seVen star

seVen star

Share

ကားလိုင်စင်သက်တန်းတိုးလုပ်ငန်း

11/08/2025

သန်လျင်လိုင်စင်ရုံးကားလေး ၃စီးသက်တန်းတိုးပေးဖြစ်ခဲ့တယ်
ယနေ့လုပ်ပေးဖြစ်တာလေး

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ ဖုန်း 📞📞📞09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Photos from seVen star's post 18/11/2024

ယနေ့လုပ်ပေးဖြစ်တာလေး

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ ဖုန်း 📞📞📞09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Photos from seVen star's post 25/05/2024

ဒီရက်ပိုင်း လုပ်ပေးဖြစ်တာလေးတွေ မှတ်တန်း Save
လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 📞📞📞 09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

07/04/2024

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။

Photos from seVen star's post 14/03/2024

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 📞📞📞 09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Photos from seVen star's post 24/10/2023

#ယာဥ်မှန်မမှန်စစ်ဆေးခြင်းမှတ်တန်း

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

02/10/2023

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 📞📞📞09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

04/09/2023

#ကားတစ်စီးမောင်းနှင်တော့မည်ဆိုလျှင်...
ယာဉ်မောင်းသူတိုင်း သိသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...

🚘 ကားတစ်စီးကို မောင်းနှင်တော့မယ်ဆိုရင် ကားဒက်ဘုတ် ဒိုင်ခွက် (car dashboard Indicator) ထဲမှာပါတဲ့...
မီးတွေအကြောင်းနဲ့ အချက်ပြမီတာတွေကို သိပြီးမှ ကားတစ်စီးကို စတင်မောင်းနှင်သင့်ပါတယ်...
မနက်ပိုင်း (သို့) ကားတစ်စီး စတင် မောင်းနှင်တော့မယ် ဆိုရင်...
ကားပေါ်တက်ထိုင်ပြီး စက်နိုးခြင်းကို အရင်မလုပ်သင့်ပါဘူးခင်ဗျာ...
ကားစက်မနိုးခင် အဂျင်စက်အဖုံးကိုဖွင့်၍...
ရေတိုင်ကီနှင့် ရေပြန်ဗူးရေ ရှိ/မရှိ...

အင်ဂျင်ဝိုင် လျော့/မလျော့...
ဘရိတ်ဆီ ရှိ/မရှိ...
ကလပ်ဆီ ရှိ/မရှိ(Manual gear)...
အော်တိုဆီ ရှိ/မရှိ(Auto & CVT gear)...
ပါဝါဆီ ရှိ/မရှိ (EPS-Electronic Power Steeringများတွင်ဆီမပါပါ)
စတာတွေကို နေ့စဉ်တိုင်းတာ စစ်ဆေးသင့်ပြီး...
တစ်လတစ်ခါလောက် ဘက္ထရီအက်ဆစ် ရှိ/မရှိကိုပါ စစ်ဆေးသင့်ပါတယ်...

စစ်ဆေးစဉ်မှာ သတိထားရမှာက ရေတိုင်ကီရေနဲ့ ရေပြန်ဗူးရေဟာ ၁ လီတာ လောက်နီးပါး နေ့စဉ်လျော့နေရင်...
အင်ဂျင်ရေလိုင်းပုံမှန်မဟုတ်လို့ ဝပ်ရှော့မှာ သွားရောက်စစ်ဆေးသင့်ပါတယ်...

အင်ဂျင်ဝိုင်မကြာခဏ လျော့နေခဲ့ရင်လည်း
အင်ဂျင်ဝိုင်ဟာ အွိုင်းစီးတွေက ယိုစိမ့်မှု့ရှိလို့လား...
ဆိုတာကို စစ်ဆေးပြီး...
အင်ဂျင်မှာ ယိုစိမ့်ခဲ့ရင်ဖြစ်စေ... ယိုစိမ့်မှု့မတွေ့ခဲ့ရင်ဖြစ်စေ...
ကားရပ်ထားသောနေရာအောက်တွင် ဆီကွက်များ တွေ့နေရပါက...
ဝပ်ရှော့မှာ သွားရောက်ပြသ စစ်ဆေးရမှာ ဖြစ်ပါတယ်...

အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုတွင် လဲရပါမည်...
နိုင်ငံတကာတွင် မော်တော်ကားငယ်များ၏
အင်ဂျင်ဝိုင်သက်တမ်းများကို နာရီချိန်ဖြင့်သတ်မှတ်ခြင်း၊
လ၊နှစ်၊စသော အချိန်အတိုင်းအတာဖြင့် သတ်မှတ်ခြင်းမရှိဘဲ...
မောင်းနှင်သော ကီလိုမီတာ အတိုင်းအတာဖြင့်သာ.
သတ်မှတ်လဲလှယ်ကြပါသည်...
ကားပိတ်သောမြို့များတွင်လည်း သတ်မှတ်ကီလိုအတိုင်း သုံးနိုင်ပြီး...
အင်ဂျင်ဝိုင်၏ သက်တမ်းကို အင်ဂျင်မှကားအား ဝန်ရုန်းရသော
(Engine Loading) အတိုင်းအတာ ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပါသည်...
အင်ဂျင်ဝိုင်လဲလှယ်ချိန်တွင်လေစစ်မကောင်းပါက...
လေစစ်အသစ်လဲရမည် ဖြစ်သလို...
အင်ဂျင်ဝိုင်စစ်ကိုပါ တစ်ပါတည်းလဲမှသာ သတ်မှတ်ကီလိုအပြည့် သုံးနိုင်မည်ဖြစ်ပါသည်...
အင်ဂျင်ဝိုင်အား Base Oil ပေါ်မူတည်ကာ အမျိုးအစားသုံးမျိုး သတ်မှတ်ထားပါသည်...

(၁)Convenational Oil
ရိုးရိုးအင်ဂျင်ဝိုင်သည် အင်ဂျင်ဝိုင်ထဲတွင်
ဂရိတ်အနိမ့်ဆုံး ဖြစ်ပြီး အများဆုံး ကီလို(၄၀၀၀/၅၀၀၀)သာ...
အသုံးပြုနိုင်ပါသည်...

(၂)Semi Synthetic/ Synthetic Oil သည်ဒုတိယတန်းစားဖြစ်ကာ
ကီလို (၇၀၀၀/၈၀၀၀) အထိအသုံးပြုနိုင်ပါသည်...
(၃)Full Synthetic Oil သည် အကောင်းဆုံး အင်ဂျင်ဝိုင်အမျိုးအစားဖြစ်ခါ
ကီလို(၁၀၀၀၀/၁၃၀၀၀) အထိအသုံးပြုနိုင်ပါသည်...
Full Synthetic Oil သည် ဆာဖာပါဝင်မှု့ အနိမ့်ဆုံးဖြစ်သည့်အပြင်...
ဆီမော်လီကျူးများသည် တစ်ညီတည်း ဖြစ်သောကြောင့်...
အင်ဂျင်သန့်ရှင်းစေကာ ပွန်းစားမှု့အနည်းဆုံးဖြစ်၍...
အင်ဂျင်သက်တမ်း ပိုမိုကြာရှည်စေပါသည်...
အခြားအင်ဂျင်ဝိုင် ၂ မျိုးထက် ၂ ဆ ပိုမိုမောင်းနှင်ရသည့်အပြင်...
ကားအင်ဂျင်သံပိုမို ညက်ညောစေပါသည်...
အခြားအမျိုးအစား အင်ဂျင်ဝိုင်များ ၂ ခါ လဲလှယ်ရချိန်တွင်...
တစ်ခါသာ လဲလှယ်ရသဖြင့် အင်ဂျင်ဝိုင်လဲလှယ်ခ တစ်ကြိမ် နှင့် ဆီစစ်ဖိုး တစ်ကြိမ်သက်သာကာ...
အသုံးပြုရသော ကီလိုနှင့်တွက်ကြည့်ပါက...
အခြားအင်ဂျင်ဝိုင်များနှင့် ဈေးနှုန်းမှ သိပ်မကွာတော့သည့်အပြင်...
ပိုမိုကောင်းမွန်သော ဆီကိုသုံးရသည့်အပြင်...
ဆီလဲချိန် အချိန်ကုန်တစ်ခါ သက်သာပါသည်...
အသုံးပြုရမည့် အင်ဂျင်ဝိုင်အမျိုးအစားများမှာ...
Recommed ပေးထားသော အဂျင်ဝိုင်အမျိုးအစား များသာသုံးရသော ကားများရှိသလို...
လက်ရှိအသုံးပြုနေသော ဒေသ၏အပူချိန်နှင့် အင်ဂျင်၏အသုံးပြုပြီးသော
ကီလိုနှင့် အခြေအနေပေါ်မူတည်ကာ ပြောင်းလဲအသုံးပြုရသောကြောင့်...
နားလည် တတ်ကျွမ်းသော အတွေ့အကြုံရှိသော မက္ကင်းနစ်များနှင့်...
ဘယ်ဂရိတ်ကိုအသုံးပြုသင့်ကြောင်း ဆွေးနွေးတိုင်ပင်သင့်ပါသည်...

ဘရိတ်ဆီလျော့နေခဲ့ရင်တော့
ဘရိတ်ဆီယိုစိမ့်မှု့မရှိပါက...
ဘရိတ်ရှုးပါး နေလို့ဖြစ်ပြီး ဝပ်ရှော့သွားရောက်ကာ...
လေးဘီးလုံး ဘရိတ်ရှုး ပါး/မပါးနဲ့... ဆက်သုံးလို့ ရ/မရ စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ရှုးပါးတာကြောင့် ဘရိတ်ဆီလျော့တာ ဆိုရင်တော့...
ဘရိတ်ရှုးလဲပြီးသော အချိန်မှသာ သတ်မှတ်ဆီအပေါ်မှတ်(Maximum) ထိသာ...
ဘရိတ်ဆီပြန်ဖြည့်ရမှာ ဖြစ်ပါသည်...
သတ်မှတ်အပေါ်မှတ်ထက် ပိုဖြည့်မိပါက...
ဘရိတ်ရှုးပါးသွားချိန်တွင် ဆီမှတ်မလျော့သဖြင့်...
ရှုးပါးသွားမှန်း မသိနိုင်တော့ပါ...
ကလပ်ဆီလျော့နည်းနေခဲ့ရင်လည်း
ကလပ်အပေါ်ပန့်အိုးနဲ့ အောက်အိုး ပစ္စတင်ဝါရှာတွေယိုစိမ့်မှု့...
ရှိနေတာကြောင့် ဝပ်ရှော့မှာ သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ဆီ/ကလပ်ဆီကိုတော့ ဆီဖြည့်တဲ့ အဖုံးမှာရေးထားတဲ့
DOT 3/4
(DOT-Department of Transportation) နံပါတ်တူတာနဲ့...
အရောင်တူတာကို ထည့်ရမှာဖြစ်ပါတယ်...
အရောင်မတူ DOT နံပါတ်မတူခဲ့တာထည့်သုံးရင်
ဘရိတ်ပန့်ထဲက ရော်ဘာဘရိတ်ဝါရှာလေးတွေ သက်တမ်းပိုတိုပြီး
ဘရိတ်ဝါရှာ ပျက်စီးလွယ်ပါတယ်...

အော်တိုဆီတွေကတော့ စစ်ဆေးတဲ့အခါမှာ အရမ်းညစ်ပတ်နေရင်...
ကီလိုမပြည့်သေးလည်း လဲရမှာဖြစ်ပါတယ်...
အော်တိုဆီဟာ ကီလို (၃၀၀၀၀/၃၅၀၀၀) အထိသာအများဆုံးသုံးသင့်ပါတယ်...
ဆီဖိအားဖြင့်အသုံးပြုသော ပါဝါစတီယာရင်များတွင်...
ဆီမရှိပါက ကားလက်ကိုင် စတီယာရင်အလွန်လေးသောကြောင့်...
ပါဝါဆီကိုလည်း စစ်ဆေးသင့်ပါသည်...
ဒီလိုစစ်ဆေးပြီးလို့ အင်ဂျင်စက်နှိုးပြီး ၁ မိနစ်လောက်ကြာချိန်မှာ...
Parking Brake ဆွဲထားခဲ့ရင် အဝိုင်းပုံမီးအနီလေးနဲ့...
ထိုင်ခုံခါးပတ်ကြိုး(Safety Belt) မီးအနီလေးကလွဲလို့ ဘာမီးမှ မလင်းရတော့ပါဘူး...

Parking Brake မီးကလည်း Parking Brake ဖြုတ်လိုက်ရင် မလင်းတော့ပါ...
ခါးပတ်ကြိုးမီးကလည်း ခါးပတ်ကြိုးထည့်ပြီးလျှင် မလင်းတော့ပါ...
အသက်ကယ်ခါးပတ်ကြိုးဟာ ခရီးနီးရော ခရီးဝေးပါ...
မပတ်မဖြစ် ပတ်ထားသင့်ပါတယ်...
ဒါကြောင့်မို့ ကားစထွက်ချိန်မှာ ဒိုင်ခွက်ထဲမှာ ဘယ်မီးမှ မရှိတော့ပါဘူး...

အော်တိုဂီယာဆိုရင်တော့ ဂီယာမီး(Gear position light)လင်းနေရပါမယ်...
မောင်းနှင်နေချိန် မသိမဖြစ်သိရမယ့် မကြည့်မဖြစ်ကြည့်ရမယ့် မီတာဒိုင်ခွက်တွေကတော့...
မသိမဖြစ်သိရမယ့် မီးတွေကတော့...

အင်ဂျင်ချက်မီး (Engine check warning light) အဝါ/အနီ ရှိပါသည် အဂျင်မမှန်၍ လင်းခြင်း ဖြစ်ပါသည်...
နီးစပ်ရာ ဝပ်ရှော့တွင်ပြသရပါမည်...

အဂျင်ဝိုင်မီး(Oil pressure warning light) ဆီခွက်ပုံမီးအနီလေးလင်းလာပါက...
အဂျင်ဝိုင် လုံးဝမရှိသလောက်ဖြစ်သောကြောင့် လုံးဝ ဆက်မမောင်းသင့်ပါ...
အဂျင်ဝိုင်ဖြည့်ပြီးမှ စစ်ဆေးပြီးမှ ဆက်မောင်းသင့်ပါသည်...
နီးစပ်ရာဝပ်ရှော့တွင် အဂျင်ဝိုင်လျော့ ရခြင်း အကြောင်းအရင်းအား မဖြစ်မနေ စစ်ဆေးရပါမည်...

ဘက်ထရီမီး (Battery charging warning light)
ဘက္ထရီပုံမီးအနီလေးလင်းနေပါက...
ခရီးဝေး ဆက်မမောင်းသင့်ပါ... ဘက္ထရီအားမဝင်သဖြင့် လမ်းတွင် စက်ရပ်သွားမည်ဖြစ်ပါသည်...
နီးစပ်ရာ ဝါယာရိန်းဆိုင်တွင်ပြသစစ်ဆေးရပါမည်...

ဘရိတ်မီး (Break warning light) အဝိုင်းပုံမီးအနီလေးလင်းလာပါက...
ဘရိတ်ဆီမရှိ၍သော်လည်းကောင်း... ဘရိတ်စနစ် ချို့ယွင်းချက်ရှိ ၍သော်လည်းကောင်း ဖြစ်သောကြောင့်...
ဘရိတ်ဆီမရှိပါက ဆီဖြည့်ပြီး မီးမလင်းတော့ပါက... ဆက်လက်မောင်းနှင်နိုင်ပါသည်...
ဆီဖြည့်ပြီး မီးလင်းနေပါက သတိဖြင့်ဖြည်းဖြည်းမောင်းကာ နီးစပ်ရာဝပ်ရှော့တွင်စစ်ဆေးပြုပြင်ရပါမည်...

ရေအပူချိန်မီးအနီလေး (Engine overheating warning light) လင်းလာပါကလည်း ဆက်မမောင်းသင့်ပါ...
စက်ရပ်ထားပြီး အဂျင်အေးချိန်မှ ရေတိုင်ကီရေဖြည့်ကာ ဆက်မောင်း၍ နီးစပ်ရာဝပ်ရှော့တွင်ပြသရပါမည်...
အဂျင်ပူနေချိန် ရေတိုင်ကီအဖုံးအား လုံးဝမဖွင့်ရပါ... ဖွင့်ပါက ရေပူများတွန်းကန်ထွက်လာကာ...
မျက်နှာနှင့် ခန္ဓာကိုယ်အပူလောင်တတ်ပါသည်...

လေအိတ်မီး/SRS မီး (Airbag warning light) အနီရောင်လေး လင်းလာပါက မောင်း၍ရပါသည်...
သို့သော် အန္တာရာယ်ဖြစ်ချိန်တွင် လေအိတ်က လူကို ကာကွယ်မပေးတော့ပါ...
ဝပ်ရှော့တွင်သွားရောက်ပြုပြင်သင့်ပါသည်...

တံခါးမီး (Open Door warning light) ကားတံခါးပွင့်နေသည်ပုံစံ မီးအနီလေး လင်းလာပါက...
ကားအား ချက်ချင်းရပ်တန့်ကာ ကားတံခါးများကို စစ်ဆေးပြီး ပြန်ပိတ်ကာ မီးငြိမ်းမှ...
ဆက်လက်မောင်းနှင်ရပါမည်...

ABS မီး (Antilock breaking system warning light) မီးအဝါလေးလင်းလာပါက ဆက်လက်မောင်းနှင်၍...
ရပါသည်...
သို့သော် အချိန်ရသည်နှင့် ဝပ်ရှော့တွင် စစ်ဆေးပြုပြင်သင့်ပါသည်...
ကားမောင်းနှင်နေစဉ် မီးအနီရောင်လင်းလာပါက ခေတ္တရပ်ထားကာ...
နားလည်တတ်ကျွမ်းသောသူ(သို့) ဝပ်ရှော့ကို ဖုန်းဆက်ကာ ပြသသင့်ပါသည်...
ထိုသူတို့မှ ဆက်လက်မောင်းနှင်ရန် မသင့်ဆိုပါက... ကားအား ဝပ်ရှော့သို့...
ယူသွားကာ စစ်ဆေးပြုပြင်ပြီးမှ ဆက်လက်မောင်းနှင်အသုံးပြုရပါမည်...

ကားမောင်းနှင်နေစဉ် မီးအဝါရောင်လင်းလာပါက...
ဆက်လက်မောင်းနှင်ကာ နီးစပ်ရာဝပ်ရှော့တွင်ပြသရမည်ဖြစ်ပါတယ်ခင်ဗျာ...

မိတ်ဆွေများ ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် မောင်နှင်နိုင်ကြပါစေခင်ဗျာ...

#မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။



ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Photos from seVen star's post 30/08/2023

မှတ်တန်း Save
လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 📞📞📞 09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Photos from seVen star's post 10/08/2023

ားလိုင်စင်သက်တန်းတိုးဆောင်ရွက်ခြင်း လုပ်ငန်းမှ
လုပ်ငန်းဆောင်ရွက်ခြင်း မှတ်တမ်း
📞📞📞09799678702

07/08/2023

လူကြီးမင်းတို့ရဲ့ မော်တော်ကားများအား
*လိုင်စင်သက်တန်းတိုးြခင်း
*နံပါတ်ပြားလဲခြင်း
*လုပ်ငန်းလိုင်စင်သက်တန်းတိုးြခင်း
*ယာဥ်မောင်းလိုင်စင် သက်တန်းတိုးြခင်း
နှင့်
အထွေထွေ ကညန ဝန်ဆောင်မှုများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ 📞📞📞 09799678702
အားလုံးပဲမဂ်လာရှိသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ...
ားလိုင်စင်သက်တန်းတိုးဝန်ဆောင်မှုလုပ်ငန်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 22;first Floor; Kyaung Lan; Mingalar Taung Nyunt Tsp
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00