𝐒𝐭𝐚𝐫 𝐊𝐢𝐝𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

𝐒𝐭𝐚𝐫 𝐊𝐢𝐝𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐒𝐭𝐚𝐫 𝐊𝐢𝐝𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧, Star City, Yangon.

23/02/2026

အရွယ်ငယ်တဲ့ကလေးတွေကို Phonics သင်တဲ့အခါ ခက်ခဲတဲ့အဆင့်ဖြစ်တဲ့ Blending အဆင့်ကို ဖေဖေမေမေတို့ရဲ့ သားသားမီးမီးလေးတွေက ဘယ်အရွယ်မှာ အောင်မြင်ကျော်ဖြတ်နိုင်ခဲ့ကြပါသလဲ ????

Phonics Blending ဆိုတာဘာလဲ။ ဘယ်အသက်အရွယ်မှာ စတင်လဲ။

မူရင်းရေးသားသူအား ရိုသေစွာ credit ပေးပါသည်ရှင်။

Phonics blending ဆိုတာ အက္ခရာတစ်လုံးချင်းစီရဲ့ အသံတွေကို ပေါင်းစည်းပြီး စကားလုံးတစ်လုံးအဖြစ် ဖတ်နိုင်စွမ်း ဖြစ်ပါတယ်။

ဥပမာ /c/ – /a/ – /t/ အသံ‌တွေကို ပေါင်းပြီး “cat” လို့ ပေါင်းစပ် အသံထွက်ဖတ်တာမျိုးပါ။

ဒီစွမ်းရည်ဟာ ကလေးတွေ စာဖတ်တတ်လာဖို့ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပြီး တစ်နေ့တည်းနဲ့‌တော့မဖြစ်နိုင်ပါ။ အချိန်ကြာလာတာနှင့်အမျှ တဖြည်းဖြည်း တိုးတက်လာတာမျိုးဖြစ်ပါတယ်။

ဆိုလိုတာက ဒီအဆင့်အတွက် အချိန်လိုပါတယ်။ သင်တဲ့သူကစိတ်ရှည်ရပါမယ်။

Phonics Blending စတင်တတ်လာတဲ့ အသက်အရွယ်များ👇👇👇

🎁 အသက် ၃–၄ နှစ် (မူကြိုအရွယ်)

ဒီအရွယ် ကလေးတွေသည် —

🌲အသံတွေကို နားထောင်ခွဲခြားသိနိုင်လာပါပြီ။

🌲သီချင်းတွေ၊ကဗျာတွေအသံတွေကို နှစ်သက်လာပါပြီ။

🌲အထူးသဖြင့် ကိုယ်ပိုင်အမည်ထဲက အသံတွေကို သတိပြုမိလာပါပြီ။

👉 ဒီအရွယ်မှာ အသံတွေကို ပေါင်းဖတ်နိုင်ဖို့ သိပ်တော့ မမျှော်လင့်သင့်ပါဘူး။

အခြေခံစွမ်းရည်တွေကိုသာ တည်ဆောက်နေချိန်ဖြစ်ပါတယ်။

🎁 အသက် ၄–၅ နှစ် (Reception / Kindergarten/KG အရွယ်)

ဒီအရွယ်မှာ Phonics blending ကို အများအားဖြင့် စတင်လေ့ရှိပါတယ်။

ဒီအရွယ် ကလေးတွေသည် —

အသံတွေကို ပါးစပ်နဲ့ ပေါင်းပြောနိုင်လာပါပြီ (ဥပမာ /m/–/a/–/t/) 👉 mat

CVC စကားလုံတွေ (cat, dog, sun စတဲ့ စကားလုံးတွေ) ကို စတင်ဖတ်နိုင်လာပါပြီ

ရုပ်ပုံတွေနဲ့ အကြောင်းအရာအခြေအနေကို အသုံးပြုပြီး ဖတ်တတ်လာတဲ့အရွယ်လဲဖြစ်ပါတယ်။

👉 ကလေးတိုင်း တိုးတက်မှု မတူကြပါဘူး။

👉တချို့က မြန်မြန် ပေါင်းဖတ်နိုင်လာပြီး တချို့က အချိန်ပိုလိုအပ်နိုင်ပါတယ်။

🎁 အသက် ၅–၆ နှစ် (Year 1 / KG - Grade 1)

ဒီအရွယ်ရောက်လာတဲ့အခါ ကလေးအများစုဟာ —

အသံတွေကို ယုံကြည်မှုရှိရှိ ပေါင်းဖတ်နိုင်လာပါတယ်။

အသံတွေ ပိုများတဲ့စကားလုံးတွေကို ဖတ်နိုင်လာပါတယ်။

စာကြောင်းတွေကို ဖတ်တဲ့အခါ အသံပေါင်းစပ် ဖတ်ခြင်းကို သဘာဝအလိုအလျောက် လုပ်နိုင်လာပါတယ်။

👉 လေ့ကျင့်မှုများလာလေ စာဖတ်ခြင်း ပိုမိုချောမွေ့လာ‌လေပါ။

👉 များများ လေ့ကျင့်နိုင်လေ စာကြောင်းတွေကို ဖတ်တဲ့အခါ အသံပေါင်းဖတ်ခြင်းကို သဘာဝ

အလိုအလျောက် လုပ်နိုင်လာ‌လေပါ။

🔔 နောက်ကျမှ ပေါင်းဖတ်တတ်ရင်ရော ပြဿနာလား?

🎅 မဟုတ်ပါဘူး။ ကလေးတိုင်း ဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်း မတူကြပါဘူး။

❄️ မိဘတွေက ဘယ်လို ကူညီနိုင်မလဲ

မိဘတွေအနေဖြင့် ဆရာမ ဖြစ်ဖို့ မလိုပါဘူး။

နေ့စဉ်ဘဝထဲမှာ —

အသံတွေကို ဖြည်းဖြည်း ပြောပြီး ကလေးကို ပေါင်းဖတ်ခိုင်းခြင်း

ကားစီးချိန်၊ အိမ်မှာရှိချိန် အသံကစားနည်းများ ကစားခြင်း

ဖတ်လွယ်သော စာအုပ်များကို အတူဖတ်ခြင်း

မှန်မမှန်ထက် ကြိုးစားမှုကို ချီးမွမ်းပေးခြင်း

အချိန်အရှည်ကြီး လေ့ကျင့်ခြင်းထက် အချိန်တိုတိုနဲ့ ပျော်ရွှင်စရာ ပုံမှန် လေ့ကျင့်ခြင်းက ပိုထိရောက်ပါတယ်။

Phonics blending သည် အများအားဖြင့် အသက် ၄ မှ ၆ နှစ်အတွင်း ဖွံ့ဖြိုးလာတတ်ပါတယ်။

အသက်ထက် အဆင်သင့်ဖြစ်မှုက ပိုအရေးကြီးပါတယ်။

ကလေးတိုင်းရဲ့ စာဖတ်လမ်းကြောင်းက မတူကြပါဘူးရှင်။

ကလေးများအားလုံး ပျော်ရွှင်စရာ စာဖတ်ခရီးစဉ်ကိုယ်စီ စတင်နိုင်ကြပါစေရှင်။

22/02/2026

Cambridge, Pearson, Singapore နဲ့ Olympic Maths တို့ရဲ့ ကွာခြားချက်များ 📘📕📙📗
--------------------------------

မိဘများနဲ့ ကျောင်းသားတွေကြားမှာ အမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ "ဘယ် Maths ကိုသင်ရမလဲ?" ဆိုတာပါပဲ။ Cambridge Maths, Pearson Maths, Singapore Maths, Olympic Maths တွေကြားမှာ ဘာတွေကွာခြားလဲ၊ ကိုယ့်ကလေးရဲ့ ရည်မှန်းချက်နဲ့ သင်ယူမှုပုံစံအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒီPost လေးမှာ အသေးစိတ် နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Cambridge Maths (ကင်းဘရစ်ချ်သင်္ချာ)

Cambridge Maths ဆိုတာ သင်ရိုးညွှန်းတမ်း (Curriculum) တစ်ခုဖြစ်ပြီး ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Cambridge Assessment International Education ကနေ သတ်မှတ်ထားတဲ့ ပညာရေးစနစ်တစ်ခုပါ။ ဒါဟာ သီးခြားစာအုပ်တံဆိပ်တစ်ခုမဟုတ်ဘဲ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အဓိကအချက်များ:

ဖွဲ့စည်းပုံစနစ်တကျရှိခြင်း: Primary, Lower Secondary, IGCSE, AS/A-Level ဆိုပြီး အဆင့်လိုက် ရှင်းလင်းတဲ့ လမ်းကြောင်း (Pathway) ရှိပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှု: ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေက အသိအမှတ်ပြုတဲ့ IGCSE နဲ့ A-Level ဘွဲ့တွေ ရရှိဖို့အတွက် အဓိကသင်ရိုးဖြစ်ပါတယ်။

စဉ်းစားတွေးခေါ်မှုကို ဦးစားပေးခြင်း: အလွတ်ကျက်မှတ်ခြင်းထက် သင်္ချာရဲ့ သဘောတရား (Concept) ကို နားလည်ပြီး လက်တွေ့ပြဿနာတွေမှာ ပြန်အသုံးချနိုင်တဲ့ စွမ်းရည် (Application & Problem-Solving Skills) ကို အဓိကထား သင်ကြားပေးပါတယ်။

စစ်ဆေးအကဲဖြတ်မှု: သတ်မှတ်ထားတဲ့ သင်ရိုးကုန်ဆုံးချိန်တွေမှာ စံသတ်မှတ်ချက်တူညီတဲ့ စာမေးပွဲတွေနဲ့ စစ်ဆေးအကဲဖြတ်ပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
နိုင်ငံတကာကျောင်းတက်နေတဲ့ ကျောင်းသားတွေ၊ ပြည်ပမှာ တက္ကသိုလ်ဆက်တက်ဖို့ ရည်ရွယ်ထားသူတွေ၊ စနစ်တကျချမှတ်ထားတဲ့ သင်ရိုးအတိုင်း အဆင့်လိုက် တက်လှမ်းလိုသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

-----------------------------------------

၂။ Pearson Maths (ပီယာဆန်သင်္ချာ)

Pearson ဆိုတာ ကမ္ဘာ့အကြီးဆုံး ပညာရေးဆိုင်ရာ ထုတ်ဝေရေးကုမ္ပဏီ (Publishing Company) ကြီးတစ်ခုပါ။ သူတို့က Cambridge လို သင်ရိုးညွှန်းတမ်းကို သတ်မှတ်တဲ့အဖွဲ့အစည်း (Awarding Body) အဖြစ်လည်း (Edexcel ဆိုတဲ့ နာမည်နဲ့) လုပ်ဆောင်သလို၊ အခြားသင်ရိုးတွေအတွက် အရည်အသွေးမြင့် စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ ထုတ်ဝေပေးပါတယ်။

အဓိကအချက်များ:

သင်ထောက်ကူပစ္စည်းအစုံအလင်: အရည်အသွေးမြင့် ဖတ်စာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ၊ Online Resources တွေ အစုံအလင်ရှိတာကြောင့် ကျောင်းသားရော၊ ဆရာပါ သင်ကြားသင်ယူမှုကို လွယ်ကူစေပါတယ်။

သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီမှု: Pearson Maths စာအုပ်တွေဟာ UK National Curriculum, Cambridge Curriculum နဲ့ သူတို့ကိုယ်ပိုင် Edexcel Curriculum (ဥပမာ - iPrimary, iLowerSecondary, International GCSE) တွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာပါ။

လက်တွေ့ကျပြီး နားလည်လွယ်ခြင်း: ကျောင်းသားတွေ စိတ်ဝင်စားအောင် ရောင်စုံပုံတွေ၊ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ ဥပမာတွေနဲ့ ရှင်းပြလေ့ရှိပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
ကျောင်းသင်ရိုးအပြင် အိမ်မှာ ထပ်လေ့ကျင့်ချင်တဲ့ ကျောင်းသားတွေ၊ သင်ကြားရေးအတွက် အရည်အသွေးမြင့် သင်ထောက်ကူပစ္စည်းကောင်းကောင်း လိုအပ်တဲ့ ကျောင်းတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အလွန်အသုံးဝင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျောင်းသားတစ်ယောက်ဟာ Cambridge သင်ရိုးကို Pearson စာအုပ်နဲ့ သင်ယူနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

----------------------------------------

၃။ Singapore Maths (စင်္ကာပူသင်္ချာ)

Singapore Maths ဆိုတာ သင်ရိုးညွှန်းတမ်းတစ်ခုထက် "သင်ကြားရေးနည်းစနစ်" (Teaching Methodology) တစ်ခုလို့ ပြောရင် ပိုမှန်ပါတယ်။ ကမ္ဘာ့အဆင့်မီ သင်္ချာပညာရေးလို့ သတ်မှတ်ခံထားရပြီး ကလေးတွေကို သင်္ချာကို ဘယ်လို "တွေးခေါ်" ရမလဲဆိုတာကို အဓိကထား သင်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

အဓိကအချက်များ:

CPA Approach (Concrete → Pictorial → Abstract):
Concrete: ပန်းသီး၊ အရုပ်စတဲ့ တကယ့်လက်တွေ့ပစ္စည်းတွေနဲ့ စသင်ပါတယ်။

Pictorial: နောက်တစ်ဆင့်မှာ အရာဝတ္ထုတွေရဲ့ ပုံတွေ (Bar Model/Model Drawing) ကို သုံးပြီး ရှင်းပြပါတယ်။
Abstract: နောက်ဆုံးမှ ကိန်းဂဏန်း၊ သင်္ကေတ (+, -, x, ÷) တွေကို သုံးပြီး တွက်ချက်စေပါတယ်။ ဒီနည်းလမ်းက ကလေးတွေရဲ့ နားလည်နိုင်စွမ်းကို အခြေခံကစပြီး ခိုင်မာစေပါတယ်။

Mastery over Memorization: အကြောင်းအရာတစ်ခုကို သေသေချာချာ နားလည်တတ်ကျွမ်းမှ နောက်တစ်ခုကို ဆက်သွားတဲ့စနစ် (Depth over Breadth) ဖြစ်ပါတယ်။ အလွတ်ကျက်တာကို အားမပေးပါဘူး။

Problem-Solving ကို အဓိကထားခြင်း: "Model Drawing" လို နည်းလမ်းတွေသုံးပြီး ပုစ္ဆာရဲ့ ဆိုလိုရင်းကို ပုံဖော်နားလည်စေကာ အဖြေရှာခိုင်းတာကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားကောင်းစေပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
အထူးသဖြင့် မူလတန်းအဆင့် ကလေးငယ်တွေ၊ သင်္ချာရဲ့ အခြေခံသဘောတရားကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးချင်တဲ့ မိဘတွေ၊ စဉ်းစားတွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးလိုသူတွေအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

-------------------------------------

၄။ Olympic Maths (အိုလံပစ်သင်္ချာ)
Olympic Maths ဆိုတာ ကျောင်းသင်ရိုးညွှန်းတမ်းမဟုတ်ပါဘူး။ ဒါဟာ သင်္ချာကို အထူးစိတ်ဝင်စားပြီး ထူးချွန်တဲ့ကျောင်းသားတွေအတွက် ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်တဲ့ အဆင့်မြင့် လေ့ကျင့်ရေး (Competition-based Training) တစ်ခုသာ ဖြစ်ပါတယ်။

အဓိကအချက်များ:

ကျောင်းသင်ရိုးထက် ကျော်လွန်ခြင်း: ကျောင်းမှာသင်တဲ့ ပုံမှန်(Routine Problems) တွေထက် အများကြီးခက်ခဲပြီး နက်နဲတဲ့၊ တီထွင်ဖန်တီးပြီး တွေးခေါ်ရတဲ့ (Non-routine Problems) တွေကို ဖြေရှင်းရပါတယ်။

အဆင့်မြင့်အကြောင်းအရာများ: Number Theory, Combinatorics, Advanced Geometry, Logic စတဲ့ ကျောင်းသင်ရိုးမှာ မပါဝင်တဲ့ အကြောင်းအရာတွေကို အဓိကထား လေ့ကျင့်ရပါတယ်။

ပြိုင်ပွဲဝင်ရန် ရည်ရွယ်ခြင်း: နိုင်ငံအလိုက် သို့မဟုတ် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွေမှာ ထူးချွန်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်။

အချိန်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း: အချိန်အကန့်အသတ်အတွင်းမှာ မမြင်ဖူးတဲ့ ပုစ္ဆာတွေကို ကိုယ့်ရဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အဓိက လေ့ကျင့်ပေးပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
ကျောင်းသင်ခန်းစာတွေကို လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ပြီး သင်္ချာကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ချစ်မြတ်နိုးတဲ့၊ ဉာဏ်ရည်ထက်မြက်ပြီး ပြိုင်ပွဲဝင်လိုစိတ် ပြင်းပြတဲ့ ထူးချွန်ကျောင်းသားတွေအတွက်သာ သင့်တော်ပါတယ်။

------------------------------------

ဒီ Maths လေးမျိုးဟာ တစ်ခုနဲ့တစ်ခု အားသာချက်ကိုယ်စီရှိပြီး ရည်ရွယ်ချက်လည်း ကွဲပြားပါတယ်။
Cambridge Maths က နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် "ပညာရေးစနစ်" တစ်ခု။
Pearson Maths က အဲ့ဒီလိုစနစ်တွေကို အားဖြည့်ပေးတဲ့ "သင်ထောက်ကူပစ္စည်း" တစ်ခု။
Singapore Maths က ခိုင်မာတဲ့အခြေခံနဲ့ စဉ်းစားတွေးခေါ်မှုကို တည်ဆောက်ပေးတဲ့ "သင်ကြားရေးနည်းလမ်း" တစ်ခု။
Olympic Maths က ထူးချွန်သူတွေအတွက် "စိန်ခေါ်မှုပြိုင်ပွဲ" တစ်ခု ဖြစ်ပါတယ်။

အကောင်းဆုံးကို ရွေးချယ်တဲ့အခါ "ဘယ်ဟာက အကောင်းဆုံးလဲ" လို့ မစဉ်းစားဘဲ "ကလေးရဲ့ အရည်အချင်း၊ သင်ယူမှုပုံစံ၊ ဝါသနာနဲ့ အနာဂတ်ရည်မှန်းချက်၊ သင်္ချာကို မည်သည့်ရည်ရွယ်ချက်ဖြင့် လေ့လာလိုသည်ကို မူတည်၍ သင့်တော်သောစနစ်ကို ရွေးချယ်နိုင်ပါသည်။


#သင်္ချာ #ပညာရေး #မိဘနှင့်ကလေး

မူရင်းရေးသားသူအားလေးစားစွာcrd ပေးပါသည်။

21/02/2026

A-Z phonics song

20/02/2026

Phonics Teaching

11/05/2025

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစတင်၍
မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့်အစဥ်အမြဲပြည့်စုံကြပြီး
အန္တရာယ်ခပ်သိန်း အပေါင်းမှဝေးကွာကြပါစေကြောင်း
The Novel Academy မိသားစုမှ 💙💙
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🙏🙏

01/05/2025

ကျူရှင်မှာသင်လိုက်တဲ့ တစ်နေ့စာကို
အိမ်ပြန်ရောက်ရင်မလုပ်ဘူးဆိုရင်တော့ ကျူရှင်မှာဘယ်လောက်နားလည်ခဲ့လည်း မေ့မှာအသေချာပါ။
ကျူရှင်ကပြန်လာ၊ လွယ်အိတ်ကိိုဗုန်းခနဲချ
ဖုန်းကိုကောက်ကိုင်၊ Chatting ထိုင်ပြီး
နောက်နေ့မနက်မှာ ဟန်မပျက်တဲ့လွယ်အိတ်ဆွဲ
ကျူရှင်ပြန်လာတဲ့ကျောင်းသားဟာ
ဘယ်တော့မှစာမရဘူး။

ဆရာက ဘယ်လောက်စေတနာပါပါ
ဆရာက ဘယ်လောက်အသင်တော်တော်
ဆရာက ဘယ်လောက်ရစေချင်ချင်
ဆရာက ဘယ်လောက်သောကများများ
ကျောင်းသားကမလုပ်ရင် အလကားပါပဲ။

ဒီနေ့ကျူရှင်မှာသင်လိုက်တယ်
အိမ်ပြန်ရောက်ရင်စာပြန်ကြည့်ရမယ်။
Notes တွေဖတ်ရမယ်
Text ကို ဖတ်ရမယ်
ကြေညက်ရမယ် နှံ့စပ်ရမယ်
ဟိုချန်သည်ချန်လုပ်လို့မရဘူး။

Review လည်းကြည့်ရမယ်
Exercise လည်းကြည့်ရမယ်
Journal လည်းကိုင်ရမယ်
Additional Exercise လည်းလုပ်ရမယ်
Objective တွေလည်းဖြေရမယ်
ကျူရှင်မှာစစ်တဲ့ Tutorial test တိုင်းဖြေရမယ်
End Test စစ်တိုင်းဖြေကြရမယ်
မဖြေကြည့်ရင် ကိုယ်ဘယ်လောက်ရလဲမသိဘူး
ဖြေကြည့်မှ ကိုယ်ရ မရသိမယ်။

Test ဖြေဖို့ စာမှန်မှန်လုပ်ရမယ်
ဖုန်းကိုဝေးဝေးထားရမယ်
အပျင်းမဖက်ဖို့အရေးကြီးတယ်
ကိုယ်လိုချင်မှသာရတာပါ။
ဆရာကဘယ်လောက်သင်သင်
ကျောင်းသားကတကယ်တမ်းလိုက်မလုပ်ရင်
ဘာအကျိုးမှမထူးပါဘူး။

#နေမင်းခန့်

22/04/2025

ပြင်ဆင်ထားကြပါ ကလေးတို့ရေ

19/04/2025

Good Bye Song 🦘🦖🐢🐍🦎



Respect to Orginal Uploader 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Star City
Yangon