DIY By Ruby Myanmar

DIY By Ruby  Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DIY By Ruby Myanmar, Yangon.

02/10/2025
02/10/2025

ငယ်စဉ်အခါတုန်းက
အချစ်နဲ့ လက်ထပ်ချင်ခဲ့တယ်။

ကြီးလာတော့
ပိုက်ဆံနဲ့ လက်ထပ်ချင်တယ်။

နည်းနည်းရင့်ကျက်လာတော့
ကိုယ်လက်ထပ်ချင်တာက
အကျင့်စရိုက်နဲ့ မိမိကိုယ်ကို ပြုစုပျိုးထောင်မှုရယ်၊
တာဝန်ယူမှုနဲ့ ကတိကဝတ်ရယ်။

နောက်ပိုင်း နောက်ပိုင်းကျတော့
အိမ်ထောင်မပြုတာကမှ
အကောင်းဆုံးလို့ ထင်တော့တယ်။

အားလုံး ဂွတ်မောနင်း
သီတင်းကျွတ်တော့မယ်နော် ☺️


💌
#နိုင်းနိုင်းစနေ

@

04/08/2025

Happy birthday 🥳

05/07/2025

ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံသားပျက်စီးခြင်းတို့ကို ရှားစောင်းလက်ပတ် + ဆန်ဆေးရည်နဲ့ အလွယ်တကူ ပြန်လည်ကုစားနိုင်ပါတယ်။

ဆံပင်ကျွတ်တာ၊ အရွယ်မတိုင်မှီ ဆံပင်ဖြူတာ ဒါမှမဟုတ် ဆံပင်ခြောက်ပြီး ဆံပင်မသန်တာမျိုးတွေ ကြုံနေရရင် ငွေအများကြီး မကုန်ရခင် ဒီနည်းလေးကို အရင်စမ်းကြည့်ပါ။
"ကောင်းတဲ့အရာတွေက ကိုယ့်အိမ်မီးဖိုချောင်ထဲမှာပဲ ရှိပါတယ်!"

✨ ရှားစောင်းလက်ပတ်သည် ဦးရေပြားကို ရေဓာတ်ဖြည့်ပေး
ပြီး ယားယံခြင်းနဲ့ နီမြန်းခြင်းကို လျှော့ချပေးပါတယ်။
✨ ဆန်ဆေးရည်မှာ ဆံပင်ကို ကျန်းမာစိုပြေစေသော ဗီတာ
မင်ဓာတ်တွေ ပါဝင်လို့ ဆံပင်ကို တောက်ပြောင်စေပြီး
အဆီပြန်တာကို လျှော့ချပေးတဲ့အပြင် ဆံပင်ဖြူတာကို
လည်း နှေးကွေးစေပါတယ်။

ပြုလုပ်နည်းက အရမ်းလွယ်ပါတယ်.......။
* ရှားစောင်းလက်ပတ် အနှစ် (အစို) ၂-၃ ဇွန်း
* ဆန်ဆေးရည် ခွက်တစ်ဝက်
ဒီနှစ်ခုကို ရောပြီး တစ်သားတည်းဖြစ်အောင် ရောမွှေ ကြိတ်ချေပါ။ ပြီးရင် ဆံပင်ခြောက်နေတုန်း ဦးရေပြားပေါ်တွင် ဖြည်းဖြည်းလေးလိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀-၃၀ ထားပြီး ရေဆေးချ၊ ပုံမှန်အတိုင်း ခေါင်းလျှော်ပေးပါ။

မှတ်သားရန်.......
* တစ်ပတ်ကို ၂-၃ ကြိမ် ပြုလုပ်ပါ။
* ဆံပင်တွေ ပိုသန်မာလာမယ်၊ ပိုတောက်ပြောင်လာမယ်၊ ကျွတ်တာလည်း လျှော့နည်းလာပြီး ပိုပြီး အသက်ဝင်လာတာကို တွေ့ရပါလိမ့်မယ်။

ကိုယ့်နားမှာရှိတဲ့ ကောင်းတဲ့အရာတွေနဲ့ သဘာဝနည်းလမ်းဖြင့် ဆံသားကို ထိန်းသိမ်းပါ။ ဓာတုပစ္စည်းတွေ သုံးစရာ မလိုပါ.!

MON SOUNG

01/07/2025

မင်္ဂလာရှိသောမနက်ခင်းလေးမှာဇူလိုင်(1)ရက်နေ့
ကစလို့ သင့်ထံ ဒီရွှေတွေပေးချင်လို့ လက်ခံပေးနော်

Photos from DIY By Ruby  Myanmar's post 30/06/2025

တော်တော်လေးစုံတယ်
အားလုံး
သိမ်းထားလို့ရ အောင်
ရှယ်ပီး သိမ်းထားနော်

crd:မူရင်းပိုင်ရှင်အား
ှပြန်လည်မျှဝေပါသည်

29/06/2025

ဘုန်းကံမြင့်သော အမျိုးသမီးများ
ခွန်အားဖြစ်စေသော ပိုစ့်လေးတစ်ပုဒ်ပါ

ဘုန်းကံမြင့်သော မိန်းမများ
အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံဆိုတာ ယောက်ျားဖြစ်သူကထားခဲ့လို့ ဖြစ်စေ ချစ်သူကထားခဲ့လို့ဖြစ်စေ.အငယ်အနှောင်းယူသွားလို့ဖြစ်စေ.......

အပြစ်ရှာ ထွက်ခွာလို့ဖြစ်စေ စွန့်ပစ်ခဲ့ရင် မိန်းမတချို့ဘဝပျက်မတတ်ဖြစ်တတ်ကြတယ်.......အမှန်က. ပျော်ရမှာပါလက်ခုပ်တီးပြီးကို ကျေနပ်ဝမ်းမြောက်စွာ ပျော်နေရမှာပါ

ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့အတွက်

ကိုယ့် တန်ဖိုး နားမလည်တဲ့လူရဲ့ ဘေးနားမှာနေပြီး.....

အဓိပ်ပါယျမဲ့ ဖြတ်သန်းရခြင်းထက် နှောင့်ဖွဲခြင်းမဲ့စွာ ဘဝကို လွတ်လပ်စွာ တည်ဆောက်ရခြင်းက

ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်........

တခါက. ဘုရင်ကြီး တစ်ပါးမှာ သမီး (၃)ယောက်ရှိသတဲ့

ဘုရင်ကြီးက. သမီးတော်တို့ ဒီလိုနေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ .......

သမီးအကြီး(၂) ယောက်က. ``ခမည်းတော် ကျေးဇူးကြောင့်...." လို့ အမြဲလျောက်ပြီး အငယ်ဆုံး သမီးတော်ကတော့ ``သမီးတော်ရဲ့ ဘုန်းကံကြောင့် " လို့ လျှောက်သတဲ့ ။

တိုတိုပြောရရင် ဘုရင်ကြီးက စိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့ ပေးစားလွှတ်လိုက်တယ် ။ တောစပ်မှာ ထင်းခုတ်ဖို့ သွားတော့ ချောင်းတစ်ခုအကူးမှာ......

သူဆင်းရဲ ထင်းခုတ်သမားဟာ စိန်တွေတွေ့တော့ သူ့မိန်းမ. အတွက် ဆော့ကစားရအောင်ယူလာရာက. မင်းသမီးက. နေရာလိုက်ပြခိုင်းပြီး.......

ခမည်းတော်ထံအပ်တော့ .....ခမည်းတော်ဘဏ္ဍာဆိုရင် မီးသွေးတုံးပဲ ဖြစ်နေလို့ သမီးတော် ဥစ္စာဆိုမ. စိန်ပြန်ဖြစ်ပါတယ် ။

ကဲ......ဒီတော့ ပြောချင်တာက. မိန်းမတိုင်းမှာ သူ့ဘုန်းသူကံဆိုတာ ရှိတယ်......

ယောက်ျားတစ်ယောက် ဘုန်းကံနိမ့်လာပြီဆိုရင် မိန်းမတစ်ယောက်ရဲ့ ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်....

အကြောင်းအမျိုးမျိုးပေါ်လာပြီး အဲ့ဒီယောက်ျားဟာ ဘုန်းကံရှိတဲ မိန်းမနားမှာ မနေနိုင်ပဲ စွန့်ပြေးချင်စိတ် ပေါက်လာလိမ့်မယ်.....

ဘဝမှာ ဒီမိန်းမကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလို စည်းစိမ်နဲ့ အဆင်တပြေ နေရမယ့်ကံပါလာတယ်ဆိုတာ....

သူတို့မသိကြပဲ ....သူတို့တော်လို့ တတ်လွန်လွန်းလိုချည်း ထင်တတ်ကြတယ်......

အားပေးချင်တာက. သတ္တိရှိကြပါ...

ရဲရဲသာလုပ်ပြပါ

မတွန့်ပါနဲ့....

မကြောက်ပါနဲ့..

ဝမ်းမနည်းပါနဲ့......😔

ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေးအချိန်တခုသာပေး စောင့်ကြည့်နေလိုက်ပါ.... ။

လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်းကျေနပ်ဝမ်းသာရမယ့် အဖြေတစ်ခု ရမှာပါ..။

သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာ နှင့် ပြည့်စုံသော မိန်းမတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ....

ဖခင်ကပေးစားသည့် ယောက်ျားကို ယူ၍ လိုက်ခဲ့စဥ် တောလမ်းတစ်နေရာ၌ ခင်ပွန်း ဖြစ်သူက သဖန်းသီး ခူးစားနေရာ.....

မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင်ကိုယ်တိုင် ခူးစားဟု ဆိုလေသည် ။

သို့နှင် ကိုယ်တိုင်တတ်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက်ခြေတွင် ဆူးများဖြင့် ကာရံ၍ ထွက်ပြေးတော့သည်ဟူ၏ ။

မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထိုမိန်းမပျိုကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့လေသည် ။

ထို့နောက် မင်းကြီးနှင့် မိဖုရာကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာ အရောက်တွင် မိဖုရားကြီးက. ဣန္ဒြေမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီး မေးလျှင် ဤသို့ ဖြေ၏ ။

ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤ.လူညံ့မဆောင်နိုင်ရှာ ဟုတွေးမိ၍ ရယ်မိကြောင်းပါဘုရား

မင်းကြီးက. မယုံကြည်၍ ဘုရားလောင်း မဟောသဓာသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်၏ ။

ဤမိန်းမမြတ်ကို ယောက်ျားက. စွန်ပစ်သွားသည်ဟူသော စကားကို သားတော်ယုံကြည်ပါသည် ။

ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင် အတူဆက်ဆံ၍ မနေနိုင်ကြောင်းပါ ဘုရား တည်းဟူ၏ ။

ထိုနညျးတူစ်စှာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံဖျင်းသိမ်နုပ်သော ယောက်ျားက. တန်ဖိုးကို နားမလည်သောကြောင့်.......

စိတ်၏ဆင်းရဲခြင်း ကျိုယျ၏ဆငျးရဲခွငျးတို့ကို ဖြစ်စေလျက် မိန်းကလေးဘက်က. စွန့်ခွာသွားအောင်လည်းကောင်း.......

မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံ နိမ့်ပါးမှု့အတိုင်း ဘဝကို ရွေးခြယ်ကြရ၏ ။

သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိတို၏ တန်ဖိုးကို ကောင်းစွာ သိရှိနားလည်ပြီး တန်ဖိုးထားတတ်သူနှင့်သာလျှင် ကောင်းစွာထိုက်တန်ပါပေ၏ ..။

တကယ်တော့ မိမိကို စွန့်ပစ်သွားသူသည် မိမိ၏ ဘုန်းကံ အရှိန်ကို မလွမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသား ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ်စိုစဥ်မျှ မရှိသင့် ။

သာလွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား.....

ဒါကြောင့် ကိုယ့်ကိုစွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေလို့ ကျန်ခဲတဲ့ အမျိုးသမီးတွေကို ပြောချင်တာက. သတ္တိရှိပါ....

ဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါ.....! သူများ အားမကိုးပါနဲ့......

တစ်နေ့ ကိုယ့်ဘုန်း ကိုယ်ကံနဲ့ တန်တဲ့လူနဲ့ ကြုံလာခဲ့ရင် ကိုယ်အခြေအနေ တင့်တယ်လှပနေရမယ်လို့ ခံယူထားပါ.....

ပီးတော့ သန့်ရှင်းစွာ နေထိုင်ပါ.....

စိတ်အေးချမ်းပါ.....

ပျော်ရွှင်အောင်နေပါ....🙂

လှပမှုရှိနေပါက မောင်ကြီး မခွာနိုင် ဖြစ်နေမှာ အသေအချာပါ......။

Credit. ........
္တမြားခင်ခင်မှပြန်လည်မျှဝေပါသည်❣️


သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ 🙏🙏🙏

Photos from Princess Ruby -ပတ္တမြားခင်ခင်'s post 21/05/2025

ဘုရားရေစင်ကပ်လှူနည်း အကြောင်း ခဏခဏမေးထားလို့ပါရှင့်🤍🤍

🌹ရေစင်(၁၇)မျိုး ကပ်နည်း🌹

ရှေးယခင်အဘဝိဇ္ဇာကြီးများမှ
ကပ်ဘေးရောဂါ
ကျရောက်သည့်အချိန်တွင်
ပူဇော်သည့်ရေစင်(၁၇)မျိုး
ကပ်လှူပူဇော်နည်း🙏🏻🙏🏻🙏🏻

🌹ပြုလုပ်ရမည့် အချိန်နေရာ ရက်မရွေးပါ
အဆင်ပြေသည့်အချိန်တွင်ကပ်လှူပူဇော်နိုင်ပါသည်❤️

(၁) ဘုရားရေစင်
(၂) သိကြားရေစင်
(၃) နတ်ရေစင်
(၄) ဝိဇ္ဇာရေစင်
(၅) သိုက်ရေစင် (ခေါ်) မာလာရေစင်
(၆) နဂါးရေစင်
(၇) ဇီဝကရေစင်
(၈) အာယုရေစင်
(၉) ဘဝဘောဂရေစင်
(၁၀) စက္ခုရေစင်
(၁၁) သစ္စာရေစင်
(၁၂) အဓိဌာန်ရေစင်
(၁၃) ပုလဲရေစင်
(၁၄) သောတရေစင်
(၁၅) သုခရေစင်
(၁၆) မေတ္တာရေစင်
(၁၇) မင်္ဂလာရေစင်

🌸အမှတ်စဉ်(၂)သိကြားရေစင်က
သကြားနဲ့ရေနဲ့ဖျော်ပြီးကပ်ရပါမည်။

🌸(၃)နတ်ရေစင်က
နံသာတခုခုနဲ့ရေနဲ့ရောပြီးကပ်ရပါမည်။

🌸(၄)ဝိဇ္ဇာရေစင်က
ရေနွေးကြမ်းကပ်ရပါမည်။

🌸(၅)သိုက်ရေစင် (ခေါ်) မာလာရေစင် က
ပန်းနဲ့ ရေနဲ့ကပ်ရပါမည်။(ရေမွှေးထည့်ပေးလည်းရ)

🌸(၆)နဂါးရေစင်က
နွားနို့အပျစ်ကပ်ရပါမည်။(ပေါက်ပေါက် နှင်းဆီနီ ပျားရည် ထည့်ပေးပါ နွားနို့စစ်မရှိ မရရင် ပဲနို့ ကပ်ပေးပါ )
(နွားနို့ကိုသာအဓိကကပ်ပေးပါ နွားနို့အကျက်ပါရှင့်)

🌸(၇)ဇီဝကရေစင်က
မြန်မာတိုင်းရင်းဆေးတခုကို ရေနဲ့ဖျော်ထည့်ပါမည်။

(မြန်မာဆေးမရှိလျှင်လည်း အင်္ဂလိပ်ဆေးရည်(ကလေးချောင်းချိုးပျောက်ဆေးရည် အားဆေးရည်) တို့ကို ရေနဲ့ဖျော်ပီး ကပ်လို့ရပါတယ်။)

🤍ပြောထားတဲ့အမှတ်စဉ်မပါတာတွေက
ရေသန့်ပဲထည့်ပါမည်။

🙏မိမိအိမ်ဘုရားစင်ရှေ့တွင် ၎င်းရေစင်များ
ကပ်လှူတဲ့အခါ သမ္ဗုဒ္ဓေဂါထာ(၉)ခေါက် မေတ္တာသုတ်(၃)ခေါက် ရွတ်ဆိုပေးပါ။🙏
သရဏဂုံ ပုတီး၃ပတ် အနည်းဆုံးစိပ်ပေးပါ🤍

ထို့နောက် ၎င်းရေစင်ကပ်လှူပြီးသည့်

ဤရက် ဤအချိန် ဤစက္ကန့်မိနစ်မှစ၍
🙏🏼ကျွန်ုပ်တို့မိသားစုသည် လှိုင်းကြီးလှေအောက်၊
🙏🏼တောင်ကြီးဖဝါအောက်၊
🙏🏼ကျွန်ုပ်တို့မိသားစုကံကြမ္မအပေါ်ရောက်စေသော်၊
🙏🏼တောင်ထိပ်ကြာပွင့် နောက်နေထွက်
🙏🏼ကပ်ကြီးသုံးပါးမရှိစေသော်၊
🙏🏼နေထွက်ရွှေခွက်
🙏🏼နေဝင်ငွေထမ်းပြန်စေသော်
🙏🏼မင်းခေါင်စကားပြောကြားများ
ပါရမီရှိသူရစေသော်

🌟ယနေ့မှစ၍ ကျွန်ုပ်တို့မိသားစုသည်
ဘယ်ခြေလှမ်းတိုင်အောင်၊
ညာခြေလှမ်းတိုင်အောင်၊
အောင်ဓါတ်တွေပြည့်စေ
မရှိ၊ မသိ၊ မဝ၊ မရ၊ မလှ
“မ” ငါးလုံးဖယ်စေသတည်း။

🌟ဤရေစင်ကိုလှူဒါန်းပြီးအချိန်မှစ၍
ကျွန်ုပ်တို့မိသားစုတို့သည်
🙏🏼အညံ့တွေကျော်ပါစေ
🙏🏼ကပ်ဆိုးတွေကျော်ပါစေ
🙏🏼ဝမ်းနည်းမှုတွေကျော်ပါစေ
🙏🏼ကျပ်တည်းမှုတွေကျော်ပါစေ
🙏🏼ခွဲခွါခြင်းတွေကျော်ပါစေ
🙏🏼ပြိုကွဲခြင်းတွေကျော်ပါစေ
🙏🏼ငတ်မွတ်ဘေးမှကျော်ပါစေသတည်း။

⭐️(ဥုံသိန္ဓိ..သိန္ဓိ..သိန္ဓိ.. မဟာသိန္ဓိအပေါင်း
ထောင်သောင်းမက တည်စေသတည်း)
၃ခေါက် ရွတ်ဆိုရပါမည်။

🌸နေ့တိုင်းကပ်ရင် ကြွေခွက်နဲ့ကပ်ပေးပါ

🌸တခါသုံးခွက်ဆိုရင် တစ်ခါသုံးပီးရင်ပြန်မသုံးပါနဲ့ရှင့်

🌸ကိုယ့်နှစ်သက်ရာကို စိတ်ကြိုက်ကပ်လို့ရပါတယ်

🌸တနေ့ ၃မျိုး ၅မျိုး ၉မျိုး မိမိစိတ်ကြိုက်ကပ်လို့ရသလို နေ့စဉ်၁မျိုးချင်းစီလည်း ကပ်လို့ရပါတယ်

🌸၁၇မျိုးလုံးကိုတနေ့ထဲကပ်လို့ရပါတယ်ရှင့်🤍

🤍မနက်ပိုင်းကပ်လှူတာအကောင်းဆုံးပါ

မနက်ပိုင်းစွန့်လို့ရသလို နေ့လည်စွန့်ပေးလည်းရပါတယ်

ပြန်စွန့်ရင် နွားနို့မပါ တခြားရေစင်အားလုံးကို အရှေ့ဘက် အပင်ကြီး အပင်တွေထဲစွန့်ပီး ပတ်သတ်တဲ့သူအားလုံးကို မေတ္တာသေချာပို့ပီး စွန့်ပါ🤍

🌸နွားနို့ဆို အရှေ့ဘက်အရပ်ကိုစွန့်ပါ
အဖတ်လေးတွေဖယ်ပီး သတ္တဝါတွေကိုပြန်တိုက်လို့ရပါတယ် မတိုက်ချင်ရင်လည်း အိမ်ရှေ့မြောင်းမှာ မေတ္တာပို့ပီး စွန့်ပေးပါရှင့်🌸

❤️အဲလိုနည်းနဲ့ မစွန့်ချင်ဘူးဆို ❤️

⭐️နွားနို့ကလွဲလို့ ကျန်တဲ့ရေစင်အားလုံး ပြန်အသုံးပြုလို့ရပါတယ်

⭐️ဘုရားကနေ စွန့်ပီးတာနဲ့ အန္တရာယ်ကင်းစေရန်ရည်ရွယ်ပီး အိမ်ဘေး ပတ်ဝန်းကျင်ကို သရဏဂုံရွတ်ရင်း ဖြန်းလို့ရပါတယ်

⭐️ဒါမှမဟုတ် ရေတမျိုးဘဲကပ်တဲ့ရေစင်မျိုးဆို
ဘူးအလွတ်မှာစွန့်တိုင်းပြန်ထည့်ပီး သောက်ရေအဖြစ် ပရိတ်ရေအဖြစ် တခြားကိုယ်လိုအပ်သလို (ရေချိုးတာတို့ နေမကောင်းဖြစ်တဲ့သူကိုအမြဲတိုက်ပေးတာတို့ ဆေးအမြဲသောက်ရတဲ့သူဆို ရေစင်နဲ့အမြဲသောက်ပါ ဟင်းချက်ရင်အနည်းငယ်ထည့် စသော…….) ပြန်အသုံးပြုလို့ရပါတယ်

⭐️နောက် တခြားရောထားတဲ့ရေစင်က နွားနို့ကလွဲလို့ (သကြားရေစင် နတ်ရေစင် ဝိဇ္ဇာရေစင် သိုက်ရေစင် ဇီဝကရေစင် တွေက နေမကောင်းတဲ့သူကိုရေချိုးပေးတာဘဲဖြစ်ဖြစ် အိမ်ဘေးတွေဖြန်းပေးတာဘဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်)

💫ရေစင်အကျိုး (၁၇)မျိုး💫
(၁) ဘုရားရေစင် -
မြတ်စွာဘုရား၏အရိပ်အောက်
အေးချမ်းစွာနားခိုနိုင်ခြင်း
(၂) သိကြားရေစင် -
သိကြားများ၏ကူညီမှုရခြင်း
(၃) နတ်ရေစင် -
နတ်များ၏ချစ်ခင်ခြင်း
(၄) ဝိဇ္ဇာရေစင် -
ဝိဇ္ဇာကြီးများ၏မစခြင်း
(၅) သိုက်ရေစင် -
သိုက်များကြည့်ရှုစောင့်ရှောက်
(၆) နဂါးရေစင် -
နဂါးငွေ့များဖြင့်လွမ်းခြုံပေးခြင်း
(၇) ဇီဝကရေစင် -
ကပ်ရောဂါဖယ်ရှားခြင်း၊
(၈) အာယုရေစင် -
အသက်ရှည်ခြင်း
(၉) ဘဝဘောဂရေစင် -
ဝင်ငွေကောင်းခြင်း
(၁၀) စက္ခုရေစင် -
ကောင်းသောအမြင်ရှိခြင်း
(၁၁) သစ္စာရေစင် -
သစ္စာပြည့်ဝခြင်း
(၁၂) အဓိဌာန်ရေစင် -
အဓိဌာန်တိုင်းပြည့်ဝခြင်း
(၁၃) ပုလဲရေစင် -
သန့်ရှင်းကြည်ညိုခြင်း
(၁၄) သောတရေစင် -
သတင်းကောင်းကြားရခြင်း
(၁၅) သုခရေစင် -
စိတ်ချမ်းသာခြင်းအဖြာဖြာရခြင်း
(၁၆) မေတ္တာရေစင် -
ချစ်ခင်လေးစားခြင်း
(၁၇) မင်္ဂလာရေစင် -
ကျက်သရေမင်္ဂလာတိုးခြင်း

ကွယ်လွန်သူများအားလုံးတို့သည်
အေးချမ်းသောဘဝ ကျွတ်လွတ်သောဘဝဆီသို့ အမြန်ဆုံးရောက်ရှိကြပါစေ

🌹ခုနှစ်ရက်၈နံသမီးအပေါင်းတို့နှင့်

ရှိရှိသမျှကုန်သော သတ္တဝါ အားလုံးတို့သည်လည်း
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ချမ်းသာသုခအမြဲရကြပါစေ
လိုအင်ဆန္ဒတလုံး​ပြည့်ဝကြပါစေ
ရေလိုအေး၍ပန်းလေးလိုလှပမွှေးပျံ့ရပါစေ
ကပ်များစွာ၏ ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေ
ရောဂါကပ်ဘေးဒုက္ခလွတ်ကင်းအေးချမ်းကြပါစေ
မြန်မာပြည်သူ/သားများကပ်ကြီး၃ပါး ကျော်လွားနိုင်ကြပါစေ။

ဤသို့ကြောင့် သတ္တဝါအားလုံးတို့၏ စောင့်ရှောက်ခြင်း မေတ္တာဓာတ်များသာ ရရှိပြီး
ကုသိုလ်များအားလုံးထပ်တူ ရရှိ ခံစားကြရပါစေကုန်သတည်း........
္တမြားခင်ခင်မှပြန်လည်မျှဝေပါသည်
nway🙏🙏🙏

Photos from Princess Ruby -ပတ္တမြားခင်ခင်'s post 21/05/2025

# သင့်အိမ်မှာ ရွှေပင်တွေသီး
ငွေပင်တွေ သီးတော့မဲ့နမိတ်ပါ
နှစ်သစ်မှစ သင်လက်ခံရမဲ့အရ
ရှေးပြေးကောင်းသောနမိတ်အဖြစ်
သင်လက်ခံလိုက်ပါ
photo with respect

27/03/2025

Money money come here. I love money.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon