Winky Winky she should shine.

Winky Winky she should shine.

Share

As in my mind.

08/10/2024

သူမ ကျွန်တော်ကို မချစ်တော့မှာ ကြောက်​နေခဲ့သလို၊
ကျွန်​တော်မဟုတ်တဲ့ အခြားတစ်ယောက်ကို သူမ ချစ်မိသွားမှာကိုလဲ ကြောက်ခဲ့မိပါတယ်။

အမှတ်တရတွေအကုန်လုံးကို ကျွန်​တော်တစ်ယောက်ထဲပဲ သိမ်းထားရမှာ ကြောက်ခဲ့မိသလို၊
အဲ့အမှတ်တရတွေက သူမ ဘဝအတွက် ဘာမှမဟုတ်အရေးမကြီးခဲ့တဲ့ အရာ​တွေဖြစ်သွားမှာကိုလဲ
ကြောက်ခဲ့မိပါတယ်။

သူမရဲ့ မျက်နှာလေးကို လက်ဖြင့် သေချာထိတွေ့ခဲ့ရချိန်မှာ ကျွန်​တော့် ဘဝရဲ့ ချစ်ရသော ဖြစ်တည်မူလေးပါလားလို့ တွေးရင်း၊
ဆုံးရူံးသွားရမှာကိုလဲ ကြောက်နေခဲ့ ဖူးပါတယ်။

ကျွန်​တော်ကြောက်ခဲ့ရသော အရာများ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ၊ အကြောက်တရား တွေအားလုံးကို ရင်ဆိုင်​ဖို့ ခွန်အားမရှိခဲ့တဲ့ အခါ၊
မိမိ့ကိုကိုယ် လိမ်ညာ နှစ်သိမ့်ခြင်းဖြင့်
ရှေ့ဆက်ခဲ့ရပါတယ်။

အကယ်၍များ တစ်နေ့နေ့မှာ ကျွန်တော်လဲ လွှတ်လပ်စွာပြိုလဲခွင့်ရအုန်းမယ်ဆိုရင်၊
သူမနဲ့ပါတ်သတ်သမျှ​တွေကို
နားကျည်း တတ်လာမယ် ထင်ပါရဲ့ဗျာ။

06/10/2024

အတိတ်ကြောင့်...ဝေးခဲ့ရတယ်၊
လက်ရှိကြောင့်...ဝေးနေရတယ်၊
အနာဂါတ်ကြောင့်...နာကျင်ရအုန်းမယ်ဆိုရင်
ငါဘယ်လိုရုန်းထွက်ရမလဲ အဖြေကရှင်းပါတယ်
အဲ့အဖြေကို မလိုချင်မိရုံသက်သက်ပဲ။

21/05/2024

မင်းမရှိတော့တဲ့၊ ငါ့ရဲ့ညနေခင်းမှာ
အရာရာဟာ၊ တိတ်ဆိတ်ခြောက်ကပ်သွား။
မင်းရဲ့အပြုံးလေးများကို၊ မြင်ချင်လိုက်တာ
နေဝင်ချိန်တွေတောင်၊ အစားထိုးမရ။
ငါ့ရဲ့စိတ်ကိုငါ၊ မပိုင်ဆိုင်တဲ့အခါ
မင်းရှိတဲ့အရပ်ကို၊ ပြေးလို့သွား။
မင်းပြောဖူးတယ်၊ အချိန်တန်ရင်
အဆင်ပြေသွားမှာ၊ အဆင်ပြေရင်တောင်
မင်းမရှိတော့ပါ။

13/02/2024

ကျွန်တော်လဲ ချစ်မိခဲ့တဲ့လူတွေတည်းက တစ်ယောက်အပါအဝင် သူ့ကိုချစ်ကြောင်းတွေ သတိရနေသေးကြောင်းတွေ ပြောပြချင်မိ​သော်ငြားလည်း ကို့ရဲ့ဆန္ဒဟာ သူ့အတွက် စိတ်အနှောက်အယှက် တစ်ခုအဖြစ်နေရာယူသွားမှာ ကျွန်တော်မလိုလားခဲ့ ဒါကြောင့် ကျွန်တော်ဟာတိတ်ဆိတ်ခြင်းကိုသာရွေးချယ်ခဲ့ပါတယ်
တစ်နေ့ကျ တိတ်ဆိိတ်​ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ရွေးချယ်မှုကိုသာ ရွေးချယ်ပါရစေ
ကျွန်​တော်ရည်ရွယ်သော တစ်​နေ့ဆိုတာ မနက်ဖြန် လောကကြီးကထွက်ခွာသွားရတော့မယ်ဆိုရင် ဒီလိုညမျိုးပေါ့။

16/01/2024

ဘာလိုလိုနဲ့ငါမင်းဆီကပြေးထွက်ခဲ့တာတောင်အတော်ကြာလို့အဝေးဆုံးကိုရောက်နေပြီပဲ ဘာဖြစ်လို့ငါ့ရဲ့ရဲ့မျက်လုံးတွေက မင်းကိုမမြင်မတွေ့နိုင်တော့မှန်းမှန်းသိသိနဲ့ လှည့်ကြည့်နေမိရတာလဲ?
လောကမှာ ဘယ်သူမှမပြည့်စုံနိုင်ဘူးဆိုတာကို ငါသိလျက် ဘာကြောင့်ငါ ကြယ်တွေမြင်တိုင်း မင်းလေးပြည်စုံဖို့ဆုတောင်းရင်း မျော်လင့်နေမိရတာလဲ?
ဒါတွေဟာ ငါ့ကိုငါအမြဲမေးမိနေတဲ့မေးခွန်းတွေပေါ့ ဒီမေးခွန်းတွေရဲ့အဖြေက မင်းကိုငါအမြဲပြောပြနေမိတဲ့စကားလုံးတွေထဲမှာပါနေခဲ့တာပဲ တွေးကြည့်ရင်တော့ ရိုးရှင်းပါတယ် ဒီလိုရိုးရှင်းတဲ့အဖြေကိုလက်ခံပြီးနောက် ငါ့ရဲ့နေ့ရက်တိုင်းရဲ့အတွေးတော်တော်များများမှာ မင်းကမပါမဖြစ်ပါပဲ အသားကျသွားခဲ့တယ်ထင်ပါရဲ့ ငါ့ရဲ့အသိစိတ်ကလေးရယ် ငါ့ကိုယ်စားငါကပဲတောင်းပန်ပါတယ်။

10/11/2023

အတိတ်ကိုမှာမနေထိုင်သင့်တာသိသော်လည်း
အတိတ်မှာပဲကျန်နေခဲ့တော့တဲ့ အရာတစ်ချို့ကိုစွဲလမ်းမိတဲ့ ကိုဟာအတိတ်မှာပဲနေထိုင်ဆဲ…..

10/08/2023

ပျော်ရွင်ရခြင်းဆိုတဲ့အရာကိုတစ်ဖက်သောသူအပေါ်ထားပေးလိုက်ရတဲ့အခါ ငါတို့တွေပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာတွေကဘယ်အရေးပါ ပါတော့ပါ့မလဲ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Somewhere
Yangon
11011