Clover Book House
အနာဂတ်လှဖို့ စာဖတ်စို့
13/07/2025
ယောက်ျားတစ်ယောက်ရဲ့ကြီးမားလှတဲ့မိခင်မေတ္တာ
ဝသုန်နဲ့မင်းခတို့ကြားကလက်စားချေခြင်းကနေပေါက်ဖွားလာတဲ့အချစ်တွေ❤️
စာရေးသူဂျင်ဂျာရဲ့ " စမ်းရေကြည်ပေါက် "
မင်မင်တို့တိုက်ကနေထွက်ရှိတော့မှာဖြစ်တဲ့
စမ်းရေကြည်ပေါက် လေးမှာပါဝင်လာမယ့် အရာလေးတွေကိုကြည့်ရှု့ဖို့အဆင်သင့်ဖြစ်နေပြီလားငယ်လေးတို့ရေ❤️
မကြာမီ မှာရောက်ရှိလာတော့မှာဖြစ်တဲ့ ဝသုန် + မင်းခ အပါအဝင် လှလှကိုပါမြင်တွေ့ရမှာပဲဖြစ်ပါတယ်နော်။
မဖတ်ရသေးတဲ့ကလေးတွေကလည်း ဖတ်ရှု့ကြည့်ဖို့မင်မင်ကတိုက်တွန်းချင်ပါတယ်ခင်ဗျာ။
မဖတ်ရင်နောင်တရလောက်မယ့်Fictionကောင်းတစ်ပုဒ်လို့မင်မင်ကရည်ညွှန်းချင်ပါတယ်ဗျ။
လေညှင်းလေးတစ်စုံ
ပန်းရနံ့အစုံ
သယ်လို့လာကာ ရင်ပိုဖြတ်ခတ်
ခတ်သည့်လေမှာ တေးသံသာ...
အချစ်လေလား.... အလွမ်းလေလား...
ဖြေခဲ့ပေးပါ ချစ်သက်လျာ ...
#စမ်းရေကြည်ပေါက်
#ဂျင်ဂျာ
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
09/07/2025
ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ ဘယ်သူကမှ၊ ဘယ်အရာကမှကျွန်မတို့နဲ့ အမြဲထာဝရအတူရှိနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာအလုပ်အလွန်အကျွံလုပ်ရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ဥပမာပြောအလုပ်အကိုင်ငယ်ချင်းတွေဟာ ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တခြားမြို့ကိုပြောင်းရွှေ့ရနိုင်သလိုသင်ကိုယ်တိုင်ဟာလည်း ပညာသင်ကြားဖို့အတွက် မိသားစုနဲ့ခွဲခွာရနိုင်ပါတယ်။ ဒီလိုအမြဲတစေပြောင်းလဲနေတဲ့ စံနမူနာပုံစံကြီးထဲမှာ သင်နားလည်ထားရမဲ့ အချက်တစ်ခုကတော့ “တစ်ယောက်တည်းဖြစ်နေတာဟာ အထီးကျန်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဖော်ပြုနေခြင်းသာဖြစ်တယ်” ဆိုတာပါပဲ။
ဒီစာအုပ်က သင့်ရဲ့အထီးကျန်မှုကို ‘သီးသန့်နေထိုင်မှု’ အဖြစ်ဘယ်လိုပြောင်းလဲရမယ်၊ တစ်ယောက်တည်း ပျော်ရွှင်စွာနေတတ်တဲ့အနုပညာကို ဘယ်လိုကျွမ်းကျင်အောင် လုပ်ရမယ်ဆိုတာနဲ့ တစ်ဆက်တည်းမှာပဲ သင့်ရဲ့ ‘လက်ရှိဘဝ’ ကို ‘အိပ်မက်ဘဝ’ဖြစ်လာအောင် ဘယ်လိုပြောင်းလဲရမယ်ဆိုတာတွေကို သင်ကြားပေးပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ သင်ဟာ-သင့်ရဲ့အထီးကျန်မှုကို သီးသန့်နေထိုင်မှုအဖြစ် ပြောင်းလဲပြီးကိုယ့်ပုံစံအတိုင်း နေထိုင်နည်း၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ပိုတူတဲ့လူတစ်ယောက်ဖြစ်လာအောင် ပြုလုပ်နည်း၊အထီးကျန်မှုကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းကို ရှင်းလင်းဖယ်ရှားခြင်းအားဖြင့် အထီးကျန်မှာကြောက်တဲ့စိတ်ကို ဖယ်ရှားနည်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာစေဖို့အတွက် ကိုယ့်ရဲ့အနက်ရှိုင်းဆုံး အတွင်းစိတ်ကို သိမြင်နားလည်အောင်ပြုလုပ်နည်း တန်ဖိုးထားနည်း၊ တစ်ယောက်တည်းရှိတဲ့အချိန်တွေကို စွဲလမ်းမက်မောနေအောင်ပြုလုပ်နည်းနဲ့ အဲဒီအချိန်ကို ကိုယ့်ရဲ့တိုးတက်မှုအချိန်ကာလအဖြစ် ပြောင်းလဲနည်း စတာတွေကိုရှာဖွေတွေ့ရှိရပါလိမ့်မယ်။
သင့်ရဲ့အစစ်အမှန်လမ်းပြမီးအိမ်ဟာ ‘သင်ကိုယ်တိုင်’ပဲဖြစ်ကြောင်းနဲ့ သင့်နှလုံးသားက ဘာတွေလုပ်ရမယ်ဆိုတာကိုသိနေပြီး သင့်စိတ်က ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှာဖွေနိုင်စွမ်းရှိကြောင်း ဒီစာအုပ်ကနားလည်သဘောပေါက်စေပါလိမ့်မယ်။ သင့်ကို ကိုယ်ကိုယ်တိုင်နဲ့အတူရှိချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာအောင် ပြောင်းလဲပေးပါလိမ့်မယ်။
.....
#တစ်ကိုယ်တည်းနေထိုင်ခြင်းအနုပညာ
#ပန်းနွယ်
8,000
စာမျက်နှာ 136
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
09/07/2025
🍀လူ့ဘဝ၌ အဆိုးနှင့်အကောင်း၊ အနိမ့်နှင့်အမြင့်၊ အရှုံးနှင့်အနိုင် ဟူ၍ ဆန့်ကျင်ဖက် သဘာဝနှစ်ခု ဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ၌ ဆန့်ကျင်ဖက်သဘာဝနှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။
🍃"တစ်သက်တာ မှတ်တမ်း” ၌ လောကလူတို့ သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။
🍃 အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ ရသည်။
🍃နှိမ့်ချသော ရွှေဥဒေါင်းကိုလည်း တွေ့ ရသည်။ မာန်မာန ကြီးသော ရွှေဥဒေါင်းကိုလည်းတွေ့ ရသည်။
🍃ထမင်းပြဿနာနှင့်ရင်ဆိုင်နေသော ရွှေဥဒေါင်း ကိုလည်း တွေ့ရသည်။
🍃အောင်မြင်ကျော်ကြားနေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။
🍃ဝမ်းရေးအတွက် ကျဘမ်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။
🍃ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီးအဖြစ် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လည်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ ရသည်။
🍀ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘဝ၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာဝသည် “တစ်သက်တာမှတ်တမ်း” ၌ ပေါ်နေပေသည်။
🍀ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့်အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဆိုးဖြစ်စေ၊ အကောင်း ဖြစ်စေ ထုတ်ဖော်ရေးသားရာ၌ ရဲရင့်သူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
#တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
#ရွှေဥဒါင်း
30,000
crd
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09979900043
06/07/2025
"အချိန်ဟာ အရာရာကို မကုစားပါ"
လူ တချို့မှာ စိတ်ဒဏ်ရာ ရစေခဲ့တဲ့ အဖြစ်အပျက်တွေကို နှစ်တွေ
ဘယ်လောက်ကြာကြာ မှတ်မိပြီး
ထပ်ခါ ထပ်ခါ ruminate လုပ်နေတတ်
ပါတယ်။
ဒါကြောင့် စိတ်ဒဏ်ရာကို ကုစားတဲ့
နေရာမှာ အချိန်နဲ့ အတူ အားစိုက်ထုတ်မှု
လိုပါတယ် လို့ အကြံပြုထားတယ်။
ဘဝက တိုတိုလေးပါ။တိုတောင်းတဲ့
ဘဝခရီးမှာ စိတ်ဒဏ်ရာတွေ ကင်းစင်ဖို့
နေထိုင်ခြင်းဟာ အနုပညာတစ်မျိုးပါပဲ။
စူးရှမေရဲ့ နောင်တကင်းစွာ ရှင်သန်ခြင်း
နည်းတွေက ပြောင်မြောက်တဲ့ အနုပညာ
ဖြစ်လာစေပါလိမ့်မယ်။
#နောင်တကင်းစွာရှင်သန်ခြင်း
#စူးရှမေ
7,500
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
06/07/2025
အဆိုတော် "ရဲလေး" ရဲ့ ပထမဆုံး လုံးချင်းဝတ္ထု 📚
တောတောင် ရေမြေသဘာဝ အလှအပ
တွေနဲ့ ပြီးပြည့်စုံ ခမ်းနားအသက်ဝင်
တည်ရှိနေတဲ့ မော်ရာ မီးနိုင်ငံ ထဲက
ရိန်နာလူမျိုး ကောင်လေးတစ်ယောက်
ရဲ့ ငယ်ဘဝကအိမ်မက်တစ်ခု ဖြစ်တဲ့
Run (ရမ်း) တောအုပ်ကြီးဆီကို ဘယ်လိုအခက်အခဲ တွေရင်ဆိုင်ပြီး
ရောက်အောင်သွားမလဲ ... ?
တောအုပ်ကြီးထဲကို မည်သူတစ်ဦး
တစ်ယောက်မျှမသွားရောက်ဖို့
ဘာကြောင့်တားမြစ်ထား
ကြတာလည်း ... ?
နေ့အလင်းရောင် တောက်ပမှုကို ထာဝရ
မမြင်ရပေမယ့် ထူးခြားဆန်းပြားစွာ
ရောင်စဥ်တွေဖြာလင်းနေတဲ့
မဟူရာ အမည်းရောင် ကောင်းကင်ကြီး
ရဲ့အောက်က ဗာစ့် လေနိုင်ငံ ဒူလွန် ကောင်မလေး တစ်ယောက်
တားမြစ်ထားတဲ့ ဇိုးဒီးရ တောင်တန်းကိုမတော်တဆဖြတ်ကျော် မိသွားတဲ့အခါ
ဘယ်လိုဖြစ်ရပ်တွေ ကို
ရင်ဆိုင် သွားရမလဲ... ?
မတူညီတဲ့ နိုင်ငံ နှစ်ခု၊
မတူညီတဲ့ တားမြစ် နယ်မြေ နှစ်ခု
ဘယ်လိုမျိုး အတိတ်သမိုင်းကြောင်း
တွေနဲ့ ဆက်စပ် နေမလဲ...
သူတို့ နှစ်ဦး သိထားခဲ့တဲ့
ဒဏ္ဍာရီ ထဲက ဘူဒါဝ တစ်ခု မှာ
မထင်ထားတဲ့ အန္တရာယ်တွေကို
ဘယ်လို့ အဖြေရှာရင်ဆိုင် သွားမလဲ
ဆိုတာတွေကို စိတ်ဝင်စားဖွယ်ရာ
ဖတ်ရှုရမယ့် ဝတ္ထု တစ်ပုဒ်ပဲဖြစ်ပါတယ်။
#ရဲလေး
Rise of BUDAWA
#ဘူဒါဝ
22,000
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
03/07/2025
Money Mindset Miracles စာအုပ်ကိုဖတ်ပြီးအိမ်ခြံမြေတွေ အကုန်အရောင်းထွက်သွားတယ်။ ချက်ချင်းငွေတွေ၀င်လာတယ်လို့တော့..ရှိလာမှာမဟုတ်ပါဘူး။ ငွေသာအရေးအကြီးဆုံးလို့ လောဘတက်နေဖို့..လည်းဒီစာအုပ်ထဲမှာ ရေးမထားပါဘူး။ ဘယ်ဂါထာကို ဘယ်နှစ်ခါရွတ်ပြီး
ဘယ်အရာကိုဆောင်၊ ဘယ်ယတြာကိုလုပ်ပါဆိုတဲ့နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာတွေ့ရမှာ မဟုတ်ပါဘူး။
ဒီစာအုပ်မှာဖတ်ရမဲ့အကြောင်းတွေက မည်သည့်ဘာသာတရား အဆုံးအမတွေကမှ သွေဖည်မသွားတဲ့ စကြ၀ဠာရဲ့ စွမ်းအင်သဘော Universal Energy တွေကို အသုံးချပြီး ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားပြောင်းလဲမှု Transformation တွေ၊
အေးချမ်းသော ပြည့်စုံချမ်းသာသော ဘဝနေထိုင်နည်းများကိုနားလည်လုပ်ဆောင်နိုင်မဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ဘ၀မှာ ကံကောင်းခြင်းတွေဆိုတာ မိုးပေါ်ကကျလာသလို ရုတ်တရက်ဖြစ်လာတာမျိုးမဟုတ်ဘဲ
အရာရာဟာ အကြောင်းကြောင့် အကျိုးတွေ ဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။Law of Attraction ရဲ့ သဘောတရားအရ
ကောင်းတဲ့အရာတွေကို ကောင်းမွန်တဲ့ Energy တွေနဲ့ သေသေချာချာလေးဆွဲယူတတ်မှသာ ဘ၀မှာ Miracle ဆိုတဲ့ အံ့သြဖွယ်ရာတွေ ပေါ်ပေါက်လာမှာပဲဖြစ်တယ်။
မိမိတို့ ရသင့်ရထိုက်တဲ့၊ ရလည်းရနိုင်တဲ့ ပြည့်စုံ ချမ်းသာခြင်းတွေကိုဘယ်လို Energy နဲ့ ဆွဲယူလို့ရမလဲ ဆိုတဲ့အကြောင်း Law of Attraction သဘောတရားရှုထောင့်ကနေ ချဉ်းကပ်ပြီး လူမျိုးမရွေး၊ဘာသာမရွေး
လိုက်ပါလုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကို Money Mindset Miracles စာအုပ်မှာ
ရေးသားဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်မှာပန်းဆက်လမ်းစာလမ်းစာပေကနေ စတင်ထုတ်ဝေဖြန့်ချိခဲ့ပြီး အုပ်ရေသောင်းကျော် ရောင်းချခဲ့ရပြီးဖြစ်တဲ့ Money Mindset Miracles စာအုပ်ကိုကျွန်တော်တို့ ဇွဲသီဟစာပေမှ ၂၀၂၅ ခုနှစ်မှာ အဖုံးအသစ်နဲ့ဆဌမအကြိမ်အဖြစ်ဂုဏ်ယူစွာပြန်လည်ထုတ်ဝေလိုက်ပါတယ်။
◼️Money Mindset Miracles
#မွန်ဟော်စီ
15,000
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
01/07/2025
ဆရာရဲမြတ်တေဇရဲ့ 'ညမဖတ်ရ' စာအုပ်ဟာ Thriller Fiction စွဲလမ်းနှစ်သက်သူတွေအတွက် ရသခံစားမှု အပြည့်ပေးမယ့် စာအုပ်ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်စီတိုင်းမှာ ဖတ်ရင်းဖတ်ရင်း တွေးကြောက်လာမိစေမယ့် 'ဘယာနကရသ' ဟာ စာဖတ်သူရဲ့ နှလုံးသားထဲကို ဖတ်နေရင်း တစိမ့်စိမ့်စီးဝင်ပါလိမ့်မယ်။
ဆရာဝန်မလေး 'ဒေါက်တာယွန်းလဲ့' ရဲ့ ဆေးရုံတာဝန်ထမ်းဆောင်ရင်း တွေ့ကြုံခဲ့ရတဲ့ ပရလောက စိတ်နယ်လွန် အဖြစ်အပျက်တွေကို True Base Story Narrative အဖြစ် ပြန်ပြောင်းရေးဖွဲ့ထားပါတယ်။ သက်ရှိထင်ရှား ဆရာဝန်တစ်ဦး ကြုံဆုံခဲ့ရတဲ့ အစစ်အမှန်အဖြစ်အပျက်တွေ ဆိုရင်လည်း မမှားပါဘူး။
အလွှာပါးပါးကလေးသာခြားသည့် ရှင်ခြင်း သေခြင်း အကြောင်းတရားတို့၏ နောက်ကွယ် ...
ဆရာဝန်တစ်ဦး၏ ကိုယ်တွေ့ဝိညာဉ်ဇာတ်လမ်းများ ...
#ညမဖတ်ရ
#ရဲမြတ်တေဇ
7,500
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
01/07/2025
အားမငယ်ပါနဲ့။
အနားမှာဘယ်သူမှမရှိဘူးဆိုတဲ့အတွေးနဲ့
အားမငယ်ပါနဲ့ ။
အမှောင်ထဲရောက်နေချိန်မှာ
ကိုယ့်အရိပ်တောင် ကိုယ့်နားမရှိပါဘူး
ဒါသဘာဝပါပဲ။
မိမိကိုယ်မိမိအားပေး
မိမိကိုယ်မိမိနှစ်သိမ့်
မိမိအတွက်မိမိအဖြေရှာ
မိမိခြေလက် မိမိအားကိုးပြီး လျှောက်ပါ။
လဲကျတိုင်းလည်း ချက်ချင်းပြန်မထပါနဲ့။
တစ်ခါတလေ
ခဏထိုင်နားနေတာက ပိုသက်သာပါတယ်။
အချိန်ယူပြီးပြန်ထပါ
တည့်တည့်မတ်မတ်ပြန်ရပ်ပါ
ရှေ့ကို ဆက်လျှောက်ပါ။
#နေတတ်ပြီးကျေနပ်ဖို့
Noble Thway - #နိုဘယ်လ်သွေး
13,000
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
29/06/2025
ယနေ့ခေတ် ကမ္ဘာမှာ
လူတွေ အတော်များများဟာ
မိမိတို့ရဲ့ နေ့စဉ် ဘဝတွေမှာ
ဘာမှန်း မသိတာတွေနဲ့
အချိန်တွေ အတော် များများကို ကုန်နေရပါတယ်။
မိုးလင်း ကနေ မိုးချုပ်
ဘာအလုပ်တွေ ပြီးစီးသလဲ၊
ဘာတွေကို ဆောင်ရွက်နိုင်လဲ၊
ဘာအကျိုးရှိ တာတွေ လုပ်ခဲ့နိုင်လဲ ၊
ကိုယ့်အတွက် အများအတွက်
ဘာအကျိုးကျေးဇူးတွေ ကျန်ခဲ့သလဲ လို့ မေးရင်
မယ်မယ်ရရ ဖြေစရာ တွေ မရှိ ဖြစ်နေတတ်ပါတယ်။
ဒါပေမဲ့ အားလား လို့ဆိုတော့လည်း
အား မနေကြပါဘူး။
ဘယ်လို မအား တာလဲမေးရင်လဲ
ဖြေစရာ အဖြေ ရှိမနေပြန်ပါဘူး။
လူက မအားလို့
ဖုန်းရော အနား ရလား ဆိုတော့၊
ဖုန်းလည်း အနား မရရှာ ပါဘူး။
တနေ့ တနေ့
ဘာမှန်းမသိတာတွေနဲ့
အချိန်ကုန် လိုက်၊
အားမယ် ထင်တာနဲ့
ဖုန်းလေး ပြေး ကိုင်ပြီး
အချိန်တွေ ဖြုန်းလိုက် ပါပဲ။
တနေကုန်လို့
ည အိမ်ပြန်ရောက်တော့လည်း
မိသားစု အတွက် အချိန်ပေးမလား ၊
အကျိုး ရှိအောင် စာတွေလေ့လာမလား၊
မိဘတွေကို ဖုန်းဆက်ပြီး သတင်းလေး မေးမလား ဆိုတော့
တနေကုန် ပင်ပန်းတယ် ဆိုတဲ့
အကြောင်းပြချက်နဲ့
ဖုန်း လေး တဖန်ပြန်ကိုင်ပြီး
Facebook လေး သုံးလိုက်၊
You Tube လေးကြည့်လိုက်၊
Tiktok မှာ အချိန်ကုန်လိုက် နဲ့
ညသန်းခေါင်ကျော်တဲ့ အထိ
တကယ့် ၂၁ ရာစု ဇီးကွက်တွေ ပါပဲ။
ဒီလို နဲ့ မနက် မိုး လင်းတဲ့အခါ
အိပ်ရေး မဝ တဝ နဲ့
အလုပ်ထ သွားလိုက်၊
တနေ ကုန် ဟိုပြေးလိုက်၊
ဒီပြေးလိုက်၊
ခုံမှာထိုင်ပြီး
ဘာမှန်း မသိတာ တွေနဲ့ ရှုပ်လိုက်၊
ဖုန်း လေးနဲ့ အချိန်ကုန်လိုက်
တကယ့်
အနာဂတ်မဲ့နေတဲ့
သမာရိုးကျ သံသရာ စက်ဝန်းထဲက
သားကောင်တွေ လိုပါပဲ။
ကြာလာတော့
လူလည်း စိတ်ဖိဆီးမှုတွေ၊
စိတ်ရှုတ် ထွေးမှုတွေ
တနင့်တပိုးနဲ့
ပျော်စရာမကောင်းတဲ့ စိတ်ညစ်စရာ ဘဝကြီးထဲမှာ
တဝဲလည်နေပါတော့တယ်။
တစ်ရက်လောက်
ခေါင်းအေးအေး နဲ့
သင့်ရဲ့ ကုန်ဆုံးသွားတဲ့
တနေ့ တာ ကို ပြန်သုံးသပ်
ကြည့်လိုက်ပါ။
ဒီနေ့
တနေကုန် ကိုယ် ဘာတွေနဲ့ အချိန် ကုန်ခဲ့သလဲ
ဘာအလုပ်တွေ ပြီးခဲ့သလဲ၊
မိမိအဖွဲ့အစည်း အတွက် ဘာတွေ အကျိုးရှိခဲ့သလဲ
ကိုယ့်အတွက်၊
ကိုယ့် မိသားစုအတွက် ဘာတွေတိုးတက်ခဲ့သလဲ
တစ်နေ့မှာ ရရမယ်
တစ်နေ့ဖြစ်ရမယ် ဆိုတဲ့
ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေ
ကိုယ့်အိမ်မက် ပန်းတိုင်တွေ အတွက်ရော
အခြေအနေ ဘာတွေတိုးတက်ခဲ့သလဲ
ကိုယ့်အိမ်မက်တွေ က
အိမ်မက်ထဲမှာပဲ ရှင်သန် နေသေးတာလား။
အဲဒီ “တနေ့” ဆိုတာ ကရော
ဘယ် အချိန် ဖြစ်လာမှာလဲ၊
ဘယ်တော့မှ ဖြစ်မလာ နိုင်မဲ့ တစ်နေ့ လား
ဘယ်တော့မှ ဖြစ်မလာတော့ဘူးလား။
တကယ်အကောင် အထည် မဖော်နိုင်ဘူးလား။
ဒီအမေး ကို
"အခုက အားမှ မအားတာ" လို့ ဖြေအုံးမလို့လား။
တကယ်က သင် မအားတာ မဟုတ်ဘူး။
သင့်အချိန်ကို သေသေချာချာ စီမံခန့်ခွဲမှု မလုပ်နိုင်သေးတာပါ။
အင်္ဂလိပ်လူမျိုး နိုင်ငံရေးသမား၊
စာရေးဆရာကြီး Charles Buxton က
" အလုပ်တစ်ခုခုလုပ်ဖို့ကို
အချိန် ဘယ်တော့မှ မရှာပါနဲ့။
အချိန်ကို တကယ်လိုချင်ရင်
အချိန်ရအောင်လုပ်ပါ” လို့ ဆိုခဲ့ပါတယ်။
ဘယ်လိုအချိန်ရအောင်လုပ်မလဲ
ကိုယ့်ရဲ့ တနေ့တာ အချိန်တွေကို
ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုပြီးလည်း
ထပ်မမေးပါနဲ့
အဲ့ဒီအတွက်အဖြေက
ဒီစာအုပ်မှာ ရှိပါတယ်။
အဲဒီ စာအုပ်က
နည်းပညာဆိုင်ရာ
ကျွမ်းကျင်သူ ဒီဇိုင်နာတွေဖြစ်ကြတဲ့
Google မှ Jake Nnapp နဲ့
You Tube မှ John Zeratsky တို့ နှစ်ဦး
ရေးသားထားတဲ့
Make Time ဆိုတဲ့ စာအုပ်ပါပဲ။
အခု ဒီစာအုပ်ကို
ဆရာမ ဒေါက်တာမြတ်သဉ္ဇာနွယ်က
အချိန်စီမံခန့်ခွဲမှု အနုပညာ ဆိုတဲ့
အမည်နဲ့ ဘာသာပြန်ဆို ထုတ်ဝေထားပါတယ်။
ဒီစာအုပ်မှာ
ဘာတွေ လေ့လာရမလဲ?
ဒီစာအုပ်မှာ
အချိန်ရဲ့ တိုက်စားပုံတွေ
အချိန်စီမံခန့်ခွဲမှုနည်းလမ်းတွေ
အချိန်ကိုအကျိုးရှိအောင် ဘယ်လိုခွဲဝေ
အသုံးပြုရမလဲ ဆိုတဲ့ နည်းလမ်းတွေ
ကိုယ့်ရဲ့ နေ့စဉ် ဘဝအတွက်
အရေးပါမယ့် အရာတွေကို ဘယ်လို ရွေးချယ် အာရုံစိုက်ရမလဲ ဆိုတဲ့ အကြံပြုချက်တွေ
နည်းပညာ တိုးတက် လာနဲ့အမျှ
လူတွေ ရင်ဆိုင်လာရတဲ့ အရာတွေ နဲ့
ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကို
အသေးစိတ် လေ့လာရမှာပဲ ဖြစ်ပါတယ်။
ဖတ်ရှုလိုသူများ
မှာယူနိုင်ပြီ ဖြစ်ပါကြောင်း
#အချိန်စီမံခန့်ခွဲမှုအနုပညာ
#ဒေါက်တာမြသဉ္ဇာနွယ်
စာမျက်နှာ- ၃၅၀
16,000
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
26/06/2025
လူတစ်ယောက်ရဲ့ ဘဝကို အဆုံးအဖြတ်ပေးသွားမှာဟာ သေးငယ် တဲ့ အရာတွေပဲတဲ့။ ဒီနေ့ ဘာနဲ့ စားလဲ၊ ဒီနေ့ ဘာလုပ်လဲ၊ ဒီနေ့ဘယ်သူနဲ့ တွေ့လဲ။ ဒီလိုသေးငယ်တဲ့ အရာတွေကနေ ကျွန်တော်တို့ အနာဂတ်ဟာ တဖြည်းဖြည်းပုံပေါ်လာတာပါ။
အစားအစာကနေ ကျန်းမာရေးကိစ္စတွေ ဖြစ်လာမယ်၊ ဘာလုပ် လဲဆိုတာကနေ ကိုယ်ဘယ်လို လူလဲဆိုတာ ဖြစ်လာမယ်၊ ဘယ်သူနဲ့ တွေ့လဲဆိုတာကနေ အသိုင်းအဝိုင်းတစ်ခုဆီ ရောက်လာမယ်။
ဒါကြောင့် သေးငယ်တဲ့ အရာတွေကို သတိထားပါ။ သေးငယ် တဲ့ ဆုံးဖြတ်ချက်တွေ၊ သေးငယ်တဲ့ ရည်မှန်းချက်တွေ၊ တစ်နေ့တာဆိုတာတွေ ပေါင်းစည်းပြီး ကျွန်တော်တို့ဘဝတွေ ဖြစ်လာတာပါ။ ဒီလို တစ်နေ့တာမှာ ဘာတွေ လုပ်နေလဲဆိုတာကနေ ဘဝကို ပုံဖော်ပေးမှာ တစ်နေ့တာမှာ လေလွင့်နေလား၊ တစ်နေ့တာမှာ ကြိုးစားနေလား၊ သင်ယူနေလား စတာတွေကနေ ဘဝအနိမ့်အမြင့်တွေ ဖြစ်ပေါ်လာမှာ။
လူတွေက ကြီးမားတဲ့ ရည်မှန်းချက်တွေကို ချမှတ်တတ်ကြပေမဲ့သေးငယ်တဲ့ အရာတွေကို လုပ်ဖို့တော့ ဝန်လေးကြတယ်။ ဥပမာ ဒီနေ့ အတွက် လေ့ကျင့်ခန်းလုပ်မယ်၊ စာကို နာရီဝက်ဖတ်မယ်၊ အလုပ်အတွက် လေ့လာမယ်။ ဒါမျိုးတွေကို ကျွန်တော်တို့က မလုပ်မိဘူး။ ငါ ဒီနေ့တစ်ရက် လေ့ကျင့်ခန်းမလုပ်တော့ပါဘူးဆိုတာကနေ နောက် နေ့ကျလည်း တစ်ရက်မလုပ်ဘူးကွာ၊ ဒီနေ့ မလုပ်ဘူးကွာနဲ့ တစ်လ ကုန်၊ တစ်နှစ် ကုန်လာတယ်။
ဒီနေ့ ပိုက်ဆံချွေတာမယ်လုပ်ပြီး ဒီနေ့ တစ်နေ့ မချွေတာတော့ ဘူး၊ နောက်နေ့ကျလည်း ဒီတစ်ရက်ပါပဲကွာကနေ ဘယ်တော့မှ ပိုက်ဆံ မစုဖြစ်တော့ဘူး။
လူအချင်းချင်းက သိပ်မကွာခြားကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ ၁၅ မိနစ်၊ နာရီဝက်ဆီကတော့ ကွာတယ်။ ဒီတစ်ယောက်ရဲ့ တစ်နေ့တာ ထဲက ၁၅ မိနစ်ကို တစ်ခုခုလေ့လာခိုင်းကြည့်၊ နောက်တစ်ယောက် ရဲ့ တစ်နေ့တာကို ဒီအတိုင်းထား။ တစ်နှစ်နေတဲ့အခါ ဒီနှစ်ယောက် က ကွာခြားသွားပြီ။ ဒီလို ၁၅ မိနစ်တွေ အများကြီး ကွာခြားနေရင် ဘယ်လောက်တောင် ကွာခြားသွားလိုက်မလဲ။
ဒါကြောင့် သင့်ရဲ့ သေးငယ်တဲ့ ပန်းတိုင်တွေကို တန်ဖိုးထားပါ။
ဒီနေ့ လေ့ကျင့်ခန်းလုပ်မယ်။
ဒီနေ့ ရေ ၈ ခွက်သောက်မယ်။
ဒီနေ့ အင်္ဂလိပ်စာလေ့လာမယ်။
ဒီနေ့ အလုပ်ပိုလုပ်မယ်။
ဒီနေ့....
ဒီနေ့........။
#ဘဝရဲ့Pandora_box
10,000
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
26/06/2025
- အိမ်ကြီးရှင်သခင့်ထံပါး -
"စစ်ပြေ ရည်းစားမရှိဘူးလို့ပြောတယ်နော်"
'ဟုတ်ပါတယ်'
"ဒါဆိုသဘောကျနေတဲ့လူလည်း ရှိလား"
'မရှိဘူး'
"အိုခေ ဒါဆိုကိုယ်နဲ့လက်ထပ်ကြရအောင်"
ဒါပေမယ့် သိလားစစ်ပြေ။ မင်းကသိပ်ပြုစားတာ ဂရုမစိုက်ပဲမနေနိုင်အောင် မကြင်နာပဲမနေနိုင်အောင်။
____________________
#အိမ်ကြီးရှင်သခင့်ထံပါး
#နတ်ပန်းကလေး
21,500
❗စာအုပ် (4)အုပ်ပြည့်တာနဲ့ ဒါမှမဟုတ် (4)သောင်းဖိုးနှင့်အထက် ဝယ်ယူတာနဲ့ Note Book တစ်အုပ် လက်ဆောင်ယူပါရှင့် 🤗
🚗 RoyalExpress ရောက်တဲ့ မည်သည့်နေရာကိုမဆို အိမ်ရောက်ငွေချေရပါတယ်နော်🤗
🍀 စာဖတ်ခြင်းက စိတ်ရဲ့ခရီးထွက်ခြင်းပါ 🍀
09780112155
Click here to claim your Sponsored Listing.