Chit Su Aung
တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်
07/03/2024
အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ
အရသာက တမူထူးခြားနေပါလိမ့်မယ်။
(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။
(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။
(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။
(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။
(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။
(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။
(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။
(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။
(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ
(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။
(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။
(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။
(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။
(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။
(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။
(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။
မောင့်ကို မဖြစ်မနေ ထားခဲ့ရတော့မယ်
တကယ်ချစ်ရင် ဘယ်အရာကိုမဆို အတူတူ ညှိယူပြီး ရှေ့ဆက်လို့ရပါတယ်ဆိုတဲ့ စကားဟာ နေရာတကာတော့ မမှန်တတ်ဘူးထင်ပါတယ် ကျွန်မ မောင့်ကို သိပ်ချစ်တယ် ။ ဒါပေမယ့် မောင်ရယ် မတူညီတာတွေ အရမ်းများနေတဲ့အခါ ရှေ့ဆက်လျှောက်ရင် ဒီထက်ပို ပင်ပန်းရမှာပေါ့ ဒီထက်ပိုနာကျင်ရမှာပေါ့ အဆုံးသတ်တွေကျရင်လဲ ဝေးရမှာချင်းအတူတူလေ ။
ကျွန်မ နဲ့ မောင်က အသက်တွေ သိပ်ကွာလွန်းတယ် ... ဘာသာတွေ မတူကြဘူး ။ တဇွတ်ထိုးဆန်တတ်တဲ့ မောင့်အတွက် ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ တွေးလို့ရပေမယ့် လူကြီးတစ်ယောက်ဖြစ်နေတဲ့ ကျွန်မအတွက်ကျတော့ အဲ့လို တဇွတ်ထိုးဆန်လို့ မရဘူးလေ မောင် ... မောင့်ကို ချစ်တယ် ဒါပေမယ့် ဒီတစ်ကြိမ်တော့ မဖြစ်မနေကို ထားခဲ့ရတော့မယ် မောင် ။
ကျွန်မကို ခွင့်လွှတ်ပါဆိုတဲ့ စကားကို မသုံးချင်ဘူး ကျွန်မကို မုန်းပဲ မုန်းသွားစေချင်တယ် ။ မောင့်ကို ကစားခဲ့တဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ အမှတ်ရနေစေချင်တယ် ပြီးတော့ ပိုပြီးသင့်တော်မယ့်ရင်ခွင်မှာ ပျော်နေမယ့် မောင့်ကို မြင်ချင်တယ် ။ အကြိမ်ကြိမ် လွှတ်ချဖို့ ကြိုးစားခဲ့ဖူးတယ်မောင် မဖြစ်နိုင်ဘူးဆိုတဲ့ အနာဂတ်တွေကို သိတယ်မောင် ... ဒါပေမယ့် မောင်နည်းနည်းလေး ချွဲလိုက်ရင် ကျွန်မမှာ ပြန်ပြီး လှည့်လှည့်ကြည့်နေမိတာ ။
အတွေးတွေဟာ ... မတူဘူး မောင်ရယ် ...ပြီးတော့ ဘ၀တွေက မတူဘူးလေ ... တစ်ယောက်တစ်လှမ်းဆီ လျှောက်ကြရမယ့်လမ်းမှာ တက်လမ်းတွေ အများကြီးရှိတဲ့ မောင့်ကိုပဲ ဆက်လျှောက်စေချင်တယ် ။ ကျွန်မက အိုနေပါပြီ အချစ်တွေဟာလဲ ကုန်နေပါပြီ ။ မောင့်ကျောပြင်ကို ငေးပြီး ကျန်ခဲ့ချင်တယ် မောင်ပျော်နေတာလေးကိုကြည့်ပြီး ကျွန်မ ပြုံးပြီစ ကြည့်နေချင်တယ် ။ မောင့် ကျောပြင်လေးကို ငေးပြီး ကျွန်မ လွမ်းနေချင်တယ် အချိန်တွေအများကြီး လှည့်ထွက်လို့ဖို့ ရပ်တန့်လိုက်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မောင့်အပြုံးတွေကြောင့် အမြဲတမ်း ကျရှုံးနေခဲ့တာ ဒီတစ်ကြိမ်တော့ နာကျင်ပါစေ ကျွန်မ ပြန်လှည့်မကြည့်ချင်တော့ဘူး ။
လောကကြီးရေ ... နောက်ဆိုရင်လေ အဆုံးသတ်တွေမှာ မပေါင်းဖက်နိုင်တဲ့ ကံကြမ္မာတွေ ကြိုရှိနေမယ်ဆိုရင် ဘယ်သူနဲ့မှ မဆုံပေးတာကောင်းမယ် ။ ကျန်ခဲ့ခြင်း ချန်ခဲ့ခြင်းတွေကြားမှာ ဘယ်နှလုံးသားမဆို နာကျင်ရတာပဲ မဟုတ်လား။ ကျွန်မ နှလုံးသားလေးလဲ ငိုနေတယ် တစ်ဖက်မှာ ကျွန်မ ဦးဏှောက်ကလဲ တားနေတယ် ဗျာတွေ များခဲ့ရတာ ကြာပါပြီ ဒါပေမယ့် ဒီတစ်ကြိမ်တော့ တကယ်ပဲ မောင့်ကို မဖြစ်မနေ ထားခဲ့ရတော့မယ် ။
ကျွန်မကို မုန်းလိုက်နော် ... ပြီးတော့ ရက်စက်လိုက်တာဆိုတဲ့ ခေါင်းစဥ်တပ်ပြီး မေ့လိုက်နော် ... ကျွန်မ ဒီတစ်ကြိမ်တော့ ရက်စက်ပါရစေ မောင်ရယ် ။
#ကျေးကို
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုပေမယ့်
28/04/2022
အိုင်က ရှမ်းပြည်မှာ😂
28/07/2021
အတွေးလွန်ခြင်း နှင့် ညဘက်အိပ်မရခြင်း
ညဘက်ဘယ်လိုမှအိပ်မရဖူး။ မိုးလင်းပေါက် အိပ်မပျော်ဖူး။ ဖုန်းမကြည့်ပေမယ့်လည်း အိပ်မရဖူး ဆိုတာ အခု လူငယ်တော်တော်များများမှာ ဖြစ်နေတာတွေ့ရပါတယ်။ အဓိက ရန်သူကတော့ ကိုယ့်ရဲ့ စိတ်၊အတွေးတွေက ဦးနှောက်ကို အနားမပေးတာပါ။ အတွေးများနေတာ ၊ အတွေးလွန်နေတာတွေကြောင့် အိပ်ချိန်မှန်အိပ်မရတာ၊ အစားအသောက်ပျက်လာတာ၊ ကိုယ်အလေးချိန်ရုတ်တရက်ကျသွားတာ၊တက်လာတာ ၊ ခေါင်းမကြည်တာ၊ နေ့ခင်းနေ့လည်အရမ်းအိပ်ချင်တာ၊ စိတ်ရှုပ်တာတွေဖြစ်တတ်ပါတယ်။
ဒီကာလမှာ စိတ်ရော လူရော လန်းဆန်းနေဖို့ Covid ကိုရော ကြံကြံခံနိူင်ဖို့ အိပ်ရေးဝဖို့ကအရေးအကြီးဆုံးလို့ထင်ပါတယ်။ ဒါကြောင့် အခု ညတိုင်းအတွေးလွန်နေသူတွေအတွက် နည်းလမ်းတွေပြောပြချင်ပါတယ်။
- အကောင်အထည်ဖော်ပါ။
တွေးနေတဲ့ အတွေးတွေကို အပြင်မှာတကယ်လုပ်ပါ။ ဥပမာ အခုအခြေအနေနဲ့ဆို လူကြီးမိဘတွေ မတော်တဆ သေသွားမှာ ကို ကြောက်ကြပါတယ်။ သေသွားရင်ဘယ်လို လုပ်ရမလဲဆိုပြီးတွေးမယ့်အစား ကိုယ်စိုးရိမ်ကြောင်းဖွင့်ပြောပါ။ လမ်းမပျောက်အောင် နည်းလမ်းမေးပါ။ နွေးနွေးထွေးထွေးပွင့်ပွင့်လင်းလင်းနေပါ။ ဒီအချိန်မှာ မနေပေးလိုက်ရရင်၊ မချစ်ပေးလိုက်ရရင် နောင်တအရဆုံးဖြစ်သွားမှာပါ။
-ဇာတ်ကားလျော့ကြည့်ပါ။
ဝမ်းနည်းစရာ၊ကြောက်စရာနဲ့ သွေးထွက်သံယိုတွေကို ဒီကာလမှာရှောင်ပါ။ စိတ်ကူးယဉ်စရာဖြစ်တဲ့ ဇာတ်ကားတွေကို မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ဇာတ်ကားတွေကို ကြည့်ပါ။ ကိုယ့်အတွက် စိတ်ထွက်ပေါက်မဖြစ်ရင်မကြည့်ပါနဲ့။
-ညနေဖက် ၊ ညပိုင်း ရေချိုးပါ။
ညနေပိုင်းရေချိုးထားရင် နှစ်ခြိုက်စွာအိပ်ပျော်နိူင်ခြေပိုများပါတယ်။ ဒါကြောင့် ညနေခင်းပြောင်းချိုးကြည့်ပါ။
-နာရီဝက်တစ်နာရီစောအိပ်ပါ။
ပုံမှန်အိပ်ချိန် ၁၁ ဆို ၁၀နာရီကရင်းအိပ်ပါ။ ဖုန်းမသုံးဘဲ တကယ်အိပ်သလို အကုန်စိတ်လျော့ပြီး အိပ်ကြည့်ပါ။ အကျင့်ဖြစ်အောင် ပြန်ကျင့်ပါ။
-Lofi Music နားထောင်ပါ။
မိုးရွာတာလေးတွေ၊ ကတ်ဆက်ခွေပုံစံလေးတွေနဲ့ Medication Music တွေထက် ပိုကြိုက်တာမို့ နားထောင်ကြည့်ဖို့ Recommend ပေးပါရစေနော်။
- အတွေးတွေကိုပြောပြပါ။
ကိုယ်တွေးနေတာ ဘယ်လိုအတွေးဖြစ်ဖြစ် မိသားစု၊ သူငယ်ချင်းတွေကိုပြောပြပါ။ တစ်ယောက်ယောက်ကဘဲဖြစ်ဖြစ် နှစ်သိမ့်ပေးရုံနဲ့တင် သက်သာပါတယ်။ ဒါကြောင်း ဘယ်သူ့ကို မဆိုပြောပြဖို့ ဝန်မလေးနဲ့နော်။
-မနက်ပိုင်းဆက်မအိပ်ပါနဲ့။
4နာရီ5နာရီလောက်မှ အိပ်ပျော်ရင်တောင် မနက်၊နေ့လည်ထိ ဆက်မအိပ်ပါနဲ့။ လူလည်းနုံးတဲ့ အပြင် အိပ်ရေးမဝပါဖူး။ အစားအသောက်နဲ့ ပျက်ပါတယ်။ ဘယ်အချိန်အိပ်အိပ်ထနေကျအချိန်ပြန်ထပါ။
-အစာစားပါ။
မနက်စာမစားတာ၊ ညစာမစားတာ၊ အာဟာရမပြည့်တာက ညအိပ်မပျော်တာကိုဖြစ်စေပါတယ်။ စားချိန်မှန်စားပါ။ ဗိုက်ပြည့်အောင်စားပါ။ မနက်စာလဲ မပြတ်အောင်စားပါ။ ဒါဆို ညအိပ်တဲ့အချိန် အိပ်မပျော်တာ၊ ဗိုက်မဝတာမျိုး မဖြစ်တော့ပါဖူးနော်။
အခုပြောသွားတဲ့ နည်းလမ်းတွေအကုန်လုံးသုံးကြည့်ပါ။ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ အတွေးတွေတွေးမိပြီး အိပ်မရရင် ကိုယ်တိုင်ရော ဘယ်လို နည်းလမ်းတွေ သုံးတတ်လည်းဝေမျှပေးခဲ့နော်။
ဒေါသစိတ်ကိုအမြန်ထိန်းချုပ်နည်း
https://www.facebook.com/106037914224704/posts/207124520782709/?d=n
အတွေးလွန်ခြင်းကိုဘယ်လိုလျော့ချမလဲ
https://www.facebook.com/106037914224704/posts/187206466107848/?d=n
စိတ်ရောလူရောပင်ပန်းလာရင်
https://www.facebook.com/106037914224704/posts/213500150145146/?d=n
28/07/2021
စိတ်ဓာက်ကျနေရင်
စာဖတ်ပါ
အလုပ်အဆင်မပြေရင်
စာဖတ်ပါ
ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်
စာဖတ်ပါ
ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင် စာဖတ်ပါ
အသဲကွဲနေရင်
စာဖတ်ပါ
အထီးကျန်သလို ခံစားရရင်
စာဖတ်ပါ
ဘယ်သူမှအရေးမထားတဲ့အခါ
စာဖတ်ပါ
စာဖတ်ရင် အောင်မြင်မူတွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ
အရာရာပြည့်စုံအောင် ထားပေးတာ
မဟုတ်ပေမယ့်..
စာဖတ်ရင်
စိတ်ဓာက်ကျနေရင်
အားအင်ရှိစေတဲ့ စကားလုံးတွေကို
တွေ့နိုင်တယ်။
အရှုံးပေးချင်နေရင်
အောင်မြင်သူတိုင်း ဘယ်နှစ်ခါ
လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့ သင်ခန်းစာ
တွေကို သိနိူင်တယ်။
စိတ်ညစ်နေရင်
အချိန်က ဒီမှာ မရပ်နားနေသလို
အရာအားလုံးလဲ ပြီးဆုံးသွားမယ်
ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်။
ပတ်ဝန်းကျင် ဆိုတာကို
လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်။
နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတက်လာမယ်။
ဘယ်သူ့မှကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက်ကိုယ်ရှိနေတက်လာမယ်။
သန်မာတဲ့ စိတ်ဓာက်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။
စာအုပ်က စကားမပြောတက်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ။
to original writer.
12/07/2021
လူသားဆန်တဲ့ နှလုံးသားရယ်♥️
မေတ္တာရှိတယ်😍
အတွေးတွေကိုသတိထား
နှစ်သစ်ကိုမစတင်ခင် ကိုယ့်ကိုကိုယ် မေးသင့်တဲ့ 🔰မေးခွန်း(၅)ခု
1️⃣ ဘဝမှာ ဘာတွေလုပ်နေရရင် ငြီးငွေ့လဲ?
အထူးသဖြင့် အလုပ်အကိုင်၊ စီးပွါးရေးလုပ်ငန်းစတဲ့ မိတ်ဆွေကိုယ်တိုင်သေချာသိတဲ့ မိတ်ဆွေလုပ်ရတာမပျော်တဲ့အရာတွေဖြစ်ပါတယ်။
စိတ်နှစ်ပြီးလုပ်လဲ ဘယ်လိုမှ လုပ်ရတာစိတ်မပါတဲ့အရာမျိုးပါ။
ဒါကို ဘာကြောင့် ဆက်လုပ်ဖြစ်နေတာလဲ?
( သေချာစဉ်းစားပြီး ချမှတ်ထားပါ )
2️⃣ ဘဝမှာ ဘာတွေဖြစ်ချင်လဲ?ဘာတွေ လုပ်ချင်လဲ ?
ဖြစ်ချင်တဲ့အရာတွေကို ဘာကြောင့်မလုပ်ဖြစ်သေးတာလဲ မိတ်ဆွေ?
( ဥပမာ - စီးပွါးရေးစလုပ်ချင်တယ်၊ ကျန်းမာရေးကောင်းအောင်မနက်ထပြေးချင်တယ် )
ဒါတွေကို ဘာကြောင့်မလုပ်ဖြစ်သေးတာလဲ?
3️⃣ နှစ်ဟောင်းမှာ ဘယ်သူတွေကို ခွင့်လွှတ်ခဲ့သင့်လဲ?
ဒါက မိတ်ဆွေကိုယ်တိုင် ရွေးချယ်ရပါလိမ့်မယ်။
သူတို့က မိတ်ဆွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အိမ်ထောင်ဖက် နဲ့ တခြားလူတွေ ပဲဖြစ်ပါတယ်။
ဒါက အရမ်းကောင်းတဲ့ စဉ်းစားစရာမေးခွန်းတစ်ခုမို့လို့ သေချာစဉ်းစားပြီး ချရေးထားပါ။
ဘယ်သူတွေကို ခွင့်လွှတ်သင့်လဲဆိုတာ သိပြီဆိုတာနဲ့ တစ်ခါတည်းခွင့်လွှတ်ပေးလိုက်ပါ။
ဒါမှ မိတ်ဆွေရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ စိတ်သန့်သန့်နဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
4️⃣ ဘာကြောင့် ရလာဒ်ကောင်းတွေ မရသေးတာလဲ?
မိတ်ဆွေအနေနဲ့ ရလာဒ်ကောင်းတွေရဖို့ ဘာတွေကအဓိကတားဆီးနေတာလဲ?
အရမ်းကောင်းတဲ့မေးခွန်းလေးမို့လို့ သေချာစဉ်းစားစေချင်ပါတယ်။
5️⃣ 2021 မှာ ဘာတွေအောင်မြင်မှုရချင်လဲ?
ဘာတွေက မိတ်ဆွေအတွက် အဓိပ္ပာယ်ရှိစေတာလဲ?
ဒါကို 2021 မှာ ဘာကြောင့်ရချင်တာလဲ?
ဥပမာ - ငွေကြေးကိစ္စတွေမှာလား၊ လူမှုရေးမှာလား၊ Relationship မှာလား၊ ကျန်းမာရေးမှာလား?
ဘာကို အဓိကပိုင်ဆိုင်ပြီး အောင်မြင်မှုရချင်တာလဲ?
အပေါ်က မေးခွန်း(၅)ခုကို သေချာဖြေပြီးသွားပြီဆိုရင်
👉 အောက်က Comment မှာ ဒါမှမဟုတ် ကိုယ့်ရဲ့ Note စာအုပ်မှာ ချရေးထားစေချင်ပါတယ်။
ဒါမှသာ 2020 ကိုအကောင်းဆုံးထားခဲ့လို့ရမှာ ဖြစ်ပါတယ်။
2021 မှာ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရင်း ....
ချစ်ခြင်းအားဖြင့်
Always Live with Passion
Pyay Khaing
Asia's Top Life & Business Coach
30/12/2020
၂၀၂၀...
မြို့ပေါ် တရွရွ တက်လာသော ပိုးမွှားများ ကြား
လူဟာ လူ နဲ့ လူချင်း ခွါလို့
စိတ် နဲ့ စိတ်ချင်း မကွာအောင်
အားထုတ်နေကြရတဲ့ ၂၀၂၀...
တယ်လီဖုန်း ခေါ်သံတွေဟာ နေ့မြင် ညပျောက် ပဲ••!
ကိုယ့်ဘေးနားက လူက ဆက်သွယ်မှု ဧရိယာ ပြင်ပကို အချိန်မရွေး ရောက်သွားနိုင်တဲ့
ခေတ်ကြီးထဲ •••
ကိုယ် ချစ်တာကို သူအိပ်ပျော်နေတော့မှ ပြော! ဆိုတဲ့
အတ္တညှော်နံ့ ထွက်နေတဲ့ အယူအဆတွေကို
နားမယောင်မိလေနဲ့••!
အနည်းဆုံးတော့ ့ ဖုန်းချခါနီး
" မေမေ့ကို သားချစ်တယ် နော် ..ဟီး ••" ဆိုတဲ့
ရူးသလို ပေါသလို အသံလေးနဲ့ပဲ ဖြစ်ဖြစ် ပေါ့••!
၂၀၂၀•••
ဒီနေ့ နတ်သား ဖြစ်
နောက်နေ့ နတ်သတ်ကြွေ !
အကိုင်းဆတ်တဲ့ သစ်ခြောက်ပင်လိုပဲ
ဘဝတွေဟာ ••!
တစ်ခါတစ်ရံ
စိတ်က စက်လိုပဲ
ပျက်တတ်တယ် ••။
လက်ကျန်ရက်လေးအတွင်း
တစ်ချို့ အပျက်တွေကို ပြင်
တစ်ချို့ အပျက် တွေကို အပြီး ထားခဲ့
စိတ်ကို restart လုပ်!
ဒီလိုပဲ
ကိုယ့်ကိုကိုယ် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့
ဆက်သွားမယ် ၂၀၂၁ ••!
၂၀၂၁ ••
ကျက်သရေ မင်္ဂလာရှိမှုဟာ လူတိုင်းနဲ့ ထိုက်တန်တယ်
လမ်းအသစ်တွေပေါ် လျှောက်ခွင့် မရှိတဲ့ လူအဟောင်း
ရယ်လို့ မရှိဘူး
ကောင်းတဲ့ အရာတွေကို လုပ်ချင်စိတ် ပိုများနေဖို့ ပဲ ••။
ကိုယ်က လိုချင်နေဖို့သာ လိုတာပါ ••
ကိုယ်လိုချင်စိတ် အားကြီးတဲ့ အရာတွေကိုပဲ
ကိုယ့်ဆီ ရောက်လာလေ့ရှိတာကိုက
လောကသဘာဝ ...
လိုချင်စိတ်ကြီးတစ်ခုနဲ့ လောင်မြိုက်နေဖို့တော့
မဟုတ်ဘူးပေါ့ ...
ကိုယ့်ရဲ့ အကောင်းမြင်စိတ်ကလေးနဲ့
ကိုယ်ခူးဆွတ်ချင်တဲ့ သစ်သီးလေးတွေကို
မျက်ခြေမပြတ်ရုံဆို ရပြီလေ••
ဒီလိုဆို မလိုချင်တဲ့ အရာတွေ
ကိုယ့်ဆီ ရောက်လာတတ်တာကရော ...လို့
ကပ်သပ်မတွေးပါနဲ့ ..!
တစ်မျိူးတည်းပဲ လိုချင်ရင်
ကိုယ့်ရှိတဲ့ ခြေတစ်ဖက်
လက်တစ်ဖက်
မျက်လုံးတစ်လုံး
နားတစ်ဖက် ကိုလည်း ဖြတ်ထုတ်ပစ်လိုက်လေ!
မလိုတာတွေ ဖြတ်တောက်ပစ်ဖို့
လောကဓံဟာ ဓါးရှစ်ချောင်း တောင်
လက်ဆောင် ထည့်ပေးထားတာပဲ !
ဒီလို အဆိုးတွေမှ မရှိရင်
ဘုရား ဖြစ်အောင် အားထုတ်မယ့်
ဘုရားလောင်းစိတ်လည်း ရှိလာမယ် မထင်ဘူး..။
ဂျီးဆပ် လည်း ငယ်ငယ်က ဒီပရက်ရှင်တော့ ရဖူးမှာပဲ ••
ငါ မသဘေူး
ရေကူးတတ်တယ် ဆိုပေမယ့်
တစ်သက်လုံး ကိုယ်ဖော့ ထားနိုင်တဲ့ သူ
ဘယ်ရှောင်လင် ကျောင်းကမှ မထွက်သေးဘူး။
အဲဒီတော့ မြုပ်ပါစေ ..
မြုပ်သွားတာက ပြဿနာမဟုတ်ဘူး
ပြန်တက် မလာတာကသာ တစ်ကယ့်ပြဿနာ !
ဒီတော့ ..
အရာရာကို ခပ်ဖျော့ဖျော့လေးပဲ ခံယူတတ်တဲ့
ကိုယ့်စိတ်ကို ကိုယ် သူငယ်ချင်းပေါင်း ပေါင်းလို့
၂၀၂၁ ဆိုတဲ့ လမ်းမပေါ် ပြန်တက် ..!
ပိုပြီး စင်ကြယ်လာတဲ့ စိတ်နဲ့ရုပ် က ဖန်တီးမယ့်
အကြောင်းတရားတွေကြောင့်
ပိုပြီး ဖွံ့ဖြိုးတိုးတက် လာစေမယ့် အကျိုး တရားတွေ
ရောက်လာမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ဟာ
လူတိုင်း ထားကောင်းတဲ့ မျှော်လင့်ချက်ပဲ !
မျှော်လင့်ချက် ဆိုတာ
ကာကွယ်ဆေး တစ်မျိုးပဲ !
လိုအပ်တယ်••။
မလိုလားအပ်တဲ့ အညစ်တရားတွေ
ကိုယ့်ဆီ အလွယ်တကူ စိမ့်ဝင် မကူးစက်ဖို့ဆို
ကိုယ့် ရုပ်ခန္ဓာ အတွက်ရယ်မှ မဟုတ်ဘူး
ကိုယ့်စိတ် အတွက်လည်း လိုအပ်တာပဲ ...
အဲဒီလို
စိတ် ရော ရုပ်ရော ကာကွယ်ဆေးထိုးထားတဲ့သူတွေ လျှောက်နေမယ့် ၂၀၂၁ လမ်းမကြီးဟာ
အခုထက်ပိုပြီး ပျော်စရာ ကောင်းမှာပါ •••။
အဲဒီလိုပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား ••
၂၀၂၁•••မှာ ။
ဘုဏ်းသိုက်
၃၀ ဒီဇင်ဘာ ၂၀၂၀
ရန်ကုန်
30/12/2020
😁😁😁
ဆွေးပီလေ🎶🎶🎶
Click here to claim your Sponsored Listing.