Lilly Me- Fairy OnLine Business
FAIRY Official Whole Sale Distributor
Lilly - 09254115511
Meme Khine - 09421143188 Don't miss out opportunity for your brilliant future!
Welcome to the team to guide you to successful Agent as self-employee.
20/06/2023
နေစဉ့်ပြုမြဲသော အာစိဏ္ဏကံ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တော်၊ ဆွမ်း, ရေချမ်းလှူဒါန်းရသော ဒါနကုသိုလ်၊ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား မေတ္တာသုတ်၊ မဟာပဌာန်းဒေသနာတော်, မဟာသမယသုတ်, ပထီဇယမန္တန်တော်များကို ရွတ်ဖတ် သရဇ္ဈယ်ခြင်းနှင့် ၂၄ ကြီမ်မြောက် ၉ရက်အဓိဌာန်ကာလအတွင်း (၈ - ၁၆ ဇွန် ၂၃)အဓိဠာန်အောင်မြင်ခဲ့သည့် အကျိူးကျေးဇူး, ဝိပဿနာဘာဝနာ စီးဖြန်းရခြင်းစသည့် အကျိူးထူးများကြောင့် ၇ရက်သားသမီးအပေါင်း ဘေးဘယာကင်း၍ ရန်သူမျိူးငါးပါး ကပ်ကြီးသုံးပါးနှင့် သဘာဝကပ်ဘေးဖြစ်သည့် အုန်တိုင်းရန်မှ ကင်းဝေးကြပါစေ အေးချမ်းကြပါစေ ဘေးကင်းကြပါစေ။ ၂၅ ကြီမ်မြောက် အဓိဠာန်ကို ၁၇ - ၂၅ ဇွန် ၂၃ ကာလအတွင်း အာစိဏ္ဏကံ အဓိဌာန်ပြုရသည့် အကျိူးထူးများကြောင့် အေးချမ်းပါစေ ငြီမ်းချမ်းပါစေ မေတ္တာများပွါးများနိုင်ကြပါစေ။
Lilly Me- Fairy OnLine Businessမှ Productsများကို ဝယ်ယူအားပေးသော ကျေးဇူးရှင်များလည်း ကျန်းမာရွှင်လန်းပါစေ ကိုယ်စားလှယ်များလည်း ရောင်းပန်းပွင့်လန်း အလှူရေစက်လက်နဲ့ မကွာလှူဒါန်းနိုင်ကြပါစေ ဓမ္မပါလတရားများ ပြန်လည်ထွန်းကားပါစေ ဘဝ, ဘဝများစွာမှ ဝဋ်ကြွေးများမှ ပြေပျောက် လွတ်မြောက်နိုင်ကြပါစေ။
14/01/2023
Above beyond!
30/11/2022
10/10/2022
ငွေဆိုတာကတော့ လူတိုင်းရဲ့သည်းခြေကြိုက်ပါပဲ..
ငွေနဲ့တိုင်းတာလို့မရတဲ့အရာတွေ
ငွေနဲ့ဝယ်ယူလို့မရတဲ့အရာတွေ ရှိတယ်ဆိုပေမဲ့ ကျွန်မတို့ ဘဝတွေကို ငွေကပဲ အတော်များများဆုံးဖြတ်သွားတာတွေ့ရတယ်..
ငွေကြောင့်ဦးညွတ်ခဲ့ရတာတွေရှိတယ်..ငွေကြောင့် လက်မထောင်ခဲ့ရတာတွေရှိတယ်..
ကျွန်မတို့ဘဝတွေမှာ ငွေက ရွေးချယ်မှုတွေလုပ်ပေးတယ်ဆိုပေမဲ့ လူတွေရဲ့ စိတ်ခံစားမှုတွေကတော့ စိတ်ချမ်းသာတာပဲဖြစ်ဖြစ်..
စိတ်ဆင်းရဲတာပဲဖြစ်ဖြစ်အတူတူပဲ
ဆန်ဖရန်စစ္စကို က Golden Gate တံတားကြီးနောက်ခံနဲ့ selfie ဆွဲနေတဲ့ သူဌေးသမီး တစ်ယောက်နဲ့ ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်ရှေ့က ကုန်းတံတားပေါ်မှာ selfie ဆွဲနေတဲ့ နေ့စားပန်းရံသမလေးရဲ့
mood ကအတူတူပဲ..
နိုဗိုတယ် ဟိုတယ်က ပြင်သစ်စားသောက်ဆိုင်မှာပဲစားစား..
လမ်းဘေးက အသုပ်ဆိုင်မှာစားစား
ဗိုက်ပြည့်သွားတာခြင်းကတူတူပဲ
အရေးကြီးတာ ကိုယ်ကြိုက်ဖို့ပဲ..
ဘယ်လိုဘဝအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ပျော်ရွှင်မှုဆိုတာကို ဖန်တီး ယူနိုင်ဖို့ပဲလိုတယ်..
အဲဒါကြောင့် ငွေကို ကျွန်မတို့က စီမံခန့်ခွဲနိုင်ဖို့လိုအပ်တယ်..
တစ်လကိုလစာ ၁သိန်းခွဲရတဲ့ အရောင်းစာရေးမလေးဟာ ၁သိန်းတန်ပိုက်ဆံအိတ်ကို ဝယ်ကိုင်တော့ တစ်လလုံးလုံး ပိုက်ဆံလေး ၅သောင်းပိုက်ပြီး ဗိုက်မှောက်နေမလားစဉ်းစားဖို့လိုတယ်..
တစ်လ ၁၀သိန်းရတဲ့ မန်နေဂျာ အစ်မကြီးကတော့ ၁သိန်းတန် ပိုက်ဆံ အိတ်ဝယ်ကိုင်ဖို့ သိပ်ကိစ္စမရှိဘူး..
ကိုယ်တကယ့်ဘဝအနေအထားနဲ့အလှမ်းဝေးတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားအားကျပြီး စိတ်ဆင်းရဲခံဖို့ထက်
ကိုယ်နဲ့တန်တဲ့ ပစ္စည်းလေးဝယ်သုံးလိုက်တာကစိတ်ကိုကျေနပ်စေပါတယ်..
နောက်တစ်ခုက ကျွန်မတို့တွေ လက်ထဲကိုပိုက်ဆံရောက်လာပြီဆိုရင် ဟိုဟာလဲလိုချင် ဒီဟာလဲလိုချင်ဖြစ်တတ်ကြပါတယ်
ခေါင်းစည်းကြိုးလည်းလိုချင်..
ဖိနပ် လည်းလိုချင်..
တချိန်တည်းမှာ တပြိုင်နက်
၂ခုစလုံးပိုင်ဆိုင်ဖို့အခြေအနေမပေးရင် တစ်ခုခုကိုတော့စွန့်လွှတ်ပေးရမယ်လို့ သဘောပေါက်လာမိတယ်..
ကျွန်မတို့ ငွေသုံးချင်ပြီဆို ပြောတတ်ကြတာက..
အို..ရှိပူရသေး ..ကုန်မှအေး..
မနက်ဖြန် သေသွား ဘယ်နှယ်လုပ်မလဲ..ရှိတာတွေမသုံးလိုက်ရ ဒုက္ခ...
ဒါပေမဲ့ မနက်ဖြန် တကယ်မသေတော့မှ..စားစရာမရှိဘဲ ဒုက္ခ ရောက်နိုင်တာလည်း ထည့်တော့တွက်ရပါမယ်..
ကျွန်မအရင်ကတော့ သုံးငွေစာရင်းကို လုံးဝမမှတ်ပါ..သုံးဖို့မရှိတော့မှပဲ သြော် ကုန်သွားပြီဟဲ့
ဖြစ်ရတာမျိုးပါ..
ဒါပေမဲ့ စာရင်းမှတ်လိုက်တဲ့အချိန်ကစပြီး ကျွန်မရဲ့ ငွေယိုပေါက်က ဘာလဲဆိုတာကို စင်းစင်းကြီး သိလိုက်ရပါတယ်..
အဲတော့ အဲဒီဘက်မှာ ငွေမသုံးမိဖို့ သတိဖြစ်သွားရပါတယ်..
ခုနောက်ပိုင်း ကျွန်မစာရင်းအမြဲမှတ်တယ်..တစ်လစာ budget plan ကိုအမြဲဆွဲတယ်
ငွေစုဖို့ကအရေးကြီးတယ်
နည်းနည်းလေးပဲဖြစ်ဖြစ် စုပါလို့ပဲပြောချင်တယ်..
ဘာလို့လဲဆိုရင် မျှော်လင့်မထားတဲ့ကိစ္ဓတွေဟာ ဘဝမှာ ပေါ်ပေါက်တတ်လို့ပါပဲ
အက်ဆီးဒန့် ဖြစ်တာတို့
ရုတ်တရက် နေမကောင်းဖြစ်တာတို့
အဲဒီလိုအခါမျိုးငွေမရှိရင် အလွန်မျက်နှာငယ်ရပါတယ်..
ကျွန်မမြင်ဖူးတဲ့ လင်မယား၂ယောက်ဆိုရင်
အိမ်ကလေးတစ်အိမ်ပိုင်ရဖို့အတွက်
ဆိုပြီးငွေစုကြပါတယ်
စာရင်းဇယားနဲ့ အတိအကျနေကြသူတွေဆိုတော့ တစ်ခါ မိသားစု ရုပ်ရှင်သွားကြရင်း အပြန်ကားခချန်ထားတဲ့ငွေကို ကလေးပူဆာတာ တစ်ခု ဝယ်ပေးလိုက်ရတယ်
အဲတော့ ယောကျာ်းက ကလေးကို ကုန်းပိုးပြီး အိမ်ကို မိသားစု လမ်းလျှောက်ပြန်ခဲ့ကြပါသတဲ့
ပိုလိုက်တာလို့မပြောပါနဲ့
နှစ်အစိတ်အတွင်းမှာ သူတို့အိမ် ဘယ်နှစ်လုံးပိုင်ခဲ့ကြပြီလဲဆိုတာ ကျွန်မကို မေးနိုင်ပါတယ်
အိမ်ထောင်သည်တွေမှာ ငွေကြေးနဲ့ပတ်သက်လို့ တူညီတဲ့အမြင်တွေ
ရည်မှန်းချက်တွေရှိဖို့လိုအပ်ပါတယ်
အိမ်ထောင်ပြုပြီဆိုတာနဲ့ နေဖို့နေရာတစ်ခုပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုးပါ.
အိမ်ဌားခတွေတက်နေတဲ့ခေတ်ကြီးမှာ တစ်သက်လုံး အိမ်ဌားနေနေလို့ကတော့ လုပ်သမျှ အိမ်ရှင်ကို ထိုးအပ်နေရသလိုပဲဖြစ်နေမှာပါ
တချို့ယောကျာ်းတွေ မိန်းမ ကိုစိတ်မပူစေချင်လို့
ကိုယ်ဘယ်လောက်ရှာနိုင်လဲ ဘယ်လောက်အရှူံးပေါ်နေလဲ အသိမပေးပါ
တချို့မိန်းမတွေလဲ အနောက်ကနေအရမ်းသုံးနေပါတယ်
ယောကျာ်းကလုံးဝမသိပါ
ဘယ်လိုပဲဖြစ်ဖြစ်
ချွေတာလို့ရတဲ့နေရာမှန်သမျှ ချွေတာ ..တာ အကောင်းဆုံးပါပဲ
လျှပ်စစ်မီးချွေတာတာလည်း အပါအဝင်ပါပဲ
ကျွန်မအခု မီးပူတိုက်ပေးတဲ့သူအတွက်အဝတ်ကိုတောင်ကိုယ်တိုင်ရွေးပေးပါတယ်
မလိုအပ်တာတွေမီးပူထိုင်တိုက်နေပြီး အချိန်ကုန် မီတာတက်ဖြစ်နေမှာစိုးလို့ပါ
မရွေးပေးရင် မီးပူတိုက်ဖို့မလိုတဲ့ ခြေအိတ်ကအစတိုက်ပါတယ်
ကပ်စေးနဲ တယ်ပဲပြောခံနိုင်ရပေမဲ့..
ကိုယ်တိုင် ငွေကိုရှာရပြီ စီမံခန့်ခွဲရပြီဆိုတာနဲ့ ကျွန်မတို့ဟာ..မလိုဘဲ မသုံးဖို့ သတိဖြစ်လာရပါတယ်..
ငွေကိုစီမံခန့်ခွဲရတဲ့အထဲမှာ
Family planning ဆိုတာလဲပါပါတယ်..
ဘယ်အချိန် ကလေးမွေးဖို့ သင့်တော်သလဲဆိုတာမျိုးပေါ့်
ကျွန်မကို အလုပ်လုပ်ပေးတဲ့အမျိုးသမီးက အိမ်ထောင်မကျခင်က စက်ရုံမှာအလုပ်လုပ်တယ်..
အခုတော့ ကလေး၃ယောက်
ဒါတောင်၁ယောက်သေသွားလို့
မပြေလည်ရတဲ့ကြားထဲ ဘာလို့အဲလောက်မွေးရလဲဆိုတော့
သူ့ယောကျာ်းက
မောင့်ကို သားလေးပေးပါတော့ သမီးလေးပေးပါတော့လို့ ပြောလို့တဲ့
အဲလိုကိစ္စမျိုးတွေကြုံလာတဲ့အခါ့ မောင့် သားသားမီးမီးတွေကို မောင်ကျွေးဖို့ မွေးဖို့ အဆင်ပြေပြီလား
အဆင်သင့်ဖြစ်ရဲ့လားဆိုတာ
မောင့်ကိုပဲ သေချာအောင်အရင်
မေးဖို့ပဲလိုပါတယ်..
ပထမဆုံး
ကလေးမွေးဖို့ အလုပ်နားလိုက်ရတာက ကိုယ်..
အသက်နဲ့ရင်းပြီးမွေးရမှာက ကိုယ်..
ကလေးကိုကြည့်ရမှာက ကိုယ်..
သူကျောင်းတက်တဲ့အရွယ်မရောက်ခင်အထိ အလုပ်ဝင်လို့မရမှာကိုယ်..
မောင်ပြောလိုက်တာနဲ့ ကြွေမသွားပါနဲ့ အဆင်သင့်မဖြစ်သေးတဲအချိန် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ဘဝထဲကိုရောက်လာတာ ဒုက္ဓတွေသယ်လာတာနဲ့တူတူပါပဲ..
မွေးပြီဆိုတာနဲ့
ကလေး အတွက်စပြီး Plan လုပ်ရမှာတွေ ရှိသေးတယ်..
တစ်ယောက်နှစ်ယောက်ကိုပဲ အကောင်းဆုံးဖြစ်အောင်မွေးမလား
ဗုံစီသလိုမွေးထားပြီး ဖြစ်ချင်သလိုဖြစ် ပစ်ထားမလား ဆိုတာစဉ်းစားသင့်ပါတယ်
အဝတ်အစားဝယ်သလိုပေါ့
တချို့ကအများကြီးမဝယ်ဘူး
ဝယ်လိုက်မိတာလေးကိုတော့ ကောင်းတာလေးပဲဖြစ်စေချင်ကြတယ်
တချို့က အများကြီး ခဏခဏ ဝယ်တယ်
တခါနှစ်ခါလျှော်ပြီးပစ်လိုက်ရတယ်
ပေါပေါပဲပဲတွေချည်းပဲ
ကျွန်မတို့ ဟာဘဝမှာဘာတွေကို တန်ဖိုးထားတာလဲ
တကယ်တော့
ကိုယ်တန်ဖိုးထားတဲ့အရာတွေကပဲ ကိုယ့်ဘဝရဲ့တန်ဖိုးတွေ ဖြစ်လာတတ်ကြပါတယ်..
လက်ထဲမှာ ငွေမရှိလို့ စိတ်အားငယ်ရတဲ့ ဘဝမျိုးမလိုချင်ရင်တော့ ကျွန်မတို့ ငွေကို တန်ဖိုးထားရပါလိမ့်မယ်..
မွန်ဟော်စီ
၂၀၁၆
#စိတ်ပျော်အောင်နေတတ်ဖို့
Photo
FreeStock
10/10/2022
Time City B-27မှာ မန္တလေးမှ Fairy CEO မကြီးသမီးလေးရဲ့ Business Bothလေးမှာ အမှတ်တရ @ 8th October 2022!
10/10/2022
မင်္ဂလာပါ Fairyချစ်သူတို့ရေ,
❇️ Fairy Brandinggလေးသည် ၄နှစ်တာကာလအတွင်း Qualityကို အထူးညွှန်းပစြရာမလို ဈေးနှုန်းအရလည်း ပေးရတာထက်ကို ရလဒ်ကောင်းတွေကို သုံးဖူးသူတိုင်းသိနေပြီးသားနော်။
✅ ဒီလို အချိန်တွေမှာ ကုန်ဈေးနုန်းတွေများ မိုးပျံဘူဖောင်းလို တက်တာတက်တာဆိုတာ ဟင်းစားဈေးဝယ်နေကျ အီမ်ရှင်မများရော အီမ်ဦးနတ်တွေလည်းသိ ကျောင်းစရိတ်တွေပါ မကျနါတက်တဲ့ခေတ်မှာ Fairyက တချိန်မျှ မတက်ခဲ့တဲ့ Founderရဲ့ စေတနာတွေပေါ့။
✅ ခုတော့ကုန်ဈေးနုန်းတွေတက်နေတော့ကာ နောက်ဝင်မည့် ပစည်းများမှစတက်တော့မှာမို့ နောက်လမှစတမျိူးကျပ်၅၀၀၀နှန်ူးတက်တော့မှာမို့ စတော့လကင်္က သုံးစွဲမှု့အတွက် ဖြည့်ထားတော့နော်။
ချစ်ခြင်းများစွာဖြင့်,
Lilly Me- Fairy OnLine Business
☎️ 09254115511
21/09/2022
Hello
21/09/2022
Good morning to all Fairy fun!
21/09/2022
နေ့သစ်လေးမှာ သူနဲ့စ
10/09/2022
မင်္ဂလာပါ Fairyချစ်သူတို့ရေ,
ဘာရယ်မဟုတ် သတိရလို့ ကိုယ်နဲ့အတူ စိတ်ချမ်းသာစေမည့် ကျွန်မရဲ့ favourite of Fairyလေးတွေပါနော်။
ချစ်ခြင်းများစွာဖြင့်,
Lilly Kyu
Fairy Distributor
14/08/2022
Saturday mode on with Uni-Friends!
Fairy makes you healthy, younger than your ages, motivates with fresh, they all are in my hands are fire to make you peace by Fairy Products!!!
Best caring with love,
Lilly - 09254115511
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Yangon
11201