Aung Thu - Ko Thu
Reading & Writing .
26/05/2022
👍
“ကိုယ့်ကိုယ်ကိုယ် သိဖို့ ဘယ်လောက်အရေးကြီးသလဲ” (Day-18)
တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ တစ်အိမ်လုံးလည်း နံစော်နေတော့တာပါလားတဲ့။ အမှန်တော့ အနံ့က သူ့မုတ်ဆိတ်မှာပဲ ရှိနေတာ။ ဒါပေမဲ့ သူကတော့ တစ်လောကလုံးက အနံ့ထွက်နေတယ်ပဲ ထင်နေတယ်။
လက်တွေ့ဘဝမှာလည်း အဲ့လိုလူတွေ ရှိတယ်။ ပြဿနာရဲ့ အရင်းခံက သူ့မှာ ရှိနေတာ။ သူ့ရဲ့ အဆိုးမြင်စိတ်ပေါ့။ ဒါပေမဲ့ တစ်လောကလုံးက သူ့အပေါ် မကောင်းဘူးပဲ ထင်နေတယ်။ မိဘကလည်း ဂရုမစိုက်ဘူး။ ရည်းစားကလည်း အလိုမလိုက်ဘူး။ အိမ်ထောင်ဖက်ကလည်း ငါ့ကို မချစ်ဘူး။ သူငယ်ချင်းတွေကလည်း အဆင့်အတန်း ခွဲခြားတယ် စသဖြင့်ပေါ့။
နောက်ဆုံး သူ့ကို တခုခု လုပ်ပေးမယ်ဆိုရင်တောင် ငါက ဘာဖြစ်နေလို့လဲ ဆိုတာမျိုးနဲ့ ပြန်ရန်တွေ့တတ်ကြတယ်။ ကူညီဖူးသမျှထဲမှာ အဲ့လိုလူတွေဟာ ကူညီရအခက်ဆုံးပဲ။ ပြဿနာရဲ့ အဖြေကလည်း သူ့မှာပဲ ရှိနေတာဆိုတော့ သူကိုယ်တိုင် မပြင်ဆင်ဘဲနဲ့လည်း မရဘူး။
အဲ့လိုလူတွေဟာ များသောအားဖြင့် မပျော်ရွှင်ကြရတာ များတယ်။ လိုအင်ဆန္ဒလည်း မပြည့်ကြဘူး။ တခြားလူတွေကို မကျေမနပ် ဖြစ်မယ်။ သူတို့ကျ ပျော်နေရတယ်ဆိုပြီး မနာလို ဖြစ်နေမယ်။ တကယ်တမ်းတော့ သူ့ဘဝက သိပ်ဆိုးနေတာ မဟုတ်ဘူး။ သူကိုက မပျော်တတ်တာ။ အဆိုးမြင်နေတာ။ ခုနက အဘိုးကြီးလို သူ့မုတ်ဆိတ်က ခရင်မ်ကို သုတ်ဖို့ သတိမရဘဲ တစ်လောကလုံးက နံနေတယ်လို့ တွေးနေတာ။ တစ်ခါတစ်လေမှာ သူ့ထက် အခြေအနေဆိုးသူကတောင် သူ့ကို ပြန်နှစ်သိမ့်နေရတာမျိုးတွေ ရှိတတ်တယ်။
Self-awareness အားနည်းသူဟာ သူတင် ပူလောင်တာ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ပူလောင်စေတယ်။ ဘယ်အချိန်ဖြစ်ဖြစ် Negative vibe တွေချည်းပဲဆိုတော့ တော်ရုံလူက မပေါင်းချင်တော့ဘူး။ ဒီတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက ပိုပိုဆိုးလာတယ်။
ဒါကြောင့် လူတစ်ယောက် ပျော်ရွှင်ဖို့မှာ အဲ့ဒီ Self-awareness က သိပ်အရေးကြီးပါတယ်။ EQ ဆိုတဲ့ "စိတ်ခံစားချက်တွေကို သိနားလည် ထိန်းချုပ်နိုင်စွမ်း" မှာလည်း ဒီ Self-awareness က အခြေခံအကျဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် သိမှ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တာ။ စိတ်တွေတို၊ ဒေါသတွေ ပေါက်ကွဲနေသူဟာ သူတစ်ပါးဘက်က ဖြည့်တွေးပေး၊ ကိုယ်ချင်းစာပေးဖို့ရာလည်း မလွယ်ဘူး။ နောက်ပိုင်း စိတ်နည်းနည်းငြိမ်သွားမှ သြော် သူလည်း ဒါကြောင့် ဒီလိုလုပ်မိလိုက်တာ နေမယ် ဆိုပြီး တွေးလာနိုင်တာ။ ပေါက်ကွဲနေချိန် တွေးမိဖို့ မပြောနဲ့၊ ဘယ်သူ ဘာလာပြောပြော နားကိုမဝင်ဘူး။
EQ ဆိုတာက Skill ဖြစ်တယ်။ ဆိုလိုတာက လေ့ကျင့်ပျိုးထောင်လို့ ရတယ်။ သို့သော် စာလေး ဖတ်လိုက်ရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်မှ ရပါလိမ့်မယ်။ ဒီပို့စ်မှာ ပေးချင်တဲ့ အကြံပြုချက်တွေကတော့
▪️၁။ တရားထိုင်ပါ။ ခက်မယ်ဆိုတာ နားလည်တယ်။ တအားပေါက်ကွဲလွယ်တဲ့သူဆိုရင်တော့ ကြိုးစားလုပ်ကြည့်ပါ။
▪️၂။ ကိုယ်ပေါက်ကွဲမိလိုက်လို့၊ စိတ်မထိန်းနိုင်လိုက်လို့ ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားခဲ့ဖူးတာတွေ ရှိရင် အဲ့ဒါကို အမြဲတွေးနေပါ။ (ဥပမာ ကားပါကင် လုရာကနေ ဆဲကြဆိုကြပြီး အလုပ်တွေ ပျက်ကုန်တာမျိုး)
▪️၃။ ဘေးကနေ ပြောပေးနိုင်မယ့်လူ ရှာထားပါ။ ဒေါသထွက်ပြီဆို ထွက်နေမှန်း သတိပေးမယ့်လူပေါ့။
▪️၄။ လူမသိတဲ့နေရာမှာ ပေါက်ကွဲပါ။ ကျွန်တော်ဆို ကားမောင်းလို့ ဆဲရင် မှန်တင်ပြီးမှ ဆဲပါတယ်။ ဒီတော့ တခြားကားက မကြားတော့ ပြဿနာမတက်တော့ဘူးပေါ့။ အဲဒါက ဘယ်သူကမှ ကျွန်တော့်ဒေါသကို ထပ်ပြီး လောင်စာ မထည့်တော့ဘူးဆိုတဲ့ သဘောလည်း ဖြစ်တယ်။ ဒီတော့ ကျွန်တော့်စိတ်လည်း မြန်မြန်ငြိမ်သွားရော။
▪️၅။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဝါသနာပါတာလေးတွေ လုပ်ပါ။ ပျော်နေတဲ့လူက စိတ်ခံစားချက်တွေကို သတိထားမိဖို့ ပိုလွယ်ပါတယ်။
▪️၆။ ကိုယ့်ဘဝရဲ့ Positive ဖြစ်တာတွေကိုလည်း မကြာခဏ တွေးပေးပါ။ ကိုယ်တစ်ယောက်တည်း ခွေးဖြစ်နေတာ မဟုတ်ဘူး ဆိုတာလေး သတိရပါ။ ရသစာပေ များများဖတ်ပါ။
ဒေါက်တာ ဖြိုးသီဟ
📌 စာကို သဘောကျတယ်ဆို ဒီနေ့ကို ကြိုက်နှစ်သက်ရာ App တစ်ခုခုမှာ ၁၅ မိနစ် Click လုပ်ပေးပါ။ ဖေ့စ်ဘွတ်ပေါ် အောက်က ပုံနဲ့အတူ ပြန်ကူးတင်လို့လည်း ရပါတယ်။ ကျေးဇူးတင်ပါတယ်။
ချစ်တာကို ထုတ်မပြတက်ဘူးဆိုတော့ 🙄
အေး အေး ငါ ဖြဲကြည့်လိုက်မယ် 🤣
ဈေးရောင်းရင် ကောင်းမယ်။
ဘာရောင်းရမှန်း မသိ 😂
အကြံပေးကြပါအုံး 😁
တကယ်က
ခင်ဗျားဆီမှာ အရှုံးပေးခဲ့တာမဟုတ်ဘူး ။
ချစ်ခြင်းမေတ္တာရှေ့မှောက် ဒူးထောက်လိုက်တာ
မသိလည်း ဖြစ်တဲ့အကြောင်းပေါ့ ။
ခင်ဗျားကို ကျွန်တော်သိပ်ချစ်တာ ။
18.01.2020
Saturday
ခေါင်းဆောင်လုပ်နေသမျှ ကာလပတ်လုံး
လေ့လာသင်ယူနေခြင်းကို လုပ်နေရဦးမှာပဲ။
17.01.2020
Friday
Aung Thu - Ko Thu
Click here to claim your Sponsored Listing.