Gallant Gems and Jewellery

Gallant Gems and Jewellery

Share

ရတနာ စုလိုသူများအတွက် Gallant Gems မှ လက်လီ၊လက်ကား ရောင်းချပေးနေပါပြီ🤝

21/01/2024

တစ်ရက်ကို ငွေ 3000ဖဲ့ စုနိုင်ရင် တစ်လကို ပျမ်းမျှ

ကိုးသောင်းလောက်စုဖြစ်မယ်

အဲ့ပုံစံအတိုင်း သုံးလလောက်စုလိုက်ရင်

ငွေ 270000လောက်ရမယ်

သုံးလတခါကို 270000 စုမိမယ်ဆိုရင်

သုံးလတစ်ခါ ရွှေ 1ပဲကျော်ကျော်အတုံးလေးတစ်တုံးရမယ်

12လမှာ ဆိုရင် 4ပဲကျော် တစ်မတ်သားကျော်စုမိမယ်

စုကြည့်ပါ တနေ့3000က ဘာမှ သိပ်ဝယ်စားလို့လည်းမရ

အသုံးလည်းမခံဘူး ဘာမဟုတ်တာလေးနဲ့ 3000ဆိုတာ

ခဏပဲသုံးရတာ

ရွှေအဖြစ်စုမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့

တစ်နှစ်ကိုရွှေတစ်မတ်သားကျော်ပိုင်သွားမှာနော်

တစ်နှစ်တစ်မတ်သားဆိုလည်း မိုက်တာပဲလေ❤️

စုကြည့်ဖို့တိုက်တွန်းပါ့ရစေရှင့်

#ရွှေစုကြရအောင်နော်
*M
Crd

Photos from Gallant Gems and Jewellery's post 12/01/2024

🌻💰💸
ရွှေအပြည့် ငွေအလျှံ ဝင်လာသောနေ့ရက်လေးဖြစ်ကြပါစေ💰💸💎
‌ #ရွှေစုချင်တယ်ဆို ဒီမမအေးကို သတိရနော်😘💕
*M
☎️09401584701

06/01/2024

#ရွှေအလေးချိန်တွက်နည်းနဲ့
ရွှေအကြောင်းသိထားသင့်တဲ့အချက်များ💰💸💥
============================
မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ်၊ပဲ၊ရွေး နဲ့ပဲချိန်လေ့တွက်လေ့ရှိပါတယ်။
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်။
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး

ဘယ်နှစ်ပဲရည်ဆိုတာကတော့ တစ်ကျပ်သားမှာ
ပါဝင်တဲ့ ရွှေ% ကိုပြောတာပါ

ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်
၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်
၁၄ ပဲရည်ဆိုတာ ၁၆ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု(ကြေး) ၂ ပဲ ရောစပ်ထားတာပါ။ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ်။ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်။
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ+ ကြေး ၂ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး ၂ပဲ ပေါင်း ၁၈ပဲ ဖြစ်ပါတယ်
၁၄ပဲ ၂ပြားဆိုတာ ရွှေ ၁၄ပဲ ၄ရွေး+ကြေး ၁ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်

အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်

၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ်။ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါဘူး။

☘ ရွှေတွက်နည်း☘

၁၆ပဲရည်တစ်ကျပ်သား ပေါက်ဈေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားဈေးအဖြစ် အရင်တွက်ရပါမယ်။

ဥပမာ (အပြင်စပ် နဲ့အတွင်းစပ်သဘောတရားကို အပေါ်မှာရှင်းပြပေးထားပါတယ်)
၁၄ ပဲရည် အပြင်စပ်အတွက်

16÷18×️ပေါက်ဈေး
16÷18×️887000=788444

၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်ဈေး

၁၅ ပဲရည်အတွက်
16÷17×️ပေါက်ဈေး (အပြင်စပ်)
15÷16×️ပေါက်ဈေး (အတွင်းစပ်)

ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားဈေး ရပါပြီ။
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်။

ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားဈေး

ဥပမာ
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ

2÷8+9÷16+1×788444=1244263 ပါ

ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေဈေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ။

အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ။

ကမ္ဘာ့ရွှေဈေးကို မြန်မာရွှေဈေးအဖြစ်တွက်ပုံကတော့
ကမ္ဘာ့ရွှေဈေး÷1.875×ဒေါ်လာပေါက်ဈေးပါ။
ဥပမာ - 1304÷1.875×1280=890000 ပါ❗
*M

Photos from Gallant Gems and Jewellery's post 06/01/2024

အရိုးရှင်းဆုံးကအလှဆုံးဆိုသလိုရိုးရိုးရှင်းရှင်းမောင်းကွင်းလက်စွပ်လေးတွေ 2 သိန်းဝန်ကျင်ပါပဲနော်💛

ရွှေချိန် -4.3ရွေး
အလျော့ -2.75ရွေး
တန်ဖိုး -2သိန်း /-ဝန်းကျင်

14ပဲနှစ်ပြားရည်
အာမခံဘောင်ချာပေးပါတယ်နော်
အချိန်မရွေးပြန်ရောင်းပြန်လဲရ
သိလိုရာမေး လိုချင်တာမေးပါချစ်ဆုံးတို့
ချစ်တို့ကြိုက်ရာ လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါပီ🥰🥰
ပြန်ရောင်းချင်သူလက်ကားလေးတွေ Cb လာပါ🥰🥰
အမြို့မြို့အနယ်နယ် အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင့်
Ph Vb 09401584701
Ph 09794593782 or cb သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

04/01/2024

မင်မင့်အသဲတွေ
ရွှေ၊ငွေအပြည့် ဝင်ကြပါစေ🎁💰💸🎁

Wallpaper ထားဖို့ ပုံဖြစ်ပါတယ်

ပုံမြင်တိုင်း code နံပတ်တွေကို ကြည့်ပါ
ဝင်လာမဆဲ တသဲသဲဖြစ်ကြပါစေ

Photos from Gallant Gems and Jewellery's post 02/01/2024

ဒီပုံစံလေးယူမယ်ဆိုတော့ ❤️
အရမ်းလှနေရောပဲနော် 😍

Photos from Gallant Gems and Jewellery's post 31/12/2023

#2024 မှာ #ပြည့်စုံကြွယ်ဝလိုတရဖို့🍀💰💸
ဒါလေး စမ်းကြည့်ရအောင်🎁
နှစ်သစ်တနှစ်ရဲ့အစနေ့ရက်
၁ ရက်နေ့မှာ ရတနာပစ္စည်း
တခုခုရအောင်ဝယ်ပါ
ဘယ်လောက်တန်ပဲ ဖြစ်ဖြစ်
အထည်တခုလုံးစာမဟုတ်ရင်တောင်
စရံအဝင်ပြပြီးကိုယ့်ပစ္စည်းကိုယ့်အပိုင်
အထည်ဖြစ်အောင်လုပ်ပါ
၁ ရက်နေ့မှာ ရတနာဝင်ရင် ကျန်တဲ့
၁ နှစ်ပတ်လုံး ရတနာတွေအမြဲဝင်စေ
နိုင်သော ဝယ်စေနိုင်သော ဝင်ငွေတွေ
အမြဲမပြတ်စီးဆင်းပါလိမ့်မယ်
ကိုယ်တွေ့ပါနော် ၂၀၂၃ ခုနှစ်ရဲ့ ၁ရက်နေ့မှာ
ရတနာပစ္စည်းလေးတခု အဝင်ဖြစ်အောင်
လုပ်ပြီးစမ်းသပ်ကြည့်တာ ၁ နှစ်ပတ်လုံး
လက်ထဲငွေလုံးဝမပြတ် ကြိုက်သလို
သုံးနိုင်စားနိုင်ကြိုက်တာဝယ်နိုင်တဲ့အထိ
၁ ရက်နေ့မှာ စိတ်ထဲပျော်ရွှင်ကြည်နူးစွာ
လိုချင်တပ်မက်စွာနဲ့ ရတနာထည်တခုလောက်တော့ ရအောင်ဝယ်ပါရှင့် ☺)
အခု​တော့ကျမဆီကလာဝယ်ပါရှင့် ၁၅ ပဲအ​​ခေါက်​ခေါင်းစည်းကွင်း 80000 ကျပ်ထဲပါလို့🥰

Credit

25/12/2023

ချစ်သော ကာကာလေးတို့ရေ ❤️💙💛
စိန်ဝယ်ရင်ရတဲ့ GIA/GRA လေးတွေနဲ့ ဒီလိုလေး ကိုယ်တိုင် စစ်ကြည့်လို့ရပါတယ်နော်💎
*M

Photos from Gallant Gems and Jewellery's post 24/12/2023

ဝိန့်စိန်ရေ ကိုယ့်ဖက်က လိုအပ်ချက်အမှားအတွက် သူ့နာမည်နဲ့ကြေငြာမိတဲ့ကားကို သူ့ကိုပေးလိုက် နောက်တစ်စီးထပ်ဝယ်ပြီး Live မှာ အချက်လက်မစုံလို့ Cancel လိုက်တဲ့ နစ်နာသူ Customer တွေကို ထပ်ပြီး မဲနှိူက်ပေးလိုက်ပေါ့
ဒါဆို တနိုင်ငံလုံးကျေနပ်ကြမှာပါလေ😊
တစ်ခါတစ်လေကျရင် အရင်ကလမ်းကြောင်းအတိုင်းသွားရခက်ရင် ဖောက်ထွက်လိုက်မှအဆင်ပြေတာတွေရှိတတ်တယ်မလား 😊

18/12/2023

💎စိန်ထည်လှလှလေးကို💍
ငွေအများကြီးမသုံးချင်ဘူးဆို
မမအေးကို သတိရနော်🤝🤝🤝

18/12/2023

အောင်အရဟံ လာဘံသိဒ္ဓိ🙏🙏🙏

အောင်အရဟံ ပီယံသိဒ္ဓိ🙏🙏🙏

အောင်အရဟံ ဓနံသိဒ္ဓီ🙏🙏🙏

ငွေတွေအဖက်ဖက်မှဝင်ကြပါစေ🍀🎁💰💸

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thirimying 8st
Yangon
11211