဝမှာ အခက်အခဲတွေ့
လာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိတဲ့အခါမှာ အဲ့ဒီ ဂါထာတော်
ရွတ်လိုက်တဲ့အခါ မျက်စိထဲမှာ ဘာပြီးရင်
ဘာလုပ်ရမယ်ဆိုတာ ကွင်းကွင်းကွက်ကွက်
ပေါ်လာတော့တာပါပဲ။
ဖြစ်နိုင်ရင် မျက်လုံးဖွင့်တဲ့အခါမှာလည်းရွတ်။
ဘဝမှာ အခက်အခဲတွေနဲ့ ပိတ်ဆို့နေတဲ့အချိန်၊ စိတ်ညစ်ရလွန်းလို့ရှုးမတတ်ခံစားရနေချိန်၊
အမှုအခင်းပြဿနာကြုံတွေ့ချိန်၊ လာဘ်ပိတ်နေချိန်၊ အချစ်ကြောင့်၊ အိမ်ထောင်ရေးကြောင့် စိတ်သောကကြုံနေရချိန်တွေမှာ နာနာဖိရွတ်ပေး၊
မကြာခဏအားတိုင်း၊ သတိရတိုင်း ရွတ်ပေးနေရင် ဘဝဟာ သူအလိုလို အဆင်ပြေ ချောမွေ့ပြီး စိတ်ချမ်းသာမှု အတိနဲ့ ဘဝဟာ နှလုံး မွေ့လျောဖွယ်ကောင်းတဲ့ ပန်းဥယျဉ်ကြီးတစ်ခုလို လှပ စိုပြေ လာပါလိမ့်မယ်။
လက်ရှိမှာလဲ အဓိဌာန်ဝင်ပီး ပုတီးစိပ်ဖြစ်နေတဲ့ ဂါထာလေးပါ
''ဖုဋ္ဌဿ လောက ဓမ္မေဟိ
(ဖုတ်ထတ်သ လောက ဓမ်မေဟိ)
စိတ်တံ ယဿ န ကမ္ပတိ
(စိတ်တံ ယတ်သ န ကမ်ပတိ)
အသောကံ ဝိရဇံ ခေမံ''
🕊️အားလုံးသော မိတ်ဆွေများ ကျန်းမာချမ်းသာ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🙏🏻
" စိတ်ထား ကောင်းလျှင် ကံကောင်းမည်"
✨မျှဝေ ကုသိုလ် ယူနိုင်ပါတယ်
:✍️
Credit photo
02/10/2024
အိုင်ဘီ နေ့လိမ်းခရင်မ်ဘူး
တင်းတိပ်တွေ အမဲစက်တွေ
သက်သာ ပျောက်ကင်းစေတယ်
တစ်ဘူး 45000/-
09778960388/Viber/cb ကနေ
#လက်လီလက်ကား
#အိမ်ရောက်ငွေချေမှာယူနိုင်ပါတယ်
Click here to claim your Sponsored Listing.