For Your Inner Light

For Your Inner Light

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from For Your Inner Light, No, 333, Yangon.

🕉️🧘🏼‍♀️🪬Heal for yours soul🪬🧘🏼‍♀️🕉️
🔮Tarot Guidance 🧿Spiritual Helar🔮

💎Youtube channel 👉🏻 https://youtube.com/@innerlight-angle?si=X58V3ebFP5ouN4JO

💎TikTok 👉🏻 https://www.tiktok.com/@innerlight7777?_t=ZS-8xzePLYGmCf&_r=1

21/08/2026

သင့်စိတ်ထဲကသူက သင့်ရဲ့ဖူးစာဖက်လား ??✨💍🌟

Pile -1

တဖက်သူမှာ ရွေးချယ်စရာတွေ တစ်ယောက်ထက်မက

ပိုရှိနေပါတယ် ၊ ကိုယ်နဲ့လည်းဟိုမရောက်ဒီမရောက်

ဆက်ဆံရေးလိုဖြစ်နေတတ်ပြီး ကိုယ့်ဘက်က ပြောရင် မ

သိသလိုလို ရှောင်ထွက်သွားတတ်ပြီး သူစိတ်ရှုပ်နေလို့ဆို

တဲ့အကြောင်းပြချက်တွေများစွာ ပေးတတ်တဲ့သူက သင့်

ရဲ့တဖက်သူ energy နဲ့ ကိုယ်ညီမယ်ဆိုရင် သူကတော့

ဘယ်သူ့ကိုမှယတိပြတ်သေချာ မရွေးချယ်နိုင်သေးတဲ့

စိတ်ဗျာများတတ်သူ စိတ်ကစားတတ်သူ သူ့စိတ်သူသေ

ချာ မသိတဲ့သူပါ။

ကိုယ်ကသာ အတည်တကျတွေစဉ်းစားနေတာ သူ့

အတွက်ကရွေးချယ်နေတာပါ။ သင့်ကိုအချိန်ပေးစကား
တွေပြောနေပေမယ့် ကိုယ့်ကိုပဲ အချိန်ပေးနေတာ

စကားပြောနေတာမျိုးမဟုတ်ပဲလေ့လာနေတာပါ။ ခေါင်း

သုံးပြီးတွက်ချက်နေတာမို့ တခြားသူနဲ့ယှဉ်လို့ ကိုယ်က

သာမယ်ဆိုရင် ကိုယ့်ကိုရွေးချယ်မယ်အဲ့လိုလူမျိုးပါ။ ဒါ

ကြောင့်မို့ သူကသင့်ရဲ့ ဖူးစာဖက်အစစ်အမှန်တော့

မဟုတ်သေးပါဘူး။

Energy လေးများအဆင်ပြေကြပါစေ။

✨ Personal reading လေးတွေလည်း လက်ခံပြီး ဆွေးနွေးဟောပေးနေပါတယ်။

Pile - 2

တဖက်သူဟာ Commitment (ကတိကဝတ်) ပေးဖို့

ခဲယဉ်းပြီး အလေးအနက်ထားရမယ့် ဆက်ဆံရေးမျိုးကို

လွန်စွာ ကြောက်ရွံ့နေသူဖြစ်ပါတယ်။ အချစ်ရေး၊

အိမ်ထောင်ရေးဆီ ဦးတည်သွားရင် သမိုင်းဟောင်းတွေ

သို့မဟုတ် သူ့ရဲ့စိုးရိမ်စိတ်ကြောင့် သူ့ရဲ့ လွတ်လပ်ခွင့်

တွေ ဆုံးရှုံးသွားမလား၊ ပိတ်လှောင်ချုပ်ချယ်ခံရမလား

ဆိုပြီး အတွေးလွန် စိုးရိမ်နေတတ်တဲ့သူမျိုးပါ။

ဒီ Energy နဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သူဟာ

သင့်ပေါ် သံယောဇဉ်ရှိရင်တောင်မှ အနာဂတ်အတွက်

သေချာတဲ့ ကတိကဝတ်မျိုး ပေးဖို့ တတ်နိုင်သမျှ

ရှောင်လွှဲနေမှာ ဖြစ်ပါတယ်။ အချစ်ရေးတစ်ခုမှာ

နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လိုက်ရင် စည်းနှောင်ခံ

လိုက်ရသလို ခံစားရမှာကို ကြောက်ရွံ့နေတာကြောင့်

သင့်ဘက်က ဘယ်လောက်ပဲ အတည်တကျ ဖြစ်ချင်ပါ

စေ၊ သူကတော့ ခြေလှမ်းတစ်လှမ်း ဆုတ်ထားလေ့ရှိပါ

တယ်။

သူဟာ မချစ်တာမဟုတ်ရင်တောင်မှ သူ့ရဲ့ ကိုယ်ပိုင်

လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ပိုပြီး ဦးစားပေးနေသရွေ့

တော့ သင့်ကို ရင်ခွင်ထဲ အပြည့်အဝ ပိုက်ထွေးထား

နိုင်မှာ မဟုတ်သေးပါဘူး။

Energy လေးများအဆင်ပြေကြပါစေ။

✨ Personal reading လေးတွေလည်း လက်ခံပြီး ဆွေးနွေးဟောပေးနေပါတယ်။

Pile - 3

တဖက်သူရဲ့ Energy ဟာ သင်နဲ့ ပျော်ပျော်ရွှင်ရွှင် စကား

တွေပြော၊ မိတ်ဆွေအပေါင်းအသင်းလို ပေါင်းသင်းရ

တာကို အရမ်းသဘောကျနေတာ ဖြစ်ပါတယ်။ သူက

သင့်ကို ခင်မင်တွယ်တာမှု အပြည့်ရှိသလို အနာဂတ်မှာ

မိသားစုတစ်ခုလို၊ အိမ်ထောင်ဘက်အထိ အတည်တကျ

ရေရှည်လက်တွဲသွားဖို့ စိတ်ကူးရှိသူပါ။

ဒီ Energy နဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ဒီဆက်ဆံရေး

ဟာ ဟိုမရောက်ဒီမရောက် မဟုတ်ဘဲ ခိုင်မာတဲ့ အခြေခံ

ကောင်းတွေရှိနေတဲ့ ပေါင်းသင်းဆက်ဆံရေးဖြစ်ပါ

တယ်။ သင့်ကိုလည်း သူ့ရဲ့ အသိုင်းအဝိုင်း၊ မိသားစု၊

မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်ပြီး ပွင့်လင်းမြင်သာတဲ့

မေတ္တာမျိုး ပေးချင်နေတာပါ။

သူဟာ သင့်ကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့သူဖြစ်ပြီး ဘဝ

ကို အတူတကွ ရေရှည်တည်ဆောက်သွားဖို့ စိတ်ကူးထား

တာမို့ ဒီဆက်ဆံရေးဟာ အနာဂတ်မှာ အိမ်ထောင်ရေး

အထိ သာယာဖြောင့်ဖြူးသွားနိုင်မယ့် ဖူးစာဖက်ကောင်း

Energy ပဲ ဖြစ်ပါတယ်။

Energy လေးများအဆင်ပြေကြပါစေ။

✨ Personal reading လေးတွေလည်း လက်ခံပြီး ဆွေးနွေးဟောပေးနေပါတယ်။

Photos from For Your Inner Light's post 21/08/2026

ကိုယ့်ရဲ့လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေ

အတွက် message လေးတွေ တောင်းကြည့်ပြီးအဖြေရှာ

ကြည့်ရအောင် ????💬🌸

Pick a pile : 🕊️

Pile : 1

Pile : 2

Pile :3

ကြိုက်နှစ်သက်ရာ ပုံလေးတပုံကိုရွေးချယ်ကြည့်ပါ။

21/08/2026

☀️ နံနက်ခင်း၏ မင်္ဂလာအလင်းရောင်နှင့်အတူ စိန်၊ ရွှေ၊ ငွေ ကျောက်သံပတ္တမြား စည်းစိမ်ဥစ္စာ လာဘ်လာဘများ အစဉ်ထာဝရ တိုးပွားကြွယ်ဝပါစေ…✨💰💎🪎
✨

Photos from For Your Inner Light's post 20/08/2026

သင့်ကို ဘယ်သူက သဘောကျနေလဲ ?

Pick a pile :

Pile : 1 ⛰️

Pile : 2 🌸

Pile : 3 🌊

အကြိုက်နှစ်သက်ဆုံးပုံလေးရွေးကြည့်ပြီး အဖြေလေး

ဖတ်ကြည့်ပါ ။

20/08/2026

🌅 နေရောင်ခြည်သစ်နဲ့အတူ အလင်းသစ်၊ မျှော်လင့်ချက်သစ်တွေ သယ်ဆောင်လာတဲ့ မင်္ဂလာရှိသော မနက်ခင်းလေးပါ ✨☀️

ဒီနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး လတ်ဆတ်ဆန်းသစ်တဲ့ စွမ်းအင်တွေ ရရှိပါစေ။

ရင်ဆိုင်ရမယ့် အလုပ်မှန်သမျှ အဆင်ပြေချောမွေ့ပြီး မနက်ခင်း လေပြေအေးလေးလိုပဲ ရင်ထဲမှာ အေးချမ်းသာယာမှုတွေကို အပြည့်အဝ ခံစားရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်။

19/08/2026

🩷✨Love Letter From Your Person ✨🩷

Pile-1

ချစ်ရပါသော ...

ငါ့ရဲ့ နေ့ရက်တိုင်းမှာ မင်းနဲ့ပတ်သက်တဲ့ အတွေးတွေက အမြဲစို့မိုးထားဆဲပါ။ လူချင်း မတွေ့ရတဲ့အချိန် ဒါမှမဟုတ် စကားတွေ အများကြီး မပြောဖြစ်တဲ့ ခဏလေးတွေမှာတောင် မင်းကို လွမ်းနေမိတဲ့ စိတ်က အရင်အတိုင်း ပါပဲ။

ငါ့ရင်ထဲမှာ ရှိနေတဲ့ သံယောဇဉ်နဲ့ လွမ်းဆွတ်မှုကို မင်းကို ပြသနိုင်တာထက် အများကြီး ပိုပြီး မင်းကို လွမ်းမိတယ်။ ငါ့ရဲ့ အပြုအမူ၊ ငါ့ရဲ့ နှုတ်ထွက်စကားတွေထက် ပိုပြီးတော့လည်း မင်း ရိပ်မိနိုင်တာထက် ပိုပြီး မင်းကို ချစ်ပါတယ်။

ငါတို့ကြားမှာ အကွာအဝေးတွေ ရှိနေပါစေ၊ ဒါမှမဟုတ် စကားမပြောဖြစ်တဲ့ တိတ်ဆိတ်မှုတွေ ရှိနေပါစေ ... ငါ့ရင်ထဲက မင်းအတွက် ချစ်ခြင်းတရားကတော့ နည်းနည်းမှ လျော့ပါးမသွားပါဘူး။ မင်းဟာ ငါ့ကမ္ဘာထဲမှာ အရေးအပါဆုံးသော အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်း ရှိနေမှာပါ။

အမြဲတမ်း ချစ်ခြင်းများစွာဖြင့် .…🩷

Pile-2

ချစ်ရပါသော ...

