TTKhant

TTKhant

Share

Online shopping

14/06/2023

မိဘတွေစီကနေ အသိမှတ်ပြုမှုတွေ ခံချင်တာ သားသမီးတိုင်းရဲ့ ဆန္ဒပါ။

ငါ့ဘက်မှာ ငါ့မိဘတွေရှိတယ် ငါခိုကိုးရာ ငါရင်ဖွင်စရာ ငါပြိုလဲရင် ပြိုလဲကျစရာ ငါ့မိဘတွေရှိတယ်ဆိုတဲ့ အသိ၊ ခံစားချက်က အရာရာကိုဖြတ်ကျော်ဖို့ရော လုပ်နိုင်စွမ်းတွေရော ရင်ဆိုင်ဖို့ရော အခြေနေတိုင်းကို လက်ခံနိုင်ဖို့ရော များစွာ အထောက်အကူပြုပါတယ်။

သာမန်မွေးဖွားလာမှုမျိုးမှာ မိဘတွေ အနေနဲ့ မိမိသားသမီး ကို ချစ်မြတ်နိုး ဂရုစိုက်တတ်ကြပေမယ့် သူတို့ရဲ့ သားသမီးက LGBT တစ်ယောက်ဖြစ်တဲ့အခါ ရှက်ရွံခြင်းတွေ မနှစ်မျို့ခြင်းတွေ ကြောင့် စိတ်ဒဏ်ရာတွေ ပေးတတ်ကြပါတယ်။

မိဘတွေ အနေနဲ့ မိမိသားသမီးက LGBT တစ်ယောက်ဖြစ်တဲ့အခါ ဒီလိုဖြစ်နေခြင်းက မှန်ကန်ပါရဲ့လား......

အရိုးစွဲနေတဲ့ မြင်ဖူးနေကျ မြန်မာကားထဲက LGBT ပုံစံတွေနဲ့ အရိုးစွဲလာတဲ့ အယူအဆ ဓလေ့ထုံးတမ်းစံသတ်မှတ်ချက်တွေအရ မိမိတို့သားသမီးရဲ့ဖြစ်တည်ရှိမှုကို မြင်တတ်ကြတဲ့အခါ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုကြောက်ရွံ၍သော်လည်ကောင်း၊ မိမိတိုင်ကလည်း မွေးရာပါလိင်အတိုင်း လိင်စိတ်ခံယူချက်ရှိစေလိုတဲ့ ဆန္ဒကြောင့်သော်လည်ကောင်း သားသမီးအပေါ်လက်မခံလိုကြတာတွေ ဖြစ်တတ်ကြတာပေါ့။

ဒါပေမယ့် မိဘတွေ အနေနဲ့ သိထားရမှာက သားသမီးကို‌မွေးဖွားလာတဲ့အခါမှာ လူ ကိုသာမွေးဖွားပေးလို့ရမယ် သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုတွေ ခံယူချက်တွေ ကိုတော့မွေးဖွားပေးလို့မရပါဘူး။

ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူ့ကိုယ်သူ ဘယ်လိုခံယူလည်း ဘယ်လိုဖော်ပြချင်လည်း သူဘယ်လိင်ပေါ်စိတ်ဝင်စားလည်းဆိုတဲ့ သူ့ရဲ့ SOGIE ကို မိဘတွေအနေနဲ့လက်ခံပေးရမှာပါ။

ဒါဟာ သူကိုယ်တိုင်ဖန်တီးထားတာမဟုတ်သလို သူ့ကို ပြောင်းလဲလို့လည်း မရပါဘူး ဒါဟာ သူ့ရဲ့မွေးရာပါ ပါ။

မိသားစုအဖြစ်ကစွန့်ပစ်ခြင်းတွေ အကြမ်းဖက်ခြင်းတွေ ပြုလုပ်လို့လည်း သူတို့ရဲ့ ဖြစ်တည်ရှိမှုတွေက ပြောင်းလဲ၍ မသွားပါဘူး။

ဒီလိုလုပ်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ ဘဝက ရုပ်ဒဏ်ရာ စိတ်ဒဏ်ရာတွေနဲ့ ပျတ်စီး ဆုံးရှုံးသွားခြင်းကိုပဲဖြစ်စေနိုင်ပါတယ်။

သားသမီးက LGBT ဖြစ်နေတဲ့အခါ ဒီလိုဖြစ်လာတဲ့အခါ မိဘတို့အနေနဲ့ LGBT အကြောင်းကိုသေချာလေ့လာသင့်ပါတယ်။ ပြီးတော့ ကိုယ့်သားသမီးကို ကိုယ် တိုင်းတာမယ့် ကိုယ့်ရဲ့ စံနှုန်းတွေကို ပြန်စမ်းစစ်ကြည့်ပါ။

လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို တိုင်းတာကြတဲ့အခါ လိင်စိတ်ခံယူချက်တွေ ပုံပန်းသွင်ပြင်တွေက ဘယ်လို အဖြေမှန်မျိုးကိုမှ မပေးနိုင်ပါဘူး။

မိမိရဲ့ ကိုယ့်ကျင့်တရားတွေ စောင့်ထိန်းမယ်၊ ကောင်းတာတွေလုပ်မယ်၊ ကောင်းသောကိုယ်စိတ်နှလုံးကို ထားမယ်၊ စာနာနားလည်တတ်တဲ့ သနားကြင်နာတတ်တဲ့စိတ်ကလေးတွေရှိမယ်ဆိုရင် ဒီလူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ LGBT ဖြစ်ဖြစ် ဒီလူက ဂုဏ်ယူဝင့်ကြွားစရာ လူကောင်းပါပဲ။

ဖြစ်တည်ရှိမှုနဲ့သာ အကောင်းအဆိုးသက်မှတ်ရင် ဖိုဝါဒ မဝါဒ တွေပဲကြီးဆိုးပြီး အကြမ်းဖက်မှုတွေ လူအခွင့်ရေးဆုံးရှုံးမှုတွေနဲ့ မကောင်းမှုတွေပဲဖြစ်နေမှာပေါ့။

ကမ္ဘာကြီးရဲ့တချို့အရပ်ဒေသတွေမှာဆို အမျိုးသမီးတွေကို နှိမ့်ကျသူအဖြစ် ဖိနှိပ်ခွဲခြားထားသလိုမျိုးပေါ့။

ဒီလုပ်ရက်တွေဟာ မှန်ကန်တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေ မဟုတ်ဘူးဆိုတာ နှလုံးသားရှိတဲ့ လူပီသတဲ့ လူတိုင်းသိနိုင်ပါတယ်။

မိဘတွေကိုယ်တိုင် ဒီလိုလုပ်လုပ်ရက်တွေကို သားသမီးပေါ်လုပ်မယ့်အစား မိမိသားသမီးရဲ့ ဖြစ်တည်ရှိမှုကို လက်ခံပေးလိုက်တဲ့အခါ သူတို့အနေနဲ့လည်း မိဘတွေကို ပိုမိုချစ်ခင်သလို မိဘတွေအတွက် အားထားရတဲ့သားသမီးကောင်းတွေ ဖြစ်စေမယ့်အပြင် သူတို့ရဲ့ ဘဝအခက်အခဲတွေကိုလည်း ပိုမိုရင်ဆိုင်နိုင်ပြီး လူကောင်း လူတော်တွေဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲမတူကွဲပြားပါစေ လူကို လူလို့မြင်ပြီး လေးစားမှုတွေ၊ နားလည်မှုတွေ၊ မေတ္တာတွေနဲ့ နွေးထွေးကြင်နာဖေးမမှုတွေ ရှိမှာသာ မိသားစုတိုင်း သာယာလှပနေမှာပါ။

မတူကွဲပြားမှုတွေကို လက်ခံပေးနိုင် ခြင်းဖြင့် မိသားစုတိုင်း လှပနိုင်ကြပါစေ.........

Photos from TTKhant's post 08/02/2022

အရောင်းပို့စ်ပါ
လှိုင်သာယာ ၃ထိပ် ဗိုလ်ချုပ်လမ်းမကြီးပေါ်. ၁/၁၃ ရပ်ကွက် ပေ 20 60 RC ဂရမ်မူရင်း သုံးထပ်တိုက် အပေါ်နှစ်ထပ် အခန်း ၈ခန်းပါ အဆောင် အခန်းလူအပြည့် တလ ၆သိန်းရ. အောက်ထပ် လူလည်နေလို့ရ ဆိုင်ဖွင့်လို့လည်ရ ဌါးလျှင် ၅သိန်း
Ph 09 761879286

ခေါ်စျေး သိန်း ၂၅၀၀ အလျှော့အတင်း ရှိ
သိလိုလျှင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်
အိမ်လာကြည့်လို့လည်ရ
အရမ်းတန်ပါတယ်နော် စီးပွားရေးလုပ်မယ့်သူတွေဆိုရင်တော်တော်အဆင်ပြေပါတယ်

27/11/2021

TTKhant ရဲ့Page လေးကို Logoလေးနဲ့ထားခြင်လို့ အကြံညာဏ်လေးများရှိရင်ဝိုင်းကူစဥ်းစားပေးကြပါအုံးချစ်တို့ရေ❤❤🤗

12/11/2021

မိဘတွေကိုရှိတုန်းမှာတန်ဖိုးထားပါ ဂရုစိုက်ပါ ကျင်နာပါ နောင်တရတာမျိုးမဖြစ်မိအောင်နေကြပါ🙏🙏🙏

04/12/2020

ဒါပေမဲ့

10/11/2020

Hello.... ! အားလုံးဘဲမင်္ဂလာပါရှင့် 🤗💙

Khant, ဒီနေ့ idea လေးတခုရလို့ သူငယ်ချင်းတို့အားလုံးအတွက် ဒီနေ့ Pageလေးတခုဖွင့်လိုက်ပါတယ် 🔑🔐

💙ဒီ Page လေးကနေ ဦးဦး ဒေါဒေါ ကိုကို မမ မောင်လေး ညမလေး သူငယ်ချင်းတို့အတွက်❤️

💙ဘဝအမောတွေပြေပျောက်ဖို့အတွက် funnyလေးတွေ😜😜😆

💙အတွေးအခေါ စိတ်ဓာတ်ခွန်အားတွေပေးဖို့ Motivation လေးတွေ🙄💪💪

💙ခရီးသွားဝါသနာပါတဲ့သူငယ်ချင်းတို့အတွက်ခရီးသွား diary တွေ🎠🎠

💙အချက်အပြုတ်ဝါသနာပါတဲ့သူငယ်ချင်းတို့အိမ်ရှင်မတို့အတွက် Cookingပေါ့🍜

💙အလှအပဝါသနာပါတဲ့မတ်မတ်တို့အတွက်လည်း beauty and skin careလေးတွေ🌳🌳

💞💞သူငယ်ချင်းတို့ရဲ့တိုင်ပင်ဖော်သူငယ်ချင်းတယောက် family အဖြစ် khant ကရှိနေမှာပါနော် 👩‍👩‍👧‍👦

😍ဒါကြောင့်သူငယ်ချင်းတို့ အားလုံး Khant တို့ရဲ့ Page လေးကို Like လုပ်ထားဖို့မမေ့နဲ့နော်👍

*နောက်ဘလိုစိတ်ဝင်စားစရာတွေတင်မလဲဆိုတာသိချင်ရင်တော့ To be continue......*😊😊

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon