YUKI M
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YUKI M, Health/Beauty, Yangon, Yangon.
24/11/2025
ကြက်ဥ ဥတာ လူသိတယ်၊ ငါးဥ ဥတာ လူမသိလိုက်ဘူး...
ဆိုလိုတာက...
ကြက်က တစ်ခါဥရင် တစ်လုံးပဲ ဥတယ်၊ တစ်လုံးဥတာနဲ့ ဆူညံနေအောင် အော်ကြတယ်၊၊ အဲဒီတော့... ပတ်ဝန်းကျင်က သိတယ်၊၊ ( ဒီကြက်မ ဥတစ်လုံး ဥထားပြီ )
ငါးကျတော့ တစ်ခါဥရင် သန်းပေါင်းများစွာဥတယ်၊၊ ဘာအသံမှ မထွက်ဘူး၊ အဲဒီတော့... ပတ်ဝန်းကျင်က မသိဘူး၊၊ ( ဒီငါးတွေ ငါးဥ မဥဘူးထင်တယ် )
ပြောချင်တာက...
နည်းနည်းလုပ်တဲ့သူက အသံပိုထွက်ပြီး... သူအလုပ်လုပ်သည်ကို ပတ်ဝန်းကျင်သိအောင် လုပ်တယ်၊၊ များများလုပ်တဲ့သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး... သူ့အလုပ်ကိုပဲ သူ ပြီးအောင် လုပ်တယ်၊၊
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေး ငါးတွေလို ဥတဲ့သူ ရှားတယ်၊၊ ကြက်မလို ကြက်ဥ တစ်လုံးဘဲ ဥပြီး လူများသိအောင် လုပ်တဲ့လူ များတယ်၊၊
လူတစ်ယောက်က မကောင်းဖူးလို့
ဝေဖန်နေယုံနဲ့ ကိုယ်က မကောင်းတဲ့လူ
ဖြစ်သွားမှာ မဟုတ်ဘူး။
လူတစ်ယောက်က မဖြစ်နိုင်ဘူးပြောယုံနဲ့
ကိုယ်က စိတ်ဓါတ်ကျသွားရမှာ မဟုတ်ဘူး။
လူတစ်ယောက်က အသုံးမကျဘူးလို့
ပြောယုံနဲ့ ကိုယ်က သုံးစားမရတဲ့သူ
ဖြစ်သွားမှာ မဟုတ်ဘူး။
တကယ် အလုပ်လုပ်နေတဲ့သူတိုင်း ဝေဖန်ခံရမယ်။ တကယ် ကြိုးစားနေတဲ့သူတိုင်း တိုက်ခိုက် ခံရမယ်။
အမြင့်ကို တက်ဖို့ ကြိုးစားနေတဲ့သူတိုင်း
လေပြင်းဒဏ်ခံရတာ သဘာဝပဲ။
ဒါကြောင့် ဝေဖန်ရမှာ သူတို့အလုပ်ဆိုရင်
ကြိုးစားရမှာက ကိုယ့်အလုပ်ပဲ။
ခွေးဟောင်တိုင်း ထကြည့်နေရင်အိပ်ရေးပျက်တတ် သလို သူများ ပါးစပ်မှာ လမ်းဆုံးနေရင်လည်း ရှေ့ကို ရောက်မှာ မဟုတ်တော့ပါဘူး။်
ဒါကြောင့် ကြိုးစားနေတဲ့ လူငယ်တိုင်းဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ကိုယ့်လမ်းကို ဖောက်ဖို့နဲ့ ကိုယ်လမ်းကို လျောက်ဖို့ပဲ လိုပါတယ်။
#မေတ္တာဖြင့် #စာအုပ် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာ့ဠပေကြိုက်သူများ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် လူငယ်များအတွက်ဗဟုသုတစာပေများ #လေးစားစွာဖြင့်
ငယ်ငယ်တုန်းက ပို-က်ဆံရှိတယ်ဆိုတာ
ဇိမ်ခံပစ္စည်း ဝယ်ဖို့၊
ကားကောင်း စီးဖို့၊
ကမ္ဘာပတ်ဖို့လို့ ထင်ခဲ့တယ်။
အရွယ်ရောက်လာတော့ ပို-က်ဆံရှိတယ်ဆိုတာ
မိသားစုဝင် တစ်ယောက်ယောက် ဖျာ;နာရင် ဆေ:ဖို:အတွက် စိတ်ပူစရာမလိုတာ၊
မကြိုက်တဲ့ အလုပ်ကို ငြင်းဆိုခွင့်ရှိတာ၊
အရေးပါတဲ့လူကို အဖော်ပြုနိုင်တာ၊
ကြိုက်နှစ်သက်တဲ့အလုပ် လုပ်ခွင့်ရှိတာလို့
သိလာရတယ်။
တကယ့် ငွေကြေးလွတ်လပ်ခွင့် (financial freedom) ဆိုတာ
ဇိမ်ခံပစ္စည်း၊ အဆင့်အတန်းကို
လိုက်လံဖမ်:ဆုပ်ခြင်း မဟုတ်ဘဲ
စာ:ဝတ်နေရေးအတွက် မပူပင် မကြောင့်ကြတာ ဆိုတာကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။
နိုင်းနိုင်းစနေ
"""ငွေထက်ပိုတန်ဖိုးကြီးတဲ့အရာဆယ်ခု"""
လောကမှာ ဘ၀တစ်ခု ရှင်သန် ရပ်တည်နိုင်ဖို့
ငွေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။
ဒါပေမယ့် ဘ၀မှာ ငွေထက် ပိုပြီး တန်ဖိုးကြီးတဲ့
အရာတွေလည်း များစွာ ရှိနေပါတယ်။
အဲဒီအရာ ဆယ်ခုကို အခု ပြောပြပေးသွားပါမယ်။
၁။ ""မိဘနှစ်ပါး""
ဆုံးရှုံး သွားပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့
တဲ့ အရာတွေထဲမှာ မိဘ နှစ်ပါး ပါဝင်ပါတယ်။
ဒါကြောင့် အသက်ရှင်နေတုန်း သင့်ရဲ့ မိဘကို တန်ဖိုးထားပါ။
ဂရုစိုက်ပေးပါ။ပြုစုပေးပါ။
မိဘတွေ မရှိတော့မှ တမ်းတနေတာထက်အသက်
ရှင်နေတုန်း ဂရုတစ်စိုက် ပြုစု ၊ယုယ၊ကျေးဇူးဆပ်ပေးပါ။
၂။ ""မိသားစု""
လောကမှာ သင်ဆိုးသည်ဖြစ်စေ၊ကောင်းသည်
ဖြစ်စေ၊ သင့်ရဲ့ ဖြစ်တည်မှုတိုင်းကို အရှိအတိုင်း
နားလည် လက်ခံပေးနိုင်တာ သင့်ရဲ့ မိသားစုပါ။
ကမ္ဘာကြီး မှာ ဘယ်အရာမှ မိသားစုလောက်
အရေးမကြီးပါဘူး။
သင့်မိသားစုကို အခြား အရာတွေနဲ့ ဘယ်တော့မှ အစားမထိုးမိပါစေနဲ့။
သင့်မိသားစု ပြိုကွဲအောင်မဖန်တီးပါနဲ့။
သင့်မိသားစုကို တန်ဖိုးထားပါ။မြတ်နိုးပါ။ကာကွယ်စောင့်
ရှောက်ပါ။
၃။ ""ကျန်မာရေး""
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင် ကိုယ့်ကျန်မာရေးကို ဂရုစိုက်ပါ။
ကိုယ်ကျန်မာမှ စိတ်ချမ်းသာမှာပါ။
ကိုယ်ကျန်မာ၊ စိတ်ချမ်းသာမှ အခြားသူများ
ကို ကူညီထောက်ပံ့ ပေးနိုင်ပါမယ်။
ဘယ်လောက်ကြာကြာ အသက်ရှင်ရမယ်မှန်း
မသိတဲ့ လူ့ဘ၀မှာ အသက်ရှင်တုန်း အနာမဲ့ဖို့၊
ကျန်မာရေးကို အထူးဂရုစိုက်ပါ။ ။
၄။""မေတ္တာတရား""
ကမ္ဘာကြီးရဲ့ အတောင့်တဆုံးနဲ့ အဆာငတ်ဆုံး
သော အရာဟာ မေတ္တာတရားပါ။
လူတိုင်း လူတိုင်းက မေတ္တာတရားကို ဆာငတ်
နေကြတယ်တဲ့။
ဒါကြောင့် နေရာတိုင်းမှာ မေတ္တာတရားကို ဖြန့်ဝေပါ။
အမုန်းတရားတွေကို ချေဖျက်ဖို့ အင်အားအကြီး
မားဆုံးသော လက်နက်က မေတ္တာတရားပါတဲ့။
ကမ္ဘာကြီးမှာ အမုန်းအာဃာတတွေအစား ချစ်ခြင်းမေတ္တာတွေ မွှေးပျံ့နေပါစေ။
၅။ ""အချိန်""
အချိန်ကို တန်ဖိုးထားပါ။အချိန်ဟာ သင့်ရဲ့ဘ၀၊
သင့်ရဲ့ အနာဂတ်ပါ။
အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့ သင်ယူပါ။
သင်အောင်မြင်တာ၊ကျရှုံးတာ အချိန်ကိုဘယ်လို အသုံးချသလဲ ဆိုတဲ့ အပေါ်အများကြီးမူတည်ပါတယ်။
ဘ၀တစ်ခု ကို အချိန်နဲ့ တည်ဆောက်ထားတာမို့
သင့်ဘ၀ကို တန်ဖိုးထားရင် အချိန်ကိုလည်း တန်
ဖိုးထားပါ။
၆။ ""ပျော်ရွှင်မှု""
လူ့ဘ၀က တိုတောင်းလွန်းပါတယ်။စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို မတွေးပါနဲ့။
ဖြစ်ပျက်သမျှ အရာအားလုံးကို အတိတ်မှာ
ထားခဲ့လိုက်ပါ။ဖြစ်ပြီးသမျှ အရာအားလုံးက
ပြီးသွားပါပြီ။လွှတ်ချထားလိုက်ပါ။
ပျော်စရာတွေကို တွေးပါ။ပျော်ပျော်နေပါ။
ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှ အရာအားလုံးက
သင်နဲ့ မဆိုင်ပါဘူး။
သင့်ကို စိတ်ဆင်းရဲစေမယ့် ဘယ်လိုအရာတွေ
မဆို မေ့ပစ်လိုက်ပါ။ပျော်ရွှင်ရယ်မောစရာကိုသာ
ဖန်တီးပါ။စိတ်ပျော်ရွှင်အောင် နေပါ။
၇။ ""ယုံကြည်မှု""
ဆုံးရှုံးသွားပြီးရင် အသစ် တစ်ဖန် ပြန်လည်
တည်ဆောက်လို့ မရနိုင်တဲ့ အရာတွေထဲမှာ
ယုံကြည်မှု' လည်း ပါတယ်။
လူတွေ သင့်နာမည်ကြားတာနဲ့ သူဆိုရင် ယုံကြည်
တယ် ဆိုတဲ့ အဆင့်အထိ ဖြစ်အောင် နေပါ။
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ
အလွဲသုံးစား မလုပ်မိပါစေနဲ့။
သင့်ရဲ့ ဂုဏ်သိက္ခာက သင့်ရဲ့ တန်ဖိုးပါ။ ။
၈။ ""ကိုယ်ချင်းစာတရား""
သူ့နေရာမှာ ငါသာ ဆိုရင် ဆိုတဲ့ကိုယ်ချင်းစာ
တရား အမွဲထားပါ။
ဘ၀မှာ ဘာမှ မပိုင်ဆိုင်ခဲ့ရရင်တောင် လူတွေအပေါ် ကိုယ်ချင်းစာတရား ထားတတ်အောင် နေထိုင်ပါ။
လူကို လူလို မြင်ပါ။လူတွေအပေါ်စာနာစိတ်
မွေးပါ။လူတစ်ယောက်အပေါ် ဘယ်တော့မှ
မယုတ်မာပါနဲ့။မရက်စက်ပါနဲ့။
၉။ ""မိတ်ဆွေ""
သင်အမှန်တကယ် အကူညီ လိုအပ် ချိန်မှာ
သင့်ကို ကူညီပေးတဲ့ သူတွေကို တန်ဖိုးထားပါ။
ဆွေမျိုး၊ထောင်သောင်းထက် စစ်မှန်တဲ့ မိတ်ဆွေ
စစ်တစ်ယောက်က ပိုတန်ဖိုးကြီးပါတယ်။
သင့်ရဲ့ မိတ်ဆွေအပေါ် ဘယ်တော့မှ သစ္စာ မဖောက်ပါနဲ့။
သူ့အပေါ် ကျေးဇူးမကန်းပါနဲ့။ အမြဲတန်ဖိုးထားပေးပါ။
၁၀။ ""ဘဝလက်တွဲဖော်""
သင့်ဘဝရဲ့ လက်တွဲဖော်ကို တန်ဖိုးထားပါ။
မြတ်နိုးပါ။ သူ့အပေါ် သစ္စာရှိပါ။ရိုးသားပါ။
ကမ္ဘာပေါ်မှာ ရှိတဲ့သန်းပေါင်းများစွာသောလူတွေထဲက အကောင်းဆုံးသောသူကို သင့်အတွက် ဘုရား ပြင်ဆင်ပေးထားတဲ့သူပါ။
ဒီ(၁၀ )ခု ကို ဘယ်တော့မှ ငွေကြေးနဲ့ တန်ဖိုး
မဖြတ်လိုက်ပါနဲ့။
ငွေကြေးထက် ပိုတန်ဖိုး ကြီးမားပါတယ်။
သတိ ကျားဖြန့် တွေဆေးခန်းပါဖွင့်နေကြပြီ။
ဟုတ်ပါတယ် စာမှားမဖတ်မိပါဘူး ကျားဖြန့်ဆေးခန်းပါ။
