Luckier
ရှင်းသန့်မျက်နှာ Luckier Hi there! Luckier Natural Organic Products was founded in 2017.We are the Manufacturer of Chemical reduced Handmade Soaps and Scrubs .
Available in 6 Varieties Yogurt Facial Soap, Gold & Cocoon Soap,Coffee Soap, Thanakha soap ,Coffee Scrub and Rice Scrub. Located in Yangon , Myanmar . All the products are hand made and free from any kind of harmful chemicals. We make sure to use all the natural organic ingredients for our products just to provide the best to our customers in the most affordable prices. Interested buyers kindly leave your contact numbers��
ဆဲလ်သေများကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ နုပျိုကြည်လင်စေသော သဘာဝအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တဲ့ကော်ဖီဆပ်ပြာသုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှု တစ်စိတ်တစ်ပိုင်းလေးတွေကို ဖတ်ကြည့်ကြရအောင်နော်
👉ဆဲလ်သေများကို ဖယ်ရှားပေးခြင်း
ကော်ဖီအနှစ်မှုန်များပါဝင်သောကြောင့် အရေပြားပေါ်ရှိ ဆဲလ်သေများနှင့် အညစ်အကြေးများကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့ကြည်လင်စေသည်။
👉သွေးလည်ပတ်မှု အားကောင်းစေခြင်း
ကော်ဖီတွင်ပါသော ကဖင်းဓာတ်သည် အရေပြားဆဲလ်များဆီသို့ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးသောကြောင့် အသားအရေကို စိုပြေတက်ကြွစေသည်။
👉ဝက်ခြံနှင့် အမည်းစက်များကို သက်သာစေခြင်း
ကော်ဖီတွင် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်သော အင်တီအောက်ဆီးဒင့် (Antioxidants) ဓာတ်များ ကြွယ်ဝစွာပါရှိသဖြင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပြီး အမည်းစက်များကို ပါးစေရန် အထောက်အကူပြုသည်။
👉celluliteများကိုသက်သာစေခြင်း
(အရေပြားတွင် အဆီစုခြင်းကို လျော့ပါးစေခြင်း)
ကဖင်းဓာတ်သည် အရေပြားအောက်ရှိ အဆီပိုများကို ခြေဖျက်ရန်နှင့် အသားအရေကို တင်းရင်းချောမွေ့စေရန် အားဖြည့်ပေးသည်။
👉အရွယ်တင် နုပျိုစေခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်မှုကြောင့် အရေးအကြောင်းများ ဖြစ်ပေါ်မှုကို နှေးကွေးစေပြီး အရေပြားကို ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။
ကဲ ကော်ဖီဆပ်ပြာရဲ့ကောင်းကျိုးတွေသိပြီးပြီဆိုတော့ ဝယ်မသုံးကြည့်ရင် နောင်တအကြီးကြီးရမှာနော်😊😊
ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေမှုကို ခံစားကြည့်ပါနော် 💕
💜ရှင်းသန့်မျက်နှာ LUCKIER💜
☎09799969713
#ဓာတုလျော့ချသဘာဝထုတ်ကုန်များ
#ကော်ဖီမျက်နှာသစ်ဆပ်ပြာ
မျက်နှာပေါ်က ပြသာနာတွေကို
💛 သနပ်ခါးမျက်နှာသစ်ဆပ်ပြာ 💛
နဲ့ဖြေရှင်းပြီး လှသွားသူတွေရဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးထားပါတယ်ရှင့် 🥰
ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေမှုကို ခံစားကြည့်ပါနော် 💕
မြန်မာ့အလှ မြန်မာသနပ်ခါး
💜ရှင်းသန့်မျက်နှာ LUCKIER💜
#ဓာတုလျော့ချသဘာဝထုတ်ကုန်များ
#သနပ်ခါးမျက်နှာသစ်ဆပ်ပြာ
03/09/2026
ဝါကျွတ်တာနဲ့ မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေရှိရင် အခုထဲက skin သေချာ careထားကြနော် အိပ်ရေးဝအောင်အိပ်ပါ အပူအစပ်လျော့ပါ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေကြည့်ပါ မျက်နှာပုံမှန်သစ်ပါ ဒါမှ ဘဝရဲ့အကြည်နူးရဆုံး အခိုက်အတန့်မှာ အလှဆုံးဖြစ်နေမှာနော်🥰
ဟိတ်.... ဘာလုပ်လုပ်အဆင်မပြေဖြစ်နေကြပြီလား?
ဒီကြားထဲတစ်ခုခုစမ်းလုပ်ဖို့စဥ်းစားပေမဲ့ အလိမ်ခံရမှာကြောက်နေရလို့လား?
အရင်းအနှီးအများကြီးမတတ်နိုင်လို့လား?
အဲ့ဒါတွေကို ဖြေရှင်းဖို့ Luckier Natural Products ရှိပါတယ်ရှင်😊😊
Luckier ဟာ ဓာတုလျော့ချသဘာဝထုတ်ကုန်များထုတ်တဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းတရားဝင်ဖြန့်ချီနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
တရားဝင်လုပ်ငန်းလိုင်စင် တံဆိပ်လိုင်စင် ထုတ်ကုန်အားလုံးရဲ့ ဓာတ်ခွဲအဖြေ ဘူးခွံပေါ်ကထောက်ခံချက်အမှတ် ဘားကုတ် fbက luckierစာမျက်နှာကိုမိမိဖုန်းနဲ့စကမ်ဖတ်ပြီးဝင်လို့ရတဲ့ QRကုတ် ဆပ်ပြာခဲပေါ်က အသားတံဆိပ် အကုန်ပါလို့ ယုံကြည်စိတ်ချစွာသုံးစွဲရောင်းချလို့ရပါတယ်။ တကယ်သေချာတဲ့ ဝင်ငွေတစ်ခုရရှိဖို့နဲ့ ရေရှည်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆို သဘာဝကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ Luckierဓာတုလျော့ချ ထုတ်ကုန်ဖြန့်ချီရေးမှ ဖိတ်ခေါ်ပါရစေ ထုတ်ကုန်တွေကတော့
ဒိန်ချဉ်မျက်နှာသစ်ဆပ်ပြာ
သနပ်ခါးမျက်နှာသစ်ဆပ်ပြာ
ကော်ဖီမျက်နှာသစ်ဆပ်ပြာ
ရွှေပိုးဥအိမ်မျက်နှာသစ်ဆပ်ပြာ
Ginger Lemon Sugar scrub cubes
Aloe Cucumber sugar scrub cubes
Rice Almond sugar scrub cubes
Coffee Avocado sugar scrub cubes တို့ဖြစ်ပါတယ်ရှင်😍
လူတန်းစားမရွေးအဆင်ပြေနိုင်မည့်စျေးကိုသတ်မှတ်ပေးထားတဲ့အပြင် ထုတ်ကုန်တစ်ခုခြင်းစီတိုင်းက သုံးစွဲ သူတိုင်း အတွက် စေတနာထားပြီးပြုလုပ်ပေးထားတာမို့ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းလေးလုပ်နေရသလို ယုံကြည်မှုရှိရှိဖြန့်ချီနိုင်တဲ့ထုတ်ကုန်တွေမို့ အခုပဲအပြေးလေးဆက်သွယ်လိုက်ပါနော်😊😊😊
သင့်ဘက်က Luckier နဲ့မျက်နှာသစ်ဖို့တာ၀န်ယူပါ။ Luckierကသင့်မျက်နှာရှင်းသန့်နေဖို့တာ၀န်ယူပါတယ်။
ရှင်းသန့်မျက်နှာ💜 Luckier💜
လက်လီလက်ကား ဆက်သွယ်မှာယူလိုပါက.....
☎ 09799969713
(OR) Page Chat Box ကနေ အသေးစိတ်သိလိုသမျှမေးမြန်းနိုင်ပါတယ်😘😍
31/08/2026
ကဲ လူသားလေးတို့ရေ
ဒီနေ့ ဘာတွေကြုံခဲ့ရလဲဆိုတာထက်
ဒီနေ့ ကိုယ့်စိတ် ဘယ်လောက်ပင်ပန်းခဲ့လဲဆိုတာသတိထားပေးပါ။ပြီးတော့ တစ်နေ့တာ
မပြေလည်သေးတဲ့အရာတွေ ရှိနေပါစေ
မဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေ ရှိနေပါစေ။
ညအိပ်ရာဝင်ချိန်မှာ မိမိကိုးကွယ်ရာ ဘာသာတရားအတိုင်း ဆုတောင်း၊ တရားထိုင်၊ မေတ္တာပို့ပြီး စိတ်ကို ခဏငြိမ်သက်လိုက်ပါ။ 🙏
ဘဝမှာ အရာအားလုံးကို ဒီနေ့တစ်ရက်တည်းနဲ့ ဖြေရှင်းစရာမလိုပါဘူး။
ဒီညတော့ စိတ်အေးအေးနဲ့ အနားယူပါ luckiest လေးရေ ကောင်းသောညပါနော်… 🌙
Natural Products
#စိတ်ခွန်အား
မျက်နှာပေါ်က ပြသာနာတွေကို
ဒိန်ချဉ်မျက်နှာသစ်ဆပ်ပြာ
နဲ့ဖြေရှင်းပြီး လှသွားသူတွေရဲ့ အတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးထားပါတယ်ရှင့်
ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေမှုကို ခံစားကြည့်ပါနော်
ရှင်းသန့်မျက်နှာ LUCKIER
#ဓာတုလျော့ချသဘာဝထုတ်ကုန်များ
#မျက်နှာသစ်ဆပ်ပြာများ
🕳️ ချွေးပေါက်ကျယ်ခြင်း ဘာကြောင့်ဖြစ်တာလဲ?
၁။ အဆီပြန်ခြင်း
အသားအရေမှာ အဆီပိုထွက်ရင် ချွေးပေါက်တွေ ပိုမိုမြင်သာလာနိုင်ပါတယ်ရှင်။ အထူးသဖြင့် နှာခေါင်းနဲ့ T-zone တစ်ဝိုက်မှာ သိသာတတ်ပါတယ်နော်
၂။ ဆားဝက်ခြံ/ပေါက်ပိတ်ခြင်း
အဆီနဲ့ အရေပြားဆဲလ်သေတွေက ချွေးပေါက်ထဲမှာ စုပုံလာတဲ့အခါ ချွေးပေါက်က ပိုကြီးသလို မြင်ရနိုင်ပါတယ်နော်။
၃။ နေရောင်ကြောင့် အသားအရေတင်းရင်းမှုလျော့ခြင်း
နေရောင်နဲ့ထိတွေ့မှုများလာတဲ့အခါကျမတို့မျက်နှာပေါ်မှာရှိတဲ့ collagen နဲ့ elastin ထိခိုက်လာရင် အသားအရေတင်းရင်းမှု လျော့ပြီး ချွေးပေါက်တွေ ပိုသိသာလာနိုင်ပါတယ်ရှင်
၄။ အသက်အရွယ်နဲ့ မျိုးရိုးဗီဇ
ချွေးပေါက်မြင်သာမှုမှာ မျိုးရိုးဗီဇကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ အသားအရေတင်းရင်းမှု လျော့လာတာကြောင့်လည်း ပိုမြင်သာနိုင်ပါတယ်ရှင်
ဒါဆို
✨ ချွေးပေါက်တွေ ပိုမမြင်သာအောင် ဘယ်လိုထိန်းသိမ်းမလဲ?
