Shunn hair training

Shunn hair training

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shunn hair training, Hair Stylist, No. 3, Ground Floor (A), (7)Quarter Than Lann, Hlaing Tsp, Yangon.

17/09/2025

ဆံပင်သား ထိန်းသိန်း ဖို့အတွက် Share လုပ်ပေးထားပါတယ်ရှင့်

Photos from Shunn hair training's post 17/09/2025

‎🎊💇🏻‍♀️ 𝐇𝐚𝐢𝐫 𝐬𝐭𝐲𝐥𝐢𝐧𝐠 နဲ့ ပတ်သက်ပြီး ဒီထက်မက
‎ကျွမ်းကျင်ပိုင်နိုင်ချင်သူများအတွက် .. 💯💯

‎10ရက် 10 လမှာ 𝙂𝙇𝘼𝙈 & 𝙂𝙊 မှ ဖွင့်လှစ်သွားမယ့် 𝐂𝐨𝐥𝐨𝐫 𝐓𝐡𝐞𝐨𝐫𝐲 & 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐞𝐫𝐦 𝐂𝐨𝐮𝐫𝐬𝐞 !!!

‎ငွေတွေရှိလျက်နဲ့ လက်ထဲမှာပဲ ထားမလို့လား 🤔
ဒီခေတ်ဒီကာလကြီးထဲမှာ
‎ကိုယ့်အရည်အချင်းတွေကိုမြှင့်တင်ဦးမှပေါ့ ❗❗

‎နောက်ဆိုရင် ဒီလိုသင်တန်းတွေဆိုတာ ပေးရတဲ့
‎ဈေး၊ ပေးရတဲ့အချိန်နဲ့တောင် မကိုက်ညီဘဲ
‎ငွေကြေးအရရော၊ လူအားအရရော ဒီထက်မက ပိုမိုအားစိုက်ရတတ်ပါတယ် 🔥💯

‎ဒါကြောင့် အခါမလင့်ခင် ဆံပင်နဲ့ပတ်သက်တဲ့
‎ကာလာသီအိုရီတွေ၊ Digital Perm အကောက်
‎အမျိုးမျိုး ကောက်နည်းတို့ကို လက်တွေ့သင်ကြားနိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပါ ... 🏃🏻‍♀️💙

‎ယခု အကြိမ်ပြန်လည်ဖွင့်လှစ်မည့် အတန်း‌ကတော့
𝐂𝐨𝐥𝐨𝐫 𝐓𝐡𝐞𝐨𝐫𝐲 & 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐞𝐫𝐦‎ 𝐁𝐚𝐭𝐜𝐡 2 ပဲ
ဖြစ်ပါတယ် ... 💥

‎🔺 သင်ကြားပေးမည့်အကြောင်းအရာ
‎▪️ 𝗖𝗼𝗹𝗼𝗿 𝗧𝗵𝗲𝗼𝗿𝘆
‎▪️ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗲𝗿𝗺
‎( Course နှစ်ခုစလုံးကို Model နဲ့ လက်တွေ့
‎သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။ )

‎🫟 𝗖𝗼𝗹𝗼𝗿 𝗧𝗵𝗲𝗼𝗿𝘆 ကိုသင်ယူပြီးရင် ဘယ်လိုမျိုး
‎အကျိုးရလဒ်တွေရနိုင်မလဲ ❓

‎သင်က အခုမှ အခြေခံစတင်သင်ယူနေတဲ့သူ
‎ဖြစ်ရင်တောင် ..

‎▪️ဆံပင်‌ဆေးဆိုးရာတွင် လိုအပ်သည့်
‎အရောင်စပ်ခြင်းတွေကို သိရှိသွားမယ်။
‎▪️အရောင်ပြင်းအားတွေအကြောင်းကို လေ့လာသင်ယူရမယ်။
‎▪️သင်တန်းပြီးတာနဲ့ Client အလိုရှိရာ ဆံပင်
‎ကာလာကို ဆိုးပေးနိုင်သည်အထိ ယုံကြည်မှု ရှိလာမှာပဲ ဖြစ်ပါတယ်။

💇🏻‍♀️ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗣𝗲𝗿𝗺 ကို သင်ယူပြီးရင်တော့ -

▪️Cperm, Wave Perm, Digital Perm တို့ကို
စိတ်ကြိုက်ကောက်ပေးနိုင်တဲ့ Professional
ဆန်ဆန် Hair Stylist တစ်ယောက်အနေနဲ့ ရပ်
တည်နိုင်မှာပဲ ဖြစ်ပါတယ်။ 🔥

🔷သင်တန်းအသေးစိတ်
➡️သင်တန်းစတင်မည့်ရက် - ၁၀.၁၀.၂၀၂၅။
➡️သင်တန်းကြေး - ၃၃၀,၀၀၀ ကျပ်။
➡️နေရာ - ရန်ကုန်မြို့။
➡️အချိန် - မနက်၉နာရီမှ ညနေ၅နာရီအထိ။

🔺 လူဦးရေကန့်သတ်ချက်ရှိတဲ့အတွက်ကြောင့်
သင်တန်းမှာ လိုက်မမှီမှာ၊ လူများပြီး မထိရောက်မှာ စတာတွေကို စိတ်ပူစရာမလိုပါဘူးနော် .. 💁🏻‍♀️

‎🏠 ဆိုင်လိပ်စာ - အမှတ်( ၃ ) မြေညီ( A ) ၊
‎(၇)ရပ်ကွက်၊ သံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။


‎📱Glam & Go page Messenger
‎( သို့မဟုတ် )
‎☎️ဖုန်းနံပါတ် - 09265363916 သို့ ဆက်သွယ်၍
‎သင်တန်းအပ်နှံနိုင်ပါပြီ။ 🌟🌷

Batch 1 တုန်းက သင်ကြားပေးခဲ့သည်များကို
ကြည့်ရှုရန် လင်ခ့်ကိုနှိပ်ပါ။ 📱🥰

https://www.facebook.com/share/p/1CNfH8iZzX/

https://www.facebook.com/share/v/16ZGJ4xdFe/

https://www.facebook.com/share/v/1Bu7mnJ5yk/

https://www.facebook.com/share/v/16hC7ffTJY/

https://www.facebook.com/share/v/16hvAJxWPy/

https://www.facebook.com/share/v/1FkWw9p9K9/

https://www.facebook.com/share/v/1JYgQWwmYP/

https://www.facebook.com/share/v/1FsdzWzVw3/

https://www.facebook.com/share/v/1CEzNthuQ5/

https://www.facebook.com/share/v/1JcCphqpEa/


26/11/2024
07/11/2024

Hair stylist တွေရဲ့ ရင်မဆိုင်ချင်ဆုံးပြဿနာက ဘာဖြစ်လောက်မလဲ။🤔

Hair stylist တွေခံစားရလေ့ရှိတဲ့ ပြဿနာက customer မရတာလား၊ career နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိတာလား၊ သင်ယူလေ့လာနေဆဲမို့လို့ ဘာလုပ်လုပ်အလွဲလွဲအချော်‌ချော်ဖြစ်နေတာလား။ ကျွန်တော်ထင်တာကတော့ ဆရာ့သဘောပဲ လှအောင်ညှပ်ပေးဆိုတဲ့ စကားတွေအကြောက်ဆုံးဖြစ်မယ်ထင်ပါတယ်။💁🏻‍♀️

သူတို့ကသာ ဆရာ့သဘော၊ ဆရာမသဘောဆိုပေမယ့် တကယ်လည်းညှပ်ပြီး အရောင်ဆိုးပြီးတဲ့အခါ သူတို့အကြိုက်ဖြစ်မနေရင် အပြောခံရတဲ့အပြင် အလုပ်မှာပါပြဿနာဖြစ်လာနိုင်တယ်လေ။ ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။⁉️

အကောင်းဆုံးဖြေရှင်းနည်းကတော့ အတွေ့အကြုံများများရှိတာပါ။✅

ဘယ်အလုပ်မှာမဆို ကိုယ်စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ လုပ်တာကြာလာတာနဲ့အမျှ အ့အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်လေပါပဲ။ hair stylist လောကမှာလည်း ဒီလိုပါပဲ ကိုယ်ကပုံစံမျိုးစုံ လူမျိုးစုံနဲ့ တွေ့ရတာများလာတဲ့အခါ ဘယ်လိုမျက်နှာပုံစံက ဘယ်ဆံပင်အရောင်ပုံစံနဲ့လိုက်လည်းဆိုတာ တန်းသိနိုင်ပါတယ်။✔️

ဒါဆို အခုမှစလုပ်မယ့် အတွေ့အကြုံနုတဲ့သူတွေကရောလို့ ‌တွေးနိုင်ပါတယ်။🤔

အတွေ့အကြုံနုတဲ့သူတွေအနေနဲ့ ဒီလိုမေးခွန်းတွေကိုရင်ဆိုင်ရတဲ့အခါ ပထမဆုံးအနေနဲ့ သူတို့အကြိုက်ဖြစ်လောက်မယ့် အရာတွေထုတ်ပြောပြီး အတည်ပြုကြည့်ပါ။❔🎀

Customer ရဲ့ပုံစံအပေါ်လိုက်ပြီး ယဉ်ယဉ်လေးနေတတ်တဲ့သူလား၊ ခပ်ဟော့ဟော့နေတဲ့သူလား ဒါတွေကြည့်တာ ဒါမှမဟုတ် လက်ရှိtrendဖြစ်နေတဲ့ ပုံစံတွေ ကာလာတွေ ဒါတွေထုတ်ပြောကြည့်။ အတိုညှပ်ချင်လား၊ အရှည်ညှပ်ချင်လား၊ ကောက်ချင်လား၊ ဖြောင့်ချင်လား ဒါမျိုးလေးတွေ စိတ်ရှည်ရှည်မေးကြည့်ပါ။ အ့လိုမေးပြီးတဲ့နောက်မှာ သူတို့ဆီကဟုတ် အ့လိုလုပ်ပေးပါဆိုတဲ့ အတည်ပြုချက်ရမှ စလုပ်တာကောင်းပါတယ်။ ဒါမှသာ သူတို့အတည်ပြုထားတဲ့ စတိုင်မို့လို့လည်း စိတ်တိုင်းကျနိုင်သလို၊ ကိုယ်တိုင်ကလည်းတကယ်ကျွမ်းကျွမ်းကျင်ကျင်လုပ်ပေးလိုက်တယ်ဆိုရင် customer က ကိုယ့်အပေါ်ယုံကြည်မှုရှိလာမှာပါ။❕❤️

Hair stylist စလုပ်မယ့် မောင်လေးတွေ ညီမလေးတွေအနေနဲ့ ကိုယ့်ရဲ့careerလမ်းကြောင်းမှာ ‌သင်ယူလေ့လာမှုကောင်းကောင်းနဲ့ လျှောက်လှမ်းချင်တယ်ဆိုရင် မင်မင်တို့ဆီမှာ သင်တန်းလေးလာစုံစမ်းလို့ရပါတယ်နော်။💁🏻‍♀️

📌 အမှတ်(၃)၊ မြေညီ(အေ)၊ (၇)ရပ်ကွက်၊ သံလမ်း၊ လှိုင်မြို့နယ်။
☎️ 09 265363593

30/10/2024

အိမ်မက်တွေကဈေးကြီးတယ်လို့ ထင်နေတုန်းပဲလား❔

ဆံပင်ကလူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတာ လူတိုင်းကြားဖူးကြပါတယ်။ မင်မင်တို့က hair stylistတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ဆီလာတဲ့ customerတစ်ယောက်ရဲ့ ဆံပင်ကိုပြုပြင်ပေးရုံတင်မဟုတ်ပဲ သူ့ရဲ့အလှတရားကိုပါ ပြုပြင်ပေးတာဖြစ်ပါတယ်။💁🏻‍♀️✨

ဒီလိုလူတစ်ယောက်ရဲ့အလှတရားဟာ ကိုယ့်အပေါ်မူတည်နေတာမို့လို့ မင်မင်တို့တွေ သိရုံတတ်ရုံလောက်လေးနဲ့ hair stylist လုပ်မယ်ဆိုရင် customer တွေဆီကနေ ယုံကြည်မှုရနိုင်ဖို့နေနေသာသာ career မှာလည်း အောင်မြင်တဲ့ hair stylist တစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။🧏🏻‍♀️

ဒါဆို ဒီလို professional hair stylist တစ်ယောက်ဖြစ်ဖို့ ဆံသဆရာဆိုတဲ့ career ကိုစတင်တဲ့အခါ နည်းမှန်လမ်းမှန်နဲ့သင်ကြားပြီးတော့ ကောင်းမွန်တဲ့ hair stylist လောကမှာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မင်မင်တို့ဆီမှာ သင်တန်း‌လေးတစ်ခုဖွင့်ဖို့အစီအစဉ်ရှိပါတယ်။💁🏻‍♀️

သင်တန်းလေးက အောက်တိုဘာ1️⃣ရက်နေ့စမှာဖြစ်ပြီးတော့ မူလဈေးနှုန်းငါးသိန်းကနေ အောက်တိုဘာ ပရိုမိုးရှင်းအနေနဲ့ သုံးသိန်းခွဲနဲ့ တက်လို့ရမှာဖြစ်ပါတယ်။ ဒီဘက်ခေတ်လို အရာရာဈေးကြီးနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် 3️⃣5️⃣0️⃣0️⃣0️⃣0️⃣ပဲ ကုန်ကျမှာဖြစ်ပါတယ်နော်။

❗မင်မင်တို့ဆရာမက ဒီလောက်ဈေးနဲ့ကို ထိထိရောက်ရောက်သင်ကြားပေးဖို့အတွက် လူဦးရေ1️⃣0️⃣ယောက်ပဲလက်ခံမှာမို့လို့ လူမပြည့်ခင်လေး မြန်မြန်လာအပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်ရှင့်🙆🏻‍♀️

သင်တန်းလေးကိုစိတ်ဝင်စားတယ်ဆိုရင် ဖုန်းခေါ်ဆို၍ဖြစ်စေ၊ chat box ကနေတစ်ဆင့် ဖြစ်စေ လာရောက်အပ်နှံလို့ရပါ‌တယ်‌နော်💁🏻‍♀️🎀

📌 အမှတ်(၃)၊ မြေညီ(အေ)၊ (၇)ရပ်ကွက်၊ သံလမ်း၊ လှိုင်မြို့နယ်။
☎️ 09 265363593

28/10/2024

ကိုယ့်ဆံသားရဲ့ မူလအရောင်ကို သိပြီးပြီလား❔

မင်မင်ရှေ့ရက်တုန်းက ဆံပင်ဆေးဆိုးရင် မူလအရောင်ကိုသိသင့်တဲ့အကြောင်း ပြောသွားတယ်နော်။ အများစုထင်ကြတာက မူလဆံသားအရောင်ကို မွေးကတည်းကရှိလာတဲ့အရောင်လို့ထင်ကြပါတယ်။ တကယ်က မွေးစကဆံပင်အရောင်နဲ့ လက်ရှိဆံပင်အရောင်နဲ့က မတူပါဘူး။ အသက်အရွယ်ပေါ်မူတည်ပြီးတော့ အသက်ကြီးလာလေ ဆံသားကပိုပြီးတော့ထူလာလေမို့ darkဖြစ်လာလေပါပဲ။🖤

အ့တာကြောင့် ဆံသားရဲ့မူလအရောင်ကိုသိချင်ရင် လက်ရှိရှိတဲ့ဆံသားကိုခွဲခြားကြည့်မှသာသိနိုင်မှာပါ။ ဆံပင်ရဲ့မူလအရောင်တွေမှာက level တွေခွဲလို့ရပါတယ်။
Level 1️⃣ dark black
Level 2️⃣ black
Level 3️⃣ brown black
Level 4️⃣ darkest brown
Level 5️⃣ dark brown
Level 6️⃣ medium brown
Level 7️⃣ brown
Level 8️⃣ dark blonde
Level 9️⃣ medium blonde
Level 🔟 light blonde

ဆံသားရဲ့မူလအရောင်ကို ရှာကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ဆေးဆိုးမထားတဲ့ ဆံသားကိုမင်မင်အပေါ်မှာပြထားတဲ့ color chartပေါ်မူတည်ပြီး အရင်ဆုံးခွဲကြည့်ရပါမယ်။ သဘာဝအလင်းရောင်မှာ ရှိနေဖို့တော့ သတိထားပေါ့။☀️

ဒါပေမယ့် ဆံသားက ဦးခေါင်းနဲ့ဝေးတဲ့နေရာက အပိုင်းကိုယူကြည့်ဖို့လိုပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလင်းရောင်ရဲ့ ထိတွေ့ခြင်းကိုအများဆုံးခံရတဲ့ ဦးရေပြားထိပ်ပိုင်းက မူလဆံသားအရောင်ထပ်စာရင် ပိုပြီးတော့lightဖြစ်တတ်လို့ပါ။⭐

ဒါဆိုရင် ဦးခေါင်းထိပ်ပိုင်းနဲ့လည်းဝေးပြီးတော့ ဆံသားအဖျား‌လည်းမရောက်တဲ့ ဆံပင်ရဲ့အလယ်ပိုင်းကို မင်မင်အပေါ်မှာရေးပြထားတဲ့ level တွေနဲ့ခွဲထားတဲ့ hair color chartကို အွန်လိုင်းပေါ်ကနေပဲဖြစ်ဖြစ် ရှာကြည့်ပြီးတော့ စစ်ကြည့်လို့ရပါတယ်နော်💁🏻‍♀️

ဒီနေ့တော့ ဆံသားတွေရဲ့ မူလအရောင်levelကို အလွယ်တကူဘယ်လိုခွဲလို့ရလဲဆိုတာ ပြောပြပေးသွားတာဖြစ်ပါတယ်ရှင့်🙆🏻‍♀️

ဒီလိုဆံသားနဲ့ပတ်သက်တဲ့ ဗဟုသုတတွေထပ်ပြီးဖတ်ချင်တယ်ဆိုရင်လည်း မင်မင်တို့pageကို like and follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🧏🏻‍♀️

Hair stylist တစ်ယောက်ဖြစ်ချင်တဲ့ ကာကာတို့အနေနဲ့ သင်တန်းကောင်းကောင်းလေးရှာနေတယ်ဆိုရင် မင်မင်တို့ဆီမှာဖွင့်ထားတဲ့ သင်တန်းအကြောင်းကို လာရောက်စုံစမ်းလို့လည်း ရပါပြီနော်🙆🏻‍♀️

16/10/2024

အစိမ်းရောင် Hair Colour ကိုဆိုးတိုင်း အရင်းမှာအစိမ်းရောင် Hair Colour ကိုဆိုးတိုင်း အရင်းမှာဝါနေရခြင်းကဘာကြောင့်ပါလဲ ?

အစိမ်းရောင် မဟုတ်ပဲအဝါရောင်ဖြစ်နေရခြင်းမှာ …

အဓိက ဆံသားထဲမှာ (ဝါ၊နီ၊ပြာ)ဆိုပြီးအရောင် (3)ရောင် ရှိနေလို့ပါ။
အဓ်ိက ကတော့ အဝါနဲ့အနီ ကြောင့်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်၊

Colour theory မှာ အနီအစိမ်းရောင် Hair Colour ကိုဆိုးတိုင်း အရင်းမှာဝါနေရချင်း?
အစိမ်းရောင် မဟုတ်ပဲအဝါရောင်ဖြစ်နေရချင်းမှာ …
အဓိက ဆံသားထဲမှာ (ဝါ၊နီ၊ပြာ)ဆိုပီးအရောင် (3)ရောင် ရှိနေလို့ပါ။
အဓ်ိက ကတော့ အဝါနဲ့အနီ ကြောင့်လို့ပြောရင် ပိုမှန်ပါတယ်၊
Colour theory မှာ အနီနဲ့အစိမ်းသည် ဆန့်ကျင်ဘက် colour ဖြစ်သည်၊
အဲ့ဒီ့မှာ အစိမ်းကိုဆိုးမယ်ဆိုးင် အရင်ဆုံးအနီကိုသတ်ရမှာဖြစ်ပါတယ်၊
ဒါပေမဲ့တောတောများများကအနီကိုမသတ်ပဲ အဝါတွေပဲ ရောပီးဆိုးနေမိပါတယ်၊
အဲ့ဒီ့မှာ colour ကအစိမ်းမထွက်ပဲ အဝါကြီး ဝါလာတယ် အပူချိန်အများဆုံးရှိတဲ့အရင်းတွေကပိုပီးဝါလာပါတယ်၊
ဆံသားထဲမှာလဲအဝါဓာတ်ခံကရှိတော့ပိုဆိုးပါတယ် အဲ့ဒါမို့အစိမ်းကို ဆိိုးတော့မယ်ဆိုရင် အနီနဲ့ အဝါကိုသတ်ပီးမှာဆိုးမယ်ဆိုရင် Colour ကပိုငြိမ်ပီး ညီညာလှပစေသပ်နေမှာဖြစ်ပါတယ်။နဲ့အစိမ်းဆိုပီးဆန့်ကျင်ဘက် colour ဖြစ်ပါတယ်၊

အဲ့ဒီ့မှာ အစိမ်းကိုဆိုးမယ်ဆိုးင် အရင်ဆုံးအနီကိုသတ်ရမှာဖြစ်ပါတယ်၊

ဒါပေမဲ့တောတောများများကအနီကိုမသတ်ပဲ အဝါတွေပဲ ရောပီးဆိုးနေမိပါတယ်၊

အဲ့ဒီ့မှာ colour ကအစိမ်းမထွက်ပဲ အဝါကြီး ဝါလာတယ် အပူချိန်အများဆုံးရှိတဲ့အရင်းတွေကပိုပီးဝါလာပါတယ်၊

ဆံသားထဲမှာလဲအဝါဓာတ်ခံကရှိတော့ပိုဆိုးပါတယ် အဲ့ဒါမို့အစိမ်းကို ဆိိုးတော့မယ်ဆိုရင် အနီနဲ့ အဝါကိုသတ်ပီးမှာဆိုးမယ်ဆိုရင် Colour ကပိုငြိမ်ပီး ညီညာလှပစေသပ်နေမှာဖြစ်ပါတယ်။

တကယ်လို့ကိုယ်ကColour နဲ့ပက်သက်ပီး
Professional တယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ကျမတို့ 👉Shunn Hair Training 👈တစ်ဦးတယောက်ခြင်းစီတိုင်းကိုကူညီဖို့အဆင်သင့်ပါရှင့်🙏

Shunn Hair Training
📲09:265363593
Fb page -Shunn Hair Training

Photos from Shunn hair training's post 08/10/2024

လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးက Carrer ပါပဲ။ ကိုယ်ဘယ်လို Carrer လမ်းကြောင်းကိုရွေးချယ်မလဲက သိပ်အရေးကြီးပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ Carrer ကိုတော့သိပြီဆိုရင် ဒီ Carrer လမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ဖို့ မှန်ကန်တဲ့ Carrer Path တစ်ခုလုံးကို လမ်းပြပေးနိုင်မယ့် သင်တန်းကိုရွေးချယ်ဖို့လိုပါတယ် 🤷‍♀️

အဲ့ဒီတော့ ကိုယ့်ရဲ့ Carrer လမ်းကြောင်းကို Beauty Salon အတွက် ရည်ရွယ်ထားရင်တော့ မကြာခင်မှာ Glam & Go ရဲ့ Founder တစ်ဦးဖြစ်တဲ့ မရွှန်းလဲ့ရဲ့ "Color သင်တန်း" မကြာခင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

🔴 ဘာတွေအဓိကထားပြီးသင်ကြားပေးမှာလဲ ⁉️

🔸Basic အခြေခံသဘောတရားများ။
🔸ချွတ်ဆေးကိုအချိန်မကြာ၊ ဆံပင်ကိုမပျက်စီးစေပဲ လိုချင်တဲ့အရောက်ရအောင် ဆိုးနည်း။
🔸 Highlight ဖောက်နည်းအမျိုးမျိုး။
🔸Air Touch ဆိုးနည်း။
🔸Ombre Color ဆိုးနည်း။
🔸Balayage Color ဆိုးနည်း။
🔸Color သတ်နည်း စတဲ့ ဆံပင်နဲ့ပတ်သက်တဲ့ A TO Z မကျန် သင်ကြားပေးမှာဖြစ်ပါတယ်။

🔴သင်တန်းသားတွေလိုချင်နေတဲ့ Color နဲ့ပတ်သက်တာတွေတင်မဟုတ်ပါဘူး။ သင်တန်းသားတွေ လိုအပ်နေတဲ့ Hair Stylist တစ်ယောက်မှာရှိရမယ့် စိတ်နေစိတ်ထားတွေနဲ့ ဂရုစိုက်ရမယ့်၊ သတိထားရမယ့် အကြောင်းအရာတွေကိုပါ Galm & Go ရဲ့ Founder မရွှန်းက သူ့ရဲ့ အတွေ့အကြုံတွေအပေါ်မှာအခြေခံပြီး မျှဝေသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🔴 ကဲ ကိုယ်တိုင်ကလည်း Hair Stylist တစ်ယောက်ဖြစ်ချင်တယ်၊ တစ်ချိန်ချိန်မှာလည်း ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားတယ်ဆိုရင် ဒီသင်တန်းလေးက မိတ်ဆွေအတွက် အထူးအခွင့်အရေးပေးနေပါတယ် 🤩

🚨ပထမဆုံးလာအပ်တဲ့သူ ၃ယောက်အတွက် 20% Off နဲ့ သင်တန်းကို Join ခွင့်ရမှာပဲဖြစ်ပါတယ် 🚨

သင်တန်းက အတတ်သင်တဲ့ သင်တန်းဖြစ်တာမို့ လူဦးရေကို ဆယ်ဦးအထိပဲ သတ်မှတ်ထားပါတယ်နော်။ ဒါကြောင့်မို့ ကိုယ့် Carrer လမ်းကြောင်းပေါ် မြန်မြန်နဲ့ မှန်မှန်ရောက်ဖို့ သင်တန်းလေးအပ်ချင်တယ်ဆိုရင် CB ကိုလာပြီး Carrer လို့ ပို့ပြီး သင်တန်းလေးကိုအပ်နှံနိုင်ပါပြီနော် 🥳

🚨ကဲ ဒါဆို သင်တန်းကြေးလေးကရော ⁉️

◽သင်တန်းကြေးလေးကတော့ ၅သိန်းကျပ်ပါ။
◽အချိန်လေးကတော့ - 21 ရက်နေ့ကနေစပြီး 27ရက်နေ့အထိ ကြာမြင့်မှာပဲဖြစ်ပါတယ်။
◽ကြာမြင့်မယ့် အချိန်ကတော့ ၇ရက်ဖြစ်ပြီး 10 AM To 3:00PM ဖြစ်ပါတယ်။
◽နေရာလေးကတော့ အမှတ်-၃၊မြေညီ(အေ)၊(၇)ရပ်ကွက်၊သံလမ်း၊လှိုင်မြို့နယ်။

နောက်ဆုံးတစ်ခုကျန်ပါသေးတယ် 🙊

သင်တန်းအပ်တဲ့သူဆယ်ယောက်လုံးအတွက်၊ ပထမနေ့မှာတင် သင်တန်းကိုစိတ်ကျေနပ်မှုမရှိဘူးဆိုရင် သင်တန်းကြေး 100% Refund ပြန်ပေးမှာပဲဖြစ်ပါတယ် 😎

ကဲ သင်တန်းအပ်ချင်တဲက သူတွေအတွက် 💁‍♀️

☎️09 - 265363593 ကိုဆက်သွယ်ပြီးမေးမြန်းနိုင်သလို ChatBox ကနေလည်း Color လို့ပို့ပြီးအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 3, Ground Floor (A), (7)Quarter Than Lann, Hlaing Tsp
Yangon
93

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00