Chi Yat Thu

Chi Yat Thu

Share

Beauty collection

06/06/2023
26/01/2023

စာပို့တာ မကြိုက်တဲ့သူကို
စာတွေ ဆက်ပို့မနေပါနဲ့ !

ဖုန်းတွေဆက်တာ မကြိုက်တဲ့သူကို
ဖုန်းတွေ အတင်းဆက်မနေပါနဲ့ !

ခေါ်တာ မကြိုက်တဲ့သူကို
အတင်းနှုတ်ဆက်ပြီး ခေါ်မနေပါနဲ့ !

မပက်သတ်ချင်တဲ့သူကို
အတင်းလိုက်ပြီး ပက်သတ် မနေပါနဲ့ !

ကင်းကင်းရှင်းရှင်းနေချင်တဲ့သူကို
နောက်ကလိုက်ပြီး အတင်းတွယ်ကပ်မနေပါနဲ့ !

စကားမပြောချင်တဲ့သူကို
စကားရှာပြီး လိုက်ပြောမနေပါနဲ့ !

နားမထောင်ချင်တဲ့သူကို
အတင်းလိုက်ပြီး ရှင်းပြမနေပါနဲ့ !

ဒီလိုနေလိုက်ခြင်းဟာ
ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသ်ိမ်းရာရောက်သလို
တစ်ဖက်သူကိုလဲ
ိစိတ်ချမ်းသာစေပါတယ် ။

လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ
တခြားသူတစ်ယောက်က
ကိုယ့်အပေါ် အမြဲအလေးထားဆက်ဆံမှ
ကိုယ့်အပေါ် အမြဲတန်ဖိုထားမှ
ကိုယ့်အပေါ် ဖုန်းတွေအမြဲဆက်နေမှ
ကိုယ့်အပေါ် အမြဲတမ်းဂရုစိုက်ပေးမှ မဟုတ်ပါဘူး ။

ကိုယ့်အပေါ်မှာ
တခြားသူတစ်ယောက်က
မပက်သတ်ချင်တော့ဘူး
မခေါ် မပြောချင်တော့ဘူး
စာတွေ ပြန်မပို့တော့ဘူး
ဖုန်းတွေ မဆက်တော့ဘူး
စကားတွေ နားမထောင်ချင်တော့ဘူးဆိုရင်
အဲဒီအခါက်
ရဲရဲကြီး စွန့်လွှတ်ဖို့ဆုံးဖြတ်လိုက်ပါ ။
ကိုယ့်ဂုဏ်သိက္ခာကို ပြန်ငဲ့ကြည့်လိုက်ပါ ။
ကိုယ့်တန်ဖိုးကို ထိန်းသိမ်းလိုက်ပါ ။

စွန့်လွှတ်ဖို့ မဆုံးဖြတ်ရဲတဲ့အခါ
သူ့အတွက်နဲ့
အချိန်ကြာကြာ
စိတ်ညစ်ပူလောင်ခဲ့ရတာတွေကို
သတိရလိုက်ပါ ။

သူမရှိရင်
ဘဝကရှင်သန်လို့ မရတော့တာမှ မဟုတ်တာ !

သူမရှိရင်
ကိုယ့်ဂုဏ်သိက္ခာ တန်ဖိုးတွေ
မရှိတော့တာမှ မဟုတ်တာ !

သူမရှိရင်
အနာဂတ်မဲ့သွားတာမှ မဟုတ်တာ !

သူမရှိရင်
မျှော်လင့်ချက် မဲ့သွားတာမှ မဟုတ်တာ !

လူဆိုတာ တစ်ယောက်ထဲနေလို့မရဘူးဆိုတာ
မှန်ပေမယ့်လဲ
နှစ်ယောက်နေပြီး
တစ်ယောက်ကြောင့်
တစ်ယောက်က ပူလောင်နေရရင်
နှစ်ယောက်နေတာ ဘာထူးမှာလဲ !

တစ်ယောက်ထဲရှင်သန်ရတာက ပိုမကောင်းဘူးလား ?

" သူ့ကို လွတ်လပ်စွာ စွန့်လွှတ်လိုက်ပါ "

ဒီလို
ဆုံးဖြတ်လိုက်ခြင်းဟာ
တစ်ဖက်သားကို
စိတ်ချမ်းသာစေပြီး နားလည်ပေးရာရောက်သလို
ကိုယ့်ဂုဏ်သိက္ခာကိုလဲ
တန်ဖိုးထားရာရောက်ပါတယ် ။
Crd.

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
11-8-2022 (6:30) July
𝑼𝑪_ဦးစည်

07/06/2022

ထက်မြက်တဲ့သူတွေဟာ ဘာတွေကြောင့် အချစ်ရေးမှာ အဆင်မပြေကြသလဲ?
==========================

(၁) လွတ်လွတ်လပ်လပ်နေချင်တယ်။

လူနှစ်ယောက် Relationship တစ်ခုကို တည်ဆောက်ကြပြီဆိုရင် အနည်းနဲ့အများတော့ လွတ်လပ်မှုတွေ ဆုံးရှုံးရတော့မှာပါ။
ဘယ်လောက် နားလည်မှုရှိတဲ့ စုံတွဲပဲဖြစ်ဖြစ် တစ်ကိုယ်တည်း ဘဝကလောက်တော့ လွတ်လပ်နိုင်မှာ မဟုတ်တာတော့
သေချာပါတယ်။ ထက်မြက်သူတွေရဲ့ ပင်ကိုသဘာဝက လွတ်လပ်စွာနေချင်တဲ့အတွက် ချုပ်ချယ်တယ်လို့ ခံစားရတာနဲ့
ရေရှည်မှာ ပြသနာဖြစ်နိုင်ပါတယ်။
(၂) သံသယ ကဲတတ်တယ်။

ထက်မြက်သူတွေရဲ့ သံသယကတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အားနည်းလို့ မဟုတ်ပါဘူး။ အတွေးများရာကနေတစ်ဆင့်
သို့လော သို့လောတွေ ဆက်တိုက် တွေးဖြစ်တတ်ကြတာပါ။ ဒီသံသယစိတ်က အချစ်ရေးကို အနှောင့်အယှက် ဖြစ်စေသလို
ကိုယ့်စိတ်ကိုလည်း ဖိစီးမှုတွေ ဖြစ်စေတတ်ပါတယ်။
(၃) ဘဝကို ပိုအသားပေးတယ်။

နှလုံးသားရေးနဲ့ ဘဝ ထိပ်တိုက်တွေ့လာတဲ့အခါတိုင်း ဘဝအတွက်ကိုပဲ ဦးစားပေးဆုံးဖြတ်တတ်ပါတယ်။ အမြဲတမ်းအတွက်
အလုပ်တွေနဲ့ တစ်ခြား ဘဝရေးရာကိုပဲ ဦးစားပေးနေမယ်ဆိုရင်တော့ သင့်လက်တွဲဖော်အတွက် နားလည်မှုပေးရခက်လာတဲ့
အနေအထားကို ရောက်လာနိုင်ပါတယ်။ အချစ်ဆိုတာ ခံစားမှုကို အသားပေးတည်ဆောက်ရတဲ့အရာ ဖြစ်တဲ့အတွက်
ဦးနှောက်ကိုချည်း ဦးစားပေးလို့လဲ မဖြစ်နိုင်ပါဘူး။
(၄) ပြီးပြည့်စုံချင်တယ်။

ထက်မြက်တဲ့သူတွေပီပီ တစ်ခုခုဆိုရင် ပြီးပြည့်စုံမှုကိုပဲ လိုလားပါတယ်။ ဒီ စိတ်အခြေခံဟာ Relationship တစ်ခုကိုပါ
ပြီးပြည့်စုံချင်လာပြီဆိုရင်တော့ အချစ်ရေးကိုတောင် အဖုအထစ် ဖြစ်စေနိုင်ပါတယ်။ ခံစားချက်၊ နားလည်မှု၊ သစ္စာတရား၊
ရုပ်ရည်၊ အသိုင်းအဝိုင်း၊ ဂုဏ်သိက္ခာ စတဲ့အချက်ပေါင်းများစွာကို တစ်ပြိုင်တည်း ပြည့်စုံနိုင်ဖို့ဆိုတာ ရှားပါးပါလိမ့်မယ်။
(၅) လွယ်လွယ်ကူကူ မခံစားတတ်ပါဘူး။

အချစ်ရေးမှာတော့ ဒါဟာ တကယ့်ပြသနာတွေထဲက တစ်ခုပါ။ လွယ်လွယ်ကူကူ မခံစားတတ်တဲ့အခါမှာ ကိုယ်ချင်းစာတရားနဲ့
နားလည်မှုတွေပါ လျော့ကျလာတတ်ပါတယ်။ ခံစားမှု နည်းတဲ့အတွက်လည်း သူ့အပေါ် ထိုက်သင့်သလောက် ချစ်နိုင်၊ ကြင်နာနိုင်မှာ
မဟုတ်ပါဘူး။
(၆) ဦးနှောက်ကို နှလုံးသားထက် ပိုယုံတယ်။

ဒါကတော့ ထက်မြက်တဲ့သူ တော်တော်များများမှာ ရှိတတ်တဲ့ လက္ခဏာပါ။ နှလုံးသားဟာ အထိန်းအကွပ်မဲ့တယ်ဆိုတာကို
သူတို့ ကောင်းကောင်းသိပါတယ်။ ဒ့ါကြောင့်လည်း နှလုံးသားရဲ့ ခံစားချက်တိုင်းကို ဘယ်တော့မှ အလိုလိုက်လေ့မရှိပါဘူး။
အရာရာကို ဦးနှောက်နဲ့ ဆန်းစစ်ပါတယ်။ ယေဘုယျအားဖြင့်ဆိုရင်တော့ ဒါဟာ ကောင်းတယ်လို့ ပြောနိုင်ပေမယ့်
သင်တို့အကြားက ခံစားချက်နဲ့ အချစ်ရေးကိုတော့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
(၇) မာနရှိတယ်။

သူတို့ရဲ့ မာနနဲ့ သိက္ခာတရားကို ထိခိုက်လာတဲ့အခါ ဘာကိုမှ သည်းမခံတတ်ပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်အပေါ်မှာတောင်
သည်းခံနိုင်ဖို့ ခဲယဉ်းပါတယ်။ သမီးရည်းစား စိတ်အလိုမကျလို့ စကားများကြပြီဆိုရင်လည်း သူတို့ရဲ့မာနကို ထိပါးစေမယ့်
စကားမျိုး ရင်ဆိုင်ရတဲ့အခါ သူတို့စိတ်ထဲမှာ ထိရှသွားတတ်ပါတယ်။
__________
ရွှေညာမောင် (Focus Youth)

(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

24/04/2022

ကံဇာတာမြင့်စေသော အလှူခုနစ်မျိုး

အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား ဤသို့ လျောက်ထား၏။

"ဘုန်းတော်ကြီးသော မြတ်စွာဘုရား
"တပည့်တော်သည် လူမှု့ရေး၌ လည်းကောင်း၊ စီးပွားရေး၌ လည်းကောင်း၊
မိသားစုအရေး၌ လည်းကောင်း၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား🙏🏻

အဘယ်အကြောင်းကြောင့် ဤသို့ ကံနိမ့်နေရပါသလဲဘုရား။🙏🏻

ဘုရားရှင်က "ချစ်သားသည် မပေးမလှူလို့
အခုလို ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေရခြင်း ဖြစ်ပေတယ်။"

"တပည့်တော်က ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါဘုရား။"🙏🏻

"သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"

"ဟောကြားပေးတော်မူပါဘုရား။"🙏🏻

"နားထောင်လော့ချစ်သား"

"ချမ်းသာသူသာမက သူဆင်းရဲများပါ
လှူနိုင်တဲ့ အလှူခုနစ်မျိုး ရှိပေသည်။"

(၁) မျက်နှာဟန်အမူအရာဖြင့်
အလှူ ဒါနပြုခြင်း
အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊
ချီးကျူး စကား ၊ညှာတာစကား၊
နွေးထွေးသောစကားများ ပြောဆိုပါ။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
စိတ်တံခါးကို ဖွင့်၍ ဖြူစင်သော
စိတ်ထားဖြင့် သူတစ်ပါးကို
ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
ကောင်းသောစေတနာ ကောင်းသော
အမြင်ဖြင့် သူတပါး၏ကောင်းကွက်
များကို ကြည့်ပေးပါ။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
ကိုယ်နိုင်နင်းသော လုပ်ဆောင်
ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံ
နေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ
နှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံ
နေရာကို ထိုင်စေပါ။

(၇) နေအိမ် အလှူ ဒါနပြုခြင်း
မိမိ၏ အိမ်နေရာကို သူတပါးတို့
အနားယူရန် ပေးကမ်းပါ။

"ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏ နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်။"ဟုဟောကြားတော်မူခဲ့လေသတည်း။

၁။ ပြုံရွှင်သော မျက်နှာ
၂။ ချိုသာသော စကား
၃။ ဖြူစင်သော စိတ်ထား
၄။ ကောင်းကွက်ကို ကြည့်ပေးခြင်း
၅။ ကာယဖြင့် ကူညီခြင်း
၆။ ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း
၇။ မိမိအိမ်၌ ခေတ္တတည်းခိုခွင့်ပေးခြင်း
ပြုလျှင် များမကြာမီ ကံဇာတာမြင့်
တက်လာပါမည်။


Credit original source

24/04/2022

(အရစ်ကျ)😁😁
(၅)နှစ် အရစ်ကျ ကားဝယ်ရင်
(၅)နှစ်ပြည့်ပြီးပြန်ရောင်းရင်ဘယ်လောက်ရှုံးမလဲ?

လက်ငင်း (၂၇၂)သိန်းတန်ကား
ကနဦးသွင်းငွေ - (၆၂)သိန်း
ကညန - (၂)သိန်း
ဝင်ငွေခွန် ၁၅% (၄၀)သိန်း
လစဉ် သွင်းငွေ (၄၉၅၀၀၀)ကျပ် လ(၆၀) (၂၉၇)သိန်း
-----------------------------
စုစုပေါင်းပေး ရမည့်ငွေ (၄၀၁)သိန်း
(၅)နှစ်စီးပြီးရောင်းရင်ရမဲ့
ကားတန်ဖိုး (၂၀၀)သိန်း
-------------------------------
ဆုံရှုံးမည့်ပမာဏ ခန့်မှန်း (၂၀၁)သိန်း

ဒါကြောင့်အကြံပေးချင်တာက
ပဏမ သွင်းငွေ (၆၂)သိန်း + ကညန(၂)သိန်း +
ဝင်ငွေခွန် (၄၀)သိန်း = (၁၀၄)သိန်း ရှိရင်
(၁၀၄)သိန်းတန်ကားကိုဝယ်စီးပါ
တလ (၄၉၅၀၀၀)ကျပ် စုလိုက်ပါ

(၅)နစ်ပြည့်ရင် (၂၉၇)သိန်း + အတိုး သိန်း(၃၀)ခန့်
နှင့် ကားတစီးသင်ပိုင်နေလိမ့်မည်
ကားဟောင်းရောင်း + စုငွေ =စုစုပေါင်း
(၄၀၀)သိန်းကျော်ပိုင်ဆိုင်နေလိမ့်မယ် အဲဒီအချိန်ကျမှ သူများ (၅)နှစ်စီးထားပြီးသားကား (၂)စီးဝယ်စီးလိုက်ပါ

10/04/2022

•••စိတ်ဓာတ်ကောင်းတဲ့သူနဲ့
ပေါင်းသင်းတဲ့အခါ စိတ်ကောင်းလေးတွေထားတတ်လာမယ်။

•••ကိုယ်ချင်းစာတတ်တဲ့ သူနဲ့
ပေါင်းသင်းတဲ့အခါ ကိုယ်ချင်းစာတတ်တဲ့ စိတ်တွေ ထားတတ်လာမယ်။

•••စိတ်အေးချမ်းတည်ငြိမ်သူနဲ့
ပေါင်းသင်းတဲ့အခါ စိတ်ငြိမ်သက်ခြင်း ရဲ့
အနှစ်သာရကို သိမြင်လာမယ် ။

•••ဘဝဆိုတာ မျှတခြင်းတွေပဲပေးထားတာပါ
ကိုယ်ရတဲ့ဘဝကို အသုံးချတဲ့အပေါ်မူတည်ပြီး
အသုံးကျတာချင်းပဲ ကွာသွားတာပေါ့။

•••သူ့လို စိတ်ထားမျိုးကို ပိုင်ဆိုင်ချင်ရင်
သူ့လိုအကျင့်ကောင်းမျိုး ကျင့်သုံးမှရမှာပါ
လိုချင်တာနဲ့ လုပ်နေတာက တလွဲစီဖြစ်နေပြီး
ရနေတဲ့အရာအပေါ် မကျေနပ်နေလို့ဘယ်ရမလဲ
အဖြူထည်တွေကို မြတ်နိူးရင်
ကိုယ်တိုင်က ဖြူစင်နေဖို့တော့လိုတာပေါ့။

•••အကျင့်ကောင်းဆိုတာ
အလေ့အကျင့်တွေ ကောင်းနေမှ
ရရှိလာမယ့်အရာတွေ ပါ...
အလေ့အကျင့်တွေ မရှိပဲ ဘယ်အရာမှ သူ့အလိုလိုဖြစ်မလာဘူး
သူ့ကိုကောင်းစေချင်ရင် ကိုယ်တိုင်က ကောင်းအောင်နေတတ်မှရတာပါ။

•••ကိုယ်တိုင်ကျ ဘာအသုံးမှမကျပဲ
တစ်ဘက်သားကို အပြစ်တင်နေလို့မရဘူး
ကိုယ်တိုင်နည်းလမ်းမှန်နေမယ်ဆိုရင်
ပြုပြင်ပြောင်းလဲ ဖို့လူတိုင်းလက်ခံကြမှာပဲမဟုတ်လား။

•••စိတ်ဓာတ်ကောင်းရင်
ကံကောင်းတယ်ဆိုတဲ့ အစွဲက
ပုံပြင် မဟုတ်ဘူး လက်တွေ့ကျကျကျင့်သုံးမှ
ရရှိလာမယ့် အကျိုးတွေပါ။

လေးစားစွာဖြင့် ❤❤❤
# credit MayHsu(ရာမညမြေ )

01/04/2022

စကားနည်းနည်းပြောပြီး
သီချင်း များများညီးပါ
တစ်ယောက်တည်းလို့ခံစားရရင်
စာတွေရေးပြီးပန်းချီတွေခြယ်ပေါ့လေ
ကိုယ့်အတွက် မဟုတ်တဲ့မေတ္တာတွေမငေးစမ်းနဲ့
တချို့ကိစ္စတွေကို မျိုသိပ်ပြီး
တချို့ ဖြစ်ရပ်တွေမှာ လွှတ်ချသင့်တာလွှတ်ချခဲ့
ကိုယ်မရှိလည်း သူတို့ကမ္ဘာမှာသူတို့ဆက်ပြီးရယ်မောသွားကြမှာမို့လို့
မလိုချင်တဲ့ ရပ်ဝန်းတွေဆီ မတိုးဝင်ချင်ပါနဲ့ ။

- ရီယာ

31/03/2022

‘ချစ်လို့ရတယ် ဒါပေမဲ့ စျေးတော့မပေါမိစေနဲ့ ။’

ချစ်မိရင် ချစ်တာကလွဲပြီး ဘာဆိုဘာမှ မမြင်တတ်တော့ တစ်ခါတစ်လေကျ လူတွေရဲ့ အသုံးတော်ခံဖြစ်သွားတတ်တယ် ။ လိုသုံးရယ်လို့ မဟုတ်ပေမယ့် သူတို့ရဲ့ ခဏတာ စိတ်သာယာမှုအတွက် အသုံးချခံလိုက်ရတာမျိုးပေါ့...

အပေါ်ယံဟန်ဆောင်ဂရုစိုက်မှုတွေအောက်မှာ
နစ်မွန်းပြီး တကယ်အချစ်ခံရပြီထင်ခဲ့တာလည်း အကြိမ်ပေါင်းနည်းတော့ပါဘူး ။ ကျွန်တော်တွေ့ခဲ့တဲ့သူတွေတိုင်းကလည်း ဒီလိုမျိုးတွေပါပဲ ။

ချစ်တာကလွဲရင် ကျန်တာဘာမှမသိဘူး ။
နှစ်နှစ်ကာကာ ချစ်မိလို့လည်း ဟုတ်ချင်ဟုတ်မယ် ...
ဒါမှမဟုတ် ဒီလူ့အပေါ် ဘာဆိုဘာမျှော်လင့်ချက်မှ မထားဘဲ အဖြူထည်သက်သက် ချစ်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်... ဒါပေမဲ့ တစ်ဖက်လူအတွက် စျေးပေါခဲ့ဖို့အတွက် တစ်ခါမှ မရည်ရွယ်ခဲ့ဖူးဘူး ...

ကျွန်တော်တို့ကသာ ချစ်နေလို့
ဘာဆိုဘာမှ မမြင်ကြတာ...
တစ်ဖက်လူအတွက် ဘယ်လောက်တောင် စျေးပေါနေခဲ့ပြီးပြီလဲဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးဘူးမဟုတ်လား...။

ချစ်ပါ... ဒါပေမဲ့ စျေးတော့မပေါမိစေနဲ့။

𝐌 𝐞 𝐬 𝐬 𝐚 𝐠 𝐞
#𝐘𝐨𝐮𝐫 𝐎𝐚𝐤
crd
#စာအုပ်စာပေလူ့မိတ်ဆွေ

31/03/2022

" မင်းကို တစ်ကယ် ချစ်တဲ့သူက "
ပထမတစ်ကြိမ် မင်းအမှားလုပ်မိတယ်
သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်
ဒုတိယတစ်ကြိမ် မင်းအမှားထပ်လုပ်တယ်
သူမင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ်
တတိယ တစ်ကြိမ် မင်း အမှားထပ်လုပ်တယ်
သူအရင်တိုင်းပဲ မင်းကိုထပ်ခွင့်လွှတ်ပေးမယ်
ဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ
သူမနာကျင်တတ်လို့ မဟုတ်ဘူး
သူမခံစားတတ်လို့ မဟုတ်ဘူး
သူအမှတ်မရှိလို့ မဟုတ်ဘူး
သူမင်းကို အရမ်း ချစ်လို့ ...
အဆုံးရူံးမခံချင်လောက်အောင် သူမင်းကိုချစ်လို့
မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ်
ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ်
သူကငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ထင်တိုင်းကျဲချင်လည်း ကျဲပေါ့ဗျာ ...
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ
တစ်ခုတော့ ရှိတယ်
သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့
မင်း ဘာ မင်း သေသေ ရှင်ရှင်
လှည့်မကြည့်ပဲ ထားသွားလိမ့်မယ်
သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်
အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ
ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ
မထားပါနဲ့ ... ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ ..
မင်းလုပ်ရပ်တွေကို သူ
သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ်
မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့
သူ ပြန်လာမှာ မဟုတ်တော့ဘူး

30/03/2022

မင်းက ဘယ်လောက်ထိ
စိတ်ထားကောင်းပြီး
စိတ်ဓာတ်မွန်မြတ်နေပါစေ....

မင်းကဘယ်လောက်ထိ
သနားညှာတာတတ်ပြီး
ကိုယ်ချင်းစာစိတ်ပြည့်ဝနေပါစေ....

မင်းကတစ်ယုတစ်ယနဲ့
ကူညီပေးခဲ ပြုစုပျိုးထောင်ပေးခဲ့
သွန်သင်ဆုံးမပေးခဲ့ပေမယ့်လည်း

တစ်ဖက်က မင်းရဲ့ကျေးဇူးကို
မသိတတ်ရင်တော့ အလကားပါပဲ....။ ။

( Credit ) စာပေချစ်သူများ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Than Lann
Yangon
12345