① နူးညံ့တဲ့ cleanser နဲ့ မျက်နှာသစ်ပါ
တစ်နေ့ ၂ ကြိမ်ခန့် နူးညံ့တဲ့ cleanser သုံးပြီး သန့်စင်နိုင်ပါတယ်။ အရမ်းပူတဲ့ရေနဲ့ မသစ်ဘဲ မျက်နှာကိုလည်း ကြမ်းကြမ်းမပွတ်ပါနဲ့နော်
② Salicylic Acid ပါတဲ့ skincare ကို အသုံးပြုနိုင်ပါတယ်
Salicylic acid က ပေါက်ပိတ်နေတဲ့ အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားကူညီနိုင်လို့ ဆားဝက်ခြံနဲ့ ပေါက်ပိတ်ခြင်းရှိသူတွေအတွက် အသုံးဝင်နိုင်ပါတယ်။ အသားအရေခြောက်သွေ့/စပ်လာရင်တော့ အသုံးပြုမှုလျှော့ပါ။
③ Non-comedogenic moisturizer သုံးပါ
Moisturizer မသုံးဘဲထားတာထက် ကိုယ့်အသားအရေနဲ့ကိုက်ညီပြီး non-comedogenic ဖြစ်တဲ့ moisturizer ကို အသုံးပြုတာကောင်းပါတယ်။
④ နေ့တိုင်း SPF 30+ Sunscreen သုံးပါ
နေရောင်ဒဏ်က အသားအရေတင်းရင်းမှုကို ထိခိုက်စေနိုင်လို့ broad-spectrum SPF 30+ sunscreen ကို နေ့တိုင်းသုံးတာက အရေးကြီးတဲ့အချက်ပါပဲနော်
⑤ Retinol/Retinoid ကို သုံးပေးခြင်း
Retinoid တွေက ချွေးပေါက်ပိတ်ခြင်းကို လျော့စေနိုင်ပြီး အသားအရေမျက်နှာပြင်ကိုလည်းတင်းရင်းပြီးပိုမို ကောင်းမွန်စေနိုင်ပါတယ်နော်။ ဒါပေမယ့် စပ်ခြင်း၊ နီခြင်း၊ ခြောက်ခြင်းတွေ ဖြစ်နိုင်လို့ တစ်ပတ်ကိုနှစ်ကြိမ်ခန့် တစ်ခါသုံးရင်ပဲစေ့ခန့်မျှကို မျက်နှာတစ်ခုလုံးစာ ဖြည်းဖြည်းစသုံးသင့်ပါတယ်။ ကိုယ်ဝန်ရှိနေသူ/ကိုယ်ဝန်ယူရန် စီစဉ်နေသူတွေကတော့ လုံးဝ retinoid မသုံးသင့်ပါ။
❌ မလုပ်သင့်တာ
👉ချွေးပေါက်တွေကို လက်နဲ့ မညှစ်ပါနဲ့
👉Pore extractor နဲ့ အကြမ်းမဖိပါနဲ့
👉Scrub နဲ့ အရမ်းမပွတ်ပါနဲ့
👉Skincare ပစ္စည်းတွေကို တစ်ခါတည်း အများကြီး မစမ်းပါနဲ့
👉အရမ်းညှစ်ခြင်း၊ ပွတ်ခြင်းက အရေပြားကို ရောင်ရမ်းစေပြီး ချွေးပေါက်တွေကို ပိုမြင်သာစေနိုင်ပါတယ်။
ဒါလေးတွေက တကယ်လိုက်နာကြည့်တဲ့အခါ မပျက်မကွက် လုပ်ရတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် အကျိုးဆက်ကိုက ရှယ်မိုက်သောမို့ ချွေးပေါက်ကျယ်ခြင်းကြောင့် စိတ်မညစ်ရလေအောင် အခုပဲ လိုက်နာကြည့်ကြရအောင်လားရှင်🥰🥰
💜ရှင်းသန့်မျက်နှာ LUCKIER💜
#သဘာဝထုတ်ကုန်များ
#မျက်နှာသစ်ဆပ်ပြာ
အသားအရေခြောက်သွေ့ခြင်း
ဘာကြောင့်ဖြစ်တာလဲ?
ဘယ်လိုထိန်းသိမ်းမလဲ?
အသားအရေခြောက်သွေ့တာက လူအများစုကြုံတွေ့ရလေ့ရှိတဲ့ အရေပြားပြဿနာတစ်ခုပါရှင် ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး၊ အကြောင်းရင်းကိုသိပြီး မှန်ကန်စွာဂရုစိုက်မယ်ဆိုရင် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်နော်။
အသားခြောက်စေတဲ့ အဓိကအကြောင်းရင်း (၆) ချက်ရှိပါတယ်-
၁။ အပြင်းစားဆပ်ပြာ သို့မဟုတ် cleanser များသုံးခြင်းက အရေပြားရဲ့ သဘာဝအဆီဓာတ်တွေကို ဖယ်ရှားပစ်တဲ့အတွက် အသားခြောက်စေပါတယ်။
၂။ ရေနွေးနဲ့ မကြာခဏ ရေချိုးခြင်းမှာ ရေပူပူက အရေပြားစိုပြေမှုကို ပျက်စီးစေပြီး အစိုဓာတ်ခမ်းခြောက်စေပါတယ်။
၃။ လေအေးပေးစက်နှင့် ခြောက်သွေ့သောအပူချိန်ရှိသော ပတ်ဝန်းကျင်တွင် လေထဲမှာ စိုထိုင်းဆနည်းပါးတဲ့အတွက် အသားအရေကို ခြောက်သွေ့စေပါတယ်။
၄။ နေရောင်ခြည်နှင့် UV ရောင်ခြည်ထိတွေ့မှုများခြင်းက အရေပြားကို ထိခိုက်စေပြီး အစိုဓာတ်ကုန်ခမ်းစေပါတယ်။
၅။ စိတ်ဖိစီးမှုနှင့် အိပ်ရေးပျက်တာတွေက ကိုယ်ခန္ဓာဟော်မုန်းဓာတ်မညီမျှမှုဖြစ်စေပြီး အသားအရေကျန်းမာရေးကို ထိခိုက်စေပါတယ်။
၆။ ရေမလုံလောက်ခြင်းနှင့် အာဟာရမပြည့်ဝခြင်းကလည်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရေဓာတ်နဲ့ အာဟာရဓာတ်နည်းပါးစေတာမို့ အသားအရေက အပြင်ပန်းမှာ ခြောက်သွေ့နေပါလိမ့်မယ်။
ဒါဆိုအသားအရေခြောက်သွေ့ခြင်းကို ဘယ်လိုထိန်းသိမ်းမလဲ။😊
၁။ နူးညံ့သော cleanser ကိုသုံးပါ
- မျက်နှာသစ်တဲ့အခါ အသားအရေကို မထိခိုက်စေတဲ့ နူးညံ့တဲ့ဆပ်ပြာ သို့မဟုတ် cleanser ကို ရွေးချယ်သုံးစွဲပါ။
၂။ ရေအေး သို့မဟုတ် ရေနွေးနွေးလေးနဲ့သာ ရေချိုးပါ
- ရေပူပူနဲ့ချိုးတာကို ရှောင်ကြဉ်ပြီး ရေအေးအေးလေး သို့မဟုတ် ခပ်နွေးနွေးလေးနဲ့ပဲ ချိုးပေးပါ။
၃။ ရေဓာတ်သေချာ ဖြည့်ပေးသော moisturizer ကို ပုံမှန်သုံးပါ
- မျက်နှာသစ်ပြီးတိုင်းနဲ့ ရေချိုးပြီးတိုင်းမှာ moisturizer ကို ပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့။
၄။ နေ့ဘက်တွင် Sunscreen (SPF 30+) ကို နေ့စဉ်သုံးပါ
- နေရောင်ခြည်ကနေ ကာကွယ်ဖို့အတွက် Sunscreen (SPF 30+) ကို မပျက်မကွက်လိမ်းပေးပါ။
၅။ ရေများများသောက်ပါ
- ခန္ဓာကိုယ်အတွင်းပိုင်း ရေဓာတ်ပြည့်ဝနေစေဖို့အတွက် တစ်နေ့ကို ရေ ၁.၅ ကနေ ၂ လီတာအထိ သောက်ပေးဖို့ လိုအပ်ပါတယ်။
၆။ အသားအရေကျန်းမာရေးအတွက် အာဟာရပြည့်ဝသော အစားအစာများစားပါ
- ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
၇။ လုံလောက်သောအိပ်စက်မှုကို ရရှိအောင်လုပ်ပါ
- ခန္ဓာကိုယ်ပြန်လည်အားဖြည့်ဖို့နဲ့ အသားအရေဆဲလ်တွေ အသစ်ဖြစ်ပေါ်ဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၇-၈ နာရီခန့် အိပ်စက်ပါ။
၈။ အခန်းတွင်း ရေဓာတ်ကို ထိန်းသိမ်းနိုင်အောင် Humidifier သုံးပါ
- လေအေးပေးစက်သုံးတဲ့အခါ အခန်းထဲမှာ Humidifier လေးထားရှိခြင်းအားဖြင့် လေထုခြောက်သွေ့မှုကို သက်သာစေနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းပေးခြင်းကို ပုံမှန် ဂရုတစိုက်လုပ်သွားမယ်ဆို အသားခြောက်ခြင်းပြသာနာကိုအလွယ်တကူဖြေရှင်းပေးမှာပါနော်
💜 ရှင်းသန့်မျက်နှာ LUCKIER 💜
#သဘာဝထုတ်ကုန်များ
ပျိုမေတို့ရေ ဥတုရာသီ scrub ကိုမှီတဲ့🤭
ဥတုရာသီ တောကိုမှီမဟုတ်တော့ဘူးနော်🥰
ခုချိန်ကာလက scrub လေးကို သုံးလို့သိပ်ကောင်းတဲ့ရာသီလေးမို့ မိုးအေးအေးနဲ့ စိတ်လန်းစေမဲ့ အချဥ်လေးတွေကလည်း ခံတွင်းရှင်းစေသလို အချဥ်ရနံ့တွေထုံလွှမ်းနေတဲ့ scrub လေးကလည်း သုံးနေရင်း စိတ်ကိုလန်းဆန်းနေစေမှာ အမှန်ပါပဲ ဒါ့အပြင် Luckier ရဲ့ ဒီ scrub cubes လေးတွေက (Wellness Boost Body Exfoliator) လို့တောင် တင်စားခေါ်ရတဲ့အထိ cleansing,nourishing and exfoliating ပါလုပ်ပေးတာမို့ wow! wow! wow! လို့တောင် ပြောယူရမဲ့အထိပါပဲ luckiest လေးတို့ရေ
Ginger Lemon Sugar scrub cubes
(Wellness Boost Body Exfoliator)
ဂျင်းတွင် anti-oxidant ၄၀ ကျော်ပါ ၀င်လို့ အချိန်မတန်မီအိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးပြီး Melaninထုတ်လုပ်မှုကိုတိုးမြှင့်ပေးနိုင်သည့်အတွက်အမာရွတ်များနှင့် hyperpigmentation မှေးမှိန်နိုင်ပါတယ်ရှင်
သွေးလှည့်ပတ်မှုကိုတိုးမြှင့်ပေးနိုင်ခြင်းကြောင့်cellulite ဖြစ်ခြင်းကိုလျော့နည်းသွားစေနိုင်သည်။
ဂျင်းကပိုးသတ်ဆေးဆိုင်ရာဂုဏ်သတ္တိများရှိသည့်အပြင်အရေးအကြောင်းများ၊ hyperpigmentation နှင့် cellulite စသည့်အရေပြားပြသာနာများကိုဖြေရှင်းနိုင်သည်။
Lemon ကကိုယ်အတွင်းနှင့်အရေပြားအပြင်ဘက်ရှိပိုးမွှားများနှင့်ဘက်တီးရီးယားများကိုဖြစ်ပေါ်စေသည့်ဝက်ခြံထွက်ခြင်းကိုကာကွယ်ရန်antibacterial ဂုဏ်သတ္တိများရှိပါတယ်ရှင်
အသားအရေကိုတင်းရင်းစေပြီး
ခန္ဓာကိုယ်၏ pH ကိုထိန်းပေးလို့ အရေပြားပေါ်ရှိဝက်ခြံနှင့်ဝက်ခြံများအဖြစ်မထွက်လာမီအဆိပ်များကိုဖယ်ရှားပေးပါတယ်
Lemon မှာ ပါတဲ့alpha hydroxy acidsကအသားအရည်ကိုကြည်လင်စေပြီးဆဲလ်သေများကိုဖယ်ရှားပေးပြီး exfoliates ပေးလို့ ငယ်ရွယ်နုပျိုသောအသားအရည်ကိုပိုင်ဆိုင်စေမှာပါနော်
Shea butter က antioxidantနှင့် vitamin E မြင့်မားပြီးအရေပြားကို oxidative stress မှကာကွယ်ပေးတဲ့အပြင် scrub အသုံးပြုပြီးတဲ့အခါ အသားအရည်ကို
Shea butter အစွမ်းနဲ့အစိုဓာတ်ထိန်းပေးတဲ့အတွက်နူးညံချောမွေ့တာကိုပါခံစားရမှာပါနော်
ဒါ့အပြင် အသားအရည်နီရဲခြင်းနှင့်ရောင်ရမ်းခြင်းကိုလည်းသက်သာစေပါတယ်
Rice Bran Oilတွင်ပါဝင်သော Omega 3 နှင့် 6 fatty acids နှင့်antioxidants များသည်အသားအရေကိုအာဟာရဖြည့်တင်းပေးရုံသာမကအရေပြားကိုနုပျိုစေပါသည်များပါ ဝင်အသားအရေကိုသန့်စင်စေခြင်း၊ နူးညံ့စေခြင်း၊ အစိုဓတ်ပေးခြင်း၊အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပြီးအသားအရေကိုတောက်ပစေသည်။
သာမန် scrub တွေကနေကွဲပြားလာတဲ့ချစ်စရာကောင်းတဲ့ Cube လေးတွေက အသားအရည်ကို exfoliating ,cleansing လုပ်ပေးယုံသာမက အစိုဓာတ်ဖြည့်တင်းပေးလို့scrub ပြုလုပ်ပြီးချိန်မှာ အသားအရည်ကစိုပြေပြီးနူးညံ့ချောမွေ့တာကိုပါ တစ်ပြိုင်ထဲခံစားရလို့ 3 in 1လို့တောင်ပြောလို့ရပါတယ်နော်
အသုံးပြုနည်း
ရေချိုးခန်းသို့ scrub
cube လိုသလောက် ယူပါ လက်ဖဝါးထဲတွင်ရေအနည်းငယ်စွတ်ချေပြီး ခန္ဓာကိုယ်ပေါ်မှာ စက်ဝိုင်းပုံညင်သာစွာပွတ်တိုက်ပေးပါပြီးလျှင် ၅ မိနစ်လောက်ထားပြီး ရေချိုးလိုက်ရုံပါပဲ...
scrub cubes လေးတွေမှာ ဆပ်ပြာပါပြီးသားမို့
နောက်ထပ်ဆပ်ပြာ ပြန်တိုက်စရာမလိုပါဘူးနော်
Scrub သုံးပြီးတိုင်း moisturizerပါတဲ့Body Lotion သို့ body butter ထပ်လိမ်းပေးပါနော်
နေပူထဲသွားရင်လည်း အဆောင်းတခုခု အင်္ကျီလက်ရှည်ဝတ်သွားမှဖြစ်မှာပါရှင်
ချေးချွတ်ပြီးချိန် အသားအရေလေးနူးညံ့နေတဲ့အတွက် နေရောင်နဲ့တိုက်ရိုက်တွေ့လျှင် ပိုပြီးနေလောင်လွယ်လို့ညနေဘက် အပြင်မထွက်တော့မည့်အချိန်မှာ scrubပြုလုပ်ပေးရင်တော့အကောင်းဆုံးပါနော် skin လေးကို အနားပေးဖို့အကောင်းဆုံးအချိန်မို့လေ
scrub ကိုပုံမှန်သုံးပြီး exfoliateလုပ်ခြင်းအားဖြင့်
skin toneတက်လာမယ်
အဲ့တော့ ချစ်တို့လိုချင်တဲ့ glow skinတို့ healthy skinတို့ရလာပြီပေါ့
တပတ်ကို၂ ကြိမ်အသုံးပြုနိုင်ပါတယ်
ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ဆိုရင် scrub ကသုံးဖို့လို့ပါတယ်😊😊
မှတ်ချက်။ ရေမဝင်စေရန်နှင့်လက်စိုဖြင့်မယူမိရန်သတိပြုပါ
မှာယူလိုပါက page cb or
09 799969713
Scrub Cubes ဆိုတာဘာလဲ❓
ဘယ်လိုအသုံးပြုရမလဲ❓
ဘာတွေကောင်းလဲ၊ဘယ်လိုအကျိုးထူးမလဲ❓
💜 Luckier Natural Product 💜 ရဲ့ ထုတ်ကုန် (၄)မျိုး
🥒 Aloe Cucumber sugar scrub cubes
🌵 Ginger Lemon sugar scrub cubes
🍚 Rice Almond sugar scrub cubes
☕ Coffee Avocado sugar scrub cubes
သာမန် Scrub နဲ့မတူ တစ်မူကွဲပြားတဲ့ Luckier ရဲ့ Scrub Cubes လေးများကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်
သာမန် scrub တွေကနေကွဲပြားလာတဲ့ချစ်စရာကောင်းတဲ့ Cube လေးတွေက အသားအရည်ကို exfoliating ,cleansing လုပ်ပေးယုံသာမက အစိုဓာတ်ဖြည့်တင်းပေးလို့scrub ပြုလုပ်ပြီးချိန်မှာ အသားအရည်ကစိုပြေပြီးနူးညံ့ချောမွေ့တာကိုပါ တစ်ပြိုင်ထဲခံစားရလို့ 3 in 1လို့တောင်ပြောလို့ရပါတယ်နော် 😍
အသုံးပြုနည်း
-ရေချိုးခန်းထဲသို့scrub cube ကိုလိုသလောက်ယူပါ
-အတုံးလေးကိုလက်ဖဝါးထဲတွင်ရေအနည်းငယ်စွတ်ချေပြီး ခန္ဓာကိုယ်ပေါ်မှာ စက်ဝိုင်းပုံညှင်သာစွာပွတ်တိုက်ပေးပါ
-ပြီးလျှင် ၅ မိနစ်လောက်ထားပြီး ရေချိုးလိုက်ရုံပါပဲ...
-scrub cubes လေးတွေမှာ ဆပ်ပြာပါပြီးသားမို့
နောက်ထပ်ဆပ်ပြာ ပြန်တိုက်စရာမလိုပါဘူးနော်
-Scrub သုံးပြီးတိုင်း moisturizerပါတဲ့Body Lotion သို့ body butter ထပ်လိမ်းပေးပါနော်
-နေပူထဲသွားရင်လည်း အဆောင်းတစ်ခုခု သို အင်္ကျီလက်ရှည်ဝတ်ပြီးမှ အပြင်ထွက်တာအကောင်းဆုံးပါပဲနော် ဘာလို့လည်းဆို
ချေးချွတ်ပြီးချိန် အသားအရေလေးနူးညံ့နေတဲ့အတွက် နေရောင်နဲ့တိုက်ရိုက်တွေ့လျှင် ပိုပြီးနေလောင်လွယ်လို့ညနေဘက် အပြင်မထွက်တော့မည့်အချိန်မှာ scrubပြုလုပ်ပေးရင်တော့အကောင်းဆုံးပါနော် skin လေးကို အနားပေးဖို့အကောင်းဆုံးအချိန်မို့လေ 🥰
-scrub ကိုပုံမှန်သုံးပြီး exfoliateလုပ်ခြင်းအားဖြင့်
-skin toneတက်လာမယ်
-အဲ့တော့ ချစ်တို့လိုချင်တဲ့ glow skinတို့ healthy skinတို့ရလာပြီပေါ့
-တပတ်ကို ၂ ကြိမ်အသုံးပြုနိုင်ပါတယ်
-ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ဆိုရင် scrub ကသုံးဖို့လို့ပါတယ်😊😊
မှတ်ချက်။ ။ ရေမဝင်စေရန်နှင့်လက်စိုဖြင့်မယူမိရန်သတိပြုပါ😊
လက်လီလက်ကားဆက်သွယ်မှာယူလိုပါက
Page cb (သို့)09799969713 တို့ကိုဆယ်သွယ်မှာယူနိုင်ပါတယ်
🤍ရှင်းသန့်မျက်နှာ LUCKIER 🤍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |