Best friend

Best friend

Share

just for fun

Photos from 𝐌 𝐞 𝐬 𝐬 𝐚 𝐠 𝐞 's post 29/07/2026
10/07/2026

😆

25/06/2026
09/06/2026

အခက်အခဲက မိတ်ဆွေစစ်ကို ရှာပေးနိုင်တယ်

တခါက တောအုပ်လေးတစ်ခုမှာ တောဆိတ်လေးတစ်ကောင်ရှိသတဲ့။ အဲ့ဒီတောဆိတ်လေးမှာ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိပါတယ်။ သူဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ယုံကြည်အားကိုးတတ်သလို မိတ်ဆွေအပေါင်းအသင်းများတာကိုလည်း ဂုဏ်ယူနေတတ်သူပါ။

တစ်ခုသော ညနေခင်းလေးမှာ ရာသီဥတုကလည်း သာသာယာယာနဲ့ဆိုတော့ တောဆိတ်လေးဟာ တောင်ကုန်းပေါ်မှာ ပြေးလွှား ဆော့ကစားနေပါတယ်။

အဲ့ဒီအချိန်မှာပဲ ဘယ်အချိန်ကတည်းက ချောင်းနေမှန်း မသိတဲ့ ဝံပုလွေ တစ်ကောင်ဟာ ချုံတောထဲကနေ ရုတ်တရက် ခုန်ထွက်လာပြီး တောဆိတ်ကို ကို.က်စားဖို့ ခုန်အုပ် တိုက်ခိုက်လိုက်ပါတယ်။

တောဆိတ်ဟာ ကြော,က်ကြော,က်လန့်လန့်နဲ့ ပြေးလွှားရင်း အော်ဟစ်အကူအညီ တောင်းပါတော့တယ်။ သူ့မှာ မိတ်ဆွေအပေါင်းအသင်းတွေ အလွန်ပေါများတယ်ဆိုတော့ တစ်ကောင်ကောင်တော့ အသံကြားတာနဲ့ လာကူညီလိမ့်မယ်လို့ ထင်နေရှာပါတယ်။

တောဆိတ်လေးရဲ့ အော်ဟစ်အကူအညီတောင်းသံ ကြားတော့ တောထဲမှာ မြက်စားနေတဲ့ နွားက ထွက်လာပါတယ်။ ၀ံပုလွေ ကိုတွေ့တော့ တချိုးတည်း ထွက်ပြေးသွားပါတယ်။

ဒါနဲ့ ကုန်းပေါ်မှာရှိတဲ့ မြင်းက လှမ်းကြည့်လိုက်တယ်။ ဝံပုလွေမှန်း သိလိုက်တာနဲ့ ရှောင်ထွက်သွားတယ်။တော၀က်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။

ယုန်လည်း တောဆိတ်ရဲ့ အော်သံကြားလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အသားကုန် ဝေးရာကို ထွက်ပြေးသွားတယ်။

ကုန်းအောက်မှာ ရှိတဲ့ ခွေးက တောဆိတ်ရဲ့"ကယ်ကြပါဦး" ဆိုတဲ့ အသံကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက်လာပြီး ဝံပုလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကို,က်လိုက်တယ်။

၀ံပုလွေလည်း ထွက်ပြေးသွားပါတော့တယ်။ တောဆိတ်ဟာ ခွေးရဲ့ ကယ်တင်မှုကြောင့် အန္တာရာယ်ကနေ လွတ်မြောက်သွားပါတယ်။ ဒါနဲ့ ဆိတ်ဟာ အိမ်ကို ပြန်ရောက်သွားတဲ့အခါ သူရဲ့ သတင်းကို ကြားတော့ မေးကြမြန်းကြနဲ့ စည်ကားနေပါတယ်။

နွားကပြောတယ်.... “ ငါ့ကိုဘာလို့ မပြောပြတာလဲ၊ ငါ့ဂျိုနဲ့ ခ.တ်လိုက်ရင် ဒီဝံပုလွေ ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ပေါ့"လို့ ပြောတယ်။

မြင်းကလည်း အားကျမခံ ပြောပါတယ်.... “ ငါ အနားမှာ မရှိလို့ပေါ့။ ငါ့ရဲ့ နောက်ချေနဲ့ စုံကန်လိုက်ရင်တော့ အဲ့ဒီ ဝံပုလွေ ဘယ်ရောက်မှန်းမသိ ဖြစ်သွားမယ်"

တော၀က်ကလည်း ပြောပြန်တယ်.... “ ငါ မရှိလို့ပေါ့၊ ငါ့အစွယ်အကြောင်း ကောင်းကောင်း သိသွားစေရမယ်။

ယုန်က ပြောတယ်.... “ ငါ့ကို ဘာလို့ မပြောတာလဲ၊ အနည်းဆုံးတော့ ငါအပြေးမြန်တော့ မင်းကိုကယ်ဖို့ အမြန် သတင်းပို့လို့ရတာပေါ့ ” တဲ့။ တောဆိတ်ရဲ့ အပေါင်းအသင်းတွေက အမျိုးမျိုးပြောကြတာပေါ့။

အဲ့ဒီမှာ တစ်ခုသတိထားမိတာက အဲဒီစကားဝိုင်းထဲမှာ ခွေးက ဘာမှ ဝင်မပြောပါဘူး။

မိတ်ဆွေစစ်လည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ့်အနားမှာ နေ့တိုင်းဝိုင်းရံနေတဲ့ လူများဟာ အခက်အခဲ တကယ်ကြုံတဲ့အခါကြရင် ကူညီတဲ့လူများ ဟုတ်ချင်မှ ဟုတ်မှာပါ။

တကယ့်မိတ်ဆွေစစ်ဆိုတာက အပြောနဲ့ မလုပ်တတ်ဘူး တကယ့်ကို အလုပ်နဲ့ပဲ သက်​ေ,သပြတတ်ကြသူတွေပါ။ အပိုလည်း မပြောတတ်သလို သူကူညီလိုက်တဲ့ကိစ္စကိုလည်း အခြားသူတွေရှေ့မှာ ထုတ်မကြွားတတ်ကြပါဘူး။

အပေါင်းအသင်း မိတ်ဆွေတွေများဖို့ မလိုဘူး။ မိတ်ဆွေစစ်ရှိဖို့ပဲ လိုပါတယ်။ မိတ်ဆွေစစ်ကို လိုချင်လျှင် ကိုယ်ကိုယ်တိုင်ကလည်း မိတ်ဆွေကောင်း ပီသအောင် ကျင့်ကြံကြိုးစားရပါလိမ့်မယ်။

with respect - crd - မူရင်းရေးသားသူ

09/06/2026

အထင်လွဲခံရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးမှု တစ်မျိုးပါ
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်
စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှုတမျိုးပါ

မေတ္တာ ရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်
အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ
အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ
အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနှင့်
ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်
နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို......
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်
စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး

ဝမ်းနဲစရာ ကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ
အမြင့်ဆိုတာ...
ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ
ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ
ဒေါင်ကျကျ ပြားကျကျ
အပြုံး မပျက်တဲ့
မဟာ သဘောထား မျိုးကို
ဆိုလိုပါတယ်

စိတ်သဘောထား ကြီးတယ်ဆိုလဲ
သင် လူဘယ်လောက်များများ သိတယ်
ဘယ်လောက်များများ ခင်မင် တာနဲ့လဲ
မသက်ဆိုင်ပါ....
သင်လူ ဘယ်လောက်များများ ကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်

လောက နိယာမအရ...
အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး
ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon