Ma Khin Zar

Ma Khin Zar

Share

အလှအပနှင့်ကျန်းမာရေးဗဟုသုတများကို မျှဝေသွားပါမည်။

12/08/2023

#လူတစ်ယောက်ကျန်းမာချင်ရင် -

- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။

#လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။

#သွေးသန့်အောင်ပြုပြင်မယ်

သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ္ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။

အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။

- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

- အဖတ္ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

ဆီးသန့်အောင် ဆောင်ရွက်မယ်

- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။

- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ခ်က္စားပါ။

- ဆေးကုလားမ ဖျော်ရည်သောက်ပါ။

- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။

#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။

- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။

- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မမ်ားရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။

- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။

(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ

အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

#ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက္ကို တစ္ကိုယ္လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်။

ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါတယ်။

29/07/2023

ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ

လေ့လာ တွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက် အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါး ကလည်း လက်ခံထားကြပါတယ် ။
ည ၁၁ ကနေ ၃ နာရီ အတွင်း အနားမယူပဲ အလုပ် တစ်ခုခု လုပ်နေမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ချက်ချင်း မဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။
အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိက အရေးကြီးဆုံး အလုပ် လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန် အတွင်း မှာ လူတို့ စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေ နဲ့ မလိုအပ်တဲ့ အရာတွေကို စစ်ထုတ်ပေးနေရပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ်။
အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေ ထိခိုက် လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်း မကောင်းတော့ရင် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်တွေ ပုံမှန် မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်း တစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင်ကျန်တဲ့ အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ် မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါတွေ အပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။
အဲ့ဒီ အိပ်ပေးရမယ့် အချိန်မှာ အခြား ဘာပဲလုပ်လုပ် အဲ့ဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။

22/07/2023

မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ

မျက်ရိုးကိုက်တဲ့အခါ ဆေးဝါးတွေကို သုံးစွဲနေရတာထက် အိမ်ထဲက ပစ္စည်းတွေနဲ့ ကုသရတာဟာ ပိုပြီးတော့ ဘေးထွက်ဆိုးကျိုးနည်းပြီး ကုသဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ မျက်ရိုးကိုက်တာဟာ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်ခြင်းတို့နဲ့လည်း ဆက်စပ်နေပြီး ကွန်ပျူတာ အကြည့်များ၊ ဖုန်း အကြည့်များရင်လည်း ခံစားလာရတတ်ပါတယ်။
ရေများများသောက်ပေးပါ။ တစ်ခါတရံ မျက်ရိုးကိုက်ခြင်းဟာ ရေဓာတ်အားနည်းသွား ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ရေများများ သောက်ဖို့ မမေ့ပါနဲ့။ ဒါပေမယ့် ရေခဲရေ မသောက်ရပါဘူး။ ရိုးရိုးရေသောက်ပေးပါ။
အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက် တွေဟာ မျက်ရိုးကိုက်ခြင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတွေပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သင့်ကို ဘေးထွက်ဆိုးကျိုးတွေ မရောက်စေဖို့ ကူညီပေးပါလိမ့်မယ်။
မျက်ရိုးကို ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ Oil Massage ဟာ မျက်ရိုးကိုက်ခြင်းကို အထိရောက်ဆုံး သက်သာစေတဲ့ နည်းတစ်မျိုးပါပဲ။ ဆီသုံးရာမှာ နှမ်းဆီစစ်စစ်၊ လာဗန်ဒါဆီ၊ ယူကလစ်ဆီ၊ မန်သိုဆီနဲ့ Spa တွေမှာ သုံးတဲ့ ဆီမျိုးလည်း ရပါတယ်။ အိမ်မှာ ဆောင်ထားဖို့ကတော့ နှမ်းဆီစစ်စစ်ဆိုရင် ပိုပြီး လွယ်ကူပါတယ်။ ဆီ အနည်းငယ် လိမ်းပြီး မျက်ရိုးကို ဖိပြီး နှိပ်ပေးပါ။။
ရေနွေးငွေ့ ခံပေးပါ။ ဇလုံတစ်ခုထဲကို ရေနွေး ဆူဆူထည့်ပြီး ရေနွေးငွေ့ ခံပေးပါ။ အမြန်ဆုံး သက်သာစေမယ့် နည်းပါ။ ခေါင်းပေါ်ကို တဘတ်ခြုံလိုက်ပြီး မျက်နှာကို ဇလုံနဲ့ တည့်တည့် ဖြစ်အောင် နေပါ။ ၁၀-၁၅ မိနစ်လောက် ပြုလုပ်ပေးလိုက်ပါ။ ရေနွေးထဲကို ယူကလစ်ဆီနဲ့ Menthol ပါတဲ့ ဆီနည်းနည်း ထည့်ပြီး ပြုလုပ်ရင် ပိုပြီး ထိရောက်စေပါတယ်။


#ကျန်းမာရေးဆိုင်ရာဗဟုသုတစာစုများ

20/07/2023

မကြောက်ပါနဲ့...... ကလေးတို့ရယ်
မမက......လှတယ်🙈🙈🙈

18/07/2023

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးတဲ့🔥
ဝက်ခြံသမားတွေကလည်း

ဝမ်းမချုပ်ဖို့ နဲ့ ရေများများသောက်ဖို့
လိုမယ်နော် 💦


#ဝက်ခြံ
#အဆီဖု
#အမဲစက်

Photos from Ma Khin Zar's post 18/07/2023

🍹ဒီနေ့မှာတော့ ဖျော်ရည်လုပ်သောက်တိုင်းမပါမဖြစ် ရေခဲ လေးအကြောင်းမျှဝေမယ်နော်

👸ကိုယ်ရဲ့ လှပတဲ့မျက်နှာကို
ရေခဲကပ်ပေးရင် ရရှိလာမဲ့

💢ကောင်းကျိုးလေးတွေကတော့

1️⃣ ဝက်ခြံ / အဆီဖုတွေကို သက်သာစေတယ်

2️⃣အမဲစက် ပျောက်ကင်းစေတယ်

3️⃣ မိတ်ကပ်အကျွင်းအကျန်တွေကိုဖယ်ရှားပေးတယ်

4️⃣ မျက်နှာကိုကြည်လင်စေတယ်

5️⃣ ချွေးပေါက်တွေကို ကျဥ်းစေတယ်

💢 ဒီအချက်လေးတွေအပြင် အခြားအချက်လေးတွေရှိရင်လည်း မန့်သွားပေးနော်


#အမဲစက်
#ဝက်ခြံ
#အဆီဖု

13/07/2023

တန်ဖိုးရှိတဲ့ ဇနီးသည် ဖြစ်ချင်ရင်
*************************
ဖတ်ကြည့်နော်

ကျွန်မဟာ
အိမ်ထောင်ရှင် မိန်းမတစ်ယောက်ပါ။

ကျွန်မရဲ့ ဖခင်ကြီးက
ကျွန်မကို ဆုံးမဖူးတဲ့
စကားလုံးလေး တချို့ကို
မျှဝေခွင့်ပြုပါနော်

ကျွန်မတို့
အိမ်ထောင်ရှင် မိန်းမသားတွေ အတွက်
များစွာ
အကျိုးကျေးဇူးများမယ်လို့ ထင်ပါတယ်။

ဖခင်ကြီးက
ကျွန်မကို ခုလိုပြောဆို ဆုံးမပါတယ်။

" သမီးလေးမှတ်ထားနော် တဲ့ "

အိမ်ထောင်တစ်ခု ထူထောင်ရတာဟာ
တိုင်းပြည် တစ်ပြည်
တည်ဆောက်ရသလိုပါပဲ သမီးလေး

ဘာလို့လဲ ဆိုတော့
တိုင်းပြည်တစ်ပြည်
စီးပွားရေး တောင့်တင်း
ခိုင်မာဖို့ဆိုရင်
ဒီတိုင်းပြည်ရဲ့ ဝါဒစည်းမျဉ်းတွေ
ရေးဆွဲရတယ်။
လုပ်ငန်းစဉ် မူဝါဒ စည်းမျဉ်းတွေ
ရေးဆွဲရတယ်။
နောက် ခန့်မှန်းခြေ
ငွေစာရင်းတွေ ပြုစုရတယ်။

အဲဒီလိုပဲ သမီးလေး

အိမ်ထောင်ရေးမှာလည်း
အိမ်တစ်အိမ်ရဲ့
စနစ်ဇယားတွေ လုပ်ရမယ်။
ဝင်ငွေနဲ့ ထွက်ငွေတွေကို
နေ့စဉ်
စနစ်တကျ ပြုစုရမယ်။
ဒါမှ အိမ်ထောင်ရေးဟာ
တဖြည်းဖြည်းနဲ့ တိုးတက်လာမှာ။

အလွန်တော်တဲ့ မိန်းမများကြတော့
လှေကားနဲ့ တူတယ်။

အလွန်ချော်တဲ့ မိန်းမများကတော့
အမှိုက်နဲ့ တူတယ်။
အမှိုက်က အစ
အိမ်ကို မီးလောင်ကျွမ်းစေတတ်တယ်နော်။
သမီးလေး သတိထားပါ။

ဒီမယ် သမီးလေး
အိမ်ထောင်ရှင် မိန်းမ တစ်ယောက်ဟာ
လော်လည်ခြင်း
( ၆ )ပါးနဲ့ ကင်းအောင် သတိထားရမယ်။

အေး
အဲဒီ လော်လည်ခြင်း( ၆ )ပါးက
ဘာတွေလဲ ဆိုတော့

( ၁ ) အဝတ်အစားတို့၌ တပ်မက်
လော်လည်ခြင်း။
( ၂ ) အစားအသောက်၌ တပ်မက်
လော်လည်ခြင်း။
( ၃ ) ငွေကြေး ဓနဂုဏ်တို့၌ တပ်မက်
လော်လည်ခြင်း။
( ၄ ) အသွားအလာ ပျော်ပွဲ ရွှင်ပွဲတို့၌
တပ်မက် လော်လည်ခြင်း။
( ၅ ) တပါးသော ယောက်ျားတို့အပေါ်၌
တပ်မက် လော်လည်ခြင်း။
( ၆ )အထူးသဖြင့် အရိယာလမ်းပေါ်
ရောက်အောင်
ကြိုးစားအားထုတ်နေတဲ့ ပုထုဇဉ်ရဟန်းများ
မိမိကြောင့်
ကိလေသာစိတ်တွေ မဖြစ်စေအောင်
နေပါ။

ဒီ( ၆ )ပါးကို
အထူး သတိထားပါ သမီးလေး။

အိမ်ထောင်ရှင် မိန်းမတစ်ယောက်ဟာ
ဝတ် အတု
စား အတု
သွား အတု စတဲ့
အတုတွေနဲ့ ကင်းဝေးပြီး နေထိုင်တယ်
ဆိုရင်
လွတ်လပ်ပေါ့ပါးစွာနဲ့
ကိုယ်စိတ် နှစ်ပါး ငြိမ်းချမ်းပါတယ်။

ဒါကြောင့်
ရောင့်ရဲ တင်းတိမ်နိုင်တဲ့ စိတ်ကို
အမြဲမွေးထားပါ။

နောက်ထပ် သမီးလေး မှတ်ထားရမှာက

အိမ်ရှင်မ တစ်ယောက်ဟာ
သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး (၃)မျိုးရှိတယ်။

( ၁ )
တကိုယ်ရေ သန့်ရှင်းရေး။
( ၂ )
အိမ်တွင်း သန့်ရှင်းရေး။
( ၃ )
ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုပြီး
ဒီ တာဝန်( ၃ )ခုကို
အမြဲ ပြုလုပ်နေရမယ်။

၁။
တကိုယ်ရေ သန့်ရှင်းရေး
ဆိုတာ
မိမိရဲ့ ခြေသည်း လက်သည်း
ဆံပင်
အဝတ်စား စတာတွေကို
သေသေသပ်သပ်
ဝတ်တတ် နေတတ်ရမယ် သမီးလေး။

မျက်နှာ သနပ်ခါး
ပေါင်မှာ သေးစီးကြောင်းနဲ့
ဆိုသလိုပါပဲ
အပြင်က အင်္ကျီက ဖွေးပါရဲ့
အထဲက ဘော်လီအင်္ကျီက
လက်နှီးစုတ်ဖြစ်နေရင်လည်း
ဟန်မကြဘူး သမီးလေး။
ဒါကြောင့်
တကိုယ်ရေ သန့်ရှင်းရေးကို
အမြဲလုပ်ပါ။

၂။
အိမ်တွင်း သန့်ရှင်းရေး
ဆိုတာ
အိမ်တစ်အိမ်မှာ
အိပ်ခန်း
စားခန်း ဧည့်ခန်း ရေချိုးခန်း
အိမ်သာခန်း
စတဲ့ အခန်းတွေမှာ
သူ့နေရာနဲ့ သူ
သူ့ပစ္စည်းနဲ့ သူ ရှိနေရမယ်။

ဒီလိုမှမဟုတ်ရင်
အိမ်တစ်အိမ်ရဲ့ အဓိက ရန်သူဖြစ်တဲ့
ကြွက်တို့
ပိုးဟက်တို့ ခွေးတို့ ပင်ကူအိမ်တို့
စတဲ့ ရန်သူတွေ
အမြဲ ဖျက်စီးသွားတတ်တယ်။

အဲဒါကြောင့်
တစ်နေ့ကို တစ်ကြိမ်
( သို့မဟုတ် )
နှစ်ကြိမ်
အားရင် အားသလို သန့်ရှင်းနေရမယ်။

၃။
ပတ်ဝန်းကျင် သန့်ရှင်းရေး
ဆိုတာ
မိမိရဲ့ ဆွေမျိုး
လင်သားရဲ့ ဆွေမျိုး အပါအဝင်
မိမိအိမ်ရဲ့ ပတ်ဝန်းကျင်မှ
မိတ်ဆွေများနှင့်
ရဟန်း သံဃာများအပေါ်
မှန်ကန်သော မေတ္တာ
ဖြူစင်သော စေတနာများဖြင့်
မိမိတတ်စွမ်းသ၍
ကူညီဖေးမပြီး
ပေးကမ်း လှူဒါန်းပါ သမီးလေး။

မိမိကြောင့်
ပတ်ဝန်းကျင် တစ်ခုလုံး
စိတ်ထားတွေ သန့်ရှင်းနေအောင်
အမြဲ နှလုံးသွင်းပါ သမီးလေး။

ဒါဆိုရင်
သမီးလေးဟာ
တန်ဖိုးရှိတဲ့ ဇနီးသည်တစ်ယောက်
ဖြစ်လာမှာ
သေချာပါတယ်။

နောက်ပြီး
သမီးလေးတို့ရဲ့ အိမ်ထောင်ရေးဟာ
လည်း
တဖြည်းဖြည်းနဲ့
တိုးတက် ကြီးပွားလာလိမ့်မယ် ဆိုတာ
အဖေအကြွင်းမဲ့ ယုံကြည်တယ်။

ဟုတ်ကဲ့ပါ ဖေဖေ
သမီးလေ ဖေဖေ့ရဲ့ အဖိုးတန်လှတဲ့
စကားတွေကို
သမီးအသက်နဲ့ ထပ်တူ တန်ဖိုးထားမှာပါ။

အဖေ
အဖေရဲ့ တန်ဖိုးရှိလှတဲ့ စကားများကို
သမီး Friendတွေကို
ပြန်လည် ဝေမျှခွင့်ပေးပါနော်

အေးကောင်းတာပေါ့ သမီး
သာဓု သာဓု သာဓု။

လင် နှင့် မယား တစ်ဦးပေါ် တစ်ဦး
နားလည်ခွင့်လွှတ်ပြီး
အောင်မြင်သော မိသားစုဘဝများကို
ပိုင်ဆိုင်နိုင်ကြပါစေ။

မူရင်း Credit-Z.C ( ရွှေကုန်းရွာ)

11/07/2023

"မိတ်ဆွေစစ်ကို ရှာဖွေခြင်း"
------------------------------------------
တစ်ခါက လယ်သမားတစ်ဦးနှင့်
မုဆိုးတစ်ဦးသည် အိမ်နီးနားချင်းများဖြစ်ကြသည်။
လယ်သမားမှာ ဘဲများမွေးမြူးထားပြီး
မုဆိုးမှာမူ အမဲလိုက်ခွေးများ မွေးမြူထား၏။

ထိုခွေးများသည် မကြာခဏဆိုသလို
လယ်သမားအိမ်သို့ ကျူးကျော်၀င်ရောက်ပြီး
ခြံထဲရှိဘဲများကို ကိုက်ဖြတ်စားသောက်လေသည်။

လယ်သမားကခွေးများကိုလှောင်ထားပေးရန်
အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ
ခွေးများကို သေချာထိန်းသိမ်းထားခြင်း မရှိပေ။

သည်းမခံနိူင်သည့်အဆုံး လယ်သမားကြီးသည်
ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့
တောင်းဆိုခဲ့သည်။

ရွာသူကြီးက”တကယ်လို့ အရေးယူပေးလိုက်ရင်
ခင်ဗျားမှာ မိတ်ဆွေကောင်း အိမ်နီးချင်းကောင်း
တစ်ယောက် လျော့သွားနိူင်ပြီး
ရန်သူတစ်ယောက်တိုးလာနိူင်တယ် “။
ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ချင်သလား .
မိတ်ဆွေတစ်ယောက်နဲ့အ်ိမ်နီးချင်းဖြစ်ချင်သလား”။
သူက ” မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းဖြစ်ချင်ပါတယ်
“ လို့ ဖြေလိုက်တယ်။
”ဒီလိုဆို ကျွန်တော်ရဲ့အကြံဥာဏ်ကို လိုက်နာရမယ်။
အသင်ရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း
တစ်ယောက် တိုးလာလိမ့်မယ်။"
သို့နှင့် လယ်သမားကြီးမှာ သူကြီးပြောတဲ့အတိုင်း
အိမ်ရောက်ရောက်ချင်း အလှဆုံး ဘဲသုံးကောင်ကို
ရွေးပြီး မုဆိုးအား လက်ဆောင်ပေးလိုက်လေသည်။

ထိုအခါ မုဆိုးလည်း ရရှိထားသော ဘဲများကို
ခွေးကိုက်မည်စိုးသောကြောင့် ခွေးများကို
လှောင်ထားလေတော့သည်။

လယ်သမားအားလည်းကျေးဇူးတင်ပြီး မိမိ
အမဲလိုက်ရာမှ ရလာသော အသားများကိုလဲ
ဝေငှတတ်လာသည်။

လယ်သမားလဲ ခြံထွက်သီးနှံများ ဘဲဥများ
လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။

တဖြေးဖြေးနှင့် ချစ်ခင်မှုများ
ဖလှယ်ကြရင်း နှစ်ဖက်စလုံးမှာ အိမ်နီးချင်း
မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။
မိတ်ဆွေကောင်း
သူငယ်ချင်းကောင်း ဆိုသည်မှာ

၁။ လူအများ မပေးနိူင်သည့်
အရာ၀တ္ထုကို ပေးနိူင်ရခြင်း

၂။ လူအများ မပြုလုပ်နိူင်သည့်
အရာကို ပြုပေးနိူင်ခြင်း

၃။ လူအများ သည်းမခံ နိူင်သည့်အရာကို
သည်းခံပေးနိူင်ခြင်း ဆိုတာပါပဲ။
ကိုယ်လိုချင်တာကိုပဲ ဦးစားမပေးသင့်ပါဘူး။
ကိုယ်ချင်းစာစိတ်ထားပြီး သူ့အတွက်လဲ
ထည့်စဉ်းစားပေးပါ။

ရန်သူတစ်ယောက်လို့ ထင်ခံရရင် ပထမဆုံး
အကျိုးဆက်က အမုန်းခံရခြင်းပဲ။

လောကလူသား အာလုံးဟာ အမုန်းခံ ဘ၀ကို
ရောက်ချင်တဲ့သူ တစ်ယောက်မှမရှိကြသလို
လူတွေရဲ့ အချစ်ခံရတဲ့ ဘ၀ကို မရောက်ချင်ကြတဲ့
သူ ဆိုတာလည်း တစ်ယောက်မှမရှိပါဘူး။

ကိုယ့်မှာ ရန်သူတစ်ယောက်ရှိနေရင်တောင်
များတယ်လို့ဆိုရမှာ ဖြစ်ပြီး မိတ်ဆွေဦးရေ
(၅၀) ရှိနေရင်တောင် နည်းတယ်ဟုပင်ဆိုရမှာပါ။
ထိုကြောင့် ရန်သူဆို တစ်ယောက်မှ
မရှိလေ ကောင်းလေပါပဲ။
ချစ်စကို ရှည်စေ မုန်းစကို တိုစေ။
ရန်ကိုရန်ချင်း မတုံ့ပြန်ပါနှင့် သူငယ်ချင်းတို့ရေ....။ ။

Credit - Original Writer.

09/07/2023

သိပ်မဆော့တတ်ပါဘူး😁
လက်ထဲက ဘီးလေးကအသက်နော်🙈

07/07/2023

တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့
ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။

သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့
သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။
ရွာသားတွေ ပြန်လည်ထွက်ခွါသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့သူနှင့်
မလှမ်းမကန်းမှာ ရသေ့တစ်ပါးတရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။ ဒီတော့ သူခိုးက တွေးလိုက်တာက...
သြော်..လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတစ်ယောက်တည်းမှ မဟုတ်ပ။ဲ ဟိုဖက်မှာလည်း သူခိုးတစ်ယောက် ပုန်းနေပါပကောလို့ တွေးမိပါသတဲ့။

ရသေ့ကြီးကလည်းပဲ လူသံသူသံကြားရတာနှင့် ဘာတွေများပါလိမ့်လို့ခေါင်းကလေး မော့ပြီးကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ရသေ့ကြီးက တွေးပါသတဲ့။
သြော်... ဒီသင်္ချိုင်းထဲမှာငါတစ်ယောက်တည်း တရားအားထုတ်နေတယ်လို့ ထင်နေတာ။ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက် တရားအားထုတန်ေပါပကောလို့
တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

လူတွေဟာ မိမိစိတ်အတိုင်းသူများကို မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ။
စိတ်ထားမကောင်းသူက သူများကိုလည်း မကောင်းမြင်တတ်ကြတယ်။
မကောင်းပြောတတ်ကြတယ်။မကောင်းကြံတတ်ကြတယ်။
စိတ်ထားကောင်းသူများကတော့မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး အကောင်းပြောတတ်ကြတယ်။
ဥပမာ.....မကောင်းလို့ အပေါင်းအသင်းမလုပ်ရင်ပိုဆိုးသွာမှာပေါ့လို့
ပြောတတ်ကြတယ်။ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည်
အကောင်းကြီးမဟုတ်ပေမယ့်အဆိုးမြင်ထက်ကောင်းတယ်လို့ ကမ္ဘာ့့့့ ပညာရှင်များက လက်ခံထားကြပါတယ်။

Credit မူရင်း

05/07/2023

ဆံပင်ဖြူနေတာတွေကို သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေ

Green tea သောက်ပေးခြင်းက ဆံပင်သန်စေပြီး ဆံပင်ဖြူတာတွေလည်း သက်သာစေပါတယ်။ ဆံပင်တွေမြန်မြန်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။ မသောက်ချင်ရင် ကိုယ်သုံးမယ့် shampoo သို့မဟုတ် hair oil ထဲကို green tea အမှုန့် ထည့်သုံးပေးလို့လည်း ရပါတယ်။

ဆေးလိပ်ဖြတ်ပေးပါ။ ဆေးလိပ်သောက်ခြင်းက ဆံပင်ဖြူထွက်တာကို ပိုမြန်စေပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ဆေးလိပ်ဖြတ်တာကအကောင်းဆုံးပဲ ဖြစ်ပါတယ်။
Antioxidants ဓာတ်တွေများတဲ့ အစားအစာတွေဖြစ်တဲ့ လတ်ဆတ်သော အသီးအနှံတွေနဲ့ ငါးတို့ကို များများစားပေးပါ။

Almonds မှာက vitamin E နဲ့ vitamin A ပါဝင်တာကြောင့် ဆံသားအာဟာရဖြစ်စေပါတယ်။ Almond oil ကို နည်းနည်းယူလိမ်းပြီး massage လုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူတာတွေကို သက်သာစေပြီး ဆံပင်လည်း သန်စေပါတယ်။

ဆီးဖြူသီးကို အရည်ဖျော်သောက်ပေးတာပဲဖြစ်ဖြစ်၊ Amla Oil ကို ဆံသားမှာလိမ်းပေးတာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆံပင်သန်စေပြီး ဆံသားနက်မှောင်စေပါတယ်။ ဆံပင်ဖြူတာတွေကိုလည်း သက်သာစေပြီး ဆံပင်အမြန်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Dark chocolate စားပေးခြင်းကလည်း ဆံပင်ဖြူနေတာတွေကို ပိုဆိုးမလာအောင်၊ ဆံပင်မြန်မြန် မဖြူအောင် ကူညီပေးပါတယ်။

Curry leaves ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ရလာတဲ့အမှုန့်ကို အုန်းဆီနဲ့ရောမွှေပြီး ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပေးခြင်းက ဆံပင်ဖြူတာကိုသက်သာစေပြီး ဆံပင်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Vitamins B12, B7 (biotin), B9 (folic acid), D3 ဓာတ်တွေ အားနည်းတဲ့သူတွေဆီမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် Nutritional supplements တွေ သောက်ပေးခြင်းဖြင့် ဆံပင်မဖြူအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆံပင်ဖြူတာတွေ ပိုဆိုးမလာအောင်လည်း ကာကွယ်ပေး ပါတယ်။


#ကျန်းမာရေးဆိုင်ရာဗဟုသုတစာစုများ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

အမှတ် (၁၅၆)၊ဦးအေး၅လမ်း၊၁၆ရပ်ကွက်၊လှိုင်မြို့နယ်
Yangon