Peak myanmar-GYM
online gym သင်တန်း
09/09/2017
အမျိုးသမီးတိုင်းလှပကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
🌱🌱Gym သွားဖို့လည်း အချိန်မပေးနိုင် ကျစ်လစ်တောင့်တင်းပြီး သွယ်လျလှပတဲ့ body အချိုးအစားကိုလဲ ပိုင်ဆိုင်ချင်တယ်ဆိုရင်
ဘယ်မှာမှမရတဲ့အသက်သာဆုံးနှုန်းထားနဲ့ရောင်းပေးနေပြီနော်🌴🌴
🎇🎇ဘယ်မှာမှ မရတဲ့ဈေးနှုန်း ၈၀၀၀ ကျပ်
ပို့ခလုံးဝပေးစရာမလိုပါဘူး✨✨လေ့ကျင့်ခန်းစာအုပ်ကလေးပါလက်ဆောင်ပေးဦးမှာပါ😍😍
🎈🎈တနေ့ မိနစ် ၂၀လေ့ကျင့်တာနဲ့တလအတွင်း သွယ်လျလှပတဲ့ body structure ပိုင်ဆိုင်လာပြီး မြင်သူငေးမောရမယ့် ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်လာမှာပါ🎆🎆
😍😍မလိုအပ်တဲ့အဆီတွေကျပြီး သံလိုက်ဓါတ်ကလဲ စားဝင်အိပ်ပျော် ကျန်းမာရေးကောင်းမွန်လာမှာပါ😘😘
🌼🌼ဒီ ခါးလှည့်အဝိုင်းပြားလေးမှာပါတဲ့ အနှိပ်ဖုလေးတွေကခြေဖဝါးမှာ ရှိတဲ့အဓိကသွေးကြောနေရာတွေကို နှိပ်နယ်ပေးပြီး သွေးသားကိုသန့်စင်နုပျိုစေမှာပါ🌹🌹
🌿🌿ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ 🌿🌿09427706266 🍀🍀ကိုဆက်နိုင်သလို 🍁🍁viber ကလဲမှာယူနိုင်ပါတယ်နော်🍂🍂
comment ဒါမှမဟုတ် message box ကနေ ဖုန်းနံပါတ်ထားခဲ့ရင်လဲ ပြန်လည်ခေါ်ဆိုဖြေကြားပေးပါ့မယ်
04/09/2017
မကြာခင်မှာ ဖွင့်လှစ်ပါတော့မယ်
Grand Opening နဲ့အတူ အထူး Promotion တွေစတော့မှာဖြစ်လို့ Page ကို See First လုပ်ထားဖို့မမေ့နဲ့နော်
04/09/2017
စက်အသစ်တွေထပ်ရောက်ပြီနော်
အောဖျန့်💪💪👌
03/09/2017
ကျစ်လျစ်တဲ့၊ ဖောင်းကြွတဲ့ လက်မောင်းတစ်စုံအတွက် ဘာတွေ လေ့ကျင့်ရမလဲ ???
ဒီမေးခွန်းဟာ Gym ဆော့တဲ့ လူတော်တော်များများ သိချင်တဲ့ မေးခွန်းဖြစ်သလို လက်မောင်း လေ့ကျင့်ခန်း လုပ်နေသူ တော်တော်များများဟာလဲ Gym ခန်းတွေထဲမှာ နေရာယူထားကြတာ မဆန်းပါဘူး။ လုပ်ကြတဲ့ သူတွေထဲမှာ လက်မောင်းသား တောင့်တောင့် လိုချင်လို့ လုပ်ကြတဲ့ သူတွေ ရှိသလို၊ တစ်ချို့ကျတော့လဲ သူများလုပ်တာမြင်လို့ ကောက်ကိုင်လုပ်နေကြတာလဲ ရှိပါ့။ ဆိုလိုချင်တာက လုပ်သူ အရေအတွက်များလွန်းတယ်လို့ မှတ်ယူရနိုင်တယ်ပေါ့။ လက်မောင်းသားဟာ လူကို ကြည့်လိုက်တာနဲ့ အင်္ကျီလက်ရှည် ဝတ်ထားရင်တောင် တန်းမြင်ရတာမလို့ ဒီလို သည်းသည်း လှုပ်နေကြတာ မဆန်းပါဘူး။
**************************
ဘယ်ကြွက်သားက လက်မောင်း အရွယ်အစားကို ကြီးစိုးထားသလဲ ???
သန်မာတဲ့ လက်မောင်းအသွင်၊ ကြီးမားတဲ့ လက်မောင်းအသွင်ပေါ်ဖို့အတွက် လက်မောင်းမှာရှိတဲ့ အစိတ်အပိုင်းတွေထဲက ဘယ်ဟာက ကြီးမားလဲဆိုတာ သိဖို့လိုတယ်ဟုတ်။
လက်မောင်းတစ်ခုမှာ အကြမ်းဖျင်း အုပ်စုခွဲလိုက်ရင် ၂စု။ အဲ နှစ်စုကိုမှ ထပ်ပြီး စိတ်မွှာလိုက်ရင် ၅မျိုးပေါ့။
အုပ်စု
၁- လက်မောင်းရှေ့ (Biceps)
၂- လက်မောင်းနောက် (Triceps)
အဲတာကိုမှ အသေးထပ်ခွဲရင်
၁- လက်မောင်းရှေ့မှာ ကြွက်သားအကြီး + အသေး ဆိုပြီး နှစ်မျိုး။ ဒါ့ကြောင့် Biceps (Bi ဆိုတာ ၂ဆိုတဲ့သဘော) လို့ ခေါ်တာပါ။
၂- လက်မောင်းနောက်မှာ လက်မောင်းနောက်အကြီး + ဘေးသားမြင်းခွာ + နောက်ကြားခံကြွက်သား ဆိုပြီး သုံးမျိုး။ ဒါ့ကြောင့် Triceps (Tri ဆိုတာ တြိဂံ Triangle တွေလို ၃ ဆိုတဲ့သဘော) လို့ ခေါ်တာပါ။
ဒီလို Biceps နဲ့ Triceps နှစ်ခုရှိတဲ့ကြားမှာ Triceps လက်မောင်းနောက်သားဟာ လက်မောင်းရဲ့ 65% လောက် နေရာယူထားပါတယ်။
အရွယ်ကြီးတဲ့ လက်မောင်းတစ်ခုရဲ့ လျှို့ဝှက်ချက်ဟာ အများထင်သလို လက်မောင်းရှေ့သား (Biceps) မဟုတ်ပဲ လက်မောင်းနောက်သား (Triceps)ပါ။ ဒါ့ကြောင့်လဲ လက်မောင်း အရွယ် တက်လာအောင် ကြိုးစားလိုသူတွေအတွက် Triceps ကို လေ့ကျင့်ဖို့ လိုပါတယ်။
******************
ဟုတ်ပြီ။ Triceps ကို လေ့ကျင့်ဖို့ လိုတာသိပြီ။ ဒါဆို ဘယ်လို စနစ်တကျ လေ့ကျင့်နိုင်မလဲ။ ဘယ်လိုလေ့ကျင့်ခန်းတွေက ဘယ်အစိတ်အပိုင်းကို ထိရောက်မလဲ ???
အစိတ်အပိုင်း (၃) ခု ရှိတယ်လို့ အပေါ်မှာပြောပြီးပြီ။ ဒီသုံးခုထဲမှာမှ ဘယ်အပိုင်းက အကြီးဆုံးလဲ သိဖို့လိုပါပြီ။
၁- လက်မောင်းနောက် အကြီး (အကြီးဆုံး)
၂- ဘေးသားမြင်းခွာ (ဒုတိယ အကြီးဆုံး)
၃- နောက်ကြားခံကြွက်သား (အသေးဆုံး)
ဒီလို သုံးခုရှိတာမလို့ ဘယ်လိုလေ့ကျင့်မလဲ မပြောခင် လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့အခါမှာ ဒီသုံးခုဟာ တွဲပြီး အလုပ်လုပ်ရတာကို သိရပါမယ်။ အကြီးဆုံးအတွက် လေ့ကျင့်တယ်ဆိုပေမယ့် ၂ နဲ့ ၃ ကြွက်သားတွေလဲ ခန္ဓာကိုယ်က တွဲသုံးပါတယ်။ ဒါပေမယ့် အကြီးဆုံးသုံး အတွက်ဆိုတဲ့ လေ့ကျင့်ခန်းမှာတော့ အကြီးဆုံးကို အဓိက သုံးတယ်ပေါ့။
ဟိုးအရင်ဆောင်းပါးတွေမှာ ပြောခဲ့ဖူးသလို လေ့ကျင့်ခန်း တစ်ခုစရင် ကြွက်သားအစိတ်အပိုင်း အကြီးဆုံးနဲ့ စတာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသေးနဲ့ စလိုက်ရင် ကြွက်သားထဲက Glycogen ကုန်သွားတဲ့အခါ (အားကုန်သွားတဲ့ အခါ) အကြီးကို ဆက်မလုပ်နိုင်တော့လို့ပါပဲ။ ဒါ့ကြောင့်စလုပ်တဲ့ အခါ လက်မောင်းနောက် အကြီးကြွက်သားနဲ့ စရမယ်ဆိုပါတော့။
- လက်မောင်းနောက် အကြီးကြွက်သား
ဒီကြွက်သားဟာ လက်မောင်းနောက် လေ့ကျင့်ခန်းပုံစံတော်တော်များများမှာ သုံးတယ်ဆိုပေမယ့် လက်မောင်းကို ခေါင်းပေါ် မြှောက်ရတဲ့ ပုံစံတွေမှာဆို အသုံးဆုံးပါပဲ။
လုပ်နေကျ Triceps cable ကြိုးဆွဲချတဲ့ ပုံစံထပ် ခေါင်းကို မြှောက်ပြီး လုပ်လိုက်တဲ့ ပုံစံကို ပြောင်းကြည့်ပါ။ အလေးမပါပဲ ကွေးဆန့်ကြည့်ရုံနဲ့တင် လက်မောင်းနောက် ကြွက်သားအကြီး အသုံးပြုရမှုကို ခံစားနိုင်ပါတယ်။
ဒီကြွက်သားက လက်မောင်းနောက်မှာ အကြီးဆုံးဖြစ်တာမလို့ သူ့ကိုသုံးတဲ့ လေ့ကျင့်ခန်းကို ခပ်လေးလေးနဲ့ စဖွင့်သင့်ပါတယ်။
- ဘေးသားမြင်းခွာ
ဒီကြွက်သားဟာလဲ အပေါ်က ကြွက်သားအကြီးနဲ့ တွဲပြီး အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဒီကြွက်သားကို ထိရောက်စေတဲ့ လေ့ကျင့်ခန်း က Cable ဆွဲချတဲ့ Exercise ပါပဲ။
ပိုပြီး ထိရောက်ချင်ရင် လုပ်တဲ့အခါမှာ လက်ကို အနည်းငယ် ပုံစံပြောင်းဖို့၊ အပြင်ဘက်ကို အနည်းငယ် လှည့်ဖို့ ကြိုးစားသင့်ပါတယ်။ မျက်စိထဲ မြင်အောင်ပြောရရင် သစ်ကိုင်း တစ်ကိုင်းကို ဒူးပေါ်တင်ပြီး လက်နှစ်ဘက်နဲ့ ဖိချိုးလိုက်တယ်ဆိုပါစို့။ အဲလိုချိုးလိုက်တဲ့အခါ လက်သီးစုပ် အနည်းငယ်လည်သွားမယ်။ လည်သွားတာနဲ့ အတူ လက်မောင်းဘေးသား မြင်းခွာမှာလဲ တင်းတင်းလေး ဖြစ်သွားတယ်ဟုတ်။
ဒါ့ကြောင့် မြင်းခွာ Shape လိုချင်ရင် ဒီသဘောတရားကို သုံးပါ။
- နောက်ကြားခံ ကြွက်သား
ဒါကတော့ ကြားမှာ ညှပ်နေတဲ့ အသေးကြွက်သားဖြစ်လို့ တိုက်ရိုက် Train ရတာ အနည်းငယ်ခက်ပါတယ်။
လက်မောင်းနောက်ပုံစံတော်တော်များများမှာ သုံးသေးတယ်ဆိုပေမယ့် ကျန်တဲ့ ကြွက်သားအကြီး နှစ်ခုက ပိုလုပ်လိုက်တာ များတယ်။ ဒါပေမယ့် ဒီကြွက်သားကို ပိုထိစေတဲ့ နည်းလမ်းကောင်းတစ်ခုက Cable ကြိုးဆွဲချတဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ လက်ကို ပြောင်းပြန်စုပ်ထားတဲ့ ပုံနဲ့ လုပ်တာပါပဲ။
ပုံမှန်လက်သီးစုပ်ထားတဲ့အခါ လက်ဆစ်တွေက အပေါ်မှာ ရှိတယ်ဟုတ်။ အခုဟာက ပြောင်းပြန်လက်သီးစုပ်ဆိုတော့ လက်ဖဝါးဖက်က အပေါ်မှာပေါ့။
************
လက်မောင်းနောက်သားကို တစ်ပတ်မှာ ၂ရက်လောက် လေ့ကျင့်နိုင်ရင် လုံလောက်ပါတယ်။
လုပ်တဲ့အခါ ဥပမာ အနေနဲ့
လက်မောင်းနောက် အကြီးကြွက်သား
၁၂ ကြိမ် x ၄ ခေါက်ကြော့
ဘေးမြင်းခွာကြွက်သား
၁၂ ကြိမ် x ၃ ခေါက်ကြော့
နောက်ကြားခံကြွက်သား
၁၂ ကြိမ် x ၂ ခေါက်ကြော့ စသဖြင့်လုပ်နိုင်ပါတယ်။
03/09/2017
“ကျန်းမာခြင်းသည် လာဘ်တပါး” တဲ့။ ကျန်းမာခြင်းသည် ချမ်းသာခြင်း အစစ်၊ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်၊ စိတ်ချမ်းသာမှ ဘာအလုပ်လုပ်ပဲ လုပ်လုပ် အဆင်ပြေပြေနဲ့ အောင်မြင်ချောမွေ့စွာ လုပ်ကိုင်နိုင်မှာပါ။
ဒီနေ့ခေတ်လို သူသူငါငါ ရုန်းကန်နေရတဲ့ နေ့စဉ်လူမှုဘဝတွေထဲမှာ ကျန်းမာရေးအတွက် အာဟာရ သင့်တင့်မျှတအောင် အစား အသောက် ပုံမှန်စားခြင်း၊ ပုံမှန်အိပ်စက်ခြင်း အစရှိတာတွေအပြင် ကိုယ်လက်လေ့ကျင့်ခန်း အားကစား ပုံမှန် လုပ်ခြင်းဟာလည်း ကျန်းမာရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လို့လာပါတယ်။
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
မြို့ပြမှာ အလုပ်လုပ်၊ ကျောင်းတက်ရတဲ့သူ တော်တော်များများဟာ ကိုယ်လက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးဖို့ အချိန်မရတဲ့သူက များပါတယ်။ မြို့ပြမှာ နေ့တိုင်း လှုပ်ရှားရုန်းကန်နေရတဲ့ အတွက်လည်း အစားအသောက်ကို အာဟာရ မျှတအောင် သတိထားပြီး အချိန်မှန်၊ ပုံမှန် စားပေးတဲ့ အလေ့အထကိုလည်း ဂရုမပြုမိတတ်ကြပါဘူး။ ဒါဟာ တချိန်မှာ အဝလွန်တာ၊ အပိန်လွန်တာ၊ ခန္ဓာကိုယ်ကြီးထွားမှုနှုန်း နှေးတာ၊ အားနည်းတာ အစရှိတဲ့ ဆိုးကျိုးတွေ ကြုံတွေ့လာရ နိုင်ပါတယ်။
ဒီနေ့ခေတ်လို အိုင်တီခေတ်မှာ ကွန်ပျူတာ သုံးပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ကွန်ပျူတာနဲ့ တနေကုန် စာသင်စာဖတ်ရတဲ့ ကျောင်းသူ ကျောင်းသား လူငယ်တွေ အစရှိတဲ့ တနေကုန်အနီးပါး အထိုင်များတဲ့ လူငယ် လူရွယ် လူကြီးမရွေး တနေကုန် ခန္ဓာကိုယ်ပုံစံ တသမတ်တည်း ကြာကြာနေနေရတဲ့ သူတွေ အနေနဲ့ အခုနောက်ပိုင်း မြို့ပြမှာ တွင်တွင်ကျယ်ကျယ် ခေတ်စားလာတဲ့ Gym ကစားခြင်းကို ပြုလုပ်ဖို့ လိုပါတယ်။
Gym ဆိုတဲ့ ဝေါဟာရဟာ Gymnasium and Gymnastic Services ကို ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေကနေ တဆင့် ဆင်းသက်လာတဲ့ အတိုကောက် ဗန်းစကား တလုံးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သုံးထောင်ကျော် လောက်ကတည်းက ဂရိလူမျိုးတွေကနေတဆင့် Gymnasium ဆိုတဲ့ ဝေါဟာရ စတင်ပေါ်ပေါက်လာတယ်လို့ မှတ်သား ဖတ်ရှုဖူးပါတယ်။
ဒီနေ့ခေတ်မှာ လူငယ်တွေအတွက် Gym ဆော့တာဟာ မစိမ်းတော့ပါဘူး။ လူငယ်တိုင်း နီးပါး ဝတဲ့ လူပဲဖြစ်ဖြစ်၊ ပိန်တဲ့ လူပဲဖြစ်ဖြစ် ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းသန်စွမ်း လှပတဲ့ Body Structure ရရှိအောင် Gym ကစားတဲ့ အလေ့အထကို ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
ဝတဲ့သူတွေအနေနဲ့ အဆီချတဲ့ လေ့ကျင့်ခန်း၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေလျော့ကျအောင် လမ်းလျှောက်တာ၊ ပြေးတာတွေအပြင် Gym Trainer ကောင်းကောင်းနဲ့ သေချာလေ့ကျင့်ပြီး အချိန်ပေးကစားမယ်ဆိုရင် ကိုယ်ရည်မှန်းထားတဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝတဲ့သူတယောက်ဟာ အစားအသောက် ကိုလည်း ဆင်ခြင်ပေးဖို့ အထူးလိုအပ်ပါတယ်။
ထို့အတူပါပဲ။ ပိန်တဲ့သူအနေနဲ့ ဝိတ်တက်အောင် ကြွက်သာတွေ ကြီးထွားလာအောင် ကစားမယ်ဆိုရင် ဝိတ်မတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင်း အစားအသောက်ကို အာဟာရ သင့်တင့်မျှတအောင် စားပေးဖို့ လိုအပ်သလို ခါတိုင်း စားတာထက် ပိုပြီးစားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကြွက်သားကြီးထွားနှုန်းကို ပိုမိုမြင့်မားစေတဲ့ အားဆေးတွေ၊ ပရိုတင်းအားဖြည့် ဆေးတွေ၊ ဗီတာမင်တွေလည်း နေ့စဉ်မှီဝဲ စားသုံး ပေးဖို့ လိုကြောင်း သိရပါတယ်။
Gym အားကစားက တပတ်ကို အနည်းဆုံး ၃၊ ၄ ရက် အချိန်ပေးပြီး ဆော့သင့်ပါတယ်။ နေ့စဉ် ပုံမှန် ဆော့ကစား ပေးမယ် ဆိုရင်တော့ စိတ်ဖိစီးမှုကင်းပြီး ကျန်းမာအသက်ရှည်တဲ့ အပြင် ခန္ဓာကိုယ်က ကြံ့ခိုင်သန်စွမ်းတဲ့အတွက် တော်ရုံတန်ရုံ ရောဂါ ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။
Gym ကစားတဲ့အခါ အဓိကက နည်းပြရဲ့ မှန်ကန်တဲ့ ကစားပုံ ကစားနည်း၊ ရက်တွက်ချက်ပေးမှု၊ လမ်းညွှန်ပေးမှု မှန်ကန် ဖို့က အရေးအကြီးဆုံးပါ။ တပတ်မှာ ဘယ်နေ့က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်း အတွက် ကစားမလဲဆိုတာကို ကိုယ့် Trainer နဲ့ Time Table ဆွဲပြီး ပုံမှန်ကစားသွားပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ရင်အုံ၊ ဗိုက်သား၊ ပေါင်၊ ခြေထောက် အောက်ပိုင်း အစရှိတာတွေကို Schedule သေချာဆွဲပြီး ရက်ခွဲ ကစားပေးဖို့လိုအပ်ပါတယ်။
အစားအသောက် ကိုလည်း ဝိတ်တတ်ချင်တဲ့သူဆိုရင် ပုံမှန်ထက်ပိုပြီး များများ စားပေးတာမျိုးနဲ့ ဝိတ်ချနေတဲ့ သူတွေ အနေနဲ့ကလည်း အဆီအဆိမ့် အစရှိတဲ့ ဝိတ်တက်စေမယ့် အစာတွေကို သတိထား ဆင်ခြင်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင် Gym ကစားတာ တွင်ကျယ်လာလို့ နေရာတိုင်းနီးပါး၊ အလုပ်နား၊ အိမ်နား၊ ကျောင်းနား၊ ရပ်ကွက်တွေ အိမ်ရာတွေမှာ နီးနီးနားနား သွားရောက်ကစားလို့ ရနေပါပြီ။ Gym ကစားတာ ပေါ်ပြူလာ မဖြစ်ခင် အရင်ခေတ်တွေကဆို Gym ကစားတာဟာ အားကစားရုံတွေမှာ တကူးတက ဝိတ်သွား မ,ရတဲ့မျိုး၊ အထူးသဖြင့် အားကစား သမားတွေ၊ ဝိတ်မ သမားတွေ၊ ကာယဗလ မောင်မယ်တွေနဲ့ လှယဉ်ကျေးမယ်တွေ အစရှိသူတွေ ကစားလေ့ ကစားထ ရှိတဲ့နေရာလို့ပဲ သိခဲ့ကြပြီး ဒီနေ့ခေတ်မှာတော့ ပျိုပျိုအိုအို အရွယ်စုံ အသက် ၁၆၊ ၁၈ ဝန်းကျင် လောက်ကစလို့ လူငယ်တွေ Gym အားကစားကို ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
ဒီနေ့ခေတ် Gym ခန်းမတွေမှာဆိုရင် Gym ဆော့ရင်း ရေကူးမယ်၊ ယောဂ ကစားမယ်၊ whirlpool bath ဝင်စိမ်မယ်၊ ချွေးထုတ်မယ် အစရှိတဲ့ ခန္ဓာကိုယ်အတွက် အပန်းလည်းဖြေ၊ အသားရည်လည်း လှမယ့် ဝန်ဆောင်မှုမျိုးတွေပါ တွဲလုပ်လာကြပါတယ်။ ဒီလို အဆင့်မြင့်တဲ့ ဝန်ဆောင်မှု ကောင်းကောင်းတွေနဲ့ ရရှိနိုင်တဲ့ Gym တွေရဲ့ ဈေးနှုန်းက ဝင်ကြေးအပါအဝင် လစဉ် တသိန်းကျော်က နှစ်သိန်းနီးပါး အထိ ဈေးအစားစားရှိပါတယ်။ ဒီလို Gym တွေ Fitness Center တွေကိုတော့ များသော အားဖြင့် အဆင့်မြင့် အိမ်ရာတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်ကြီးတွေမှာ
သွားရောက် ကစားနိုင်ပါတယ်။
သာမန်အလုပ်နဲ့ နီးနီးနားနား Gym တွေနဲ့ ရပ်ကွက်ထဲက Fitness Center တချို့ကတော့ ဝန်ဆောင်မှု အမျိုးအစားတွေ အရမ်းမစုံလင်ပေမယ့် အားကစားပစ္စည်း ကိရိယာအပြည့်အစုံနဲ့ ကစားနိုင်ပြီး Gym Trainer နဲ့ အတူ လေ့ကျင့် သင်ကြားနိုင်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ဝင်ငွေပမာဏပေါ်မူတည်ပြီး ဈေးနှုန်းရွေးချယ် သွားရောက် ကစားနိုင်ပါ သေးတယ်။ အဲဒီလို Gym ခန်းမတွေကတော့ တလကို ကျပ် ၁ သောင်း ကနေ ၃ သောင်းအထိ ဈေးရှိပါတယ်။
ကဲ အညောင်းမိလို့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေရင်တော့ ဒီလို မိုးအေးအေး ရာသီဥတုမှာ အပြင်ထွက်ပြီး ကိုယ်လက် လေ့ကျင့်ခန်း လုပ်ဖို့ မလွယ်ကူတာကြောင့် နီးစပ်ရာ အားကစားခန်းမ Gym တခုခုမှာ သွားပြီး မမ်ဘာဝင် ကစားကြရ အောင်လား။
ပုံမှာပြထားတဲ့ Gym ကစားခန်းမပုံကိုတော့ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ မလိခအိမ်ရာဝင်း အတွင်းမှာတည်ရှိတဲ့ “FX Fitness Xpress”မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။
03/09/2017
ကဲ မလန်းချင်ဘူးလား
03/09/2017
#နှစ်ကြိမ်ကစားတော့_နှစ်ဆကြီးသလား???
--------------------------------------------------------
"ကျွန်တော်မြန်မြန်တက်ချင်လို့ များများလေ့ကျင့်တယ် အစ်ကို။"
ပြောလာသည့်လူငယ်ကို ကြည့်လိုက်တော့ (၁၇)နှစ်ကျော်ဗလံလေး။ ကစားသက် မေးလိုက်တော့ (၆)လစွန်းစွန်း။ စကစားစဉ်ထက် ဘာတွေ ထူးထူးခြားခြား တက်လာသလဲဆိုတော့ ဘိုင်ဆက်လေး
ကိုညှစ်ပြပြီး ဒါလေးတော့ ထူးခြားလာတယ်တဲ့။
မိမိထင်သလိုလေ့ကျင့်နေကြခြင်းသည်ပင်
လမ်းမှားခြင်း၏ နိဒါန်းအစ ဖြစ်သည်။ မိမိအခြေအနေကို မိမိသိထားသင့်သည်။ အဆိုပါ လူငယ်လေးသည် စိတ်ဓာတ်ပိုင်းအရ ပြင်းထန်သည်။ ဇွဲ ရှိသည်။ ပိုက်ဆံရှိသည်။
သို့သော် သူမှာ မရှိသည်မှာ "လေ့လာနိုင်မှု"
နှင့် "အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်း" မရှိခြင်းပင်ဖြစ်သည်။
လေ့လာနိုင်မှုအားနည်း၍သာ ယခုလိုမျိုးဖြစ်ရပ်ကို သူအနေနှင့်ကျင့်သုံးနေခြင်း ဖြစ်ပေသည်။ နိုင်ငံတကာဆုကြေးစားမောင်တွေ၊ မောင်အိုလံပီယာအဆင့်ရှိသူတွေ၊ ကစားသက်ဆယ်စုနှစ်ချီရှိသူတွေသာ လေ့ကျင့်နေသော တစ်နေ့(၂)ကြိမ် ခွဲကစားနည်းကို အဆိုပါတက်သစ်စ လူငယ်လေး ကျင့်သုံးနေသည်။ဘာတွေလွဲနေသလဲ???
"Double Split System" ဆိုသည့် တစ်ရက် (၂)ကြိမ်ခွဲကစားနည်းဆိုတာ မနက်ခင်းတစ်ချိန်၊ ညနေခင်းတစ်ချိန် ခွဲကစားနည်း ဖြစ်ပါသည်။
တစ်နေ့(၂)ကြိမ်ခွဲကစားပြီဆိုကတည်းက ခွန်အားစိုက်ထုတ်မှု ပိုများလာပြီ။ အားစိုက်မှုများလာလေ "အနားယူမှု" နဲ့ "အာဟာရ" ဆိုတာတွေ ပိုလိုအပ်လာပြီ။ အဲ့သလို အနားယူမှု၊ အာဟာရပိုင်းလိုအပ်မှုတွေ ပိုများတဲ့ တစ်နေ့ (၂)ကြိမ်ကစားနည်းမျိုးကို
အလုပ်ကိုစောစောသွား နောက်ကျမှပြန်ရောက်တဲ့ ကျွန်တော်တို့ မြန်မာပြည်မှ တက်သစ်စ ဝါသနာရှင်လူငယ်လေးတွေ ကျင့်သုံးပြီး နမူနာယူ လေ့ကျင့်နေတော့ ခုတ်ရာတခြား ရှရာတခြားဖြစ်နေပါသည်။
ကာယဗလနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတွေကို သာမန်ကျွန်တော်တို့တွေ သွားယှဉ်ုလို့မရပါဘူး။
မနက်ပိုင်းကစားလိုက်၊ Protein shake လေးသောက်လိုက်၊ ကြက်သားစားလိုက်၊
အမိုင်နိုကို ပဲကြီးလှော်ဝါးသလိုဝါးပြီး တစ်ရေးတစ်မောအိပ်၊ အိပ်ယာကထရင် တစ်ခါပြန်ပြီ Pre workout လေးမှီဝဲလိုက်၊
Gym bagလေးဆွဲပြီး ကားလေးတစ်ငြိမ့်
ငြိမ့်စီး Gymမှာ အနီးကပ် နာမည်ကျော် Personal trainer တွေနဲ့ သေချာ Plan ချပြီး ကစားနေတဲ့ professional တွေကို လိုက်တုကစားနေတာတော့ နံ့သာဆီ နဲ့ အီး ပါပဲ။
ကျွန်တော်တို့နဲ့ ဘာကွာသလဲ မေးရင် အကုန်ကွာပါတယ်။
-သင့်မှာ သူတို့လို အေးဆေးအနားယူရမဲ့အချိန်ရှိသလား?
-အာဟာရပိုင်းမှာရော သူတို့လို တစ်နေ့ (၆)ကြိမ်ခွဲစားပြီး ကြက်ဥ ငှက်ပျောသီး နဲ့ supplement တွေစင်ပေါ်မှာ တန်းစီ ထား နိုင်သလား?
-အိပ်ချိန်ကော နေ့ခင်းနေ့လည် တရေးတမော အိပ်စက်အနားယူပြီးမှ အေးဆေးသာယာစွာနဲ့ Gymကို သွားပြီး ကစားနေသူလား?
-တစ်နေ့(၂)ကြိမ် ဆိုတဲ့ system ကို နာမည်ကျော် trainer တွေနဲ့ သေချာ plan ချပြီး သင်ကစားနိုင်သလား?
ဒါတွေပြည့်စုံနေသူဖြစ်ပါစေဦး။ သင်ဟာ Boss တစ် ယောက်ပဲဆိုပါစေအုံး။ သင့်ရဲ့ ကစားသက် မဖြစ်စလောက်လေးနဲ့ တစ်ရက် (၂)ကြိမ် ဆိုတာ များပါတယ်။
အထက်မှာပြောခဲ့တဲ့ Pro အဆင့်သမားတိုင်းတောင်မှ တစ်နေ့(၂)ကြိမ်ကစားနည်းကို စွဲမြဲစွာလေ့ကျင့်သူ ရှားပါတယ်။ ထိပ်တန်းမောင်တစ်ချို့သာ ပြိုင်ပွဲအလို တစ်လခွဲ နှစ်လအလိုမှာ အဆီစစ်ပြီး ကြွက်သားကွဲပြားပေါ်လွင်စေဖို့ ကျင့်သုံးကြပါတယ်။ ထိပ်တန်းကာယဗလမောင် ဆိုသူတွေဟာ စံပြုလောက်တဲ့ လေ့ကျင့်မှု နည်းစနစ်တွေ ခေတ်ပညာတတ် အာဟာရ နည်းစနစ်ပိုင်းဆိုင်ရာပညာရှင်တွေ ခေတ်မီနည်းပညာ နဲ့ စက်ကိရိယာ အစုံအလင် လေ့ကျင့်ရေးဇယားသစ်တွေ စပွန်ဆာအစုံအလင်တွေနဲ့ပါ။ ဒီလို လူစားမျိုးတွေထဲမှာ တစ်ဦးအပါဖြစ်တဲ့ မောင်အိုလံပီယာ (၈)ထပ်ကွမ်း လီဟေနီ တောင်မှ တစ်နေ့ (၂)ကြိမ် ခွဲကစားနည်းကို အားမပေးခဲ့ပါဘူး။တစ်နေ့ (၂)ကြိမ် တစ်ပတ် (၆) ရက်ဆက်တိုက် ကစားလိုက်တာ (၇)ပတ်လောက်ကြာတော့ သူ့မှာ ကြွက်သားတွေ ညောင်းချိပြီး လူပါ ဒေါင်းချင်စိတ်ပေါက်သွားခဲ့လို့ တစ်နေ့(၂)ကြိမ် (၆)ရက်ဆက်တိုက် ကစားတဲ့ လူ့ဘီလူးကြီး လီဟေနီ လိုလူတောင် (၂)လမပြည့်ဘူး လေ့ကျင့်မှု နည်းစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ တစ်နေ့ (၂)ကြိမ် (၂)ရက်ကစား တစ်ရက်နား နည်းစနစ်ကို ပြောင်းလဲခဲ့ရတယ်လို့ ရင်ဖွင့်ဖူးပါတယ်။ ဒါတောင် အဖက်ဖက်က ပြည့်စုံပြီး ကာယဗလကို ဘဝတစ်ခုလို တည်ဆောက်ထားသူတွေ Pro အဆင့်သမား
တွေပါ။ ဒီတော့ သာမန်အဆင့်လေးတွေ ဖြစ်တဲ့ ကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့
Gym မှာပေးရတဲ့ လစဉ်ကြေးကို တန်အောင်ကစားမယ်၊ Gymပိတ်တဲ့ Sunday တစ်ရက်ပဲ နားမယ်၊ မြန်မြန်ကြီး အောင် (၂)ကြိမ် ကစားတယ် (၆)ရက်ဆက်
တိုက်ကစားတယ် ဘာဖြစ်လဲ ဆိုသူတွေ
သတိရှိကြဖို့ လီဟေနီရဲ့ သတိပေးစကား
တစ်ခွန်းကတော့********-
"Your muscles cannot grow until they
have fully recovered from the
previous workout" ဆိုတာပါပဲ။
အားလုံး သော Gymဝါသနာရှင်အပေါင်း သတိနဲ့အသိကို လက်ကိုင်ထားပြီး တွေးဆဆင်ခြင် လေ့ကျင့်နိုင်ကြပါစေ။
Credit_အောင်အောင်(လှိုင်)
_________________________________
ကဲ_ YFC Fan တို့ရေ… အကျိုးရှိတဲ့ စာလေးမို့ နောင်တစ်ချိန် ပြန်လော့နိုင်အောင် မိမိမိတ်ဆွေများလည်း သိရှိရအောင် ဖို့ မမေ့နဲ့နော်
03/09/2017
မလေးရှားမှာနေတဲ့ မြန်မာပြည်ဖွား fitness model ဖြစ်ပါတယ် 💪
Name - Johnny Soe Lin
Live in Kuala Lumpur, Malaysia
From Maw La Myine, Myanmar
Age - 31 yrs. Height - 5'8"
Weight - 158 lb (contest). 176 lb (off season)
Profession : Fitness model and personal trainer
Hobby : Gym, badminton, tennis
Idol : Jeremy Buendia, Jay Cutler, Milos Raonic
Achievements :
2015 BOF Pose Down Challenge (Winner)
Men of Steel 2016 (Top 10)
Mr. Enrich New Talent (Top 5)
Open above 170 cm (Top 6)
Mr PuQau 2016 (Top 9)
Goal: to be in Olympia
Quote :Hardwork +
Dedication+
Consistency = Success
Facebook account - Johnny Soe Lin
03/09/2017
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်က အလုပ်သင်ဆရာဝန်လေး ဒေါက်တာရဲမြတ်လင်း 💪💪
Age - 22 yrs
Height - 5'10"
Fb acc - Ye Myat Linn
03/09/2017
gymကစားသူတွေအတွက် သိထားသင့်တဲ့ အစားအသောက်လေးတွေပါ
Saveလိုက်အုံးနော် (y)
21/07/2017
နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ
-------
(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)
(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။
(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။
(၄) နားကိုက်နေပါသလား?
ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။
(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?
ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။
(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့ စားပေးပါ။
(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့ စဉ် ၂-ခွက်လောက်သောက်ပေးပါ။
(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?
နနွင်းမှုန့် စစ် စစ်ကို နေ့ စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့  ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)
(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့ စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)
(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?
ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့  ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)
(၁၁) လေပွနေပါသလား?
နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။
(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?
ပူစီနံရွက် များများစားပါ (သို့ မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။
(၁၃) ခါးနာနေပါသလား?
နေ့ စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။
(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?
သောက်ရေသန့် သန့်  ၈-ခွက်လောက် နေ့ စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့် စေပါတယ်)
(၁၅) ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ရောင်နေပါသလား?
ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့ စဉ်စားပေးပါ။
(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?
သဘာဝ ပျားရည်စစ်စစ် ကို တနေ့  ၄-ကြိမ်လောက် လိမ်းပေးပါ။
(၁၇) ကိုယ်ခံအားနည်းလို့  မကြာခဏ နေမကောင်းဖြစ်နေပါသလား?
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အ၀ါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့ အစေ့) ကို နေ့ စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)
့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?
ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။
(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?
ပိုတက်စီယမ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့ စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)
Ref - လူတိုင်းသက်ရှည်ကျန်းမာစေဖို့
Credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon