MLM Product

MLM Product

Share

Mlm Product တွေမသုံးမိရန်

15/09/2025

အမှန်တရားတွေပဲ ပြောတာနော်😊💯

14/09/2025

HM နဲ့ Lifequeen က MLM Product တွေပါ💯
သုံးနေရင် မျက်နှာနူဖို့ပြင်ထား ‼

30/03/2025

အင်းလေး Update‼‼

30/03/2025

30.03.2025
နောက်ဆုံးရမြေငလျင်သတင်း

30/03/2025

Waste management အတွက် စစ်ကိုင်းဒေသခံတယောက်က ဒါလေးတင်ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်ရှင်
Waste Management ဘယ်လိုလုပ်ကြမလဲဆိုတာပါ

Landfill system ရှိမနေတော့
ဖြစ်သလိူပြစ်ကြမှာ ။

ဒီလိုအခြေအနေနဲ့ဗျာ
Waste ၃ မျိုးထွက်မှာ
Municipal solid waste
( biodegradable and non biodegradable အကုန်ပေါင်းထားတာ)
အဲ့ဒါကနေ ကြွက် ယင် ခွေးစွဲ ဘေးပတ်ဝန်းကျင်မှာ Food safety စိတ်မချရဘူး

C&D waste
နောက်တခု infectious waste

အဲ့ infectious waste တွေက ဆေးရုံကနေ ထွက်တာရယ် DB ကိုင်တဲ့သူတွေဆီက ထွက်လာမှာရယ်။

အဲ့ infectious waste တွေကို
သေချာ မကိုင်တွယ်ဖူးဆို
Pathogen နဲ့ virus ကူးစက်နိုငါခြေ တအားမြင့်တာ ။
ကမ်းနားမှာ ပြစ်ရင်တော့ မြစ်ရေက မဖြစ်မနေသုံးကြမှာပါ အဲ့ကြရင် ခွေးဖြစ်ပြီ။ Pathogen အချင်းချင်း ပေါင်းပြီး Strong ဖြစ်တဲ့ microorganisms တွေ ထက်ဖြစ်လာနိုင်တယ် ။ ရေထဲမှာကော မြေကြီးထဲမှာကောအလျင်အမြန် ခဏနဲ့ ပျံ့နိုင်တာ
ငလျှင်ကြောင့် သေဆုံးသွားတဲ့ သူများကို ထုတ်ပိုးရာတွင် ဖြစ်ပွါးနိုင်သည့် အခြေနေများကို ကျွန်တော်တို့ တက်သိသလောက် ပြန်ပြီး knowledge sharing လုပ်တာပါ ကိုယ်တွေမှာ ကိုယ်တွေတို့ဘဲ ရှိတာမလို့ အကုန်လုံးကို ဂရုစိုက်စေချင်ပါတယ်

လူသေဆုံးမှုဖြစ်ပွားသည့်နေရာတွင်
Dead-body များကို ပူပြင်းသောရာသီဥတုတွင် 12-24 နာရီအတွင်း၊ အေးသောရာသီတွင် 48-72 နာရီအတွင်း အချိန်မီမဖယ်ရှားနိုင်ပါက ပတ်ဝန်းကျင်နှင့်လူမှုဘဝအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိကြောင်း

- Dead-body မှထွက်သော ဇီဝဗေဒဆိုင်ရာပစ္စည်းများတွင် ဘက်တီးရီးယား 200 မျိုးကျော် (E. coli, Salmonella, Clostridium) ပါဝင်နိုင်ပါတယ်
- ရုပ်အလောင်း 1 လောက်းမှ 24 နာရီအတွင်း လူ 10 ဦးကိုကူးစက်နိုင်သည့် ရောဂါပိုးများ ၊ကပ်ပါးပိုးများ (သန်ကောင်)များ ထုတ်လွှတ်နိုင်ပါတယ်

- သေဆုံးပြီး 6-12 နာရီအတွင်း Dead-body မှ အချွဲအကျိများစတင်စိမ့်ထွက်လာပါပြီ

- 24-72 နာရီကြာပါက ပိုမိုပြင်းထန်သော Leptospirosis, Hepatitis A စသည့်ရောဂါများ ပျံ့နှံ့နိုင်ပါတယ်

Dead-body ဆွေးမြေ့ခြင်း (Decomposition) ဖြစ်စဉ်တွင် အောက်ပါအန္တရာယ်ရှိဓာတ်ငွေ့များ ထွက်ရှိနိုင်ပြီး လေထုညစ်ညမ်းမှုဖြစ်ပွါးစေနိုင်သည်။
အမိုးနီးယား (NH₃) :
မျက်စိနှင့်အသက်ရှူလမ်းကြောင်း ယားယံခြင်း

ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် (H₂S) :
(Short-Term Exposure - Acute)

(Low Concentrations):
- မျက်စိ၊ နှာခေါင်းနှင့် လည်ချောင်းယားယံခြင်း
- ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်း
- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် အားနည်းခြင်း
- ပန်းနာရင်ကြပ်လက္ခဏာများ ပိုဆိုးလာနိုင်ခြင်း

အသင့်အတင့်ပမာဏ
(Moderate Concentrations):
- မျက်စိနှင့် အသက်ရှူလမ်းကြောင်း ပိုမိုဆိုးရွားစွာယားယံခြင်း
- ပျို့အန်ခြင်းနှင့် အန်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- သတိလစ်ခြင်း

မြင့်မားသောပမာဏ (High Concentrations):
- အလျင်အမြန်သတိလစ်ခြင်း
- အသက်ရှူလမ်းကြောင်း လုပ်ဆောင်မှုရပ်တန့်ခြင်း
- တက်ခြင်း (Convulsions)
- ကိုမာဝင်ခြင်း (Coma)
- နှလုံးခုန်မမှန်ခြင်း (Cardiac Arrhythmias)
- သေဆုံးခြင်း (Death)

မီသိန်း (CH₄) : အသက်ရှုမြန်ခြင်း ၊ နှလုံးခုံမြန်ခြင်း၊ ခေါင်းမူးခြင်း ၊ အားနည်းခြင်းနှင့် မောပန်းခြင်း ၊ သတိလစ်ခြင်း ၊ ပြင်းထန်သော အခြေအနေများတွင် သေဆုံးနိုင်ခြင်း။

ဟိုက်ဒရိုဂျင် (H2): အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းမူးခြင်း၊
ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများဖြစ်နိုင်၊ သေဆုံးခြင်း။

ဗိုလာတိုင်းအော်ဂဲနစ်ဒြပ်ပေါင်း (VOCs) :ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းများ။

Dead-body မြေမြှုပ်နှံခြင်း (သို့) မသင့်လျော်စွာ စွန့်ပစ်ခံရခြင်းကြောင့် မြေအောက်ရေထု ညစ်ညမ်းမှု (Groundwater Pollution) ဖြစ်ပေါ်နိုင်ပြီး ရုပ်အလောင်းမှ Leachate (အဆိပ်ရည်) စိမ့်ထွက်ပြီးမြေဆီလွှာထဲသို့ စိမ့်ဝင်သော ညစ်ညမ်းပစ္စည်းများကြောင့် မြေကြီးနှင့်မြေအောက်ရေများကို ညစ်ညမ်းစေနိုင်သည်။
ဇီဝဆိုင်ရာ ပစ္စည်းများ (Biological Contaminants) ဘက်တီးရီးယား/ဗိုင်းရပ်စ်
များ (ဥပမာ: E. coli, Salmonella, Hepatitis A)

Dead-body မှ စိမ့်ထွက်လာနိုင်သော အဆိပ်ရည် (Leachate) – Cadaverine, Putrescine, Ammonia စသည့် အန္တရာယ်ရှိဒြပ်ပေါင်းများ ။

ဓာတုညစ်ညမ်းမှု (Chemical Contaminants)
နိုက်ထရိုဂျင်ပါဝင်မှု (Nitrate, Nitrite) → ရေထဲတွင် 10 mg/L ထက်ကျော်လျှင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည်။

မြေအောက်ရေညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ ( Dead-body မှ တဆင့် ကူးစက်နိုင်သော ရေကြောင့်ဖြစ်သည့် ရောဂါများ
Water-bones diseases)

ဝမ်းလျှောရောဂါ (Diarrheal Diseases)
- လက္ခဏာများ:
- ပြင်းထန်ဝမ်းလျှောခြင်း
- ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)
- အန်ခြင်း၊ ဗိုက်အောင့်ခြင်း

အသည်းရောင် အသားဝါရောဂါ
(Hepatitis A & E)
- လက္ခဏာများ:
- အသားဝါခြင်း
- ပျို့အန်ခြင်း
- အသည်းရောင်ခြင်း

Typhoid Fever
- လက္ခဏာများ:
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
- ဗိုက်အောင့်ခြင်း
- အနီစက်ထွက်ခြင်း

သန်ကောင်ရောဂါ (Parasitic Worms)
- လက္ခဏာများ:
- နာတာရှည်ဝမ်းလျှောခြင်း
- ဗိုက်အောင့်ခြင်း

သန့်ရှင်းရေးကို အထူးဂရုပြုပါ ( လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောပါ ၊အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ)၊ လူသေကောင်များနှင့် ထိတွေ့ပြီးနောက် ၂ ပတ်အတွင်း ဖျားလာပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ကလေးများ၊ သက်ကြီးရွယ်အိုများတွင် ရောဂါလက္ခဏာ ပိုဆိုးနိုင်သည်။

ကာကွယ်ခြင်း

- ပိုးသတ်ဆေးဖြန်းခြင်း (Chlorine-based disinfectants)

- ထုံးဖြူးခြင်းဖြင့် အနံ့ဆိုးများကို လျှော့ချပေးခြင်း ( DB ပုပ်သိုးခြင်းကြောင့်ထွက်သော **Cadaverine, Putrescine** ကဲ့သို့သော အနံ့ဆိုးများကို ထုံးမှုန့်ဖြင့် ဖုံးအုပ်နိုင်သည်။) ၊ ရောဂါပိုးမွှားများ သေစေရန်၊
- DB မှ စိမ့်ထွက်သော Leachate (အဆိပ်ရည်)ကို ထုံးမှုန့်က ဓာတ်ပြုပြီး အန္တရာယ်လျော့ကျစေသည်။

** ရေနှင့်ရောခြင်းကို ရှောင်ပါ**

-DB ကို ရေမြောင်းနှင့်ဝေးရာတွင် ထားရှိရန်

- Plastic Lining ခင်းပြီး အရည်များစိမ့်မထွက်စေရန်

Dead Body အချိန်မီမဖယ်ရှားပါက လေထု (NH₃, H₂S) နှင့် မြေအောက်ရေ (Bacteria, Nitrate) ညစ်ညမ်းမှု ဖြစ်စေနိုင်ပြီး ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဂေဟစနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

အားလုံး အထူးဂရုစိုက်ကြပါဗျာ စာရေးတဲ့ ကိုယ့် အမှားလိုအပ်ချက်ဖြစ်တာမို့ အမှားတစ်စုံတရာ လိုအပ်တာရှိရင် ပြန်ပြင်ပြောနိုင်ဖိူ့ လာပြောလို့ရပါတယ်။

30/03/2025

ထို င် ဝ မ် လူမှုကယ်ဆယ်ရေးအဖွဲ့ကို မလိုအပ်ဘူး ရောက်နေတဲ့ အဖွဲ့ တွေ နဲ့ လုံလောက်တယ် ဆိုလို့
နာရီ ၅၀ ကျော်ကြာ အသင့်ပြင်စောင့်နေတဲ့ ထို င် ဝ မ်ကယ်ဆယ်ရေးအဖွဲ့ကို တပ်ဖျက်လိုက်ရတယ်တဲ့ အော်😭😭🙏🙏

25/06/2024

MLM ရောင်းတဲ့လူ ဟုတ် ၊ မဟုတ် ဘယ်လိုသိမလဲတဲ့

ဒါများ လွယ်လွယ်လေး ။ သူတို့ account ၊ page ထဲဝင်ကြည့်လိုက်

သူတို့ဟာဂျင်းထည့် စျေးရောင်းတတ်ယုံသာမက
-ဟင်းတွေလည်းချက်ပြခြင်း
-ခရီးတွေခဏခဏ ထွက်ပြခြင်း
- သင်တန်းတွေ မကြာခဏ တက်နေရခြင်း
-Ex တွေရဲ့ မင်္ဂလာဆောင်မကြာခဏသွားခြင်း
-Skincare knowledge တွေကိုမိမိ ပထမဆုံးရှာဖွေတွေ့ရှိထားသကဲ့သို့ ပြောပြခြင်း
- မကြာခဏ ပွဲတွေပဲရှာနေခြင်း
🙂‍↔️🙂‍↔️🙂‍↔️

အဲ့လိုထဲက ၂ ချက် ၃ ချက်လောက်နဲ့ ကိုက်နေရင် အဲ့တာ MLM မတွေပဲ

Photos from MLM Product 's post 12/06/2024

Sweet mint eyeshadow palette တွေရှိရင်ပစ်လိုက်ပါတော့ 🚫🚫🚫🚫🚫🚫

ခုတစ်လော Tik tok ပေါ်မှာ တွေ့တွေ့နေရလို့ ဟုတ်မဟုတ်သေချာရှာကြည့်ရင်းက sweet mint eyeshadow တို့ထဲမှာ cancer ဖြစ်စေတဲ့ arsenic နဲ့ lead ပါဝင်တယ်လို့တွေ့ရှိရပါတယ်

ခုဒီ made in China ဖြစ်တဲ့ sweet mint ကိုတားမြစ်စာရင်းထဲထည့်လိုက်ပါပြီ

ဝယ်ထားတဲ့သူတွေရှိရင်ပစ်လိုက်ပါ

Os စီးပွားတုတ်နဲ့ထိုးရတာမဟုတ်ပါ

နောက်ပြီးတားမြစ်ပစ္စည်းထဲပါတဲ့

Cappuvini
Gege bear
Herorange
Keke moodတို့ကိုလဲတွေ့ရပါတယ်ရှင်

Made in China တွေဆို ဝေးဝေးကရှောင်ရပါတော့မယ်
မှတ်ပါပြီလို့

Arsenic ပါတဲ့cosmetics တွေသုံးမိရင် eye /lip တွေ infection ဝင်နိုင်တယ်

နောက်ဆုံးသုံးပါများရင် အရေပြားကင်ဆာထိဖြစ်နိုင်တယ်လို့သုံးသပ်မိပါတယ်

ဒီ eyeshadow ထဲမှာ ဘယ်လောက် amount ပါလဲမသိရပေမယ့် infection ဝင်နိုင်တယ့်အဆင့်မို့ မသုံးတာကောင်းပါတယ်

အရေပြားနုနုလေးတွေ​ဆို side effects တော်တော်များမှာ

Photos from MLM Product 's post 12/06/2024

မသုံးခင်သေသွားသက့်သော Steroid skincare များ🥹

10/06/2024

MLM ပုံစံမျိုူရောင်းနေတဲ့ အသားဖြူဆေး အသားဖြူဆပ်ပြာဆိုးကျိုးများ‼

Photos from MLM Product 's post 10/06/2024

Mlm product အကြောင်း တစေ့တစောင်း💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon