Venous MSK
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venous MSK, Beauty, cosmetic & personal care, Monywa.
16/09/2025
#လေပြေတိုက်ခက်လိုက်တဲ့အချိန်တိုင်း
#သဘာဝနဲ့အပြိုင်လှတယ် 🍀🌸🏵️☘️🌿
မိုက်လိုက်တာငါ့သားရာ 🫣😜
15/09/2025
ငါတို့ကို ငဲ့ကြည့်တတ်တဲ့ လူတွေရှိလာမှာပါ 💚
24/11/2023
I have reached 600 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
02/07/2023
ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုယ်တွယ်လို့မရပေမဲ့
ခံစားလို့ရတယ် ။
နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။
-ခက်နှောင် ❤🌹
11/12/2021
ငါးကြီးဆီ(Fish Oil)
ငါးကြီးဆီကို အစာမစားပဲ မသောက်သင့်ပါဘူး။လေ့ကျင့်ခန်းမလုပ်ခင်နဲ့ အိပ်ရာဝင်ခါနီးအချိန်တွေမှာ သောက်တာကိုလည်း ရှောင်ကြဉ်ရပါမယ်။ရင်ပူတာတွေ ရင်ဘတ်အောင့်တာမျိုးတွေဖြစ်တတ်လို့ပါ။ဒါ့အပြင် ငါးကြီးဆီကို သွေးကျဲဆေးတွေသောက်နေရတဲ့အခါမျိုးမှာ မသောက်တာကောင်းပါတယ်။၅၀၀ မီလီဂရမ် ငါးကြီးဆီကို မနက်စာစားပြီးတကြိမ် ညစာစားပြီးတကြိမ် သောက်တာ ကောင်းပါတယ်။
27/11/2021
" အကောင်းဆုံးပဲ ကြိုးစားပါ ''💪💪💪
ရှေ့ကို ရောက်နေလို့လည်း
မော်ကြွား မနေနဲ့
နောက်မှာ ကျန်ခဲ့လို့လည်း
ဝမ်းနည်း မနေပါနဲ့
အတူတူ လျှောက်နေရလို့လည်း
မလိုလားတာတွေ မဖြစ်မိပါစေနဲ့
လူတိုင်းက.....
ကိုယ့်ဘဝ ကိုယ့်လမ်းနဲ့
ကိုယ်စီ လျှောက်နေကြရတာ
တခြားသူတွေကို ကြည့်ပြီး
ကိုယ့်ကိုယ်ကို အလောတကြီး
ဖြစ်နေဖို့ မလိုအပ်ဘူး ထင်ပါတယ်
လူတိုင်းက ကိုယ်ပိုင်တဲ့ အချိန်တွေနဲ့
ကိုယ်စီ ဖြတ်သန်းနေကြရတာ
ကိုယ်ရောက်နေတဲ့ အရပ်က ကိုယ့်ဘဝနဲ့
ထိုက်တန်နေသေးတဲ့ နေရာပဲ
ဘယ်သူနဲ့မှ ယှဉ်ကြည့်ဖို့ မလိုပါဘူး
တစ်ခြားသူရဲ့ ရှိခြင်းတွေနဲ့
ကိုယ့်ရဲ့ မရှိခြင်းတွေကို
ညီမျှခြင်း ထိုးကြည့်နေရင်
ကိုယ့်ကိုယ်ကို ဘယ်တော့မှ
အားရကျေနပ်မှု
ဖြစ်လာစေမှာ မဟုတ်ပါဘူး
အလုပ်တစ်ခုကို
အောင်မြင်ဖို့ ဆိုတာထက်
တခါတရံမှာ အကောင်းဆုံး
လုပ်နိုင်ခဲ့ခြင်းဟာလည်း ကိုယ့်အတွက်
ဆုလာဒ်ပါပဲ
ကိုယ့်အတွက် အောင်မြင်မှု ဆိုတာကို
အချိန်အတိုင်းအတာတွေနဲ့လည်း
သတ်မှတ် မထားပါနဲ့
အသက်အရွယ်တွေနဲ့လည်း
ကန့်သတ်ထားတာမျိုး မဖြစ်ပါစေနဲ့
ရာစုနှစ် တစ်ခုနဲ့ယှဉ်ပြီး
တခြားသူတွေထက် နောက်ကျမှ
အောင်မြင်ဖို့ အခွင့်အရေး ရခဲ့ရင်လည်း
ကိုယ့်ဘဝကို လက်ခံနေသ၍
ဒါဟာ အဆင်ပြေ နေပါသေးတယ်
တစ်ခုပဲ ရှိတာက
ကိုယ်လုပ်နေတဲ့ အလုပ်ဟာ
ကိုယ်တကယ် လုပ်ချင်တဲ့အလုပ်ဖြစ်ဖို့
လုပ်နေရတဲ့ အလုပ်အပေါ်
ကျေကျေနပ်နပ်နဲ့ လုပ်ချင်စိတ်
ပြည့်ပြည့်ဝဝ ထည့်ပြီး လုပ်ကိုင်နိုင်ဖို့ပါပဲ
ဘဝမှာ ကိုယ်ဖြစ်ချင်တာနဲ့
လုပ်နေရတာတွေက တစ်ထပ်တည်း
မကျတဲ့ အခိုက်အတန့်တွေ
အများကြီး ရှိပါတယ်
ဒီလိုအချိန်မှာသာ စိတ်ဓာတ်ကျမိရင်တော့
ကိုယ်ဟာ ရှုံးနိမ့်နေမှာ အသေအချာပါပဲ
လောကကြီးက ဖြစ်သင့်တာတွေဖြစ်ပြီးရင်
ဖြစ်ချင်တာတွေ အတွက်လည်း
အခွင့်အရေးတွေ ရတတ်ပါတယ်
ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်တော့ပဲရရ
ကိုယ်ဟာ အကောင်းဆုံး ကြိုးစားနေသ၍
အောင်မြင်မှုတွေက ရှိနေမှာပါပဲ။
Credit
25/11/2021
သုံးလခံသန္ဓေတားထိုးဆေး (Depo Provera)အကြောင်း
---၊ ဒေါက်တာအေးသီတာအုန်း(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်အချိန်မှာ ထိုးသင့်ပါသလဲ။ လက်မထပ်မီ ကြိုတင်ထိုးဖို့ လိုပါသလား ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးရဲ့ ဆေးအာနိသင်က တစ်ပတ်နေမှပေါ်တာဖြစ်တဲ့အတွက် လက်မထပ်ခင် (တချို့ဆိုရင် အမျိုးသားပြန်မလာခင်) တစ်ပတ်ကြိုပြီး ထိုးရပါတယ်။ စစချင်းထိုးမယ်ဆိုရင် ရာသီ ပေါပြီးပြီးချင်း စထိုးလို့ရပါတယ်။ ကြားအချိန် တွေမှာ ထိုးမယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာ သေချာနေရပါမယ်။(ဆီးစစ်ရမယ်၊ အာထရာဆောင်း ရိုက်ကြည့်ရပါမယ်) ကိုယ်ဝန်မရှိတာသေချာပြီဆိုရင် ရာသီစက်ဝန်းရဲ့ ဘယ်ရက်မှာမဆို ဆေးထိုးလို့ရပါတယ်။ ဆေးထိုးပြီးရင် တစ်ပတ်အတွင်း ကွန်ဒုံးသုံးတာ၊ အတူမနေဘဲ ရှောင်တာတို့ လုပ်ရပါမယ်။
သုံးလခံသန္ဓေတားထိုးဆေးက ၁၂ ပတ်အထိ ဆိုပေမယ့် စိတ်ချရအောင် ၁၁ ပတ်လောက်နဲ့ တွက်ပြီး ပြန်ထိုးခိုင်းပါတယ်။
မေး- သုံးလခံသန္ဓေတားထိုးဆေးကို ကလေး မွေးပြီး ဘယ်လောက်အကြာမှာ စထိုးသင့်ပါသလဲ ဆရာမ။
ဖြေ-ကလေးမွေးပြီး ၄၅ ရက်မှာ ထိုးလို့ရပါတယ်။ သူ့အာနိသင်က တစ်ပတ်စောင့်ရမှာဖြစ်တဲ့အ တွက် ၄၅ ရက်မပြည့်ခင် တစ်ပတ်ကြိုထိုးချင်ရင်လည်း ရပါတယ်။ ၄၅ ရက်မှာ ထိုးလို့လည်း ရပါတယ်။ ထိုးပြီးရင်တော့ တစ်ပတ်နေမှ ဆေးအာနိသင်ပြမှာပါ။
မေး- သုံးလခံသန္ဓေတားထိုးဆေးမှာ ဘာအားသာချက်တွေရှိပါသလဲ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးရဲ့ အဓိက အားသာချက်တွေက-
(၁) စိတ်ချရတယ်။ ဆရာဝန်ပြောတဲ့ ရက်အတိုင်း အတိအကျ ထိုးမယ်၊ သေချာလိုက်နာမယ်ဆိုရင် စိတ်ချရတယ်။
(၂) ဈေးသက်သာတယ်။
(၃) သုံးလမှတစ်ခါပဲ ထိုးရတဲ့အတွက် အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေအတွက် သောက်ဆေးလို သောက်ဖို့ မေ့ပြီး ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ တစ်နှစ်မှ လေးကြိမ်လောက် တားရုံနဲ့ အဆင်ပြေတယ်။
မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်သူတွေ အဓိက ထိုးသင့်ပါသလဲ ဆရာမ။
ဖြေ-ဆေးသောက်ရမှာ မေ့တတ်သူတွေ၊ နေ့စဉ် ဆေးသောက်ဖို့ အခက်အခဲရှိသူတွေနဲ့ ရေရှည် သန္ဓေတားလိုသူတွေအတွက် သင့်တော်ပါတယ်။
မေး-သုံးလခံ သန္ဓေတားထိုးဆေးမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးရှိပါသလဲ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးက ရာသီမလာတတ်ဘူး။ အမျိုးသမီးတွေက ရာသီလာတာ သ ဘောကျတော့ ဒါက အားနည်းချက်ပါ။ အရပ်ထဲမှာ ပြောနေကြသလို ရာသီမလာလို့ သွေးလုံးတည်မယ်၊ အသားလုံးဖြစ်မယ်ဆို တာ လုံးဝမဟုတ်ပါဘူး။ သုံးလခံသန္ဓေတားထိုးဆေးက သားအိမ်နံရံကို ခြောက်သွေ့ အောင်လုပ်လိုက်တဲ့အတွက် သားဥကြွေတာကို တားဆီးထားတဲ့အတွက် ရာသီမလာတာ ဖြစ်ပါတယ်။
သုံးလခံသန္ဓေတားထိုးဆေးက စားလို့သောက်လို့ပိုကောင်းလာတဲ့အတွက် ဝလာတတ်ပါတယ်။ ဒီ နှစ်ချက်ကတော့ အိမ်ထောင်ရှင်မတချို့ သုံးလခံ သန္ဓေတားထိုးဆေး ထိုးဖို့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ် စေတဲ့အချက်နှစ်ခုပါ။
မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်သူတွေ မထိုးသင့်ဘူးလဲ ဆရာမ။
ဖြေ-များသောအားဖြင့် တည့်တာများပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ ရောဂါရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။
မေး- သုံးလခံသန္ဓေတားဆေးထိုးရင် ကလေးမရဖို့ ရာနှုန်းပြည့် စိတ်ချရပါသလား ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ ထိုးတယ်ဆိုရင် သန္ဓေတားနှုန်းက ၉၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။
မေး-သုံးလခံသန္ဓေတားဆေးထိုးထားသူက သားသမီးလိုချင်လို့ ဆေးရပ်လိုက်ရင် ဘယ်လောက် ကြာ စောင့်ရတတ်ပါသလဲ ဆရာမ။
ဖြေ-ကလေးရဖို့ ပြန်စောင့်ရတာက ၆လနဲ့ တစ်နှစ်-တစ်နှစ် ရှစ်လကြာ ပြန်စောင့်ရတတ်ပါတယ်။
မေး- သုံးလခံသန္ဓေတားဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သတိပြုစရာတွေရှိရင်ပြောပြပေးပါ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားဆေးနဲ့ပတ်သက်ပြီး အဓိက သတိပြုသင့်တာက သက်တမ်းကုန်ဆုံးရက် (Expire Date) ကျော်တဲ့ဆေးကို ဘယ်လောက်တိတိကျကျ ထိုးထိုး စိတ်မချရပါဘူး။ နောက်တစ်ခုက ကိုယ်ဝန်မရှိတာ သေချာမှ ထိုးရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာထိုးသင့်ပါတယ်။
#မူရင်းပို့အား crd ပေးပါတယ်ရှင့်
Click here to claim your Sponsored Listing.