အတော်များများသိပြီးပြီလားမသိပေမယ့် မသိကြသေးတဲ့သူတွေသတိထားရအောင် မမနုက တီးခေါက်ပေးလိုက်ပါတယ်။
ဆေးခန်းက ခုအွန်လိုင်းပေါ်မှာဂယက်ထနေတဲ့ ဆေးခန်းတစ်ခုတည်းမဟုတ်ပါဘူး။မမနု သိရှိရသလောက် ဆေးခန်းတွေကိုဝေမျှပေးသွားပါမယ်နော်။
(၁)မြင့်မြတ်အမျိုးသမီးရောဂါအထူးကု (အမှတ် - ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)
(၂) Myint Myat Clinic Yangon - အမှတ် - ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်)
(၃) Yangon Sunny Clinic - အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။
(၄)အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း - အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။
(၅)Myat Yadanar Lin Clinic - အမှတ် (၂၁၃) ပါရမီလမ်း (၅)ရပ်ကွက် ၊ တောင်ဥက္ကလာပ မြို့နယ်။
(၆)Min Special Clinic - အမှတ် (၆)(၅) ရပ်ကွက် ၊ပြည်လမ်း ၊ မရမ်းကုန်းမြို့နယ်။
(၇)Thein Special Clinic - ဓမ္မစေတီလမ်း နှင့် ဦးဝိစာရလမ်းထောင့်၊စမ်းချောင်းမြို့နယ်။
ဒီနေရာမှာကြည့်လိုက်ရင် ထူးခြားတာနှစ်ခုတွေ့ရပါလိမ့်မယ်။အဲ့တာဘာလဲဆို နံပါတ်(၁) -ဆေးခန်းနာမည်နှစ်ခု ကိုမှ လိပ်စာကတစ်ခုတည်းတူနေတာတွေပါ။အပေါ်ကဆိုရင်( မြင့်မြတ်အမျိုးသမီးရောဂါအထူးကု / Myint Myat Clinic Yangon ) နဲ့ (Yangon Sunny Clinic /
အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း )
နံပါတ် (၂) - အပေါ်မှာပြောထားတဲ့ကျားဖြန့်ဆေးခန်းအတော်များများဟာ ကျားမလိင်အင်္ဂါနဲ့ပတ်သတ်တဲ့ရောဂါတွေကိုအဓိကထားကုကြတာပါ။လိပ်ခေါင်းရောဂါတို့ ၊ ကာလသားရောဂါတို့ ၊ လိင်အင်္ဂါကြွက်နို့တို့ ၊ ဂနို ရောဂါတို့စသဖြင့်တွေပေါ့။
သူတို့ကသူတို့ဖွင့်ထားတဲ့ဆေးခန်းတစ်ခုကဒီနာမည်နဲ့ နာမည်ဆိုးထွက်ပြီးကျားဖြန့်မှန်းသိသွားရင် ၊ သူတို့လုပ်စားလို့မရတော့ရင် အခြားနာမည်တွေပြောင်းပစ်တာပါ။အဲ့တာကြောင့်လည်း အပေါ်မှာ ဆေးခန်းနာမည်နှစ်ခုနဲ့လိပ်စာကတော့တစ်ခုတည်းတွေဖြစ်နေတာပါ။
ဆေးကုတာထက် လူနာတွေကို မတရားငွေညှစ်နေတဲ့ တရုတ်ကျားဖြန့်ဆေးခန်း တွေဆိုပိုမှန်ပါလိမ့်မယ်။ Privacy မရှိ လူနာရဲ့အခန်းထဲကိုလူတကာဝင်ထွက်သွားလာတယ် ၊ သွေးတွေအတင်းစစ်ခိုင်းပြီး ငွေကို (၃)သိန်းလောက်တောင်း ၊ မရှိတဲ့ရောဂါတွေကိုအရှိလုပ်ပြီး အတင်းကုသခိုင်းပြီး ငွေညှစ်၊ တောင်းတဲ့ပိုက်ဆံကလည်း တခါတောင်းရင် သိန်းဂဏန်းအောက်ကဘယ်တော့မှမဆင်းပါဘူး။
ဒါ့ထက်ဆိုးတာက လာပြတဲ့ အမျိုးသား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအထိ ထိပါးနှောင့်ယှက်တာပါ။ဆေးကုသခဲ့တဲ့လူနာအမျိုးသမီးတွေကိုဆိုလည်း အမျိုးသမီးလိင်အင်္ဂါကိုပါ ဓာတ်ပုံရိုက်ယူထားတာတွေအထိပါ။ဒါကလိုင်းပေါ်ရောက်လာတဲ့အကြောင်းအရာတွေ ၊ လိုင်းပေါ်ရောက်မလာပဲ အဲ့ဆေးခန်းမှာပဲအခုလို ခံနေရတဲ့လူနာတွေ ဒုနဲ့ဒေးရှိနေကြတယ်။
အဲ့တော့လေ ကျားဖြန့်ဆိုတာဂျိုနဲ့လားဟေ့ လို့တောင်မေးယူရမယ့်အဆင့်ထိဖြစ်နေကြပြီ အရပ်ကတို့ရေ။အရာရာမှာ သွားသတိ၊လာသတိ၊စားသတိ၊အိပ်သတိ၊အခုဆို ဆေးခန်းပြတာတောင်သတိကပ်ပြီးပြနေရပြီ။ခေတ်ကာလကြီးများ တစ်ရက်ထက် တစ်ရက်ကြောက်ဖို့ကောင်းလာလိုက်တာလေ ။ လိမ်နည်းမျိုးစုံတွေနဲ့။
အဲ့လိုကလိမ်ကကျစ် ကျားဖြန့်တရုတ်တွေကြ ဘဘကြီးတို့ကမဖမ်းဘူးတော့ အတော်လည်းတရားကျစရာကောင်းပါ့။ဘယ်လောက်တောင်ပေးထားကျွေးထားသလဲမသိ ဒါမျိုးတွေကျ စောက်ပေါက်တွေကပိတ်နေရော။အဲ့တာကြောင့်ဘယ်သူမှလာအရေးယူမှာမဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်းကြား အပြန်အလှန်သတိပေးကြရင်း sharing လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။
Crd နန်းမတော် မနု
04/09/2025
ရော့
04/09/2025
သိပ္ပံဇာတ်လမ်းမဟုတ်တော့ဘူး။ ရင်သားကင်ဆာကို ၅ နှစ်ကြိုသိနိုင်မယ့် AI တကယ်ပေါ်လာပြီ။
======================================================
ကိုယ့်ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ ရင်သားကင်ဆာလို အန္တရာယ်တစ်ခုကို ရောဂါမဖြစ်လာခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်သိနိုင်ပြီဆိုရင် ဘယ်လောက်ကောင်းမလဲ။ အရင်ကတော့ ဒါဟာ သိပ္ပံဇာတ်လမ်းထဲက စိတ်ကူးတစ်ခုပါပဲ။ အခုတော့ MIT နဲ့ Massachusetts General ဆေးရုံက သုတေသီတွေကြောင့် တကယ်ဖြစ်လာပါပြီ။
သူတို့ဟာ လူသားတွေရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တဲ့ စုံထောက်တစ်ယောက်လို လုပ်ဆောင်ပေးတဲ့ ဆန်းသစ်တဲ့ AI တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ AI ဟာ သာမန် ရင်သားဓာတ်မှန် (mammogram) တွေကိုပဲ ကြည့်တာပါပဲ။ ဒါပေမဲ့ သူက ဆရာဝန်တွေတောင် မမြင်နိုင်တဲ့ သေးငယ်ပြီး ပုံမှန်မဟုတ်တဲ့ အချက်အလက်လေးတွေကို ရှာဖွေနိုင်ပါတယ်။ အဲဒီအချက်တွေကပဲ နောင်နှစ်ပေါင်းများစွာအကြာမှာ ကင်ဆာဖြစ်လာနိုင်ခြေကို ကြိုတင်သတိပေးနေတာ ဖြစ်ပါတယ်။
ဒါဟာ မှန်းဆပြီးပြောနေတာမဟုတ်ပါဘူး။ ဒီ AI ကို ဓာတ်မှန်ပုံပေါင်း ၉၀,၀၀၀ ကျော်နဲ့ ဆေးမှတ်တမ်းပေါင်း ၆၀၀,၀၀၀ ကျော်ကိုသုံးပြီး အထူးလေ့ကျင့်ပေးထားတာပါ။ သူ့ရဲ့ရည်ရွယ်ချက်က ဆရာဝန်တွေကို အစားထိုးဖို့မဟုတ်ဘဲ သူတို့လက်ထဲကို အစွမ်းထက်တဲ့ လက်နက်တစ်ခု ထည့်ပေးလိုက်တာပါပဲ။ ပိုကောင်းတာက ဒီနည်းပညာဟာ လူမျိုး၊ အသားအရောင်မရွေး အမျိုးသမီးအားလုံးအတွက် တန်းတူညီမျှ အလုပ်လုပ်ပေးနိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ မညီမျှမှုတွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါဆို ဒါတွေအားလုံးက ဘာကိုဆိုလိုတာလဲ။ ကင်ဆာဆဲလ်တွေ မကြီးထွားခင်၊ မပျံ့နှံ့ခင်မှာ ကြိုတင်သိရှိပြီး ကုသနိုင်တာကို ဆိုလိုပါတယ်။ ကုသမှုတွေက နာကျင်မှုနည်းပြီး ပိုထိရောက်လာမယ်၊ အသက်ရှင်နိုင်ခြေ ပိုများလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကမ္ဘာတစ်ဝန်းက အမျိုးသမီး သန်းပေါင်းများစွာအတွက်တော့ ဒါဟာ တန်ဖိုးဖြတ်မရတဲ့ အကျိုးကျေးဇူးပါပဲ။
Ref : Techworm
29/08/2025
#မိန်းမပျက်တွေ အင်အားကြီးလာတော မိန်းမကောင်းလေး တွေက
အပစ်ကြီးတစ်ခုလို့ ဆက်ဆံခံရတယ်၊
#ခေတ်ပျက်ကြီးမှာ လိမ္မာတဲ့သူက ပစ်ဒဏ်သင့်နေတဲ့ လူလိုဆက်ဆံခံရတယ် ၊
#မိန်းမပျက်တွေဟာ ဖော်ချွတ်တဲ့အခါ ဂုဏ်ယူနေကြသလို ၊
မိန်းမကောင်းလေးတွေ ဣန္ဒြေသိက္ခာ ပြည့်စုံနေတဲ့အခါ သူတို့ဟားတိုက်ကြတယ် ၊
#လူငယ်တွေဟာ ခေတ်မှီးဖို့အာသန်းနေတဲ့အခါ စိတ်ဓာတ်တွေ
အောက်တန်းကျကုန်းကြတယ် ၊
#လူငယ်တွေဟာ ဘာသာတရားကို အဆိပ်လို့ထင်းလာပီး ၊
အဆိပ်တွေကိုတော့ ပျားသကာလို ခံစားလာကြတယ် ၊
#ဆိုရှယ်မီဒီယာဟာ လူငယ်တွေအတွက် အဆိပ်ဖြစ်နေပေမဲ့
မိဘတွေဟာ သိလျှက်နဲ့ သောက်ခိုင်းနေကြတယ် ၊
#လူငယ်တွေကို အရှက်သိက္ခာ တရားနဲ့ ၊ ကိုယ်ချင်းစာ တရားကို ၊
ဘာသာတစ်ခုအနေနဲ့ သင်ပြစေချင်းစမ်းပါပြီး ၊၊
#မေတ္တာဖြင့် #အသိတစ်ခုတိုးစေချင်း
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်
29/08/2025
#ကြောင်ကိုက်ရာကနေ_အသက်ပါပေးလိုက်ရတာ😭🙏
ကြောင်ချစ်သူများ သတိပြု..
ကိုဟိန်းနေမကောင်းစဖြစ်တယ်။
ဆေးခန်းပြတော့လည်း ရိုးရိုးဖျားတာဆိုပြီး ပုံမှန်ဆေးထိုး ဆေးသောက်လုပ်နေရင်း ကလေးက မသက်သာလာဘူး။
-
အစားစားပြီးပြန်အန် ရေသောက်ပြီး ပြန်အန်ဖြစ်နေလို့ ဆေးခန်းတွေ ပြောင်းသွားလည်း အစာအိမ်ယောင်တာဆိုပြီး ဆေးတွေပေး သောက်နေရင်းနဲ့ ကလေးက မသက်သာ။
-
၁၅ ရက်နေ့ ညနေမှာ သူလမ်းမလျှောက်နိုင်တော့ဘူး ခြေထောက်တွေ ညောင်းကိုက်တယ်ဆိုမှ ဆေးခန်းထပ်ပြေးသွားရပြန်ရော။ ဆရာဝန်က ဖျားလို့ အာရုံကြောထိတာဆိုပြီး ဦးနှောက်နဲ့ အာရုံကြောကိုသွားခိုင်းတယ်။
