Losing street by Sein

Losing street by Sein

Share

Let's smart people at the top

13/08/2023

တန်ဖိုးထားခြင်း❗

📝စိမ်းတို့ လူတွေတိုင်းက အားပေးမှုကို လိုအပ်ကြတယ်။အများစုက ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သူတွေ မဟုတ်ကြပါဘူး။ စိမ်းတို့မှာ အတိုင်းအတာ တစ်ခုအထိ သိမ်ငယ်စိတ်ရှိကြတယ်။ဒါကြောင့် အားပေးမှုက အင်မတန်မှ အရေးကြီးပါတယ်။

📝‌ေနာက်တစ်ချက်က စိမ်းတို့တွေက မိတ်ဆွေအချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ပြီးမနေသင့်ပါဘူး။အလျော့ပေးလိုက်တာ စိမ်းတို့ရဲ့ကျရှုံးခြင်းမဟုတ်ပါဘူး၊စိမ်းတို့မှာ လူချစ်လူခင်ပေါများလာတာ စိမ်းတို့ရဲ့အောင်မြင်မှုပါ။

📝အလုပ်ထဲမှာလည်း စိမ်းတို့တွေ တွေ့ရပါတယ် အထက်ဖားအောက်ဖိ ဆိုတာမျိုးတွေ ။ ဒါတွေဟာ အရည်အချင်း မရှိတဲ့ လူတွေရဲ့ လုပ်ရပ်တွေဆိုတာ စိမ်းတို့တွေ ၁၀၀%သိထားပြီးသားပါ။
ဒါကြောင့် စိမ်းတို့ ရိုးသားစွာနဲ့ကြိုးစားရပါမယ်။တကယ်တော်တဲ့ အလုပ်ရှင်တိုင်းဟာ တကယ် အရည်အချင်းရှိတဲ့ ဝန်ထမ်းကို အမြဲ အကဲခတ်နေတာ စိမ်းရဲ့ ကိုယ်တွေ့ပါ။

နောက်ပြီးတော့ စိမ်းတို့တွေ သေးငယ်တဲ့ အရာအသေးအဖွဲလေးတွေ မှာ ဖြစ်တတ်တဲ့ ဟာလေးတွေကို အကြီးအကျယ်ကြီး ချဲ့မတွေးစေချင်ပါဘူး
အဲလိုသာ ချဲ့နေမယ်ဆိုရင် ကြီးကျယ်ပျော်ရွှင်စရာ ကောင်းတဲ့ အချက်တွေကို စိမ်းတို့လက်လွှတ်လိုက်ရတော့မှာပါ။
ဒါကို စိမ်းက စိမ်းဖတ်ဖူးတဲ့ စာအုပ်ထဲက အကြောင်းအရာလေးတစ်ချို့နဲ့ ဉပမာလေး ဖော်ပြပေးလိုက်ပါတယ်နော်
happy world

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon