Wink Brow and Beauty Studio
Brow and Beauty Service and Training
မျက်ခုံးအမှုန်design ထိုးချင်သူများ ငါးသောင်းကျပ်နဲ့ ဆရာမကိုယ်တိုင် ထိုးပေးနေပြီနော်။လာမဲ့ရက်ကို booking ကြိုယူပေးရပါတယ်ရှင့်
ရန်ကုန် သဃ်န်းကျွန်းမြို့နယ်
ကားကြီးဂိတ်မှတ်တိုင်/
စံပြစျေးမှတ်တိုင်/
သစ်စက်မှတ်တိုင်အနီး
15/04/2025
မျက်ခုံးမွှေးတက်တူးထိုးခြင်းနဲ့ပတ်သက်ပြီး သိချင်တာတွေကို ပြောပြပေးပါ့မယ်ရှင်
မျက်ခုံးမွှေးတက်တူးဆိုတာဘာလဲ။
မျက်ခုံးမွှေးတက်တူးဆိုတာ မျက်ခုံးမွှေးပုံစံကို အလှပြုပြင်တဲ့နည်းတစ်မျိုးပါ။
အသားထဲကို ဆေးရောင်ခြယ်ပြီး မျက်ခုံးမွှေးပုံစံအတုကို ဖန်တီးပေးတာပါ။
မျက်ခုံးမွှေးပါးသူတွေ၊ မျက်ခုံးမွှေးပုံစံမမှန်သူတွေ၊ အချိန်ကုန်သက်သာချင်သူတွေအတွက် အဆင်ပြေပါတယ်။
မျက်ခုံးမွှေးတက်တူးထိုးတဲ့နည်းလမ်းတွေကဘာတွေလဲ။
* Microblading: ဓားသွားသေးသေးလေးတွေနဲ့ အသားထဲကို ခြစ်ပြီး အမျှင်ပုံစံ ဆေးရောင်ခြယ်တဲ့နည်းပါ။ သဘာဝကျတဲ့ မျက်ခုံးမွှေးအမျှင်လေးတွေလို ပုံဖော်ပေးနိုင်ပါတယ်။
* Microshading: စက်နဲ့ အသားထဲကို ဆေးရောင်ခြယ်ပစ္စည်းထည့်ပြီး အရိပ်လေးတွေ ခြယ်သ ဖန်တီးပေးတဲ့နည်းပါ။
မိတ်ကပ်လိမ်းထားသလို မျက်ခုံးမွှေးဆွဲထားသလို ပိုထူထဲတဲ့ပုံစံကို ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေပါတယ်။
* Combination Brows: Microblading နဲ့ Microshading နှစ်ခုကို ပေါင်းစပ်ထားတဲ့နည်းပါ။ သဘာဝကျပြီး ထူထဲတဲ့ မျက်ခုံးမွှေးပုံစံကို ရရှိစေပါတယ်။
* Powder Brows: စက်နဲ့ ဆေးရောင်ခြယ်ပစ္စည်းကို မှုန်ဝါးတဲ့ပုံစံမျိုး ထိုးသွင်းပေးတာပါ။ မိတ်ကပ်မှုန့်ခြယ်ထားသလို ပုံစံမျိုးကို ရရှိစေပါတယ်။
Ombre နဲ့ magic shading ဆိုပြီး နည်းတွေ နာမည်တွေ ခေါ်ဝေါ်ပုံတွေ ကွဲပြားပါသေးတယ်။ အမှုန်ထိုးတဲ့ပုံစံအမျိုးမျိူးပေါ်ကို မူတည်ပြီး ခေါ်ဝေါ်ကြတာပါ။
မျက်ခုံးမွှေးတက်တူးထိုးခြင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲ။
* မျက်ခုံးမွှေးပုံစံကို အမြဲလှပနေစေပါတယ်။
* မိတ်ကပ်လိမ်းချိန်ကို သက်သာစေပါတယ်။
* မျက်ခုံးမွှေးပါးသူတွေ၊ ပုံစံမမှန်သူတွေအတွက် ယုံကြည်မှုပိုရှိစေပါတယ်။
*အလှမပြင်ထားရင်တောင် အလှပြင်ထားတဲ့မျက်နှာလေးလို ကြည့်ကောင်းလှပစေပါတယ်။
* ရေစိုခံတာကြောင့် ရေကူးတာ၊ ချွေးထွက်တာတွေကြောင့် ပျက်စီးမှာကို စိတ်ပူစရာမလိုပါဘူး။
မျက်ခုံးမွှေးတက်တူးထိုးခြင်းရဲ့ဆိုးကျိုးတွေကဘာတွေလဲ။
*အနည်းငယ် မဆိုစလောက်တော့ နာကျင်နိုင်ပါတယ်။
* ကျွမ်းကျင်မှုမရှိတဲ့သူနဲ့ထိုးရင် ပုံစံမလှတာ၊ အရောင်ပြောင်းတာတွေဖြစ်နိုင်ပါတယ်။ ဆိုင်သေချာရွေးဖို့ လိုပါတယ်။
* ပြန်ပြင်ဖို့ခက်ခဲပါတယ်။
* စျေးကြီးနိုင်ပါတယ်။
မျက်ခုံးမွှေးတက်တူးထိုးတဲ့အခါ ဘာတွေသတိထားရမလဲ။
* ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့သူကို ရွေးချယ်ပါ။
* သုံးတဲ့ဆေးရောင်ခြယ်ပစ္စည်းတွေရဲ့ အရည်အသွေးကို စစ်ဆေးပါ။
* တက်တူးထိုးမယ့်ဆိုင်ရဲ့ သန့်ရှင်းမှုကို သေချာစစ်ဆေးပါ။
* မထိုးခင်မှာ ကိုယ်လိုချင်တဲ့ပုံစံကို သေချာဆွေးနွေးပါ။
* ထိုးပြီးရင် ဂရုတစိုက်ပြုစုဖို့ လိုအပ်ပါတယ်။
မျက်ခုံးမွှေးတက်တူးထိုးပြီးရင် ဘယ်လိုဂရုစိုက်ရမလဲ။
* ပထမရက်အနည်းငယ်အတွင်း ရေနဲ့မထိပါစေနဲ့။
* တက်တူးထိုးထားတဲ့နေရာကို မကုတ်ပါနဲ့။
* နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။
ဒီအချက်အလက်တွေက မျက်ခုံးမွှေးတက်တူးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အရာတွေပါ။ တခြားသိချင်တာများရှိရင်လည်း မေးမြန်းနိုင်ပါတယ်ရှင့်။
Chel Wyne(wink brow)
16/03/2025
17/18/19 သုံးရက်သာ
eyebrow tattoo model များလိုပါတယ်။
ဆေးအကောင်းစား
အပ်အကောင်းစားနဲ့
ထိုးမယ်ဆို နှစ်သောင်းကျပ်တော့ ပေးရပါတယ်ရှင့်။
လိပ်စာ
အမှတ်308 ၊ သမိန်ဗရမ်းလမ်း၊ ကြီးပွားရေးရပ်ကွက်မြောက်ပိုင်း၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်။
လမ်းညွှန်
ကားကြီးဂိတ်မှတ်တိုင်မှာ
ဆင်းပြီး
တပင်ရွှေထီးလမ်းမ/ဘိုးဘိုးနတ်စင်လမ်းထဲဝင်လာရမှာပါ။
စံပြစျေးမှတ်တိုင်မှာဆင်းပြီး ကယ်ရီငှားလာလဲရပါတယ်
Booking တင်ရန်
vb phone
09987807390
phone ကြိုဆက်ပြီး စာရင်းပေးရပါတယ်ရှငိ့
တကယ်လာနိုင်တာ🙏🙏🙏 သေချာမှသာ စာရင်းပေးပေးပါရှင်။
Booking🙏🙏🙏 လုပ်ထားပြီးမှ မလာနိုင်ရင် မလာဖြစ်ကြောင်း ကြိုပြောပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။
နောက်လူရှာရမှာမို့လို့ပါ။
16/03/2025
နှစ်နှစ်သုံးနှစ် မျက်ခုံးဆွဲစရာမလိုဘဲ တရေးနိုးထကြည့်လဲလှ အချိန်ပေးပီးအလှပြင်စရာမလို နှသောင်းထဲနဲ့လှနိုင်ပြီဆိုတော့ မြန်မြန်သာလာထိုးလိုက်တော့နော်။ နှသောင်းက model ခေါ်တဲ့ဒီသုံးရက်ပဲနော်။သင်တန်းသူထိုးပေးပြီး ဆရာမမှ အနီးကပ်သေချာကြည့်ပေးထားပါတယ်ရှင့်
15/02/2025
ပိတ်ရက်လေးမှာထိုးပေးဖြစ်တာလေးတွေပါ။
မျက်ခုံးအလှ လာရောက်ပြုပြင်ချင်ကြသော customer များအတွက်
eyebrowtattoo dis price
ငါးသောင်းကျပ်နဲ့ ချယ်ကိုယ်တိုင် ငါးယောက်ပဲထိုးပေးမှာဖြစ်လို့ အမြန်ဆုံးbooking လေးတင်လိုက်တော့နော်။ vb phone or cb မှာ booking တင်လို့ရပါပြီ။
သဃ်န်းကျွန်းမြို့နယ် ရန်ကုန်။
ကားကြီးဂိတ် မှတ်တိုင်အနီး
09958303108
15/02/2025
Eyebrow tattoo healing result
မျက်ခုံးတက်တူး ဆေးကွာပုံအဆင့်ဆင့်လေးပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
26/04/2025