For Lady Myanmar
For Lady Myanmar: Women Empowerment Online Media
13/10/2022
The golden lion tattoo studio and body piercing #darkside mood tattoo #black #gray Ph 09959503670
13/10/2022
13/10/2022
18/08/2020
ဒါလေးတွေကတော့ နာမည်ကြီးနေတဲ့ Korean Drama က “It’s Okay to Not to be Okay” ထဲကမင်းသမီး Seo Ye Ji စီးခဲ့တဲ့ ဖိနပ်တော်တော်များများကို Collection လုပ်ပေးထားတာရှိပါတယ်...
(အားကျကြစမ်း Admin တော့အားတွေအရမ်းကျနေပြီ)
18/08/2020
မမတို့ ညီမလေးတို့ အတွက် ၂၀၂၀ မှာနာမည်ကြီးနေတဲ့ Eyeliners လေးတွေကို Share ပေးလိုက်ပြီနော်...
ညီမလေးတို့ မမတို့ သုံးနေတာလေးတွေရှိရင်လည်း Sharing လုပ်သွားပါဦးနော်
12/08/2020
ကောင်မလေးတွေ Date မလုပ်သင့်တဲ့ ကောင်လေးများ
1.F-boy
F-boy တွေမှာတော့ အစစ်အမှန်ဆိုတာမရှိသလောက်ရှားတယ်။ အစမှာတော့စကားလှလှလေးတွေ ပြောပြီးလိုတာရရင်တော့ စာမလာအသံမကြားပုံစံလုပ်သွားတတ်တဲ့လူမျိုးပဲဖြစ်ပါတယ်။
2.Roller Coaster လိုကောင်လေး
စစချင်းမှာတော့ အရမ်းချစ်တတ်တဲ့ ကောင်လေးလို့ထင်ရပေမယ့် သူတို့လိုချင်တာ ဖြစ်ချင်တာဖြစ်ချင်တာဖြစ်ရဖို့အတွက် ဖြတ်လိုက်ဆက်လိုက်လုပ်တတ်တဲ့ ကောင်လေးမျိုးပဲဖြစ်ပါတယ်။ အဲလိုလုပ်တိုင်း သူတို့ကောင်မလေးတွေက သူတို့ကိုတန်းတန်းဆွဲ ဖြစ်နေလို့နားထောင်မှာပဲဆိုပြီ မာန်တတ်နေတဲ့ကောင်လေးမျိုးပဲဖြစ်ပါတယ်။
3."Just Kidding" ကောင်လေးများ ကောင်မလေးက ကောင်လေးပြောလိုက်တဲ့စကားကိုစိတ်ဆိုးတာပဲဖြစ်ဖြစ် စိတ်ကောက်တာပဲဖြစ်ဖြစ် စနေတာကိုဘာဖြစ်ရတာလဲ၊ Sensitive ဖြစ်လိုက်တာဆိုပြီး လုပ်တတ်တဲ့ကောင်လေးတွေကို Date ဖို့လုံးဝမစဉ်းစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်ရဲ့ခံစားချက်ဟာအရေးမကြီးသလို အလေးထားမှုနည်းပါးတာကြောင့်ပဲ ဖြစ်တယ်။
4.Cheater
"Once a cheater, always a cheater." တစ်ခါခြံခုန်ဖူးတဲ့နွားဟာ နောက်တစ်ခါခုန်နေဦးမှာပဲ။ အဲဒီတော့ဝေးဝေးရှောင်ပါ။ မရှောင်နိုင်ရင်တော့ခံလိုက်ပါဦးပဲ Admin ပြောချင်ပါတယ်။
5.ပါးစပ်မပိတ်နိုင်တဲ့ကောင်လေးတွေ
သူ့ရဲ့ကောင်းကြောင်းတွေ သူ့ရဲ့အောင်မြင်မှုတွေကိုပဲ အမွှန်းတင်နေတဲ့ ကောင်လေးတွေ၊ သူငယ်ချင်းတွေကြားထဲမှာ သူသာလျှင် အကောင်းဆုံးဆိုပြီး ပြုမူတတ်တဲ့ကောင်လေးတွေကိုတတ်နိုင်သမျှ ရှောင်ကျဉ်ပါ။ ဘာလို့လဲဆိုတော့ တစ်ခြားလူတွေက သင့်ချစ်သူရည်းစားပို အထင်သေးအမြင်သေးဖြစ်ရုံတင်မက သင့်ကိုပါနောက်ပိုင်းကြည့်မရ အပေါင်းအသင်းကြား မဝင်ဆန့်ဖြစ်လာနိုင်ပါတယ်။
6.ကလေးလို ခွေးလို
ကောင်မလေးအများစုကတော့ Big Baby လိုကောင်လေးတွေကိုအစကတော့ သနားတာနဲ့ ချစ်ဖို့ကောင်းတာနဲ့ လက်ခံခဲ့ကြတာများပါတယ်။ နောက်ကြာလာတော့ အပြင်သွားဖို့နဲ့ Game ဆော့ဖို့ကလွဲပြီး ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အမေနဲ့သား Relationship လိုဖြစ်လာနိုင်ပါတယ်။
12/08/2020
မိန်းကလေးတွေ အိမ်ထောင်ပြုပြီးရင် အလုပ်ထွက်ဖို့ အလုပ်လုပ်ဖို့မလိုတဲ့ အတွေးဟောင်းတွေကို ဖယ်ရှားလိုက်ပါ…
ရှေးလူကြီးတွေ မိဘတွေကပြောတတ်ကြတယ်... ယောကျာ်းပြီးတာနဲ့ အလုပ်မလုပ်နဲ့တော့ အိမ်မှာပဲ ဟင်းချက်၊ ကလေးထိန်း၊ ယောကျာ်းကိုဂရုစိုက်နဲ့ပြောတတ်ကြတယ်။ အလုပ်လုပ်နေတဲ့အမျိုးသမီး ၂၀% ဟာ အိမ်ထောင်ပြုပြီးသွားတာနဲ့ မိသားစုကိုဂရုစိုက်ဖို့အတွက်နဲ့ ကိုယ်ချစ်တဲ့အလုပ်နဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုစွန့်လွှတ်ခဲ့ကြရတယ်။
တကယ်ကောအဲလိုလုပ်ဖို့လိုအပ်လို့လား...
ယောကျ်ားတွေပဲ ပိုက်ဆံရှာပေးနေလို့ ကလေးတွေရဲ့ Hero ဖြစ်နေစရာမလိုဘူး... ညီမလေးတို့ မမတို့လည်းကလေးတွေရဲ့ Hero ဖြစ်နိုင်တာပဲ... ပြီးတော့အိမ်ကဝေယျာဝိစ္စ ကလေးကိစ္စက မိန်းမတစ်ယောက်ထဲနဲ့ဆိုင်တာမဟုတ်ဘူး။ လင်ရယ်မယားရယ်နှစ်ယောက်လုံးနဲ့ဆိုင်တယ်လို့ Admin တော့ထင်တယ်။
ကိုယ့်ရဲ့ဝါသနာပါတာနဲ့ ဖြစ်ချင်တာတွေကိုစွန့်လွှတ်ဖို့လိုမယ်လို့မထင်ပါဘူး အိမ်ထောင်ပြုလိုက်တဲ့အတွက်...
မမတို့ ညီမလေးတို့ကောဘယ်လိုထင်လဲ။
(ဒါကြီးက Date Out နေပြီ မပြောနဲ့ Admin ကိုယ်တိုင်တွေ့နေရသေးလို့ Share လိုက်တာ... ဒါပဲ…)
12/08/2020
Negativity တွေကိုရှောင်ရှားပါ...
မိန်းကလေးတွေအများစုမှာ ရှိကျတယ်... Korean Idol ကောင်မလေးတွေက ဘယ်လိုလှတာ၊ ဟိုမော်ဒယ်လေးကဘယ်လိုကြည့်ကောင်းတာ၊ သူတို့က ဘာတွေသုံးလို့ဘယ်လိုလှကြတာဆိုပြီး ဖြစ်တတ်ကြတယ်။ ဒါ့အပြင် ကောင်လေးတွေက ဘယ်လိုပုံစံမျိုးကြိုက်လို့ဘယ်လိုဝတ်စားတာ၊ ဘယ်လိုနေထိုင်မှကောင်လေးတွေက သဘောကျမှာဆိုပြီးလဲ မိန်းကလေးအများစုမှာရှိတတ်ကြတယ်... (Admin ပြောတာအများစုနော်... အကုန်မဟုတ်ဘူး... FA တွေကိုမရည်ရွယ်ပဲထိသွားရင်တော့ Sorry ပဲ…)
အထူးသဖြင့် Facebook သုံးလာတဲ့လူဦးရေများလာတာနဲ့အမျှ Negative Comment တွေနဲ့ Cyberbullying တွေများလာတာတွေတွေ့ရတယ်။ ကောင်မလေးတွေကို မလှဘူးတို့၊ ကြည့်မကောင်းဘူးတို့ တစ်ခြားသောဆိုးရွားတဲ့ အရာတွေကိုပြောဆိုကြလာတယ်။ ဝေးဝေးမကြည့်နဲ့ အဆိုတော် Mary ဓာတ်ပုံနဲ့ ပဲခူးသူလေး စုမို့မို့နိုင်ကိစ္စကိုပဲ ပက်သတ်ပြီးဖြစ်ခဲ့တာကိုပဲ ကြည့်တော့။
တကယ်ကောအဲ့လိုအရာတွေက အရေးကြီးလို့လား?
ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ကိုယ့်ရဲ့ ဘဝမှာစိတ်ချမ်းသာပျော်ရွှင်နေယုံနဲ့ မလုံလောက်ဘူးလား။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းလိုက်ပါ။ Negativity တွေကိုရှောင်ရှားပြီး ဘဝကြီးကိုပျော်သလိုသာနေလိုက်ကြပါ ညီမလေးတို့ မမတို့ရေ...
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11161
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |
| Saturday | 10:00 - 14:00 |