Myanmar Health & Wellbeing Fair
The 1st Myanmar Health & Wellbeing Fair 2026
03/09/2026
Healthcare & Wellbeing လုပ်ငန်းများအတွက် B2B Partnership အခွင့်အလမ်းများကို တစ်နေရာတည်းမှာ ရှာဖွေလိုက်ပါ။
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်မှုကို ထုတ်ကုန်ကောင်းတစ်ခုတည်းနဲ့ တည်ဆောက်ဖို့ မလုံလောက်တော့ပါဘူး။
မှန်ကန်တဲ့ Business Partners တွေနဲ့ ချိတ်ဆက်ပြီး ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကလည်း လုပ်ငန်းတိုးချဲ့ဖို့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် M-Health 26 (Myanmar Health & Wellbeing Fair 2026) ကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ Wyndham Grand Yangon တွင် ကျင်းပသွားမှာဖြစ်ပြီး
ကျန်းမာရေး၊ ဆေးဝါး၊ အာဟာရ၊ အလှအပ၊ Fitness နှင့် Wellbeing လုပ်ငန်းများအပြင် Corporate Sector မှ လုပ်ငန်းရှင်များနှင့် Decision Makers များကိုပါ တစ်နေရာတည်းမှာ ချိတ်ဆက်ပေးမယ့် Business Platform တစ်ခု ဖြစ်ပါတယ်။
M-Health 26 မှာ ပါဝင်ခြင်းဖြင့်
✅ပြည်တွင်း၊ ပြည်ပ ဆေးရုံ၊ ဆေးခန်း၊ Wellness Center၊ Pharmaceutical နှင့် Insurance လုပ်ငန်းများမှ Business Owners, Executives နှင့် Decision Makers များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း
✅Corporate Healthcare Packages, Employee Wellness Programs နှင့် Group Insurance စတဲ့ Business Solutions များကို Corporate Clients များထံ တိုက်ရိုက်မိတ်ဆက်နိုင်ခြင်း
✅Healthcare နှင့် Lifestyle နယ်ပယ်အတွင်းရှိ လုပ်ငန်းများနှင့် Referral, Distribution, Supply Chain နှင့် Co-branding Partnership များ ဖော်ဆောင်နိုင်ခြင်း
✅စျေးကွက်အတွင်းရှိ အခြား Leading Brands များနှင့်အတူ ပါဝင်ပြသခြင်းအားဖြင့် မိမိ Brand ၏ Professional Image နှင့် Market Presence ကို ပိုမိုခိုင်မာစေနိုင်ခြင်း၊ စသည်ဖြင့် အခွင့်အလမ်းများအပြင် လုပ်ငန်းတိုးချဲ့မှုနှင့် ရေရှည် Business Partnership များအတွက် အခွင့်အလမ်းများစွာကို M-Health 26 မှာ ရှာဖွေနိုင်ပါတယ်။
ဒီတော့ Consumer Market ထဲမှာသာမက Corporate & Business Network ထဲမှာပါ ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်ချင်တယ်ဆိုရင် M-Health 26 မှာ Join လိုက်တော့နော်။
Official Website မှတစ်ဆင့် စာရင်းပေးသွင်းရန်
🌐 www.mhealthmyanmar.com
B2B Partnership & Booking အတွက်
(+95) 9 960 306 810
(+95) 9 694878071
(+95) 9 407 498 484
Email: [email protected]
Connect with the Right Businesses. Build the Right Partnerships.
In today’s competitive market, business growth is not only about reaching more customers. Building the right partnerships can create new opportunities for expansion, distribution, referrals and long-term business growth.
Taking place on September 17–18, 2026 at Wyndham Grand Yangon, M-Health 26 (Myanmar Health & Wellbeing Fair 2026) brings together businesses and professionals from healthcare, pharmaceuticals, nutrition, fitness, beauty, wellness and related industries — creating a strong platform for both consumer engagement and B2B connections.
Why Join M-Health 26?
✅Meet business owners, executives and decision-makers from hospitals, clinics, wellness centers, pharmaceutical companies, insurance providers and other health-related businesses.
✅Introduce your Corporate Healthcare Packages, Employee Wellness Programs, Group Insurance and other business solutions directly to potential corporate partners.
✅Explore new opportunities for referrals, distribution, supply chain collaboration and co-branded campaigns with businesses across complementary industries.
✅Strengthen your brand presence and professional positioning by exhibiting alongside leading businesses within Myanmar’s growing health and wellbeing market.
More than an exhibition, M-Health 26 is an opportunity to turn meaningful business connections into potential partnerships and new commercial opportunities.
Looking to expand your business network and connect with potential corporate partners? Join M-Health 26.
Reserve Your Space:
🌐 www.mhealthmyanmar.com
B2B Partnership & Booking:
(+95) 9 960 306 810
(+95) 9 694878071
(+95) 9 407 498 484
Email: [email protected]
02/09/2026
ကျန်းမာရေးနှင့် လူနေမှုဘဝ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် ရယူနိုင်မည့် M-Health Myanmar တရားဝင် ဝဘ်ဆိုက် စတင်လွှင့်တင်
===========================================
မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လူနေမှုဘဝကဏ္ဍ အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်သည့် M-Health Myanmar ၏ တရားဝင် ဝဘ်ဆိုက် (Official Website) ကို ယနေ့တွင် စတင် မိတ်ဆက် လွှင့်တင်လိုက်ပြီ ဖြစ်ပါသည်။
ယခု လွှင့်တင်လိုက်သည့် www.mhealthmyanmar.com ဝဘ်ဆိုက်သည် လာမည့် စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ Wyndham Grand Yangon Hotel တွင် ခမ်းနားစွာ ကျင်းပမည့် "Myanmar Health & Wellbeing Fair 2026 (M-Health 26)" ပြပွဲကြီးနှင့် ပတ်သက်သည့် အချက်အလက်များကို အဓိက စုစည်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ပြပွဲတွင် ပါဝင်ပြသမည့် ပြည်တွင်း၊ ပြည်ပမှ အဆင့်မြင့် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ထိပ်တန်း Brand များ၊ စင်မြင့်ထက် ဆွေးနွေးပွဲ အစီအစဉ်များနှင့် ပြခန်းနေရာ အချက်အလက်များကို အများပြည်သူနှင့် လုပ်ငန်းရှင်များ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
ထို့အပြင် လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိသည့် M-Health Scholarship ပညာသင်ဆု အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် စံနှုန်းများ၊ ဆုရွေးချယ်မှု လုပ်ငန်းစဉ်များနှင့် နောက်ဆုံးရ သတင်းများကိုလည်း အဆိုပါ ဝဘ်ဆိုက်မှတစ်ဆင့် စဉ်ဆက်မပြတ် တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
ပြပွဲနှင့် ပညာသင်ဆုဆိုင်ရာ အချက်အလက်များသာမက ခေတ်မီ ဆေးပညာဆိုင်ရာ တိုးတက်မှုများ၊ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူနေမှုဘဝအတွက် လိုက်နာသင့်သည့် အလေ့အထများနှင့် အထူးသီးသန့် ဆောင်းပါးကောင်းများကိုလည်း ဒစ်ဂျစ်တယ် ဗဟုသုတ မဏ္ဍိုင် (Knowledge Hub) တစ်ခုသဖွယ် အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ကျန်းမာပျော်ရွှင်သော လူနေမှုဘဝကို တည်ဆောက်လိုသူများ၊ ကျန်းမာရေးကဏ္ဍ စီးပွားရေး မိတ်ဖက်များနှင့် အများပြည်သူအနေဖြင့် အသေးစိတ် သတင်းအချက်အလက်များကို www.mhealthmyanmar.com တွင် တိုက်ရိုက် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပြီ ဖြစ်ပါသည်။
M-Health 26 တွင် ပါဝင်ပြသလိုသည့် ပြည်တွင်း၊ ပြည်ပ ဆေးရုံ၊ ဆေးခန်းများ၊ အလှအပနှင့် ကျန်းမာရေး ထုတ်ကုန်လုပ်ငန်းများအတွက် ပြခန်းနေရာများ (Standard & Prime Shell Scheme Booths) ကို စတင် ငှားရမ်းပေးလျက်ရှိပြီး၊ ပွဲနှင့်အတူ လက်တွဲဆောင်ရွက်မည့် တရားဝင် စီးပွားရေး မိတ်ဖက်များ (Official Partners) ကိုလည်း စတင် ဖိတ်ခေါ်လျက် ရှိပါသည်။
ပြခန်းနေရာ သီးသန့်ရယူလိုသူများနှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်လိုသော လုပ်ငန်းရှင်များအနေဖြင့် www.mhealthmyanmar.com တွင် အသေးစိတ် Floor Plan များနှင့် အချက်အလက်များကို တိုက်ရိုက် ကြည့်ရှုဆက်သွယ်နိုင်ပြီ ဖြစ်ပါသည်။
=========
M-Health Myanmar Launches Official Website; Opens Booth Bookings and Strategic Partnership Inquiries for M-Health 26
M-Health Myanmar has officially launched its digital portal, www.mhealthmyanmar.com, serving as the central operational and informational gateway for the upcoming Myanmar Health & Wellbeing Fair 2026 (M-Health 26), scheduled for September 17th – 18th at Wyndham Grand Yangon.
Alongside the platform launch, the Organizing Committee has officially announced the opening of Exhibition Booth Bookings and Strategic Partnership Opportunities. Local and international hospitals, wellness enterprises, nutrition brands, and fitness providers can now secure prime exhibition floor space (ranging from 2m X 2m shell scheme units up to premium activation zones) to engage directly with an anticipated demographic of over 10,000 visitors.
High-tier corporate brands are also invited to explore tailored sponsorship categories designed for dominant media exposure and direct B2B convergence.
In addition to commercial registration, the portal houses comprehensive documentation on the M-Health Scholarship program, providing public verification criteria and progress reports on educational funding for exceptional students.
The platform also functions as a routine health intelligence repository, publishing verified insights on longevity, fitness, and modern healthcare innovations.
Exhibitors, potential corporate partners, and the public can explore floor plans, partnership tiers, and event schedules directly at www.mhealthmyanmar.com.
25/08/2026
✈️🏥ပြည်ပနိုင်ငံများသို့ ဆေးသွားကုလိုသည့် ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံပါ။
===================
🧳မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် ဆေးကုသမှုခံယူလိုသူများနှင့် မိသားစုများ၏ အဓိက လိုအပ်ချက်မှာ ယုံကြည်စိတ်ချရသော ဆေးရုံကိုယ်စားလှယ်များ၊ အေဂျင်စီများနှင့် မျက်နှာချင်းဆိုင် တိုက်ရိုက် တိုင်ပင်ဆွေးနွေးခွင့် ရရှိရေးပဲ ဖြစ်ပါတယ်ရှင်။
🏛 M-Health 26 (Myanmar Health & Wellbeing Fair 2026) ပွဲကြီးသည် ကျန်းမာရေးနှင့် ပြီးပြည့်စုံသောလူနေမှုဘ၀အား နှစ်သက်လိုလားသော မိသားစုများ စုဝေးရောက်ရှိလာမည့် နေရာဖြစ်သဖြင့် International Hospitals & Medical Facilitators များ၊ Medical Service Agencies များအတွက် အထိရောက်ဆုံး တွေ့ဆုံရာနေရာတစ်ခုလဲ ဖြစ်လာမှာပါရှင်။
💫 M-Health 26 ၏ Official Partners များအနေနှင့် ပြခန်းဖွင့်လှစ်ခြင်းဖြင့် ရရှိမည့် အခွင့်အရေးများကတော့ ...
• ပြည်ပဆေးရုံများသို့ သွားရောက်ကုသရန် စီစဉ်နေသူများနှင့် On-ground မျက်နှာချင်းဆိုင် အကြံပေးဆွေးနွေးနိုင်ခြင်း။
• ဆေးကုသမှုကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုများကို ပွင့်လင်းမြင်သာစွာ ရှင်းပြပြီး မိသားစုများ၏ ယုံကြည်မှုကို တိုက်ရိုက် ရယူနိုင်ခြင်း။
• ပြည်တွင်း ဆေးဘက်ဆိုင်ရာ မိတ်ဖက်များနှင့် လူနာလွှဲပြောင်းမှု ကွန်ရက် ချိတ်ဆက်နိုင်ခြင်းတို့အပြင်၊
နိုင်ငံတကာတွင် ရေပန်းစားနေသော နောက်ဆုံးပေါ်ခေတ်မီ ကုထုံးများအား ပြည်သူများထံသို့ တိုက်ရိုက်ရှင်းလင်းပြသခွင့်တို့ပဲ ဖြစ်ပါတယ်ရှင်။
မိမိတို့၏ ဆေးရုံ၊ ဆေးခန်းနှင့် အေဂျင်စီ ဝန်ဆောင်မှုများကို ပြည်သူများဆီ တိုက်ရိုက်ရောက်ရှိစေရန် ပြခန်းနေရာများကို ယခုပင် လက်ဦးမှု ရယူနိုင်ပါပြီရှင်။
⚠️ ပြခန်းနေရာနှင့် Air Time အချိန်ကန့်သတ်ချက် ရှိတာကြောင့် First Come, First Served စနစ်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်းကိုလဲ မေတ္တာရပ်ခံအပ် အကြောင်းကြားအပ်ပါတယ်ရှင်။
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booth Booking: 09-960306810, 09-407498484
📧 Email: [email protected]
======
✈️🏥 Connect Directly with Families & Patients Seeking Overseas Medical Care
🧳For Myanmar patients and families planning medical treatments abroad, the primary necessity is securing direct, face-to-face consultations with verified hospital representatives and credible medical agencies.
🏛 M-Health 26 (Myanmar Health & Wellbeing Fair 2026) will convene health-conscious families and individuals seeking holistic wellbeing under one roof, serving as the most effective engagement hub for International Hospitals, Medical Facilitators, and Healthcare Agencies.
💫 Key Opportunities for M-Health 26 Official Partners & Exhibitors Are:_
• Conduct on-ground, face-to-face advisory sessions with individuals actively planning overseas medical treatments.
• Clearly explain medical packages, estimated costs, and dedicated services to build immediate trust with patient families.
• Expand local doctor referral networks and collaborative partnerships with domestic medical practitioners.
• Present cutting-edge treatments, innovative technologies, and advanced therapeutic procedures directly to the public.
Secure your booth space now to bring your hospital, clinic, and medical agency services directly to the people who need them most.
⚠️ Please note: Due to limited exhibition spaces and allocated air time, placements are provided strictly on a first-come, first-served basis.
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booth Booking: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]
24/08/2026
🏆မိမိ Brand ၏ တန်ဖိုးနှင့် ရပ်တည်ချက်ကို ပိုမို ခန့်ထည်ကျယ်ပြန့်စွာ တင်ဆက်နိုင်မည့် Gold Partner Package🏆
==============
💚 ကျန်းမာရေး၊ အလှအပနှင့် Wellness ကဏ္ဍတွင် လူသိများထင်ရှားပြီးသား Brand များ (သို့မဟုတ်) စျေးကွက်ထဲတွင် မိမိတို့၏ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာစွာ မှတ်ကျောက်တင်ချပြလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် M-Health 26 (Myanmar Health & Wellbeing Fair 2026) ပွဲကြီးသည် အကောင်းဆုံး တွေ့ဆုံရာ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်ရှင်။
💚 ပြပွဲတွင် မိမိ Brand ကို မိတ်ဆက်ရုံတင်မကဘဲ၊ On-Ground လာရောက်မည့် ပရိသတ် ၁ သောင်းကျော်နှင့် B2B လုပ်ငန်းရှင်များ၏ စိတ်ထဲတွင် မိမိ Brand ၏ ခိုင်မာမှုနှင့် အရည်အသွေးကို ပိုမို အလေးအနက် ခံစားမိစေရန် စဉ်းစားနေသည့် လုပ်ငန်းရှင်များအတွက် Gold Partner Package (သိန်း ၁၅၀) ကိုရွေးချယ်ရန် အထူး အကြံပြုပါရစေရှင်။
✴️ Gold Partner အဖြစ် ပါဝင်ခြင်းဖြင့် ရရှိမည့် အားသာချက်များ -
💫 မိမိတို့ စိတ်ကြိုက် အလှဆင် ဖန်တီးနိုင်ပြီး ပရိသတ်များနှင့် လွတ်လပ်စွာ ထိတွေ့ဆက်ဆံနိုင်မည့် ကျယ်ဝန်းသော Gold Partner Prime Space ကို ဦးစားပေး ရွေးချယ်ခွင့် ရရှိခြင်း။
💫 M-Health 26 ပွဲကြီး၏ တရားဝင် သတင်းမီဒီယာများ၊ Press Release များနှင့် Official Media Interview အစီအစဉ်များတွင် မိမိ Brand အကြောင်းကို တိုက်ရိုက် မိတ်ဆက်ခွင့် ရရှိခြင်း။
💫 ခန်းမ၏ အဓိက စင်မြင့် LED Screen ကြီးပေါ်တွင် Commercial Spot Video များကို Gold Time အနေဖြင့် ထုတ်လွှင့်ပြသခွင့် ရရှိခြင်း။
💫 အရေးပါသော B2B ဖောက်သည်ကြီးများနှင့် စီးပွားရေးမိတ်ဖက်များကို အဆင်ပြေချောမွေ့စွာ ကြိုဆိုဧည့်ခံနိုင်မည့် VIP Access & Privileges များ ပါဝင်ခြင်းတို့အပြင် အခြား အခွင့်အရေးပေါင်းများစွာလဲ ရှိပါသေးတယ်ရှင်။
ဒါကြောင့် မိမိတို့ Brand Value ကို ပရိသတ်နှင့် စီးပွားရေးမိတ်ဖက်များရှေ့တွင် အကောင်းဆုံး ပုံဖော်တင်ဆက်နိုင်မည့် အခွင့်အရေးဖြစ်ပါသဖြင့် အသေးစိတ် အချက်အလက်များအတွက် ဆက်သွယ် စုံစမ်းနိုင်ပါပြီရှင်။
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booking & Enquiries: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]
============================
🏆Elevate Your Brand Value & Command Strategic Market Presence : The Gold Partner Package🏆
=========
💚 For established market leaders and forward-thinking enterprises seeking to solidify their benchmarks and demonstrate industry excellence across the healthcare, beauty, and wellness sectors, M-Health 26 (Myanmar Health & Wellbeing Fair 2026) provides the premier stage.
💚 Beyond conventional brand exposure, for businesses looking to firmly establish their credibility, quality, and leadership in the minds of over 10,000 on-ground attendees and key B2B decision-makers, we highly recommend securing the Gold Partner Package (MMK 15,000,000 / 150 Lakhs).
✴️ Strategic Advantages for Gold Partners Are:
💫 Secure priority choice of a spacious Gold Partner Prime Space, allowing complete creative freedom for customized booth design and direct visitor engagement.
💫 Gain direct spotlight opportunities to introduce your brand through official event press releases, comprehensive media coverage, and dedicated Official Media Interview sessions.
💫 Broadcast your commercial spot videos during Prime Gold Time slots across the grand ballroom’s central Main Stage LED screen.
💫 Benefit from dedicated VIP Access and Privileges to seamlessly host key B2B clients, stakeholders, and business partners, alongside a host of exclusive entitlements.
Position your brand value and industry leadership at the absolute forefront of Myanmar's premier health and wellness gathering. Contact our sales team today for comprehensive partnership details.
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booking & Enquiries: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]
24/08/2026
🌟စျေးကွက်ထိုးဖောက်လိုသည့် လုပ်ငန်းများအတွက် သီးသန့်ဖန်တီးထားသော Brand Partner Package🌟
============================
⚡️ကျန်းမာရေး၊ အလှအပနဲ့ လူနေမှုဘဝကို တကယ်တန်ဖိုးထားတဲ့ ပရိသတ်ပေါင်း ၁ သောင်းကျော်နဲ့ B2B ဖောက်သည်အသစ်ပေါင်းများစွာတို့ တစ်နေရာတည်းမှာ စုဝေးရောက်ရှိလာမယ့် M-Health 26 (Myanmar Health & Wellbeing Fair 2026) ပွဲကြီးမှာ ကိုယ့် Brand ကို မပါမဖြစ် နေရာယူထားဖို့ အကြံပေးပါရစေရှင်။
⚡️မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို စျေးကွက်ထဲ ထိထိရောက်ရောက် ထိုးဖောက်ပြသပြီး ရောင်းအားရော Brand Value ပါ တစ်ပြိုင်နက် သိမ်းပိုက်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Brand Partner Package (သိန်း ၅၀) ဟာ မိမိ Brand ၏ စျေးကွက်နေရာကို အခိုင်အမာ တည်ဆောက်နိုင်မည့် Smart Visibility Package ဖြစ်ပါတယ်ရှင်။
M-Health 26 ၏ Brand Partner ဖြစ်လာပြီဆိုရင်တော့ -
✅️ ပွဲလာပရိသတ်တွေ မျက်စိအကျဆုံး၊ လူအသွားအလာအများဆုံးနေရာမှာ Brand Partner Prime Space ရရှိပြီး Customer တွေနဲ့ တိုက်ရိုက်ထိတွေ့ ရောင်းချနိုင်ခြင်း။
✅️ အဓိက အချက်အချာဖြစ်တဲ့ Main Stage LED Screen ကြီးပေါ်မှာ Commercial Video/Logo Roll များကို ထုတ်လွှင့်ပြသခွင့် ရရှိခြင်းတိူ့အပြင်..
✅️ M-Health 26 Official Page ကနေ Brand Partner အဖြစ် သီးသန့် အသိအမှတ်ပြု မိတ်ဆက်ပေးမယ့် Social Media Integration များကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်။
🔔 အခုလို အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ ကိုယ့် Brand ရဲ့ အဆင့်အတန်းကို ပရိသတ်ဆီ ထပ်တိုးပို့ဆောင်နိုင်ဖို့ နေရာ အကန့်အသတ် မပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ရန် အချိန်မီ အကြောင်းကြားလိုက်ရပါတယ်ရှင်။
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booking Enquiry: 09-960306810, 09-407498484
📧 Email: [email protected]
==========
🌟 Exclusively Crafted for Businesses Seeking Strategic Market Pe*******on : The Brand Partner Package 🌟
⚡️ At M-Health 26 (Myanmar Health & Wellbeing Fair 2026), over 10,000 health-conscious visitors and numerous prospective B2B clients will gather under one roof. We strongly recommend securing your brand's presence at this benchmark industry event.
⚡️ For ambitious businesses aiming to effectively showcase their products and services while elevating both immediate sales and long-term brand equity, the Brand Partner Package (MMK 5,000,000 / 50 Lakhs) serves as the ultimate Smart Visibility Package to firmly establish your market footprint.
The Key Commercial Benefits for Brand Partners Are :
✅️ Secure a dedicated Brand Partner booth in high-traffic, high-visibility zones for direct customer engagement and on-site conversions.
✅️ Broadcast your commercial video and logo rolls directly on the Main Stage LED screen and
✅️ Gain strategic brand exposure through dedicated partner spotlights on the official M-Health 26 digital channels.
🔔 Do not miss this high-value opportunity to elevate your brand presence and market reach. Reserve your spot before space capacity is reached.
📅 Date: September 17th – 18th, 2026
📍 Venue: Wyndham Grand Yangon Hotel
📩 Booking Enquiry: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]
14/08/2026
[From Campus to Career: M-Health Scholarship Program တွင် CSR Partner အဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း 🎓]
=============================
"ကြိုးစားလိုစိတ်နှင့် အရည်အသွေးရှိသော မည်သည့်လူငယ်မဆို ငွေကြေးအခက်အခဲကြောင့် ပညာရေးလမ်းကြောင်း မရပ်တန့်သွားစေရ" ဆိုသည့် ရည်ရွယ်ချက်ဖြင့် M-Health Scholarship Program ကို အင်တိုက်အားတိုက် ပြင်ဆင်လျက် ရှိပါသည်။
ကျောင်းသားဘဝ (Campus) မှသည် အောင်မြင်သော အလုပ်အကိုင်လမ်းကြောင်း (Career) သို့ တက်လှမ်းမည့် လူငယ်များအတွက် M-Health Scholarship သည် ငွေသားပညာသင်ဆုများအပြင် -
• နိုင်ငံတကာ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများမှ တိုက်ရိုက် ပေးအပ်မည့် ပညာသင်ဆု ဝေစုများသာမက -
• လူငယ်များ၏ ဘဝနှင့် ပညာရေးအတွက် အမှန်တကယ် လိုအပ်သော သင်တန်းများ၊ နည်းပညာနှင့် အခြား ပညာဒါန အထောက်အပံ့မျိုးစုံကိုလည်း လက်ခံ ပူးပေါင်းပေးသွားမည် ဖြစ်ပါသည်။
🤝 CSR & Educational Partners များသို့ ဖိတ်ခေါ်ခြင်း -
ကော်ပိုရိတ်ကြီးများ၊ နိုင်ငံတကာ တက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် စေတနာရှင်များအနေဖြင့် ငွေသားအလှူ သို့မဟုတ် သင်တန်း/ပညာသင်ဆု အထောက်အပံ့များဖြင့် M-Health Scholarship တွင် CSR Partner အဖြစ် ပူးပေါင်းပါဝင်နိုင်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
🎓 M-Health Scholarship Program Official Announcement ကို မကြာမီ ဩဂုတ်လအတွင်း စတင် ကြေညာပေးသွားပါမည်။
📩 CSR & Scholarship Partnership Contact:
☎️ Phone: 09-960306810, 09-407498484
📧 Email: [email protected]
=========
[From Campus to Career: Invitation for CSR & Educational Partnerships in the M-Health Scholarship Program 🎓]
Driven by the core vision, "No deserving, hardworking youth should ever be forced to abandon their education due to financial hardship". We are actively finalizing the M-Health Scholarship Program with full dedication.
To empower young talents transitioning from academic life (Campus) to a successful professional journey (Career), the M-Health Scholarship Program accepts diverse forms of contributions beyond monetary grants, including:
• Direct scholarship seats, degree/diploma grants, and tuition waivers provided by international universities and training academies.
• Practical training courses, technology/learning tools, mentorship, and various educational gifts that genuinely impact a student’s future career path.
🤝 CALL FOR CSR & EDUCATIONAL PARTNERS
We warmly invite corporate leaders, international universities, vocational academies, and individual donors to join hands as CSR Partners. Whether through financial contributions or educational scholarship allocations, your support will directly uplift the next generation.
🎓 The Official Announcement for the M-Health Scholarship Program application process will be formally released within August.
For partnerships and sponsorship enquiries, please contact our team:
📩 CSR & Scholarship Partnership Contact:
☎️ Phone: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]
#
13/08/2026
[ရန်ကုန်မြို့နေ ပြည်သူများအတွက် ပြင်းထန်ကာလဝမ်းရောဂါ (Acute Diarrhea/Cholera) အရေးပေါ် သတိပေးချက်နှင့် ကာကွယ်ရန် နည်းလမ်းများ ⚠️🚨]
⚠️ လက်ရှိ ရန်ကုန်မြို့တွင်း အချို့မြို့နယ်များတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးဂရုပြု စောင့်ရှောက်ကြရန် M-Health 26 မှ အသိပေး နှိုးဆော်အပ်ပါသည်။
🦠 ကာလဝမ်းရောဂါ ဘာကြောင့် ဖြစ်ပွားရသလဲ။
ကာလဝမ်းရောဂါဟာ Vibrio Cholerae ခေါ် ဗက်တီးရီးယား ပိုးမွှားတစ်မျိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး အဓိကအားဖြင့် -
🚱 ရောဂါပိုး မကင်းစင်သော သောက်သုံးရေ၊ ရေခဲများနှင့် မသန့်ရှင်းသော ရေတွင်း/ရေကန်များမှတစ်ဆင့် ကူးစက်ခြင်း။
☣️ ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော အစားအစာများ၊ ယင်နားစာများ၊ အစိမ်းများနှင့် အိမ်သာမှအထွက် လက်ကို စနစ်တကျ မဆေးကြောဘဲ အစားအစာ ကိုင်တွယ် စားသုံးခြင်းတို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကူးစက်ရခြင်း ဖြစ်ပါသည်။
💧 ကာလဝမ်းရောဂါ ကင်းဝေးအောင် ဘယ်လို ကာကွယ်ကြမလဲ။
• သန့်ရှင်းသော ရေသောက်ပါ။
ရေကို ဆူအောင်ကျိုချက်ပြီးမှ သောက်သုံးပါ။ (သို့မဟုတ်) စနစ်တကျ သန့်စင်ထားသော သောက်ရေသန့်ကိုသာ သုံးစွဲပါ။
• လက်ကို စနစ်တကျ ဆေးပါ။
အစားအသောက် မစားမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။
• ကျက်အောင် ချက်ပြုတ် စားပါ။
ယင်မနားသော၊ ကျက်အောင် ချက်ပြုတ်ထားသော ပူပူနွေးနွေး အစားအသောက်များကိုသာ စားသုံးပါ။ လမ်းဘေး မသန့်ရှင်းသော အစားအစာများနှင့် အစိမ်းများကို ရှောင်ကြဉ်ပါ။
• အိမ်သာ သန့်ရှင်းရေး။
အိမ်သာများကို သန့်ရှင်းစွာ သုံးစွဲပြီး ပိုးသတ်ဆေးဖြင့် မှန်မှန် ဆေးကြောပါ။
🚨 သတိပြုရန် လက္ခဏာများ -
ဆန်ဆေးရေကဲ့သို့ အရည်များ အကြိမ်ကြိမ် ဝမ်းသွားခြင်း၊ အန်ခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက မဆိုင်းမတွဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက် ကုသမှု ခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။
မိဘပြည်သူများ အားလုံး ရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း M-Health 26 (Myanmar Health & Wellbeing Fair 2026) မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်ရှင်။ 💚
===========
[PUBLIC HEALTH ADVISORY: Emergency Awareness & Prevention of Acute Diarrhea and Cholera in Yangon ⚠️🚨]
⚠️ In light of the recent rise in acute diarrhea cases reported in several townships across Yangon, the M-Health 26 team strongly urges the public to remain vigilant and prioritize proper health, hygiene, and sanitation practices.
🦠 WHAT CAUSES CHOLERA?
Cholera is an acute intestinal infection caused by the bacterium Vibrio cholerae. It is primarily transmitted through:
🚱 Contaminated Water & Ice
Drinking untreated water or consuming ice and beverages prepared with unsafe water sources.
☣️Unsanitary Food & Unwashed Hands
Consuming raw or undercooked food exposed to flies, or handling meals without washing hands thoroughly after using the restroom.
💧 KEY PREVENTION STEPS:
• Drink Safe Water
Always drink boiled water or certified purified bottled water. Avoid unverified ice.
• Practice Strict Hand Hygiene
Wash your hands thoroughly with soap and clean water for at least 20 seconds before eating and after using the toilet.
• Eat Safely Prepared Food
Consume well-cooked, hot meals. Avoid street food exposed to flies or undercooked raw foods.
• Maintain Sanitation
Clean household latrines regularly with effective disinfectants and keep living environments clean.
🚨 WARNING SIGNS TO WATCH FOR:
If anyone experiences severe watery diarrhea (resembling rice water), frequent vomiting, or signs of dehydration, please seek immediate medical attention at the nearest clinic or hospital.
The M-Health 26 (Myanmar Health & Wellbeing Fair 2026) family wishes everyone safety, good health, and well-being. Stay safe and healthy! 💚
13/08/2026
[M-Health 26 ပွဲကြီး၏ ပြင်ဆင်မှု နောက်ဆုံးရသတင်းများနှင့် M-Health Scholarship Program အသိပေးချက် 🌿]
===================================
M-Health 26 (Myanmar Health & Wellbeing Fair 2026) ပွဲကြီးနှင့် M-Health Scholarship Program Awarding Ceremony ကို လာမည့် စက်တင်ဘာလ ၁၇ရက်နှင့် ၁၈ရက်နေ့တို့တွင် ရန်ကုန်မြို့၊ WYNDHAM GRAND YANGON (Amarapura Grand Ballroom) ၌ ခမ်းနားကြီးကျယ်စွာ ကျင်းပရန်အတွက် M-Health Organizing Team မှ အင်တိုက်အားတိုက် အသေးစိတ် ပြင်ဆင်လျက်ရှိပါသည်။
🎓 M-Health Scholarship Program နှင့် ပတ်သက်၍ အသိပေးချက်
"M-Health Scholarship Program" နှင့် ပတ်သက်၍ လျှောက်ထားသူ ကျောင်းသား/သူများ၊ လူငယ်များအတွက် အကျိုးခံစားခွင့် ရရှိမှု အပြည့်အဝရှိစေရန်နှင့် စနစ်တကျ လျှောက်ထားနိုင်ရန် စကော်လာရှစ်ဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် လျှောက်လွှာစနစ်များ (Application System) ကို အမှားအယွင်းမရှိစေရန်၊ လွယ်ကူစွာ လျှောက်ထားနိုင်စေရန်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်စေရန်အတွက် အသေးစိတ် ပြင်ဆင်လျက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
လျှောက်ထားသူများအတွက် အမှန်တကယ် ပွင့်လင်းမြင်သာပြီး အခွင့်အလမ်းကောင်းများ ရရှိစေရန် သေချာစွာ ပြင်ဆင်နေခြင်းဖြစ်ပါသဖြင့် M-Health Scholarship ၏ Official Announcement ကို ဩဂုတ်လအတွင်း အသေးစိတ် စတင် ကြေညာပေးသွားပါမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
(M-Health 26 Scholarship Program တွင် ပါဝင်ပံ့ပိုးပေးလိုသည့် လုပ်ငန်းရှင်များ၊ ကော်ပိုရိတ်ကြီးများ၊ နိုင်ငံတကာကျောင်းများ၊ သင်တန်းကျောင်းများ၊ ပညာဒါနသင်တန်းများနှင့် တစ်သီးပုဂ္ဂလ အလှူရှင်များအားလည်း ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါသည်။)
🏥 M-Health 26 ပွဲကြီးတွင် -
• ဆရာဝန်ကြီးများ၏ ကျန်းမာရေး အသိပညာပေး Talk Shows များ
• Elite Fitness, Organic Nutrition & Lifestyle Exhibitions
• Mental Wellbeing & Relax Zones
• Lucky Draw & Interactive Activities များအပြင် အခြား စိတ်ဝင်စားဖွယ်ရာ အခန်းကဏ္ဍများစွာကို ထည့်သွင်းပြသသွားမည် ဖြစ်ပါသည်။
Exhibitors & Partners များအတွက်လည်း Exhibition Space များကို ဆက်လက် လက်ခံပေးနေပြီဖြစ်ပါသည်။
📅 Date: 17th & 18th September 2026 (10:00 AM – 5:00 PM)
📍 Venue: Wyndham Grand Yangon Hotel
☎️ Hotline: 09-960306810, 09-407498484
📧 Email: [email protected]
=====
[OFFICIAL ANNOUNCEMENT: M-Health 26 Progress Updates & M-Health Scholarship Program🌿]
The M-Health 26 Organizing Team is actively preparing for the grand ex*****on of the Myanmar Health & Wellbeing Fair 2026 (M-Health 26) and the M-Health Scholarship Program Awarding Ceremony, scheduled to take place this September 17th and 18th at the prestigious WYNDHAM GRAND YANGON (Amarapura Grand Ballroom).
🎓 IMPORTANT UPDATE
M-Health Scholarship ProgramRegarding the "M-Health Scholarship Program," we are meticulously finalizing the application system, eligibility criteria, and scoring rubrics to ensure a seamless, transparent, and accessible application process for all student applicants and young leaders.
To guarantee complete transparency and deliver maximum impact for all candidates, the Official Announcement for the M-Health Scholarship Program will be formally released within August.(We warmly welcome corporations, international schools, training academies, educational institutions, and individual donors who wish to sponsor or contribute to the M-Health Scholarship Program.)
🏥 WHAT TO EXPECT AT M-HEALTH 26:
• Exclusive Health Educational Talk Shows by Leading Medical Experts
• Elite Fitness Showcase, Organic Nutrition & Modern Lifestyle Exhibitions
• Dedicated Mental Wellbeing & Relax Zones
• High-Engaging Interactive Activities & Lucky DrawsExhibition
Spaces & Strategic Partnership Opportunities are now open for booking.
📅 Date: September 17th & 18th, 2026 (10:00 AM – 5:00 PM)
📍 Venue: Wyndham Grand Yangon Hotel
☎️ Hotline: (+95) 9 960 306 810, (+95) 9 407 498 484
📧 Email: [email protected]