What Do You Mean
လူသားချင်းကိုယ်ချင်းစာပါ
06/11/2023
ပန်းတွေ တွေ့တဲ့အခါ
တစ်ယောက်ယောက်ကို သတိရမိရင်
ပန်းတွေ တွေ့ရင်
သူ့အတွက် ယူသွားပေးချင်လာခဲ့ရင်
ဒီလူဟာ ကိုယ့်အတွက်
နှလုံးသားမှာ ပန်းပွင့်စေတဲ့ သူပါတဲ့။
💭💐 ||
06/11/2023
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတယ် ။
အတိတ်နဲ့အနာဂတ်ကိုတွေးပြီး
မပူလောင်ချင်တဲ့သူမို့
ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးနေထိုင်ပါတယ် ။
ခရီးအရှည်ကြီးတွေထွက်ဖို့အိပ်မက်ရှိသလို
လူတစ်ယောက်ကိုနှစ်တွေအကြာကြီးချစ်ဖို့လည်း
ဆန္ဒတွေရှိပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်
မလိုသူတွေရဲ့စကားကို နားထောင်ပြီးတော့
စိတ်ထိခိုက်မခံနိုင်တဲ့အတွက်
တချို့လူတွေကို ဂရုမစိုက်ခြင်းဖြင့်
ကိုယ်ဖြစ်တာတွေ ဖြစ်အောင်သာ
အေးအေးဆေးဆေးကြိုးစားနေပါတယ် ။
ထင်ချင်သလိုထင်ကြပါစေ
နေချင်သလိုနေပါတယ် ။
🖤🌷
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon