Kyaw Gyi

Kyaw Gyi

Share

Online Shopping

12/05/2025

လူကိုယူပါအသည်းကိုချမ်းသာပေးပါ

15/02/2025

ချောကလည်းကျွေးမယ့်သူလည်းမရှိ အရေးလုပ်မယ့်သူလည်းမရှိ

14/12/2024

လူပျိုကြီးပါဗျာ

02/11/2024

30 ပြည့်ပြီနော် ဦးက

09/10/2024

သီတင်းကျွတ်ပြီ ဒီနှစ်လည်းရည်းစားကရမှာမဟုတ်ပါဘူး

Photos from Kyaw Gyi's post 01/10/2024

မွေးနေ့ရောက်တော့မယ် မွေးနေ့လက်ဆောင်ရဖူးချင်ပါတယ်

25/09/2024

အောင်မြတ်သာနှင့်လွမ်းငွေ့ဝေဝေ
++++++++++++++++++++++++

ထန်းလုံးဖြူရွာအဝင်ဝမှာရှိတဲ့ ဦး‌ချက်စူရဲ့ ပင်ကျရည်ဆိုင်လေးမှာတော့

နေထန်းတစ်ဖျားမရောက်ခင်မှာတင် လူတွေပြည့်နေခဲ့တယ်။ ရွာနီးချုပ်စပ်မှာ ထန်းတောများစွာရှိပေမယ့် ဦးချက်စူပိုင်တဲ့ ထန်းတောလောက်အရသာကောင်းဝာာမရှိတာ ကြောင့် ရွာခံလူငယ်တွေအပြင် အခြားရပ်ဝေးရပ်နီး ရွာကလူတွေပါ လာရောက်ကြသလို၊ ထိုးပွဲရိုက်ပွဲ တွေကလဲ ဦးချက်စူ ထန်းတောကသာ အစပျိုးခဲ့ကြတယ်။ အခုလဲ ထန်းလုံးဖြူရွာရဲ့ ရွာခံလူမိုက်တွေဖြစ်ကြတဲ့ တိုက်မောင်းတို့အဖွဲ့ က သူတို့နဲ့ဘေးချင်းကပ်မှာထိုင်နေတဲ့ ရေနံကုန်းရွာသားတွေကို ဘုကြည့်ကြည့်နေခဲ့ကြတယ်။ ဒါကိုမြင်တဲ့ ဦးချက်စူက ဆူဖြိုးနေတဲ့လက်ကြွက်ကင် တစ်ကောင်ကို ခုတ်ထစ်ပြီးအနားကိုယူလာကာ

“ တိုက်မောင်း… ငါ့ကိုသနားရင် ပြဿနာမရှာပါ နဲ့လားကွာ၊ ရော့ ဒါကမင်းတို့အဖွဲ့အတွက် ငါ့လက်ဆောင်”

“ ဦးလေးချက်စူက ကျုပ်တို့ကို ထစ်ခနဲရှိ ပြဿနာရှာမယ့်သူတွေလို့ထင်နေတာပဲ၊ ကျုပ်တို့က ကိုယ့်စည်းကိုယ့်ဘောင်နဲ့နေတဲ့သူတွေပါ၊ ကျုပ်တို့ကိုမထိရင် ကျုပ်တို့ကလဲ ဘယ်သူ့ကိုမှ မထိဘူး”

“ အေးပါ… ငါသိပါတယ်၊ ဟေ့ကောင်တွေ မင်းတို့လဲ တိုက်မောင်းကို မမြှောက်ပေးနေကြနဲ့ ကြားလား”

ဦးချက်စူက တိုက်မောင်းဘေးမှာရှိနေကြတဲ့ သူတွေကို လေသံမာမာနဲ့ပြောပြီး ထန်းတဲထဲကို ပြန်ဝင်သွားခဲ့တယ်။ ထိုစဉ် မလှမ်းမကမ်းမှာရှိတဲ့ ထန်းရည်ဝိုင်းက လူတစ်ယောက်က အပေါ့သွားဖို့ တိုက်မောင်းတို့ဝိုင်းနားကနေ ဖြတ်လာစဉ် ပေါက်ကျော်ရဲ့ ခြေထောက်ကိုအမှတ်မထင် တိုက်မိသွားခဲ့တယ်။

“ ဟေ့ကောင် မင်းမမြင်ဖူးလား.. စောက်လုံးကန်းနေလား ဟမ့်”

“ အာ… တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် မမြင်လိုက်လို့ပါ.. တကယ်တောင်းပန်ပါတယ်ဗျာ”

“ ရပါတယ် ကောင်လေးရ… ပေါက်ကျော် မင်းလဲ တော်တော့၊ ဟိုက မမြင်လို့ တိုက်မိတာလို့ တောင်းပန်နေပြီပဲ”

အခြားဝိုင်းက‌လူတွေကတော့ ပြဿနာတက်မယ်လို့ ထင်ထားပေမယ့် အခုလို ပြေပြေလည်လည်ပြီး သွားတော့ ခါးကြားထဲ ထိုးထားတဲ့ ဖိနပ်တွေကို ပြန်ချကာ ထန်းရည်ပြန်သောက်နေခဲ့ကြတယ်။

“ တိုက်မောင်း… မင်းက လယ်ကြွက်တစ်ကောင်နဲ့ ရွာခံလူမိုက်ဆိုတဲ့ဂုဏ်ကိုလဲချင်တာလား၊ ဒီကောင်က ငါ့ကိုတမင်ဝင်တိုက်သွားတာကွ”

“ ပေါက်ကျော်… လူမိုက်ဆိုတာ ကြိုက်သလိုဆိုးလို့ ရတယ်၊ ရမ်းလို့ရတယ်၊ ဒါပေမယ့် တမင်သက်သက်လုပ်တာနဲ့ မတော်တဆဖြစ်တာကို ခွဲခြားတတ်ဖို့လိုတယ်ကွ၊ အခုမင်းဟာက လူမိုက်နဲ့ မတူဘူး ခွေးရူးနဲ့တူနေတယ်၊ မင်းငါ့ကို စော်ကားတာ ဒါနောက်ဆုံးဖြစ်ပစေ”

တိုက်မောင်းက ထန်းရည်ခွက်ကို ဆတ်ခနဲမော့ချလိုက်ပြီး ထန်းတောအပြင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

“ ဟေ့ တိုက်မောင်း… ဘယ်သွားမလို့လဲကွ”

ကြက်တစ်ကောင်ကိုပိုက်ပြီး လမ်းလျောက်လာတဲ့ ကိုဖိုးခွေးတို့အဖွဲ့က လှမ်းနှုတ်ဆက်တာမို့ တိုက်မောင်က ရွာထဲကိုလက်ညိုးထိုးပြကာ

“ ရွာထဲပြန်မလို့‌ဗျ… ကိုဖိုးခွေးတို့က ဘယ်လဲ”

“ ချောင်းကလေးကွင်းမှာ ကြက်ပွဲရှိလို့ကွ၊ ဒီပွဲမှာ တိုက်တိုင်းအောင်ကိုပွဲထုတ်မလို့လေ”

“ ဒီကောင်လဲကောင်းပါတယ်.. ကြေးကဘယ်လောက်ခေါ်ထားလဲဗျ”

“ ငါးထောင် တစ်သောင်းလောက်တော့ မှန်းထားတယ်၊ မင်းရောစပ်တူပါမလို့လား”

“ ကျုပ်မှာပိုက်ဆံမရှိဘူးလေ… လိုက်ဆိုရင်တော့ လိုက်ခဲ့ပေးမယ်”

“ မင်းပါတော့ပိုကောင်းတာပေါ့ကွာ… ဒါနဲ့ ပေါက်ကျော်တို့လဲမတွေ့ပါလား”

“ ဒီကောင်တွေ ထန်းတောထဲမှာ ပြဿနာရှာနေရောပေါ့”

“ ဒါဖြင့်လဲ မခေါ်တော့ပါဘူး.. ကဲ သွားကြရအောင်”

တိုက်မောင်းတို့ ကြက်ပွဲထဲရောက်တော့ လူကအတော်စုံနေပြီမို့ အချိန်မဆွဲတော့ပဲ တိုက်တိုင်းအောင်ကို လုပ်ပေးသင့်တာ လုပ်ပေးပြီး တည်ပေးလိုက်တယ်။

“ တိုက်တိုင်းအောင်ကွ… လုပ်ထားစမ်း”

“ ရန်မျိုးအောင်တဲ့ဟေ့… ကြိတ်ထားစမ်း ဖေ့သားကြီး”

နှစ်ဖက်ကြက်ဆွဲတွေရဲ့ လက်သီးလက်မောင်းတန်းပြီး အားပေးသံ၊ ဘေးကနေ လောင်းကြေးတင်ထားကြတဲ့သူတွေရဲ့ အားပေးသံတွေက ကွင်းတစ်ခုလုံး ဆူညံနေခဲ့တယ်။

ဒီလိုနဲ့ တတိယအချီလောက်အရောက်မှာတော့ တိုက်တိုင်းအောင်က ရန်မျိုးအောင်ရဲ့ နားစကို ဆွဲလိမ်ပြီး ခွပ်ချလိုက်ရာ ဟိုကောင်ခဗျာ အော်ပြီးစည်းအပြင်ဘက်ကိုပြေးပါလေရော။

ကြက်ပွဲမှာက ထွက်ပြေးတဲ့ကြက်ကအရှုံးဆိုတော့ ကိုဖိုးခွေးတို့အနိုင်ရပြီးလောင်းကြေးငွေတွေလဲ မြိုးမြိုးမြက်မြက်ရလိုက်ကြတယ်။

“ ဒါကမင်းအတွက် ထန်းရည်ဖိုး”

“ မယူပါဘူးဗျာ… ကျုပ်က ပျင်းနေတာမို့ လိုက်လာပေးတာပဲရှိတာ”

“ ယူပါကွ… မင်းအတွက်မဟုတ်ရင်တောင် မင်းအမေအတွက် တစ်ခုခုဝယ်သွားလို့ရတာပေါ့”

“ ဟုတ်သားပဲ တိုက်မောင်းရာ… ယူလိုက်ပါကွ”

“ ဒါဆိုလဲပြီးရောဗျာ…”

တိုက်မောင်းက နိုင်ကြွေငွေအချို့ကိုယူပြီး အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ကိုချက်စူ ထန်းတောနားကိုရောက်တော့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာကြောင့် ဘာများဖြစ်လဲဆိုပြီးကြည့် လိုက်ရာ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပေါက်ကျော်နဲ့ မြင့်စိုးကိုမြင်လိုက်ရတယ်။

“ ဒါ ဒါက ဘယ်လိုဖြစ်တာလဲ၊ ဦးလေးချက်စူ ဒါကဘယ်လိုဖြစ်တာလဲလို့”

“ ငါလဲအော်သံကြားလို့ ထွက်ကြည့်တော့ နှစ်ယောက်လုံးအသက်ငင်နေပြီ”

“ သူတို့ကို ဘယ်ကောင်ဓါးနဲ့ထိုးသွားတာလဲ သိလား”

တိုက်မောင်းအသံက ဒေါသကြောင့် မာထန်နေသလို အသားတွေက တဆတ်ဆတ်တုန်ခါနေခဲ့တယ်။

“ ကိုတိုက်မောင်း…”

“ ဘာလဲကွ”

“ ပေါက်ကျော်တို့ကို ဓါးနဲ့ထိုးသွားတဲ့လူက သူ့ကို ခလုပ်တိုက်သွားတဲ့သူပဲ”

“ ဘာ… ဒီကောင်တွေကို ပြဿနာမရှာဖို့ အတန်တန်ပြောထားခဲ့တာကိုကွာ”

“ မဟုတ်ဘူး ကိုတိုက်မောင်း… ပေါက်ကျော်တို့က သူတို့ဘာသာထန်းရည်သောက်နေတာ၊ ဒါကို ဟိုကောင်က အပေါ့သွားပြီးအပြန် နှုတ်ဆက်သလို ဘာလိုနဲ့ ဓါးနဲ့ဝင်ထိုးသွာတာပဲ”

“ ဟေ့ကောင် ကျော်ဝင်း… မင်းက ဘယ်လိုအတိအကျသိနေတာလဲ”

“ အာ… ကိုတိုက်မောင်းတို့ အနောက်ဝိုင်းမှာ ကျွန်တော်နဲ့ မောင်ကြွက်ထိုင်နေတာလေဗျာ၊ အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားတာ၊ နောက်ပြီး ဒီကောင်တွေက နှစ်ယောက်ထဲလာတာနော်”

“ သူတို့ကဘယ်ရွာကလဲဆိုတာသိလား”

“ အဲဒါတော့မသိဘူး…”

“ တောက်စ်… ဒါက ငါမရှိလို့ ဖြစ်ရတာကွ၊ မင်းတို့ဘယ်ကကောင်ဆိုတာသိတာနဲ့ အရေခွံခွာပြီး မီးကင်ပစ်မယ်”

တိုက်မောင်းက ဒေါသတစ်ကြီးကြိမ်းဝါးရင်း ပေါက်ကျော်တို့အလောင်းနားထိုင်နေတဲ့အချိန်

“ ပေါက်ကျော်တို့ကိုသတ်သွားတဲ့သူတွေကို ဂျီဝါးရွာမှာမြင်ဖူးတယ်”ဆိုတဲ့အသံကိုကြားလိုက် ရတယ်။

“ သူတို့က ဂျီဝါးရွာကဆိုတာ သေချာလား”

“ သေချာတယ်လို့အတပ်မပြောနိုင်ပေမယ့် ဂျီဝါးရွာဘက်သွားတဲ့အခါတိုင်း သူတို့ကို ရွာထိပ်က ထန်းတောမှာမြင်နေကြဗျ”

“ မင်းက ရေနံကုန်းရွာကမဟုတ်လား”

“ ဟုတ်ပါတယ်… ကိုတိုက်မောင်းတို့ ဘေးက ဝိုင်းမှာ ကျွန်တော်တို့ထိုင်နေတာပါ”

“ ဂျီဝါးရွာက ကောင်တွေကများ ငါ့ရွာထိလာပြီး ငါ့သူငယ်ချင်းတွေကိုသတ်သွားရတယ်လို့ကွာ”

တိုက်မောင်းက အံကိုခပ်တင်းတင်းကြိတ်ပြီး ထန်းတောထဲကနေ ပြန်ထွက်သွားခဲ့လိုက်တယ်။ အဲဒီနေ့ကစပြီး တိုက်မောင်းတစ်ယောက် ဘယ်မှ မသွားတော့ပဲ ငှက်ကြီးတောင်ဓါးကိုသာ မြနေအောင် သွေးနေလေတော့တယ်။

++++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်လလောက်အကြာမှာတော့ တိုက်မောင်းဆီကို ကိုဖိုးခွေးရောက်ချလာခဲ့တယ်။

“ တိုက်မောင်း… မင်း ရေနံကုန်းရွာက‌အကြောင်း သိပြီးပြီလား”

“ ဘာအကြောင်းလဲဗျ”

“ မင်းကို လူသတ်တဲ့ကောင် ဘယ်မှာနေတယ်ဆိုတာ ပြောပြခဲ့တဲ့ ရေနံကုန်းရွာသားလေ မှတ်မိတယ် မဟုတ်လား”

“ မှတ်မိတယ်လေ ဘာဖြစ်လို့လဲ”

“ အဲဒီကောင် မနေ့ညက ဓါးထိုးခံရလို့သေပြီတဲ့”

“ ဗျာ… ဘယ်မှာဖြစ်တာလဲကိုဖိုးခွေး”

“ သူ့အိမ်ရှေ့မှာပဲဖြစ်တာတဲ့… ညဘက်ပူလို့ ကွပ်ပြစ်မှာဆင်းအိပ်တဲ့အချိန် ဓါးနဲ့လာဝင် ထိုးသွားတယ်ပြောတယ်”

“ ဘယ်သူထိုးတယ်ဆိုတာ သိရပြီလား”

“ တရားခံကိုအခုထိမမိသေးဘူးတဲ့”

“ အခုလိုလာပြောတာ ကျေးဇူးတင်ပါတယ်ကိုဖိုးခွေး၊ ဒါနဲ့ဘယ်အမေဘေးကများ ခိုးကြောင်ခိုးဝှက်လိုက်သတ်နေလဲမသိဘူး”

“ မင်းလဲသတိထားဦး…ကြားလား”

“ သတိထားပါတယ်…ဒီကောင် ကျုပ်ဆီကိုလဲ တစ်ချိန်ချိန်လာမယ်ဆိုတာ သိနေတယ်”

‌တိုက်မောင်းက အိမ်နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ကြည့်ရင်း မေးကြောတွေ ထောင်လာတဲ့ထိ အံကိုကြိတ်ထားလိုက်တယ်။

“တိုက်မောင်း… နင်ဘာတွေလုပ်ဖို့ကြံနေတာလဲ”

အနောက်ကနေ ရုတ်တရက်ထွက်လာတဲ့အသံကြောင့် တိုက်မောင်း လှည့်ကြည့်လိုက်ရာ ဘုရားဆွမ်းတော်ပန်းကန်ကို ကိုင်ထားတဲ့မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဘာမှမကြံပါဘူး”

“ ဟဲ့အကောင် နင်ကို ငါမွေးထားတာ၊ နင်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲသိတယ်”

“ သိလဲ ပြောမနေပါနဲ့တော့အမေရာ.. ဘုရားဆွမ်းကပ်မယ်ဆိုလဲကပ်ပါတော့”

“ တိုက်မောင်း ငါတစ်ခါထဲပြောထားမယ်နော်၊ နင် ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တာနဲ့ နံရံမှာထိုးထားတဲ့ ဓါးကို ငါ့ဗိုက်ထဲထိုးသွင်းလိုက်မယ်”

“ အမေရာ.. ဘာတွေလျောက်ပြောနေတာလဲ၊ ဘုရားဆွမ်းကပ်စရာရှိကပ်ပါဗျာ”

ဒေါ်တင်မေက တိုက်မောင်းကို မျက်စောင်းထိုးကာကြည့်လိုက်ပြီး ဘုရားဆွမ်းကပ်ရန်ထွက်သွားခဲ့လိုက်တယ်။

++++++

“ ဝုတ် ဝုတ် ဝုတ်”

ရုတ်တရက်ထွက်ပေါ်လာတဲ့ ခွေးဟောင်သံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ တိုက်မောင်းတစ်ယောက် ဆတ်ခနဲ ထထိုင်လိုက်တယ်။

“ ခွေးတွေက အိမ်နားတစ်ဝိုက်မှာ ဟောင်နေပါလား၊ ဘာများဖြစ်လို့ပါလိမ့်”

တိုက်မောင်းက စိတ်ထဲကရေရွတ်ပြီး အိမ်နံရံပေါက်ကနေချောင်းကြည့်လိုက်ရာ အမှောင်ထုထဲမှာ လှုပ်ရှားနေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။ အဆိုပါလူရိပ်က ခြံစည်းရိုးနားလဲရောက်ရော အနားမှာရှိတဲ့သစ်ပင်ပေါ်ကနေတစ်ဆင့် ခြံထဲကို ကျော်ဝင်လာခဲ့တယ်။

အဲဒီအချိန်မှာတော့ တိုက်မောင်းက နံရံမှာချိတ်ထားတဲ့ ဓါးကိုအသာဖြုတ်ယူပြီး တံခါးမကြီးနားမှာပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေတဲ့အချိန်

“ တိုက်မောင်း… နင် ဓါးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ” ဆိုတဲ့‌အသံထွက်လာခဲ့တယ်။

အသံလဲကြားရော ခြံထဲဝင်လာတဲ့လူက ခြံပြင်ကိုထွက်ပြေးသွားတာကြောင့် တိုက်မောင်း တောက်တစ်ချက်ခတ်လိုက်ပြီး

“ အမေအသံကြားလို့ ဟိုကောင်ထွက်ပြေးသွားပြီဗျ”

“ ဘယ်ကောင်လဲ… အိမ်ကိုသူခိုးကပ်လို့များလား”

“ သူခိုးလား ဓါးပြလားတော့မပြောတတ်ဘူး၊ အခုတော့ အမေအသံကြောင့် လွတ်သွားပြီ”

“ ကဲကဲ… စိတ်လျော့ပြီး အိပ်လိုက်တော့၊ အမေ အိမ်တံခါးတွေကို သေချာပိတ်ထားပါတယ်”

“ ကျုပ်ကအမေမျက်နှာကြောင့် ထင်တိုင်းမကျဲသေးတာနော်”

“ အေးပါ… စိတ်လျော့လိုက်တော့နော်”

တိုက်မောင်းလဲ မိခင်ဖြစ်သူစကားကြောင့် ဓါးကို နံရံမှာပြန်ထိုးပြီး အိပ်ယာထဲပြန်ဝင်ခဲ့လိုက်တယ်။

+++++++

“ ရှပ် ရှပ် ရှပ်”

ဇရပ်ဘေးကနေ ထွက်ပေါ်လာတဲ့ ခြေသံကြောင့် အိပ်ပျော်နေတဲ့ ဖိုးကတုံးတစ်ယောက် လေးခွကိုဆတ်ခနဲဆွဲယူကာ ထထိုင်လိုက်တယ်။

“ ဖိုးကတုံး ဘာဖြစ်လို့လဲ”

“ ခြေသံကြားလို့ဆရာ… ဇရပ်နားကို လူကပ်တဲ့အသံပဲ”

အောင်မြတ်သာလဲ ဖိုးကတုံးစကားကြောင့် ဇရပ်လက်တန်းပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အချိန် အမှောင်ထုထဲကနေ ဖြတ်ပြေးသွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ ဖောက်… ဖောက်…”

“ အား….”

ဖိုးကတုံးရဲ့လက်သံနဲ့အတူ နာကျင်စွာအော်ဟစ်လိုက်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ပါနိုးလာပြီး အသံကြားတဲ့ ဘက်ကိုကြည့်လိုက်ရာ လူတစ်ယောက် မြေကြီးပေါ်လူးလိမ့်နေတာဝိုးတဝါး မြင်လိုက်ရတယ်။

“ ဟေ့… မင်းဘယ်သူလဲ”

မောင်စမက အသံပေးပြီး ဇရပ်ပေါ်က ဆင်းသွားတဲ့အချိန် ညဉ်းညူနေတဲ့သူဆီကနေ လက်ခနဲအရာတစ်ခုထွက်လာခဲ့တယ်။

“ ရွှပ်”

“ အာ့… ဒီကောင်မှာဓါးပါတယ်ဟေ့”

မောင်စမက လက်မောင်းကို အခြားလက်နဲ့ဖိရင်း အော်ပြောလိုက်ပေမယ့် ဖိုးကတုံး၊ မောင်ကောင်းနဲ့ ခွန်းလှတို့က ကြောက်ရွံ့ဟန်မပြပဲ ဝုန်းခနဲ ခုန်ဆင်းသွားခဲ့တယ်။

“ ဟေ့လူ… လက်ထဲက ဓါးကိုချလိုက်စမ်း၊ မချရင် ကျုပ်ပစ်မှာနော်”

“ ဖိုးကတုံး အနားမကပ်နဲ့… ဒီကောင်က သူခိုးလား၊ ဓါးပြလားမသိသေးဘူးဟ”

အဲဒီအချိန် ဇရပ်ပေါ်မှာရှိနေတဲ့ အောင်မြတ်သာ ဆင်းလာပြီး

“ ဒီအချိန်ကြီး ဓါးတစ်ချောင်းနဲ့လိုက်သွားနေပုံ ထောက်ရင် လူကောင်းတော့မဖြစ်နိုင်ဘူး”

“ လူကောင်းမဟုတ်ရင် ပစ်ထည့်လိုက်ရမလားဆရာ”

“ ခဏနေပါဦး ဖိုးကတုံးရယ်၊ သူဘာပြောလဲ အရင် နားထောင်ရအောင်”

“ ဟေ့ကောင် မေးနေတာ မကြားဘူးလား၊ မြန်မြန်ဖြေစမ်း”

ခွန်းလှက အနားမှာရှိတဲ့ ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ကာရွယ်ရင်းမေးလိုက်တော့မှ

“ ကျုပ်က ဟိုဘက်ရွာမှာနေပါတယ်၊ ဒီအချိန်ကြီး အဖေနေမကောင်းဖြစ်လို့ ဆေးဆရာလာပင့်တာပါ”

“ ဆေးဆရာလာပင့်တာကလဲ ဓါးနဲ့ပါလား၊ မဟုတ်မှလွဲရော ဆေးဆရာရဲ့လည်ပင်းကို ဓါးနဲ့ထောက်ပြီး ခေါ်မလို့လားကွ”

“ တကယ်ပြောတာပါ၊ ညရေးညတာ တစ်ယောက်ထဲ လာတာဆိုတော့ လိုကာမယ်ကာ ဆောင်ခဲ့တာပါ”

“ မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့… ခွန်းလှရေ ဒီကောင် အမှန်တိုင်းမပြောလို့ကတော့ ညိုသကျဉ်းကို ခဲနဲ့ထုပစ်လိုက်”

မောင်စမစကားကြောင့် ခွန်းလှက ခဲနဲ့ထုမယ့်ဟန်ပြင်လိုက်ရာ

“ အမှန်တိုင်းပြောပါ့မယ်… ကျုပ် ကျုပ် လူတစ်ယောက်ကိုသတ်ဖို့ ထွက်လာတာပါ”

“ မင်းကဘာလို့ လူသတ်ချင်ရတာလဲ”

“ သူနဲ့ သူ့အပေါင်းအပါတွေက ကျုပ်ရဲ့အကိုကို အောက်ပိုင်းသေတဲ့အထိ ရိုက်ခဲ့ကြတယ်၊ အကိုကလဲ အဲဒီစိတ်နဲ့ ပြီးခဲ့တဲ့လကပဲ ဆုံးသွားခဲ့တယ်၊ ဒါကြောင့် ဒီလူတွေကို ပြန်သတ်ဖို့ ကြိုးစားခဲ့တာပဲ”

“ မင်းအဖြစ်ကလဲစိတ်မကောင်းစရာပဲ၊

ဒါပေမယ့်လူသတ်တာမကောင်းဘူး ဟေ့ကောင်ရ၊ သေရင်လဲ ငရဲရောက်မှာ၊ မသေခင်လဲ တစ်ဖက်နဲ့တစ်ဖက်အငြိုးအတေးတွေကြောင့် စိတ်ဆင်းရဲရမယ်ကွ”

“ ကျုပ်နားလည်ပါပြီ…နောက်လဲမလုပ်တော့ပါဘူး”

“ အေးအေး… နောက်တစ်ခါထပ်လုပ်ရင်လဲ မင်းထိုက်နဲ့မင်းကံပဲ၊ အခု မင်းကြောင့် ငါ့လက်မောင်းရှပ်ထိသွားတာကို တာဝန်ယူရမယ်”

“ ဘယ်လိုတာဝန်ယူမလဲဆိုတာပြောပါ၊ ကျုပ်မနက်မိုးလင်းတာနဲ့ ဖြစ်အောင်လုပ်ပေးပါ့မယ်”

“ အင်း… မင်းအနေနဲ့လုပ်ရမှာက ဒီနေရာမှာ ခဏအိပ်လိုက်ဖို့ပဲ”

မောင်စမက စကားစမြည်ပြောနေရင်း ပါးစောင်ကိုခွပ်ခနဲထိုးချလိုက်ရာ ဓါးကိုင်ထားတဲ့လူ ပျော့ခွေကာသတိလစ်သွားခဲ့တယ်။

“ ဆရာ… ဒီကောင်နောက်မလုပ်ဘူးလို့ပြောတာကို ယုံလား”

“ သူ့မျက်လုံးတွေကိုကကြည့်တာနဲ့သိတယ်လေ၊ ဒါကြောင့် ဘာမှဝင်မပြောတာ”

“ အခု ဒီကောင်ကို ဘယ်လိုလုပ်မလဲဆရာ”

“ မှတ်လောက်အောင်ဆုံးမပြီးပြီဆိုတော့ ဇရပ်ပေါ်ခေါ်တင်လာခဲ့ပါ၊ သူသတိရလာမှ လိုတဲ့အရပ်ကိုသွားပစေ”

မောင်စမတို့လဲ သတိလစ်နေတဲ့သူကို ဇရပ်ပေါ်ခေါ်တင်ပြီးတိုင်မှာကြိုးနဲ့ချည်ထားလိုက်တယ်။ အဆိုပါလူက မနက်အရုဏ်တက်ချိန် ရောက်တဲ့တိုင် သတိမရသေးတာမို့ ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးပြီးထန်းလုံးဖြူရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။

+++++

အေးမြမြနှင်းငွေ့လေးတွေရဲ့ အထိတွေ့ကိုခံစားရင်း လမ်းလျောက်လာရင်းကနေ အောင်မြတ်သာက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး

“ မြဒင်တို့ရွာကတော့ လူဆိုးလူမိုက်တွေ အခုထိမလျော့သေးပါလား” လို့ရေရွတ်လိုက်ပါတော့တယ်။

ရွာထိပ်ရောက်တော့ ထန်းပင်လုံးတွေကို ထုံးဖြူဖြူတွေသုတ်ထားတာမြင်တော့ ဖိုးကတုံးက

“ ဆရာ… ထန်းပင်တွေကို ထုံးသုတ်ထားလို့ ဒီရွာကို ထန်းလုံးဖြူရွာလို့ခေါ်တာလား”

“ ဒီကောင် ပေါက်ပေါက်ရှာရှာမေးပြန်ပီ၊ ထန်းပင်ထုံးသုတ်တယ်ဆိုတာက သူ့အပင်ကိုယ့်အပင်မှတ်မိအောင်လုပ်ထားတာပါ၊ ထန်းလုံးဖြူရွာဆိုတာက ဘယ်ချိန်ထဲကခေါ်လဲ ငါလဲမသိဘူး”

“ ဖိုးကတုံး မင်းသိချင်ရင် ရွာထဲမှာတွေ့တဲ့လူကို မေးကြည့်ပေါ့ကွာ၊ ရွာခံတွေဆိုရင်တော့သိမှာပဲ”

“ ဟုတ်ပီ ရွာထဲရောက်ရင် မေးရမယ်”

အောင်မြတ်သာက ဖိုးကတုံးကိုကြည့်ပြီး သဘောကျစွာရယ်မောလိုက်ပါတော့တယ်။

+++++

အလင်းရောင်နုနုလေးတွေကျဆင်းနေတဲ့ နံနက်အချိန်ခါမှာတော့ ထန်းလုံးဖြူရွာလေးက လှုပ်ရှားကာအသက်ဝင်လာခဲ့တယ်။ မီးခိုးတလူလူ ထွက်နေတဲ့ မုန့်ဈေးဆိုင်တန်း‌တစ်ခုစီအရောက် မှာတော့ မောင်စမက

“ မြဒင်… မင်း မင်း ဘယ်လိုလုပ်ပြီး ဒီရွာကို ရောက်နေတာလဲ”

“ ဟေ့လူ… ခင်ဗျားကဘယ်သူလဲဗျ၊ ကျုပ်နာမည် မြဒင်မဟုတ်ဘူး လူမှားနေပြီ”

“ စမ… သူကမြဒင်မဟုတ်ဘူးလေ၊ သတိထားပါဦး”

အောင်မြတ်သာစကားကြားတော့ မောင်စမ သတိပြန်ဝင်သွားပြီး ဆွဲထားတဲ့လက်ကို လွှတ်ပေးလိုက်တယ်။

“ ဒီလူတွေ ရူးနေကြတာလား… ကြောင်တောင်တောင်နဲ့ကွာ”

“ ရှင် ရှင်တို့က မြဒင်ကို သိနေကြတာလား”

“ အမေ… သူတို့ကဘယ်သူတွေလဲ”

“ နင်အသာနေစမ်းပါ တိုက်မောင်းရယ်”

ဒေါ်မေတင်စကားကြောင့် အောင်မြတ်သာရှေ့တိုး လာပြီး

“ သင်က မြဒင်ရဲ့ ဇနီးလား”

“ ဟုတ်ပါတယ်…ဒါနဲ့ မင်းတို့က သူ့ရဲ့အသိတွေလားဟင်”

“ ဒီကောင်လေးက မြဒင်ရဲ့သားပေါ့၊ ဟားဟားဟား မြဒင်ရေ မင်းက ကိုယ်ပွားလေးထားခဲ့တာပါလား”

မောင်စမက တိုက်မောင်းကို ဓါးထိထားလို့ နာနေတဲ့လက်နဲ့ခပ်တင်းတင်းပွေ့ဖက်ထားလိုက်‌

တယ်။

“ ဟေ့လူ ကျုပ်ကိုလွှတ်စမ်း… အမေ ဒီလူတွေက ဘယ်သူတွေလဲ”

“ မင်းနားလည်အောင် အမေ အိမ်ရောက်မှ ရှင်းပြမယ်၊ ဒီက ဧည့်သည်တွေလဲ အိမ်ကိုလိုက်ခဲ့ကြပါ”

ဒေါ်မေတင်ရဲ့စကားကြောင့် တိုက်မောင်းက ဘာမှနားမလည်တဲ့ဟန်နဲ့နောက်ကနေ လိုက်ပါလာခဲ့တယ်။ အိမ်ရောက်တော့ ဒေါ်မေတင်က အောင်မြတ်သာတို့ကိုကြည့်ပြီး

“ ကိုမြဒင် ထောင်ကလွတ်လာပြီး ရွာကိုပြန်ရောက်တော့ သူအတော်ပြောင်းလဲသွားတယ်၊ အမြဲတမ်း အင်းဆွဲ၊ အင်းသောက်ပဲလုပ်နေခဲ့တာ၊ အဲဒီချိန် ကိုမြဒင်ရဲ့အဖွားကလဲမရှိတော့တာမို့ အကိုကြီးဘသန်း(မြဒင်ရဲ့ဆိုးဖော်‌ဆိုးဖက်သူငယ်ချင်း)က ကျွန်မနဲ့အိမ်ထောင်ချပေးခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးရက်ပိုင်းလောက်အကြာမှာပဲ သူရွာကနေ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့တာ အခုထိပါပဲရှင်၊ သူ သူအသက်ရှင်လျက်ရှိနေသေးလားဆိုတာ ပြောပြပါဦး”

(မြဒင်နောက်ကြောင်းရာဇဝင်တွေကိုတော့ အောင်မြတ်သာနှင့်မောင်းတစ်လုံးမြဒင်၊ အောင်မြတ်သာနှင့်နရသိန်ဝင်ပေါက်၊ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဆိုတဲ့ဝတ္တုတွေ မှာဖတ်ရှုနိုင်ပါတယ်)

“ သူကအခု လူ့လောကမှာမရှိတော့ပါဘူး၊ ဒါပေမယ့် တစ်ချိန်ချိန် ဒီအရပ်ဒေသကို သူပြန်ရောက်လာပါလိမ့်မယ်”

“ အမေ ပြောတော့ အဖေက ကျုပ်ငယ်ငယ်လေးထဲက ဆုံးသွားတာဆို”

တိုက်မောင်းစကားကို ဒေါ်မေတင် ဘာမှပြန်မဖြေပဲ အိမ်ခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ယွန်းသေတ္တာတစ်လုံးကို ထုတ်ယူလာပြီး

“ သူမထွက်သွားခင် တစ်ရက်အလိုမှာ ကျွန်မကိုပေးသွားခဲ့တဲ့သေတ္တာလေးပါ၊ အထဲမှာတော့ သူဆွဲလက်စအင်းအချို့ရှိနေပါတယ်”

အောင်မြတ်သာလဲ ဒေါ်မေတင်ပေးတဲ့ ယွန်းသေတ္တာဘူးကိုဖွင့်ကြည့်လိုက်ရာ ဆွဲလက်စ အင်းအချို့နဲ့ ရေးဆွဲထားပြီးသား အင်းစမတွေကို မြင်တွေ့လိုက်ရတယ်။

“ ဒီအကြောင်းတွေကို သားဖြစ်သူမသိခဲ့ဘူးလား”

“ သူ့အဖေအကြောင်း ဘာမှမသိခဲ့ပါဘူး၊ ကျွန်မ ကိုယ်တိုင်ကလဲ မပြောပြခဲ့ဘူးလေ”

“ ဘာကြောင့်မပြောပြခဲ့တာလဲ… ဒီရွာမှာ မြဒင် ဘယ်လိုကူညီခဲ့တာ ဒေါ်မေတင် အသိဆုံးပဲမဟုတ်လား”

“ ကျွန်မပြောပြလိုက်ရင် သူ့အဖေလို အနားကနေ ထွက်ခွာသွားမှာစိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် ငယ်ငယ် လေးထဲက အနားမှာပဲရှိအောင် အလိုလိုက်ခဲ့မိတာ”

ဒေါ်မေတင်စကားကြောင့် တိုက်မောင်းက မျက်လုံးကိုခပ်တင်းတင်းမှိတ်ပြီး အိမ်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်။

“ တိုက်မောင်း… မင်းအဖေကို မြင်ဖူးချင်လား”

“ ဘယ်လိုပြောလိုက်တာလဲဗျာ… ကိုယ့်အဖေကိုယ် မမြင်ဖူးချင်တဲ့သူရှိပါ့မလား”

“ ရှိပါတယ်.. ကျွန်တော်ဆို အဖေကိုမမြင်ချင်ဘူး”

“ ဖိုးကတုံး တိတ်တိတ်နေစမ်း… မောင်ကောင်း ဒီကောင်ကို အိမ်အောက်ခေါ်သွားလိုက်တော့”

အောင်မြတ်သာ စကားကြောင့် မောင်ကောင်းက ဖိုးကတုံးကိုခေါ်ကာ ခြံအောက်ဆင်းသွားခဲ့တယ်။ အဲဒီအချိန်

“ ကျုပ်အဖေကိုမြင်ရဖို့ ဘာလုပ်ရမလဲ”

“ မင်းမြင်ချင်ရင် ငါတို့ခိုင်းတဲ့အတိုင်းလုပ်ရမယ်”

“ ဘာလုပ်ရမလဲဆိုတာကိုသာပြောပါ၊ ကျုပ်ယောင်္ကျားဗျ မလုပ်နိုင်ဘူးဆိုတာမရှိဘူး”

“ မြဒင်အသေးစားလေးပဲဟေ့”

မောင်စမက သဘောကျစွာပြောရင်း လက်ခုပ်ထတီးပါလေရော။

“ မင်းအနေနဲ့ ခုနှစ်ရက် သီလစောင့်တည်ရမယ်၊ သက်သက်လွတ်စားရမယ်၊ လုပ်နိုင်လား”

“ တစ်ခုတော့ရှိတယ်ဗျ၊ ဒီရက်ပိုင်း ကျုပ်ကိုသတ်ဖို့ ကြံစည်နေတဲ့ကောင် တစ်ကောင်ရှိနေတယ်၊ ကျုပ်သီလစောင့်နေတဲ့အချိန် သူလာရင် ဘယ်လိုလုပ်မလဲ”

“ ငါတို့ရှိနေသမျှကာလပတ်လုံး ဘယ်သူမှ မင်းကို လက်ဖျားနဲ့မထိစေရဘူး”

“ ဒါဆိုလုပ်မယ်ဗျာ… ရှုပ်ပါတယ် ဒီနေ့ကစပြီး လုပ်မယ်”

“ မင်းစိတ်အားထက်သန်နေတယ်ဆိုရင်တော့ လုပ်ပါ၊ အခု တစ်ကိုယ်လုံးကို တရော်ကင်မွန်းနဲ့ဆေးကြောပြီး ပြန်လာခဲ့”

တိုက်မောင်းထွက်သွားတော့ မောင်စမက အိမ်အောက်မှာရှိတဲ့ ဖိုးကတုံးဆီဆင်းသွားပြီး

“ ဖိုးကတုံး… မင်းဘာလို့ အဖေလုပ်သူကိုမတွေ့ချင်ရတာလဲ”

“ ဆရာစဉ်းစားကြည့်လေ… အမေဆုံးတာ နှစ်လမပြည့်သေးဘူး မိထွေး‌ကိုအိမ်ခေါ်လာတယ်၊ မိထွေးမှာပါလာတဲ့ကလေးတွေကိုတော့ ဂရုစိုက်ပြီး သားအရင်းဖြစ်တဲ့ ကျွန်တော်ကိုကျ နွားတင်းကုတ်မှာပေးအိပ်တယ်၊ ဒီလိုအဖေမျိုးဆို ဆရာရောတွေ့ချင်ပါ့မလား”

“ မင်းပြောတာလဲမှန်တာပဲကွ၊ ငါဆိုလဲ အသံတောင် ကြားချင်မှာမဟုတ်ဘူး”

“ ကျွန်တော်ပြောချင်တာလဲအဲဒါပဲဗျ”

ဖိုးကတုံးရဲ့ချက်ကျလက်ကျပြောတဲ့စကားကြောင့် မောင်စမ ဘာမှဆက်မပြောနိုင်တော့ပဲ အိမ်ပေါ် ပြန်တက်လာခဲ့လိုက်တယ်။

+++++

အောင်မြတ်သာလဲ တိုက်မောင်းကို သီလဆောက်တည်တဲ့အချိန် ပြုမူနေထိုင်ရမယ့် အခြေခံသဘောတရားတွေကို သင်ပြပေးပြီး စည်းရုံးခဲ့တယ်။

နှစ်ပေါင်းများစွာ ထန်းရည်၊အရက်သောက်လာတဲ့ တိုက်မောင်းကတော့ ညနေရောက်တာနဲ့ လေချဉ်ပျို့တဲ့ပြဿနာကို စတင်ခံစားလာခဲ့ရပေမယ့် မာကျောတဲ့စိတ်ဓါတ်ကသာ အနိုင်ရခဲ့တယ်။

သုံးရက်မြောက်နေ့အရောက်မှာတော့ လေချဉ်ပျို့တာသက်သာလာပြီး ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ အလုံးစုံပျောက်ကင်းသွားခဲ့တယ်။

အောင်မြတ်သာလဲ ခုနှစ်ရက်ပြည့်တဲ့ညမှာ မျက်စိနှစ်လုံးကို ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကပ်ပြီး အမြင်ဖွင့်စေခဲ့တယ်။

“ တိုက်မောင်း… အာရုံထဲမှာ မြင်ရတာပြောပါ၊ အခုဘာမြင်ရလဲ”

“ ဘာမှမမြင်ရသေးဘူး”

“ တစ်ဖြေးဖြေးနဲ့မြင်လာလိမ့်မယ်၊အာရုံစိုက်ထား”

“ မြူခိုးတွေလိုအရာတွေပေါ်လာတယ်၊ ကျုပ်က အပေါ်စီးကနေကြည့်နေရသလိုပဲဗျ”

“ ဟုတ်တယ်.. မင်းစိတ်က အဲဒီထဲကိုဝင်လို့မရဘူး၊ ဒါကြောင့်အမြင်ပဲဖွင့်ထားပေးတာ၊ နောက်ထပ်ဘာမြင်ရသေးလဲ”

“ လူတစ်ယောက်ပြေးနေတယ်၊ သူ့အနောက်မှာ ခွေးနက်ကြီးတွေလိုက်နေတယ်”

“ ဟုတ်ပြီ ဆက်ကြည့်ထား၊ ဘာမြင်ရသေးလဲ”

“ သူလဲကျသွားတယ်… ခွေးနက်ကြီးက သူ့ကိုခုန်အုပ်ပြီးကိုက်တော့မယ်ဗျ၊ ဟင် လုံချည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက်ရောက်လာပြီး ခွေးနက်ကြီးကို ကန်ထုတ်လိုက်တယ်”

“ သူ့မျက်နှာကိုမြင်ရလား”

“ သေချာမမြင်ရသေးဘူး… ဟင်… ကျုပ်နဲ့ တစ်ပုံစံထဲတူနေပါလား၊ အဲဒါ ကျုပ်အဖေလား”

“ နောက်ထပ်ဘာမြင်ရသေးလဲပြောပါဦး”

“ အဲဒီလူက ဆံပင်ဖားလျားချထားတဲ့လူကို ဒူးထောက်ခိုင်းထားတယ်၊ ဟောဟော ဆံပင်ဖားလျားချထားတဲ့သူက မျက်နှာငယ်လေးနဲ့ တောင်းပန်နေသလိုပဲ”

တိုက်မောင်းစကားကြောင့် ခွန်းလှနဲ့ မောင်စမတို့ အချင်းချင်းကြည့်လိုက်ကြတယ်။

“ ဆံပင်ဖားလျားနဲ့သူ ဘာလုပ်နေလဲ”

“ ကျုပ်အဖေကို ကန်တော့နေတာဗျ၊ သူအတော်ကြောက်နေတဲ့ပုံပဲ၊ ဟင်..မြူခိုးတွေ အုံ့လာပြီ.. ဘာမှမမြင်ရတော့ဘူး”

“ ဒီလောက်ဆို မင်းအတွက်လုံလောက်ပါပြီ…”

အောင်မြတ်သာက ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကိုဆွဲဖယ်လိုက်ရာ တိုက်မောင်းအမြင်တွေမူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

“ မြဒင်က မကြာခင်အချိန်အတွင်း မင်းဆီပြန်လာလိမ့်မယ်၊ သူပြန်လာတဲ့အခါ မပြီးပြတ်သေးတဲ့ကိစ္စတစ်ခုကို ပြီးပြတ်အောင် လုပ်ဆောင်လိမ့်မယ်၊ သူပြန်ရောက်လာခဲ့ရင် နာမည်ကို မြဒင်လို့ပဲခေါ်ပေးပါ”

“ ကျုပ်ဆီဘယ်လိုပြန်လာမှာလဲ၊ အခုထိကျုပ်က ရည်းစားတောင်ထားဖူးသေးတာမဟုတ်ဘူး‌ဗျ”

“ ဖြစ်ချိန်တန်လာရင် သူ့အလိုလိုဖြစ်လာပါလိမ့်မယ်၊ မင်းအနေနဲ့ အရင်ကဆိုးခဲ့မိုက်ခဲ့တာတွေကို ထပ်မလုပ်ဖို့ပဲလိုတာ”

“ ကျုပ်စိတ်ကို အကောင်းဆုံးပြင်ဆင်ပြီးနေပါ့မယ်၊ ဒါကိုတော့ကတိပေးပါတယ်”

“ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ၊ ဒါနဲ့ သဘက်ခါညသန်းခေါင်အချိန် ခြံထဲကိုလူစိမ်းဝင် လိမ့်မယ်၊ သတိထားပါ”

“ ခင်ဗျားတို့က အဲဒီနေ့ထိ မနေတော့ဘူးလား”

“ နောင်တစ်ချိန် မြဒင်ပြန်လာတဲ့အခါ ကျုပ်တို့နဲ့ဆုံကြဦးမှာပါ၊ ဒါနဲ့ ကျုပ်ကို ကတိပေးထားတာ မမေ့နဲ့နော်”

“ စိတ်ချပါဗျ..ကျုပ်မမေ့ပါဘူး”

အောင်မြတ်သာလဲ တိုက်မောင်းပခုံးကိုဆုပ်ကိုင်ကာ အားပေးလိုက်ပြီး မြဒင်ရဲ့အငွေ့အသက်တွေကျန်ရှိ နေတဲ့ ယွန်းဘူးလေးကို ကိုင်ထားလိုက်တယ်။ အဲဒီအချိန်

“ တိုက်မောင်းရေ ဧည့်သည်တွေကို ထမင်းစားဖို့ ခေါ်ခဲ့ပါဦး” ဆိုတဲ့ ဒေါ်မေတင်ရဲ့အသံကို ကြားလိုက်ရတယ်။

+++++

နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့လဲ တိုက်မောင်းတို့သားမိကို နှုတ်ဆက်ပြီး ထန်းလုံးဖြူရွာကနေ

ပြန်လည်ထွက်ခွာခဲ့ကြတယ်။ ဆရာတပည့်တွေရဲ့နောက်မှာတော့

မြူခိုးတွေနဲ့အုပ်‌ဆိုင်းနေတဲ့ ထန်းလုံးဖြူရွာလေးကတော့ မှိန်ပြပြဖြင့်ကျန်ရစ်ခဲ့ပါတော့တယ်။

+++++

အောင်မြတ်သာတို့ဆရာတပည့်တွေအနေနဲ့ ထန်းလုံးဖြူရွာကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အစနောက်ကြမ်းတဲ့ရွာတစ်ရွာကို မထင်မှတ်ပဲ ရောက်လာခဲ့ကြတယ်။

အဲဒီရွာမှာကြုံတွေ့နေရတဲ့ ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ်တွေကို ဘယ်လိုကူညီပေးကြမလဲ၊ အဖွဲ့ထဲမှာ ပါလာတဲ့ ဖိုးကတုံးကရော ဘယ်လိုမွှေဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်စုန်းဖြူမရွာဆိုတဲ့ဝတ္တုမှာဖတ်ရှု ပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

23/09/2024

သီတင်းကျွတ်အမှီ ရည်းစားအလိုရှိသည်

19/09/2024

30ကပြည့်ဖို့ တစ်လလိုတော့တာ ချစ်သူက ဘယ်ဆီမှန်းမသိဘူး ရှာပေးကြပါအုံး

19/09/2024

အကောင့်မှာလာပြောလို့ရပါတယ်နော် ချစ်တို့ Page ကသိပ်မသုံးဖြစ်လို့ပါ

09/09/2024

ကျတ်ပြေးကုန်း ( စ / ဆုံး )
************************
ရေးသားသူ..ဇေယန(ရာမည)

နေပြည်တော်ကို တာ၀န်နဲ့ ခေတ္တလာရတဲ့အချိန် မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းအိမ်ကို ထွက်ခဲ့လိုက်တယ်။ သူနေတဲ့ အခန်းလည်း ရောက် ကော အခန်းတံခါးကြီးက ဟလို့..
"လူရှိလား.. မင်းထွန်းရှိလား"
"ဟေ့ ဘယ်သူလဲ.."
"ဟာ…အဘ မင်းထွန်းမရှိဘူးလား"
"မရှိဘူးကွဲ့ အပြင်သွားတယ်"
"အဘ ဒီရောက်နေတာလား"
"အေးကွ နေပြည်တော်စတည်ထဲကပေါ့ကွာ"
"ဟိုတစ်လော ကျွန်တော်လာတော့ အဘကို မတွေ့လို့"
"အဲဒါက ရန်ကုန်ခဏ သွားလည်တာ"
စကားစပ်မိစပ်ရာပြောနေတုန်း စကားက ပရလောကဘက်ကို ရောက်သွားတယ်။
"ဦးလေး ဒီနေရာမှာ အရင်က ကျတ်တွေနေတယ်ဆို အဲဒါသိရင်ပြောပြပါလား..."
"အေးကွ ငါသိသလောက်တော့ ပြောပြပေးမယ်.."

နေပြည်တော်တိုင်းဒေသကြီး စတင်မတည်ဆောက် မီ ယခုနေပြည်တော်နေရာ တွေဆိုတာ တောတွေ တောင်တွေ တောကောင်တွေ ကျက်စားရာ တော ခေါင်ခေါင် ဒေသတစ်ခုဖြစ်ခဲ့တယ်။ နိုင်ငံတော်အစိုးရရဲ့ အမိန့်ကြောင့် ဌာနဆိုင်ရာ ရုံးများအားလုံး နေပြည်တော်တွင် ဖွင့်လှစ်ဖို့ အတွက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ လမ်းအင်ဂျင်နီယာ တွေဟာ မြို့ပြရဲ့အရိပ်ကို စွန့်လွှတ်ပြီး တောင်တွေ
ဖြို ၊ တောတွေဖျက်ပြီး မြို့အသစ်တစ်ခုကို တည် ဆောက်ခဲ့ကြတယ်။
မြို့အသစ်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ လွယ်ကူ တဲ့အလုပ်မဟုတ်သလို အထပ်မြင့်တိုက်တွေ တည် ဆောက်နေစဉ်၊ လမ်းတွေဖောက်လုပ်နေစဉ် ရာသီ ဥတု ဒဏ်ကြောင့်သော်လည်းကောင်း၊ ငှက်ဖျား ကြောင့်သော်လည်းကောင်း မမျှော်လင့်တဲ့ မတော်တဆမှုတွေကြောင့် လူ့အသက်တွေ သေ ဆုံးခဲ့ကြရတယ်။
အများဆုံးကတော့ အလုပ်သမားတွေပေါ့..
အချိန်ကာလတစ်ခုရောက်တဲ့အချိန်မှာတော့ တောတွေ တောင်တွေနေရာမှာ အဆောက်အဦ
တွေ ရုံးသစ်တွေက နေရာယူလာကြခဲ့တယ်။
တစ်နိုင်ငံလုံးက၀န်ထမ်းတွေလည်းနေပြည်တော်ကို စတင်ပြောင်းရွှေ့ခဲ့ကြတယ်။
ယခင်က တောရွာလေးတွေသာ ရှိခဲ့တဲ့ နေရာမှာ ယခုလို ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦတွေ ရှိလာမယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူးလို့ ဒေသခံအဖိုးတစ်ယောက်က ပြောဖူးတယ်။
အဲဒါတွေ အသာထားလိုက်ဦးမယ် ..
စကားလမ်းကြောင်းလွဲသွားမှာစိုးလို့..
၀န်ထမ်းတွေပြောင်းရွှေ့လာကြတော့ ဦးထွန်းရီတို့ မိသားစုလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။
ဦးထွန်းရီသားက ဌာနတစ်ခုရဲ့ ယာဉ်မောင်း တစ်ယောက်။
သားကအလုပ်ရတော့ မိသားစုတွေပါ တိုက်ခန်း တစ်ခန်းရခဲ့တယ် ။
ဘေးကိုကြည့်လိုက်ရင်လည်း အရွယ်အစားတူ၊ အရောင်တူ တိုက်တွေက မျက်စိပသာဒကျစရာ… အဲဒီအထိကတော့ အဆင်ပြေနေသေးတယ်။
ရောက်ပြီး ၁ပတ်လောက်မှာ အဆင်မပြေမှုတွေက ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့တယ်။.....
ည ၁၀နာရီခန့်...
လမ်းတစ်လျှောက် အပ်ကျသံလောက်တောင် ကြားရအောင်တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်..
ဦးထွန်းရီတစ်ယောက် အိမ်ရှေ့က ၀ရန်တာလေး ဘေးမှာ ထိုင်ပြီး ဆေးပေါ့လိပ် ထိုင်ဖွာနေလိုက် တယ်။
လမ်းမပေါ်ကို ကြည့်လိုက်တော့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှမတွေ့ရ ..
ဆေးလိပ်ကို ဖွာရှိုက်လိုက်ပြီး လမ်းမပေါ်ကို ငေးနေချိန်...
စည်သံဗျောသံတွေက တိုက်ဘေးနား ဝါးတောထဲ က ထွက်လာခဲ့တယ်။
ဟင်.. ထူးဆန်းတယ်ကော
ပွဲလမ်းသဘင်တွေရှိတယ်လည်းမကြားမိပါဘူး..
ဒီဆိုင်းဝိုင်းသံတွေက ဘယ်ကထွက်လာတာလဲ.
ဦးထွန်းရီ တစ်ယောက် ဆိုင်းသံကြားတဲ့..ဝါးတော ထဲကို ငေးကြည့်နေရင်း ..
၀ါးတောထဲက လူအုပ်ကြီးတွေ ဆိုင်းတွေဝိုင်းတွေနဲ့ ထွက်လာပါလား..
လူတွေအလယ်မှာ မောင်ရင်လောင်း တစ်ယောက် တောင်ပါသေး..
၀ါးလက်ခုပ်တွေတီးတဲ့သူကတီး ဗုံတွေတီးတဲ့သူ
ကတီး ကတဲ့သူက ကကြနဲ့ ပျော်စရာကြီးလို ဖြစ်နေ တယ်။
ဦးထွန်းရီ စဉ်းစားလိုက်တော့ အချိန်ကလည်း ညအချိန်မတော်…
ဒီအချိန်ကြီး ရှင်လောင်းလှည့်တယ်လည်း မကြားဖူး ပါဘူး။ ဒါဆို ဒီလူတွေက ဘုရား…ဘုရားး
ငါကြားဖူးတဲ့ ကျတ်တွေများဖြစ်နေမလား…
လူအုပ်ကြီးကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။
သူတို့ပဲရှိတယ်အထင်နဲ့ ကခုန်တီးမှုတ်ပြီး သွားနေ ကြတာ။ သွားနေရင်း တိုက်ဘေးက မျက်ကွယ်ကွေ့ လည်းရောက်ကော ဆိုင်းသံကော လူတွေပါ ရုတ် တရက် ပျောက်ချင်းမလှ ပျောက်ကုန်ပါလေရောဗျာ။
ဦးထွန်းရီလည်း အဲဒီတော့မှ သဘောပေါက်ပြီး ကမန်းကတန်း တံခါးချက်ချ တရားခွေဖွင့်ပြီး အိပ်ချလိုက်တယ်။.....
ဒုတိယည..
ဦးထွန်းရီတစ်ယောက် သူ့နေရာ ၀ရန်တာလေးမှာ ထိုင်ပြီးဆေးလိပ်သောက်နေချိန်...တိုက်ရှေ့ ပလက် ဖောင်းလမ်းဘေးမှာ မိန်းကလေးတစ်ယောက်၊ လက်ထဲမှာလည်း ကလေးတစ် ယောက်ကို ချီထား သေးတယ်။ ဖြည်းဖြည်းချင်းလျှောက်လာရင်း ဦးထွန်းရီ ထိုင်နေတဲ့ ၀ရန်တာကို လှမ်းကြည့်နေ တာ။
ဦးထွန်းရီလည်း အနီးအနားက အလုပ်သမားတန်း လျားကဖြစ်မယ်ပေါ့။
ကြည့်နေရင်း ကြည့်နေရင်း ရပ်နေတဲ့မိန်းကလေးက တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သလို အမူအရာကို တွေ့လိုက်တယ်။ ခဏနေတော့ ယောင်္ကျား ၂ယောက် အရှေ့တိုက်ကြားထဲကနေ ထွက်လာတာ.တွေ့ရတယ်။ နောက် မကြာဘူး တဖြည်းဖြည်း လူတွေများများလာတာ အယောက် ၃၀လောက်.ဖြစ်လာကြတယ်။ တစ်စုံတစ်ခုကို မကျေနပ်တဲ့ အမူအရာတွေကိုလည်း မြင်တွေ့ရ တယ်။
တစ်ချက်တစ်ချက် တောက်ခတ်သံတွေက တိတ်ဆိတ်နေတဲ့အချိန် အတိုင်းသားကြားနေရ တယ်။ ဦးထွန်းရီ ဘေးတိုက်တွေကို ကြည့်လိုက် တော့လည်း ဘယ်သူမှအပြင်မှာမတွေ့ သူတစ်ယောက်တည်း..လူအုပ်ကြီးကလည်း သူ့ကို ကြည့်ပြီး ဒေါသတွေ ထွက်နေကြတာ။
မီး၀င်း၀င်းတောက်နေတဲ့ မျက်လုံးတွေနဲ့ လက်ညှိုး ထိုးပြီး တစ်ခုခုပြောနေသလိုလို……
တစ်အောင့်လောက်ကြာတော့ လူအုပ်ကြီးက တဖြည်းဖြည်းပျောက်ပျောက်သွားကြတယ်။....
နောက်နေ့ ဘေးအခန်းက လူတွေကို ပြောပြတော့ ဒီနေရာက အရင်က ကျတ်ကုန်းလို့ပြောတာ ကြားဖူး တယ်တဲ့။ အဲဒါဆို ဦးလေးတွေ့တာ ကျတ်တွေဖြစ် မှာပေါ့။ နောက်ဆို ညဘက်တွေ အပြင်မထွက်နဲ့ဆို ပြီး ပြောကြတယ်။ ဦးထွန်းရီလည်း ည၇နာရီထိုး တာနဲ့ အိမ်တံခါးပိတ်ပြီး အထဲမှာပဲ နေတော့တယ်။
တိုက်ခန်းတွေကလည်း လူတွေမစုံသေးတော့ လွတ်တဲ့အခန်းတွေက လွတ်နေသေးတယ်။
ဦးထွန်းရီက ဒုတိယအလွှာမှာနေတော့..
အပေါ်ထပ်အခန်းမှာ ဘယ်သူက ဘယ်အခန်းနေ တယ်ဆိုတာ သိနေတယ်။
ဦးထွန်းရီအခန်းအပေါ်ထပ်က လူမနေသေးတော့ အခန်းလွတ်ဖြစ်နေတာပေါ့။
ဦးထွန်းရီလည်း ညညဘက်တွေဆို ပဌာန်းတွေဖွင့် ပရိတ်တရားတော်တွေဖွင့်ပြီး အိပ်တတ်တယ်။
သားနဲ့ချွေးမကတော့ တစ်ခန်းပေါ့။ တစ်ညမှာတော့ တရားခွေဖွင့်ပြီး အိပ်မလို့ ခြင်ထောင်ထောင်နေတဲ့ အချိန် ..
အပေါ်ထပ်အခန်းမှာ လင်မယားစကားများသံလိုလို
တစ်စုံတစ်ခုကြောင့် စကားများနေသလိုလို ကြားရ တယ်။ ခဏနေတော့ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ သောင်း ကျန်းပါလေရော။ဦးထွန်းရီက လင်မယားအချင်းချင်း စကားများတယ်ပဲ ထင်နေတာပေါ့။ ဘယ်အခန်းက မှန်းလည်း မသိဘူး။ အဲဒါနဲ့ သားကိုနှိုးပြီး ဓါတ်မီး တစ်လက်နဲ့ အပေါ်ထပ်ကို တက်လာလိုက်တယ်။
ဘယ်အခန်းကလဲ နားထောင်တော့ အသံက တိတ် သွားတယ်။ အခုကျတော့လည်း ဘာသံမှမကြားရ တော့ဘူး။ အပေါ်ထပ်လည်းရောက်ကော…
"အဖေ…အဖေ ဟိုမှာ ဟိုမှာ လူတစ်ယောက် ၀ရန် တာမှာ.."
ဦးထွန်းရီ လှည့်အကြည့် ၀ရန်တာကလူက ဝုန်းဆို ခုန်ချသွားပါလေရော။တားချိန်တောင်မရလိုက်ဘူး။
ဦးထွန်းရီ ဘေးအခန်းတွေကိုခေါ်နှိုးပြီး ကျတဲ့နေရာ ကို သွားကြည့်တော့..ဘာမှမတွေ့ဘူး..
ခုနကလူလည်းမတွေ့သလို ကျတဲ့နေရာမှာလည်း ဘာအစအနမှမကျန်ခဲ့ဘူး။တစ်တိုက်လုံးကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ တစ်ယောက်တစ် ပေါက် ပြောနေရင်း…
"အားးးးး ဟိုမှာ ဟိုမှာ ဟိုမှာ လူတစ်ယောက် ကြိုး တန်းလန်းနဲ့ သေနေတယ် ..အား…ကြောက်တယ် ကြောက်တယ်"
ဆိုပြီး ဦးထွန်းရီ ချွေးမက ထအော်ပါလေရော။
"ဘယ်မှာလဲ ဘယ်မှာလဲ..."
"ဟိုမှာ…ဟိုမှာ တိုက်အရှေ့က သရက်ပင်မှာ တန်း လန်းကျနေတာ ..အီးးဟီးးဟီးး…ကြောက်တယ်.. ကြောက်တယ်"
လူတွေကြည့်တော့လည်း ဘာမှမတွေ့။
သူတစ်ယောက်ပဲတွေ့နေရတယ်။
အဲဒီနေ့ညက အကုန်လုံး ထိတ်လန့်ခဲ့ရတယ်။
တစ်ညလုံး ဘယ်သူမှ မအိပ်ရဲလောက်အောင် ချောက်ချားခဲ့တာ ။....
ကျွန်တော်လဲ ဦးထွန်းရီ ပြောပြတာ နားထောင်ရင်း အအေးတစ်ဗူးဖောက်လိုက်တယ်။
"ဦးလေး ဒါဆို ဦးလေးတို့ ဘယ်လိုဆက်နေကြလဲ"
"မနေတော့ဘူးလေ.. ဌာနကို ပြောပြီး တစ်တိုက်လုံး ပြောင်းကြတာ"
"အခုကော ခြောက်သေးလား"
"အခုတော့ မခြောက်တော့ဘူးလို့ ပြောတာပဲ
အဲဒီတုန်းက အစဆိုတော့ နယ်မြေတွေ အရမ်းကြမ်း တာလေ နောက်ပိုင်း လူတွေများလာတော့ ခြောက် တယ်လုိ့ မကြားတော့ဘူး အရင်ကဆို အလှူ လုပ် တရားနာဖို့ ဘုန်းကြီးတွေ မရှိကြဘူးလေ ခုနောက် ပိုင်းမှ ဘုန်းကြီးကျောင်းတွေ ရှိလာတာ"...
"အဲဒါဆို ဦးလေးတို့ တိုက်ပြောင်းတော့ကော ဘာတွေကြုံရသေးလဲ"
"တိုက်ခန်းအသစ်ပြောင်းတော့လည်း ကြုံရတာပဲ.."
"ဘယ်လိုကြုံရတာလဲ ဦးလေး.."
"အဲဒီတိုက်မှာက ဦးလေးနေတဲ့ အခန်းမှာကို ခြောက်ခံထိတာ..ဖြစ်ပုံကဒီလို..အခန်းပြောင်းလာ တော့ လူတစ်ခါမှမနေရသေးတဲ့ အခန်းဆိုတော့ အိမ်သုတ်ဆေးတွေ သစ်သား အတိုအစတွေနဲ့ ရှုပ်ပွနေတာပေါ့ တိုက်မှာက အပေါ်ဆုံးထပ်မှာ ရေစင်ကြီးရှိတယ် အောက်ထပ်ကနေ ရေတင်တင် ပေးရတယ် ဦးလေးတို့က ရေတင်ရတဲ့ အောက်ထပ် မှာ နေရတာ ရေပြည့်ရင် မိန်းခလုတ်လေးကို ပိတ် ပေးရတယ် ရောက်တဲ့ညမှာပဲ..အခန်းထဲမှာ အိပ်နေ ရင် အပြင်မှာ တစ်ယောက်ယောက် လျှောက်သွား နေသလိုပဲ ခြေသံက အတိုင်းသားကြားနေရတယ်
ဦးလေးသားလားလို့ ထကြည့်တော့လဲ မဟုတ်ဘူး ခဏနေရင် ရေစက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်တာ ပဲ အိမ်ရှေ့ကကုလားထိုင်တွေကိုလည်းရွှေ့တဲ့အသံ တွေ ကြားရတယ် ဦးလေးလည်း သားနဲ့ချွေးမ ကြောက်မှာစိုးလို့ မပြောဘူး နောက်နေ့တွေလည်း ဒီတိုင်းပဲ ဒါပေမယ့် သူက အေးဆေးသမားဖြစ်ပုံရ တယ် အကောင်အထည်တော့မပြဘူး သားနဲ့ချွေးမ က အလုပ်သွားရင် ဦးလေးက တစ်ယောက်တည်း ကျန်ခဲ့တာလေ အဲဒီအချိန်တွေဆို ဦးလေးအပြင်မှာ ရှိရင် အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရတယ် အခန်းထဲမှာနေတော့လည်း အပြင်မှာ လျှောက်သွားနေတဲ့အသံကြားရပြန်ကော ကျန်တာ တော့ မမြင်ရဘူး နောက်စုံစမ်းလို့ သိရတာတော့ အရင်က ဒီတိုက်ဆောက်တုန်းက အခုနေတဲ့အခန်း မှာ အလုပ်သမားတစ်ယောက်ဆုံးဖူးတယ်တဲ့ ရေ စက် မီးပလပ်ပြင်နေတုန်း ဓါတ်လိုက်ပြီး ဆုံးတာတဲ့ နောက်တော့ သံဃာတော်တွေပင့်ဖိတ် အိမ်တက် ဘုရားကနေကဇာတင် ပရိတ်တွေ ရွတ်လိုက်မှ မကြားရတော့တာ......"
"ဟူးးး တော်တော်ကြမ်းတာပဲနော် ကြားရတာတွေ က ကျောအေးစရာပဲ ဦးလေး ခုလိုပြောပြပေးလို့ ကျေးဇူးပဲ ကျွန်တော့်အတွက် နေပြည်တော်လာတဲ့ အချိန် ဗဟုသုတတစ်ခုတိုးတာပေါ့ဗျာ နေလည်း စောင်းပြီဆိုတော့ ကျွန်တော်ပြန်လိုက်ဦးမယ် နောက်မှပြန်ဆုံမယ်ဦးလေး"
ဆိုပြီး လှည့်အထွက် အိမ်ပေါက်၀မှာ…… "သူငယ်ချင်းပြန်တော့မလို့လား ငါတို့စျေးသွား၀ယ် နေတာ အိမ်တံခါးပိတ်ဖို့ မေ့ခဲ့တယ် မင်းစောင့်နေ တာ ကြာနေပြီလား"
"မကြာပါဘူးကွာ ဦးလေးနဲ့ စကားထိုင်ပြောနေတာ"
"ဟင်.. ဘယ်သူနဲ့လဲ"
"ဦးထွန်းရီတဲ့ နင့်အဖေလေ ..အဘရောက်နေတာ မင်းကပြောတောင်မပြောဘူး ငါတောင် ဒီရောက်မှ သိရတာ"
"သူငယ်ချင်း ..အဖေဆုံးသွားတာ ဒီနေ့ဆို ၂လပြည့်ခဲ့ပြီ.."
"ဒါဆို…ဒါဆို ခုနကတွေ့ခဲ့တာက....."

လေးစားစွာဖြင့်
#ဇေယန ( ရာမည )

(Like & Share ပေးသွားခဲ့ကြပါဗျ)

#ပရလောက
#ညမဖတ်ရ

13/08/2024

စိုက်တုန်းကတော့ မချစ်စု
မိုးမိုး(အင်းလျား)


"ဟယ် .... မဝါ .. "

အံ့ဩဝမ်းသာသောအသံနှင့် မိဆွေတစ်ယောက် အိမ်ပေါ်မှ ပြေးဆင်းလာသည်။

" ကိုဇော် မပါဘူးလား ....:

မဝါက အသာ ခေါင်းခါပြလိုက်သည်။ မိဆွေက မဝါပစ္စည်းများကို နေရာချပေးပြီး မဝါကို စေ့စေ့ကြည့်သည်။ မဝါပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
မိဆွေ သိပါပြီ။

မိဆွေက ဘာမျှမမေးဘဲ မဝါအတွက် ထမင်းတစ်လုံးထပ်ချက်ရန် အမေ့ဆီ ပြေးပြောသည်။ မဝါ ငိုနေလျှင် မချော့ရ။ ချော့လျှင် မဝါ ပိုငိုတတ်သည်။ မဝါအကြောင်း သိပြီးမို့ မိဆွေ ဘာမျှမမေးဘဲ နေသည်။ ဘာပဲဖြစ်ဖြစ် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းတစ်ယောက် အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည့်အတွက် မိဆွေက ဝမ်းသာလိုက်သေးသည်။

မိဆွေရော မဝါပါ ကျောင်းပိတ်ချိန် အားလပ်ရက်မို့ ကြာကြာနေနိုင်ကြမည်။ ညနေကျလျှင် အင်းလျားကန်သို့ မဝါနှင့် လမ်းလျှောက်ထွက်ရဦးမည်။

အင်းလျားသည် ပို၍လှနေသည်။ ယခင်က မြက်ပင်ရိုင်းတို့ ဖုံးလွှမ်းနေခဲ့သော ကန်ပေါင်ရိုးဝယ် ယိုးဒယားကနုတ်ပန်းများဖြင့် တင့်တယ်နေသည်။

စွပ်ကျယ်စက်လမ်းမှအထွက် ကန်ပေါင်ထိပ်မှ မတက်ဘဲ တံတားဖြူလေး အုတ်လှေကားမှ တက်ခဲ့ကြသည်။ ပြီးမှ ကန်ပေါင်ထိပ်သို့ ပြန်လျှောက်သည်။ ဤကန်ထောင့်ဝယ် မိဆွေ ရေချိုးမြဲဖြစ်သည်။

မိဆွေတို့ တစ်အိမ်သားလုံး၏အဝတ်များကို ဤနေရာမှာပင် လာလျှော်လေ့ရှိသည်။ အဝတ်မလျှော်ရဟူသော ဆိုင်းပုဒ်ကလေးသည် ဤနေရာတွင် ပျောက်သွားလိုက် ပေါ်လာလိုက်နှင့် သံသရာလည်နေတတ်သည်။ မိဆွေတို့ကမူ တစ်နေ့မပြတ် အဝတ်လာလျှော်မြဲတည်း။

" မဝါ ... အင်းလျားကန်မှာ ခေါင်းလျှော်ချင်တယ် ... "

တစ်ချိန်က မဝါ ဤသို့ပူဆာဖူးသည်။ သည်တုန်းက မဝါတို့ ဒုတိယနှစ်သင်္ချာမှာ တက်ရောက်နေဆဲ။ အင်းလျားဆောင်တွင်နေသော မဝါတို့အုပ်စုထဲတွင် နေ့ကျောင်းသူ မိဆွေတစ်ယောက်က အပေါင်းအသင်း လာဖြစ်နေသည်။

" ခေါင်းလျှော်ချင်တာများဟယ် ....၊ အင်းလျားကန်မှာမှ လျှော်ချင်ရတယ်လို့ .... "

မမကြည်က လူကြီးဆန်ဆန် တားမြစ်သည်။

" မိဆွေ အင်းလျားကန်မှာ ရေချိုးနေကျပဲ ....၊ မိဆွေနဲ့ လိုက်ခဲ့ ... " ဟု မိဆွေက ခေါ်သည်။

" မဝါ .... ရေမကူးတတ်ဘူးနော်၊ မိဆွေ တာဝန်ယူမလား ...."

" ရေထဲတော့ မဆင်းနဲ့ပေါ့ ။ ရေစပ်မှာပဲ ချိုးလေ "

သည်လိုနှင့် မဝါ အင်းလျားရေနှင့် ထိတွေ့ခဲ့ရသည်။ ညက အဆောင်မှူးထံ ခွင့်ပန်၍ မိဆွေတို့အိမ်မှာ အိပ်သည်။ မနက်အစောကြီး အင်းလျားသို့ ထွက်ခဲ့သည်။ မိဆွေက အဝတ်တွေ တပုံကြီး ထိုင်လျှော်သည်။ မဝါက ရေချိုးသည်။

" ဟေ့ ....ဟေ့ .... ဒီမှာ အဝတ်မလျှော်ရ ဆိုတာ မမြင်ဘူးလား ....."

မဝါ အလန့်တကြား မော့်ကြည့်မိသည်။ ကန်ပေါင်ထက်မှ မတ်တပ်ရပ်၍ ဆီးကြည့်နေသော လူရွယ်တစ်ယောက်ကို မြင်ရသည်။ မဝါက ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ယှက်ထားမိသည်။ ရေစိုနေသော ဆံပင်များက မဝါပုခုံးပေါ်တွင် အိကျနေသည်။

" လမ်းလျှောက်ထွက်သလား ... ကိုဇော် "

မိဆွေက အေးအေးဆေးဆေး ပြုံး၍ မေးလိုက်၏။ ထိုအခါမှ ကိုဇော်ဆိုသူက မျက်လုံးများကို မဝါထံမှ လွှဲ၍ မိဆွေကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

" တော်ကြာ ငါ လာခဲ့ဦးမယ်ဟေ့ ... မိဆွေ။ ဖိုးကျော်ကြီးကို ပြောလိုက် ...."

ကိုဇော် လှည့်ထွက်သွားမှ မဝါမှာ သက်ပြင်းချနိုင်တော့သည်။

" မိဆွေတို့အကိုသူငယ်ချင်းလေ .... "

မဝါသည် တုန်တုန်ယင်ယင်ဖြင့် အင်္ကျီများကို ပြန်ဝတ်သည်။

" ရေချိုးရတာတော့ ကောင်းပါရဲ့ဟယ် ....၊ လမ်းလျှောက်တဲ့လူတွေက ရှိနေတော့ ရှက်စရာကြီးနော် .... "

" မိဆွေတို့တော့ ရိုးနေပြီ "

နှစ်ယောက်သား အိမ်ပြန်ရောက်ချိန်ဝယ် အိမ်ဘေးရှိကွပ်ပျစ်တွင် အစ်ကိုကျော်နှင့် စကားပြောနေသော သူ့ကို မြင်ရသည်။

" သူက ဆေးတက္ကသိုလ်မှာလေ၊ စတုတ္ထနှစ်ရောက်နေပြီ။ ဒီလမ်းထဲမှာပဲ နေတယ် .... "

" ဘယ်သူ့ကို ပြောနေတာလဲ မိဆွေ ....."

" ကိုဇော်လေ .... ကိုဇော်ဖြိုး ......"

" သူက မိဆွေအဆက်မို့လား ..... "

" အို ...မဟုတ်တာ၊ မဝါ စိတ်ဝင်စားမလားလို့ ပြောပြနေရတာပါ ..."

" တော်စမ်းပါကွယ်။ ဆရာဝန်ဆို ကိုယ် ဘယ်တော့မှ မကြိုက်ဘူး ...."

" ဆရာဝန်တို့ စစ်ဗိုလ်တို့ ဆိုတာတွေက အလုပ်များတယ်။ မိန်းမအနားမှာ မနေနိုင်ဘူးမဟုတ်လား၊ မဝါက မဝါချစ်တဲ့သူကို အနားက ခွာစေချင်တာမဟုတ်ဘူး။ အယုအယသိပ်ကြိုက်တာ။ ဒီတော့ ဘယ်ဖြစ်မလဲ၊ သူတို့ကိုယူရင် မဝါ စိတ်ဆင်းရဲမှာပေါ့ "

" အမယ်လေး မဝါရယ်....၊ ဒီလောက်တောင်ပဲလား ... "

+ + +

ထိုနှစ်က မဝါအမေ ဆုံးသည်။ မဝါ စာမေးပွဲကျသည်။ မဝါချစ်သော အင်းလျားဆောင်ကို စွန့်၍ အပြင်မှာ ဘော်ဒါငှားနေရသည်။ မိဆွေတို့အိမ်နှင့်နီးသောနေရာကို မဝါ ရွေးချယ်သည်။ မဝါနေသော ဘော်ဒါဆောင်သည် အင်းလျားကန်နှင့်နီးသည်။ ထို့ကြောင့်လည်း မိဆွေကိုအဖော်ပြု၍
မဝါ အင်းလျားသို့ အရောက်များခဲ့ရပြန်သည်။ အင်းလျား၏ညနေအလှကိုလည်း တဝကြီး ခံစားတတ်လာသည်။

မိဆွေတို့မိသားစုသည် မဝါကို ဂရုစိုက်လှသည်။ မိဆွေတို့မောင်နှမတစ်စုသည် ညနေတိုင်း မဝါကို လာခေါ်သည်။ မဝါ စိတ်ပြေလက်ပျောက်ဖြစ်စေရန် လမ်းလျှောက်ထွက်ကြသည်။ ရယ်စရာစကားဖွဲ့၍ ဆိုကြသည်။ သည်တွင် ကိုဇော်နှင့်လည်း ရင်းနှီးလာရသည်။ မိဆွေတို့နှင့်အတူ ကိုဇော် မကြာမကြာပါလာမြဲ။

နောက်နေ့တွင် မဝါထံ ကိုဇော်တစ်ယောက်တည်း ရောက်လာသည်။ မဝါနှင့်လည်း စကားကြာကြာပြောဖြစ်သည်။ သူသိချင်သော မဝါဘဝကိုလည်း သိနားလည်လာရသည်။ မဝါ၏အဖေသည် မဝါငယ်စဉ်ကတည်းက ဆုံးပါးခဲ့သည်။ မကြာသေးမီကပင် မဝါအမေလည်း ဆုံးသွားခဲ့ပြန်သည်။ မဝါကို ဦးလေးတော်သူတစ်ဦးက ထောက်ပံ့နေသည်။ မဝါတွင် မောင်နှမရင်းချာမရှိ။ တစ်ကောင်ကြွက်။

+ + +

ထိုနှစ်က မဝါ စာမေးပွဲအောင်သည်။ သို့သော် အဆောင်နေခွင့် ပြန်မလျှောက်တော့။ နေလက်စနှင့် အပြင်ဆောင်မှာပဲ ဆက်နေသည်။ သည်နေရာတွင် သူငယ်ချင်းများနှင့်လည်း ခင်မင်နေကြပြီ။ တစ်ခန်းတည်းနေ ရီမာ၊ တစ်ဖက်ခန်းမှ ချိုချို၊ နုနု၊ မကျည်းတန်၊ မာမီ စသည် ....စသည်.... ။

" မာ လက်ထပ်ရင် ဆရာဝန်မှ လက်ထပ်မယ် ...."

ရည်မှန်းချက်ကြီးလှသော ရီမာက ကြွေးကြော်သည်။

" ဆရာဝန်က နင့်မကြိုက်ရင်ကော ..... "

မကျည်းတန်က ပြောင် ဖွင့်မေး၏။

" ဒါကတော့ ကိုယ့်ဘက်ကလည်း ကြိုးစားရမှာပေါ့ "

ရီမာကလည်း ပွင့်ပွင့်လင်းလင်းပြန်ပြောသည်။

" ငါကတော့ ကျောင်းဆရာကလွဲရင် ဘာဖြစ်ဖြစ် "

မကျည်းတန်က သူ့အကြိုက်ကို ဖွင့်ဟသည်။ မဝါတို့သည် ကိုယ့်ဘဝကို စိတ်ကူးနှင့်အကောင်အထည်ဖော်ကြသည်။ ကိုယ်ဖြစ်ချင်တာ ကိုယ်တွေးကြသည်။ တွေ့သမျှကိုလည်း နှုတ်မှ ဖွင့်ဟကြပြန်သည်။

" မာ ဆရာဝန်လိုချင်တယ်ဆိုရင် မဝါကို ကပ်ပေါ့ "

နုနုက မဝါကို မေးငေါ့ပြရင်း ပြောင်သည်။

" ကေသရာဇာခြင်္သေ့တို့မည်သည် တစ်ဂူတည်းမှာ နှစ်ကောင်မအောင်းဘူးတဲ့ .... "

မာက မဝါကိုကြည့်ရင်း ဆိုပြန်သည်။

" အမလေး .... မဝါနဲ့ အကင်းကြီးပါနော်၊ မဝါ ဆရာဝန်လည်း မကြိုက်ပါဘူး။ အမိကြိုက်ရင် အောင်သွယ်ပေးပါ့မယ် "

" ပြောသာပြောရ၊ ရင်ထဲမှာ တထိတ်ထိတ်နဲ့ "
ချိုချိုက မဝါ ရင်ကို အသာ ဖိပေးသည်။

" ကဲ .... ငါ့သမီးက ဆရာဝန်မကြိုက်ရင် ဘာကြိုက်သလဲ ပြော ....၊ သမီး စိတ်တိုင်းကျ ရစေ့ရမယ် "

အားလုံးက မာမီဟုခေါ်သော မမမြက ဝင်မေးသည်။
မဝါသည် အတန်ကြာ စဉ်းစားသလို လုပ်နေပြီးမှ ခပ်တိုးတိုးဖြေသည်။

" စာရေးဆရာ "

" ကျွတ် ....ကျွတ် ... သွားပြီ၊ မွဲဖို့သာ ပြင် "

ရီမာက ခေါင်းကို ဖြည်းဖြည်းလေးယမ်းရင်း စုတ်သပ်ကာ ပြောလိုက်ရာ အားလုံး ရယ်မိကြတော့သည်။

" မွဲချင်လည်း မွဲပါစေတော့၊ မဝါကို နားလည်ပြီး သဘောထားပြည့်ပြည့်ဝဝနဲ့ ကြင်ကြင်နာနာရှိမယ်ဆို ကျေနပ်ပြီ "

" ထမင်းရည် အတူလျက်ရစေတော့ .... ဆိုတာမျိုးလား .... "

" သဘောထားပြည့်ဝပြီး ကြင်နာတဲ့လူတစ်ယောက်ဟာ ကိုယ့်ချစ်သူကို ထမင်းရည်လျက်ရတဲ့ဘဝမျိုးဖြစ်အောင် ထားမှာမဟုတ်ပါဘူး "

မဝါက သူ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆိုချေသည်။ မဝါဘဝကို နားလည်စာနာသူအားလုံးက မဝါမျှော်မှန်းသော ဘဝမျိုးမှာ မဝါတစ်ယောက် ချမ်းမြေ့စွာ နေနိုင်ပါစေဟု ဆုတောင်းကြသည်။
ရီမာ့ရည်မှန်းချက်ကမူ ကြောက်ခမန်းလိလိတည်း။

" မာတော့ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနေရမယ်ဆိုရင် တခြား ဘာမှမလိုချင်ဘူး။ ချစ်ချင်လည်း ချစ်၊ မချစ်ချင်လည်း နေ၊ ဒူးနဲ့မျက်ရည် သုတ်နေရမယ်ဆိုရင်တောင် တိုက်ပေါ်မှာ နေ၊ ဆိုဖာပေါ်မှာ မျက်ရည်သုတ်ရမယ်ဆိုရင် ပြီးတာပဲ "
မာ့ကိုမူ အားလုံး လက်မြှောက်ထားကြရသည်။

+ + +

အမေတို့ကို လုပ်ကျွေးရဦးမယ်ဆိုသော မိဆွေတစ်ယောက် ဘွဲ့ရပြီးလျှင် ပြီးချင်း ယောက်ျားယူသွားသည်။ တစ်ရပ်ကွက်တည်းနေ ငယ်ကျွမ်းဆွေချစ်သူနှင့် လက်ထပ်ရသည်မို့ မိဆွေတစ်ယောက် အပျော်ကြီး ပျော်နေသည်။ အမေ့ကို နှစ်ယောက်လုပ်ကျွေးမှာပေါ့ဟုလည်း ဆိုလိုက်သေးသည်။

အမေတို့အိမ်အနီးမှာ အိမ်ငှားနေသည်။ အမေ့ကို ပိုက်ဆံအပ်သည်။ အမေ့အိမ်မှာ စားသည်။ မိဘမဲ့သော မဝါအတွက် မိဆွေအမေသည် သူ့အမေပင်ဖြစ်လာရသည်။ အမေသည် သားသမီးများ၏သူငယ်ချင်းများကို သားသမီးသဖွယ်ပင် ချစ်တတ်သည်။

အားလုံးထဲတွင် ကိုဇော်နှင့် မဝါကို အချစ်ဆုံးဟု ဆိုသည်။ ကိုဇော်နှင့်မဝါကို နီးစပ်စေလိုသောဆန္ဒလည်းရှိသည်။ သို့သော် ကိုဇော်တစ်ယောက် ဆေးကျောင်းသူပျိုဖြူချောတစ်ဦးနှင့် တွဲနေပြီဖြစ်ကြောင်း သိသော မိဆွေက ဘာမျှမပြော။

တကယ်တော့ မိဆွေသည်လည်း ကိုဇော်နှင့် မဝါကို နီးစပ်စေလိုလှသည်။ ကိုဇော်သည် ဆရာဝန်လောင်းတစ်ယောက်ဖြစ်သည်ကလွဲ၍ မဝါလိုချင်သော ပုံစံမျိုးရှိသူသာဖြစ်သည်။ သဘောထားပြည့်ဝသည်။ ကြင်ကြင်နာနာဆက်ဆံတတ်သည်။ ချစ်တတ်သည်။

ကိုဇော်တစ်ယောက် မဝါအပေါ် ရင်းနှီးခင်မင်သည့် မိတ်ဆွေတစ်ဦးထက်ပို၍ စိတ်ဝင်စားပုံမပြသည်ကို မိဆွေ မချင့်မရဲဖြစ်နေမိသည်။ သို့ပေမင့် အချစ်ဆိုတာကလည်း အခက်သား။ ဖန်တီးလို့ ရတာမျိုးမှ မဟုတ်ဘဲ။

သို့တိုင် တစ်နေ့တွင် ထူးဆန်းသောစကားတစ်ရပ်ကို မဝါက ဆိုလာချေသည်။

" ကိုဇော်က မဝါကို လက်ထပ်ချင်တယ်တဲ့ "

" ဟင် ... ဟုတ်လား၊ ဘယ်တုန်းက ပြောတာလဲ၊ ဘယ်မှာ ပြောတာလဲ၊ မဝါကကော ဘာပြန်ပြောလိုက်သလဲ .... "

" ဖြည်းဖြည်းမေးစမ်းပါ မိဆွေရယ်၊ မဝါတို့အဆောင်မှာ လာပြောတာပေါ့၊ မဝါကတော့ သူ့ကို မယုံဘူး "

" ဘာကို မယုံတာလဲ .... "

မေးသာမေးရသည်။ ကိုဇော် ဆေးကျောင်းသူတစ်ဦးနှင့် တွဲနေသည်ကို မဝါသိနေပြီလား ဟု စိုးရိမ်သွားမိ၏။

" သူ မဝါကို ချစ်တယ်ဆိုတာ မယုံဘူးလေ "

" မချစ်ဘဲနဲ့ လက်ထပ်ချင်တယ်လို့ ပြောပါ့မလား "

" တစ်ခါတလေ ယောက်ျားတွေဟာ ဒီလိုပဲ ပြောတတ်ကြတာပဲ "

ထိုနေ့က ကိုဇော့်ဆီသို့ မိဆွေသွားသည်။ သူ့ကို အသိမပေးဘဲ မဝါကို ချစ်ရေးဆိုရကောင်းလားဟု ရန်တွေ့သည်။ ကိုဇော်နှင့် ကျောင်းသူတစ်ယောက် တွဲနေကြတာကကော ဘာသဘောလဲဟု စစ်ဆေးသည်။ ကိုဇော်က ရယ်လို့သာ နေသည်။

" ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့ကိုဇော်၊ မဝါဟာ တခြားမိန်းကလေးလိုမဟုတ်ဘူး။ စိတ်အား သိပ်ငယ်တတ်တာ။ သူ့ဘဝအကြောင်းလည်း ကိုဇော် သိသားနဲ့ .... "

" ပေါ့ပေါ့ဆဆလုပ်တာမဟုတ်ပါဘူး မိဆွေရယ်၊ ငါ မဝါကို တကယ်ချစ်တာပါ၊ တခြားကျောင်းသူနဲ့တွဲတယ်ဆိုတာလည်း ရိုးရိုးခင်တာပါ၊ မဝါကို ငါ တကယ်လက်ထပ်ယူမှာပါ၊ တကယ်ပါ "

" ယူပြီးရင်လည်း မဝါကို စိတ်ဆင်းရဲအောင် မလုပ်ရဘူးနော် "

" ဟ ...၊ စည်းကမ်းချက်တွေကလည်း များလှချည်လား၊ နေပါဦး၊ မဝါကကော ငါ့ကို ချစ်တယ်တဲ့လား "
" ဒါတော့ ဘယ်သိမလဲ "

ထိုနေ့က ပြန်သာလာရသည်။ မိဆွေရင်ထဲမှာ မတင်မကျဖြစ်နေသည်။ မဝါနှင့် တွေ့ပြန်တော့လည်း အေးစက်စက်။ သည်လိုနှင့် မဝါတို့ဇာတ်လမ်းသည် တစ်နွေကူးခဲ့သည်။

မိဆွေလက်ထပ်ပြီး နောက်တစ်နှစ်မှ မဝါ ကျောင်းဆရာမအလုပ်ကိုပင် ရသည်။ အလုပ်ခွင် ဝင်ကြရသည်နှင့် တစ်ယောက်နှင့်တစ်ယောက် အလှမ်းဝေးသွားကြ၏။ မဝါဆီလည်း မိဆွေ မှန်မှန်မရောက်ဖြစ်။ အင်းလျားကန်လည်း မလျှောက်ဖြစ်။

ကိုဇော်တစ်ယောက်သာ မဝါထံ မှန်မှန်ရောက်သည်။ မဝါသတင်းကို သူကပင် သယ်သယ်လာသည်။ မဝါဦးလေးက မဝါကို မိန်းကလေးတစ်ယောက်တည်း ရန်ကုန်တွင်နေတာ စိတ်မချကြောင်း၊ အိမ်ထောင်ပြုစေချင်ကြောင်း ပြောသည်ဟု ဆိုသည်။ သည်တော့လည်း မဝါစဉ်းစားရမည့်သူမှာ ကိုဇော်ပင်ဖြစ်နေပြန်သည်။ ကိုဇော့်ကို မဝါ ချစ်လည်း ချစ်နေပြီ။

တစ်နေ့တွင် ကိုဇော်က မိဆွေထံ သတင်းကောင်း လာပါးသည်။ မဝါက ကိုဇော့်အချစ်ကို လက်ခံပြီဟု ဆိုသည်။ မိဆွေသူငယ်ချင်းပီပီ ကတိခံဝန်ချက်တွေ တောင်းသည်။ လက်ထပ်ပြီးလျှင် မည်သို့နေရမည်။ အရက်အလွန်အကျွံမသောက်ရ။ အော်ငေါက်ဆူပူမှု မပြုရ။ လုံးဝမရိုက်ရ။ မကျေနပ်လျှင် အေးအေးဆေးဆေး ဆွေးနွေးမည် .... စသည် စသည် စာချုပ်ပါအချက်များကား များလှပေစွ။

" နင်တို့သူငယ်ချင်းတွေကလည်းဟယ် ... ချစ်စကား ကြိုက်စကား ဆိုရမလား မှတ်ပါတယ်။ နှစ်နိုင်ငံစာချုပ်ချုပ်တာ ကျနေတာပဲ၊ လိုလားချက်တွေချည်း တောင်းဆိုနေတော့တာပဲ "

" ဒါမှ တော်ရုံကျတာရှင့် ...သိလား၊ ကိုဇော်တို့ယောက်ျားတွေကလည်း ခုနေတော့ ချစ်လှချည်ရဲ့ဆိုပြီး နောက်တော့ အရေးစိုက်တော့တာမဟုတ်ဘူး၊ ထင်ရာ လုပ်ကြတာ "

ဆရာဝန်ကို မယူချင်ပါဘူးဆိုသော မဝါတစ်ယောက် အာမခံချက်တွေ တပုံကြီး ရယူလျက် ကိုဇော် အလုပ်သင်ဆရာဝန်ဖြစ်သည့်နှစ်မှာပင် လက်ထပ်လိုက်ကြသည်။

မကျည်းတန်ကိုလည်း သူ့အိမ်က ယောက်ျားရှာပြီး ပေးစားသည်။ ရည်းစားမရှိသော မကျည်းတန်တစ်ယောက် သူ့မိခင်ပြုသမျှ နုရရှာသည်။ ပြီးတော့ သူ ရသည့်ယောက်ျားက ကျောင်းဆရာ၊ ကဲ ... ကောင်းရော။ ရီမာတစ်ယောက်သာ အပြောနှင့်အဟောညီစွာ အကောင်အထည်ဖော်သွားနိုင်ခဲ့သည်။

တစ်မြို့တည်းသား ဆရာဝန်တစ်ဦးနှင့် လက်ထပ်သွားသည်။ ကျောင်းတုန်းက လုံးဝကြည့်မရခဲ့ပါဆိုသူတစ်ဦးကို ဆရာဝန်ဘွဲ့နှင့် ပြန်တွေ့သောအခါ ရီမာက ကြည်ပါလေတော့သည်။ သို့သော် ရီမာ ကံကောင်းချေသည်။ ဒူးနှင့်မျက်ရည် မသုတ်ရသည့်အပြင် ဆရာဝန်က ချစ်လွန်း အလိုလိုက်လွန်း၍ ရီမာ့ဘဝသည် အားကျစဖွယ်ပင်ဖြစ်သည်။
ခက်သည်ကတော့ မဝါ။

+ + +

ရန်ကုန်တွင် နှစ်နှစ်နေပြီး ကိုဇော်တာဝန်ကျရာ ပဲခူးမြို့သို့ မဝါပါ ပြောင်းရွှေ့ လိုက်သွားရသည်။ ရန်ကုန်တွင် နေစဉ်ကတော့ မဝါနှင့်မိဆွေ မခွဲမခွာနေနိုင်ခဲ့သည်မို့ သူငယ်ချင်းနှစ်ယောက် ပျော်လို့မဆုံးခဲ့။ ကိုဇော်ကလည်း ယောက်ျားပီပီ ကတိတည်သည်။ မဝါအလိုနှင့် ဆန့်ကျင်၍ ဘာကိုမျှ မပြုခဲ့။

မဝါစိတ်ချမ်းသာမှုကို ရှေးရှုသည်။ မဝါ အကြံပေးသမျှ လိုက်နာသည်။ မဝါစကားကို အလေးထားသည်။ မဝါအနေနှင့်ကား ဆိုဖွယ်ရာမရှိပြီ။ သားကို သခင်၊ လင်ကို ဘုရားဟု သဘောထားသူ မိန်းကလေး၊ ကိုဇော်သည်သာ အဓိက၊ ကိုဇော်သည်သာ သူ့ဘဝ။ ကိုဇော့်ကို မဝါ ချစ်သည်။

ဇီဇာကြောင်သော ကိုဇော့်မိဘများကို တည့်အောင်ပေါင်းသည်။ မိဆွေပင် မဝါတို့အိမ်ထောင်ရေးကို အားကျမိသည်။ မိဆွေတို့မှာ ငယ်ချစ်ဆိုသည့်တိုင် အတူနေလျှင် တကျက်ကျက်။ " ကလေးတွေလိုပဲ "ဟုပင် မဝါက ဆိုသည်။

အမေသည် မိဆွေနှင့်မဝါကို အနားမှာ တွေ့နေရ၍ စိတ်ချမ်းမြေ့နေသည်။ အမေ့သားများသည် တာဝန်အသီးသီးနှင့် အမေနှင့်ဝေးရာ ရောက်နေကြသည်။ အမေ့အိမ်ထောင်ရေးသည် အဆင်မပြေ။ မိဆွေတို့အဖေနှင့်အမေ ကွဲနေသည်မှာ ကြာပြီ။ မိဆွေတို့ကို အမေကသာ ကျွေးမွေးပြုစုခဲ့ရသည်။ ပညာသင်ပေးခဲ့ရသည်။

" အမေတို့ငယ်ငယ်က သိပ်ချစ်ခဲ့ကြလို့ အမေက အဖေ့နောက်ကို ခိုးရာလိုက်ပြေးခဲ့တာဆို " ဟု မိဆွေက အစဖော်ပေးလျှင် အမေ မချိပြုံး ပြုံးတတ်သည်။

" ချစ်တုန်းကတော့ ချစ်ခဲ့ကြတာပဲ၊ မယူခင်ကတော့ အကောင်းပဲ ဟဲ့၊ စိတ်ကြိုက် ရွေးယူခဲ့တာပဲ။ ယူပြီးမှ မကောင်းတော့တာတော့ ဘာမှ မတတ်နိုင်ဘူး "ဟု အမေက ညည်းသည်။ ယခုတော့ အဖေသည် အိမ်ထောင်ရှစ်ဆက်ပင် ထူပြီးပြီ။

မဝါတို့ ပြောင်းကြရမည်ဆိုတော့ အမေ စိတ်မကောင်း။ အိမ်ထောင်ရေးကို အဆင်ပြေအောင် ကြိုးစားရန် အမေက မှာသည်။

ပဲခူးတွင် မဝါတို့ အိမ်ငှားနေရသည်။ အိမ်လခ စျေးကြီးသည်။ တိုက်ခံ အိမ်အောက်ထပ်တစ်ထပ်ကို ၁၅၀ ပေးရသည်။ မဝါအနေနှင့် ဤမျှ စျေးကြီးသော အိမ်ကို မငှားချင်။ အတန်အသင့် အလွန်ဆုံး ၆၀- ၇၀ လောက်ပေးရသော အိမ်ကိုသာ ငှားချင်သည်။

သို့သော် သည်တစ်ခါ ကိုဇော့်စိတ်ကြိုက်ကို လိုက်လျောလိုက်ရသည်။ ကိုဇော်က မိမိကိုယ်ပိုင် အိုးနှင့်အိမ်နှင့် သီးသန့်ဖြစ်လာပြီမို့ ကောင်းကောင်းမွန်မွန်နေချင်သည်ဟု ဆိုသည်။ ယခင်က မိဘအိမ်တွင် နေခဲ့ရသည်ဖြစ်ရာ အိမ်ထောင်ပရိဘောဂလည်း ဘာမျှမရှိသေး။ အိုးခွက်ပန်းကန်ကအစ အသစ်ဝယ်ရသည်။ အိမ်ထောင်သစ် ထူထောင်ရသည်။

တဖြည်းဖြည်းနှင့် မဝါဩဇာသည် လျော့ရဲသည်ထက် လျော့ရဲလာသည်။ မဝါ အရှုံးပေးရစ ပြုလာသည်။ သို့သော် မဝါ အရှုံးအနိုင် သဘောမထား။ ငြိမ်းအေးစွာ ဆွေးနွေးရေးလမ်းစဉ်ကို ကျင့်သုံးသည်။

သို့သော် ကိုဇော်က စာချုပ်ကို ဖောက်ဖျက်စပြုချေပြီ။

" ကိုဇော်လည်း ဆရာဝန်တစ်ယောက်ဖြစ်လာပြီ မဝါ၊ ဒီမြို့မှာလည်း အပေါင်အသင်းနဲ့ဖြစ်နေပြီ။ အလျင်က အိမ်မှာနေသလို ကလေးတွေလို နေလို့မရတော့ဘူး။ အိမ်နဲ့တူအောင် လူကြီးနဲ့တူအောင် နေမှ ဖြစ်မှာပေါ့ "

" အိမ်မှာ ခမ်းခမ်းနားနားနေမှ လူကြီးနဲ့တူတာမဟုတ်ပါဘူး ကိုဇော်၊ သဘောထားပြည့်ပြည့်ဝဝနဲ့ လူကြီးဆန်ဆန် ဆက်ဆံနေထိုင်ရင် လူကြီးလူကောင်းပဲပေါ့ "

" မဝါက ခုထိ ကိုဇော့်ကို ချုပ်ကိုင်ချင်တုန်းပဲကိုး "

ကိုဇော့်စကားက စွပ်စွဲသံပါသည်။ မကျေနပ်သည့်သဘော သက်ဝင်သည်။ မဝါ စိတ်ထိခိုက်ရသည်။ ကိုဇော်နှင့် နှစ်ယောက်တည်း ခွဲနေရသည့်အခါကျမှ အိမ်ထောင်လေးကို စိတ်တိုင်းကျတည်ဆောက်လိုက်မည်ဟု အားခဲခဲ့သော မဝါ၏မျှော်လင့်ချက်များလည်း ကွယ်ပျောက်ခဲ့ရသည်။

ကျယ်ဝန်းသော အိမ်အတွင်းမှာ ကိုဇော်နှင့်မဝါ အလှမ်းဝေးနေရသည်။ မဝါ ကျောင်းမှပြန်လာလျှင် ကိုဇော် ပြန်မရောက်တတ်သေး။ ကိုဇော်ပြန်လာလျှင် အပေါင်းအသင်းများ ပါလာတတ်သည်။ သီးသန့်ထမင်းစားခန်းမှာ စကားပြောသည်။ သောက်စားသည်။ ဧည့်သည်များ ပြန်သွားလျှင် ကိုဇော် ခြေပစ်လက်ပစ် အိပ်ပစ်သည်။ အားရက်များတွင် အိမ်မှာမနေ။ နေပြန်လျှင်လည်း စာကြည့်ခန်းက မထွက်။

အဆိုးဆုံးကတော့ ကိုဇော် အိမ်မှာ ဆေးခန်းဖွင့်ချင်သည်ဆိုသည့်ကိစ္စပင်။

" မဝါတော့ အိမ်ကို အိမ်နဲ့တူအောင်ပဲ နေချင်တယ် "

" အိမ်နဲ့မတူဘဲ ဆေးရုံနဲ့ တူသွားမယ်လို့ မဝါက ဆိုချင်တာလား "

" မဟုတ်ဘူးလေ၊ အိမ်ဆိုတာ မိသားစုသဘောကို ပြောတာ၊ ကိုဇော်နဲ့မဝါ ကိုယ့်အလုပ်ကိုယ် အသီးသီးလုပ်တယ်၊ ပြန်လာလို့ နှစ်ယောက်ဆုံရမယ့်အချိန်မှာ ကိုဇော်က အလုပ်ဆက်ဝင်နေရမယ်ဆိုရင် မဝါတို့ရဲ့ မိသားစုဘဝဆိုတာ ဘယ်မှာရှိတော့မှာလဲ "

" စိတ်ကူးမယဉ်နဲ့တော့ မဝါ၊ ကိုဇော်တို့မှာ ငွေလိုနေတာလည်း မဝါအသိပဲ "

" ဒါတော့ ကိုဇော်က အထက်တန်းကျကျ နေချင်တာကိုး၊ သပ်သပ်ရပ်ရပ်နဲ့ အတော်အသင့်ဆိုရင် မဝါတို့ အေးအေးချမ်းချမ်း နေနိုင်သားပဲ "

" ကိုဇော်လုပ်သမျှကို မဝါ မကျေမနပ်ဖြစ်နေတာပဲ၊ ဒီအိမ်ငှားကတည်းက မဝါ မကျေမနပ်ဖြစ်နေတာ ကိုဇော်သိသားပဲ၊ ယောက်ျားကို နိုင်ချင်တဲ့စိတ်လေးလည်း လျှော့ပါဦး မဝါ "

" မဝါစေတနာကို ကိုဇော်မသိတာ မဝါ ဝမ်းနည်းလိုက်တာ "

အမှန်ပင် မဝါ စိတ်ထိခိုက်ရသည်။ အိမ်ထောင်သက်တမ်းတွင် ပထမဆုံးအကြိမ် ဝမ်းနည်းစွာ ငိုခဲ့ရသည်။ သည့်နောက်တွင် ကိုဇော်သည် မဝါကို စကားကောင်းကာင်း မပြောတော့၊ အပြင်မှာ ဆေးခန်းဖွင့်သည်ကိုပင် မဝါကို မပြောတော့။

+ + +

ည ၉နာရီကျော်ခန့်မှ ကိုဇော် အိမ်ပြန်ရောက်တတ်သည်။ အရက်ကို နေ့တိုင်း သောက်လာသည်။ ယောက်ျားတစ်ယောက်ကို အရက်မသောက်ရ၊ ဆေးလိပ်မသောက်ရဟု မဝါ မတားမြစ်လို။ အတိုင်းအတာ အကန့်အသတ်နှင့်တော့ သောက်စေချင်သည်။ စွဲစွဲလမ်းလမ်း လွန်လွန်ကျွံကျွံဖြစ်မည်ကို မဝါ စိုးရိမ်သည်။ သို့သော် မဝါ မပြောရဲတော့။

တစ်နေ့တွင် ကိုဇော့်အမေ ရောက်လာသည်။ မဝါတို့ပြောင်းလာပြီးမှ ပထမဆုံးအကြိမ် လာခြင်းလည်း ဖြစ်သည်။ လာရင်းကိစ္စကမူ လစဉ်မှန်မှန်ပို့နေကျ တစ်လငွေနှစ်ရာကို သုံးလမျှ မပို့ဘဲနေသည့်ကိစ္စ။
ကိုဇော့်အမေရောက်လာချိန်တွင် ကိုဇော် ပြန်မရောက်သေး။

မဝါကို မေးရာတွင် မရေမရာဖြေသည်။ အဘွားကြီးက အိမ်ရှိပစ္စည်းများကို စေ့စေ့စပ်စပ်လိုက်ကြည့်သည်။

" ဒါလောက်များတဲ့ပစ္စည်းတွေ ဘယ်မှာဝယ်တာလဲ " ဟု မေးသည်။

မဝါက " ကိုဇော် ဝယ်တာပဲ၊ မဝါလည်း သိပ်မသိဘူး "ဟု ပြန်ဖြေသည်။

ငွေကိစ္စကို ပွင့်ပွင့်လင်းလင်း မေးမြန်းသည်တွင်လည်း မဝါ ခေါင်းခါရပြန်သည်။ ဝင်ငွေအားလုံးထဲမှ ငွေနှစ်ရာကို မဝါကိုယ်တိုင်ဖယ်ပြီး ကိုဇော့်လက်သို့ အပ်မြဲ။ ကိုဇော်ကိုယ်တိုင် စာတိုက်မှ သွားပို့မြဲ။ မဝါဘက်ကမူ မပျက်ကွက်ခဲ့။ ကိုဇော် မည်သို့ဖြစ်သည်မသိ။ မဝါမှာ ဘူးတစ်လုံးသာ ဆောင်နေရတော့သည်။

" ညည်းမလဲ ဘာမှကို သိတယ်မရှိဘူး "

ယောက္ခမကြီးက အပြစ်တင်သည်။
ကိုဇော်ပြန်ရောက်သော် ထုံးစံအတိုင်း မူးလာ၏။ အဘွားကြီး နှာခေါင်းရှုံ့သည်။ မဝါကို ဘယ်လိုလဲဟူသောသဘောနှင့် ကြည့်သည်။ သဘောကတော့ မဝါ အထိန်းအသိမ်းမကောင်းလို့ပဲ။ အိမ်မှာနေတုန်းကတော့ ကိုဇော် အရက်မသောက်တတ်။

နောက်နေ့မနက်မှ သားအမိနှစ်ယောက် စကားပြောဖြစ်ကြသည်။ မဝါက ဘာမျှ ဝင်မစွက်ချေ။

" ဇော့်မှာ ငွေလိုနေလို့ပါ မေမေ၊ နောက်လတွေကျရင် ပို ပို့လိုက်ပါ့မယ် "

" မင်းတို့မှာ ဆေးတိုက်က ဝင်ငွေလည်း ရှိသေး မဟုတ်လား "

ကိုဇော်က မဝါကို ကွက်ခနဲ လှမ်းကြည့်သည်။ မဝါမျက်နှာ ပျက်သွားရ၏။ ဆေးတိုက်ဖွင့်သည့်ကိစ္စ မဝါ ခုမှ သိရသည်။ ဒါကိုပင် အဘွားကြီးက တလွဲတွေးသည်။

" အင်း .... ငါ့သားလည်း ငါ့လက်ကလွတ်မှ အတော်ပြောင်းလဲနေပြီပဲ .... "

အဘွားကြီးက ထိုနေ့မနက်စာပင် မစားဘဲ ပြန်သွားသည်။ မဝါ ဒုတိယအကြိမ် ငိုရပြန်ချေပြီ။
သည့်နောက်တွင်တော့ ကိုဇော်က မဝါကို ဆေးတိုက်က ဝင်ငွေများပါ အပ်သည်။ ပထမတော့ မဝါ လုံးဝလက်မခံဟု စိတ်ကူးမိသေးသည်။

သို့သော် လျှော့ပေးသည့်အနေဖြင့် မဝါ သိမ်းထားပေးသည်။ တစ်ပြားတစ်ချပ်မျှ မယူ မသုံး။ ကိုဇော်ကသာ မကြာမကြာ တောင်း၍သုံး၏။

တစ်နေ့တွင်မူ မဝါ သည်းမခံနိုင်ဆုံးသောဖြစ်ရပ်သည် ပေါ်ပေါက်လာချေသည်။ ထိုနေ့က မဝါ ကိုဇော့်ဆေးခန်းသို့ မလိုက်စဖူး လိုက်သွားသည်။ ဘာရယ်လို့တော့မဟုတ်။ ရောက်ဖူးသည်ရှိအောင် သွားခြင်းသာဖြစ်သည်။ အစကမူ ကိုဇော့်ဆေးခန်းတွင် ကိုဇော်တစ်ယောက်တည်း ထိုင်သည် ထင်သည်။

ယခုတော့ တစ်ယောက်တည်းမဟုတ်။ တခြားဆရာဝန်တစ်ယောက်နှင့် နှစ်ယောက်ဖြစ်သည်။ ပြီး ... ဆရာဝန်က အမျိုးသမီး။

မဝါ သဝန်မတိုတတ်ပါ။ သို့သော် မဝါ ချစ်တတ်သည်။ အသည်းငယ်သည်။ စိတ်နုသည်။ ကိုဇော်နှင့်တွဲဖက် ဆရာဝန်က မဝါကို ပျူပျူငှာငှာ ဆက်ဆံသည်။ ချိုချိုသာသာပြောသည်။ ကိုဇော်နှင့်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုသည်။ ရင်းရင်းနှီးနှီး နေထိုင်သည်။ လက်ပွန်းတတီးဟုပင် ဆိုနိုင်သည်။ ကိုဇော်နှင့် ယခုမှသိသူများ မဖြစ်တန်ရာ။ ငယ်ပေါင်းကြီးဖော်ဖြစ်နိုင်သည်။

မဝါ၏မေးခွန်းကို ကိုဇော်က အရေးမကြီးသလို ခပ်အေးအေးပင်ဖြေသည်။

" ကိုဇော်တို့ ကျောင်းတုန်းကတည်းက ခင်ခဲ့ကြတာ "

" သူက ပဲခူးမှာပဲနေတာလေ "

" ဆေးခန်းဖွင့်ဖို့ သူကပဲ အကြံပေးတာ "

" သူ့ငွေနဲ့ ရင်းပြီး ဖွင့်ရတာပေါ့ "

ကိုဇော်က တစ်ခွန်းချင်း ပြန်ပြောပြသည်။

" ဒါတွေ ကိုဇော်က မဝါကို ဘာမှလဲ မပြောပြခဲ့ဘူး "

" မဝါမှ ကိုဇော့်အလုပ်ကို စိတ်မဝင်စားပဲ၊ ကိုဇော့်မှာ ငွေအရင်းနှီးမရှိဘဲ ဘယ်လိုလုပ် ဆေးခန်းဖွင့်နိုင်မှာလဲ၊ မဝါ စဉ်းစားမိဖို့ကောင်းတယ် "

" ထားပါတော့လေ၊ ကိုဇော်နဲ့ အဲဒီအမျိုးသမီးကကော အတော်ရင်းနှီးလို့လား "

မဝါက သဝန်တိုသံမပါအောင် ကြိုးစား၍ သံမှန်ဖြင့် မေးသည်။

" သူနဲ့ကိုဇော်က ချစ်ခဲ့ကြတာ "

" ဘာရယ် ... ကိုဇော် "

ကိုဇော်က ဘာမျှ ထပ်မပြော။ ကိုဇော့်အမူအရာက အေးစက်စက်နိုင်လှသည်။ အလျင်တုန်းက ပြည့်ဝဖြူစင်သောအပြုံးနှင့် ကိုဇော်၊ အမြဲကြင်နာခဲ့သော ကိုဇော် ဘယ်လိုများ ပြောင်းလဲသွားသည်ကို မဝါ မတွေးတတ်။ မဝါ မယုံချင်။

" ကိုဇော်တို့ ချစ်ခဲ့ကြတယ် ဆိုရင်လည်း ဘာလို့ မယူခဲ့ကြသလဲ ကိုဇော်ရယ်။ ဘာလို့ မဝါကို လက်ထပ်ခဲ့သလဲ၊ ပြောစမ်းပါ၊ ကိုဇော် ပြောစမ်းပါ "

မဝါ ပြောရင်း ငိုသံပါလာသည်။ မဝါ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။

" ကိုဇော်တို့ချင်း အဆင်မပြေတုန်း မဝါကို ချစ်ရေးဆိုခဲ့မိတာ "

" ဪ .... ခုတော့ မဝါကို လက်ထပ်ပြီးမှ ကိုဇော်တို့ချင်း အဆင်ပြေသွားကြပြီ ဆိုပါတော့လေ "

" မင်း အရမ်းမစွပ်စွဲနဲ့မဝါ၊ ခု ကိုဇော်တို့ အလုပ်လုပ်နေတာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်းပဲ၊ မဝါက အတော်ရင်းနှီးခဲ့သလား ဆိုလို့ ကိုယ်က ပြောပြရတာ "

ကိုဇော်က ဒေါသတကြီး ပြန်အော်သည်။
အိမ်ထောင်ရေးကို စိတ်တိုင်းမကျဖြစ်မှာ မဝါ အစိုးရိမ်ဆုံးဖြစ်ခဲ့သည်။ ခုတော့ သည်စိုးရိမ်မှုကပင် အန္တရာယ်ဖြစ်ခဲ့ရပြီ။

ကိုဇော့်ကို မဝါချစ်သည်။ ကိုဇော်နှင့် ရာသက်ပန် ရိုးမြေကျ ပေါင်းသင်းလိုသည်။ မဝါရင်မှာ ကိုဇော် အမြဲ ရှိစေချင်သည်။ မဝါနှင့်ကိုဇော်တို့အတွက် အဆင်ပြေဆုံး၊ အသာယာဆုံးသော အိမ်ထောင်တစ်ခုကို ထူထောင်ပြီး ကိုဇော့်ကို ထာဝရ စံနေစေချင်သည်။

ဒါတွေကို ကိုဇော် နားမလည်ခဲ့ပါလား၊ နားလည်အောင်လည်း မဝါ ရှင်းပြမတတ်တော့။

+ + +

အင်းလျားသည် လှမြဲ လှနေ၏။ မဝါသည် အင်းလျားအလှကို ငေးမြဲငေးနေသည်။

" အဝတ်တွေစိုနေတယ်။ အအေးမိမယ်၊ ပြန်ကြစို့ "

မိဆွေက ချော့သလိုပြောရင်း ပြန်ရန် ဟန်ပြင်သည်။ မိဆွေသားလေး အတွတ်က ကန်ပေါင်တလျှောက် ပြေးတက်လာသည်။

" ဖေဖေကပြောတယ်၊ ထမင်း မဆာကြသေးဘူးလားတဲ့ "

" ကြည့်စမ်း၊ မိဆွေသားက သိပ်သွက်တာပဲ၊ ဖေဖေက မေမေ့ကို ခေါ်ခိုင်းလိုက်လို့လား "

" ဟုတ်တယ်၊ ဖေဖေ အောက်မှာ စောင့်နေတယ် "

မဝါက အတွတ်ကို လက်တွဲပြီး ကန်ပေါင်မှ ပြေးဆင်းသည်။ နွမ်းနယ်ညှိုးငယ်နေခဲ့သော မဝါမျက်နှာလေးသည် လန်းလန်းရွှင်ရွှင်ဖြစ်သွား၏။ အတွတ်နှင့် ပြေးဆင်းသွားရင်း ကလေးတစ်ယောက်ပမာ ရွှင်မြူးနေသည်။

အမေသည် မဝါတို့ကို ထမင်ဝိုင်းနှင့် စောင့်နေသည်။ မဝါရောက်လာသည့်အတွက် အမေ ဝမ်းသာနေသည်။ အမေသည်လည်း မိဆွေကဲ့သို့ပင် မဝါတစ်ယောက်တည်း ရောက်လာသည့်အကြောင်းကို ဖွင့်မမေးဘဲ နေသည်။

မဝါက သားနှင့် အဖော်လုပ်ရင်း စကားပြောသည်။ သား မေးသမျှ ပေါက်တတ်ကရများကို စိတ်ရှည်လက်ရှည်ဖြေသည်။ မိဆွေက မဝါကိုကြည့်ရင်း တစ်စုံတစ်ရာ တွေးမိ၏။

" မဝါ ... ကလေး မရသေးဘူးလား "

မိဆွေက လွှတ်ခနဲ မေးမိသည်။ မဝါက ခေါင်းကို အသာ ယမ်းပြသည်။

" မိဆွေတို့ဆရာဝန်ကြီး ကိုဇော်က ကလေးမလိုချင်သေးဘူးတဲ့လေ "

မေးမိပြီးမှ မိဆွေ မျက်နှာပျက်သွားသည်။ တကယ်တော့ မဝါသည် သားသမီးတွေတစ်လှေကြီးနှင့် ပျော်စရာအတိပြီးသော အိမ်ထောင်တစ်ခုကို တည်ဆောက်မည်ဟု ကြုံးဝါးခဲ့သူတစ်ယောက်မဟုတ်လား။

အချိန်တန်တော့လည်း မဝါက သူတို့အဖြစ်ကို မမေးဘဲနှင့် ပြောပြသည်။

" မဝါက သင်္ချာဆရာပီပီ သူ့ကို တွက်ယူသတဲ့ မိဆွေရယ် "

မဝါက ယူကြုံးမရအသံဖြင့် အဆုံးသတ်သည်။
မိဆွေကမူ စိတ်ဆတ်သူပီပီ ဒေါသဖြင့် ဆုံးဖြတ်၏။

" တွက်ယူတယ်ထင်ရင် အစကတည်းက မယူနဲ့ပေါ့။ အစကတော့ ကောင်းပီ ကောင်းလျက်နဲ့ ခုမှ အဆက်ဟောင်းနဲ့တွေ့လို့ စိတ်ပြောင်းသွားတာပါ။ ရန်ကုန်မှာနေတုန်းက အကောင်းပဲ၊ မဝါ မပြန်နဲ့၊ မိဆွေတို့နဲ့ပဲနေ "

အမေကမူ လူကြီးပီပီ ဆုံးမသည်။ မိဆွေကို ဆူသည်။

" ဟဲ့ကောင်မ၊ ဘာလို့ ဒီလိုပြောရသလဲ၊ သမီးမဝါ ပြန်သာသွား၊ လာခေါ်ရင်လဲ လိုက်သွား၊ ယောက်ျားဆိုတာ ဝေးဝေးပစ်ထားရင် ပိုဆိုးမှာပေါ့။ အိမ်ထောင်ရေးဆိုတာ အဆင်မပြေတုန်း ခဏပဲ၊ ဒါကို ကိုယ်က စိတ်လိုက်မာန်ပါ လုပ်ရင် မဖြစ်သင့်တာတွေ ဖြစ်လာရော "

အင်း .... အမေ့တုန်းကလည်း ဒီလိုပဲ ထင်ပါရဲ့။ အဖေ အရက်သောက်သည်ကို ပြောမရ၍ စိတ်ဆိုးဆိုးနှင့် အိမ်မှ ဆင်းလာသည်။ အဖေက လာခေါ်ပေမယ့် ပြန်မလိုက်။ သည်လိုနှင့် အဖေနှင့်အမေ ဝေးခဲ့ရသည်။ ပြောသာပြောရသည်။ ခုလည်း မဝါရင်မှာ ပူလှပြီ။ ကိုဇော်တစ်ယောက် မဝါကို ပြန်နားလည်နိုင်ပါစေ။
မဝါကို လာခေါ်ပါစေဟု ဆုတောင်းမိသည်။

တကယ်တော့ မဝါသည် အိမ်ထောင်ရေးကို စီမံကိန်းနှင့် အကွက်ချ၍ တည်ဆောက်ခဲ့သည်တော့ မှန်ပါသည်။ သို့သော် မဝါစီမံကိန်းက အိမ်ထောင်သာယာရေး၊ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ်ရေး၊ ပျော်ရွှင်ချမ်းမြေ့ရေးပင်ဖြစ်သည်။

" အင်း.... တကယ်တမ်းတွက်ယူခဲ့တာက ရီမာ၊ သူတို့အိမ်ထောင်ရေးကျတော့လည်း အဆင်ကို ပြေလို့ဟဲ့ "
မိဆွေက ညည်းသည်။

+ + +

အမေ့အိမ်ရှေ့တွင် သရက်ပင်ကြီးက အုပ်ဆိုင်းနေသည်။ သရက်သီးစိမ်းများသည် တွဲရရွဲ ကျနေသည်။ မဝါနှင့်မိဆွေက သရက်ပင်အောက်တွင် သင်ဖြူးခင်းပြီး ထိုင်ကြသည်။ အမေက သရက်သီးစိမ်းကို စိတ်၍ ငံပြာရည်နှင့် ငရုတ်သီးမှုန့်ဖျော်ကာ လာပေးသည်။

" အမေ့သရက်သီးက ဘာသရက်လဲ "

" မဝါက အမှတ်မထင် မေးမိ၏။

" စိုက်တုန်းကတော့ သေသေချာချာ မချစ်စုသရက်စေ့ကို ချပြီး စိုက်ခဲ့တာပဲ။ ပေါက်လာတော့ ဘာသရက်မှန်းလည်း မသိပါဘူးအေ "

မဝါသည် အမေ့စကားကို နားထောင်ရင်း တစ်စုံတစ်ခုကို တွေးကာ သက်ပြင်းချလိုက်မိလေသည်။ ။

မိုးမိုး(အင်းလျား)
ငွေတာရီ၊ ၁-၄-၁၉၇၄
#ညမဖတ်ရ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Myawaddy
Yangon
5678