The Magic Scent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Magic Scent, Health/Beauty, Botahtaung Tsp, Yangon.
Autumn Vibesလေး ကလေ Decant or Full Size နှစ်မျိုးလုံးရပါတယ်ရှင့်🤍 နာမည်နဲ့လိုက်ဖက်သော ရေမွှေးလေးကို Full Size ဘဲယူချင်တယ်ဆိုလည်း Instockရပါတယ်ရှင် Unisexအသုံးပြုနိုင်ပြီး Maison Margiela ထုံးစံအတိုင်း အမည်နဲ့ရနံ့ ထပ်တူနီးပါးခံစားနိုင်သော ရေမွှေးဖြစ်ပါတယ်ရှင်🤍
Allure Homme Sport Supperleggera 10 ml Decant ထုတ်ရင်းတွေးမိတာလေးကလေ သူ့ကိုတော်တော်ကြိုက်ကြတယ်နော် 💝 အမေးများတဲ့ကောင်လေး ဘဲ အမျိုးသားသုံးရေမွှေးကောင်းတစ်လုံးလို့ဆိုရမှာပါ The Magic Scent
ရေမွှေးဆိုင်မှာ Gym မှာသုံးဖို့ဆိုပြီး အမြဲလာမေးကြတာပါ
18/08/2026
Skin Scent ရေမွှေးနဲ့ Personality 🤍
"Skin Scent ရေမွှေးကို ကြိုက်တဲ့သူတွေရဲ့ Personality က ဘယ်လိုမျိုးလဲ?" ဆိုတဲ့ အတွေးက တစ်နေကုန် ခေါင်းထဲ ရောက်နေတာပါ ချရေးမှဘဲထုတ်နိုင်တော့မှာမို့ ချရေးရပါတော့တယ်🫣😁
Skin Scent ဆိုတာ လူတိုင်း နှစ်သက်နိုင်တဲ့ ရေမွှေးမျိုး မဟုတ်ပါဘူးရှင် "Your Skin, But Better" ဆိုသလိုမျိုး ကိုယ့်ရဲ့ သဘာဝ ကိုယ်သင်းရနံ့လေးကိုမှ ပိုပြီး ဆွဲဆောင်မှုရှိသွားအောင် ပံ့ပိုးပေးတဲ့ ရေမွှေးမျိုး ဖြစ်ပါတယ်ရှင့် ဒါပေမဲ့ ရေမွှေးလောကမှာ Skin Scent နံ့ကို "ကိုယ်သင်းရနံ့လေးအတိုင်း မွှေးနေတာပဲ" ဆိုပြီး သဘောကျသူရှိသလို၊ "ဆေးရုံနံ့ကြီးကျနေတာပဲ" ဆိုပြီး မကြိုက်တဲ့သူဆိုပြီး အကြိုက် နှစ်ခြမ်း ကွဲကြတာကို တွေ့ရတတ်ပါတယ်ရှင်😁
ဒါပေမဲ့ Skin Scent ကို သဘောကျတဲ့ သူငယ်ချင်းတွေကို သတိထားကြည့်မိရင် သူတို့ဆီက အေးချမ်းမှု၊ ဆိတ်ငြိမ်မှုနဲ့ ငြင်သာတဲ့ စိတ်ကလေးတွေကို ခံစားရပါတယ်… အများစုက ကျယ်ကျယ်လောင်လောင် ထင်းထွက်နေတာထက် အေးအေးဆေးဆေးနဲ့ သီးသန့်နေတတ်ကြသူတွေလို့ပိုမြင်မိပါတယ် သူတို့ရဲ့ Personality နဲ့ ရွေးချယ်တဲ့ ရေမွှေးက တကယ်ကို ကွက်တိကျလှပါတယ်ရှင် မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက် ပြောဖူးတာလေးရှိတယ်... "ငါ့ရဲ့ ရေမွှေးရနံ့နဲ့ သူများရဲ့ Personal Space ကို မကျူးကျော်
ချင်ဘူး အနားမှာရှိတဲ့သူတွေရဲ့ စိတ်နဲ့နှာခေါင်း ကို မနှောင့်ယှက်ချင်ဘူး" တဲ့🥹
ကိုယ်တိုင်ကတော့ Skin Scent ရဲ့ အေးချမ်းမှုကို ကြိုက်သလို တစ်ခါတစ်လေမှာလည်း Performance ကောင်းကောင်းနဲ့ ရနံ့သင်းပျံ့မှု Projection မြင့်တဲ့ ရေမွှေးတွေကိုလည်း သဘောကျပါတယ်ရှင် ရာသီဥတု ပွဲတက်အခမ်းအနားနဲ့ Mood ပေါ် မူတည်ပြီး ပြောင်းလဲဆွတ်ရတာကို ပိုသဘောကျလို့ပါရှင်🤍
ဘယ်လို ရေမွှေးမျိုးပဲဖြစ်ဖြစ် ကိုယ့်နှာခေါင်း ကိုယ့်ခံစားချက်နဲ့ ကိုယ်တိုင် သဘောကျတာကို ရွေးချယ်တာက အကောင်းဆုံးနဲ့ အလုံခြုံဆုံးပါပဲရှင် ဒါကြောင့် Full Size ကို တန်းပြီး Blind Buy တာထက် Decant လေးတွေ အရင်စမ်းဆွတ်ကြည့်တာကို ပိုအကြံပြုပါတယ်ရှင် ဝယ်ပြီးမှ မကြိုက်လို့ အလကားဖြစ်သွားတာလောက် စိတ်ဆင်းရဲစရာ မရှိဘူး မဟုတ်လားရှင်🤧
Date Night,Special
Occasionsတွေမှာ Gentlemen
Scentအနေနဲ့ဆွတ်ချင်သူတွေ
အတွက် Dolce & Gabbana EDP
ကိုရွေးလို့ရပါတယ်ရှင့်🤍အနံ့လေးတော်တော်ကောင်းတာကြောင့် သဘောကျသူများပါတယ်ရှင့်🤍
17/08/2026
စွဲဆောင်မှုရှိတဲ့ပုလင်းပုံစံလေးထဲက ရနံ့ကလည်း စွဲဆောင်မှုအပြည့်နဲ့… စျေးသင့်ပြီး Performance ကောင်းတာကြောင့် သဘောကျပါတယ် ပေါ့ပါးတဲ့နေ့ရက်တွေသာမက အရေးကြီးတဲ့နေတွေထိ ဆွတ်လို့ရတဲ့ရေမွှေးပါ💗 ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတယ် Elegantဖြစ်ဖြစ်လေးနဲ့ ရနံ့ကောင်းကောင်းလေးပျံ့လွင့်မှုနဲ့ ရေမွှေးလေးတစ်လုံးပါဘဲရှင်💗
17/08/2026
လတ်တလောနှစ်ဖွဲ့ကွဲနေကြတဲ့ Power Of Youနဲ့ပတ်သတ်ပြီးတအားကိုဝင်ပြောချင်နေတာ ကိုယ့်ပုလင်းလေးကမရောက်သေးဘဲ Decantဘဲစမ်းထားဖူးတော့ ပုလင်းတော့ပြစရာမရှိနေပါဘူး
သို့ပေမယ့် ကိုယ်က Power Of You Fanပါလ်ို့ Videoတွေမှာလည်း ခဏခဏ ထည့်ပြောဖူးပါတယ် Passion Fruit Noteပါ အဓိက ပင်မှည့်သီး ရဲ့လတ်ဆန်ရှင်းသန့်တဲ့ရနံ့ကိုအဓိကရတာပါ ဘယ်သူတွေနဲ့လိုက်လဲဆိုတာကတော့ ကွဲမှာပါ ကိုယ့်အတွက်တော့သူကငယ်ရွယ်နုပျိုမှု လတ်ဆတ်မှုကိုကိုယ်စားပြုပါတယ် အသက်အရွယ်အရ လူငယ်ပိုင်းနဲ့ပိုလိုက်ဖက်မှာပါ ကိုယ်ကလူငယ်အရွယ်မဟုတ်ပေမယ့်ဘာလို့ကြိုက်လဲဆို Passion Noteကိုအရမ်းကြိုက်တာမို့ပါBombshell,Passion Islandကိုအရမ်းကြိုက်သူဖြစ်တာမို့ Power Of Youကကိုယ့်အကြိုက်ဖြစ်ခဲ့တယ်💗 Performance & Longevity က Worth To Buy📍
Fruity,Sweet & Sexy ဖြစ်တယ်လို့ခံစားခဲ့ရပါတယ် 💗 Blind Buy တော့မလုပ်သင့်ပါဘူးရှင် ကိုယ်ပြောပြသလို Passion Fruitရဲ့ရနံ့ကိုသဘောကျတဲ့ကောင်မလေးတွေရဲ့ ကိုယ်ပိုင်ရနံ့ဖြစ်မှာပါ💗
ကိုယ်မကြိုက်နိုင်ခဲ့တဲ့ရနံ့တွေရှိပါတယ် ကိုယ်ခံစားလို့မရခဲ့တာတွေပေါ့ သို့ပေမယ့်ရေမွှေးမှာအမှန်အမှားမရှိဘူးရယ် ခံစားသူဘဲကွာသွားတာပါ ကိုယ့်နှာခေါင်းနဲ့ခံစားချက်ကိုသာယုံကြည်ပေးပါ 💗 ဘယ်သူပြောတာကိုမှ မယုံကြည်ပါနဲ့ရှင် Decant ကနေစဝယ်ဖို့ဘဲ ထပ်လောင်းအကြံပြုပါရစေရှင် 💗
LV Symphony 10 Ml Decant Order အတွက် Decant ထုတ်ပါမယ်ရှင့်💗 Luxury Fresh ရနံ့လို့ခဏခဏရည်ညွှန်းရတဲ့ရေမွှေးပါရှင်
16/08/2026
"ရေမွှေးဆွတ်ထားရုံနဲ့တော့ ကိုယ့်ကို အရမ်းစွဲလန်းသွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူးလေ…
ဒါပေမဲ့ YSL Libre လို စိမ့်ဝင်မွှေးပျံ့တဲ့ ရနံ့မျိုး ဆွတ်ထားတဲ့နေ့က ကိုယ်နဲ့အနီးဆုံးသူကကိုယ့်အနားမှာ တူတူထိုင်ရင်း လက်ကလေးကို နမ်းကြည့်ပြီး 'တအားမွှေးတာပဲနော်' လို့ ပြောခံရဖူးတယ်… 🫣💗
ဒါပါပဲ… ကိုယ့်အတွက်တော့ ရေမွှေးနဲ့ပတ်သက်ရင် အနီးစပ်ဆုံးသူဆီက Compliment ရလိုက်ရတာဟာ အပျော်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး အခိုက်အတန့်ပါပဲရယ်။ 💗"
Dior Homme Intense 10 ml- Decant Order လေးအတွက်💝 Date အတွက်တော်တော်သင့်တော်တဲ့ရေမွှေးပါ အခုလို အေးတဲ့ရာသီအတွက်အရမ်းသင့်တော်ပါတယ်ရှင်💝
16/08/2026
အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်💗
Click here to claim your Sponsored Listing.
Category
Website
Address
Yangon