Khin -Hair Queen & hair care

Khin -Hair Queen & hair care

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin -Hair Queen & hair care, Health/Beauty, Yangon.

30/06/2024

ကော်ဖီမစ်မှာပစ္စည်း ၃ မျိုးပါဝင်ပါတယ်။

၁။ ကော်ဖီမှုန့်

၂။ သကြား

၃။ ကော်ဖီမိတ်

၁။ ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့် ကို သုံးကြပါတယ် ။

အခု နောက်ပိုင်း ပိုစျေးသက်သာတဲ့ ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။

ကုန်ကျစရိတ်က အဆ ၁၀၀ အဆ ၂၀၀ အထိ သက်သာတယ်လို့ ထိုင်ဝမ်က အစားအသောက် ပညာရှင်တွေက ပြောပါတယ် ။

ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့် ၊ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရော လိုက်တာပါ ။

အဲဒါကို သကြား ကော်ဖီမိတ် တွေနဲ့ ရော ဖျော် လိုက်တဲ့ အခါ ကော်ဖီ အစစ်နဲ့ ခွဲ လို့ မရ တော့ပါဘူး။

ဒီလို လုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန့် မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။

ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်း နဲ့ ကျောက်ကပ်ကို ထိခိုက် နိုင်တယ် လို့ ပညာရှင်တွေက ပြောကြပါတယ် ။

ထိုင်ဝမ် FDA က ကော်ဖီမှုန့် အတု ၊ ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့်ပြုထားတဲ့ အတွက် ကော်ဖီမှုန့် အတု နဲ့ လုပ်ထားတဲ့ ကော်ဖီတွေ ရောင်းချနေကြပါတယ် ။

ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ် ။

မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာ ရှိပါတယ် ။

ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့
မြေပဲ ရှိပါတယ် ။

အမေရိကန်မှာ ချားကိုးလ်မိုခါး ဆိုပြီး ချောကလက်မှုန့် ၊ မီးသွေးမှုန့် ၊ သကြား ၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ် ။

မီးသွေးမှုန့်က အုန်းမုတ်ခွက်က ရတဲ့ မီးသွေးမှုန့် လို့ ဖော်ပြထားပါတယ် ။

ဟိုတလောက မြန်မာပြည်က ကော်ဖီမစ် စက်ရုံကို အုန်းမှုတ်ခွက်တွေ ပို့တဲ့ ဆောင်းပါး တစ်ပုဒ် Facebook မှာ တွေ့လိုက်တယ် ။

အုန်းမှုတ်ခွက်ကို မီးသွေးမှုန့် လုပ်ပြီး
ကော်ဖီမစ် ထဲ ထည့်တာလားတော့
မသိဘူး ပေါ့လေ ။

ထင်တာ ပြောတာပါ။

ပိုဆိုးတာကတော့ အဆိပ်ပါတဲ့
ကော်ဖီမှုန့်တွေပါ။

၂၀၁၈ ခု ဧပြီလမှာ ဗီယက်နမ် နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့ အခါ ဓာတ်ခဲ အဟောင်းတွေက ရတဲ့ အမည်းရောင် အမှုန့်တွေကို သုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ် ။

ဓာတ်ခဲ အဟောင်းတွေကရတဲ့ အမှုန့် ၃၅ ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေ ဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ် ။

ဓာတ်ခဲက ရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ အဆိပ်ဓာတ် ပါတဲ့ အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည် သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ် ။

ဒီလို အဆိပ်ပါတဲ့ ကော်ဖီစေ့ ၁၀ တန်ကျော်ကို သိမ်းဆည်း ရမိပြီး ၃ တန် ကျော်က စျေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ် ။

ဒီသတင်းဟာ ကော်ဖီ သောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွား စေခဲ့ပါတယ် ။

ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ် ၁၅ မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလို အဆိပ်ပါတဲ့ ကော်ဖီ ၊ ကော်ဖီ မှုန့်တွေ မဝင်ဘူး လို့ ဘယ်သူမှ အာမ မခံနိုင်ခဲ့ပါဘူး ။

၂။ သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြား ကို သုံးပါတယ် ။

၃။ ကော်ဖီမိတ် ကို ၁၉၆၁ ခုမှာ အမေရိကန် နက်စ်တယ်ကုမ္ပဏီက စထုတ်ခဲ့ပါတယ် ။

နွားနို့ နှင့် မပြုလုပ် ထားသော
မလိုင်အဆီ ပါ။

ဘာတွေနဲ့ လုပ်ထားတာလဲ ဆိုတာ
#ဒေါက်တာခင်နွယ်ဝင်း ဆောင်းပါးကို
ဖတ်ကြည့် ရအောင် ။

ကော်ဖီ သောက် ရင် အသုံးပြု သည့်
နွားနို့နှင့် မပြုလုပ်ထား သော အမှုန့်များ
ဟာ ၊ ဘာ တွေ ပါ နေ တာ ပါ သ လဲ ?

၁။ ပြောင်းဖူး မှ လာ သော သ ကြား

၂။ နို့ထည့် ထား သ ကဲ့ သို့ ၊ ဖြစ် နေ တာ က တော့ ပဲပိစပ်ဆီ ကြောင့် ဖြစ် ပါ တယ်။

၃။ ဆိုဒီယမ်ကက်စီနိတ်-- နွားနို့မှာ ပါဝင် သော ပရိုတင်းဓာတ် ဖြစ် ပါ တယ်။
သူ ဟာ ဒြဗ်ဝတ္ထု များ မပြိုကွဲ စေ ရန် ထည့် သည့် ဓာတု ပစ္စည်း တစ်ခု ဖြစ် ပါ တယ်။

၄။ မိုနိုဂလိုင်စီရိတ် နှင့် ဒိုင်ဂလိုင်စီရိတ် -- ပါဝင် နေ သော ပစ္စည်း များ ရောစပ် ရာ တွင် ကောင်းစွာ သမ ၍ တစ်သားတည်း ဖြစ် စေ ရန် အတွက် ထည့် ရ သော ဝတ္ထု ပစ္စည်း ကော်ဖီ နှင့် အမှုန့်တစ်သားတည်း ဖြစ် နေ စေ ရန်ဖြစ် ပါ တယ်။

၅။ ဖော့စဖိတ်အက်ဆစ်-- ခပ် ပြစ်ပြစ် က လေး ဖြစ် နေ စေ ပြီး ၊ ပါဝင် နေ သော ပစ္စည်း များ တစုတစည်း တည်း တပေါင်း တည်း ဖြစ် နေ စေ ရန် ဖြစ် စေ သော ဓာတုပစ္စည်း

သြော် စဉ်းစား ကြည့် မယ် ဆို ရင် အိပ်ယာ က နိုး လာ သည့်အခါ သောက် တော့ မည့် ကော်ဖီ ခွက် ထဲ မှာ ဒီ #ဓာတုဆေးမျိုးစုံ ကို ထည့် ပြီး သောက် ချင် ပါ သ လား ဆို တဲ့ မေးခွန်း ပေါ် ထွက် လာပါ တယ်။🙄

အချို့ အမှုန့်ဆိုရင် အရသာ အမျိုးမျိုး ထွက် အောင် ထပ် ပြီး ရောနှော ထား သည့် ဓာတုဆေး တွေ လဲ အပို ပါပါ သေး တယ်။

ဒီကော်ဖီမိတ်တွေ ဟာ အမှုန့်အနေ နဲ့ လာသလို အရည် အဖြစ် နဲ့ လဲ ရောင်း ချ လေ့ ရှိ ပါ တယ်။

အမှုန့်မှာ က ခဲ မသွား ရ အောင် ဓာတုဆေး တစ် မျိုး ထပ် ပြီး ပါ ပြန် ပါ တယ်။
ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ် ပါ တယ်။
လောင်ကျွမ်း စေ တတ် သော ဓာတ် တစ် မျိုး လဲ ဖြစ် ပါ တယ်။

အင်္ဂလိပ် လိုဖတ် ရန် ခက်ခဲ မှု ရှိ သူ များ အတွက် ဘာသာ ပြန် ပေးလိုက် ခြင်း သာ ဖြစ် ပါ တယ်။
ကျွန်မ ၏ အာဘော် မဟုတ်ပါ။

(ဒေါက်တာဒေါ်ခင်နွယ်ဝင်း
ဆောင်းပါးမှ ကူးယူ ဖော်ပြပါသည်။)

ကော်ဖီမိတ် ဟာ ကျန်းမာရေးနဲ့
ညီညွတ်မှု ရှိမရှိ ။

ကော်ဖီမိတ်မှာ သကြား ၊ မကောင်းတဲ့အဆီ၊ တာရှည် အထားခံဆေး ပဲပါလို့ ကျန်းမာရေး အတွက် မကောင်းပါ ။

ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုတွေ ရှိလာပြီး နောက်ဆုံးမှာတော့ အရောင်ချွတ် သကြား နဲ့ တာရှည်ခံဆေးတွေပဲ ပါတော့တဲ့ ပစ္စည်း တစ်ခု ဖြစ်လာပါပြီ။

ပြောင်းဖူးမှလာသော သကြား ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။

သကြားတွေက လူကို အဝလွန်စေပါတယ် ။

ကိုယ်တွင်း ကလီစာတွေမှာ အဆီတွေ စုပြီး ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါ ၊ ကင်ဆာ တွေ ဖြစ်ပွားစေပါတယ် ။

တချို့ အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်း စေပါတယ် ။

ပဲပိစပ် ဆီ က တာရှည်ခံအောင် လုပ်ထားတဲ့ဆီ ပါ။ ခန္ဓာကိုယ် အတွက် ဆိုးကျိုးပေးတဲ့ အဆီပါ ။

သွေးတွင်း အဆီများမှုကို အားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ် ။

နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ် က ဓာတ်မြေသြဇာနဲ့ အလှကုန် ပစ္စည်းတွေ မှာလည်း သုံးပါတယ်။

ကော်ဖီမိတ်မှာ ဘာ အာဟာရဓာတ်မှ မပါတဲ့ အပြင် ကျန်းမာရေး အတွက် ဆိုးကျိုးသာ ဖြစ်စေတာမို့ နွားနို့ ၊ အုန်းနို့ ၊ ပျားရည် စသည်တို့ အစားထိုး သုံးဖို့ အကြံပေးကြပါတယ် ။

ကော်ဖီမှုန့် အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ် ။ စျေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် စျေးပေါတဲ့ ဆေးသကြား ၊ အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ ။ တထုတ်လုံးက ဓာတု ပစ္စည်းတွေပါပဲ ။

တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ ။ သဘာဝ လက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတု ပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ် ။

Credit::::::://///****

Photos from Khin -Hair Queen & hair care's post 02/06/2024

fb မှာရော
titokမှာရောအရမ်းနာမည်ကြီးနေသော👌👌👌
🌷ရေမွှေးသုံးရတာ မကြိုက်တဲ့သူတေရှိလား???

🌷အဲ့ဒါဆိုရင်တော့ ရေမွှေးမလိုတဲ့ Lotion လိုနေပီနော်

🌷Tulip Lotion လေးက ၁၂နာရီ ကြာမွှေးပျံ့စေပါတယ်

🌷ဒီ Lotion လေးတွေက မကောင်းတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပြီး အသားအရည်ကို ညီညာပြန့်ပြူးစေတယ်...

🌷ဒါ့အပြင် စိတ် ရော လူ ပါ Fresh ဖြစ်စေတယ်...
ပန်းနဲ့မွှေးမွှေးလေးက လိမ်းလိုက်ရင် အေးနေတာလေးက အရမ်းကြိုက်ပဲ

🌷အကြောပြတ်ရာတေကိုလဲ သက်သာစေပါတယ်

🌷ဒါ့အပြင် အသားကြမ်းခြင်း၊အသားရေမွဲခြောက်ခြင်းကိုပြုပြင်ပေးပီး အသားရေကို ပိုမိုနူးညံ့အိစက်စေတယ်

🌷အသားရေဖြူဝင်းခြင်း၊ကြည်လင်ချောမွတ်ခြင်း၊မွှေးကြိုင်လန်းဆန်းခြင်း တို့ကို လိမ်းထားရုံနဲ့ခံစားရမှာဖြစ်ပါတယ်

🌷စေးကပ်မှုမရှိပဲ အရေးပြားတွင်းစိမ့်ဝင်လွယ်လို့လိမ်းရတာစိတ်ကျေနပ်စေမှာပါ😍

🌷နွေရာသီကလဲအရမ်းပူလာပြီမို့ SPF30%ပါတဲ့
Tulip Lotion လေးက နေပူထဲမှာလဲအဆင်ပြေနေရောပဲ

မသုံးဖူးသေးဘူးဆိုရင်တော့ နာမည်အရမ်းရနေတဲ့ မင်းသမီး Thinzar Nwewin ရဲ့ Tulip Lotion ကိုသုံးကြည့်သင့်တယ်နော်

ကို 16500 ကျပ်

#ရောင်းအားကောင်းသော
#စေးကပ်မူ့မရှိ
#လူကြိုက်များ
#အသားဖြူ


#လက်လီလက်ကား
#လက်ကားစျေးcb

09/05/2024

30/04/2024

ပို့ရန် ready

28/04/2024

မြေကြီးခိုးမိသူ(စ/ဆုံး)
မြေကြီးခိုးမိသူ(စ/ဆုံး)

————————-
“ဘုံး ဘုံး ဘုံး”

“ဒီခြတွေနဲ့တော့ငါစိတ်ပျက်ပါတယ်
ဝန်းထရံတစ်ခုလုံးလည်းရစရာမရှိတော့ဘူး။

“အမေဘာဖြစ်လို့လဲဗျ”

“ဘာဖြစ်ရမှာလဲသားရယ်
ခြတွေပေါ့ထရံတစ်ချပ်လုံးတက်နေလို့ပေါ့”

“ဟာဟုတ်ပါ့ ထရံတစ်ခုလုံး
ဘာမှရစရာမရှိတော့ဘူး။
အသစ်ပြန်လဲမှဖြစ်တော့မယ် ကြာလာရင်
ဘာမှကျန်မှာမဟုတ်တော့ဘူး”

ဘေးအိမ်မှဒေါ်ခင်ဖြူတို့သားအမိ
ပြောသောစကားများအားဒေါ်မိတင်
ကြားလိုက်ရလေသည်။

အိမ်နှစ်အိမ်အကြားကာရံထားသည့်
ဝန်းထရံမှာခြစား၍ကျိုးကြေပျက်စီးနေပြီ
ဖြစ်သည်။

ဒေါ်မိတင်အနေဖြင့်ဝန်းထရံအသစ်
လဲချင်ပေမယ့်စီးပွားရေးကမကောင်းသေးသဖြင့်
စိတ်ကူးအားအကောင်အထည်မဖော်
နိုင်ခြင်းဖြစ်သည်။

ယခုအိမ်နီးချင်းဖြစ်သူဒေါ်ခင်ဖြူတို့က
ဝန်းထရံအားသူတို့ပြုပြင်ပြီးလဲမည်ဟု
ကြားလိုက်သဖြင့်စိတ်ထဲမှအနည်းငယ်ပေါ့ပါးသွား
ရလေသည်။

ဒေါ်ခင်ဖြူနှင့်အိမ်နီးချင်းများဖြစ်ကြပေမယ့်
မခေါ်မပြောနေခဲ့သည်မှာနှစ်ပေါင်းများစွာ
ကြာခဲ့ပြီဖြစ်သည်။

ဒေါ်မိတင်ကအေးအေးဆေးဆေး
နေပေမယ့်တစ်ခါတလေဒေါ်ခင်ဖြူက
ဒေါ်မိတင်ကြားအောင်
ရွဲ့လားစောင်းလားပြောဆိုတတ်လေသည်။

ထိုသို့ရွဲ့စောင်းပြောသောစကားများအား
ဒေါ်မိတင်ကကြားပေမယ့်
မသိချင်ယောင်ဆောင်ပြီးနေခဲ့လေသည်။
ဒေါ်မိတင်ဘက်မှ
ပြဿနာကိုမကြီးချင်တာလည်း
ပါလေသည်။

သူကပြန်ပြောလိုက်လျှင်
သားသမီးတွေကပါလိုက်ပါလာမည်
စိုး၍အေးအေးဆေးဆေးနေခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ဖြူနှင့်ဒေါ်မိတင်တို့နှစ်ဦးစလုံး
လင်ယောကျ်ားများမရှိကြတော့ပေ။

ဒေါ်မိတင်မှာသားသမီး၄ယောက်ရှိပြီး
ဒေါ်ခင်ဖြူကတော့သားသမီး၃ယောက်
ရှိလေသည်။

================

“ဒီထရံတွေအကုန်လုံးကိုလဲပစ်မယ်
ကိုတင်မောင် ဝါးထရံဘယ်နှစ်ချပ်လောက်
ကုန်မလဲ”

“၄ ၅ချပ်ဆိုရပါပြီ မခင်ဖြူရယ်
သိပ်မကုန်ပါဘူး”

“ဒါဆိုဝါးထရံလုပ်တဲ့သူတွေကို
မှာထားလိုက်မယ် ဝါးထရံ
ရတဲ့နေ့မှရှင့်ကိုလှမ်းပြောလိုက်မယ်လေ”

“အင်း…ကောင်းပါပြီ
ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ”

“အမေ ဟိုဘက်အိမ်က
ဝန်းထရံအသစ်ခတ်မလို့လား”

ဒေါ်မိတင်၏သမီးကြီးမပွင့်ခိုင်က
မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်လေ သမီးရဲ့
ဘာဖြစ်လို့လဲ”

“ကောင်းတယ်ကောင်းတယ်
ဒါမှသူတို့မျက်နှာမမြင်ရမှာ
အုတ်တံတိုင်းခတ်လိုက်ရင်ပိုကောင်းသား”

“သမီးရယ်ပြောမနေပါနဲ့
ထားလိုက္ပါ သူတို့ဟာသူတို့
ဘာပဲလုပ်လုပ်ကိုယ့်ကိစ္စမဟုတ်ဘူး။

ဒေါ်မိတင်ကသမီးဖြစ်သူအား
ငေါက်လိုက်လေသည်။
မပွင့်ခိုင်လည်းမိခင်ဖြစ်သူအားဘာမှပြန်မပြော
ပဲအသာငြိမ်နေလိုက်တော့သည်။

၁ပတ်ခန့်ကြာတော့
ဒေါ်ခင်ဖြူတို့မှအလုပ်သမားများငှားကာ
ဝန်းထရံခတ်ကြလေသည်။

“ဟုတ်ပြီ ရှေ့နည်းနည်းတိုးလိုက်ဦး
အေး အေး နည်းနည်းတိုးလိုက်”

“တိုးလို့မရတော့ဘူး မခင်ဖြူ
သူများဘက်ရောက်နေပြီဗျ”

“ဟာမရောက်ပါဘူး ဒါကျွန်မမြေလေ
ကျွန်မဘက်ပါတယ်ရှင့်”

“ဒီမှာဒေါ်ခင်ဖြူ ရှင်လူကြီးတန်ပဲ
မတရားမလုပ်ချင်ပါနဲ့။
ဒီမှာဒီသစ်ပင်ကကျွန်မတို့စိုက်ထားတာလေ
ဒါကျွန်မတို့ဝိုင်းဘက်ကပေါ့ရှင့်။
ဘာရှင့်မြေလဲ”

“အောင်မာ ညည်းကဘာသိလို့လဲ
ဒါကငါ့ဝိုင်းနယ်နိမိတ်လေ။
ငါ့ဟာငါတိုးတာဘာဖြစ်လဲ”

“ပါးတောင်ချလိုက်ချင်သေး
ဒေါ်ခင်ဖြူရယ် လူကြီးဖြစ်ပြီး
ဂျပိုးလိပ်ဖြစ်အောင်ပြောမနေပါနဲ့”

“အောင်မယ် ငါမွေးမှငါ့သမီးလောက်ပဲ
ရှိတဲ့ကောင်မကများ ငါ့ကိုပါးရိုက်ချင်
ရတာနဲ့။
ညည်းသတ္တိရှိရင်လုပ်ကြည့်လိုက်စမ်းပါ
လုပ်လိုက်စမ်းပါ”

“ဟဲ့ သမီးပွင့်ခိုင် တော်တော့
စိတ်ကိုထိန်းစမ်း”

“အမေဖယ်စမ်းပါ ဒီအဘွားကြီး
မတော်မတရားလုပ်တာလက်ပိုက်ပြီး
ငြိမ်ခံမနေနိုင်ဘူး”

“အမေဘာဖြစ်နေတာလဲ”

“ဘာဖြစ်ရမှာလဲ သမီးရယ်
ပွင့်ခိုင်ပေါ့ အမေတို့မြေပေါ်ခြံစည်းရိုးခတ်တာ
သူတို့ဘက်ရောက်နေတယ်ဆိုပြီး
လာရန်ထောင်နေတယ်လေ”

“မဟုတ်လို့လား ကျွန်မပြောတာ
မဟုတ္လို့လား”

“သမီးတော်စမ်း အမေပြောပါ့မယ်”

“အမေရယ်လွှတ်စမ်းပါ
မတရားတာကြီးကိုတော့ငြိမ်ခံမနေနိုင်ဘူး”

“ဟဲ့ကောင်မပွင့်ခိုင် ညည်းကငြိမ်ခံမနေနိုင်
ရအောင်ငါ့အမေကဘာလုပ်နေလို့လဲ
ငါတို့ဟာငါတို့ငါတို့မြေပေါ်ဝန်းထရံခတ်တာ
ညည်းနဲ့ဘာဆိုင်လို့တုန်းအေ့”

ဒေါ်ခင်ဖြူ၏သမီးမယုနိုင်က
ပွင့်ခိုင်အားရန်ထောင်လိုက်လေသည်။

“ဒီမယ်မခင်ဖြူ ရှင်ကဒီမြေကို
ရှင့်မြေလို့ထင်နေတယ်ပေါ့”

“ထင်တာမဟုတ်ဘူး ဟုတ်လို့ကိုပြောတာလေ”

“ရှင့်မြေလို့ထင်တယ်ဆိုရင်လည်း ယူလိုက်ပါ
မြေတစ်ထွာတစ်မိုက်နဲ့တော့ကျွန်မမငြင်းချင်ပါဘူး။
သေသွားရင်လည်းဒီမြေတွေက
သယ်သွားလို့မှမရတာ
အဲဒီတော့ယူလိုက်ရတယ် ဘာမှမဖြစ်ဘူး
အေး ဒါပေမယ့် နင်တစ်ခုပဲမှတ်ထားလိုက်ပါ
မခင်ဖြူ မဟုတ်တာလုပ်တဲ့သူက
သူ့အပြစ်နဲ့သူ့အကျိုး ပေးပါလိမ့်မယ်”

“ဟား ဟား ဟား သူခိုးကလူပြန်ဟစ်လို့
မိတင်ရယ် ရယ်တောင်ရယ်ချင်သေးရဲ့”

“လာသမီး ပွင့်ခိုင် မြေတစ်ဆုပ်စာနဲ့
အမေတို့ဘာမှဖြစ်မသွားဘူး။

မိခင်ဖြစ်သူမှအတင်းဆွဲခေါ်နေသဖြင့်
ပွင့်ခိုင်လည်းအိမ်ထဲပြန်ဝင်လာခဲ့ပြီး
စိတ်ကိုမနည်းထိန်းထားလိုက်ရတော့သည်။

မောင်တွေရှိမနေတာကကံကောင်းသွား
သည်ဟုဆိုရမည်။
သူတို့ရှိနေလျှင်အခြေအနေကဒီထက်ပိုဆိုး
သွားနိုင်သည်။

“ဘာရပ်နေကြတာလဲ
လုပ်စရာရှိတော့လုပ်ကြတော့လေ။
ဒီနေ့အပြီးသတ်လုပ်ပေးရမှာမဟုတ်ဘူးလား
ကိုတင်မောင်”

“အေး အေးပါ ငါသိပါတယ်”

ကိုတင်မောင်လည်းဒေါ်ခင်ဖြူအား
မလွန်ဆန်နိုင်သဖြင့်သူခိုင်းတဲ့အတိုင်း
ဝန်းထရံအားသူများမြေဘက်ရောက်အောင်
ခတ်ပေးလိုက်တော့သည်။

=================

အိမ်ဝန်းထရံခတ်ပြီးသည့်နေ့မှစ၍
ဒေါ်မိတင်နှင့်ဒေါ်ခင်ဖြူတို့အခြေအနေက
အရင်ကထပ်ပိုမိုတင်းမာသွားခဲ့ရလေသည်။

နှစ်ဖက်သားသမီးများကလည်း
တစ်ဦးတစ်ဦးမြင်တွေ့ပါကနပန်းလုံးချင်
လောက်အောင်ပင်မုန်းတီးသွားကြလေသည်။

နှစ်တွေကြာလာတော့ဒေါသစိတ်တွေ
အနည်ထိုင်လာကာအရင်ကလောက်
ရင်ထဲမှဆူပူခြင်းသိပ်မရှိကြတော့ပေ။

အချိန်တွေကြာလာသည်နှင့်အမျှ
ဒေါ်ခင်ဖြူလည်းကျန်းမာရေးကတဖြည်းဖြည်းနှင့်
ချို့ ယွင်းလာခဲ့လေသည်။

တစ်နေ့တစ်နေ့ဆိုးရွားလာသည့်
ရောဂါဝေဒနာတို့ကြောင့်သားသမီးများက
ဆေးရုံသို့ပင်ပို့ဆောင်ထားရလေတော့သည်။

ဆေးရုံမှာဝေဒနာအားသက်သာ
ပျောက်ကင်းအောင်ပိုက်ဆံအများအပြား
အကုန်ကျခံကာဒေါ်ခင်ဖြူအားကုသပေး
ခဲ့ကြပေမယ့်။

ပြန်ကောင်းမလာပါပဲအခြေအနေက
အရင်ကထက်ဆိုးလာကာဒေါ်ခင်ဖြူရဲ့
အသက်ပါဆုံးရှုံးခဲ့ရလေသည်။

“အမေ ဟိုဘက်အိမ်ကဘွားတော်ကြီး
ဆုံးပြီတဲ့”

“ဟုတ်လား သားဒီနေ့ဆုံးသွားတာလား”

“ဟုတ်တယ်အမေ ဆေးရုံမှာပဲ
ဆုံးသွားတာတဲ့။
သူတို့နဲ့နီးစပ်တဲ့သားသူငယ်ချင်းက
လှမ်းပြောတာ အလောင်းကိုတော့
ဆေးရုံကနေပြန်သယ်မယ်လို့တော့
ကြားတာပဲ”

“အင်း…စိတ်မကောင်းစရာပါပဲ သားရယ်
ညနေမှအသုဘသွားပြီးမေးလိုက်ဦးမယ်”

“ဟာ အမေကလည်း သားတို့နဲ့မှ
စကားမပြောတာ သွားမေးရင်ကြိုက်ပါ့မလား
သူတို့က”

“သြော်သားရယ် မခေါ်တာခေါ်တာ
အသာထားအိမ်နီးချင်းတွေလေ
မသွားရင်မကောင်းဘူးသားရဲ့။
သာရေးမဟုတ်ဘူးနာရေးဆိုတော့
အမေတို့ဘက်ကဝတ္တရားရှိသေးတယ်လေ
သားရဲ့”

“အင်းပါ အမေ့သဘောပါပဲ
သွားရင်တော့အစ်မကြီးကိုပါခေါ်သွားဦး
အမေတစ်ယောက်တည်းမသွားနဲ့”

“အေးပါသားရဲ့”

မွန်းလွဲအချိန်ခန့်ရောက်တော့
ဒေါ်ခင်ဖြူတို့အိမ်ဘက်မှငိုကြယိုကြသည့်
အသံများဖြင့်ဗြောင်းဆန်နေတော့သည်။

ဆေးရုံမှအလောင်းအားအိမ်သို့
ပြန်သယ်လာသည့်အတွက်ဒေါ်ခင်ဖြူ၏
သားသမီးများနှင့်မြေးများ၏
ငိုယိုသံကအတိုင်းသားကြားနေရလေသည်။

ညနေရောက်တော့ဒေါ်မိတင်လည်း
သမီးဖြစ်သူပွင့်ခိုင်အားခေါ်ကာ
နာရေးအိမ်သို့ရောက်လာခဲ့ကြလေသည်။

“သြော် လေးမိတင်တို့သားအမိပါလား
ထိုင်ပါဦးရှင်”

ဒေါ်ခင်ဖြူ၏သမီးယုနိုင်ကငိုထားသည့်
မျက်နှာကြီးဖြင့်နေရာထိုင်ခင်းပေးလေသည်။

“ဘယ်အချိန်လောက်ကဆုံးသွားတာလဲ
ယုနိုင်”

“မနက်၈နာရီလောက်က
သမီးရယ်အမေ့ရင်ထဲမကောင်းဘူး
ရေလေးတိုက်စမ်းပါဆိုပြီး
အမေကတောင်းတော့ ကျွန်မလည်း
ရေလေးငှဲ့နေတုန်း ချောင်းတစ်ချက်ဆိုးပြီး
အသက်ပါတစ်ခါတည်းပါသွားတာပါပဲ
လေးမိတင်ရယ်
အီး ဟီး ဟီး”

“တရားနဲ့ဖြေပါ ယုနိုင်ရယ်
လေးမိတင်တို့လည်းတစ်ချိန်ကြရင်
ဒီလမ်းကိုသွားကြရမှာပဲမဟုတ်လား
တရားနဲ့ဖြေပြီးစိတ်ကိုထိန်းပါ”

“အခုလိုလာပြီးအားပေးစကားပြောတာ
ကျေးဇူးတင်ပါတယ် လေးမိတင်ရယ်”

“အို…မလိုပါဘူးအေ ငါတို့ကအိမ်နီးချင်း
တွေပဲမဟုတ်လား
အချင်းချင်းရိုင်းပင်းရမှာပေါ့”

“ဟုတ်ပါတယ် လေးမိတင်ရယ်”

နာရေးအိမ်မှာစကားထိုင်ပြောပြီး
ဒေါ်မိတင်တို့သားအမိလည်းအိမ်သို့ပြန်လာ
ခဲ့ကြလေသည်။

ဒေါ်ခင်ဖြူ ရဲ့အသုဘအား
ဒေါ်မိတင်လိုက်လံပို့ဆောင်ပေးခဲ့လေသည်။

နာရေးရက်လည်သည့်နေ့မတိုင်ခင်မှာလည်း
ကူညီလုပ်ကိုင်ပေးခဲ့လေသည်။

ဒေါ်ခင်ဖြူ၏သားသမီးများနဲ့
ဆက်ဆံရေးမှာပြန်လည်အဆင်ပြေလာခဲ့
ကြလေသည်။

နာရေးရက်လည်ပြီးသွားခဲ့လေသည်။

လတွေလည်းကြာခဲ့လေပြီ……
ဒေါ်ခင်ဖြူလည်းဘဝတစ်ပါးသို့ရောက်ရှိ
သွားလိမ့်မည်ဟုအားလုံးက
ထင်မှတ်ထားခဲ့ကြလေသည်။

အမှောင်အတိကျနေသည့်
ညတစ်ညတွင်တော့ဒေါ်ခင်ဖြူ၏သမီးကြီး
မယုနိုင်သည်အိပ်မက်တစ်ခုကို
မြင်မက်လေသည်။

“သမီး သမီးလေး အမေပါ”

“ဟင်…အမေ အမေသမီးဆီလာတယ်”

“ဟုတ်တယ်သမီး အမေ့ကိုကယ်ပါဦးသမီးရယ်
အမေ့မှာသေပြီးကတည်းကအခုအချိန်ထိ
တအောင့်လေးတောင်မနားရသေးပါဘူး
သမီးရယ်။
အမေလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားအပြစ်ဒဏ်တွေ
ခံနေရပါပြီသမီးရယ်”

“ရှင်…အမေ အမေဘာအပြစ်တွေ
လုပ်မိလို့လဲဟင်…သမီးကိုပြောပြပါ
သမီးအမေ့ကိုကယ်ပါ့မယ်”

“အမေမသေခင်က ဝန်းထရံခတ်တော့
မမိတင်ရဲ့ဝိုင်းဘက်ကိုတိုးပြီးခတ်လိုက်တယ်
မမိတင်ရဲ့မြေတွေပါနေတာကို
သိသိလျက်နဲ့အမေမြေခိုးပြီးခြံစည်းရိုး
ခတ်ခဲ့မိတယ်……
အခုအဲ့ဒီအပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားခေါင်းပေါ်မှာမြေတွေ
ရွက်ထားရတယ်သမီးရယ်……

အမေ့ကိုကယ်ပါဦးနော် သမီး
မမိတင်ရဲ့မြေတွေကိုပြန်ပေးပေးပါသမီးရယ်
အမေသွားရတော့မယ်
အိမ်စောင့်နတ်ကအမေ့ကိုထွက်ခိုင်းနေပြီ
အမေ့ကိုကူညီပါနော် သမီး နော်”

“အေမ……”

မယုနိုင်လည်းထိုအိပ်မက်ဆိုးမှ
လန့်နိုးလာခဲ့လေသည်။

“ဘုရား ဘုရား အမေငါ့ကိုအိပ်မက်ပေးပြီး
အကူအညီတောင်းတာပါလား။
အမေ့မှာမြေခိုးတဲ့အပြစ်ဒဏ်တွေ
ခံနေရပါလား……
မဖြစ်ဘူးမဖြစ်ဘူးအမေ့ကိုဒီဘဝကကျွတ်
အောင်ငါအမြန်ဆုံးကူညီမှဖြစ်မယ်”

=================

မနက်လင်းသည်နှင့်မယုနိုင်က
သူ့အိပ်မက်အကြောင်းအားမောင်နှင့်ညီမ
အားပြောပြလိုက်လေသည်။

မောင်နဲ့ညီမဖြစ်သူကလည်း
မိခင်ဖြစ်သူအကြောင်းအားသိသွားသဖြင့်
စိတ်မကောင်းဖြစ်မိကြလေသည်။

ထို့ကြောင့် ဝန်းထရံခတ်စဉ်အခါက
ပြုလုပ်ပေးခဲ့သောကိုတင်မောင်အား
ခေါ်ကာဝန်းထရံအားဒေါ်မိတင်မြေပေါ်မှ
နောက်သို့ဆုတ်ကာဖယ်ပေးခဲ့လေသည်။

တစ်ဆက်တည်းမှာပင် ဘုန်းကြီးငါးပါးအား
ပင့်ကာမိခင်ဖြစ်သူဒေါ်ခင်ဖြူအတွက်
ကုသိုလ်ကောင်းမှုများပြုလုပ်ပေးကြလေသည်။

အလှူအတန်းအားရေစက်ချအမျှဝေ
ခဲ့ကြလေသည်။

“ဒကာမကြီးဒေါ်ခင်ဖြူနှင့်တကွ
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့”

“သာဓု သာဓု သာဓု”

==============

“သမီး သမီးလေး”

“ဟင်…အမေ”

“ဟုတ္တယ်သမီး သမီးတို့ကူညီလို့
အမေဒီဘဝကနေကျွတ်လွတ်ရတော့မယ်
အမေ့ရဲ့အမှားကိုသင်ခန်းစာယူပြီး
ဘဝကိုအကောင်းမွန်ဆုံးနေထိုင်ကြပါလို့
အမေနောက်ဆုံးအနေနဲ့မှာခဲ့ချင်တယ်
သမီးရယ်”

“ဟုတ်ကဲ့ပါ စိတ်ချပါအမေ
သမီးတို့အကောင်းမွန်ဆုံးဖြစ်အောင်
နေထိုင်ပါ့မယ်နော်”

“အမေတို့တွေကံမကုန်ရင်သံသရာမှာ
ပြန်ဆုံကြတာပေါ့ကွယ်”

ထိုသို့ပြောပြီးအိပ်မက်မှ
လန့်နိုးလာခဲ့ရပြန်သည်။

ဒီတစ်ခါအိပ်မက်ကတော့
မယုနိုင်အတွက်ပြုံးပျော်မိလေသည်။

သူတစ်ပါးမြေအားမတရားခိုးယူခဲ့သည့်
မိခင်ဖြစ်သူဒေါ်ခင်ဖြူမှာ
ကြီးစွာသောပြစ်ဒဏ်အားလပေါင်းများစွာ
ခံစားခဲ့ရလေသည်။

ယခုထိုအပြစ်ဒဏ်များမှမိခင်ဖြစ်သူ
ဒေါ်ခင်ဖြူမှာ
လွတ်မြောက်သွားပြီဖြစ်သဖြင့်
အခုလိုပြုံးပျော်မိခြင်းဖြစ်လေသည်။

မယုနိုင်အနေဖြင့်ထိုအဖြစ်အပျက်များထဲမှ
သင်ခန်းစာတစ်ခုကိုကောင်းစွာရခဲ့လေသည်။

သူတစ်ပါးမြေအားသူမသိအောင်
မြေတစ်မှုန်ပင်မခိုးမိစေဖို့ သတိကြီးစွာ
ထားရတော့မည်ဖြစ်လေသည်။

ခိုးယူခဲ့မိပါကရလာမည့်အပြစ်ဒဏ်မှာ
မည်သူမှခံနိုင်လိမ့်မည်မဟုတ်ပေ။

ပြီးပါပြီ…………

Crd

27/04/2024

အီးရှုမ ဘဲလေး

27/04/2024

“ ကိုယ့်စိတ်ကို အဆိပ်သင့်စေတတ်တဲ့ သူတွေနဲ့ အဆက်အသွယ် ဖြတ်ပါ။”


လူတစ်ချို့ကို တွေ့ဖူးပါတယ်..။ သူ့ကိုယ်သူကလွဲရင် တခြား ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး၊ အထင်လည်း မကြီးပါဘူး၊ လေးစား မှုလည်း မရှိပါဘူး၊ သူသာလျှင် မှန်ကန်ပြီး တခြားသူတွေရဲ့ အပြစ်တွေကို ရှာဖွေထောက်ပြပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။ သူ့ကိုယ်သူ ဗဟိုပြုပြီး သူ့အကြောင်းတွေချည်းသာ ထပ်တလဲလဲ ပြောနေတတ်သူ ဖြစ်ပါတယ်..။ သူနဲ့ စကားပြောနေရတဲ့ အချိန်တစ်ချိန်လုံး သူ့အကြောင်းတွေချည်းသာ နားထောင်နေရပြီး သူ့ဘဝရဲ့ အောင်မြင်ရေး ကြီးပွားချမ်းသာရေးတွေ အကြောင်းသာ လိုက်ပါဆွေးနွေးနေရပါတယ်..။ သူက တောက်ပလွှမ်း မိုးသူဖြစ်ပြီး ကိုယ်ကတော့ သူ့ကို အထောက်အကူ ပြုပေးရတဲ့ ဇာတ်ပို့ ဇာတ်ရံ မှိန်မှိန်ကလေးအဖြစ် ခံစားရစေပါတယ်.။ သူ့ အကြောင်းအရာတွေကသာ ကြီးကျယ်ခမ်းနားနေပြီး ကိုယ့်အကြောင်းဆိုတာ စိတ်ဝင်စားစရာမကောင်းတဲ့ သာမန်အကြောင်းအရာ တစ်ခုလို ကြားဖြတ် ဖြတ်တောက်ပစ်လိုက်တာမျိုး ခံရတတ်ပါတယ်..။

အဲ့ဒီလို မိတ်ဆွေသူငယ် ချင်းမျိုးဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ်ရဲ့တန်ဖိုးတွေကို အဆိပ်သင့်စေတဲ့သူလို့ ကျွန်မက သတ်မှတ်လိုက်ပါတယ်..။ သူ့ကို ဇာတ်ပို့ပေးနေရင်းနဲ့ ကိုယ်ဟာ တဖြည်းဖြည်း မှေးမှိန်သေးငယ်လာစေပါတယ်..။ သူ့ရဲ့ ခမ်းနားမှုတွေ အောင်မြင်မှုတွေ အဖိုးထိုက်တန်မှုတွေကို လေးစားချီးကျူးပေးနေရင်းနဲ့ ကိုယ်ဟာ သေးငယ်မှုန်ဝါးလာပါတယ်..။ ကြာတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လေးစားမှုတွေ လျော့ပါးလာ ပါတော့တယ်…။ အဲ့ဒီ မိတ်ဆွေ သူငယ်ချင်းဟာ ကိုယ့်ဘဝဆီက အလင်း ဓါတ်တွေကို စုပ်ယူထားသလိုပါပဲ..။ ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေပါ တယ်၊ သူနဲ့ အဆက်အသွယ် ဖြတ်ကြည့်လိုက်ပါ..။ ကိုယ့်ရဲ့ တန်ဖိုးနဲ့ လွတ်လပ်မှုကို ပြန်ခံစားခွင့် ရလာပါလိမ့်မယ်…။

ကိုယ့်ရဲ့စိတ်ကို ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုမှ မခံပါနဲ့…။ ကိုယ့်ဘဝမှာ ကိုယ် သာလျှင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတဲ့ အရေးပါသူ တစ်ယောက်အဖြစ် တန်ဖိုးထားစေချင်ပါတယ်…။ ကိုယ့်အကြောင်းကို စိတ်ပါဝင်စားမှုမရှိတဲ့…သူ့အကြောင်းကိုချည်း စိတ်ဝင်စားခိုင်းတဲ့ သူငယ်ချင်းမျိုးနဲ့ ဝေးဝေးမှာ နေလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သောကနဲ့ ဝေးရာဆီ ပို့ဆောင်ပေးလိုက်တာပါပဲ။

​နောက်တစ်မျိုးက အရာရာကို အပျက်ဘက်ကနေ တွေးတတ်တဲ့ အဆိုးမြင်တတ်လွန်းတဲ့ သူမျိုးဟာလည်း ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေသူတွေထဲမှာ ပါဝင်ပါတယ်…။ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တစ်ခုကို ကိုယ်က စိတ်အားထက်သန်စွာနဲ့ ပြောပြနေချိန်မှာ သူ့ဆီကနေ အဆိုးမြင်တဲ့ ဝေဖန်မှတ်ချက် တစ်မျိုးမျိုး ချမှတ်လိုက်တဲ့အခါ စိတ်ဓါတ်တွေ ကျဆင်း သွားစေပါတော့တယ်…။ သူဟာ ကိုယ်က အပြုသဘောဆောင်ပြီး တွေးသမျှ အတွေးတိုင်းကို မဖြစ်နိုင်တဲ့ဘက်ကနေ အပျက်ဘက်ကနေ ကပျက်ယ ပျက်လုပ်ပြီး ပြောတတ်တဲ့အခါ ကိုယ့်ရဲ့ စိတ်တက်ကြွထက်သန်မှုတွေ မှန်သမျှဟာ တစ်စစီ ဖရိုဖရဲ ပြိုပျက်သွားစေပါတယ်..။ သူလို မိတ်ဆွေသူငယ်ချင်မျိုးဟာ ကိုယ့်ဘဝကို တိုးတက်မြင့်မားစေမယ့််သူမျိုး မဖြစ်နိုင် ပါဘူး…။ သူ့အတွက် အရာရာဟာ မဖြစ်နိုင်တဲ့ ဘက်ကချည်းပါပဲ..။ ထိုသူမျိုးကို ဘာစိတ်ကူးနဲ့များ သည်းခံပေါင်းသင်းနေဖို့ လိုအပ်ပါသလဲ…။ သူ့ကို လက်ပြနှုတ်ဆက်ပြီး ဝေးရာဆီ ထွက်ခွာကြည့်လိုက်ပါ..။

အဆိုးမြင်တဲ့အတွေးတွေ အပျက်ဘက်က အတွေးတွေဟာ ကိုယ့်ရဲ့ စွမ်းအားတွေကို ဖြုန်းတီးရာ ရောက်ပါတယ်…။ ကိုယ့်ရဲ့ စွမ်းအင်တွေကို ဖဲ့ခြွေတိုက်စား ပစ်နေတဲ့ မိတ်ဆွေသူငယ်ချင်းမျိုးကို လက်ပြနှုတ်ဆက်လိုက်တာဟာ နောင်တရစရာ အကြောင်းလည်း မရှိပါဘူး…။ ကိုယ့်ဘဝရဲ့ တိုးတက်အောင်မြင်ရေးအတွက် အနှောက်အယှက် ကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးစွာ လုပ်ဆောင်နိုင်လာပါလိမ့်မယ်…။ ဖြစ်နိုင်ပါ့မလား၊ သူပြောသလိုများ ဖြစ်နေမလား..စတဲ့ ကိုယ့်အရည်အချင်းအပေါ် မယုံကြည်နိုင် သံသယ ဖြစ်ရခြင်းတွေဆီကနေ လွတ်မြောက်လာပါလိမ့်မယ်..။ ကိုယ့်ရဲ့စိတ်ကို အ ဆိပ်သင့်စေတဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ ဝေးရာဆီ ကျောခိုင်းလိုက်ခြင်းဟာ စိုးရိမ်ကြောင့်ကြနဲ့ ပူပန်သောကတွေဆီကနေ ဝေးရာဆီ လွတ်မြောက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

​နောက်တစ်မျိုးကတော့ စကားပြောလိုက်တိုင်း လေးလေးနက်နက် ကောင်းကောင်းမွန်မွန် ပြောလို့မရဘဲ ပေါ့ပေါ့ဆဆ ရီထေ့ထေ့ သရော်လှောင်ပြောင်တတ်တဲ့ မထီမဲ့မြင် ခနိုးခနဲ့ ပြောတတ်တဲ့ မိတ်ဆွေသူငယ်ချင်းမျိုးပါ..။ စကားကို အတည်ပြောလို့ မရပါဘူး၊ ကိုယ်ပြောလိုက်သမျှ အလေးအနက် တန်ဖိုးရှိတဲ့ စကားလုံးတွေဟာ သူ့ရဲ့ ပါး စပ်ဖျားမှာ ခနဲ့တဲ့တဲ့ ရိသဲ့သဲ့စကားတွေအောက်မှာ တန်ဖိုးမဲ့ပေါ့သွမ်း သွားစေပါတယ်..။ သူနဲ့ စကားပြောရတဲ့ အချိန်တိုင်းဟာ အရည်မရ အဖတ်မရ တန်ဖိုးမရှိတဲ့ ပေါ့ပျက်ပျက် စကားတွေ အတင်းအဖျင်းတွေနဲ့သာ ကုန်ဆုံးစေပါတယ်…။ ဒီသူငယ်ချင်းမျိုးဟာလည်း ကိုယ့်ရဲ့ လေးနက်တည်တံ့မှုတွေကို ပေါ့သွမ်းယိုင်နဲ့စေတတ်တာမို့ ကိုယ့်ရဲ့စိတ်ကို အဆိပ်သင့်စေသူထဲမှာ ပါဝင်ပါတယ်…။ ဒီလို သူငယ်ချင်းမျိုးနဲ့ ပြတ်သား စွာ အဆက်ဖြတ်ကြည့်ပါ…။ ဆုံးရှုံးစရာ မရှိပါဘူး၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အတွေးတွေဟာ တန်ဖိုးမဲ့တဲ့ စကားတွေ အတင်းအဖျင်းတွေ အပေါ့အပျက်တွေကြားမှာ ဆုံးရှုံးလိုက်ရတာထက်စာရင် သူနဲ့ ဝေးရာဆီ လှည့်ထွက်ခဲ့ခြင်းက ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်ရာ ရောက်ပါတယ်၊ နောင်တရစရာလည်း အကြောင်းမရှိပါဘူး။

​ကျွန်မတို့ ဘဝတစ်လျှောက်မှာ လျှောက်လှမ်းလာခဲ့တဲ့ လမ်းခရီး တစ်လျှောက်မှာ ကြုံဆုံရသမျှ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ တချို့က အရိပ်အာဝါသ ကောင်းမွန်တဲ့ သစ်ပင်ကြီးတွေလိုပဲ ကိုယ့်ဘဝကို အေးမြမှု အရိပ် ပေးတတ်တယ်…။ တချို့က ရေတံခွန်ကြီးလိုပဲ ကိုယ့်ရင်ထဲက ပူလောင်မှုတွေကို အေးမြလန်းဆန်းမှု ပေးတတ်တယ်၊ တချို့က လမင်းကြီး တစ်စင်းလိုပဲ ကိုယ့်ဘဝရဲ့ မှောင်မိုက်မှုတွေကို လင်းမြနွေးထွေးမှုတွေ ပေးတတ်တယ်..။ အင်း..တချို့ကတော့ ကျောက်စရစ်ခဲလေးတွေလို ဆူး ကလေးတွေလို ကိုယ်လျှောက်နေတဲ့ လမ်းတစ်လျှောက်မှာ စူးခနဲ ဖြစ်အောင် ဟန်ချက်ပျက် ယိုင်လဲစေတတ်ပြန်တယ်…။ အဲ့ဒီလို အခါမျိုးမှာ ခဏလေးရပ်ပြီး ကျောက်စရစ်ခဲကလေး ဆူးကလေးကို ထုတ်ပယ်နွှင်ပေးလိုက်ရင် ခရီးဆက်လို့ လွယ်ကူစေတယ် မဟုတ်လား၊ ကိုယ်က သတိထားမိဖို့ပဲလိုတာပါ။

#လွန်းထားထား
#ဒီနေ့ပျော်ပါ

26/04/2024

တော်တော်ကောင်းတဲ့ ဆံပင်ပေါက်နည်း

ကြက်သွန်နီရည် - လက်ဖက်ရည် ၃ ဇွန်း (3 tsp)
ဂျင်းရည် - လက်ဖက်ရည် ၃ ဇွန်း (3 tsp)
ကြက်ဆူဆီ - လက်ဖက်ရည် ၂ ဇွန်း (2 tsp)
ရှားစောင်းဂျယ် - လက်ဖက်ရည် ၂ ဇွန်း (2 tsp)
ပျားရည် - လက်ဖက်ရည် ၁ ဇွန်း (1 tsp)
vitamin E oil - လက်ဖက်ရည် ၁ ဇွန်း (1 tsp)

ဆံပင်သဘောက အဆီရှိမှ hair follicle က ရှင်သန်နိုင်တယ်။ follicle ကို ဆဲလ်သေတွေ မပိတ်အောင် ဂရုစိုက်ရမယ်။ ဒါ့ကြောင့် ဦးရေရပြား အရမ်းခြောက်သွေ့ပြီး ဆံပင်အဆီ မရှိရင် ဆံပင်ကျွတ်ပါမယ်။ hair dryer တွေ တတ်နိုင်သမျှ ရှောင်ပါ။ ခေါင်းလျှော်တဲ့အခါ ပူတဲ့ရေကို မသုံးဘဲ ရေအေးကိုသာ သုံးပါ။ အုန်းဆီ၊သံလွင်ဆီ နေ့စဉ်လိမ်းပေးသင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၈.၁၀.၂၀

(မှတ်ချက်- ဗီတာမင်အီးနဲ့ ရှားစောင်းက မထည့်လဲရတယ်။ ရှားစောင်းထည့်ရင် အပင်က လတ်လတ်ဆတ်ဆတ် အသားကိုသာ ကျိတ်ထည့်ရမယ်။ ကြက်ဆူဆီ နေရာမှာ အုန်းဆီ၊ သံလွင်ဆီအစားထိုးသုံးနိုင်တယ်...။ နာရီဝကိထားပြီး ခေါင်းပြန်လျှော်ရမယ်ဆိုတဲ့အချကိကို အခုထည့်လိုက်ပါတယ်)

13/04/2024

မင်မင်ရဲ့ အလှူလေး တစ်ဖြတ်🙏🙏🙏

Photos from Khin -Hair Queen & hair care's post 03/04/2024

ကဲ beachရာသီဆိုတော့ ဆောင်ထား မမှား🎁

Photos from Khin -Hair Queen & hair care's post 22/03/2024

တွဲသာသုံး ဆံပင်တွေ ပျက်စီးခြင်းကသက်သာဖို့
အာမခံတယ်

#ဆံပင်မကျွတ်တဲ့သူဆိုကျော်သွား

22/03/2024

တစ်ချို့ ဘဝတွေကို စာနာပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Yangon