Myint Myat Thu Local Business

Myint Myat Thu Local Business

Share

သင်ပေးတဲ့ငွေထက် အကျိုး ပိုရစေရမယ်

20/02/2023

အားလုံးမျှော်လင့်နေတဲ့

Fairy ရေမွေးလေးရောက်ပါပြီနော်

ကို့ကတော့ စသုံးနေပြီ အနံ့ကသင်းသင်းလေး မရိုင်းဘူးနော်

တစ်ဗူးမှ ၁၈၀၀၀ တည်းပါနော်

ရွှေကူမြို့တွင်း အိမ်အရောက် ပို့ခ free ပါ ခဗျ

တစ်ခြားမြို့တွေလဲ ပို့ပေးပါတယ် ကားခ free ပါနော်

phone no 09267884632

cb ကနေလဲ ဆက်သွယ်နိုင်ပါတယ်

20/01/2023

အားပေးသွားတဲ့ သူများ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ဒီထက်မက လှပ ကြပါစေ နော်☺☺

Photos from Myint Myat Thu Local Business's post 14/01/2023

ချစ်ကလေးက ကိုယ်စလှယ်ဖြစ်နေပီ

Fairy Products တွေကို ကုမ္ပဏီစျေး အတိုင်း ရောင်းချပေးနေပါပြီနော်

12/01/2023

''အားလူးအစွမ်း အံ့မခမ်း''

အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။

👉🏻 အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။
👉🏻 အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။
👉🏻 ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။
👉🏻 ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် အပေါ်ယံ အရေပြား ထိခိုက်မှုလည်း လျှော့နည်းစေပါတယ်။
👉🏻 မဂ္ဂနီဆီယမ်ကတော့ မျက်ကွင်းညိုတာတွေကို လျှော့နည်းအောင် စွမ်းဆောင်နိုင်ပါတယ်။
👉🏻 အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ များစွာ အထောက်အကူပြုပါတယ်။

❗❗ နည်းလမ်းများ❗❗

✅ အမည်းစက်များကို ဖယ်ရှားခြင်း

ပထမဦးဆုံး အာလူးကို အခွံနွှာပြီး ကျေညက်သွားအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေပေါ်မှာ လိမ်းထားလိုက်ပါ။ ငါးမိနစ်လောက်တော့ကြာအောင် ထားပေးပါ။ ပြီးမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ခဏခဏ လုပ်ပေးမယ်ဆိုရင် အမည်းစက်လေးတွေ ကင်းစင်သွားမှာပါ။

✅ အသားအရေ ကြည်လင်ခြင်း

အသားအရေလေးတွေ ကြည်ကြည်လင်လင်လေးနဲ့ ကြည့်ကောင်းဖို့ အာလူးတစ်လုံးပဲ လိုတာပါနော်။ အာလူးအစိမ်းကို ပါးပါးလေး လှီးပြီး မျက်နှာမှာ နာရီဝက်လောက် ကပ်ထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း မျက်နှာသစ်လိုက်ပါ။ ညတိုင်း ပြုလုပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်လာမှာ အသေအချာပါပဲ။

✅ အသားအရေ ခြောက်သွေ့မှု ကိုကုသခြင်း

အသားအရေ ခြောက်သွေ့တာကတော့ မိန်းကလေး တော်တော်များများ ဖြစ်တတ်ပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးဖို့အတွက် အာလူးကို ပါးပါးလေးတွေ လှီးကာ ဒိန်ခဲ ဒါမှမဟုတ် ဒိန်ချဉ်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ မိနစ် (၂၀) လောက် ကြာအောင် လိမ်းထားလိုက်ပါ။ တပတ်ကို (၂) ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ရမှာ သေချာပါတယ်။

✅ အရေးအကြောင်းဖြစ်ခြင်းကို ကုသပေးခြင်း

အသက်အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်စေတာက စိတ်ပျက်စရာ တစ်ခုပါပဲ။ ဒီလိုအရေးအကြောင်းတွေကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ အာလူးနဲ့ ကြက်ဥကို အသုံးပြုလို့ ရတယ်နော်။ အာလူးကို ကျေအောင် ချေလိုက်ပြီးနောက် ကြက်ဥအကာလေးနဲ့ ရောပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပေးထားလိုက်ပါ။ မျက်နှာ ခပ်တင်းတင်းလေး ခံစားလာရပြီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်မယ်ဆိုရင် အရေးအကြောင်းတွေ သက်သာလာမှာ ဖြစ်သလို ထပ်လည်း မဖြစ်ပါဘူး။

✅ ဝက်ခြံ ကုသခြင်း

ဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေ အများကြီးပါပဲ။ ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့အထဲမှာ အာလူး ပါဝင်ပါတယ်။ အာလူးကို အပြားအချပ်လေးတွေ လှီးပြီး ဝက်ခြံတွေပေါ်မှာ ကပ်ထားပေးပါ။ ပြီးမှ မျက်နှာသစ်ပါ။ မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံလေးတွေ သက်သာသွားပါလိမ့်မယ်။

ကဲ့ ဒီလိုလိုက်လုပ်ပြီး
သင်မျက်နှာလှပသွားပြီးဆိုရင် ကျနော် ဝမ်းသာပါတယ်။

အဆုံးထိစိတ်ဝင်းစားစွာ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပယတယ်နော်။

သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်သူငယ်ချင်း
တွေပါသိစေဖို့ Like and Share လေး လုပ်ပေးခဲ့ပါနော်။

-Hello.Dr

Photos from Myint Myat Thu Local Business's post 11/01/2023

''ငွေမကုန်ပဲ မျက်နှာပေါင်းတင်ဖို့''

ကို့မျက်နှာကို ငွေမကုန်ပဲ အလွယ်တကူ ပေါင်းတင်ဖို့ဆိုရင် အိမ်က ဟင်းသီးဟင်းရွက်နဲ့လဲ ပေါင်းတင်နိုင်ပါတယ်နော်။ သခွားသီးကတော့ ရာသီတိုင်းတွေရတဲ့ အသီးဖြစ်လို့ ဦးစားပေး ပြောပြပါမယ်နော်။

ပေါင်းတင်တော့မယ်ဆိုရင် သင်မျက်နှာကို အရင် သန့်စင်ပေးပါ။
ပြီးရင် သခွားသီးကို အကွင်းလိုက် ပါးပါးလွာပြီး သင့်မျက်နှာတွင်အပြည့်ကပ်ပေးပါ။
ကပ်ပြီးလျှင် အနည်းဆုံး ၁၅ မိနစ်လောက် ထားပြီးမှ ပြန်ခွာပါနော်။

ဒီအတိုင်း တစ်ပတ်ကို ၂ ကြမ်လောက် လုပ်ပေးခြင်းအားဖြစ် သင်မျက်နှာ ရေဓာတ် ကုန်ခမ်းခြင်းကို အတန်အသင့် ကာကွယ်နိုင်ပါတယ်။

✅ သခွားသီးကပ်ခြင်း၏ အကျိုးများ✅

၁။ သခွားသီးမှာ ရေဓါတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ကိုယ်ခန္ဓါတွင်းကိုရော အပြင်ဘက် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တယ်။

၂။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်နဲ့ အာဟာရဓါတ် များစွာ ပါဝင်လို့ သင့်မျက်နှာကို အတော်ပင် ချောမွေ့စေနိုင်ပါတယ်။

၃။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။

၄။ သင့်မျက်နှာပေါ်က အညစ်ကြေး တွေကို သန့်စင်ပေးပါတယ်နော။

၅။ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ နဂိုအသားအရောင်အတိုင်း ပြန်လည်ဖြူစင်ဝင်းပလာစေတယ်။

၆။ ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

ဒါတွေကတော့ ငွေကြေးမကုန်ပဲ အတတ်နိုင်ဆုံးအသားရည်ထိန်းသိမ်းခြင်းပဲဖစ်ပါတယ်နော်။

သခွားသီးလေးတောင် တော်တော် အကျိုးရှိတယ်နော်။
မျက်နှာကို အကျိုးပြုစေမဲ့ သဘာဝဓာတ် ပေါင်းများစွာကို ထည့်ထားတဲ့
''Fairy'' ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတာ
တွေးတောင်မတွေး ဝံ့ဘူး။ 😇😇😁😁

ကဲ ....... ကိုယ်မျက်နှာ အလှတိုးဖို့ ရွေးချယ်မှုမှန်ဖို့ လိုတယ်နော်။

သင့်ဆန္ဒနဲ့.............. အလှ တစ်ထပ်တည်း ကျပါစေ။
☺☺
အဆုံးထိဖတ်ပေးခဲ့လို့ကျေးဇူးအထူးတင်ပါတယ်နော်။

- photo

10/01/2023

ကိုယ့်မျက်နှာ လှဖို့ ဘယ်သူ့မှတာဝန်ရှိသလဲ❓❓

ကိုယ်မှာပဲ တဝန်ရှိတာပေါ့❗
ဒါကြောင့်ဒီနေ့တော့ ကိုယ့်မျက်နှာကို ထိန်းသိန်းဖို့ နည်းလမ်း တွေကို ပြောပြပေးပါမယ်နော်။

၁။ ကိုယ့်အသားအရေနဲ့ လိုက်တဲ့ မျက်နှာသန့်စင်ဆေးရည်ကို အသုံးပြုပါ။
သူများက ကောင်းတယ်ဆိုတိုင်းနဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ကိုယ်မျက်နှာက အဆီပြန်တာလား၊ အသားအရေခြောက်တာလား၊ ထိခိုက်လွယ်တဲ့ အသားအရေလား ဆိုတာ သိမှ ဝယ်ရတာ ပိုပြီး လွယ်ကူမယ်။ ဒါအပြင် ထိရောက်မှုလည်း ပိုရှိမှာဖြစ်ပါတယ်။

၂။ မျက်နှာကို တစ်နေ့ တစ်ကြိမ် အနည်းဆုံးသစ်ပါ။
မကြာခဏ မျက်နှာသစ်ခြင်းဟာ အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားတဲ့အပြင် အသားအရေကို ခြောက်သွေ့သွားစေနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ မနက်အိပ်ရာထတဲ့အချိန် တစ်ခါ၊ ညအိပ်ခါနီး တစ်ခါ မျက်နှာသန့်စင်ဆေးရည်ကို အသုံးပြုပြီး မျက်နှာကို သေချာဆေးကြောသန့်စင်ပါ။

၃။ အိပ်ခါနီး မျက်နှာကို တစ်ခုခုလိမ်းတာမျိုး မလုပ်သင့်ပါဘူး။
အပြင်ထွက်ခါနီးမှာ နေလောင်ကာခရင်မ်လိမ်းရတာတော့ အဆင်ပြေစေမယ့် ညအိပ်ခါနီး မျက်နှာသစ်ပြီး လိမ်းတာကတော့ အသားအရေကို ပျက်စီးစေတဲ့အပြင် အရောင်မှိန်သွားစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးရင် သေချာခြောက်အောင် သုတ်ပြီး ဒီအတိုင်း အိပ်ပါ။

၄။ အသားအရေကို ပုံမှန် ချေးချွတ်သန့်စင်ပေးပါ။
တစ်ရက်ခြား တစ်ကြိမ်ဖြစ်စေ၊ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ဖြစ်စေ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ချေးချွတ်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ချေးချွတ်တဲ့ Scrub(ချေးချွတ်ခရင်) တွေကို မျက်နှာပေါ် ဖြည်းညှင်းစွာ ပွတ်ပေးပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးချလိုက်ပါ။

၅။ အစိုဓါတ်ထိန်းဖို့ သတိရပါ။
ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ဆိုင်ရဖို့ ရေဓါတ်ခမ်းခြောက်မနေစေဖို့၊ အစိုဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေကို အနည်းဆုံး ဖန်ခွက် ၈ခွက် သောက်ပေးသင့်တဲ့အပြင် အစိုဓါတ်ထိန်းခရင်မ်၊ အဆီကို လိမ်းပေးခြင်းဖြင့် အသားအရေကို နုပျိုသန့်စင်အောင် ထိန်းပေးနိုင်ပါတယ်။

၆။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် လိမ်းပါ။
နေရောင်ခြည်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ SPF 30 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာ လိမ်းဆေး၊ ခရင်မ်တွေကို မျက်နှာအနှံ့ လိမ်းပေးပါ။ အောက်ကနေ အစိုဓါတ်ထိန်းခရင်မ် တစ်ထပ် ခံပြီးမှ လိမ်းရင်လည်း အဆင်ပြေပါတယ်။

၇။ ဆောင်းရာသီမှာ ရေနွေးနဲ့ မျက်နှာသစ်ပါ။
ရာသီဥတုအေးလို့ မျက်နှာမသစ်ပဲ နေမယ့်အစား ရေနွေးနွေးလေးနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ ရာသီဥတုသိပ်မအေးတဲ့အချိန်မှာ ရေအေး သို့မဟုတ် ရေကျက်နွေးနဲ့ မျက်နှာသန့်စင်ပေးပါ။

ဒါတွေကတော့ မိမိမျက်နှာကို ပြုပြင်ထိန်းသိမ်းနည်း ပဲဖြစ်ပါတယ်။
ခုလို စိတ်ဝင်တစားနဲ့ အဆုံးထိဖတ်ရှုပေးတဲ့အတွက် အထူးကျေးတင်ပါတယ်။

ဆန္ဒနဲ့ ............အလှ........တစ်ထပ်ထဲကျပါစေ😊😊😊
YMM

09/01/2023

အလှ အလှ အလှ ( Beauty)

လူတွေက ''အလှ'' လို့ပြောရင် မျက်နှာကိုပဲ ပြေးမြင်ကြတယ်။
အေးလေ မျက်နှာက လူကြည့်အများဆုံးပဲလေ၊
ပြီးတော့ လှတယ်၊ မလှဘူးဆိုတာလဲ မျက်နှာကြည့်ပြီး အကဲခက်တတ်ကြတာပဲလေ။
ဒီတော့ စိတ်ထားတွေ ဘာတွေ နောက်ထား လူအများက မျက်နှာကိုပဲ အစွမ်းကုန် အလှပြင်ကြတယ်ဗျ။

ဒါကြောင့် သင်အပါအဝင် လူအများစုဟာ ကို့မျက်နှာ
လှဖို့ဆိုရင် .......
''ရေခဲတောင်ထိပ်က ရေခဲနဲ့ မီးတောင်အလယ်က မီးစာကို စပ်ပီးလိမ်းရင် လှမှာသေချာတယ်ဆို ''
မရမက ရအောင်လုပ် ကြလိမ့်မယ်။😁😁😁😁

ဥပမာအနေနဲ့ ပြောပြတာပါ။😆😆
လူတိုင်းကြီး လှချင်ကြတာ မဟုတ်ပေမဲ့ လူအတော်များများကတော့ လှချင်သူတွေကြီးပါပဲ။

ဒီနေ့တော့ သင့်ကို အမြဲလှနေဖို့ ဆေးနည်းပေးပါရစေ။
လိုက်လုပ်လျှင်အကျိုးထူးမှာသေချာပါတယ်။

(၁) သက်ရှိသတ္တဝါ အားလုံးအပေါ် မေတ္တာထားပါ။
(၂) သင့်ဒေါသကို အတတ်နိုင်ဆုံးလျော့ပါ။
(၃) စကားပြောတဲ့အခါမှာ ပြုံး၍ပြောပါ။
(၄) သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။
(၅) သင့်မျက်နှာကို ဂရုစိုက်၍ ထိန်းသိမ်းပေးပါ။

ဒါတွေဟာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လိုက်မလုပ်ဘူးမလား။

တကယ်လိုက်လုပ်ကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။
သင့်ကိုယ်သင် သတိမထားမိပေမဲ့ သင့်ဘေးပတ်ဝန်းကျင်ကတော့ သတိထားမိပါလိမ့်မယ်။
သင်ကို
''အရင်ကထက် ပိုလှလာတယ်''
''အရင်ထက် ပိုချစ်ဖို့ကောင်းလာတယ်''
လို့ ပြောလာပါလိမ့်မယ်။

ကျနော့စာကိုဖတ်ပြီး အကျိုးတစ်ခုခု ရလိုက်မယ်လို့ မျှော်လင့်ပါတယ် ။
တစ်ခုခု ရလိုက်တယ်ဆိုရင် Comments မှာ
''Yes'' လို့ရေးသွားပေးပါဦး။

အဆုံးထိလိုက်ပါဖတ်ရှုပေးတဲ့သင်ကို အထူးကျေးဇူးတင်ပါတယ်နော်။

Photos from Myint Myat Thu Local Business's post 06/01/2023

🆓 ၁၈၀၀၀ တန်ပစ္စည်းကို အခမဲ့ရယူလိုက်ပါ 🆓

Buy 1 Get 1
ဇန်နဝါရီလ တစ်လပဲ promotion ပေးတာနော်
လက်မလွတ်စေနဲ့ဗျား။

Fairy Sheet Mask တစ်ဗူး ဝယ်ယုံနဲ့
🎁 ၁၈၀၀၀ ကျပ် တန် Fairy Queen ရေမွေး ဗူး တစ်ဗူး လက်ဆောင်ရမှာနော်

ဒီလို promotion ပေးတာကို ပစ္စည်းမကောင်းလို့
ပေးတယ်လို့ ထင်ကောင်းထင်လိမ့်မယ်
ဒါပေမဲ့❌❌ ဒီလိုတော့မဟုတ်ပါဘူး❌❌

✅ အရမ်းကောင်းတဲ့ ပစ္စည်းမှန်း လူတိုင်းသိနိုင်အောင်
Company ကနေ အရှုံးခံပီး Promotion လုပ်ပေးတာပါနော်။

‼ဝက်ခြံထွက်သူ
‼အဆီဖုများသူ
‼အဆီပြန်တတ်သူ
‼အသားခြောက်သူများအတွက်

💯Collagen ဓာတ် (အသားရည်လှစေသောဓာတ်တစ်မျိုး)
💯 ရေဓာတ်💯%ဖြည့်ပေးမယ့်
👉🏻👉🏻 Fairy Sheet Mask 👈🏻👈🏻 နော်
(Fairy Sheet Mask ကို
Japan ပိုးချည်မျှင်နဲ့ပြုလုပ်ထားနော်
နုအိစိမ့်နေတာ ဗျ)

-------*-------- *-------
‼ချွေးပေါက်အတွင်းကအညစ်အကြေးတွေ နဲ့
‼မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ
‼ဆားဝက်ခြံတွေကိုဖယ်ရှားပေးမယ့်👇👇 Fairy Clay Mask ပါ

Fairy Clay Mask (မျက်နှာသန့်ခရင်)
-------*-----------*--------
Mask တခါကပ်ခြင်းက 7ရက်တာ Skincare ခြင်းနဲ့ညီမျှတာဖြစ်လို့ အသားရေ ထိန်းသိမ်းချင်ပေမယ့် မအားလပ်သူ အချိန်မပေးနိုင်သူများ အသုံးပြုရလွယ်ကူပြီး အရွေးချယ်သင့်ဆုံး Mask Set ပါ😘

'' Sale Info''
💛Fairy Sheet Mask 6ချပ် နဲ့
💛Fairy Clay Mask (မျက်နှာသန့် Cream) တစ်ထုပ်
✌🏼မျက်နာဖုံး နဲ့ မျက်နှာသန့်ခရင် ပါတဲ့ Mask 1ဘူးကို ~ 28000 Ks

💢2023 , January လအတွင်း Mask 1ဘူးဝယ်ယူသူတိုင်း
💢 Fairy Queen ရေမွှေး (18000 တန်) ၁ ဘူးလက်ဆောင်
🚛 ရွှေကူမြို့ တစ်မြို့လုံး ဘယ်နေရာမဆို
🆓 အခမဲ့ ပို့ပေးပါတယ်နော်။

မြန်မာတစ်နိုင်ငံလုံး ပို့ပေးပါတယ်နော်။ 🚛🚛🚛

# Fairy Cosmetics Company ရွှေကူမြို့ ကိုယ်စားလှယ်
Myat Thu Locan Shop

ဆက်သွယ်ရန်
Chat Box, Comments Box
☎️ 09267884632 (or) Viber

အမြဲလှပနိုင်ပါစေ 🙏🙏🙏ခဗျ

06/01/2023

ဝက်ခြံ ဆိုတာဘာကြောင့်ဖြစ်ရတာလဲ။

ဝက်ခြံ ဘာလို့ဖြစ်ရတာလဲ……..
အခုစာဖတ်နေတဲ့သူလဲ ကိုယ်ဘာကြောင့် ဝက်ခြံဖြစ်နေရတာလဲဆိုတာ တိုက်ဆိုင်စစ်ဆေးပြီးမှာ ကာကွယ် ကုသဖို့နည်းလမ်း ရမာဖြစ်ပါတယ်နော်။

ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံးအရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်းအရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြပါတယ်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်း အရင်းကလည်းတော်တော်လေးများပါတယ်။

အစားအစာ – နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆီများတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ နို့တွေ၊ အဆီများတဲ့နို့ထွက်ပစ္စည်းတွေနဲ့ ချောကလက်တို့ကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အငန်ကဲတဲ့အစားအစာတွေနဲ့ အစပ်ကဲတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ဆင်ခြင်ပါ​နော်။

ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ – ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့သွားတဲ့အခါမျိုး မှာလည်း ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့ အပြင်က ပြန်လာတိုင်း သေချာစွာ မျက်နှာသစ်ပေးပါနော်။

စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများတာကလည်း ဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့်ဖြး်တယ်ဆိုရင်တော့ စိတ်ကို အေးချမ်းအောင် အတတ်နိုင်ဆုံးထားစေချင်ပါတယ်။

မျိုးရိုးရှိတာ – မိဘတစ်ဦးဦးက ဝက်ခြံတော်တော်လေးပေါက်တဲ့သူဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက တော်တော်လေးများနေပါတယ်။ ဒါကိုတော့ သေချာကို ကာကွယ်ကုသ ဖို့လိုပါတယ်။

ဟော်မုန်း အပြောင်းအလဲ – အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ ဒါကို ဖြစ်မြဲမို့ ဖြစ်တဲ့အခါမျိုးမာ ဂရုစိုက်ပေးပြီး မသန့်တဲ့လက်တွေနဲ့ မညစ်ဖို့ အထူးဂရုစိုက်ရပါတယ်။

ဆေးဝါးတွေ – သောက်သုံးနေရတဲ့ ဆေးဝါးတွေရှိနေမယ်ဆိုရင်လည်း အဆိုပါဆေးဝါးတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ အင်္ဂလိပ်ဆေးကတော့ ဆိုးကြိုးများတာမို့ သတိနဲ့ စားစေချင်ပါတယ်နော်။

အလှကုန်တွေ – အသုံးပြုနေတဲ့ မိတ်ကပ်အပါအဝင် အချို့သောအလှကုန်ပစ္စည်းတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကနေတဆင့် ဝက်ခြံတွေဖြစ်လာရတာပါ။
Make up ဘုရင်မ များ အလှပြပြီးရင် မျက်နှာသစ်ဆပ်ပြာနဲ့ တခါတည်း သန့်ရှင်းအောင် သစ်ဖို့ လိုတယ်နော်။😁😁

ကဲ….. ကိုယ့်ရဲ့ဝက်ခြံဖုလေးတွေက ဘယ်အရာတွေကြောင့် ဖြစ်နေလဲဆိုတာ စမ်းစစ်ပြီး ကာကွယ်ကုသ ဖို့ နည်းလမ်း တွေ ရှာ ကြတာပေါ့။

အခုလို အပြီးဖတ်ရှုပေးခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ် နော်

နောက်နေ့မှာ ဝက်ခြံ အမျိုးအစားနဲ့ ကုသမည့်နည်းလမ်းတွေကို ရှာဖွေ တင်ပြပေးပါဦးမယ်နော်။

03/01/2023

🤔 ကုန်စျေးနှုန်းတွေတက်လို့စိတ်ညစ်နေတာလား???

🤔 ကော်ဖီစစ်စစ် မဟုတ်တဲ့ ကောင်တွေတစ်ထုပ်ကို ၂၀၀ ဖြစ်သွားလို့ စိတ်ညစ်နေတာလား???

🤔 ကော်ဖီစစ်စစ်ရဲ့ အရသာကို လွမ်းနေလို့ စိတ်ညစ်နေတာလား???

🤔 အိမ်မှာ Coffee ထုပ်ကုန်နေတာ ထွက်မဝယ်အား လို့ စိတ်ညစ်နေတာလား???

👉🏻 ဒါတွေကို ဖြေရှင်းပေးဖို့

Myat Thu local shop page ရှိတယ်လေ။

Coffee Queen ဟာ မြန်နိုင်ငံရဲ့ အအေးချမ်းဆုံးမြို့လေးဖြစ်တဲ့

ပြင်ဦးလွင်မြို့စွန် ကော်ဖီခြံကထွက်တဲ့ Coffee စစ်စစ်ပါဗျား။

တစ်ခါမျှ သောက်မိရုံဖြင့် နုတ်ခမ်းဖျားက​လေး မှ ဦးနှောက်စီသို့

တစ်ဖန် ဦးနှောက်မှ နှသားသားစီသို့ စိမ့်ဝင်စီးဆင်းသွားသလားမှတ်

ထင်ရလောက်ပေတယ်။

🤩 page ၏ဝန်ဆောင်မှုများ 🤩

👉🏻 Page မှ ပစ္စည်းလေးတစ်ခု ဝယ်လိုက်ယုံနဲ့

✅ အခမဲ့ အိမ်အရောက်ဝန်ဆောင်မှု

✅ နောက်ပြီး အခြားအရေးကြီးတဲ့ ပစ္စည်းငယ်များကို အခမဲ့ ဝယ်ယူဝန်ဆောင်မှု လည်း Free ပေးပါသေးတယ်ဗျား။

✅ လိမ်စားမဲ့ သူ/ ဂျင်းထည့် မဲ့သူလည်း မဟုတ်ပါဘူး။
အိမ်ရောက်မှ ဘောက်ချာ နဲ့ ငွေရှင်းတဲ့စနစ်လေး ပါ ဗျ။

အထုပ်သေး (၁၀) ထုပ်ပါတဲ့ ပေါင်ထုပ်

💲 တစ်ထုပ်ကို - (၃၇၀၀) ကျပ် ပဲနော်

လက်လီ ဖြန့်ချင်ရင်တော့ Cb or ph ဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခဗျား။

Cm or cb
phone.09267884632 ကနေ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခဗျား။

အဆုံးထိဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခဗျ။

အောင်မြင်မှု ၊ ပျော်ရွှင်မှုများ ရှိပိုင်ဆိုင်နိုင်ပါစေခဗျား။🙏🏻🙏🏻🙏🏻

Send a message to learn more

01/01/2023

''Coffee သောက်ခြင်းဖြင့် ရရှိစေသော အကျိုးကျေးဇူးများ''

ကမ္ဘာ့သုတေသနပြုချက်အရ Coffee သောက်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။ ထိုအကျိုးကျေးဇူးတွင် အသည်းကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် လူတို့သည် တစ်နေ့လျှင် Coffee ခွက်ပေါင်း ၂.၂၅ ဘီလီယံ ခန့် သောက်ကြတယ်လို့ ကျွမ်းကျင်သူများကဆိုကြပါတယ်။ အဲ့ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ အူလမ်းကြောင်းရောင်ခြင်း၊ အသည်းရောဂါ အခြေအနေတို့ဟာ Coffee သောက်ခြင်းကြောင့် သိသိသာသာ လျှော့သွားသည်ဟု ကျွမ်းကျင်သုတေသီများက လေ့လာတွေ့ရှိခဲ့ကြတယ်။

Coffee တွင်ပါဝင်သောဒြပ်များ

1. ဗီတာမင် B2 (Riboflavin)

2. ဗီတာမင် B3 (Niacin)

3. မဂ္ဂနီဆီယမ် (Magnesium)

4. ပိုတက်စီယမ် (Potassium)

5. ဖီနိုလစ်ပေါင်းများ (Phenolic compounds)

Coffee တွင်ပါဝင်ပစ္စည်းများလှသဖြင့် လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများပြားကြောင်း ကျွမ်းကျင်သူများက ဆိုကြပါသည်။

အဆုံးထိဖတ်ရှုအားပေးခဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခဗျ။😊😊😊

-photo

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
1121