ငါ့အတွက်တော့ မင်းဆီက ရတဲ့ မက်ဆေ့ခ်ျ သေးသေးလေးတွေကအစ အမြဲတမ်း အချိုမြိန်ဆုံးသော အမှတ်တရတွေ ဖြစ်ခဲ့ရပါတယ်။ နေ့ရက်တိုင်းမှာ မင်းနဲ့ ဝေးနေရတာက ငါ့အတွက် အကြီးမားဆုံး ဝမ်းနည်းစရာ တစ်ခုပေမဲ့၊ မင်းကို မကြာခင် ပြန်တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့တင် ငါ့ရဲ့ နေ့ရက်တွေကို ခွန်အားပြည့်စေခဲ့ပါတယ်။

ငါတို့ကြားမှာ ဘယ်လို အကွာအဝေးတွေပဲ ရှိနေပါစေ၊ မင်းဟာ ငါ့ရဲ့ တစ်ခုတည်းသော အချစ်၊ တစ်ယောက်တည်းသော အဖော်ပါပဲ။ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုကတော့ မင်းနဲ့အတူ ဘဝတစ်ခုလုံးကို ထာဝရ ကုန်ဆုံးသွားဖို့ပါပဲ။

အမြဲတမ်း ချစ်ခြင်းများစွာဖြင့်….🩷

Pile -3

ချစ်ရပါသော ...

ငါ့ရဲ့ ကမ္ဘာငယ်လေးက မင်းကြောင့် အမြဲတမ်း လန်းဆန်းပြီး လှပနေရတာပါ။

ငါတို့ရဲ့ တစ်သက်တာ ခရီးစဉ်လေးမှာ မင်းရဲ့အချစ်က ငါ့အတွက် အလိုအပ်ဆုံးဖြစ်ခဲ့သလို၊ မင်းကို တွေ့လိုက်တဲ့နေ့ကစပြီး ငါ့ဝိညာဉ်ဟာ အဖော်မွန် ရခဲ့ပါတယ်။

ငါ့ရဲ့ ဘဝတစ်ခုလုံး၊ နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရတဲ့သူဟာ မင်းတစ်ယောက်တည်းပါပဲ။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ငါ့အတွက်တော့ အမြဲတမ်း မင်းတစ်ယောက်တည်းပါပဲ။

အမြဲတမ်း ချစ်ခြင်းများစွာဖြင့် ...🩷

Energy လေလးများအဆင်ပြေကြပါစေ 💕

19/08/2026

Angel Number 222,2222 ကို မြင်တွေ့နေရတဲ့သူတွေအတွက် Messages ✨💬

သင်ယခုကြုံတွေ့ဆုံနေရသည့် (သို့) မကြာမီ သင့်ဘဝထဲသို့ ဝင်ရောက်လာတော့မည့် အချစ်ရေး သံယောဇဉ်သည် ရှေးဘဝအဆက်ဆက်က အတူတကွ ပြုခဲ့ဖူးသော ပါရမီစက်၊ ရေစက်ဆုံ ကုသိုလ်ကံကြောင့် ပြန်လည်ဆုံစည်းရသည့် အဖိုးတန် Soulmate သံယောဇဉ်မျိုး ဖြစ်ပါသည်။
စိတ်တူကိုယ်တူ တည်ငြိမ်သည့် မေတ္တာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုထက် စိတ်ဓာတ်ရေးရာ ထပ်တူကျမှု၊ နားလည်ခွင့်လွှတ်မှုတို့ဖြင့် အေးချမ်းတည်ငြိမ်သည့် ချစ်ခြင်းမေတ္တာကို အတူတကွ တည်ဆောက်နိုင်ပါလိမ့်မယ်။

ဘာသာရေးဆိုင်ရာ လှူဒါန်းမှုများ၊ ဒါနပြုခြင်းများနှင့် အမျှဝေဆုတောင်းခြင်းများကို နှစ်ဦးအတူတကွ ပြုလုပ်ပေးခြင်းဖြင့် ရှေးဘဝက ပါလာသော ရေစက်များကို ပိုမိုခိုင်မာစေပြီး အတားအဆီးမရှိ ထာဝရတည်တံ့မယ့် အချစ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးနိုင်ပါလိမ့်မယ်

လတ်တလောမှာ Angel number 222,2222 ကအဓိကအများဆုံးတွေ့နေရတတ်ပြီး 111,1111, 777, 7777 တို့ကိုလည်း ရံဖန်ရန်ခါတွေ့နေရတတ်ပါတယ်။

ကိုယ်ပြုလုပ်နေတဲ့ ဘာသာရေးကို ပဲမပြတ်လုပါဆောင်ပေးပါ။ စိတ်တူကိုယ်တူရေစက်တူတဲ့သူနဲ့ ဆုံစည်းရပါစေလို့ အမျှဝေ
တိုင်တည်ပါ။

နမိတ်ကောင်းလေးများ followers များထံ ရောက်ရှိပါစေ ။

19/08/2026

🌅 မင်္ဂလာရှိသော မနက်ခင်း သတင်းလွှာ

မနက်ခင်းတိုင်းသည် အသစ်တဖန် ပြန်လည်စတင်ရန် ခွန်အားနှင့်အခွင့် အရေးများကို ယူဆောင်လာပေးပါသည်။

သင့်စိတ်ထဲက ရည်မှန်းချက်များနှင့် ကြိုးစားမှုတိုင်းသည်လည်း အသီးအပွင့်ကောင်းများအဖြစ် ပြောင်းလဲလာတော့မည့် နမိတ် ကောင်းများ ပြည့်နှက်နေပါတယ်။

ဒီနေ့မှာ ကြုံတွေ့ရမည့် ကိစ္စအဝအဝကို တည်ငြိမ်သော အသိ၊ ပညာရှိသော စိတ်ထားတို့ဖြင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း…

ဒီနေ့ တစ်နေကုန်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီးလိုအင်ဆန္ဒများ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်✨✨

゚viralシ # foryourinnerlight

18/08/2026

သင့်အတွက် Universe Messages ✨💬


ကိုယ့်အတွက် အဆင်မပြေတော့တဲ့ ဆက်ဆံရေး တစ်ခု

ကို ပြတ်ပြတ်သားသား ကျောခိုင်း လှည့်ထွက်နိုင်လာ

လိမ့်မယ် ။

အဲ့ဒီလို လှည့်ထွက်လာနိုင်ခဲ့လို့လည်း ပျောက်ဆုံးနေခဲ့တဲ့

ကိုယ်ပိုင် တန်ဖိုးတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး၊

ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးလာနိုင်သလို ပိုမိုတောက်ပ

တဲ့သူတစ်ယောက်အဖြစ်လည်း ရပ်တည် လာနိုင်ပါလိမ့်

မယ်။

အတိတ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်တာဟာ

တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပြီး၊ ဒီအောင်နိုင်မှု

ကြောင့်ပဲ သင့်ဘဝမှာ ယခင်နဲ့မတူတဲ့ တိုးတက်

ပြောင်းလဲမှုကောင်းတွေ အများကြီး ပိုင်ဆိုင် လာရတော့

မှာပါ။

ရှေ့ဆက်ပြီးတော့လည်း ကိုယ့်ရဲ့တန်ဖိုးကို အမှန်

တကယ်နားလည်ပြီး မြတ်နိုးတန်ဖိုးထားပေးမယ့်

အချစ်သစ်နဲ့ သေချာပေါက် ဆုံတွေ့ရပါလိမ့်မယ်။




゚viralシ

Photos from For Your Inner Light's post 18/08/2026

သူနဲ့ကိုယ်ကြားမှာ ဘယ်လိုအတားအဆီးတွေ

ရှိနေတာလဲ ????

Pick a pile : 🌻

Pile : 1

Pile : 2

Pile : 3

အကြိုက်ဆုံးပုံလေးတပုံ ရွေးချယ်ကြည့်ပါ…🌻

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No, 333
Yangon