Myat Noe Khing

Myat Noe Khing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Noe Khing, Health/Beauty, Yangon.

09/10/2025
02/12/2023

တဖြည်းဖြည်း အသက်ကြီးလာတော့ ...
တစ်ကိုယ်ရည်ဘဝရဲ့
အရသာဟာ ပိုပေါ်လာတယ် ...

ဘဝမှာ နေရတာ ကြာလေလေ
အဖော် ဆိုတာထက်
မိတ်ကောင်းဆွေကောင်းကိုသာ
ပိုလိုချင်မိလေပါပဲ ...

အိုမင်းမစွမ်း ဖြစ်ရမှာ မကြောက်မိပါဘူး ....
မိတ်ကောင်းဆွေကောင်းနဲ့အတူ မအိုရမှာကို
ပိုကြောက်မိတယ် ....

ဘဝမှာ ငါ ဘယ်လောက်များများ
ပျော်သွားသလဲ .. လို့ မမေးပါဘူး .....
လောကကြီးကို
ကိုယ်ပေးနိုင်သလောက် ပြန်ပေးပြီး ...
အိုမင်းတဲ့ဘဝလေးကို
ညင်ညင်သာသာလေး နေသွားချင်တာပါ ...

ပြီးတော့ ဘယ်သူမှ မသိခင် ...
တိတ်တိတ်လေးသာ
ထွက်ခွာသွားချင်တာပါ ...

မသေခင် နေရအုံးမယ့် အချိန်လေးတွေမှာ ....

ဆိတ်ဆိတ်ငြိမ်ငြိမ် စကားပြောတတ်ပြီး ...
ကိုယ်ဟန်မူရာ ငြိမ်းချမ်းသူနဲ့
စကားလက်ဆုံကျချင်တယ် ....

တိုးတိုးဖွဖွ မေးမြန်းတတ်လို့ ...
အသံမမြည်အောင် နေတတ်သူနဲ့
အတူနေချင်တယ် ....

သာသာယာယာ စာဖတ်ပြပြီး ...
ဉာဏ်ပါပါ ရယ်မောတတ်သူနဲ့
အိုမင်းချင်တယ် ..

လုပ်စရာရှိတာ မညည်းမညူလုပ်လို့ ...
မငြူမစူ နေတတ်သူရဲ့
ပြုစုမှုကို လိုချင်တယ်

လဲကျသွားရင် ဖေးမထူလို့ ....
သိမ်ငယ်သွားအောင် မပြောတဲ့သူ
အနားမှာ ရှိစေချင်တယ် .....

ကိုယ့်ကိုယ်တွင်းမှာ
ကိုယ့်ကွန်းခိုရာ ရှာတွေ့ပြီး ...
ကိုယ့်ကိုယ်ကိုယ်ထက် သာလွန်တဲ့
တစ်စုံတစ်ရာ ဖန်တီးရေး ..
ဘဝတစ်ခုလုံး ပုံပေးထားတဲ့သူနဲ့ ....
အကျွမ်းတဝင် ရှိချင်တယ် ......

ငါမျှော်မှန်းမိတာ
ဒါလောက်ပါပဲ ..

ဒါလောက်ကလေးပါပဲ ....

---------------------စိတ်ရဲ့ငြိမ်သက်ခြင်း

Credit~✍🌿🌸

20/11/2023

ပြန်လာဖို့ မတောင်းဆိုတော့တာဟာ
မလိုချင်တော့လို့
လက်လျော့လိုက်တာမျိုး မဟုတ်ပါဘူး
ပြန်မလာမှန်းသိလို့
မျှော်လင့်ချက်မထားတော့တာ ။

20/11/2023

တိုင်းလွှတ်တော်ကို
ဖက်ဒရယ်ယူနစ်လွှတ်တော်လို့
အမည်ပြောင်း
ကြတော့မှာတဲ့
ဝမ်းသာစရာပဲ

ကွန်ဖက်ဒရယ်ပုံစံ ပေါ်လာလဲ
ကျေနပ်မှာ

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲလေ

ပြည်ထောင်စုမှာပဲနေနေ
အိမ်နီးချင်းကောင်းပဲ လုပ်လုပ်

* ဥရောပပုံစံ နေကြမလား

* အမေရိကန်ပုံစံ နေကြမလား

နမူနာ ကောင်းတွေ ရှိနေပြီပဲ

20/11/2023

ယုံကြည်ရာလမ်း
ရောက်အောင်
လှမ်းမည်

20/11/2023

မြန်မာပြည်မှာ
လူဖြစ်ရတာ သိပ်ကံကောင်းတာ
ပြောတာ သူတို့ပဲ

ပြေးတာကျ သူတို့အရှေ့ဆုံးက

20/11/2023

ထမိန်အောက်နေရလို့
ဂျင်းထည့်တာလဲ
သူတို့ပဲ

အခုထမိန်စ
လိုက်ဆွဲနေတာလဲ
သူတို့ပဲ

24/10/2023

သူတစ်ပါးကိုလည်း မထိပါးဘူး
ကိုယ့်စည်းနဲ့ကို နေတယ်။

မပြည့်စုံတဲ့ဘဝမို့ အလုပ်မှာ မမှားဘဲအဆူခံရရင် ပတ်ဝန်းကျင်မှာ နှိမ်ခံရရင်
ကိုယ်မှ မကင်းနိုင်သေးတာပဲဆိုပြိး
ငြိမ်ခံနေလိုက်တာများတယ်။

မာနနဲ့ ကိုယ်ကျင့်တရားကို မထိသရွေ့တော့ ကျွန်မဟာ လျစ်လျူရှုလိုက်တာများပါတယ်။

ငွေချို့တဲ့ တဲ့ ဘဝမှာ အနှိမ်ခံရတာ
မထူးဆန်းသလို
ဦးစားပေးခြင်းတွေကြားမှာ ထိမ်ချန်ခံရတာလည်း မဆန်းကြယ်ပါဘူး။

မာနကို ထိခိုက်တဲ့စကားမျိုး
ကိုယ်ကျင့်တရားကို ချိုးဖောက်တဲ့
အပြုအမှုမျိုးနဲ့ ဆက်ဆံရင်တော့
ကျွန်မ သည်းမခံတတ်ပါဘူး။

ကျွန်မကိုလာပြီး ရိသဲ့သဲ့လုပ်တာမျိုး
ကျွန်မနားမှာ မထိတပါးထိကပါး စကားတွေပြောတာမျိုး လာမလုပ်ပါနဲ့။

ကျွန်မက မာနရှိတဲ့ မိန်းကလေး
မာနကြီးတာမဟုတ်ဘူး ကိုယ့်သိက္ခာတရားအတွက် စည်းချထားရုံလေးပါ။

ကျွန်မရဲ့ မာနဲ့ ကိုယ့်ကျင့်တရားကို ထိပါးလာမယ်ဆိုရင်တော့...
လက်နဲ့ဖြစ်စေ စကားလုံးနဲ့ဖြစ်စေ
ချက်ခြင်းတုန့်ပြန်တတ်ပါတယ်။

#ခွန်အားဖြစ်စေသောစာများ
#မေတ္တာဖြင့်မျှဝေပါသည်

24/10/2023
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon