Align Your BMS

Align Your BMS

Share

လောက၊သဘာဝဆက်စပ်တတ်စေ။
ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး အစဉ်မျှပါစေ။
Body,Mind and Spirit

13/11/2023
12/11/2023

ကိုယ့်ကို နာကျင်စေမဲ့
အတိတ်နဲ့ အနာဂတ်က
အတွေးဆိုးတွေကို

🎁မတွေးပါနဲ့။

နေခြည်ထွန်း@နွေးနွေးစနေ

11/10/2023

I've received 100 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

16/09/2023

The Law of
🧲 Attraction 🧲

28/08/2023

Are you ready?
😍😍😍

28/08/2023

ဒီည Page မှာ Live လွှင့်ပေးပါမယ်နော်။
Share ထားသူတွေထဲက
Live လာကြည့်သူတွေ အတွက်အထူးလက်ဆောင်တွေပါပါတယ်။

ည10နာရီနော်။30မိနစ် Live ပါ။
အလုပ်ကိစ္စတစ်ခုပေါ်လာလို့ အချိန်လေးနောက်ကျပါမယ်ရှင်။

See you All ☺️

23/08/2023

🍀ကိုယ့်ရင်ထဲမှာ ငြိမ်းချမ်းနေတဲ့အခါ
ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးက လှပ နေပါလိမ့်မယ်🙏❤️🙏

19/08/2023

Body,Mind and Spirit ကို Align ဖြစ်ဖို့
ဘာတွေစလုပ်ရမလဲ။

အရမ်းလွယ်တဲ့နည်းလေးပေးမယ်။ လိုချင်ကြလား⁉️
1-ကိုယ့်ခန္ဓာကိုယ်ကိုချစ်ပါ။ကျေးဇူးတင်ပါ။
2-သိစိတ်ထက်မသိစိတ်ကိုပိုအသုံးချပေးပါ။
(ကိုယ်လိုချင်တာအကုန်ရနိုင်တယ်။)
3-ကိုယ့်ရဲ့အတွင်းထဲက Soul ရဲ့စကားကို နားထောင်ပါ။

အသေးစိတ် ရှင်းရှင်းလင်းလင်းသိဖို့ဆိုရင်
လာမဲ့ 27ရက်နေ့မှာလုပ်ပေးမဲ့ မွေးနေ့အထိမ်းအမှတ် Free Seminar လေးမှာ ဆုံကြရအောင်နော်။

Soul Family အားလုံးကို
ချစ်ခင်ကျေးဇူးတင်လျှက်🙏❤️🙏
Nay Chi Tun
Coach
and

18/08/2023

You may think of your light is too small , but it can make a big different in others people's lives.

ဒီနေ့ဖတ်လိုက်ရတဲ့စာလေးတစ်ကြောင်းကြောင့်

ဘာတစ်ခုမှအဆင်သင့်မဖြစ် သေးပေမယ့်လဲ
(နေခြည့်ရဲ့ Soul က နှိုးဆော်လာလို့)
page လေးတခုကိုCreate လုပ်လိုက်ပါတယ်။

ဘာရည်ရွယ်ချက်နဲ့ဖန်တီးဖြစ်တာလဲဆိုတော့

လူတော်တော်များများက ကိုယ့်ဘဝကို ကိုယ် Limitလုပ်တဲ့နေရာမှာကျွမ်းကျင်ကြတယ်။

နေခြည် က ဘောင်အပြင်ထွက်ပြီးစဉ်းစားရတာ
ဘဝတိုးတက်ဖို့စွန့်စားရတာ
ပြဿနာရဲ့အဖြေတွေရှာရတာ
အဲ့နေရာတွေမှာ
ကျွမ်းကျင်တယ်။

ဘဝရဲ့ လျို့ဝှက်ချက်ကိုသိတယ်။
ဘဝရဲ့ နည်းပညာကိုနားလည်တယ်။

ဘဝရဲ့ရှု့ထောင့်တိုင်းမှာဘယ်လို စိတ်တည်ငြိမ် အေးချမ်း၊ပျော်ရွှင်အောင်နေလို့ရလဲဆိုတဲ့ Tools တွေ Technic ကိုကျွမ်းကျင်တယ်။

ဒီလိုဖြစ်လာဖို့ နှစ်ပေါင်း40နီးပါးတည်ဆောက်လာခဲ့ရတာလေ။

ဒီအတွေ့အကြုံတွေကို
Soul Family တွေကို မျှဝေချင်တယ်။

ဘဝမှာ
အရာအားလုံးအဆင်ပြေနေရင်
ပျော်ရွှင် ကျေနပ်နေဖို့မခက်ခဲပေမယ့်

ဘဝရဲ့လောကဓံမုန်တိုင်းတွေတိုက်လာပြီ
ဆိုရင်
ရှေ့ဆက်သွားဖို့ အတွက်
လမ်းပျောက်နေတာမျိုး
ဘာတခုမှမမြင်ရတဲ့အချိန်မျိုး
တွေရှိလာနိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ မီးပြတိုက်လို ရှေ့ကနေ လမ်းပြပေးမဲ့သူလိုအပ်ပါတယ်။

ဒီဘဝခရီးကိုအားအင်အပြည့်နဲ့
နှလုံးသားထဲက ကျေကျေနပ်နပ်ကြီး
လက်ခံပြီးရှေ့ဆက်သွားနိုင်ဖို့က
အလင်းရောင်လိုတယ်။
ပညာလိုတယ်။

ဒီဘဝပညာကရိုးရှင်းတယ်။
လွယ်ကူတယ်။
ဒါပေမဲ့ မြင်နိုင်ဖို့ ခက်ခဲတယ်။

ဘာကြောင့်လဲဆိုတော့

နေခြည်တို့ရဲ့ Body,mind and spirits မှာပိတ်ဆို့နေတဲ့
Egoတွေ၊ သံသယတွေ၊အမုန်းတွေ၊ကြောက်တာတွေ၊ရှက်တာတွေ စိတ်မလုံခြုံတာတွေကြောင့်ပါ။

ရိုးရိုးလေးတွေးပြီး
ရိုးရိုးလေးကြည့်နိုင်ရင်
ကိုယ့်ဘဝတက်လမ်းတွေကိုပိတ်ဆို့နေတဲ့
Block တွေကို ဖယ်ရှားနိုင်မှာပါ။

ဒီတော့ နေခြည်က
ဒီနေ့ကစပြီးအများအတွက်မျှပေးဖို့ဆုံးဖြတ်လိုက်တယ်

ဘဝရဲ့ကွက်လပ်တိုင်းမှာ Gratitude, Love,Joy, peace နဲ့ ဘဝကို ပေါ့ပေါ့ပါးပါးတည်ဆောက်ချင်တဲ့သူတွေအတွက်ပဲ သီးသန့်ဖန်တီးထားတာဖြစ်ပါတယ်။

Page နာမည်က Align Your BMS

ကိုယ့်ရဲ့ Body mind and spirits ကို Alignment ဖြစ်အောင် တည်ဆောက်ချင်သူ တွေအတွက်ပေါ့။

ဒီ page ကလူတိုင်းအတွက်မဟုတ်သလို
လူတိုင်းအတွက်လဲမသင့်တော်ပါဘူး။

တချို့ကဘဝမှာဟန်ချက်ညီဖို့ကအရေးမကြီးတဲ့သူတွေရှိတတ်လို့ပါ။

လောကကြီးထဲဘာကြောင့်ရောက်လာလဲမသိသူတွေ
မသိချင်သူတွေ။
တစ်ဘဝကောင်းစားရေး
တစ်ခဏကောင်းစားရေးနဲ့
ကိုယ်နဲ့ကိုယ့်မိသားစုလောက်ပဲဦးစားပေးသူတွေအတွက်
လုံးဝလုံးဝမ သင့်တော်ပါဘူး။

ဒီ page လေးကတဆင့်
ရိုးရှင်းသာယာတဲ့ ဘဝဖန်တီးချင်သူ‌ေတွ
ပျော်ရွှင်မှုကိုဖန်တီးပီးမိမိနဲ့ သူတပါးကိုပျော်ရွှင် စေချင်သူတွေ
ကိုယ်သိတဲ့ဘဝအလင်းရောင်လေးတွေကို သူတစ်ပါးအတွက် ဝေမျှထွန်းညှိပေးဖို့ စိတ်အားထက်သန်သူတွေကိုပဲ နေခြည်က ရည်ရွယ်ပါတယ်။

မီးပြတိုက်ကြီးတစ်ခုလိုပေါ့။

ဒီတော့

ကိုယ့်ရဲ့ကိုယ်ပိုင်အလင်းရောင်တွေမျှဝေပေးဖို့ ဆိုရင်တော့ နေခြည်တို့ Soul Sister တွေ အတူတူ
ခရီးဆက်ခွင့်ရကြမှာပါ။

နှလုံးသားချင်းထပ်တူကြတယ့်သူတွေနဲ့အတူ
နေခြည့်ရဲ့ Page လေးမှာဆုံချင်ပါတယ်ရှင်။

Let shine our lights together 🙏✨

Nay Chi Tun
Wellbeing Coach &
NLP Trainer

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon