Hsu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu, Beauty, cosmetic & personal care, Yangon.
ဝက်ခြံကင်းတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေဖို့
---------------------------------------------------------------------
အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။
ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့
ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။
နေထိုင်မှုပုံစံ
နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။
ဝက်ခြံတွေကို မညှစ်ပါနဲ့။
နေလောင်ဒဏ်ကနေ ကာကွယ်ပါ။
ရေများများသောက်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။
ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။
အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျော့စားပါ။
အသင့်စား၊ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။
ကဖင်းနဲ့အယ်လ်ကိုဟောရှောင်ပါ။
ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။
ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ
မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ
မျက်နှာသစ်ဆေး ရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားပါ
ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။
မျက်နှာပေါင်းတင်ပါ
သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဝက်ခြံအတွက်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Maskတွေနဲ့ဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာကိုပေါင်းတင်ပေးပါ။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပါ
ဝက်ခြံတွေကို ပိုဆိုးစေတဲ့အကြောင်းအရင်းနဲ့ ဝက်ခြံအမာရွတ်တွေကျန်စေခဲ့တဲ့အကြောင်းအရင်းက ဘက်တီးရီးယားဝင်ရောက်ကူးစက်တာပါ။ ဒါကြောင့် ဘက်တီးရီးယားကာကွယ်ပေးမယ့် လိမ်းဆေးလိုမျိုးဆေးတစ်ခုခုလိမ်းပေးပါ။
အဆီပိုတွေဖယ်ရှားပါ
ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။
ဒါတွေအပြင် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့၊ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။
ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း..
12/10/2021
Toner အကြောင်းသိကောင်းစရာ(7)ချက်
1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။
2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။
3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။
4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။
5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။
6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။
7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့
အလှအပအကြောင်းလေးတွေလဲတင်ပေးမှာမို့Pageလေးကိုlike&followလုပ်ထားပေးပါနော်
11/10/2021
မနက်တိုင်း သခွားသီး ရေ (၁) ခွက် သောက်ပေးမယ်ဆိုရင်
မနက်မိုးလင်းလို့ မျက်စိ (၂) လုံးပွင့်ပြီဆိုတာနဲ့ ဘာကိုသောက်လေ့ရှိကြလဲ။ ရေတစ်ခွက်ကိုတော့ သောက်လေ့ရှိကြမှာပါ။ တချို့ကလည်း သံပုရာရည်တစ်ခွက်ကို သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် သခွားသီးရေကိုကော သောက်ဖို့ စိတ်ကူးမိကြလား။ တကယ်တမ်းကျတော့ သခွားသီးရေဟာ မနက်ခင်းတိုင်းကို စတင်ဖို့အတွက် အကောင်းဆုံးအရာတစ်မျိုးပါ။ သခွားသီးရေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
၁။ အဆိပ်အတောက်ပြေစေတယ်
သခွားသီးရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေစေပါတယ်။ ဘယ်သူမဆို ကိုယ်တွင်းကော၊ ကိုယ်ပ ပါ သန့်ရှင်းစင်ကြယ်မှုကို မလိုချင်တဲ့သူ မရှိပါဘူး။ ခန္ဓာကိုယ်ပြင်ပ သန့်ရှင်းစင်ကြယ်စေဖို့အတွက် သခွားသီးရေလိုမျိုး detox water လေးတွေ သောက်ပေးသင့်ပါတယ်။
၂။ အသားအရေတောက်ပစေတယ်
တချို့လူတွေက မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေဖို့အတွက် သခွားသီးကို အကွင်းလေးတွေဖြစ်အောင်လှီးပြီး မျက်လုံးပေါ်ကပ်ကြပါတယ်။ ရလဒ်တွေက ပြောစရာမရှိအောင် ကောင်းမွန်နေတာလည်း သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမယ့် သခွားသီးရေကို သောက်ပေးမယ်ဆိုရင်လည်း တူညီတဲ့ရလဒ်ကိုပဲ ရရှိစေမှာပါ။ သခွားသီးရေကိုသာ ပုံမှန်သောက်ပေးမယ်ဆိုရင် ဝင်းလဲ့တောက်ပပြီး ချောမွေ့တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်စေမှာပါ။ နောက်ပြီး သခွားသီးမှာပါဝင်တဲ့ ဆီလီကာဒြပ်ပေါင်းဟာ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
၃။ ကြွက်သားတွေကို သန်မာစေတယ်
သခွားသီးရေကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေကိုလည်း ပိုမိုသန်မာစေပါတယ်။ လူကလည်း ပိုမိုလန်းဆန်းဖျတ်လတ်လာပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း ယခင်ကထက် သိသိသာသာ ပိုမိုကောင်းမွန်လာမှာပါ။
၄။ ခံတွင်းနံ့ဆိုးကို ပြေပျောက်စေတယ်
ခံတွင်းနံ့ဆိုးခြင်းဟာ လူမှုဆက်ဆံရေးမှာ တော်တော်ဒုက္ခပေးပါတယ်။ ခံတွင်းနံ့ဆိုးတွေကို တိုက်ဖျက်မယ်ဆိုရင် လုပ်ပေးဖို့လိုတာက သခွားသီးရေလေးတစ်ခွက်သောက်ပြီး သခွားသီးစိတ်တစ်စိတ်လောက်ကို လျှာပေါ်တင်ပေးဖို့ပါပဲ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးတွေကို ခန္ဓာကိုယ်ထဲက တိုက်ထုတ်နိုင်ပါတယ်။ ပြီးတော့ အစာအိမ်ထဲမှာ အပူတွေထွက်ခြင်းကိုလည်း လျော့ကျစေပါတယ်။
၅။ ဗိုက်တာမင်တွေ ပိုမိုရရှိစေတယ်
သခွားသီးရေကို သောက်သုံးသင့်တဲ့ နောက်ထပ်အကြောင်းပြချက်ကောင်းတစ်ခုကတော့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ ပိုမိုပြည့်ဝလာအောင် ပေးစွမ်းနိုင်တာပါပဲ။ စိတ်ထဲမှာတစ်ခုတည်း မှတ်ထားဖို့လိုတာက ရေထဲမှာသခွားသီးစိတ် ပိုများများထည့်ထားလေလေ၊ ကျန်းမာရေးအတွက် အကျိုးရှိလေလေပါပဲ။
၆။ သွေးတိုးကျစေတယ်
သွေးတိုးနေတယ်ဆိုရင် သခွားသီးရေလေးတစ်ခွက် သောက်ပေးခြင်းက တက်နေတဲ့ သွေးပေါင်ချိန်တွေကို ကျသွားစေနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ ပိုတက်စီယမ်ပါဝင်မှုများပြားတဲ့အတွက် သခွားသီးရေ သောက်ပြီးချိန်မှာ ခန္ဓာကိုယ်ထဲကို ပိုတက်စီယမ်တွေ ပိုမိုရောက်ရှိသွားစေနိုင်ပြီး အဲဒီပိုတက်စီယမ်တွေက သွေးဖိအားကို လျော့နည်းစေပါတယ်။
10/10/2021
#ဝက်ခြံ_ဆားဝက်ခြံနဲ့_ချွေးပေါက်ကျယ်တာအပြင်အသားရေလှဖို့တွက်_ခရမ်းချဥ်သီးလေးကလုပ်ဆောင်ပေးတာရော သိကြရဲ့လား
ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။
ဒါကြောင့် #အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။
မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။
ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..
၁။ #မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြားပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။
ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။
ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။
၂။ #နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်
အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။
ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။
ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။
၃။ #အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး
သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။
သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။
၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။
၄။ #ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး
ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။
ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။
ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။
ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။
၅။ #ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး
မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။
သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။
ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။
ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။
မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။
ဗဟုသုတလည်းတိုးရင်းအလှလည်းတိုးပါစေရှင့်😍
09/10/2021
Skin Care လိမ်းနည်း
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner
(၃) Serum
(၄) moisturizer
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover
(၂) Cleanser
(၃) Toner/Mist
(၄) Ampoule
(၅) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၆) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၇) moisturizer(Lotion or Emulsion)
(၈) Night pack or sleeping mask
skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ။
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပေဒသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
08/10/2021
မင်မင့်pageထဲကသဲငယ်တို့အတွက်😘😘😘
အလှအပအကြောင်းတေသိချင်ရင်မင်မင့်pageကိုlike and followလုပ်ထားကြပါ
07/10/2021
သုံးနည်း အမြဲမေးကြတဲ့ ကိုယ့်အချစ်တွေ
သေချာ ဖတ်ကြည့်ပေးနော်
***တိုနာလိမ်းနည်း**
ပထမဦးစွာ မျက်နှာကို နဲ့သေချာသန့်ရှင်းပြီးမှမျက်နှာသစ်ပေးပါ
တိုနာလိမ်းတဲ့အခါမှာ အချက်နှစ်ချက်နဲ့ ညီအောင်လိမ်းပေးမှ လိုချင်တဲ့ လေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
ပထမအချက် တိုနာဂွမ်းနဲ့လိမ်းပေးပါ ဒုတိယအချက် တိုနာကိုလက်နဲ့လိမ်းပုတ်ပေးရပါတယ်
ဘာကြောင့်လဲ 🙄 တိုနာဆိုတာ မျက်နှာသစ်ရုံနဲ့မပေါ်တဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတာပါ
ပထမအဆင့်နဲ့ပဲလိမ်းမယ်ဆို အညစ်အကြေးသန့်စင်ရုံပဲရပါတယ်
ဒုတိယ အဆင့်ပါလိမ်းမှသာ မျက်နှာထဲစိမ့်၀င်မှုအားကောင်းပြီး မျက်နှာမှာမမြင်နိုင်တဲ့ မွှေးညှင်းပေါက်လေးအထိစိမ့်ပေးနိုင်ပါတယ်
အဆင့်နှစ်ဆင့်နဲ့ညီမှ တိုနာကပို ရမှာဖြစ်ပါတယ် အခုလိုနှစ်ဆင့်လိမ်းခြင်းကို & လိမ်းတယ်လို့ ခေါ်ပါတယ်
တိုနာသုံးရင် အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်
သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ် လိမ်းချင်ပါတယ်ဆိုရင် ဖြစ်တဲ့တိုနာ သုံးပါ ဒါဆို အကုန်လိမ်းလို့ရပါတယ်
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။
အနေတော်လောက်ထည့်ပြီး သုံးရပါတယ်ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပေးပါ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ
ဘယ်ပစ္စည်းမဆို ကိုယ့်အသားရည်နဲ့ ကိုက်ပြီး သူ့နေရာနဲ့သူသုံးတက်မှ သိသာမှာဖြစ်ပါတယ်
#
23/09/2021
ကြည်လင်တဲ့ အသားအရေရရှိစေဖို့ လိုအပ်ချက် ၉ ချက်
အသားအရေတော့ကောင်းချင်တယ် ဘာမှတော့ မလုပ်ချင်ဘူး ဆိုရင် ကြည်လင်တဲ့အသားအရေရဖို့ အဆင်မပြေဘူးနော်။ ဒါဆို အသားအရေကြည်လင်စေဖို့ လုပ်သင်တဲ့ အချက်ကလေးတွေ ပြောပေးချင်ပါတယ်။
မျက်နှာကို တစ်နေ့ ၂ ကြိမ်သစ်ပါ။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးတိုင်းသစ်ပေးပါ။
ဓာတုဆေးဝါး ပါဝင်မှုနည်းပြီး ညင်သာတဲ့ မျက်နှာသစ်ဆေး မျိုးသုံးပါ။
ဝက်ခြံထွက်စေမဲ့ အစားအသောက်များရှောင်ပါ။ (နို့ နှင့် နို့ထွက်ပစ္စည်း၊ ငံလွန်း၊ ချိုလွန်းသော အစားအစာများ)
ခရမ်းလွန်ရောင်ခြည်ကာကွယ်ဖို့ အတွက် နေလောင်ကာလိမ်းပေးပါ။ ဒါမှအဆီဖု မထွက်အောင် တစ်နည်းတစ်လမ်းကာကွယ်ပေးမှာပါ။
အသားအရေထိန်းသိမ်းဖို့ အတွက် ရေဓာတ်ဖြည့်ပေးတဲ့ ခရမ်နေ့တိုင်းလိမ်းပေးပါ။
အိပ်ရာ စောစောဝင်ပြီး အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရာဝင်နောက်ကျခြင်းက မျက်ဝန်းတစ်လျှောက်အရေပြားကို ညိုစေပြီး ဝက်ခြံလည်းထွက်စေပါတယ်။
မျက်နှာကို လက်မဆေးရသေးဘဲ လက်ဖြင့် ကုတ်ခြင်း၊ ပွတ်ခြင်းများ မပြုလုပ်ပါနဲ့။
Scrub လုပ်ပေးပါ။ Scrub လုပ်ပေးခြင်းဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေ ကွာကျပြီး အမာရွတ်တွေကိုမှေးမှိန်စေပါတယ်။
နောက်ဆုံးအနေနဲ့ အသားရေကြည်လင်ချင်တယ်ဆိုရင် ဆေးလိပ်သောက်တတ်ပါက ဆေးလိပ် ဖြတ်ပါလို့ တိုက်တွန်းချင်ပါတယ်။
Original Writer #
23/09/2021
lana Soapကမိန်းကလေးတေပဲသုံးလို့ရတာလားတဲ့
nonono
ယောကျာ်းလေးတေလဲသုံးလို့ရတယ်နော်😊😊
lana soapကဝက်ခြံတေကို14ရက်တွင်းပျောက်ကင်းpဆားဝက်ခြံတေကိုကြွေကျစေတယ်နော်
Lana soapလေးသုံးpချေမိုးနေတဲ့crushကိုပြန်ချေလိုက်တော့😉😉
22/09/2021
ဝက်ခြံထက် ပိုဆိုးတဲ့ အဆီဖု သဘာဝတိုင်းကုနည်း
ညစ်မရပြုမရအရမ်းခက်တဲ့ ပြသနာ
အလွန်အကျွံ စားသောက်နေထိုင်မှု ကိုထိန်းပေးရမယ်
( ချဉ်ငံစပ် နို့နဲ့ နို့ထွက် ပစ္စည်း အဆီ တွေအလွန်အကျွံစားသူံးခြင်း )
သန့်ရှင်းရေး အထူးသဖြင့် မျက်နှာပတ်သတ်တာတွေဂရုစိုက်ပါ
( ခေါင်းအုံးစွပ် မျက်နှာသစ်တဘက် ဆံပင်ကိုသန့်အောင်ထားပါ
လက်နဲ့ ခဏခဏကလိတာမလုပ်ပါနဲ့ )
အဆီနဲ့ နို့ပါတဲ့ skin care , make up တွေမသုံးပါနဲ့
( make up လိမ်းထားတယ်ဆိုရင် ညဘကျသခြောုပနျဖကြျပါ
အဆီပါတဲ့ skin care တွေက မျကိနှာချွေးပေါက်ပိတ်တာမို့
အဆီဖုတွေထွက်လာနိုင်ပါတယ် 🙅 ရှောင်ပေးပါ )
Suncream လိမ်းပါ မဖြစ်မနေကိုလိမ်းပါ
( Suncream ကိုလိမ်းကိုလိမ်းရမယ့်အထဲပါနေပါပီ အခြား skin care တွေမျိုးစုံမသုံးချင်ရင် suncream ကိုလိမ်းပေးပါ )
အဆီဖု မဖြစ်အောင်ရှောင်လို့ရမယ့် အဓိကပြသနာလေးတွေ
ကိုပြောထားပေးတဲ့ အတွက် Admin post လေးက အဆီဖုအတွက်စိတ်ညစ်နေတဲ့ သူလေးတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်
22/09/2021
EOUလေးလိမ်းထားတဲ့ကောင်မလေးတေကလှကိုလှနေတာ😍😍
ပါးပါးကြည်ကြည်လေးနဲ့naturalဆန်ဆန်လေးglowချင်ရင်တော့EOUလေးသာဝယ်ထားနော်
EOU Foundation 21000ks
22/09/2021
ဝက်ခြံ/ဆားဝက်ခြံနဲ့အမဲစက်ပြသနာရှိတဲ့သူတေအတွက်အသင့်တော်ဆုံးဆပ်ပြာ lana soapလေး❣❣
မယ်လနင်ပါဝင်လို့ဝက်ခြံကြောင့်ဖြစ်တဲ့အရေပြားရောင်ရမ်းမှုနဲ့အနီစက်တေကိုလျော့စေတယ်✅
တခဲမှ6500နဲ့2လလောက်အသုံးတယ်နော်😊
8ခဲကစpကိုယ်စားလှယ်ဝင်လို့ရပါတယ်
Click here to claim your Sponsored Listing.