-
ရန်ကုန်ကို အရေးပေါ်ကားနဲ့ သွားမှ ဇာတ်လမ်းကစပါပြီ။ ရေသောက်ချင်တယ် ပြောလို့ တိုက်တဲ့ရေလည်း သူသောက်လို့မရ ကားမှာတံခါးပေါက်အသေးလေးက လေတိုးတာကို သူအရမ်းအေးပါတယ်ဆိုပြီး အတင်းပိတ်ခိုင်းတယ်။
-
ည ၉ နာရီ ရန်ကုန်ဆေးရုံကြီးလည်း ရောက်ရော ဆရာဝန်ကရေတိုက်တာကို သူသောက်လို့မရဘူး ယက်တောင်ခပ်ရင်လည်း မကြိုက်ဘူးပြောပြီး အတင်းရပ်ခိုင်းတယ်။
-
ဆရာဝန်ကြီးတွေကလည်း ဒီလိုဖြစ်တာတွေက ခွေးရူးပြန် လက္ခာဏာဖြစ်နေပြီမလို့ ခွေးကိုက်ထားတဲ့ ရာဇဝင်ကို ပြန်စဉ်းစားခိုင်းတယ်။
-
ကိုဟိန်းမှာလည်း ခွေးကိုက်ဖူးတာမရှိတော့ အကိုက်မခံရဖူးပါဘူး ဒီရောဂါမဟုတ်နိုင်ပါဘူး အမေကလည်း အတင်းတွေဇွတ်ငြင်း။
-
ဦးနှောက်စကန်ရိုက် ဓာတ်မှန်တွေရိုက်ပြီး ၁၆ ရက် မနက် ၁၀ နာရီမှာ သူတို့က ခွေးရူးပြန်ရောဂါလို့ဘဲ အတည်ပြုလိုက်ပြီး သီးသန့်အဆောင်ကိုပြောင်းပါလေရော။
-
အဲ့ဒီအချိန် ကလေးကလည်း တကိုယ်လုံးမလှုပ်နိုင်တော့ဘူး အရင်က တနာရီခြားတခါလောက် တံတွေးထွေးရာကနေ မိနစ်ပိုင်းလောက်ခြားပြီး တံတွေးတွေ ဆက်တိုက်ထွေးလာတယ်။
-
ခွေးကိုက်တဲ့ ရာဇဝင်ကလည်း ပြန်စဉ်းစားမရ ဒီရောဂါဆိုတာကိုလည်း ဘယ်လိုမှ လက်မခံနိုင်တွေဖြစ်။
-
နောက်ဆုံး ပြန်စဉ်းစားလို့ ရတာက ၂၀၂၂ တုန်းက သူ့အပြင်မှာ သွားကစားရင်းက သူ့ကိုကြောင်တကောင် ကိုက်တာခံရဖူးတယ်။
-
အဲ့ဒီကြောင်ကလည်း ဘယ်ကကြောင်မှန်းမသိဘူး ကြောင်ရူးလို ပုံစံမျိုးဘဲ ဒီတိုင်းရောက်လာပြီး ရွာကလူတွေကို ကိုက်လိုက်တာ ကိုဟိန်းနဲ့ဆို ၄ ယောက်လောက် ကိုက်ခံထိကြတာ။
-
ကြောင်ရူးဆိုပြီး အဲ့ဒီကြောင်ကိုလည်း တခြားသူတွေ ရိုက်သတ်လိုက်ကြတယ်။
အဲ့ဒီတုန်းက သူ့ခြေထောက်မှာ လက်တဆစ်စာလောက် အခြစ်အရာထင်ပြီး သွေးစို့သွားတယ်။
-
အမေနဲ့ သားအမိနှစ်ယောက် ဆေးခန်းသွားပြကြတာကို ဆေးခန်းက ကြောင်ကိုက်တာ မလို့ မေးခိုင်းကာကွယ်ဆေးဘဲ ထိုးပေးလိုက်တယ်။
-
အဲ့ဒီကိစ္စ ဆေးရုံကြီးက ဆရာဝန်တွေကို ပြန်ပြောပြတော့ သူတို့က အဲ့ဒီကြောင်ကြောင့် ရောဂါဖြစ်တယ်ဘဲ ယူဆလိုက်တယ်။
-
သီးသန့်ဆောင်ထဲလည်း ဘယ်သူမှ လိုက်မရ အမေကလည်းငိုယို သူ့ကိုကူးရင်လည်းပါစေ သေရင်လည်းသေပါစေ နောက်ဆုံးအချိန်လေး တယောက်ထဲ ပစ်မထားရက်ဘူးဆိုမှ PPE ဝတ်ပြီး အခန်းထဲဝင်နေခွင့်ပေးလိုက်တယ်။
-
သီးသန့်ဆောင်ထဲ ရောက်ပြီးကတည်းက ကလေးက ခန္ဓာကိုယ်က မလှုပ်တော့ဘူး အသိစိတ်က လွတ်တချက်ရတချက် ရောက်တတ်ရာရာတွေ လျှောက်ပြော သူ့သူငယ်ချင်း နာမည်တွေခေါ် တံတွေးတွေ ဆက်တိုက်ထွေး -
-
ဆရာဝန်က အဖြေထွက်ပြီး ၁၂ နာရီ စောင့်ကြည့်မယ်ပြောပေမယ့် ကလေးက ည ၁၀ နာရီလောက်ကတည်းက အခြေအနေ မကောင်းတော့ဘူး။ တံတွေးလည်း သူ့မော့ပြီးမထွေးနိုင်တော့ဘူး ပါးစပ်ထဲကဘဲ စီးထွက်နေတော့တာ။
အမေကလည်း သူ့သားကို ဘယ်လိုမှ ဆက်မကြည့်နိုင်တော့ဘူး ငိုယိုလို့။
-
သူနာပြုတွေကလည်း ဆေးတွေ ဆက်တိုက်သွင်းနေတော့ အသက်မကုန်မချင်း ကိုယ့်မှာမျှော်လင့်ချက်လေးရှိနေတုန်း။
-
အမေ့ကို အခန်းထဲကထွက်ခိုင်း PPE ဝတ်စုံလဲပြီး ကိုယ်တိုင်ဝင် သူ့လက်ကလေးများ ကိုင်ထားပေးရင်၊ ရောက်တတ်ရာရာစကားတွေ လျှောက်ပြောပေး ဘုရားစာတွေ ရွတ်ပေးရင် သူသတိ ပြန်လည်လာမယ်ဘဲ ထင်ထားတာ။
-
ည ၁၂ နာရီလောက်ကျတော့ ကလေးက ဘယ်လိုမှ မရတော့ဘူး သူ့ပါးစပ်က စီးကျနေတဲ့ တံတွေးတွေကလည်း အမဲရောင်တွေပြောင်းကုန်ပြီ။ အသက်ရှူတာကလည်း အရမ်းမြန်လာ သူနာပြုတွေကဆေးတွေပြောင်းချိတ် အောက်ဆီဂျင်တွေပေးပေါ့။
-
အခြေအနေကဘယ်လိုမှ ပြန်မကောင်းလာတော့ဘူး အသက်ရှူတအား မြန််ရာကနေ တဖြည်းဖြည်း နှေးပြီး ၁၇ ရက် မနက် ၁ နာရီမှာဘဲ ဆုံးသွားတယ်။
-
သူဆုံးပြီးတော့ အမေရယ် ကိုယ်ရယ်ကတော့ ဆေးရုံကြီးမှာဘဲ ကာကွယ်ဆေးထိုး လက်ကျန်ဆေးတွေကို ကျိုက်ထိုဆေးရုံမှာ ပြန်ထိုးဖို့ လွှဲပေးတယ်။
-
ကိုဟိန်းကိုလိုက်ကြည့်ပေးတဲ့ အမဝမ်းကွဲတွေ၊ သူနေမကောင်းတုန်းက ပြုစုခဲ့တဲ့ ဆွေမျိုးတွေ ရွာကလူတွေအကုန် ကာကွယ်ဆေးတွေ စုပြုံထိုးလိုက်ရတာ။
-
စာတွေလိုက်ဖတ်ကြည့်မှ ခွေးရူးပြန်ရောဂါ ဖြစ်တဲ့ ၈၀ % လောက်က ဂဏာမငြိမ်တာနဲ့ ကိုဟိန်းဖြစ်တဲ့ ပုံစံအကြောသေတဲ့ ပုံစံက ၂၀ % လောက်ဘဲ ဖြစ်ကြတာ။
-
ဘာတိရိစ္ဆာန်ဘဲဖြစ်ဖြစ် အကိုက်ခံရတာဖြစ်စေ အကုတ်ခံရတာဖြစ်စေ ခွေးရူးပြန် ကာကွယ်ဆေးထိုးကြပါလို့ ကိုယ်ကတော့ မောင်လေးတယောက် အသက်ရင်းပြီးမှ ရလိုက်တဲ့ သင်ခန်းစာဘဲ။
(24.8.2025)
😒😒😒😒😒😒😒
crd - Thiri Lwin
အခုနောက်ပိုင်း ပိုင်ရှင်ရှိရဲ့သားနဲ့
ဖော(က်) ပြန်နေတဲ့ သူတွေများတယ်
မိန်းခလေးတွေ အနေနဲ့ အဖြေမပေးခင်
ကိုယ့်ကို ဖွ(န်) လာကြောင်နေတဲ့ သူတွေရဲ့
ဓာတ်ပုံကို Fbပေါ်တင်ပြီး ဒါ ဘယ်သူ့လင်ကြီးလဲ
လင်လေးလဲဆိုပြီး
အရင်မေးထားလိုက်ပါ တစ်ပတ်လောက်ကြာမှ
ဘယ်သူကမှ လာမပြောရင်တော့ အဲ့ကောင်က
အရှုပ်အရှင်း လုံးဝ ကင်းတယ်ဆိုတာ သေချာပါပြီ
ဘဏ်မှာငွေထုတ်တာ '' ဘာလုပ်ဖို့လဲ '' တဲ့
မေးတယ်။ '' ဘိန်းရှူဖို့ '' လို့ ပြောခဲ့တယ်။
သူလည်း ထုံးစံရှိတဲ့အတိုင်းမေးတယ်။
ကိုယ်လည်း ဖြေချင်ရာဖြေခဲ့လိုက်တယ်။
ပြီးတာဘဲ။
27/08/2025
အကြောင်းရင်းက
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon