New Skiin Myanmar TTA

New Skiin Myanmar TTA

Share

NewSkiinSkinCareများကိုရန်ကုန်မြို့ကြီးကနေပြည်တွင်းပြည့်ပသို့လက်လီလက်ကားဖြန့်ဝေပေးပါတယ်ရှင့်☎️09251695754☎️09972920526

01/06/2025

#သင်္ဘောသီးကို ဒီလိုဆေးအဖြစ်စားသုံးလို့ရတာ သိပြီးကြပြီ

နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် – သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် – အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် – အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် – နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် – ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် – အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် – ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် – ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ညနေ ၇ နာရီ စားသုံးလျှင် – တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။

ညနေ ၈ နာရီ စားသုံးလျှင် – သွေးသားကို သန့်စင်စေသည်။

ညနေ ၉ နာရီ စားသုံးလျှင် – သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။

တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊ သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။
.

01/06/2025

Hanuman ကပ်တာ ရင်ကြပ်တာ သက်သာ ဆို ❓❓❓

အဆုပ်ထဲ မှာ အပူ တွေ အရမ်း များ မယ် / ချွဲ သလိပ် တွေ ထ မယ် / လေပြွန် တွေ ကျဉ်း နေမယ် ဆိုရင် ရင်ကြပ် တာ တွေ ဖြစ်တတ် ပါ တယ် 💯

✨ ဆေး ကပ်ခွာ မှာ ပါတဲ့ လေးညှင်း ၊ ကြက်သွန်နီ ၊ ကတ်ဆမူနာဂျင်း တို့ကြောင့် ချွဲ သလိပ်ပျော် စေ ပြီး အပူ ကို စုပ် ထုတ်ပေး တဲ့ အတွက် ကြောင့် သက်သာ စေ ပါ တယ်

အဆုပ် နေရာ တိုက်ရိုက်ကပ်လို့ ရလား ❓
✨ ကပ်လို့ ရ ပါ တယ်

အခြား ဘယ်နေ ရာ ကပ်လို့ ရသေး လဲ ❓
✨ တရုတ်တိုင်းရင်းဆေး ပညာ အရ ခြေဖဝါး မှာ အဆုပ် အင်္ဂါ ကို ထောက်ပံ့ ပေး တဲ့ point နေ ရာ ကပ်ပေး လို့လဲရပါတယ်

မှတ်ချက် ။ ဆီကြော်စာ. ချွဲထ စေတဲ့ အစာ တွေ ရှောင် ပေး ရပါ မယ်


#ဟန်နုမာန်တိုင်းရင်းဆေးဖြန့်ချီရေး
☎️09251695754(Viber)
☎️09972920526

01/06/2025

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။


‌ ၉ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၁၀- ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၁၁ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၁၂ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၁၃ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၁၄ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၁၅- တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၁၆ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၁၇ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၈ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၉ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။

31/05/2025

မဂ်လာနံက်ခင်းပါ မေတ္တာ တရားဖြင့်အေးမြပါစေ
🙏🙏🙏🌿🌼🙏🙏🙏🌿🌼🙏🙏🙏

Photos 29/11/2024

✍️..အဖေဆိုတာတကယ်တော့ သားသမီးနဲ့မိသားစုတွေအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာတရားတွေက အ
လွန်ကိုကြီးမားလွန်းပါတယ်။။

မိသားစုနဲ့သားသမီးတွေအပေါ်ကိုအမြဲလိုလို မနာ
ကျင်စေချင်ဘူး ၀မ်းမနည်းစေချင်ဘူး သော‌ကတွေမရောက်စေချင်ဘူး။။

သားသမီးနဲ့မိသားစုအပေါ်မှာအမြဲတန်းလိုလို အနစ်
နာခံပြီးစစရာရာရှေ့ကနေရဲဝံ့စွာရပ်တည်ပေးတာအဖေ‌တွေပါ။။

အဖေတွေကို အိမ်ဦးနတ်လို့သာခေါ်ဝေါ်လေ့ရှိကျတာပါ တကယ်တော့အဖေတွေဟာအိမ်တအိမ်ရဲ့
အလုပ်သမားခေါင်းဆောင်ကြီးတွေပါ။။

အဖေတွေရဲ့ ပုခုံးနဲ့လက်တွေသာပေါက်ပြဲကာသွား
စေမယ် သားသမီးနဲ့ မိသားစုအတွက်ဆိုရင် လိုလေ
သေးတွေမရှိအောင် ထားပေးနိုင်တာအဖေတွေပါ။။

အဖေဆိုတာ လူကြမ်း စိတ်ကြမ်း နှုပ်ကြမ်းအပြော
အဆိုတွေသာကြမ်းတမ်းတယ်ဆိုပေမယ်လို့ သူတို့ရဲ့ရင်ထဲမှာတော့အမြဲတမ်းလိုလို မိသားစုနဲ့ သားသ
မီးတွေအပေါ်မှာ နူးညံ့သိမ်မွေ့ပြီးသားပါ။။

ပညာနဲ့အရည်ချင်းတွေသာအတိုင်းတာတခုထိ သူတို့ကိုယ်တိုင်မတတ်မြောက်ခဲ့ပေမယ်လို့ သူတို့မွေးထားတဲ့သားသမီးတွေကိုတော့။။

ပညာတတ်ကြီးတွေဖြစ်စေချင်ပြီး ပညာနဲ့အရည်ချင်းတွေကိုတတ်မြောက်စေချင်တာက အဖေတွေရဲ့ဆန္ဒပါ။။

ငွေကြေးတွေများစွာမရှာနိုင်ပေမယ်လို့ မိသားစုနဲ့
သားသမီးအပေါ်မှာတော့ ထမင်းကိုနပ်မှန်အောင်ရှာဖွေကျွေးမွေးပေးနိုင်တဲ့ ပညာနဲ့အရည်ချင်းတွေ ကသူတို့မှာပြည့်စုံစွာပြီးသားပါ။။

သူတို့တွေသာအောက်ကျခံမယ် အနစ်နာခံမယ် သူတပါးရဲ့ရှေ့မောက်မှာသူတို့ကိုယ်တိုင် ဒူးသာထောက်သွားမယ် သူ့တို့ကိုယ်တိုင်မွေးထားတဲ့ သားသမီးတွေကိုတော့ တပါးသူတွေဒူးထောက်တာကိုမြင်စေချင်တာ အဖေတိုင်းရဲ့ဆန္ဒတွေပါ။။

အဖေဆိုတာအသောက်အစားအနည်းနဲ့အများရှိချင်
ရှိလိပ်မယ် ဒါပေမယ့် သူတို့ကိုယ်တိုင်မွေးထားတဲ့သားသမီးတွေကိုတော့ လိမ္မာ‌ရေးကြားပါးနပ်စွာရှိစေချင်တာအဖေတွေပါ။။

တခါတရံမှာအဆင်မပြေမူ့တွေကို မိသားစုနဲ့ သား
သမီးတွေအပေါ်ကိုထုပ်ဖော်ကာမပြောဖြစ်ပေမယ်
လို့ ဟန်ဆောင်ကာအပေါ်ယံတွေကို ပြုံးပြခဲ့တဲ့အ
ချိန်တွေလည်းရှိပါတယ်။။

သားသမီးနေရာလောက်နဲ့တော့ ပညာတတ်တွေမဖြစ်နိုင်သေးပါဘူး သင်ညာတတ်အဆင့်လောက်
ပါဘဲ။။

မိဘနဲ့ ဖခင်နေကိုသာရောက်မှသာလျင် ပညာတတ်
တွေဖြစ်ကျမှာပါ။။

မိဘကျေးဇူးဆပ်နိုင်ကျပါစေ။....
🙏🙏🙏🙏🙏
#မေတ္တာဖြင့်

11/11/2024
07/10/2024

"ပြိုင်သင့်မှ ပြိုင်ပါ"
——

မြေခွေး တစ်ကောင်ဟာ ...
ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး
"သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်"
ဆိုပြီး စိန်ခေါ်လိုက်တယ်။

မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက
လုံး၀ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။

အဲဒီတော့ မြေခွေးက "ဟား..ဟား... မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။
မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။

အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ ......
ခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး

"ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင်
တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီး
အများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး"လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။

ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ..... အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။

လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်

#စာဖတ်သူတစ်ယောက် #မေတ္ထာဖြင့်ပြန်လည်မျှဝေသည်

23/09/2024

အတုယူရမည့် အမျိုးသမီးများ
🌱 တည်ငြိမ်သော အမျိုးသမီးတစ်ဦးက
သူ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။
အေးဆေးတဲ့အပြုံးတစ်ခုနဲ့
ဒေါသကိုထိန်းတယ်။
🌱 စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
တာဝန်တစ်ခုကို မနိုင်ဝန် မထမ်းဘူး။
ကတိစကားတစ်ခွန်းကို
ချင့်ချိန်ပြီးမှ ပြောဆိုတတ်တယ်။
🌱 ရိုးသားသော အမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုပဲ မကြည့်တတ်ဘူး။
လုပ်ဆောင်မှု့တိုင်း သူတစ်ပါးအတွက်
အမြဲထည့်တွက် ပေးတတ်တယ်။
🌱 ထက်မြက်တဲ့ အမျိုးသမီးက
အသည်းကွဲခြင်းကို ဆွေးဖို့ အချိန်မပေးဘူး။
အချိန်မီ သင်ခန်းစာယူပြီး
အနာဂတ် တိုးတက်အောင်ပဲ တွေးဖို့ အချိန်ယူတယ်။
🌱 နှလုံးရည်ပြည့်ဝတဲ့ အမျိုးသမီးက
ဘယ်တော့မှ တစ်ပါးသူ ပိုင်ဆိုင်တာကို လုမယူဘူး။
ကိုယ်ပိုင်ပစ္စည်းဥစ္စာကိုပဲ
အမြတ်တနိုး တန်ဖိုးထားတတ်တယ်။
🌱ဉာဏ်ရည်ပြည့်ဝသော အမျိုးသမီးက
ထက်မြက်တဲ့လူရဲ့နောက်က လိုက်ရတဲ့
လမ်းကို မှီခို မလုပ်ဘူး ။
ကိုယ်တိုင်လမ်းကို ကိုယ်တိုင်ဖောက်ဖို့
တခဏတာပဲ တပည့်ခံတယ်။
🌱 တကယ်ခေတ်မီတဲ့ အမျိုးသမီးက
မိတ်ကပ်နဲ့မျက်နှာဆေးခြယ်သဖို့ပဲ တွေးမနေဘူး။
သူမဘဝ အောင်မြင်ဖို့ ပတ်ဝန်းကျင်နဲ့
ဘယ်လို နေထိုင်သင့်တယ်...
ဘယ်လို တိုးတက်ပြောင်းလဲနေတယ်
ဆိုတာပဲ အဓိက အာရုံထားတယ်။
🌱 တော်တဲ့ အမျိုးသမီးတစ်ဦးက
အချစ်ကို မရှိမဖြစ် ဘဝ တစ်ခုလုံးလို
သတ်မှတ် မထားဘူး။
ဘဝရဲ့ မရှိလည်းဖြစ်တဲ့
လိုအပ်ချက် တစ်စိတ်တစ်ပိုင်း လိုပဲ
သတ်မှတ်ထားတယ်။
🌱 ယဉ်ကျေးတဲ့ အမျိုးသမီးက
စကားတစ်ခွန်းကို
နှုတ်ခမ်းဖျားက မဖန်ဆင်းဘူး။
ဦးနှောက်နဲ့ ပိုင်းဖြတ်၊
နှလုံးသားနဲ့ ဆန်းစစ်ပြီးမှ
စကားတစ်ခွန်း ဖန်ဆင်းတယ်။
🌱 မိန်းမမြတ်ဆိုတာ
တဒင်္ဂ သာယာမှုကို
အစဉ်အမြဲ ပိုင်ဆိုင်မှု ရမ္မက်အနေနဲ့
အသွင်ပြောင်း မယူဘူး။
ငရဲထိ ဆိုက်ရောက်မယ့်..
ရာဂစိတ်လို့ပဲ သဘောထားတယ်။

#ပညာပေး #ထိုင်းနိုင်ငံ #ဆုံးမစကား

22/09/2024

သရဏဂုံ စွဲမြဲထုံ
~~~~~~~~
ဘုရားတရားသံဃာ
အမြတ်ရတနာကို
အသက်ထက်ဆုံး
ယုံကြည်စွာ ကိုးကွယ်
ဆည်းကပ်ခြင်း သရဏဂုံဟာ
ဗုဒ္ဓဘာသာရဲ့ အသက်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော်
ရတနာသုံးတန် ကံကံရဲ့အကျိုးကို
တကယ်ယုံကြည်မှ
ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သောကြောင့်တည်း....။

သရဏဂုံစွဲမြဲသူတို့သည်
၁- ဘေးအမျိုးမျိုးမှ
ကင်းဝေးခြင်း
၂- စိတ်ပူပန်မှု့မှ
ကင်းဝေးခြင်း
၃- ဆင်းရဲဒုက္ခမှ
ကင်းဝေးခြင်း
၄- အပါယ်လေးပါးမှ
ကင်းဝေးခြင်း
၅- ကိလေသာတရားတွေမှ
ကင်းဝေးခြင်း
အကျိုးတွေရနိုင်၏။

သရဏဂုံ စွဲမြဲသူတို့သည်
၁- ဖြစ်လေရာဘဝမှာ
အများပူဇော်ခံရခြင်း
၂- ဖြစ်လေရာဘဝမှာ
ဥာဏ်ပညာထက်မြက်ခြင်း
၃- လူအများဟာ မိမိအလိုသို့ လိုက်ရခြင်း
၄- အများနဲ့မတူတဲ့
စည်းစိမ်ဥစ္စာရရှိခြင်း
၅- ရွှေအဆင်းလို ဝါဝင်း
လှပခြင်း
၆- အများရဲ့ ကြည်ညိုမှု့ကို
ခံရခြင်း
၇- အပေါင်းအသင်းတွေရဲ့
ချစ်ခင်လေးစားမှု့ကို
ခံရခြင်း
၈- ဂုဏ်သတင်း ကြော်ဇောခြင်းစတဲ့အကျိုးတွေလည်း
ရရှိနိုင်၏။

ယခုခေတ်ကာလဟာ
ဘေးအမျိုးမျိုးတွေပေါများလှတဲ့
ဆုတ်ကပ်ခေတ်ကာလဖြစ်၏။
မြင်ရ ကြားရတာတွေလည်း
စိတ်မချမ်းမြေ့စရာတွေ
များလှ၏။
သတိသံဝေဂယူပြီး
ကုသိုလ်တရားတွေနဲ့
မိမိကိုယ်ကို ကာကွယ်
စောင့်ရှောက်ရမယ်အချိန်ဖြစ်၏။

ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားသူတွေဟာ
မိမိအသက်အန္တရယ်အတွက်
သွားလေရာ သက်တော်စောင့်ခေါ်သွားသကဲ့သို
ဗုဒ္ဓဘာသာဝင်တွေလည်း
မျက်နှာသစ်ရင်း
ရေချိုးရင်း
ကားစီးရင်း
ဆိုင်ကယ်စီးရင်း
အလုပ်လုပ်ရင်း
ထမင်းဟင်းချက်ရင်း
မိမိအတွက် အန္တရာယ်လည်းကင်း
ကုသိုလ်လည်းရ
အပါယ်လည်းမကျအောင်
အနည်းဆုံး သရဏဂုံသုံးပါးကို
စွဲမြဲစွာ ထုံးထားကြမယ်....။

အမိမြန်မာပြည်နဲ့တကွ
တစ်ကမ္ဘာလုံး ကပ်သုံးပါးဘေးမှ
ကင်းဝေးပါစေ....

အားလုံးကို ချစ်ခင်လေးစားစွာဖြင့်....

လင်းအောင်(ရွှေနံ့သာ)

Photos from 𝐀𝐋𝐚𝐰𝐧's post 19/09/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon