Healthy Lady

Healthy Lady

Share

ကိုယ်ဝန်ဆောင်နှင့် မီးယပ်ရောဂါကျန်းမာရေးအကြံပေး ကိုယ်ဝန်ဆောင်နှင့် မီးယပ်ကျန်းမာရေးအကြံပေး (Maternatiny and Gynaecology Advisor)

Photos from Healthy Life Journal's post 31/08/2026

သင့်ကိုယ်ထဲမှာ ပျော်ရွှင်မှုဟော်မုန်းတွေ အထွက်တိုးဖို့
ဘာတွေ လုပ်သင့်သလဲ
(၁) အန်ဒေါ်ဖင်-စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း
▶ လေ့ကျင့်ခန်းလုပ်ပါ။
▶ ရယ်မောပါ။
▶ အညိုရောင် ချောကလက်စားပါ။
(၂) ဆီရိုတိုနင်-ပျော်ရွှင်မှုပေးတဲ့ ဟော်မုန်း
▶ နေခြည်နွေးနွေးခံယူပါ။
▶ ရေနွေးနွေးနဲ့ ရေချိုးပါ။
▶ ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
(၃) အောက်ဆီတိုစင်-ချစ်ခြင်းမေတ္တာဟော်မုန်း
▶ ပွေ့ဖက်ပါ။
▶ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ။
▶ ကြင်နာခြင်းကို ပြသပါ။
(၄) ဒိုပါမင်း-စိတ်ကျေနပ်မှုပေးတဲ့ ဟော်မုန်း
▶ ပန်းတိုင်ချမှတ်ပြီး အရောက်လှမ်းပါ။
▶ တေးသီချင်းကို နားဆင်ပါ။
▶ အိပ်ရေးဝ၀ အိပ်ပါ။

31/08/2026

သူတို့ပျော်စေမယ့် အမူအကျင့်များ
(၁) နှလုံးအတွက်- လမ်းလျှောက်ပေးပါ။
(၂) ဦးနှောက်အတွက်- အိပ်ရေးဝ၀ အိပ်ပေးပါ။
(၃) အရိုးအတွက်-နံနက်ခင်း နေခြည်နုနု ခံယူပေးပါ။
(၄) အဆုတ်အတွက်-အသက်ပြင်းပြင်း ရှူသွင်း/ ရှူထုတ်ပေးပါ။
(၅) မျက်စိအတွက်-Screen ကြည့်တာကို ပုံမှန် အနားပေးပါ။
(၆) အာရုံကြောစနစ်အတွက်-အသစ်တွေကို သင်ယူလေ့လာပေးပါ။
(၇) စိတ်ကျန်းမာရေးအတွက်-ချစ်တဲ့သူတွေနဲ့ အချိန်ပေးပါ။
(၈) ခန္ဓာကိုယ်ဇီဝနရီမှန်ဖို့အတွက်-အိပ်-နိုးစနစ်ကို နေ့စဉ်ပုံမှန်ထားရှိပေးပါ။
(၉) ကျောက်ကပ်အတွက်-ရေအလုံအလောက် သောက်ပေးပါ။
(၁၀) ကိုယ်ခံအားစနစ်အတွက်-ဟင်းလျာထဲ ကြက်သွန်ဖြူထည့်စားပေးပါ။

သူတို့ပျော်စေမယ့် အမူအကျင့်များ
(၁) နှလုံးအတွက်- လမ်းလျှောက်ပေးပါ။
(၂) ဦးနှောက်အတွက်- အိပ်ရေးဝ၀ အိပ်ပေးပါ။
(၃) အရိုးအတွက်-နံနက်ခင်း နေခြည်နုနု ခံယူပေးပါ။
(၄) အဆုတ်အတွက်-အသက်ပြင်းပြင်း ရှူသွင်း/ ရှူထုတ်ပေးပါ။
(၅) မျက်စိအတွက်-Screen ကြည့်တာကို ပုံမှန် အနားပေးပါ။
(၆) အာရုံကြောစနစ်အတွက်-အသစ်တွေကို သင်ယူလေ့လာပေးပါ။
(၇) စိတ်ကျန်းမာရေးအတွက်-ချစ်တဲ့သူတွေနဲ့ အချိန်ပေးပါ။
(၈) ခန္ဓာကိုယ်ဇီဝနရီမှန်ဖို့အတွက်-အိပ်-နိုးစနစ်ကို နေ့စဉ်ပုံမှန်ထားရှိပေးပါ။
(၉) ကျောက်ကပ်အတွက်-ရေအလုံအလောက် သောက်ပေးပါ။
(၁၀) ကိုယ်ခံအားစနစ်အတွက်-ဟင်းလျာထဲ ကြက်သွန်ဖြူထည့်စားပေးပါ။

30/08/2026

ထမင်းများများစားရင် ဆီးချိုဖြစ်နိုင်တယ်ဆိုတာ မှန်ပါသလား

30/08/2026

ဒါတွေကို သင့်ခန္ဓာကိုယ်က မကြိုက်ပါဘူး...
(၁) ကြာရှည် အိပ်ရေးမဝတာ
အိပ်ရေးမဝတာ ညပေါင်းများစွာဖြစ်လာရင် အာရုံစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်၊ စိတ်ခံစားမှုနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။

(၂) အကြာကြီး ထိုင်တာ
တစ်နေ့တာအတွင်း အချိန်အကြာကြီးထိုင်တာက သွေးလှည့်ပတ်မှုစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် နှလုံးနဲ့ သွေးကြောတွေအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။

(၃) ရေအလုံအလောက် မသောက်တာ
ရေဓာတ်ခမ်းခြောက်တာက ကျောက်ကပ်အပေါ် ဖိအားသက်ရောက်စေနိုင်ပြီး စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့နဲ့ ကိုယ်တွင်း အရည်ဓာတ် ဟန်ချက်ညီစေဖို့ ခက်ခဲသွားတတ်ပါတယ်။

(၄) စိတ်ဖိစီးမှုများလွန်းတာ
မထိန်းချုပ်နိုင်လောက်အောင် စိတ်ဖိစီးမှုတွေများတာက ကော်တီစောဓာတ်ကို များများထွက်ရှိစေပြီး တစ်ကိုယ်လုံး နာကျင်တာ၊ ဖျားလွယ်တာ စတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

(၅) သကြား/အချိုအလွန်အမင်း စားတာ
သကြား/အချိုအလွန်အမင်းစားတာက ခံတွင်းထဲမှာ ဘက်တီးရီးယားပေါက်ပွားမှုများစေပြီး သွားကျောက်တည်တာ၊ သွားပိုးပေါက်ဖြစ်တာနဲ့ သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

29/08/2026

ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါ( Dementia)ကို ကာကွယ်နိုင်သလား?

ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါ( Dementia)ကို ကာကွယ်နိုင်သလား?
▶ အသက် ၁၈ နှစ်အောက်မှာ အသိဥာဏ်ချို့ယွင်းရင် အသိဥာဏ်မသန်စွမ်းခြင်း(Intellectual disability-ID )လို့ ခေါ်တယ်၊ အသက် ၁၈ နှစ်ကျော်မှ အသိဥာဏ်ကျဆင်းချို့ယွင်းလာရင် ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါ(Dementia)လို့ ခေါ်ပါတယ်။ Dementia ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းများရဲ့ ၅၅% က ကာကွယ်လို့”မရ”သေးတဲ့ အကြောင်းရင်းများဖြစ်ပါတယ်၊ ဥပမာ- ဗီဇမျိုးစေ့အပြောင်းအလဲကြောင့်ဖြစ်တဲ့ Alzheimer’s ရောဂါ, Pick disease စသည်တို့ဖြစ်တယ်။ ယခုအပတ်ဆောင်းပါးမှာ ကာကွယ်လို့ရတဲ့ ငယ်မူပြန်မှတ်ဥာဏ် ချို့ယွင်းရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကို တင်ပြဆွေးနွေးပါမယ်။
▶ Dementia ဖြစ်ပွားမှုနည်းပါးအောင် ကာကွယ်နိုင်တဲ့ အကြောင်းအရင်းများရှိတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ (၂၀၂၆)က အဆိုပြုထားတယ်၊ ၎င်းအကြောင်းရင်းများကို အုပ်စုခွဲပြီး ဖော်ပြလိုက်ပါတယ်။
(၁) ဦးနှောက်သွေးကြောကျဥ်းစေတဲ့ ရောဂါများ‌
------------------------------------------
ဥပမာ-သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးအတွင်းအဆီ များနေခြင်း စတဲ့ ရောဂါများဖြစ်တယ်၊ အဲဒီရောဂါတွေ စတင်မဖြစ်ပွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ ရောဂါဖြစ်ပေါ်လာရင်လည်း ထိန်းချုပ်နိုင်တယ်၊ အဲဒီရောဂါတွေအတွက် လုံလောက်တဲ့ ကုသမှုမရရှိရင် ဦးနှောက်‌သွေးကြောကျဥ်းခြင်း/သွေးကြောပိတ်ခြင်းဖြစ်နိုင်တယ်၊ ဦးနှောက်ကလာပ်စည်းများကို သေကြေပျက်စီးစေတယ်၊ “ဦးနှောက်သွေးကြောကျဥ်း-ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါ”( Vascular dementia) ဖြစ်ပွားစေတယ်။ ငယ်မူပြန် မှတ်ဥာဏ်ချို့ယွင်းရောဂါအားလုံးရဲ့ ၂၀% မှ ၂၅% က Vascular dementiaရောဂါအမျိုးအစား ဖြစ်ပါတယ်။

(၂) ဦးနှောက်ဒဏ်ရာရရှိခြင်း (Traumatic brain injury-TBI)
------------------------------------------
ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါအားလုံးရဲ့ ၅% မှ ၁၅% က TBI ကြောင့်ဖြစ်ပေါ်လာတာပါ၊ အလွန်အမင်းပြင်းထန်တဲ့ TBI တစ်ကြိမ်တစ်ခါခံစားရရုံနဲ့ Dementiaရောဂါ ရရှိနိုင်တယ်၊ ဒါကြောင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ ယဥ်တိုက်မှုစတဲ့ မတော်တဆဖြစ်ပေါ်မှု လျော့နည်းအောင် ကာကွယ်ရမယ်၊ မတော်တထိခိုက်မှု ဖြစ်ပွားခဲ့ရင်လည်း ဦးနှောက်ဒဏ်ရာ မရရှိအောင် ကာကွယ်နည်းများ (ဥပမာ-အမာခံဦးထုပ်ဆောင်းစေခြင်း၊ ကားထိုင်ခုံ ခါးပတ်ပတ်ခြင်း)ကို လိုက်နာစေဖို့ ဥပဒေများထားရှိပါတယ်၊ မပြင်းထန်ပေမဲ့ ဦးနှောက်ဒဏ်ရာ အကြိမ်ကြိမ်ရရှိရင်လည်း Dementiaရောဂါ ရရှိနိုင်တယ်၊ Chronic traumatic encephalopathy (CTE)လို့ခေါ်ပါတယ်၊ ဒါကြောင့် လက်ဝှေ့ထိုးခြင်းနဲ့ အချင်းချင်း ထိတွေ့ရတဲ့ အားကစားနည်း(ဥပမာ Rugby)တွေမှာ လေ့ကျင့်စဥ်ဖြစ်စေ၊ ပြိုင်ပွဲမှာဖြစ်စေလိုအပ်တဲ့ ဦးထုပ်ကိုဆောင်းဖို့ သတ်မှတ်ချက်များရှိတယ်။

(၃) ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်းအကျင့်နဲ့ လေထုညစ်ညမ်းခြင်း
------------------------------------------
ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါအားလုံးရဲ့ ၃% ကျော်က ဆေးလိပ်စွဲခြင်း၊ အရက်စွဲခြင်းနဲ့ သက်ဆိုင်ပါတယ်၊ ဆေးလိပ်ထဲမှာပါရှိတဲ့ နီကိုတင်းနဲ့ တခြားဓာတ်ပေါင်းတွေက ဦးနှောက် သွေးကြောမွှာလေးများကို ကျဉ်းစေ၊ ရှုံ့စေတယ်၊ ဒါကြောင့် “အသေးစား ဦးနှောက်လေဖြတ်ခြင်း” (mini-strokes) ဖြစ်ပေါ်နိုင်ခြေ များပြားလာနိုင်တယ်၊ အရက်က ဦး‌နှောက်ကလာပ်စည်းများကို သေကြေပျက်စီးစေတယ်၊ ဦးနှောက်အတွက်အရေးပါတဲ့ ဗီတာမင် (ဥပမာ-ဘီ-၁) စုပ်ယူမှုကို လျော့နည်းစေတယ်၊ အရက်စွဲသူများထဲမှာ ၁၀% ကျော်က dementiaရောဂါ ခံစားလာရတယ်။
ကွမ်းယာစားခြင်းအကျင့်ကြောင့် ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရရှိနိုင်ခြေက (ကွမ်းယာမစားသူထက်) ၂၀% မှ ၃၀% အထိ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊ ကွမ်းသီး(areca nut)မှာပါရှိတဲ့ arecoline ဓာတ်တစ်မျိုးက အသိဥာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းတွေကို ထိခိုက်စေနိုင်တယ်... ကွမ်းယာမှာသုတ်ပေးတဲ့ ထုံးရည်(slaked lime-calcium hydroxide)က arecoline ဓာတ်စုပ်ယူမှုကို အားပေးတယ်၊ dementia ဖြစ်ပွားနိုင်ခြေလျော့နည်းချင်ရင် ကွမ်းယာစားတဲ့အကျင့်ကိုရှောင်ရမယ်၊ လေထုညစ်ညမ်းခြင်းဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့တွေကဦးနှောက်ကို ပျက်စီးစေတယ်။ အထူးသဖြင့် မော်တော်ယာဥ်လောင်စာ၊ တောမီး၊ ထင်းမီးနဲ့ မီးသွေးသုံးလျှပ်စစ်ဓါတ်အားထုတ်ပေးစက်ရုံများမှ ထွက်လာတဲ့ အငွေ့တွေထဲမှာ သေးငယ်တဲ့ အရွယ်အစား (2.5 micrometer)ရှိတဲ့ (PM 2.5) အမှုန့်‌သေးကလေးများ ပါရှိတယ်၊ အဲဒီအမှုန့်‌သေးကလေးတွေက နှာခေါင်းအသားနုမှ တဆင့် ဂန္ဓာအာရုံကြော(Olfactory nerve) ထဲကိုတိုက်ရိုက်ဝင်သွားနိုင်တယ်၊ အဲဒီကနေ ဦးနှောက်ထဲကို ရောက်သွားတယ်၊ ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေတယ်၊ ဦးနှောက်ကလာပ်စည်းများကို ပျက်စီးစေတယ်၊ dementia ရောဂါခံစားရသူအားလုံးရဲ့ ၂% မှ ၅%က လေထုညစ်ညမ်းခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

(၄) နားလေး(နားထိုင်း)ခြင်း
--------------------------
အသက် ၄၅နှစ် မှ ၆၅ နှစ်အတွင်း နားလေးခြင်းကိုကုသမှု( ဥပမာ-hearing aid) မရရှိရင် ငယ်မူပြန် မှတ်ဥာဏ်ချို့ယွင်းရောဂါဖြစ်ပေါ်နိုင်ခြေများပြားလာတယ်၊ dementia ရောဂါရှိသူအားလုံးရဲ့ ၇% က နားလေးနားထိုင်းခြင်းနဲ့ဆက်စပ်မှုရှိကြောင်းတွေ့ရှိရတယ်၊ ဘာကြောင့်လဲ၊ နားလေးရင် ကြားရတဲ့ အသံက မသဲမကွဲဖြစ်နေတော့ ဦး‌နှောက်က နားလည်နိုင်ဖို့ခက်ခဲတယ်၊ ဦးနှောက်က ပိုမို အားစိုက်နေရတယ်၊ ဒါကြော့င် အသိဥာဏ်ပိုင်းအတွက်အသုံးပြုရမဲ့ ခွန်အားတွေ ယုတ်လျော့သွားပါတယ်၊ အသံကြားခြင်းနဲ့သက်ဆိုင်တဲ့ “နားထင်အောက်ဦးနှောက်ပိုင်း”(temporal lobe) မှာ လှုံ့ဆော်မှုနည်းပါးလာလို့ ‌‌သေးငယ်လာတယ်၊အဲဒီဦးနှောက်ပိုင်းက မှတ်ဥာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းတစ်ခုဖြစ်ပါတယ်၊ နားလေးတဲ့သူက တဖြည်းဖြည်းအပေါင်းအသင်းနည်းလာတတ်တယ်၊ လူအများနဲ့ပေါင်းသင်းဆက်ဆံမှုလျော့နည်းခြင်းက dementia ရောဂါဖြစ်ပေါ်မှုကို အားပေးတဲ့ အချက်တစ်ခုဖြစ်ပါတယ်၊ အသက် ၅၀ ပတ်ဝန်းကျင်မှာ နားလေး‌နားထိုင်းလာခြင်း ရှိ၊မရှိ စစ်‌ဆေးပြီး လိုအပ်သလိုပြုပြင်ကုသပေးခြင်းရင် dementia ရောဂါအချို့ကိုကာကွယ်နိုင်ပါတယ်၊

(၅) တကိုယ်တည်း(အထီးကျန်) နေတတ်တဲ့အကျင့်
------------------------------------------
social isolationက ငယ်မူပြန်မှတ်ဥာဏ် ချို့ယွင်းရောဂါ ဖြစ်နိုင်ခြေများပြားစေတယ်၊ ဘာကြောင့်လဲ၊ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုခြင်းနည်းပါးရင် နားထောင်တာ၊ ဆင်ခြင်စဥ်းစားတာ၊ မှတ်ဥာဏ်ကို အသုံးပြုတာစတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေ လျော့နည်းလာမယ်၊ တယောက်တည်း နေပါများရင် ဖိစီးမှုဟော်မုန်း(cortisol) မညီမျှမှု ရှိလာမယ်၊ ကြာရှည်မှာ ဦးနှောက်ကလာပ်စည်း လုပ်ငန်းများကို ထိခိုက်လာနိုင်တယ်၊ တကိုယ်တည်းနေတတ်သူက စိတ်ကျရောဂါကိုပိုမိုခံစားရမယ်၊ အထီးကျန်နေတတ်သူများမှာ ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါဖြစ်ပွားနိုင်ခြေက (ပုံမှန်လူများထက်) ၅၀% မှ ၆၀% အထိမြင့်မားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပြထားပါတယ်။

(၆) စိတ်ကျရောဂါ
-----------------
စိတ်ကျရောဂါကြာရှည်စွာခံစားလာရရင် ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါဖြစ်ပွါးနှုန်းက (စိတ်ကျရောဂါမခံစားရသူများထက်) ၂ ဆ ပိုမိုလာတယ်လို့သိရတယ်၊ ဘာကြောင့်လဲ။ စိတ်ကျရောဂါကြာရှည်ခံစားလာရရင် ဦးနှောက်ထဲမှာ ဖိစီးမှုဟော်မုန်း (ကော်တီစုန်းဟော်မုန်း) များပြားလာတယ်၊ ဒါကြောင့် မှတ်ဥာဏ်အတွက်အရေးကြီးတဲ့ hippocampus ဦးနှောက်ပိုင်းက သေးငယ်လာတယ်၊ ဖိစီးမှုများလာရင် Alzheimer’s ရောဂါဖြစ်စေတဲ့ amyloid beta လို့ခေါ်တဲ့ ပရိုတိန်းထုတ်လုပ်မှုများလာပြီး အဆိုင်အခဲဖြစ်လာတယ်၊ ဦးနှောက်ကလာပ်စည်းတွေကို ပျက်စီးစေတယ်၊ တကိုယ်တည်းအထီးကျန်နေတတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု မလုပ်လိုခြင်း စတဲ့ အပြုအမူများက စိတ်ကျရောဂါရဲ့လက္ခဏာများဖြစ်တယ်။

(၇) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
---------------------------------
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမှန်မှန်လုပ်ရင် အမြဲလိုလိုထိုင်နေ/လဲလျောင်းနေတတ်သူထက် dementia ရောဂါဖြစ်ပွားနိုင်ခြေ ၄၁% လျော့နည်းတယ်၊ ဘာကြောင့်လဲ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမှန်မှန်လေ့ကျင့်ရင် ဦးနှောက်တွင်းသွေးလည်ပတ်မှုများတယ်၊ ဦးနှောက်ကလာပ်စည်းတွေကို သန်မာစေတဲ့ BDNF ဓာတ် ပိုမိုထွက်ရှိလာတယ်၊ hippocampus ဦးနှောက်ပိုင်းပိုမိုကြီးထွားလာတာတွေ့ရတယ်၊ နောက်ပြီး နံပါတ်စဥ်(၁)မှာ ဖေါ်ပြထားတဲ့ ရောဂါတွေကိုလည်း သက်သာစေနိုင်တယ်။

(၈) ကျောင်းပညာရေးနိမ့်ကျခြင်း
-----------------------------
သူငယ်တန်းအဆင့်သာ ပညာင်ကြားခဲ့သူက အသက်ကြီးလာတဲ့အခါမှာ (ပညာအရည်အချင်း မြင့်မားသူများထက်) ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါဖြစ်ပွါးနိုင်ခြေ ၂ဆ မှ ၃ဆ အထိ မြင့်တက်လာတာတွေ့ရှိရတယ်၊ ဘာကြောင့်လဲ။
ကျောင်းပညာရေးအဆင့်မြင့်လာလေ ဦးနှောက်ကလာပ်စည်းအချင်ချင်း ဆက်သွယ်ပေးတဲ့ ဦးနှောက်အာရုံကြောမျှင်ဖြာထွက်မှုများပြားလာလေဖြစ်ပါတယ်၊ ဦးနှောက်ပိုင်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်ပေးတဲ့လမ်းကြောင်းတွေ ပိုမိုများပြားလာတယ်၊ ဒါကြောင့် အသက်ကြီးလာတဲ့အခါ ဦး‌နှောက်ကလာပ်စည်းအချို့ပျက်စီးသွားပေမယ့် ကျန်တဲ့ကလာပ်စည်းတွေကို အစားထိုးအသုံးပြုနိုင်တယ်၊ အိုစာမင်းစာအတွက် ငယ်စဥ်ကထဲကပစ္စည်းဥစ္စာ စုဆောင်းထားနိုင်သလိုပဲပေါ့၊ ပညာတတ်သူက ကျန်းမာရေးဗဟုသုတ ပိုမိုရရှိလာမယ်၊ ဝင်‌ငွေပိုကောင်းမယ်၊ ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပိုမိုလိုက်နာနိုင်ခြေရှိမယ်။ အထက်ဖော်ပြပါဆောင်ရန်‌၊ရှောင်ရန်အချက်အလက်တွေကို လိုက်နာကျင့်သုံးနိုင်ရင် ငယ်မူပြန်မှတ်ဥာဏ်ချို့ယွင်းရောဂါဖြစ်ပွားမှုကို ၄၅% နှုန်းအထိ လျှော့ချနိုင်ပါတယ်။
◾ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ◾

29/08/2026

၁၀မိနစ် ခပ်သွက်သွက်လမ်းလျှောက်တာက သင်ထင်တာထက် ပိုကောင်းကျိုးရှိပါတယ်။
▶ လမ်းလျှောက်ပြီး တစ်မိနစ်ကြာရင်
နှလုံးခုန်နှုန်း စတင်မြင့်တက်လာပါတယ်။
▶ လမ်းလျှောက်ပြီး နှစ်မိနစ်ကြာရင်
အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်း တိုးတက်လာပါတယ်။
▶ လမ်းလျှောက်ပြီး သုံးမိနစ်ကြာရင်
သွေးလှည့်ပတ်စီးဆင်းမှု ပိုကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး လေးမိနစ်ကြာရင်
ဦးနှောက်ဆီကို သွေးရောက်ရှိမှု ပိုအားကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး ငါးမိနစ်ကြာရင်
စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ် စတင် ထွက်ရှိလာပါတယ်။
▶ လမ်းလျှောက်ပြီး ခြောက်မိနစ်ကြာရင်
ပြန်ရည်ကြောစနစ်ရဲ့လုပ်ဆောင်မှု အားကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး ခုနစ်မိနစ်ကြာရင်
သွေးတွင်း သကြားဓာတ် စတင်တည်ငြိမ်လာပါတယ်။
▶ လမ်းလျှောက်ပြီး ၁၀မိနစ်ကြာရင်
နှလုံးနဲ့ သွေးကြောလုပ်ငန်းတွေ ပိုကောင်းမွန်လာပါတယ်။

၁၀မိနစ် ခပ်သွက်သွက်လမ်းလျှောက်တာက သင်ထင်တာထက် ပိုကောင်းကျိုးရှိပါတယ်။
▶ လမ်းလျှောက်ပြီး တစ်မိနစ်ကြာရင်
နှလုံးခုန်နှုန်း စတင်မြင့်တက်လာပါတယ်။
▶ လမ်းလျှောက်ပြီး နှစ်မိနစ်ကြာရင်
အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်း တိုးတက်လာပါတယ်။
▶ လမ်းလျှောက်ပြီး သုံးမိနစ်ကြာရင်
သွေးလှည့်ပတ်စီးဆင်းမှု ပိုကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး လေးမိနစ်ကြာရင်
ဦးနှောက်ဆီကို သွေးရောက်ရှိမှု ပိုအားကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး ငါးမိနစ်ကြာရင်
စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ် စတင် ထွက်ရှိလာပါတယ်။
▶ လမ်းလျှောက်ပြီး ခြောက်မိနစ်ကြာရင်
ပြန်ရည်ကြောစနစ်ရဲ့လုပ်ဆောင်မှု အားကောင်းလာပါတယ်။
▶ လမ်းလျှောက်ပြီး ခုနစ်မိနစ်ကြာရင်
သွေးတွင်း သကြားဓာတ် စတင်တည်ငြိမ်လာပါတယ်။
▶ လမ်းလျှောက်ပြီး ၁၀မိနစ်ကြာရင်
နှလုံးနဲ့ သွေးကြောလုပ်ငန်းတွေ ပိုကောင်းမွန်လာပါတယ်။

28/08/2026

အအေးမိတာလား၊ တုပ်ကွေးလား
------------------
ဒီဗီဒီယိုလေးမှာ အအေးမိခြင်း (Common cold) နဲ့ တုပ်ကွေး (Influenza)တို့ရဲ့ အဓိကကွာခြားချက်၊ အအေးမိခြင်းနဲ့ တုပ်ကွေးဖျားခြင်းဖြစ်ရင် ပြတတ်တဲ့ လက္ခဏာတွေ၊ ဖျားရင် အမြန်သက်သာအောင် လုပ်ရမယ့်နည်းလမ်းတွေ စတဲ့ကျန်းမာရေးဗဟုသုတတွေကို အဆုတ်နှင့်ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးဝင်းနိုင်က ဖြေကြားထားပါတယ်။

28/08/2026

သင့်စွမ်းအင်ကို သိသိသာသာ ကောင်းမွန်စေနိုင်တဲ့ နံနက်ခင်းအမူအကျင့်များ
(၁) နိုးနိုးချင်း ရေတစ်ဖန်ခွက် သောက်ပေးပါ။
(၂) နံနက်ခင်း နေခြည်နွေးနွေးအောက်မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
(၃) ၅ မိနစ်လောက် အကြောဆန့်လေ့ကျင့်ခန်း လုပ်ပေးပါ။
(၄) နံနက်စာမှာ ပရိုတင်းများများ ထည့်စားပေးပါ။
(၅) နံနက်စောစောမှာ ငန်လွန်း၊ ချိုလွန်းတာတွေ ဆင်ခြင်ပေးပါ။ (တစ်နေ့လုံး ရှောင်နိုင်လေ ကောင်းလေ)
(၆) နှစ်မိနစ်လောက် အသက်ပြင်းပြင်း ရှူသွင်း/ရှူ ထုတ်လုပ်ပေးပါ။
(၇) ရေချိုး၊ အလှပြင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစား ဝတ်ဆင်ပေးပါ။

သင့်စွမ်းအင်ကို သိသိသာသာ ကောင်းမွန်စေနိုင်တဲ့ နံနက်ခင်းအမူအကျင့်များ
(၁) နိုးနိုးချင်း ရေတစ်ဖန်ခွက် သောက်ပေးပါ။
(၂) နံနက်ခင်း နေခြည်နွေးနွေးအောက်မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
(၃) ၅ မိနစ်လောက် အကြောဆန့်လေ့ကျင့်ခန်း လုပ်ပေးပါ။
(၄) နံနက်စာမှာ ပရိုတင်းများများ ထည့်စားပေးပါ။
(၅) နံနက်စောစောမှာ ငန်လွန်း၊ ချိုလွန်းတာတွေ ဆင်ခြင်ပေးပါ။ (တစ်နေ့လုံး ရှောင်နိုင်လေ ကောင်းလေ)
(၆) နှစ်မိနစ်လောက် အသက်ပြင်းပြင်း ရှူသွင်း/ရှူ ထုတ်လုပ်ပေးပါ။
(၇) ရေချိုး၊ အလှပြင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစား ဝတ်ဆင်ပေးပါ။

27/08/2026

ဆွေးနွေးအဖြေရှာ အမျိုးသားကျန်းမာရေးပြဿနာဆိုတဲ့ စကားဝိုင်းလေးကို MCအောင်ပြည့်ဖြိုးနဲ့အတူ ဒေါက်တာစိုပြေ၊ ဒေါက်တာအောင်တို့က တင်ဆက်ပေးထားပါတယ်။ အမျိုးသားတွေ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ခက်ခဲတတ်ကြတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာလေးတွေကို သိရှိနားလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစကားဝိုင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

27/08/2026

ကြက်ဥကို ဘာလို့ အာဟာရတန်ဖိုး မြင့်မားတဲ့အစာလို့ တင်စားကြတာလဲ
(၁) ပရိုတင်းဓာတ် ပါဝင်မှုမြင့်မားခြင်း
ကြွက်သားတင်းရင်းသန်စွမ်းမှုကို အားပေးပါတယ်။
(၂) ဗီတာမင် ပါဝင်မှုများခြင်း
ဗီတာမင် အေ၊ ဒီ၊ အီး၊ B12နဲ့ ဖောလိတ်တို့ ပါဝင်ပါတယ်။
(၃) ကိုလင်းဓာတ် ပါဝင်ခြင်း
ဦးနှောက်နဲ့ အာရုံကြောလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။
(၄) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ပါဝင်ခြင်း
စွမ်းအင်အရင်းအမြစ်ကို ရရှိစေပါတယ်။
(၅) မျက်စိကျန်းမာရေး ကောင်းစေခြင်း
လူတင်နဲ့ ဇီဇန်သင်းဓာတ် ပါဝင်လို့ပါ။
(၆) သတ္တုဓာတ် ပါဝင်ခြင်း
သံဓာတ်၊ ဇင့်ဓာတ်၊ ဆီလီနီယမ်နဲ့ ဖော့စ်ဖရပ်စ် ပါဝင်ပါတယ်။
(၇) ကိုယ်အလေးချိန် ထိန်းပေးခြင်း
ပရိုတင်းပါဝင်မှုများပြီး ကယ်လိုရီပါဝင်မှုနည်းလို့ ဝိတ်ထိန်းလိုသူတွေအတွက် သင့်တော်ပါတယ်။
(၈) ကိုယ်ခံအား ကောင်းစေခြင်း
မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်မှုများပြီး အာဟာရမျှတစွာ ရရှိစေလို့ ဖြစ်ပါတယ်။

ကြက်ဥကို ဘာလို့ အာဟာရတန်ဖိုး မြင့်မားတဲ့အစာလို့ တင်စားကြတာလဲ
(၁) ပရိုတင်းဓာတ် ပါဝင်မှုမြင့်မားခြင်း
ကြွက်သားတင်းရင်းသန်စွမ်းမှုကို အားပေးပါတယ်။
(၂) ဗီတာမင် ပါဝင်မှုများခြင်း
ဗီတာမင် အေ၊ ဒီ၊ အီး၊ B12နဲ့ ဖောလိတ်တို့ ပါဝင်ပါတယ်။
(၃) ကိုလင်းဓာတ် ပါဝင်ခြင်း
ဦးနှောက်နဲ့ အာရုံကြောလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။
(၄) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ပါဝင်ခြင်း
စွမ်းအင်အရင်းအမြစ်ကို ရရှိစေပါတယ်။
(၅) မျက်စိကျန်းမာရေး ကောင်းစေခြင်း
လူတင်နဲ့ ဇီဇန်သင်းဓာတ် ပါဝင်လို့ပါ။
(၆) သတ္တုဓာတ် ပါဝင်ခြင်း
သံဓာတ်၊ ဇင့်ဓာတ်၊ ဆီလီနီယမ်နဲ့ ဖော့စ်ဖရပ်စ် ပါဝင်ပါတယ်။
(၇) ကိုယ်အလေးချိန် ထိန်းပေးခြင်း
ပရိုတင်းပါဝင်မှုများပြီး ကယ်လိုရီပါဝင်မှုနည်းလို့ ဝိတ်ထိန်းလိုသူတွေအတွက် သင့်တော်ပါတယ်။
(၈) ကိုယ်ခံအား ကောင်းစေခြင်း
မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်မှုများပြီး အာဟာရမျှတစွာ ရရှိစေလို့ ဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Hlaing
Yangon

Opening Hours

Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00