Dar Dar
အဆီကျ ဝိတ်ကျ ချင်သူများအတွက်
ကျွန်ုပ်ရဲ့ Facebook သုံးစွဲမှု ၂ နှစ်ပြည့် အထိမ်းအမှတ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။ သင့်ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ် ဒါကို သင့်အကူအညီ မပါဘဲ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ 🙏🤗🎉
25/05/2024
ဝိတ်ချနေသော သူများအတွက် 🔝
23/05/2024
ကယ်လိုရီနဲသော အစားစားများ👌
#အဆီကျဝိတ်ကျချင်သူများအတွက်
22/05/2024
ဝိတ်ချပီး နောက် ဗိုက်ဗိုက်လေး ရပီး
Video လေးတွေ နားထားရတာ အားနာတယ်
ကလေးမွေးပီးတာနဲ့ အတူတူဝိတ်ပြန်ချကျမယ်နော်😍😍😍😍
22/05/2024
👌ကယ်လိုရီ တွက်စားချင်သူများအတွက်
#အဆီကျဝိတ်ကျချင်သူများ
12/04/2024
#ငှက်ပျောသီးဝိတ်ချနည်း
မနက်စာကို ငှက်ပျောသီးစား၊ဝိတ်ကျတယ်ဆိုတာ ဂျပန်မှာ ခေတ်စားခဲ့တာ ကြာပြီ။ တိတိကျကျပြောရရင် ၂၀၀၈ခုနှစ်မှာ စတင်ခေတ်စားလာခဲ့တယ်။ငှက်ပျောသီးဝိတ်ချနည်းကို morning banana diet လို့ ခေါ်ပါတယ်။ မနက်စာကို ငှက်ပျောသီးစား၊ရိုးရိုးရေသောက် ပြီး ဝိတ်ချတဲ့နည်းဖြစ်ပါတယ်။ ငှက်ပျောသီးနည်းက်ို စတင်သူက ဂျပန် အမျိုးသမီး sumiko ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ဝိတ်ချခဲ့တဲ့ သူ့အမျိုးသားHitoshi ကတော့ (၃၇)ပေါင် လောက်ဝိတ်ကျသွားပါတယ်။ အဲဒီအကြောင်း သူတို့ဆီကနာမည်ကြီး Mixi ဆိုရှယ်နက်ဝဒ်မှာ ဖော်ပြပြီးနောက် စတင်ရေပန်းစားလာတယ်။
ငှက်ပျောသီး ဝိတ်ချနည်းက သိပ်မခက်ဘူး၊လုပ်ရလွယ်လို့ လူကြိက်များတယ်။ ဘယ်လောက်တောင်လဲဆိုတော့ အဲဒီအချိန်က ဂျပန်စျေးကွက်မှာ ငှက်ပျောသီး ပြတ်လပ်သွားတဲ့ထိပါပဲ။
ဥပဒေသများ
-မနက်စာကို ငှက်ပျောသီးနှစ်လုံး စားပါ
-ရိုးရိုးရေ ဝင်သလောက်သောက်ပါ
-နေ့လည်စာကိုလည်း အသီးအရွက်နဲ့ ငှက်ပျောသီးရောစားပါ
-ကြားထဲမှာ အချိုရည်၊အချိုပွဲ မစားရဘူး၊
-ဗိုက်ဆာလာရင် ရေနဲ့ငှက်ပျောစားလို့ရတယ်
-ညစာကိုပုံမှန်အတိုင်းစား၊ ဒါပေမယ့် (၈)နာရီနောက်ပိုင်း ဘာမှ မစားနဲ့။ ဝိတ်ကျဖို့လည်း စိတ်မပူနဲ့။
ဘာ့ကြောင့်ဝိတ်ကျလဲ
ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်က်ုပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ တခြား အာဟာရစုပ်ယူမှုကိုလည်း တားဆီးနိုင်တယ်။ ငှက်ပျောမှာပါတဲ့ ကစီဓာတ်တမျိုးက အူထဲမှာ ကစော်ပေါက်ပြီး အင်ဇိုင်းတမျိုး ထွက်လာတယ်။ ထွက်လာတဲ့အင်ဇိုင်းက ဗိုက်ထဲမှာ ရှိတဲ့ အဆီတွေရဲ့ ၂၅ရာခိုင်နှုန်းကို လောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးစားရုံနဲ့ ဝိတ်ကျစေတယ်လို့ ဆိုတာပါ။ ဒီနေရာမှာ ဒေါက်တာ Fujimoto ကလည်း ထပ်ဆင့် အကြံပေးပါတယ်။ ညစဉ် detox soup ဆွပ်ပြုတ်တခွက်သောက်တာဟာ ဝိတ်ကျဖို့ပိုပြီး အထောက်အကူပြုနိုင်တယ်ဆိုတာပါ။ ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ဂေါ်ဖီထုပ်၊ခါကြက်ဥ၊ငရုတ်သီးစ်ိမ်းကို ရောပြီး စွပ်ပြုတ်လုပ်၊တရုတ်နံနံနဲ့ရောပြီးသောက်ရင် အဆိပ်အတောက်ကင်းပြီး ဝိတ်လည်းကျဦးမတဲ့။
တတယ်တော့ ငှက်ပျောသီးအကြောင်း သိပ္ပံနည်းကျပြောထားတာ ၁၉၇၀လောကိကတည်းက ရှိခဲ့ဖူးတယ်။ အနောက်တိုင်းမှာပါ။ ငှက်ပျောသီးမှာပါတဲ့ ကစီဓာတ်က ရင်ပြည့်စေတယ်၊အဆီပိုလောင်ကျွမ်းစေတယ်။ အထဲမှာပါတဲ့ ပရိုတင်းဓာတ်က အစာခြေဖျက်မှုကို ဖြစ်စေတဲ့ amylaseကို တားဆီးတယ်။ အူလမ်းက ဝင်လာတဲ့ ကစီဓာတ် စုပ်ယူမှုကို လျှော့နည်းစေတယ်။ နောက်ပြီး ပါတဲ့အင်ဇိုင်းဓာတ်တမျိုးကလည်း အစာချေဖျက်မှုအားပေးပြီး ဝိတ်ကျဖို့ ကူညီနိုင်တယ်လို့ ဆိုပါတယ်။
ငှက်ပျောသီးမှာ ဗီတာမင်ဘီ၊စီ၊မဂ္ဂနီစီယမ်၊ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တွေပါတယ်။ အနေတော် ငှက်ပျောသီးတလုံးမှာ ကာဗိုဟိုက်ဒရိတ် 23 grams လောက်ပါတယ်။ ကယ်လိုရီနဲ့တွက်ရင် 92 calorieလောက် ရရှိစေမယ်။ ပိုတက်စီယမ် 467 mgနဲ့ ဆိုဒီယမ် 1 mgလောက်ပါလို့ အားကစားသမားတွေက အစာပြေသလို သက်လုံကိုလည်း ကောင်းစေတယ်လို့ ယုံကြည်ကြတယ်။ တချို့က အားဖြည့်အချိုရည်တွေထက် အလေးပေးပြောဆိုတာလည်း ရှိပါတယ်။ ဒါတင်မကသေးဘူး။ ပိုတက်စီယမ်ပါတာချင်း တူဦးတော့။ ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်ကိုယိတိုင်က အရိုးအတွက် ကောင်းမွန်စေသတဲ့။ ဆီးတွင်း ကယ်လ်စီယမ်စွန့်ထုတ်မှုကို လျှော့နည်းစေလို့ အရိုးပွရောဂါဖြစ်ပွားမှုကို လျှော့ကျစေတယ်။
တွက်ချက်မှုတွေအရ ငှက်ပျောသီးတလုံးမှာ အမျှင်ဓာတ် 3 grams လောက်ပါတယ်။ soluble fibre နဲ့ insoluble fibre နှစ်မျိုးလုံးပါတယ်။ သွေးကြောနဲ့ ပတိသက်တဲ့ရောဂါတွေမှာ အမျှင်ဓာတ် 5 grams စားပေးရုံနဲ့ အာနိသင်က စရလာပြီ။ အမေရိကန်နိုင်ငံမှာ လူပေါင်း (၄၀၀၀၀)ကျော်ကို လေ့လာတဲ့အခါ တရက်ကို အမျှင်ဓာတ် 21 grams စားသုံးရုံနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို ၁၁ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ တွေ့တယ်။ ငှက်ပျောသီးအာဟာရကြောင့် သွေးပေါင်လျှော့စေသလို နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးဦးမတဲ့။
ဘယ်အသီးမဆို ရင့်မှည့်လာချိန်မှာ အာဟာရတန်ဖိုး အနည်းနဲ့ အများ ပြောင်းလဲတတ်ကြတယ်။ အာဟာရတန်ဖိုးနဲ့ ကာဗိုဟိုက်ဒရိတ်က သွေးတွင်းအချိုဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို သက်ရောက်စေတယ်။ ရင့်မှည့်လွန်းတဲ့သစ်သီးက သကြားဓာတ်ပိုကဲလို့ သွေးတွင်းဂလူးကို့စ် အတက်မြန်တယ်။ ဂလူးကို့စ်တက်တဲ့ပမာဏကို glycemic indexနဲ့ တွက်တယ်။ဂလူးကို့စ်မြန်မြန်တက်တဲ့အစားအစာတွေဟာ glycemic index များပြီး၊အတက်နှေးတာတွေက glycemic indexနည်းတယ်။ သတ်မှတ်ချက်တွေအရ 55အောက် ရှိတာတွေကို နည်းတယ်လို့ သတ်မှတ်ပါတယ်။ ငှက်ပျောသီးစိမ်းက glycemic indexနည်းလို့ လူနဲ့တဲ့တယ်။ ရင့်မှည့်စ ငှက်ပျောသီးဟာ glycemic index 51လောက်ပဲ ရှိတယ်။ အမှည့်လွန် အညိုရောင်သမ်းတဲ့အသီးမှာတော့ glycemic index 58လောက် ရှိတယ်။ ဒါ့ကြောင့် ဝိတ်ချဖို့ စားသင့်တဲ့ ငှက်ပျောသီးက မှည့်ကာစ အမည်းကွက်ကလေးတွေ စတင်ပေါ်ပေါက်တဲ့ အချိန်ဖြစ်ပါတယ်။
ကျန်းမာရေးအတွက်သင့်တော်တာက ငှက်ပျောသီးကြောင့် ခုခံအားကို တက်စေတယ်။ ရင့်မှည့်ကာစ အမည်းပျောက်တွေပါတဲ့ ငှက်ပျောသီးက ခုခံအားများတဲ့ TNFကို ထုတ်ပေးတယ်။ TNFဆိုတာ ခုခံအားစနစ်ဆဲလ်တွေက ထုတ်ပေးတဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ ကင်ဆာကုသရာမှာ သုံးတဲ့ Lentinan လိုပါပဲ။ ကင်ဆာကို တိုက်ဖျက်ရာမှာ အသုံးဝင်သေးတယ်။အင်တီအောက်စီးဒင့်အာနိသင် ရှိလို့ လူနဲ့တော်တယ်။ ငှက်ပျောသီး မှည့်လာတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်ဆည်းထားခြင်းက ဗီတာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးတယ်။ ညိုစပြုလာတာနဲ့ ချက်ချင်းစားပါ။ထိပ်ပိုင်းကို လေလုံအောင် ပလက်စတစ်နဲ့ ထုပ်ပိုးထားရင် ကြာရှည်ခံတယ်။ ဒီနည်းနဲ့ ရင့်မလာအောင် ထိန်းပေးတယ်။
ငှက်ပျောသီးနည်း ဘာ့ကြောင့်နာမည်ကြီးလဲ
ဝိတ်ချတဲ့အခါ လိုအပ်တဲ့အချက်နဲ့ ကိုက်ညီလို့ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝပြီး glycemic index နည်းလို့၊အမျှင်ဓာတ်များပြီး အစာစားချင်စိတ်က်ိုတားဆီးနိုင်လို့၊ ဗီတာမင်ကြွယ်ဝလို့၊အဆီပိုတွေ လောက်ကျွမ်းစေလို့ စတဲ့အချက်တွေ သွားတွေ့ရတယ်။ စျေးသိပ်မကြီးတာ၊အလုပ်ရှုပ်သက်သာတာ၊အလွယ်ဝယ်လို့ရနေတာတွေလည်း ပါမှာပေါ့။
ဒါဆို ငှက်ပျောသီးစားတာ သိပ်ကောင်းတာပဲ၊ကျန်းမာရေးအတွက် ကောင်းရုံမက ဝိတ်ကျတော့မှာပေါ့။ ဒီလိုလည်း တွက်လိုမရသေးဘူး။ American dietic associationက ငှက်ပျောသီးနှစ်လုံး နေ့စဉ်စားရုံနဲ့ ဝိတ်ကျတာ ဟုတ်နိုင်ပါ့မလား။ မနက်စာကလွဲရင် ကျန်တဲ့အချိန်စားချင်တာ စားဆိုတာလည်း သဘာဝမကျဘူး။ junk foodတွေ၊glycemic index များတဲ့အစားအစာတွေကနေ ပိုစားမိအောင် လှုံဆော်ရာရောက်နိုင်တယ်၊ အခန့်မသင့်ရင် ပိုဝလာနိုင်တယ်လို့ ထောက်ပြထားတယ်။ Niigata တက္ကသိုလ်က ဆေးပညာပါမောက္ခပြောတာ အရှင်းဆုံးပဲ။ ငှက်ပျောသီး ဆိုတာ fad diet တမျိုးပါပဲတဲ့။ ဆိုလိုချင်တာက ဒီဝိတ်ချနည်းက ကြာကြာမခံတဲ့ ပေါ်ပင်အစားအစာမျိုးပါ။ ဘာ့ကြောင့်လဲဆိုတော့ တကယ်ဝိတ်ကျဖို့ ရုပ်ပိုင်းလှုပ်ရှားမှုနဲ့ အစားအသောက်ထိန်းဖို့ ပိုအရေးကြီးတာ သူတို့နားမလည်သေးလို့ ဖြစ်နိုင်တယ်။ တနေ့တော့ ပျောက်ကွယ်သွားမယ် ထင်ပါတယ်။
credit
ဒေါက်တာ အေးမင်းထူး
09/04/2024
၇လနဲ့ ၁ပါတ် မဗိုက် 😍😍
01/04/2024
👉🏿ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း ဘာကြောင့်ဖြစ်ရတာလဲ
မိန်းမကိုယ် မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ပမာဏ ထိန်းညှိမှုမှာ တစ်ခုခု ပြောင်းလဲမှု ရှိလာတာနဲ့ အဖြူဆင်းခြင်း ရဲ့ အနံ့၊ အရောင်နဲ့ အနေအထား(ဥပမာ – ပျစ်ချွဲမှု အတိုင်းအတာ)တို့ကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ –
ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ်
စတီးရွိုက်ဆေးသုံးစွဲခြင်း
ဘက်တီးရီးယားကြောင့်မိန်းမကိုယ်ရောင်ရမ်းခြင်း(Bacterial vaginosis)
မိန်းမကိုယ် မှိုပိုးဝင်ခြင်း
သွေးဆုံးခြင်း
သန္ဓေတားဆေး
သားအိမ်ခေါင်းကင်ဆာ
ဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ဆီးချိုရောဂါ။
အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာ၊ လိုးရှင်းတွေ၊ရေချိုးဆပ်ပြာတို့နဲ့ဆေးကြောခြင်းတို့လုံးဝမလုပ်သင့်ပါ
အမျိုးသမီးမိန်းမကိုယ်အတွက်သီးသန့် ထုတ်လုပ်ထားတဲ့ SMART လေးနဲ့ ၁နေ့၃ကြိမ်တိုက်
ပေးယုံနဲ့ သက်သာပျောက်ကင်းစေပါတယ်
29/03/2024
🎯သားအိမ်ကျခြင်း လက္ခဏာ
26/03/2024
🎯သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ
#အမျိုးသမီးကျမ်းမာရေး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11061