Eamily
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eamily, Yangon.
21/09/2023
အဖေပြောဖူးတယ်။ တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့။
အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုး ဆင်းရဲသင့်လို့ ဆင်းရဲနေတာလဲပေါ့။
ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။
အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့ရတာ။
ကျွန်တော် အရင်က စီးပွားရေးတွေလုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။ ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာ။
ငွေလေး ဘာလေးရှိလာတော့ လိုအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့ဇာတ်လမ်းက စေတာ့တာပဲ။
Honda Fit လေး စစီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့ Wish တစ္စီး လှလို့ဆိုပြီး Honda Fit ကို အရွုံးခံ ရောင်းပြီး Wish ကို ဝယ်ပြန်ရော။
Wish စီးတာ မကြာသေးဘူး။ သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ Alphard လောက်တော့ စီးသင့်နေပြီ။
ဆီဖိုးလည်း တတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ Wish ကို ပြန်ရောင်း။ ပြန်ရောင်းတော့ ထပ်ရှုံးတယ်။
Alphard ထပ်ဝယ်တော့ ငွေက ထပ်လိုက်ရပြန်ရော။ ငွေကတစ်စစနဲ့ ရှုံးနေတာကို သတိမထားမိတာ။
အဲဒါလည်း အားမရေသးဘူး။ Ford ကား Showroom ရှေ့ရောက်တော့ Ford ကြီးလိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီး ထပ်ဝယ်ပလိုက်ပြန်ရော။
ကိုယ့်ဝင်ငွေထက် ထွက်ငွေတွေက များနေတာကို သတိမထားမိဘဲ ကိုယ့်ရဲ့လိုချင်စိတ်ကို မထိန်းနိုင်ခဲ့တာဗျ။
စီးတီးမတ် တစ်ခါသွားရင် လိုတာကော မလိုတာကော ဝယ်။ တစ်ခါရှင်းရင် နှစ်သိန်းသုံးသိန်း။ ပြီးရင် ဘာမှလည်း အဖတ်မတင်ဘူး။
ကားတွေ ဝယ်နေတဲ့သူတွေ။ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ဟာကို ဝင်ငွေနဲ့ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာပြောပြတာပါ။
ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး ဝင်ငွေတဲ့ ရပ်သွားတဲ့အချိန်မှာလည်း အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။
ဘယ်အချိန်မှရပ်လဲဆိုတော့ မြဲသြားမွပဲ ရပ်တော့တာ။
ဝင်ငွေထွက်ငွေ မမျှတရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ထိပ်ဆုံးက ပါနေပြီဗျ။
ငွေရှာဖို့ အရေးကြီးပေမယ့် ရှာလာတဲ့ငွေကိုထိန်းသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်။
ရှာတာ တစ်လဆယ်သိန်းဆို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လိုက်နာဖို့ကျတော့ ခက်ခဲတယ်။
ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်တော့ အကောင်းဆုံးပေါ့။
အခုဒီစာဖတ်နေတဲ့သူတွေကို ကျွန်တော် ပြောချင်ပါတယ်။
ဝင်ငွေတွေကို အကုန်မသုံးပါနဲ့။ မလိုအပ်တာတွေ သိပ် မဝယ်ပါနဲ့။ နောက်ပိုင်းဆို ငွေရှာရ ပိုခက်ခဲနိုင်ပါတယ်။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။
ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မြဲဖူးလို့ စေတနာနဲ့ ရေးတာပါ။
ကျွန်တော်မှ မဟုတ္ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်လည်း ဒီလိုပဲ။
သူအဆင်ပြေနေတဲ့အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။
သူကကျတော့ လောင်းကစားလုပ်တာ။ မြဝတီဘက် ကာစီနို သွားဆော့တာ အခုဆို နေစရာ အိမ်တောင်မရှိတော့လို့ သူများအိမ်ကပ်နေနေရပြီ။
ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့အပြင် လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ပါသွားတာပေါ့။
အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာ မရှိလှပေမယ့် ကိုယ်တွေ သတိမထားခဲ့လို့ မြဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်လို့ ဒီစာကိုရေးပေးတာပါ။
အခုယိုပေါက်တွေ ပိတ်လိုက်လို့ အရင်ထက် ပိုအဆင်ပြေနေပါပြီ။
ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေဦးမှာမို့လို့ ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ။ ။
#ဘဝရဲ့ခရီးသည်
Credit : Original author
အောင်နိုင်ထွန်း_မြန်မာစာ မျှဝေပါသည်။
20/09/2023
မနေ့က ချန်ပီယံလိဂ်ပွဲစဥ်မှာ ကျောနံပါတ် (၉၄) ဝတ်ထားတဲ့ လာဇီယို ဂိုးသမား ပရိုဗီဒဲဟာ (၉၄) မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်...
ထူးဆန်းတာက ပရိုဗီဒဲဟာ ၉၄ ခုနှစ် မွေးတဲ့သူဖြစ်ပြီး သူ့ရဲ့အရပ်ကလည်း (၁.၉၄) မီတာ ရှိနေပြန်ပါတယ်...
လာဇီယိုရဲ့ ကလပ်သက်တမ်းဟာ (၁၂၃) နှစ်ရှိပြီဖြစ်ပြီး ပရိုဗီဒဲရဲ့ အသက်က (၂၉) နှစ်ဖြစ်ပါတယ်၊
၁၂၃ က ၂၉ ကို နှုတ်မယ်ဆိုရင်လည်း (၁၂၃-၂၉=၉၄) ဆိုတဲ့ ဂဏန်းကို ရရှိဦးမှာဖြစ်ပါတယ်...
ဘဝမှာ ထူးခြားဖြစ်ရပ်တွေဟာ ဒီလိုတိုက်ဆိုင်လေ့ ရှိပါတယ်... 🤯
06/07/2021
လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။
ကြောက်စရာကောင်းတဲ့ လောကဓံကို
အရှုံးမပေး ရင်ဆိုင်အနိုင်ယူဖို့ ခံယူချက်
အရေးကြီးတယ်။
ဒီနေ့ခတ်မှာ စိတ်မထားတတ်ရင်
ဒုက္ခခပ်ကြီးကြီးကြုံတိုင်း သွေးပျက်နေနိုင်တယ်။
ကျွန်တော်ကတော့ ဘဝကိုအမြင်နှစ်မျိုးထားတယ်။
၁။ ဘဝမှာ အခြေအနေကောင်းတဲ့အချိန်
၂။ အခြေအနေမကောင်း ဒုက္ခရောက်တဲ့အချိန်
ဘဝမှာ အခြေအနေကောင်းတဲ့အခါ
ဘဝဆိုတာ ကိုယ့်အတွက်ဖြစ်လာတာ။
ကောင်းသထက်ကောင်းအောင် တည်ဆောက်ပြီး
ကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေတယ်။
အလုပ်ကို ကိုယ့်တန်ဖိုးထားမှုနဲ့ အညီ
ရူးရူးမူးမူးလုပ်တယ်။
ဘဝမှာ နေမသာတဲ့နေ့တွေအတွက်
သစ္စာလေးပါးကို နှလုံးသွင်းထားတယ်။
ဘဝဆိုတာ ဒုက်ခ ။
ဒီဒုက္ခကို ဖြစ်စေတာ attachment
တပ်မက်စွဲလမ်းမှုလို့နှလုံးသွင်းတယ်။
ဒီတပ်မက်စွဲလမ်းမှုကို ဖယ်ရှားပြီး
ဘဝနေထိုင်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့
စိတ်အာရုံနဲ့ အသက်မွေးဝမ်းကြောင်းမှုပေါ်
အာရုံပြုထားလိုက်တယ်။
နေ့စဥ်ဘဝမှာ အသုံးချ secular buddhism ကို
ကျင့်သုံးသူ များသထက်များလာတယ်။
ဒါကတော့ နေ့စဥ်ဘဝနေထိုင်မှုအတွက်
buddhism in daily life အတွက်ပေါ့။
နောက်တစ်ဆင့်ကျမှ နိဗ္ဗာန်ပေါ့။
Crd # Phyo Paing @ Derek
02/07/2021
👨💼 ဘဝတွင် အောင်မြင်ရန် နည်းလမ်း👩💼
(၁) ညင်ညင်သာသာ ပြောပါ။
(၂) ပုံမှန် အသက်ရှုပါ။
(၃) သပ်သပ်ရပ်ရပ် ဝတ်ပါ။
(၄) စိတ်ရှည်ရှည် အလုပ်လုပ်ပါ။
(၅) ယဉ်ကျေးစွာ ပြုမှုဆက်ဆံပါ။
(၆) ငွေပုံမှန်စုပါ။
(၇) ကျန်းမာအောင် စားပါ။
(၈) အိပ်ရေး လုံလုံလောက်လောက်အိပ်ပါ။
(၉) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပါ။
(၁၀)ထူးထူးခြားခြား တွေးခေါ်ပါ။
(၁၁)ရိုးရိုးသားသား ငွေရှာပါ။
(၁၂)ဥာဏ်ရှိရှိ အသုံးချပါ။
Credit to Original
photo: Crd
ဘဝမှာ -
[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။
[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။
[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။
[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။
[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။
[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။
[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }
[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။
[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။
[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။
[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }
[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }
[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။
{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ }
- yehtwe
15/12/2020
👉တန်ဖိုး👈
ဝါးရုံတစ်ခုထဲမှာရှိတဲ့ ဝါးနှစ်ချောင်း
တစ်ချောင်းက ပုလွေ ဖြစ်သွားတယ်
တစ်ချောင်းက အဝတ်လှန်းတဲ့ တန်း ဖြစ်သွားတယ်
အဝတ်တန်းဝါးက မကျေမနပ်နဲ့ ပုလွေကို လှမ်းမေးလိုက်တယ်။
ငါတို့က ဝါးရုံတစ်ခုထဲဖြစ်ရဲ့သားနဲ့
ငါက လေထဲမိုးထဲနေရပြီး ဘာမှတန်ဖိုးမရှိဘူး။
မင်းကျတော့ တန်ဖိုးမြင့်နေတာက ဘာ့ကြောင့်လည်း???
ပုလွေ ပြန်ဖြေလိုက်တာက…
မင်းက ဓါးတစ်ချက်ပဲ အခုတ်ခံရတယ်
ငါက ဓါးအချက်ပေါင်းများစွာ အခုတ်ခံရပြီးမှ
လက်ရာမြောက်စွာ တန်ဖိုးထားခြင်းခံရတာလေ။
အဲ့ဒီတော့မှ အဝတ်တန်းက နှုတ်ဆိတ်သွားပြီး တစ်ခုတွေးလိုက်မိတယ်။
သြော်
တန်ဖိုးမြင့်နေတဲ့ သူတိုင်းက ဒဏ်ရာပေါင်းများစွာ
အလူးအလဲ ခံခဲ့ရတာပါလားလို့ပေါ့
လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ…
*အခက်အခဲ အတားအဆီး များစွာကျော်ဖြတ်ရတဲ့ ဒဏ်
*နားလည်ပေးနိုင်သူ မရှိလို့ အထီးကျန်ဆန်တဲ့ ဒဏ်
*ဝိုးတဝါး အခြေအနေအောက်မှာ တာဝန်ယူရတဲ့ ဒဏ်
*ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံကွေကွင်းရတဲ့ ဒဏ်
ဒဏ်ပေါင်းစုံကို အပြုံးနဲ့ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ပါမှ
ဘဝက တန်ဖိုး ရှိမှာပါ
ဒါ့ကြောင့်မို့
သူများတွေ အောင်မြင်နေတာ တွေ့ရရင်
မနာလို ဝန်တို မဖြစ်မိပါစေနဲ့
သူ့မှာ ပေးဆပ်ထားရတာ ပိုများလို့ပါ။
Credit to Original Writer
“ပရော်ဖက်ရှင်နယ်တို့ ကျဆုံးချိန်”
ဥပမာ ကျွန်တော် ဖေ့စ်ဘွတ်မှာတင်တဲ့ ဓါတ်ပုံတွေကို ကောင်မလေးတွေက သည်းသည်းလှုပ် အားပေးကြရင်းနဲ့ တဖြည်းဖြည်း နာမည်ကြီးလာကြတယ် ဆိုပါတော့။ ဘာဆက်ဖြစ်မလဲ။ ရုပ်ရှင်ကုမ္ပဏီတစ်ခုက ဆက်သွယ်လာမယ်။ နာမည်ကျော်တွေ တစ်ပုံကြီးပါတဲ့ ဟာသကားထဲမှာ မင်းသမီးငယ်လေးတစ်ယောက်နဲ့ ကျွန်တော်က စုံတွဲတစ်တွဲအနေနဲ့ ရိုက်ရမယ်။ ဟာသကားလည်း ဖြစ်၊ ဘာမှလည်း ဇာတ်ကောင်စရိုက်ရယ်လို့ မရှိတော့ ပေါ့ပေါ့ပါးပါးပဲ။ နောက်တော့ “အပုန်းတို့ရွာ” တို့၊ “မသိဘူး ချစ်တယ်” တို့ ဟာသကားတွေ ဆက်တိုက်ထွက်လာမယ်။ ကျွန်တော်လည်း နာမည်ကြီးမယ်ပေါ့။
ကျွန်တော့်လိုပဲ နောက်တစ်ယောက်ကျတော့ ဒီလိုအခွင့်အရေးမျိုး ရလာတယ်။ ဒါပေမယ့် သူက ငြင်းလိုက်တယ်။ ဘာဆက်ဖြစ်မလဲ။ ဘာမှ ဆက်မဖြစ်ဘူး။ သူ နာမည်မကြီးတာ၊ ပိုက်ဆံမရတာပဲ အဖတ်တင်မယ်။ တဖြည်းဖြည်း ဘာပါ ဖြစ်လာမလဲဆိုတော့ ‘ကျွန်တော်တို့ အနုပညာရှင်တွေ ဆိုတာ’ တို့၊ ‘ပရိသတ်ကြီးကို ဘာမက်ဆေ့ ပေးမယ်’ တို့ ပြောနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး သူ နောင်တရလာမယ်။ မှားသွားသလို ခံစားရမယ်။
ဆိုလိုတာက ဘာလဲဆိုတော့ ခေတ်က အပြိုင်အဆိုင် များလာတဲ့အခါမှာ လူတွေက အရည်အသွေးတို့၊ ကျင့်၀တ်တို့ကို မကြည့်တော့ဘူး။ နာမည်ကြီးဖို့၊ ပိုက်ဆံရဖို့ပဲ ဖြစ်လာတယ်။ လူအများက ဒီလိုဖြစ်လာတဲ့အခါမှာ ဒီရေစီးကြောင်းကို တွန်းလှန်ဖို့ရာ တော်တော်ခက်တယ်။ တွန်းလှန်လည်း ဘယ်သူကမှ မချီးကျူးဘူး။
တစ်ခါတစ်လေ နယ်ပယ်တစ်ခုမှာ အပျော်တမ်း၀င်လုပ်တဲ့သူက ဒီထဲက တကယ့်ပရိုအစစ်တွေထက် ပိုတော်နေတာ၊ ပိုနာမည်ကျော်နေတာမျိုး ရှိနိုင်ပါတယ်။ ဥပမာ စာရေးဆရာစစ်စစ်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် သူ့အတွေ့အကြုံတွေ ရေးထားတဲ့ စာအုပ်က ပိုပေါက်နေတာမျိုး။
ဒါပေမယ့် ကြားဖူးတဲ့စကားလေး ရှိပါတယ်၊ “ဘယ်နယ်ပယ်မဆို အပျော်တမ်းတွေ သိပ်များလာနေပြီဆိုရင်တော့ အဲဒီပရော်ဖက်ရှင်နယ်လောကဟာ ကျဆုံးချိန် ရောက်လာပြီလို့ပဲ ဆိုရမှာပါ”တဲ့။ ဒီအလုပ်နဲ့ အသက်မွေးနေသူတွေက အပျော်တမ်း၀င်လုပ်သူတွေလောက်တောင် သုံးမရတာလား၊ ဒါမှမဟုတ် အပျော်တမ်းတွေကိုပဲ တအားနေရာပေးနေတာလား။ နှစ်ခုထဲက ဘယ်ဟာဖြစ်ဖြစ် တစ်ခုမှတော့ မကောင်းပါဘူး။
ဒါဖြင့် ပရို ဆိုတာ ဘာလဲ။
ဖတ်ဖူးတာလေးတစ်ခု ဝေမျှပါရစေ။ (ပြန်မရှာနိုင်လို့ အနည်းငယ်လွဲကောင်းလွဲနိုင်ပါတယ်၊ ဆိုလိုရင်းကိုပဲ အဓိက ယူပေးပါ) တစ်ခါက ဘုရားကျောင်းတစ်ခုက မျက်နှာကြက်ကို အနုအလှဖန်တီးဖို့ သားအဖနှစ်ယောက်ကို ခေါ်ပြီးလုပ်ခိုင်းပါတယ်။ အဲဒီမှာ လုပ်နေလိုက်တာ တော်တော်နဲ့မပြီးဘူး။ နောက်ကျတော့ သားကိုယ်တိုင်က စိတ်မရှည်တော့ဘူး။ အဖေ ဒီနေရာလောက်က ချောင်ဒီလောက်ကျတာ၊ မြန်မြန်လုပ်လိုက်၊ ဘယ်သူမှ သိမှာမဟုတ်ဘူး ဆိုတော့ သူ့အဖေ ပြန်ပြောတာလေး သိပ်လှတယ်၊ “ငါ့သား ဘယ်သူမှမသိလည်း မင်းနဲ့အဖေ သိတယ်” တဲ့။
ပရို ဆိုတာ ဒါပဲ။ ကိုယ့်အလုပ်နဲ့ပတ်သက်လာရင် ကောင်းသထက်ကောင်းအောင်၊ ရှိရမယ့် စံချိန်စံညွန်းထက် တစ်ပြားသားမှ မလျော့အောင် အမြဲအားထုတ်နေသူတွေဟာ ပရော်ဖက်ရှင်နယ်တွေပဲ။
နယ်ပယ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်ဖို့ဆို 3 S လိုအပ်ပါတယ်။
၁။ Salary (၀င်ငွေ) - အသက်မွေးရမယ့်အလုပ် ဖြစ်တာမို့ ပိုက်ဆံရမှဖြစ်မယ်။ ပိုက်ဆံမရရင်၊ ဒါလုပ်ပြီးပဲ အသက်မွေးလို့မရရင် ဒီလူဟာ ဘယ်လိုမှ ကောင်းသထက်ကောင်းအောင် အာရုံစိုက် ကြိုးစားနိုင်မှာမဟုတ်ဘူး။
၂။ Skill (ကျွမ်းကျင်မှု) - Technical standard ဆိုတဲ့ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စံကို မီရပါမယ်။ စာရေးဆရာ၊ ဆရာ၀န်၊ အင်ဂျင်နီယာ၊ ဘောလုံးသမား စသဖြင့် ကိုယ့်အလုပ်မှာ တော်သထက်တော်အောင် ကြိုးစားရမယ်။ လက်ရွေးစင်ဘောလုံးသမားက ရပ်ကွက်ထဲက လူငယ်တွေလောက်တောင် သုံးမရတာမျိုး၊ ဆရာ၀န်တစ်ယောက်ရဲ့ ပညာက ကျန်းမာရေးစာစောင်တွေ ဖတ်လေ့ရှိသူ အပြင်လူတစ်ယောက်လောက်တောင် မရှိတာမျိုး ဖြစ်လို့မရပါဘူး။
၃။ Self-control (ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှု) - ဒါကတော့ Ethical standard လို့ခေါ်တဲ့ ကျင့်၀တ်ပိုင်းဆိုင်ရာ ပြောတာပါ။ နယ်ပယ်တစ်ခုမှာ ပရိုဖြစ်ချင်ရင် စောင့်ထိန်းသင့် စောင့်ထိန်းအပ်တဲ့အရာတွေ ထိန်းသိမ်းရပါတယ်။ ဥပမာ ဆရာ၀န်က ကိုယ့်ကို ပိုက်ဆံပေးထားတဲ့ ကုမ္ပဏီက ဆေးတွေပဲ လူနာကို ညွှန်နေလို့ မရပါဘူး။
ဒီတော့ စဉ်းစားကြည့့်ပါ။ ဘယ်နယ်ပယ်မှာ ဘယ်သူတွေ ပရိုပီသနေသလဲ။
နယ်ပယ်တိုင်းမှာ အရည်အသွေးတွေ ကျနေတယ်။ ကျင့်၀တ်စောင့်ထိန်းမှုတွေ အားနည်းနေတယ်။ ဘာလို့လဲဆိုတော့ ဒီ၀င်ငွေတစ်ခုတည်းနဲ့ ရပ်တည်လို့မရတာကြောင့်ပါပဲ။
ဥပမာ ကိုယ်က ၀တ္ထုတစ်အုပ်ကို နိုင်ငံတကာမှာလို ၄-၅ နှစ်အချိန်ယူပြီး ရေးလိုက်တယ်။ ဒီ ၄-၅ နှစ်မှာ ပိုက်ဆံမရဘူး။ ကုန်ပေါက်ချည်းပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ၊ အဲဒီကာလတွေမှာ ရုန်းကန်ရတယ်။ ဒါပေမယ့် မတူတာက စာအုပ်ထွက်လာတော့ နိုင်ငံတကာမှာဆို သန်းကြွယ်သူဌေးဖြစ်သွားတယ်။ ကိုယ့်၀တ္ထုက အုပ်ရေသန်းပေါင်းများစွာ ရောင်းရတယ်၊ ဘာသာပြန်ဆိုခံရတယ်။ ဒီမှာကတော့ အုပ် ၅၀၀ တောင် မကုန်ဘူး။ နိုင်ငံခြားက တက်ကျမ်းတွေကို ဘာသာပြန်ထားတဲ့ စာအုပ်တွေ၊ ၂ လ တစ်အုပ်လောက် ထွက်နေတဲ့ ၀တ္ထုတွေက အရောင်းရဆုံးစာရင်း၀င် ဖြစ်နေတာကို လက်ပိုက်ကြည့်နေရမယ်။ ဒီတော့ ဘယ်သူက ဒါမျိုး ကြိုးစားမလဲ။ ဒီလိုပရော်ဖက်ရှင်နယ် စာရေးဆရာတွေ ဘယ်လိုထွက်လာတော့မလဲ။ ဒါက Skill အရည်အသွေးပိုင်း။
နောက်တစ်ပိုင်းက ကျင့်၀တ်ပိုင်း။ တစ်ခါက Digital marketing လုပ်နေတဲ့ ညီလေးတစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်၊ Blogger တွေရဲ့ အကြောင်း။
တကယ့် Blogger စစ်စစ်က အ၀တ်အများဆုံးအင်္ကျီ ၁၀ ခု ဆိုပြီး သူ့၀က်ဘ်ဆိုက်မှာ ရေးလိုက်တယ်။ လူတွေက ဖတ်တယ်။ ပြီးတော့ တစ်ခုချင်းစီရဲ့ ၀က်ဘ်ဆိုက်တွေကို သွား၀င်ကြည့်ကြတယ်။ ကြိုက်တယ်ဆို ၀ယ်တယ်။ ရေးတဲ့သူက ကောင်းတာ ဆိုးတာ အကုန်ရေးတယ်။ ဥပမာ စျေးကြီးတယ် ရေးထားတယ်၊ ပေးနိုင်တဲ့သူက သွား၀ယ်မှာပဲ။ အရောင်မစုံဘူး၊ အမည်းပဲရှိတယ် ရေးထားတယ်၊ အမည်းပဲ ကြိုက်တဲ့သူက သွား၀ယ်မှာပဲ။ သူ့ဘလော့ဂ်ကို ဖတ်ပြီး ဟိုဘက်မှာ သွား၀ယ်တာတိုင်းအတွက် သူက ပိုက်ဆံရတယ်။ သူ့အတွက်ကလည်း ရှင်းတယ်။ ရိုးရိုးသားသား ရေးရုံပဲ။ ဖတ်ပြီး သွား၀ယ်သလောက် သူပိုက်ဆံရမယ်။
ဒီမှာကတော့ ကျွန်တော့်ဆီကို ကြော်ငြာပေးရမယ့် အကျီင်္တွေနဲ့ ရေးပေးခ လာပေးသွားမယ်။ ကျွန်တော်က အဲဒါကို၀တ်၊ မလှလှအောင် ဓါတ်ပုံရိုက်၊ ပြီးမှ ဘယ်လိုကောင်းကြောင်း တင်ပေး။ တချို့ ကိုယ်တကယ်မကြိုက်တာ၊ အရည်အသွေးမကောင်းတာဆို မရေးပေးကြဘူး စောင့်ထိန်းပေမယ့် တော်တော်များများက ဒါမျိုးသွားကြတာ များတယ်။ အဲ့လိုမှ မလုပ်ရင်ရော ရလားဆိုတော့ ဒီမှာက ၀က်ဘ်ဆိုက်လည်း ဘယ်သူမှ မသုံးကြဘူး။ Blogger တော်တော်များများမှာလည်း ကိုယ်ပိုင်၀က်ဘ်ဆိုက် မရှိဘူး။ အွန်လိုင်းကနေ တစ်ခါတည်း ငွေပေးချေလို့ မရသေးဘူး။ ဒီတော့ ဒီလိုပဲ ဆူလွယ်နပ်လွယ် ရေးကြတယ်။ ပရော်ဖက်ရှင်နယ် Blogger ဆိုတာ ပေါ်လာဖို့ မလွယ်ဘူး။ နာမည်ကြီးတုန်း ကြော်ငြာပေးရတာမျိုးပဲ ဖြစ်မယ်။
ဆိုလိုတာက ၀င်ငွေမကောင်းရင်၊ ဒီအလုပ်နဲ့ပဲ အသက်မမွေးနိုင်ရင်၊ စနစ်က မပံ့ပိုးပေးရင် ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်ဖို့ခက်မယ်။ လုပ်တော့ လုပ်နေမယ်၊ ပရိုပီသဖို့ ခက်မယ်။ ဒါကိုပဲ နေ့နေ့ညည လုပ်နေပြီး ကောင်းသထက်ကောင်းအောင် ကြိုးစားနေဖို့ ခက်မယ်။ ဒီတော့ နယ်ပယ်တိုင်းမှာ အရည်အသွေးနိမ့်လာမယ်။ ဘယ်သူနဲ့မှ ယှဉ်လို့မရတော့ဘူး။
ဒါဆို ၀င်ငွေကောင်းအောင် ဘယ်လိုလုပ်မလဲ။
ရှင်းပါတယ်။ တိုင်းပြည်စီးပွားရေးကောင်းဖို့ လိုတယ်။ စျေးကွက်ကျယ်လာ၊ ၀ယ်လိုအားများလာရင် ရောင်းအားကောင်းလာမယ်၊ ၀င်ငွေပိုရမယ်၊ ဒီသဘောပါပဲ။
နယ်ပယ်အသီးသီးမှာ ပရော်ဖက်ရှင်နယ်တွေ များလာရင် တိုင်းပြည်တိုးတက်လာမှာ ဖြစ်သလို၊ အဲဒီလို ပရော်ဖက်ရှင်နယ်တွေ များလာဖို့ကလည်း တိုင်းပြည်တိုးတက်ဖို့ လိုပြန်ပါသေးတယ်။ ဒါကြောင့်လည်း နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးရဲ့အရေးလို့ ဆိုနေရတာပါ။
တိုင်းပြည်မတိုးတက်သရွေ့ ကျွန်တော်တို့ဟာ အရည်အသွေးနိမ့်မှုတွေနဲ့ပဲ ကြုံနေရဦးမှာပါပဲ။ အရည်အသွေးနိမ့်တဲ့ ဝန်ဆောင်မှုတွေ၊ မြန်မာပေါကားတွေ၊ နိုင်ငံခြားတက်ကျမ်းကို ဘာသာပြန်ပြီး ကိုယ်ရေးထားသလိုလို လုပ်နေတာတွေ၊ အဖော်အချွတ်တွေ လုပ်ရင်း ဘာ၀မ်းစာမှမရှိ၊ ဖြည့်ဖို့လည်း စိတ်မကူးဘဲ ရုပ်ရှင်၀င်ရိုက်၊ သီချင်း၀င်ဆိုနေတာတွေ စတဲ့ စတဲ့ ခေါင်းကိုက်စရာတွေနဲ့ပဲ တွေ့နေရမှာပါ။
ဒီတော့ လုပ်စရာနှစ်ခုပဲ ရှိပါတယ်။
ရေစီးကြောင်းနောက် မလိုက်ဘဲ ကိုယ့်သက်ဆိုင်ရာနယ်ပယ်အလိုက် ပရိုပီသအောင် ကြံ့ကြံ့ခံ ကြိုးစားကြဖို့ရယ်၊ တိုင်းပြည်အရေးလေးကို စိတ်၀င်တစားနဲ့ ၀င်ရောက်ပတ်သက်ပေးကြဖို့ရယ်ပါ။
# ဒေါက်တာ ဖြိုးသီဟ
၈.၁၁.၂၀၁၇
သတိထား ဆက်ဆံရမယ့် သင့်ဘေးနားက လူ (၈) မျိုး
(၁) တင်စီးသူများ
သူတို့အတွက် တင်စီးတာဟာ ယုံကြည်မှုရှိတာပါ။
မာနဟာ ဘဝနေထိုင်နည်းပါ။
ဘေးနားက လူတွေထက်
အမြဲသာကြောင်းပြဖို့ ကြိုးစားနေသူတွေပါ။
ဒီလူတွေကို လိုတာထက်ပိုပြီး မပတ်သက်ပါနဲ့။
(၂) မနာလိုသူ
မနာလိုတာပါ။ သင်အောင်မြင်တာကို
မကျေနပ်တာမျိုးတင် မဟုတ်ပါဘူး။
သင်အခက်အခဲ ဒုက္ခတွေ ဖြစ်နေတာကို
ပျော်နေတာပါ။ ဒီလူတွေရဲ့ အကျင့်ကိုက
အဲ့အတိုင်း ဖြစ်နေတာပါ။
(၃) ဟန်သမား
ဒီလူတွေကတော့ အေးအေးဆေးဆေး သမားတွေပါ။
ဖော်ရွေပါတယ်။ သူငယ်ချင်း အရင်းကြီး အတိုင်းပါပဲ။
ဒါပေမယ့် သင် ဒုက္ခရောက်ပြီ အကူအညီ လိုပြီဆိုတာနဲ့
သင့်အနားက ပျောက်သွားပါပြီ။ မရှိတော့ပါဘူး။
(၄) နောက်ပြန်သမား
သင့်တိုးတက်မှုကို ပုံဖျက်မယ့် လူတွေပါ။
မကောင်းတဲ့ ယခင်က အလေ့အကျင့် ဟောင်းတွေဆီ
သင့်ကို ပြန်ဆွဲချသွားမယ့်လူတွေပါ။
(၅) မှတ်ချက်သမား
ဘယ်အရာကမှ သူတို့အတွက် မကောင်းပါဘူး။
ဘယ်လောက်ပဲလုပ်လုပ် သူတို့အတွက်
ကျေနပ်စရာ မဟုတ်ပါဘူး။
ဘယ်လိုပုံစံ ဘယ်လိုလူမျိုးကိုဖြစ်ဖြစ်
သူတို့က မကောင်းတဲ့ဘက်က
မှတ်ချက်တွေပေးပြီး ဝေဖန်ပါတယ်။
(၆) ထိန်းချုပ်သူများ
သင့်ကို သူတို့အကြိုက် ထိန်းချုပ်မယ့်လူ ဖြစ်ပါတယ်။
သင့်ကိုလွှမ်းမိုးပြီး သူတို့ လိုအပ်ချက်တွေကိုပဲ
ဦးစားပေး လုပ်ပါလိမ့်မယ်။
(၇) အတင်း ပြောသူများ
ဒီလို လူမျိုးတွေနဲ့ သူများအကြောင်း သွားမပြောပါနဲ့။
သင့်ကွယ်ရာမှာလည်း သူတို့က
သင့်အကြောင်း ပြောမှာပါ။ သူတို့ လာပြောလည်း
အလိုက်သင့် ပြန်ပြောပြီး
ဘာမှပြန်မပြောတာ အကောင်းဆုံးပါ။
(၈) တရားခံ ရှာသူများ
ဘယ်တော့မှ တာဝန်မခံသူတွေပါ။
တစ်ခုခုဖြစ်ရင်လည်း အနီးကလူကို
လက်ညှိုးထိုးတတ်ပါတယ်။
အဲ့ဒီအင်္ဂါရပ် တစ်ခုခုနဲ့ ငြိစွန်းနေတဲ့ သူမျိုးဆိုရင်
သင် သတိထား ဆက်ဆံနိူင်ပါစေ။
Unicode
သတိထား ဆက်ဆံရမယ့် သင့်ဘေးနားက လူ (၈) မျိုး
(၁) တင်စီးသူများ
သူတို့အတွက် တင်စီးတာဟာ ယုံကြည်မှုရှိတာပါ။
မာနဟာ ဘဝနေထိုင်နည်းပါ။
ဘေးနားက လူတွေထက်
အမြဲသာကြောင်းပြဖို့ ကြိုးစားနေသူတွေပါ။
ဒီလူတွေကို လိုတာထက်ပိုပြီး မပတ်သက်ပါနဲ့။
(၂) မနာလိုသူ
မနာလိုတာပါ။ သင်အောင်မြင်တာကို
မကျေနပ်တာမျိုးတင် မဟုတ်ပါဘူး။
သင်အခက်အခဲ ဒုက္ခတွေ ဖြစ်နေတာကို
ပျော်နေတာပါ။ ဒီလူတွေရဲ့ အကျင့်ကိုက
အဲ့အတိုင်း ဖြစ်နေတာပါ။
(၃) ဟန်သမား
ဒီလူတွေကတော့ အေးအေးဆေးဆေး သမားတွေပါ။
ဖော်ရွေပါတယ်။ သူငယ်ချင်း အရင်းကြီး အတိုင်းပါပဲ။
ဒါပေမယ့် သင် ဒုက္ခရောက်ပြီ အကူအညီ လိုပြီဆိုတာနဲ့
သင့်အနားက ပျောက်သွားပါပြီ။ မရှိတော့ပါဘူး။
(၄) နောက်ပြန်သမား
သင့်တိုးတက်မှုကို ပုံဖျက်မယ့် လူတွေပါ။
မကောင်းတဲ့ ယခင်က အလေ့အကျင့် ဟောင်းတွေဆီ
သင့်ကို ပြန်ဆွဲချသွားမယ့်လူတွေပါ။
(၅) မှတ်ချက်သမား
ဘယ်အရာကမှ သူတို့အတွက် မကောင်းပါဘူး။
ဘယ်လောက်ပဲလုပ်လုပ် သူတို့အတွက်
ကျေနပ်စရာ မဟုတ်ပါဘူး။
ဘယ်လိုပုံစံ ဘယ်လိုလူမျိုးကိုဖြစ်ဖြစ်
သူတို့က မကောင်းတဲ့ဘက်က
မှတ်ချက်တွေပေးပြီး ဝေဖန်ပါတယ်။
(၆) ထိန်းချုပ်သူများ
သင့်ကို သူတို့အကြိုက် ထိန်းချုပ်မယ့်လူ ဖြစ်ပါတယ်။
သင့်ကိုလွှမ်းမိုးပြီး သူတို့ လိုအပ်ချက်တွေကိုပဲ
ဦးစားပေး လုပ်ပါလိမ့်မယ်။
(၇) အတင်း ပြောသူများ
ဒီလို လူမျိုးတွေနဲ့ သူများအကြောင်း သွားမပြောပါနဲ့။
သင့်ကွယ်ရာမှာလည်း သူတို့က
သင့်အကြောင်း ပြောမှာပါ။ သူတို့ လာပြောလည်း
အလိုက်သင့် ပြန်ပြောပြီး
ဘာမှပြန်မပြောတာ အကောင်းဆုံးပါ။
(၈) တရားခံ ရှာသူများ
ဘယ်တော့မှ တာဝန်မခံသူတွေပါ။
တစ်ခုခုဖြစ်ရင်လည်း အနီးကလူကို
လက်ညှိုးထိုးတတ်ပါတယ်။
အဲ့ဒီအင်္ဂါရပ် တစ်ခုခုနဲ့ ငြိစွန်းနေတဲ့ သူမျိုးဆိုရင်
သင် သတိထား ဆက်ဆံနိူင်ပါစေ။
နာမည္မႀကီးခ်င္ဘူး
လူသိမမ်ားခ်င္ဘူး
ပုံမှန်ဘဝတစ်ခုမှာပဲ မထင်မရှားလေးနေချင်တယ်
အဲ့ဒီထက်ပိုပြီး တိတ်ဆိတ်ရလည်းဖြစ်တယ်
ကိုယ့်ဖြစ်တည်မှုလေးနဲ့ကိုယ်
တခါတလေ စိတ်လိုလက်ရလင်းပေးပြီး
တခါတလေ ဘာသိဘာသာလေး ဖျောက်ထားမယ်
ကိုယ့်နေထိုင်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခံရမှာမျိုး မလိုလားဘူး
ဘဝထဲမှာ ကိုယ်မဟုတ်တဲ့ ဘယ်တစ်ဦးတစ်ယောက်အတွက်မှလည်း
မရှိမဖြစ်အရေးပါပြီး ရှင်သန်မနေချင်ဘူး
ပျော်စရာဆိုတာ ရင်ထဲမှာ အတော်ရှားပါတယ်
လူရှေ့သူရှေ့မှာ ဘာမှမဖြစ်သလိုသန်မာပြရတာလည်း
ဝဋ်ဆင်းရဲတစ်မျိုးပါပဲ
မခံစားနိုင်တဲ့အခါ ထွက်ပြေးလေ့ရှိပါတယ်
ရှောင်ပုန်းပြီး နေပါတယ်
ကြိုးစားပြီးနားလည်ပေးဖို့လည်း မတောင်းဆိုဘူး
ကိုယ့်အတွက်တော့ဖြင့်
ဘယ်သူ့ကိုမှ မဆိုစလောက်လေးတောင် မပင်ပန်းစေချင်တာ
ဒီဘဝထဲ ကိုယ်နိုင်သမျှပျိုးချခဲ့တဲ့ ကုသိုလ်မျိုးစေ့လေးပါပဲ
ကိုယ့်ဆန္ဒနဲ့ကိုယ်
အမှန်တွေပဲခြစ်ခဲ့ခြစ်ခဲ့
အမှားတွေပဲ ဆွဲခဲ့ဆွဲခဲ့
ကိုယ်ရေးလိုက်တဲ့ ကိုယ့်ပုံတူလေးက
ကိုယ့်နှလုံးသားရဲ့ မိတ္တူလေးပဲဖြစ်တယ်
ကိုယ့်ကိုမထူပါနဲ့
ကိုယ့်ကိုမကူပါနဲ့
ကိုယ်နဲ့ပတ်သတ်လာရင်
ဥပေက္ခာသဘောပဲ ထားစေချင်တယ်
ဒဏ်ရာတွေဆိုလည်း ကိုယ်တစ်ယောက်တည်းပဲ ထမ်းပါ့မယ် ။
#ပိုပိုဖီးနစ်
တဖြည်းဖြည်းနဲ့ သွေးအေးတတ်လာတယ်
အထီးကျန်မှုမှာ နေသားကျလာတယ်
ပျော်ရွှင်နေတဲ့လူအုပ်ကြီးကြားမှာတောင်
ကိုယ့်ရဲ့အထီးတည်းဖြစ်နေမှုဟာ ပျောက်မသွားဘူး
အဲ့ဒီအပေါ်မှာလည်း ဝမ်းနည်းမနေဘူး
တစ်ဦးတစ်ယောက်ကြောင့် ပျော်ရွှင်တာ
တစ်စုံတစ်ရာကြောင့် ဝမ်းနည်းတာ
ဆိုတဲ့ ခံစားချက်တွေ ပါးသွားပြီ
ပြောပြချင်တဲ့စိတ်ရော
နားထောင်ပေးချင်တဲ့စိတ်ရော မရှိတော့ဘူး
ကိုယ့်အမာရွတ် ကိုယ်ပွတ်သပ်နေချင်နေမယ်
တခြားသူတွေရဲ့ ဒဏ်ရာအတိမ်အနက်ကိုတော့ မသိချင်ဘူး
ဆွေးနွေးပေးရတာ နှစ်သိမ့်ပေးရတာ အကြံဉာဏ်ပေးရတာတွေနဲ့ ဝေးဝေးရှောင်ဖြစ်တယ်
မစစ်မှန်ဘူးလို့ စိတ်ထဲမှာခံစားမိရင်
အားမနာတမ်းလှည့်ထွက်ခဲ့ဖို့ အသင့်ပဲ
အသက်ကြီးလာလို့ ထင်တယ်
လိုချင်တာတွေ လျှောက်ဝယ်မယ့်အစား
တကယ်လိုအပ်တာကိုပဲ သေချာရွေးဝယ်ဖြစ်တော့တယ်
စိတ်နဲ့တွေ့တဲ့အရာတွေဆို ထပ်ခါတလဲလဲလုပ်မယ်
သဘောကျတဲ့ သီချင်းတစ်ပုဒ်ကို ဆက်တိုက်နားထောင်တာမျိုး
ရုပ်ရှင်တစ်ကားကို အခါခါပြန်ကြည့်တာမျိုး
လူတစ်ယောက်ကို ခဏခဏသတိရတာမျိုးပေါ့
ဟုတ်တယ် အသက်ကြီးလာလို့ဖြစ်မယ်
ယုံကြည်တာတွေ နည်းလာတယ်
အရောင်တွေဆို မှိုင်းနေမှကြိုက်တယ်
အရေးကြီးတာက ပျော်နေဖို့မဟုတ်ဘူးလေ
နေပျော်ဖို့
ဒီတော့ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တယ်
ထွက်ခွာသွားတဲ့ကျောပြင်တွေကိုလည်း ခွင့်လွှတ်တယ်
ရှင်သန်မှုဟာ တာဝန်တစ်ခုပါပဲ ။
#ပိုပိုဖီးနစ်
"ပရော်ဖက်ရှင်နယ် ပီသတဲ့ အပြုအမူတွေ"
ကိုယ် ဘယ်လိုလူလဲ ဆိုတာကို ပြသနေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အပြုအမူတွေလည်း ပါဝင်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး တစ်ပါးသူတွေရဲ့ အထင်ကြီး လေးစားမှုတွေ၊ ယုံကြည်မှုတွေ ရလာကြတယ်။ ဒီအတွက် လုပ်ငန်းခွင်မှာ ကိုယ့်ကို ပရော်ဖက်ရှင်နယ် ပီသကြောင်း ထင်ဟပ်စေတဲ့ အပြုအမူတွေကို ရေးပြချင်ပါတယ်။
၁။ မိတ်ဆက်ပေးခံရတဲ့အခါ မတ်တပ်ထ နှုတ်ဆက်ပါ။ (Stand up when being introduced)
ပွဲတွေ၊ အခမ်းအနားတွေ သွားတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ကို မိတ်ဆက်ပေးတယ်ဆို ထိုင်မနေပါနဲ့။ မတ်တပ်ထ နှုတ်ဆက်ပေးပါ။
၂။ ကိုယ့်ဘက်က စနှုတ်ဆက်တတ်ပါစေ။ နှုတ်ဆက်နည်းလည်း မှန်ပါစေ။ (Greetings)
သူက ခေါ်မှ ကိုယ်ပြန်နှုတ်ဆက်တာမျိုးထက်စာရင် ကိုယ့်ဘက်က စနှုတ်ဆက်တတ်တဲ့ အလေ့အထက ကိုယ့်ကို လူချစ်လူခင် များစေမှာပါ။ နှုတ်ဆက်တဲ့အခါမှာလည်း ဝလာတယ်နော်၊ ပိန်သွားတယ်နော်၊ အသားတွေ မဲသွားတယ်နော်၊ ဝက်ခြံတွေ များနေတယ်၊ စတဲ့ တစ်ဖက်သားကို စိတ်ကသိကအောက် ဖြစ်စေတဲ့၊ တချို့လူတွေအတွက် စိတ်ဆိုးစရာ ဖြစ်သွားနိုင်တဲ့ နှုတ်ဆက်မှုမျိုးတွေ မလုပ်မိဖို့ သတိထားပါ။
၃။ ရွှေစည်းကမ်းကို လိုက်နာပါ။
တခြားတော့ မဟုတ်ပါဘူး။ ပြုံးရွှင်ဖော်ရွေစွာ နေတတ်ခြင်း ဖြစ်ပါတယ်။ (Golden rule = Be Friendly) တချို့လည်း ပင်ကိုယ်အရ မျက်နှာထား တည်တာတွေ ရှိပါတယ်။ အဲ့လိုတည်တိုင်းလည်း ပရို မပီသဘူးတော့ မဟုတ်ပါဘူး။ အမြဲတမ်းချည်း ပြုံးပျော်နေရမယ်လည်း မဟုတ်ပြန်ဘူး။ ကြည်လင်ရွှင်ပျနေတဲ့ မျက်နှာထား၊ သွက်လက်တဲ့ ပုံစံ၊ ချဉ်းကပ်လွယ်တဲ့ အမူအရာမျိုး ဖြစ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
၎။ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ပါ။ (Dress appropriately)
အလုပ်သဘာဝချင်း မတူလို့ တချို့လုပ်ငန်းခွင်မှာ ခွင့်ပြုထားတဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ တချို့မှာ ဝတ်သင့်တဲ့ ပုံစံမျိုး မတူပါဘူး။ တီရှပ်၊ စပို့ရှပ်တွေ ဝတ်ရင် အဆင်မပြေတဲ့ လုပ်ငန်းခွင် ရှိတယ်။ အကျီအပြင်ထုတ်ထားရင် အဆင်မပြေတဲ့ လုပ်ငန်းခွင် ရှိတယ်။ လှပနေဖို့၊ အကောင်းစားတွေ ဝတ်ထားဖို့ထက် သပ်ရပ်ကျော့ရှင်းနေဖို့၊ အမြင်တင့်တယ်ဖို့၊ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်ဖို့က ပိုအရေးကြီးပါတယ်။
၅။ အချိန်တိကျပါစေ။ (Be punctual)
ဒါကလည်း ပရိုပီသချင်သူတွေအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ မမျှော်လင့်တဲ့ အကြောင်းတစ်ခုခုကြောင့် နောက်ကျတာ ပြဿနာ မရှိပေမဲ့ အမြဲတမ်းနီးပါး နောက်ကျနေတာ၊ ပထမဆုံး တွေ့တဲ့ ချိန်းဆိုမှုမှာ နောက်ကျတာတွေကတော့ အဆင်မပြေပါဘူး။ တကယ်ဆို ချိန်းထားတဲ့အချိန်ထက် အနည်းဆုံး ၁၅ မိနစ် စောပြီး ရောက်နေသင့်တာပါ။
၆။ စကားပြောဆိုတဲ့အခါ (Conversation etiquette)
Eye contact ရှိပါစေ။ သေချာနားထောင်ပါ။ အာရုံစိုက်ပါ။ ဖုန်းကို ငုံ့ကြည့်နေရင်း၊ သုံးနေရင်း နားထောင်နေတာမျိုး၊ စကားပြန်ပြောတာမျိုး မလုပ်ပါနဲ့။ မတော်တဆ အရေးကြီးကိစ္စ ရှိလာရင် ခွင့်အရင်တောင်းပြီးမှ ဖုန်းသုံးပါ။
၇။ အတင်း မပြောပါနဲ့။ (Don’t gossip)
လူတစ်ယောက်ရဲ့ မကောင်းကြောင်းကို သူ့နောက်ကွယ်မှာ ပြောလိုက်ခြင်းက အပြောခံရသူ ပြန်မသိခင်၊ သူ မနစ်နာခင် ကိုယ်က အရင်ဆုံး တစ်ခု ဆုံးရှုံးလိုက်ရပါပြီ။ ပြောပြောချင်းမှာကို ဆုံးရှုံးသွားတာပါ။ အဲဒါကတော့ နားထောင်သူရဲ့ ကိုယ့်အပေါ် ထားတဲ့ အထင်ကြီး လေးစားမှု၊ ယုံကြည်မှု ဖြစ်ပါတယ်။
ဒါတွေကတော့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမူတွေထဲက တချို့ ဖြစ်ပါတယ်။ တခြား တခြားသော အပြုအမူတွေလည်း ရှိပါဦးမယ်။ ဒါတွေကို မလုပ်မိအောင် ရှောင်နိုင်လေလေ၊ ကိုယ့်အပေါ် တစ်ပါးသူရဲ့ အထင်အမြင်တွေကလည်း ပိုကောင်းလာလေလေ ဖြစ်ပြီးတော့ ပိုလည်း အောင်မြင်မှု ရလာမှာ ဖြစ်ပါတယ်။
Brand You Academy
22.6.2020
Click here to claim your Sponsored Listing.