Pink Beauty By JUE Skincare & Cosmetic Shop

Pink Beauty By JUE Skincare & Cosmetic Shop

Share

Korea Skincare လက်လီလက်ကား✅ရန်ကုန်မှာဆိုင်ဖွင့်ထားတာမဟုပ်လို့ အိမ်လာယူမယ့်သူတွေ order ပေးပြီး မင်မင်တို့ ပါဆယ်ထုပ်ပြီးမှ လာယူလို့ ရပါမယ်!

Address -ဓမ္မစိန္တာလမ်းအောက်ဘက် အိမ်နံပါတ် 92 ကျောက်မြောင်းတာမွေ မြေညီထပ်🏠စစ်တွေမြို့ကဆိုင်ယာယီပိတ်ထားပါတယ်🚪

26/05/2026

Cherry ready wax Instock

မိန်းခလေးတွေ ထဘီ၊ ဘောင်းဘီတွေကအနံ့ထွက်တယ် ၊ အောက်စော်နံတယ်ဆိုတာလေ ခုလိုပူတဲ့ရာသီမှာ ပိုဆိုးတတ်တယ်နော် 🫠

ပူရတဲ့အထဲ အတွင်းခံတွေဝတ်ရတော့ ချွေးတွေပိတ်လှောင် ၊ အဲ့ကြားထဲ ဓမ္မတာဆင်းတာ ၊ အဖြူဆင်းတာနဲ့ကြုံရင် အနံ့အသက်ကပိုဆိုးသေး။ နောက်တစ်ခုက အမွှေးအမျှင်များနေရင်လဲ အဲ့လိုအနံ့အသက်တွေ ပိုထွက်တတ်ပါတယ်။

ဆိုတော့ ပုံမှန်လေး အမွှေးအမျှင်တွေမထူအောင် ညှပ်ပေးတာပဲဖြစ်ဖြစ် ၊ wax ပဲဖြစ်ဖြစ် လုပ်ကြပါ။ ဒီလို အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းရေးက မိန်းခလေးတိုင်း လုပ်ကိုလုပ်ရမှာပါ။ အပြင်ပန်းလှနေလဲ ဒီလိုအနံ့ကြီးရတာနဲ့တင် သဲထဲရေသွန်ပဲ ဘာမှလုပ်မရတော့ဘူးနော်။

နိုနိုကတော့ အဲ့ဒီနေရာအတွက် ဒါလေးတွေသုံးဖြစ်ပါတယ်။ ပုံမှန် wax ကတော့ ခနခနမလုပ်
ဖြစ်ဘူး ၊ အနံ့သက်သာအောင် Yoon Care က Inner Cleanser ပဲ သုံးတာ။ ဆိုပေမယ့် ဒီရာသီကတော့ အရမ်းပူလို့ အမွှေးအပြောင်မရှင်းလို့ကိုမရတော့ဘူး။

Wax ကတော့ အမြဲသုံးနေကျ Cherry ပဲ။ နိုတော့ အပူပေးရပျင်းလို့ သူ့ ready wax နဲ့ပဲ ရှင်းတာ။ ပြီးရင် after wax cream လေးကို အပေါ်ပိုင်းလေးပဲလိမ်းပေးတယ်။ ingrown hair ဖြစ်တာ ၊ ယားတာလဲမရှိဘူး အတော်လေးအဆင်ပြေပါတယ်။

တစ်နေ့တစ်ခါ သို့ တစ်ရက်ခြားတစ်ခါ inner cleanser လေးသုံး ၊ အမွှေးအမျှင်တွေအရမ်းရှည်အောင်မထားပဲ ပုံမှန်လေးရှင်းပေး ဒါဆိုရင် အနံ့ဆိုးထွက်တာ သိသိသာသာကို သက်သာပါတယ်နော်။

With loves,
Your Dear Noh 💕

26/05/2026

Instock ရှိပါမယ်နော်

JM cleansing waterသုံးရတာလဲ ရည်းစားထားရသလိုပဲ ဖြတ်ရခက်တယ်🤣

ဒီတစ်ခါကုန်ရင် တစ်ကယ်ပြောင်းသုံးပြီးဆိုပြီး ပြန်တယ်မိတာပဲမရဘူး စျေးကြောင့်လဲပါတယ် အခုလိုအချိန်ကျmlပါတာလဲများပြီး စျေးသင့်ထဲကရွေးဖြစ်တာပဲများတယ်စုကကျ JMကကျစျေးသင့်တယ်ဆိုပေမယ့် cleansing waterကသုံးရတာလဲအဆင်ပြေတယ်(တည့်တဲ့သူရှိပေမယ့် မတည့်တဲ့သူလဲရှိနိုင်ပါတယ် ပေးရတဲ့စျေးနဲ့ဆိုသင့်ပေမယ့်qualityမကောင်းတဲ့ထဲလုံးဝမပါတဲ့brand)

All skin typeသုံးလို့ရပြီး စျေးသက်သက်သာသာနဲ့သုံးချင်တာဆိုရင် ရွေးသင့်အထဲပါတယ်
Double cleansingလုပ်ရမယ်ဆိုတာသိကတည်းက စလုပ်တာနဲ့ဆိုအခုထိဘူးပေါင်းမနည်းဘူး အဲ့ဒါကိုမစွန့်လွှတ်နိုင်သေးဘူးသူ့ကို🥹

Daily makeupကိုပေါ့ပေါ့ပါပါးပဲလိမ်းတယ် sunscreen powderလောက်ပဲသုံးတာကို cleansing waterပဲသုံးလဲရပါတယ် အဓိကကတော့ညတိုင်းကိုယ်အဆင်ပြေတာနဲ့ double cleansingကိုမပျင်းဘဲလုပ်ဖို့ပါဘဲနော် နွေရာသီရောက်ပြီဆိုတော့ပူပြီးဖုန်
ကပ်တာနဲ့တင်မနည်းပြန်careရတယ်🥲

Cleansing waterဝယ်တာကို Mature Kကpowder maskလေးလက်ဆောင်ထည့်ပေးတဲ့အတွက်လဲ Twin Beauty Cosmetics ကညီမလေးကိုလဲကျေးဇူးများကြီးပါနော်🥰🫶

Sharing is caring,
Glow Time With Su

26/05/2026

Instock 🩵
Stock ပြတ်မခံသောလေး ☑️📦

ဝက်ခြံသမားတွေ ဝက်ခြံပေါက်ပြီးနေ့ချင်းညချင်း သက်သာချင်ရင်တော့ ဒီ Pair ance cream လေးကို Sabal ညွှန်းပေးချင်တယ်။

Sabal ဝက်ခြံအလုံးကြီးပေါက်ပြီး မျက်နှာဖုနေ၊နာနေတော့ ညအိပ်ယာဝင်ခါနီးဒီ Pair Cream လေးဖို့ထားပေးဖြစ်တယ်။ မနက်မိုးလင်းလာတော့ အဲ့အဖုကြီးက ချပ်ကျပြီးယောင်နေတာ နီနေတာလဲ သက်သာသွားတယ်။
ဝက်ခြံ အဖုကြီးမှမဟုတ်ဘူး ဝက်ခြံနဲ့ ပတ်သတ်လာရင် ဘာဝက်ခြံအမျိူးစားလာလာ ဒါလေးကတော်တော်အဆင်ပြေတယ်။
ပေါက်ပြီးသားနေရာလဲလပြန်မထွက်တော့ဘူးအမာရွတ်တွေပါမကျန်တော့ဘူး

ဝက်ခြံက လူတိုင်း အချိန်မရွေး ပေါက်တတ်တဲ့ အရာဘဲမလို့ တစ်ဘူးလေးတော့ အိမ်မှာဆောင်ထားသင့်တယ်။
အရေးကြီးသွားစရာ လာစရာ ပေါ်မှ ဝက်ခြံထပေါက်တာမျိူးဆို ဒါလေး ၂/၃ ရက် လောက်လိမ်းပေးရင် ဝက်ခြံကပစ်ကျပြီး မသိမသာလေးဘဲကျန်တော့မှာ။
တစ်ညတည်းနဲ့တောင် ယောင်တာ သက်သာနေပြီး။
အိမ်မှာ သက်ကယ်ဆေးအနေနဲ့တစ်ဘူးလောက်တော့ထားထားသင့်တယ်။

26/05/2026

ဘယ်lotion ဘဲလာလာ ဒီဆရာကြီးကိုလာယှဉ်မရဘူးနော်ခုချိန်ထိဘယ်လောက်ရောင်းရောင်းမလောက်သောပါဘဲရှင့် instock ပါနော်

မွှေးမွှေးအေးအေးလေးနဲ့ အသားရှယ်ကြည်လာစေတဲ့
Mistine Bulgarian Yogurt Whitening Lotion🍒

Moisture ကောင်းကောင်းပေးနိုင်တဲ့ body lotion လေးညွှန်းပါဦးဆိုလို့ review လာပြီနော်။ ဒီ lotion က အရမ်းနာမည်ကြီးတော့ Nyi အထူးတလည် ပြောနေဖို့တောင် မလိုပါဘူး, review တွေလဲ အများကြီးရှိပြီးသားဆိုတော့လေ။ Nyi တင်စရာ post တွေကျပ်နေတဲ့ကြားက ဒီ review ကိုတင်ဖြစ်တာကတော့ ခုမိုးရာသီနဲ့ အရမ်းလိုက်ဖက်လို့🌧️ အချိန်မှီလေး သုံးစေချင်လို့ပါ။ Nyi ဒါကို ဆောင်းရာသီအတွက် မညွှန်းပါဘူး။ Winter အတွက်က body lotion collection သပ်သပ်လာမယ်နော်။

ဆိုတော့ ဒီ mistine lotion မှာ ရေဓာတ်ပေးဖို့💦 glycerin နဲ့ hydation lock လုပ်ဖို့ dimethicone ပါတယ်။ နောက်, သူ့နာမည်အတိုင်း အသားအရေဖြူဝင်းကြည်စိုဖို့ yogurt နဲ့ niacinamide တို့ ထည့်သုံးထားတယ်။ Ingredients list က လိုတိုရှင်း တိုတိုလေးပဲ။ သူ့ရဲ့ texture က gel cream ကျဲကျဲလေး, ကိုယ်ပေါ်တင်လိုက်တာနဲ့ အေးပြီး စိုစိုစွတ်စွတ်လေး ဖြစ်သွားတယ်။ အနံ့က berry သီးနံ့လို ချဥ်ချိုချိုအနံ့လေး, အနံ့လေး တော်တော်သဘောကျမိတယ်။ စိတ်ကိုကြည်လင်လန်းဆန်းသွားစေတဲ့ အနံ့မျိုး။

သူက whitening lotion ဆိုတော့လေ တခြားအစိုဓာတ်သီးသန့်ပေးတဲ့ lotion တွေလောက်တော့ moisture မပေးနိုင်ဘူး, အဲ့ဒါကြောင့်လဲ Nyi သူ့ကို ဆောင်းရာသီအတွက် recommend မပေးတာ။ ဒါပေမဲ့ သူ့ရဲ့ texture နဲ့ယှဥ်ရင် ဒီ lotion က hydration ကောင်းတဲ့ထဲပါတယ်။ မွှေးမွှေးအေးအေးလေးနဲ့ အသားထဲ အလွယ်တကူလေး စိမ့်ဝင်သွားပြီးတော့ skin က ရေဓာတ်ပြည့်ပြီး စိုစိုတင်းတင်းလေး ဖြစ်သွားတယ်😍 တချို့ lotion တွေလို ပူတာ စေးကပ်တာမျိုး မရှိဘူး။ ပူတဲ့ရာသီမျိုးနဲ့ ကွက်တိပဲ။

Whitening လို့ပြောထားတော့ အသားဖြူလာလားလို့ မေးစရာရှိမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ lotion က အသားတော့ ဖြူစေမှာမဟုတ်ဘူး။ အဲ့လိုလုပ်ပေးမဲ့ ingredient မျိုးလဲ မပါဘူး။ ဒါပေမဲ့ သိသိသာသာ အသားစိုကြည်လာတာတော့ Nyi ကိုယ်တွေ့ပဲ။ ဒါတောင် Nyi က lotion မှန်မှန်လိမ်းတဲ့သူ မဟုတ်ဘူးနော်, သတိရမှ ကောက်လိမ်းတဲ့သူမျိုး။ ဆိုရရင် ဒီ lotion က လူကြိုက်များတာလဲ မပြောနဲ့, တကယ်လဲ ကောင်းတာကို, အပြစ်ပြောစရာတောင် မရှိဘူး👍

စျေးလဲ အရမ်းသက်သာတယ်, ဒီ 500ml ဘူးကြီးမှ 6ထောင်ကျော်လားပဲ။ မေးမယ်ဆိုတာသိလို့ ကြိုဖြေထားမယ်နော်, quality စိတ်ချရတဲ့ whitening lotion မလို့ scrub တိုက်ပြီးလဲ လိမ်းလို့ရတယ်။ မိုးအေးအေးလေးနဲ့ အရမ်းလိုက်ဖက်လို့ highly recommend!! နာမည်ကြီးတာရဲ့နောက်ဆက်တွဲ စျေးကွက်ထဲ အတုဝင်တာမျိုးတွေ ရှိတတ်လို့ စျေးအနည်းအများ အရမ်းမကြည့်ဘဲ စိတ်ချရတဲ့ဆီက ဝယ်နော်။ Nyi ကတော့ 🛒 Mon Mon Cosmetic Retail & Whole Sale က ဝယ်ပါတယ်။ Mistine Myanmar မှာလဲ ဝယ်လို့ရမယ်ထင်ပါတယ်။

That's all for today, Bye👋

Disclaimer : Not sponsored or gifted.

Photos from Grace's Glow up Guide's post 26/05/2026

Instock ရပါအုန်းမယ်နော်
Price-9600

Photos from Glory by Ae's post 26/05/2026

Instock ရပါမယ်နော်
Kalaris bbcream ဗူးကြီးရပါမယ်☑️📦

26/05/2026

L’Oréal shampoo ပန်းရောင်လေး instock ပါနော်💗

L’Oréal Shampoo တွေထဲမှာ ထင်းထွက်နေတဲ့ နှစ်ကောင်ဆိုရင် ဒီ 2 ခုကိုပြောရမှာပဲဗျ ✨

အထူးသဖြင့် မြန်မာနိုင်ငံလို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ လူအများဖြစ်လေ့ဖြစ်ထရှိတဲ့ ဦးရေပြားအဆီပြန်တာ ၊ ယားယံတာ ၊ စေးထန်းတာ ၊ ဒီနေ့ခေါင်းလျှော် နောက်နေ့ ကပ်တာ စတဲ့ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်သလို လျှော်ပြီးသွားရင်လည်း တစ်မျိုးစီ ပုံကျပြီး လှသွားလို့ သုံးရတာလည်း တအားတန်တယ်

🩷 Glycolic Gloss ပန်းရောင်ကို ငုံးစမ်းထားတာ မကြာသေးတော့ review တော့မဟုတ်ဘဲ သူ့ အလုပ်လုပ်ပုံက စိတ်ဝင်စားဖို့ကောင်းလို့ ပြောလိုက်ဦးမယ် လျှော်ပြီးရင် ဆံသားက ပြောင်လက်သွားတာပဲလို့ နာမည်ကြီးတာကတော့
Cosmetic Chemistry အရ ဒီ shampoo ကို acidic PH ဘက် အနည်းငယ်သွားအောင် formulate လုပ်ထားတာဖြစ်ပြီး Glycolic Acid 3% နဲ့ Salicylic Acid တွေက dull flim တွေဖြစ်တဲ့ ရေထဲမှာပါတဲ့ minerals တွေ ၊ calcium တွေကို လုံးဝ ရှင်းထုတ်သန့်စင်လိုက်ပြီး ပွင့်နေတဲ့ cuticle လေးတွေကို silicone 2 မျိုးနဲ့ clear coat လုပ်လိုက်သလို ဖန်တီးပေးတာမို့ လျှော်လိုက်ရင် ပြောင်ပြောင်လက်လက်နဲ့ Extra Gloss Shampoo ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်နေရောပဲဗျ

🩷 L’Oréal တို့ ထုံးစံအတိုင်း ရနံ့ပိုင်းမှာလည်း ကောင်းမွန်တယ် မွှေးတယ် ဆိုပေမယ့် personally ငုံး ဒီအနံ့ကို သိပ်တော့သဘောမကျဘူး

💜 သုံးတာကြာပြီဖြစ်သလို ကုန်ခါနီးပြီဖြစ်တဲ့ ခရမ်းလေးကတော့ အဆီတအားပြန်တဲ့သူတွေ ၊ ကပ်တဲ့သူတွေအတွက် အတော်လေးကိုကောင်းတယ် လျှော်ပြီးရင် Volume ရတယ် deep cleansing ပိုဖြစ်တယ်ဗျ ရနံ့ပိုင်းကိုလည်း ငုံး ဒီကောင်လေးကို ပိုကြိုက်တယ်

💜 သူကတော့ ငုံး details review တင်ပြီးသားမို့ အများကြီးမပြောတော့ဘူး Salicylic Acid နဲ့ အဆီတွေ ၊ ဂျေးတွေကို အကုန်ရှင်းထုတ်ပြီး ဆံသားသိပ်မခြောက်သွားအောင် HA နဲ့ပြန်ထိန်းထားတာ
Silicone တစ်ခုမှတော့ မပါလို့ လျှော်ပြီး ပြောင်ပြောင်လေးဖြစ်တာမျိုးတော့ ရှိမှာမဟုတ်ဘူး

2 မျိုးလုံးက လျှော်ပြီးရင် ဆံသားခြောက်သွားနိုင်လ်ု့ treatment step တစ်ခုခု နောက်ကနေ သေချာပေါက် လိုက်မှရမယ်ဗျ Hair Mask ပြန်သုံးပေးရင်တော့ အကောင်းဆုံးပဲ ပြီးရင်တော့ Hair Serum လေးတစ်ခုခု သေချာလေးလိမ်းပေးရင် Good Hair Day ပါပဲဗျာ 😻

26/05/2026

နှစ်မျိုးလုံး instock ပါရှင့်
Price-29000

Nivea ရဲ့ ဒီ Extra Bright Lotion 2 မျိုးလုံးကလေ
အသားအရမ်းခြောက်တယ်ဆိုတဲ့ သူတွေ လုံးဝသုံးသင့်တယ်
လိမ်းပြီးတာနဲ့ အိစက်နူးညံ့ပြီး ကြာလာလေ
ပိုပိုပြီး နူးညံ့တဲ့ အသားအရေကို ရလာလေပဲ
ငုံး တအားတအားကို ကြိုက်ပါတယ် 🩷

🩷 Radiant & Smooth ကိုတော့ ငုံး details review ရေးပြီးပြီမို့
ဘာမှမပြောတော့ဘူး ကောင်းတယ် သုံးကြည့်

🩵 Double Moisture အပြာလေးကလည်း
ပန်းရောင်နီးတူပဲ အရမ်းကြီးကွာခြားတာမျိုးမရှိဘူး
အစိုဓာတ် အများကြီးပေးတယ် ၊ အသားကြမ်းတာ ၊ ခြောက်တာ
စသဖြင့် Dull & Dry Skin တွေ သုံးလို့ကောင်းတယ်

🩵 လိမ်းလိုက်ရင် စေးကပ်မှုမရှိဘဲ နူးညံ့တယ်
Double Moisture လို့ ပြောပေမယ့် ယှဉ်ကြည့်ရင်
Texture က ပန်းရောင်ထက် မသိမသာ ပိုကျဲပါတယ်
ဒါပေမယ့် မသိမသာလည်း အစိုဓာတ်ပိုရတယ် လို့ခံစားရတယ်
အနံ့ကလည်း signature ဩဇာသီးနံ့လို ပါပဲ
ပန်းရောင်လောက်တော့ fruity ဖြစ်တဲ့ ရနံ့မျိုးမရဘူး
အပြာလေးက ပိုပြီး နို့နံ့ပိုရသလို ခပ်အီအီနွေးနွေးလေးသွားတယ်

🩵 တစ်ခုသတိထားရမှာက အပြာရောင်က
လိမ်းလိုက်ရင် skin tone နည်းနည်းဝင်းသလို ဖြစ်သွားပါတယ်
tone up effect ပါတာမဟုတ်ပေမယ့် ငုံးတို့လို
Lotion သရဲတွေ နှစ်‌ထပ်လောက် လိမ်းလိုက်ရင် ပိုသိသာတယ်
Chemical Filters 2 ခုပါပေမယ့် ထင်သလို အလုပ်လုပ်မှာမဟုတ် ၊
နေပူလည်း သေချာကာပေးမှာ မဟုတ်လို့
နေ့နေ့ ညည ကြိုက်တဲ့အချိန်သုံးလို့ရတယ်

🩵 မနက်ဆို အပေါ်ကနေ SPF ထပ်လိမ်းဖို့ လိုပါတယ်
ညဘက်သုံးလည်း ဘာမှမဖြစ်ဘူး ပိုလည်းမမဲဘူး
ဒါပေမယ့် တစ်ချို့ body acne သမားတွေ ၊
အသားခြောက်တတ်တာမျိုးမရှိတဲ့သူတွေကတော့
ဒီ Lotion မှမဟုတ်ဘူး ဘယ် UV Filters ပါတဲ့ Lotion မဆို
ညဘက် လိမ်းမအိပ်တာပိုကောင်းပါတယ်
ချွေးပေါက်ပိတ်ပြီး body acne ဖြစ်မှာစိုးလို့ပါဗျ

အကျဉ်းချုပ်ရရင် လိမ်းရတာ တအားတန်တယ် ၊
အစိုဓာတ် အများကြီးရတယ် ၊ အသားအိတယ် ၊
စွဲလိမ်းရင် skin က ကြည်ကြည်နုနုလေးဖြစ်တယ် ၊
ဘူးကြီးတယ် ၊ အားရပါးရလိမ်းလို့ရတဲ့ အတွက်
ဒီ Extra Bright Lotion 2 မျိုးလုံးကို ငုံးတအားကြိုက်ပါတယ်
မကြာခင် ဒီကြားထဲစမ်းထားတဲ့
Nivea Body Serum တွေ လာပါမယ်ဗျ 🫶🏻

Photos from Mommy Lifestyle's post 26/05/2026

Anessa Suncream Instock ✅

26/05/2026

IN2IT primer ရမယ်နော်
Price-25000

နေ့တိုင်း full makeup ကြီး မိတ်ကပ်လိမ်းဖို့ကျလည်း အဆင်မပြေတော့ လိမ်းထားသလိုလို၊ မလိမ်းထားသလိုလိုနဲ့ မျက်နှာလေး ဝင်းကြည်နေဖို့ ဒီ duo လေးကိုပဲ သုံးဖြစ်နေတယ်။

Primer လေးကတော့ သုံးဖြစ်တာ မကြာသေးပေမယ့် မဆိုးဘူး၊ သုံးပျော်တယ်။ လုံးဝမပါတာထက်စာရင် မိတ်ကပ်သား အတော်လေး ညီစေတယ်။ ချွေးပေါက်လေးတွေကိုလည်း အသင့်အတင့် blurring လုပ်ပေးတယ်။ Matt primer ဆိုပေမယ့် တအားခြောက်သွားတာမျိုး မဟုတ်ဘဲ normal to oily သမားဆို အဆင်ပြေနိုင်ပါတယ်။

BB cream ကတော့ သုံးဖြစ်တာ နှစ်ဘူးမြောက်ကို ကုန်ခါနီးပြီ။ တစ်ရောင်ထဲထွက်ပြီး အရောင်က အနည်းငယ် လင်းလွန်းတော့ အသားအရောင်နဲ့မကိုက်မှာ စိတ်ပူခဲ့ပေမယ့် brush ထိပ်ပြားလေးနဲ့ ဖြန့်ပြီး puff နဲ့ ဖိပုတ်လိုက်ရင် အသားထဲ စိမ့်ပြီး တစ်ညီတည်း ဖြစ်သွားတာလေး ကြိုက်မိတယ်။ ကြာလေ မိတ်ကပ်သားတက်လေမို့ နဂို skin ကောင်းနေသလို finish look မျိုးရတယ်။ Coverage ပိုရချင်ရင် သူ့အပေါ်က concealer or cushion ထပ်လိုက်လိုက်တယ်။

လတ်တလော daily makeup pouch ထဲမှာတော့ ဒီ၂ဘူးကတော့ မရှိမဖြစ်ဘဲ၊ ကုန်ရင်လည်း ထပ်ဝယ်ဖြစ်ဦးမယ်။ 🤭❤️

Your Skin Sis,
Air~

26/05/2026

L’Oréal anti hair fall conditioner instock ✅💞
📌 Instock ရှိတဲ့ skincare & cosmetics လေးတွေ အမြဲ update ကြည့်ချင်တဲ့သဲလေးတို့အတွက် Tele Channel လေး join ထားပေးနော် 💕

🔗 https://t.me/pinkbeautybyjue107

🏡 Shop လာဝယ်ချင်တဲ့ customer များအတွက်
�📍 လိပ်စာ - ဓမ္မစိန္တာလမ်း အောက်ဘလောက်, အိမ်နံပါတ် ၉၂�မြေညီထပ်, ကျောက်မြောင်း, တာမွေ 💖

🚚 Delivery Info�✔ Safe နဲ့ပို့တဲ့နေရာတွေ COD (အိမ်ရောက်ငွေချေ) ရပါတယ်ရှင်�✔ COD order များအတွက် deli fee +300 Ks ပါပါတယ်�✔ +300 မပေးချင်ရင် Kpay / Wave Pay နဲ့ ကြိုရှင်းလို့ရပါတယ် 💸�✔ ကျန်မြို့များ Full Prepaid ✅ (We Pozt နဲ့အပ်ပေးပါတယ်)
💳 Kpay / Wave Pay ကနေလည်း % ပေးစရာမလိုဘဲ အဆင်ပြေစွာရှင်းလို့ရပါတယ်ရှင် 💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

ဓမ္မစိန္တာလမ်း၊အိမ်နံပါတ်၉၂၊ကျောက်မြောင်း တာမွေ
Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00