Zaw & Su Japan Local Products
ဂျပန်ပြည်တွင်းသုံးပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေပါသည်
07/01/2024
Instock
04/08/2023
ဝက်ခြံ အမဲစက် တင်းတိတ် ဆားဝက်ခြံ ချွေးပေါက်ကျယ်ခြင်းနဲ့ပတ်သတ်ပြီး လာမေးကြတာရှိလို့ ဝေမျှပေးတာပါ ( ဆရာလုပ်ခြင်းမဟုတ်ပါ စျေးဘန်းခင်းခြင်းမဟုတ်ပါ )
တကယ်တော့ ဒါတွေအတွက် လူတိုင်းက ကောင်းနိုးရာရာရှာလိမ်းတတ်ကြတယ် . ဟိုဟိုဒီဒီမသုံးပဲ ကိုယ့်နိုင်ငံရာသီဥတုနဲ့ သင့်တော်မဲ့ဟာမျိုး ကိုယ်နဲ့အဆင်ပြေတဲ့ဟာမျိုးကို တခုထဲရွေးပြီး စွဲစွဲမြဲမြဲလိမ်းကြည့်ပါ . သက်သာသွားပါလိမ့်မယ် . Step by step လေးတော့ လိမ်းဖြစ်အောင်လိမ်းပါ . အရောင် အနံ့ Alcohol မပါတာ ရေဓာတ်သေချာထိန်းပေးနိုင်တာမျိုးဆို ပိုကောင်းပါတယ်.
ကိုယ်ငယ်ငယ်ကတည်းက make up မလိမ်းပါ. ကိုယ်တွေ Teen တုံးကတော့ skin care ဖို့ဆို ဂိုရာစနိုး NIVEA ကလွဲရင် ကျန်တာမသိ 😅 မျက်နှာသစ်ဆိုလို့ ကာဘော်လစ်ဆပ်ပြာပဲရှိတယ် 😁 ကိုယ်က မျက်နှာချွေးထွက်ရင်မနေတတ်တော့ တနေ့ကို ၅ခါလောက်မျက်နှာသစ်တတ်တဲ့သူ ( မကောင်းဘူးနော် လိုက်မသစ်နဲ့ တနေ့ ၃ခါပဲသစ်ပါ ) သနပ်ခါးလဲမကြိုက် တခါတလေ ( တကယ့်ကိုတခါတလေ ) ရေကျဲလေးတော့လိမ်းဖြစ်တယ်
နောက်ပိုင်းတော့ ၃၀ကျော်ထိ Chanel တမျိုးပဲလိမ်းတယ်. သို့သော်မြန်မာပြည်ရာသီဥတုနဲ့မကိုက်ပါ. 24hrs A/C နဲ့နေနိုင်ရင်တော့သုံးပါ. အရမ်းကောင်းပါတယ် . နောက်ပိုင်း Aussy products ပြောင်းသုံးတယ် . အရမ်းအဆင်ပြေတယ်. စွဲသုံးတယ်.
JPN က သူငယ်ချင်း skin care တွေသွင်းတော့ Aussy products ထက် စျေးသက်သာပြီး အရောင် အနံ့ alcohol မပါလို့ စမ်းသုံးကြည့်ရင်းက အရမ်းကြိုက်တာနဲ့ အဲ့ဒါတွေပဲသုံးလာတာ ၃ ~ ၄နှစ်လောက်ရှိပြီ
ငယ်ငယ်ကတည်းက ဝက်ခြံလဲသိပ်မပေါက်တတ်ဘူး တင်းတိတ် အမဲစက်လဲမရှိဘူး . ဒါပေမဲ့ ၄၅လောက်ကစပြီး မျက်နှာမှာ အမဲစက်လေးတွေစဖြစ်တယ် . Lack of collagen ပေါ့ . Collagen ၆လလောက် သောက်လိုက်တော့ ပျောက်သွားတယ် စျေးကြီးလို့ ၂ရက်ခြားကိုတပုလင်းပဲသောက်တယ် ( မြန်မြန်ထိရောက်ချင်ရင် Shiseido collagen အရည်ကိုသောက်ပါ ) collagen က အမြဲစွဲသောက်တိုင်း မကောင်းဘူးနော်. ၆လသောက်ပြီး ၃လနားတယ် ပြီးတော့ collagen jelly ကို ၃လစားတယ် ၂လနားတယ်
ဖြစ်နိုင်ရင် Skin care လေးတွေကို ရေခဲသေတ္တာထဲထားပါ. Skin care ဆိုတာ စျေးကြီးတိုင်း ကိုယ့်အတွက်ကောင်းတာ မဟုတ်ဖူးနော် . အရင်စမ်းသုံးကြည့် . ပြီးမှအဆင်ပြေသင့်တော်ရင် ပြောင်းသုံး . ကြော်ငြာကောင်းတိုင်း လျှောက်မဝယ်ပါနဲ့ . စျေးအသင့်အတင့်နဲ့လဲ ကောင်းတာတွေအများကြီးရှိပါတယ် . တကယ်တော့ Skin care ရွေးတတ်ဖို့ရယ် အပျင်းမကြီးပဲ သေချာလုပ်ဖို့ရယ်ပဲလိုပါတယ်. ကိုယ့်မျက်နှာ အမဲစက် ဝက်ခြံ နဲ့ကျန်တာတွေ ကင်းချင်ရင် အဆင်ပြေတာ စျေးသက်သာတာသေချာရွေးဝယ်ပြီးသုံးကြပါ. facial foam ကလွဲလို့ ကျန်တာတွေ ၅လလောက်ခံပါတယ် . တနှစ်မှ ၂ခါလောက်ပဲ ဝယ်ရတာမို့ မနှမြောပါနဲ့ 😁
ကိုယ်ဆိုရင် ၄ မျိုးအဓိကထားသုံးတယ်
1. Facial foam ( 1&half month )
2. Toner ( 4~5 months )
3. Serum ( 90days { 180 capsules } )
4. Moisturizer ( 4 ~ 5 months )
၃ရက်တခါ devices သုံးတယ်
နေ့ဘက်အပြင်ထွက်ရင်တော့ UV နဲ့ ညရောက်ရင် Eye cream သုံးဖြစ်အောင်သုံးပါ
* သူများတွေထက်စျေးဘာကြောင့် သက်သာလဲဆိုတာ *
ဒါလေးပြောပြချင်ပါတယ် 👇👇👇
ဂျပန်မှာပစ္စည်းဝယ်တယ် ပို့တယ်ဆိုတာ လွယ်ကူတယ်လဲမဟုတ် ခက်ခဲတယ်လဲမဟုတ်ပါဘူး.
သို့သော် JPNမှာ ပစ္စည်းဒိုင်ခံဝယ်ပေးတဲ့သူငယ်ချင်းလင်မယားက တပါတ်မှာ တရက်ခွဲပဲ အနားရလို့ ရတဲ့အချိန်လေးပြေးဝယ်ပေးရပါတယ်. ပစ္စည်းဝယ်တဲ့အခါ တချို့နေရာတွေမှာ ယန်း၈၀၀ လောက်ပေးရရင် သူတို့က ယန်း၅၀၀နဲ့ရတဲ့ဆိုင်ကို တကူးတကသွားရှာဝယ်ပေးပါတယ်. ကိုယ်ပြန်ရောင်းတဲ့အခါ ဝယ်သူတွေကို သူများတွေထက် သက်သာတဲ့စျေးနဲ့ရစေချင်လို့ပါ. online ကနေဝယ်တာမဟုတ်ပါ. JPN မှာလဲ တနေရာနဲ့တနေရာ ရောင်းတဲ့စျေးနှုန်း ကွာပါတယ် . ဆိုင်တဆိုင်နဲ့တဆိုင် product တူသော်လည်း ရောင်းချတဲ့စျေးနှုန်းမတူပါဘူး
ရထားခ...
တဘူတာယန်း၁၃၀ (၁ယန်း=၂၃ကျပ်)ကစပြီး ယန်း၃၀၀ကျော်ထိရှိပါတယ်. မြေအောက်ရထားသေးလေးတွေကတော့ ယန်း၁၇၀ကစပါတယ်. ပစ္စည်းစုဝယ်ရတော့ အပြန်သယ်ယူတဲ့အခါ ၂ယောက်ထဲမို့ ပင်ပန်းပါတယ်
ပစ္စည်းပို့ခ ( ကီလိုခ ) ...
သင်္ဘောနဲ့ပို့တဲ့အတွက် 1kg ကို ယန်း ၃၀၀ ပေးရပါတယ်.
Tax ...
စျေးနှုန်းတခုခြင်းဆီတိုင်း လူသုံးကုန် 10% နဲ့ စားသောက်ကုန် 8%ထည့်ပေါင်းရပါတယ်
( June လမှစ၍ ပစ္စည်းစျေးတွေ 20% တက်သွားပါတယ် )
ရန်ကုန်ရောက်တဲ့အခါ ပစ္စည်းတခုချင်းတန်ဖိုးရဲ့ tax, သွားလာခဲ့တဲ့ရထားခ, သယ်ယူခ, kiloခ ( gram အလိုက် ) ပြန်တွက်ပြီးမှ အမြတ်အနည်းငယ်နဲ့ ရောင်းပေးခြင်းဖြစ်ပါတယ်
JPN က လိုချင်တာများရှိလဲ စောင့်နိုင်ရင် မှာပေးပါတယ်ရှင်
18/07/2023
Dashi 1kg (500gx2) - 25,000ks
2ဗူးကျန်
17/07/2023
Edit : sold out
instock
Direct from Japan 🎌
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |