Myint Moh
shopping &retail
28/01/2024
ချစ်ကာကာအချောလေးတို့အတွက်😍😍😍😍. stainless steelဆွဲကြိုးလှလှလေးတွေရောက်ထားပါတယ်🥰🥰🥰။ ပေါ့ပေါ့ပါးပါးနဲ့daily၀တ်လို့ရပီးအရောင်ကြာရှည်ခံပါတယ်။ ဈေးနှုန်းကလည်းသက်သာတော့ပျိုမေတို့အတွက်အဆင်ပြေ ။😚😚😚😚ဈေးနှုန်းကလဲတစ်ကြိုးမှ💥💥💥8500ပဲနော်။ ရန်ကုန်အိမ်အရောက်ငွေချေ။နယ်ကာကာလေးတွေငွေကြိုလွှဲပါနော်။ ငွေလွှဲ၀င်တာနဲ့ကားဂိတ်တင်ပေးပါတယ်။ မှာယူချင်ပါကcb or 09254053327သို့ဆက်သွယ်၀ယ်ယူနိုင်ပါတယ်
ဆံပင်ကျွတ်ခြင်း ကင်းဝေးအောင်
ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။
ဖြစ်နိုင်တဲ့အကြောင်းအရင်း
သီအိုရီမျ ားစွာရှိပါတယ်။
မျိုးရိုး၊ဟော်မုန်း၊စိတ်ဖိစီးမှု၊အာဟာရချို့ တဲ့မှု၊
အသက်အရွယ်၊ဆေးဝါးစသည်ဖြင့်
မာတိကာမျ ားစွာတွေ့ရပါမယ်။
အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။
အမျိုးသမီးတွေဟာ အလှအပရေးရာ
ကရိကထမျ ားသလို ပြုပြင်ပြောင်းလဲချ င်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။
တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။
ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊
ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူ းရင်
ဆံပင်ကို ကိုင်ကြ၊လိမ်ကြသေးတယ်။
အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး
အဖြစ်မျ ားတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။
androgenic alopeciaလို့လည်းခေါ်ပါတယ်။
အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျို ဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ဆံသားပါးတာရှိပါတယ်။
စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ
အမျိုးသမီးတွေမှာ ပိုမျ ားတယ်။
chemical ဓာတုဆေးဝါးတွေ သုံးတာလဲ
သူတို့ပဲ။ ဆံပင်ချေးချွတ်၊ဆံနွယ်ပြုပြင်
လှချ င်သူမျ ားစာရင်းမှာ ထိပ်ဆုံးက
ရပ်တည်နေတယ်။
လူတိုင်း သူ့မျိုးရိုး၊သူ့ဗီဇနဲ့သူ
ဆံပင်ကောက်တာ၊ဆံပင်တွန့်တာမျိုး ရှိပါတယ်။
ဆံပင်တွေကို ယေဘုယျ သုံးသပ်ရရင်
သုံးမျိုး ဖြစ်နိုင်တယ်။
ဆံလုံး(ဆံပင်)ဝိုင်းတဲ့သူက ဆံပင်ဖြောင့်တယ်။ ဆံလုံးက ဘဲဥပုံဖြစ်ရင် လှိုင်းတွန့်ပုံ(wave) ရှိတယ်။ အကယ်၍ ဆံပင်လုံးက ပြားတယ်(flat)ဆိုရင် ကပ္ပလီဆံပင်၊စပရိန်လို တွန့်ချိတ်နေမယ်။ ဒီထဲမှာ ဆံလုံး ဝိုင်းသူနဲ့ ဘဲဥပုံ ဆံနွယ်တွေက ပိုကျွတ်လွယ်တယ်။
ဆံပင်ဖြောင့်လေ ဆံပင်ကျွတ်ဖို့
လွယ်ကူလေ ဖြစ်ပါတယ်။
ဒီတော့ မိမိဆံပင်ကို ပြန်သုံးသပ်ကြည့်ပါ။
ဆံပင်ဖြောင့်သူလား၊ကောက်သူလားပေါ့။
ဒီနေရာမှာတော့ သိပ်ဖြောင့်လွန်းရင်
မကောင်းပြန်ဘူး။
နောက်အရေးကြီးတဲ့အချ က်တခုက
ဆေးဝါးတွေ၊ဓာတုပစ္စည်းတွေ
စဉ်ဆက်မပြတ် သုံးစွဲတတ်သူလား။
ဒါလည်း အရေးကြီးတယ်။
အလှအပကို ပြုပြင်ရတဲ့အခါ
ဆိုးကျိုးတွေ ရှိနိုင်တယ်။
အထူးသဖြင့် ဓာတုဆေးဝါးတွေ
အသုံးပြု ရသူတွေမှာပေါ့။
ဒီနေ့ခေတ်မှာ ပညာရှင်မဟုတ်ဘဲ
အလှအပပြုပြင်သူ၊ကုသသူတွေ
အမျ ားအပြားတွေ့ရတယ်။
ဒါ့ကြောင့် ကျွမ်းကျ င်ပညာရှင်မဟုတ်ဘဲ
အလှအပပြုပြင်သူတွေ
အထူးဂရုစိုက်သင့်တယ်။
နောက်အရေးပါတာက အာဟာရဓာတ်ပါ။ အာဟာရဓာတ်ချို့ တဲ့သူတွေမှာ
ဆံပင်ကျွတ်လွယ်တယ်။
ဗီတာမင်၊သတ္တု ဓာတ် မျှတဖို့ လိုအပ်တယ်။ vitamin A,B5,B6,B7,B12,folic acid,iron,zinc စတဲ့ဓာတ်တွေက
ဆံပင်အတွက် အရေးပါတယ်။
ဗီတာမင် စီက ဆံပင်ဖြူခြင်းကို
တားဆီးပေးမယ်။
ဆံပင်ကျွတ်လွယ်တဲ့အမျိုးသမီးအမျ ားစုကို
လေ့လာကြည့်တဲ့အခါ သံဓာတ်ချို့တဲ့တာမျိုး တွေ့ရတယ်။
ဒါ့ပြင် မဂ္ဂနီစီယမ်၊သွပ်ဓာတ်တွေကလည်း
ဆံပင်ရဲ့အခန်းကဏ္ဍအတွက် အရေးပါတဲ့
သတ္တု ဓာတ်တွေ ဖြစ်ပါတယ်။
ဆံပင်ဆိုတာ ပရိုတင်းဓာတ်နဲ့
ဖွဲ့စည်းထားတာဖြစ်လို့
သူ့ရဲ့ အရေးပါမှုကိုလည်း မမေ့အပ်ဘူး။
ဆံပင်အကြောင်း ပြောရင် hair follicleခေါ်တဲ့ ဆံနွယ်ပေါက်စေတဲ့ မွေးညှင်းပေါက်တွေကို
ချန်ထားလို့မရဘူး။
ဆံပင်ပါးတာ၊ကျဲတာ၊ထူတာကို
သူက ဆုံးဖြတ်ပေးတယ်။
ဆံပင်ပေါက်မလာတော့ဘူးဆိုရင်
hair follicleပျ က်ဆီးနေလား
စတင်စဉ်းစားရတယ်။
ဥပမာ နှစ်လ၊သုံးလကြာပြီ
ပေါက်မလာတော့ဘူးဆိုရင်
အကြောင်းရင်းက follicleမှာ ဖြစ်ဖို့မျ ားတယ်။
ဘာ့ကြောင့်လဲဆိုတော့ သီအိုရီအရ
တစ်လမှာ ဆံပင် လက်မဝက်လောက်
ရှည်ထွက်တယ်။
ဒီလိုရှည်ထွက်မလာရင်
ဆံပင်အခြေအရင်းကို စစ်ကြည့်သင့်တယ်။
အရင်းကမပေါက်ရင်
အဖျ ားကို ကြည့်လို့မရနိုင်တော့ဘူး။
နောက်အရေးပါတဲ့အချ က်က
ဆံသားတွေ ခြောက်သွေ့နေလား ဆိုတာပါ။
အရာဝတ္တု တိုင်းမှာ ခြောက်သွေ့တယ်ဆိုရင် ဘာမှမကောင်းဘူး။
ဥပမာ သစ်ပင်တစ်ပင် ခြောက်သွေ့နေရင်
ဆက်လက်ကြီးထွားမလာတော့ဘူး။
ပျ က်ဆီးသွားတယ်။
မြို့ကြီး၊ပြကြီးတွေမှာလည်း
ခြောက်ကပ်တယ်ဆိုတာ
တိုးတက်မှုမရှိတာကို ဆိုလိုတယ်။
အလားတူ ဆံပင်တွေကိုလည်း
ခြောက်သွေ့အောင် မထားသင့်ဘူး။
ပျက်ဆီးလွယ်လို့ ဖြစ်တယ်။
ကောင်းတာက မိမိဆံနွယ်ကို ဆီလိမ်းတာ၊
သပ်ရပ်သန့်ရှင်းအောင် အမြဲဖီးလိမ်းတာမျိုး
လုပ်ပေးသင့်တယ်။
ပိုအရေးကြီးတာက
ဆံသားတွေကို ဆွဲတာ၊လိမ်တာ၊ကိုင်တာ
ဘာမှမပြု လုပ်သင့်ဘူး။
ဆံပင်ကို အမြဲကလိနေသူတွေဟာ
ဆံပင်ပျ က်ဆီးဖို့ ပိုလွယ်ကူတယ်။
ဆံသဆိုင်တွေ၊beauty spaတွေမှာ
ဆံပင်ဆွဲတာ၊လိမ်တာ ပြု လုပ်တတ်ကြတယ်။ ကောင်းတာပြောရရင်
ဦးရေပြားကို နှိပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ဆွဲသူ၊လိမ်သူ၊အကြမ်းပတမ်းကိုင်တွယ်သူမျ ားကို ဝေးဝေးက ရှောင်ပါ။
အကိုင်အတွယ်ညံ့သူတွေ ဖြစ်ရင် သတိထားပါ။
ဒီတော့ ပါးလွှာတဲ့ဆံပင်
ဆံသားတွေကို မကျွတ်အောင်
၊ပြတ်ကျ မလာအောင်
ဘယ်လိုကာကွယ်လုပ်ဆောင်နိုင်မလဲ။
#အလွယ်ဆုံးနည်းကအုန်းဆီသုံးပါ။
အုန်းဆီမှာ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ ဆံသားကျွတ်တာ
၊ပြတ်တာမျိုးကို သက်သာစေတယ်။
ရှားစောင်းလက်ပက် အသုံးပြုကြည့်ပါ။
ဒီဖက်ခေတ် ဝင်လာတဲ့ shampooတွေ
gelလိမ်းဆေးတွေမှာ ရှားစောင်းလက်ပက်ကို အသုံးပြုလာကြတယ်။
အစိုဓာတ်ထိန်းပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။
ရှားစောင်းလက်ပက်သုံးပြီး ဦးရေပြားကို
နှိပ်ပေးပါ။ နာရီဝက်လောက်နေတဲ့အခါ
ရေနွေးနဲ့ ခေါင်းလျှော်ပေးပါ။
ဒီနည်းက ဦးရေပြားခြောက်သွေ့၊ယားယံခြင်းအတွက် သင့်တော်ပါတယ်။
ခေါင်းလျှော်တဲ့အခါ တမာရွက်သုံးပြီး
ခေါင်းလျှော်တာကို ဖွံ့ဖြိုးပြီး
နိုင်ငံတွေမှာလည်း လက်ခံလာကြပါပြီ။
#တမာရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ
ထည့်ပြု တ်ပါ။
ရေတဝက်လောက်ခမ်းတဲ့အခါ
အအေးခံပါ။
ပြီးရင် ခေါင်းကိုလောင်း၍ သေချ ာလျှော်ပါ။
#တပတ်ကိုတကြိမ်လောက်
လျှော်သင့်တယ်လို့ အကြံပေးထားတယ်။
ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့
ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။
လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျေ ာ့ပျေ ာင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ
ကျ န်းမာသန်စွမ်းစေတယ်။
အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။
ဗောက်ပျေ ာက်ချ င်ရင် jojoba oilကို
အသုံးပြု သင့်တယ်။
အာယုဗေဒဆေးကျ မ်းမှာ ဆီးဖြူ သီးကို
အုန်းဆီနဲ့ရော၊ကြို ချ က်ပြီး လိမ်းရင်
ဆံသားတွေကို
အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။
#ဆံပင်ကျွတ်တာကိုလည်း
ကာကွယ်ပေးမယ်လို့ဆိုထားတယ်။
ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက်
အမှန်တကယ်သောက်သုံးနိုင်တဲ့
ဆေးဝါးမျိုးမရှိသေးပါဘူး။
လိမ်းဆေးလာတာတော့ ရှိပါတယ်။
ထိပ်ပြောင်သူ၊ဆံပင်ပါးသူအတွက်
minoxidil 2% လိမ်းဆေးကို
အသုံးပြု နိုင်ပါတယ်။ သို့သော်
ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း
ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး
အချို သတ်ထားသလို ဖြစ်နေပြန်တယ်။
မရှိတာထက်စာရင် တော်လှပြီ
အောက်မေ့နေရတယ်။
နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊
အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပေါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ
ဖြစ်ပါတယ်။
မပေါ်ခင်စပ်ကြားမှာ #ဆံကျွတ်သူတို့
#သတိထားရှောင်ကြဉ်သင့်တဲ့
အချ က်တွေကို ဖော်ပြပါရစေ။
#ဆံပင်ဆိုးဆေးသုံးတဲ့အခါသတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျ က်ဆီးစေတယ်။
အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊
ကောက်တာ၊လိမ်တာ ဘယ်ဟာမှ
အားမပေးချ င်ဘူး။
#သဘာဝအတိုင်းပဲကောင်းတယ်။
အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး
ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ်
ခေါင်းလျှော်ပေးသင့်တယ်။
ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။
ခြောက်သွေ့မှဖီးပါ။
ခေါင်းလျှော်ပြီးနောက်
ကျဲ တဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။
ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။
ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။
ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ
တင်းကျ ပ်နေအောင် ဆွဲစုမထားပါနဲ့။
ဆံသားတွေ ပျ က်ဆီးနိုင်တယ်။
ဆံနွယ်တွေ ကျ န်းမာသန်စွမ်းအောင်
ဆီတမျိုးမျိုး လိမ်းပါ။
သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို
တပတ်မှာ နှစ်ကြိမ်လောက်
လိမ်းပေးသင့်တယ်။
အစားအသောက်တွေထဲမှာ အဆီမျ ားတဲ့အစားအစာ၊ကြော်ချ က်စာတွေက
ဦးရေပြားကို ပျ က်ဆီးစေတယ်။
အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက်
အာဟာရမဖြစ်ဘူး။
ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊
သစ်သီးဝလံတွေ စားပေးသင့်တယ်။
ပန်းသီးတလုံးကို ခွဲထားပြီး
နောက်ရက်မှစားတာမျိုးကို
လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။
ဘာ့ကြောင့်လဲဆိုတော့
လေထဲကအောက်ဆီဂျ င်နဲ့ပေါင်းပြီး
ဓာတ်တိုးသွားလို့ ဖြစ်တယ်။
ကြည့်လိုက်ရင်လတ်ဆက်မနေဘဲ
အညိုရောင်သမ်းနေမယ်။
ဒီအစားအစာမျိုးကို
အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်တယ်။
ကြော်ချ က်ထားတဲ့အစားအစာတွေကို
စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း
မကောင်းဘူး။
ထပ်နွေးတာ၊ပြန်ကြော်တာကအာဟာရဓာတ်ကို ပိုမိုပျ က်ဆီးစေတယ်။
ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း
ရှိသေးတယ်။ အမဲသား၊ငါး၊ကြက်ဥ၊ပဲ၊
ဟင်းနုနွယ်၊စပျ စ်သီးခြောက်၊
ပဲနီလေးစတာတွေ ဖြစ်ပါတယ်။
ဆံပင်ကျွတ်တာ၊ပါးတာကို ကာကွယ်ဖို့
ဗီတာမင်အားဆေး သောက်ပေး၊ဖြည့်ပေးနိုင်တယ်။ ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။
အကြံပြု ချ က်မျ ား
-လေ့ကျ င့်ခန်းလုပ်ပါ။
-အိပ်ရေးဝဝ အိပ်ပါ။
-စိတ်ဖိစီးမှုလျှော့ချ ပါ။
-အဆီလျှော့စားပါ။
-အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
-သစ်သီးဖျေ ာ်ရည် သောက်ပေးနိုင်တယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
#ဆံပင် #ဆံပင်ပေါက်ဆေး
New yearအတွက်
မာလာ ရှမ်းကောလေး လုပ်စားကြမယ်လေ
♨️ပါဝင်ပစ္စည်းများ✍️
အပ်မှို
ပြောင်းဖူး(ကျက်အောင်ပြုတ်)
အရွက်မျိုးစုံ (နှစ်သက်ရာ)
(ရေနွေးပူပူထဲ၁မိနစ်လောက်ထည့်ပီးပြန်ဆယ်)
မားမားခေါက်ဆွဲ(ပြုတ်ထားပါ-အမှုန့်ထုပ်မထည့်)
ကြာစွယ် (ပြုတ်ထား)
မုန်လာဥနီ-ပါးပါးလှီး
မာလာခေါက်ဆွဲ မာလာရှမ်းကောအနှစ်
မြေပဲ / နှမ်း
နံနံပင်
ဂျင်း ကြက်သွန်ဖြူ ငြုပ်သီးခြောက်
ငုံးဥ ပုဇွန် ကြက်သား
မာလာရှမ်းကောချက်နည်း♨️
1. ဆီဟင်းခပ်ဇွန်း(5)ဇွန်းထည့်ပါ။
2.ကြက်သွန်ဖြူ ဂျင်း ငြုပ်သီးခြောက်အရင်ဆီသတ်ပါ
ပီးရင်အရသာမှုန့်နဲ့နယ်ထားတဲ့အသားများကိုထည့်ကြော်ပါ။
3. ကျက်ပီဆိုရင်မာလာရှမ်းကောအနှစ်ထုပ်ထည့်ပါ
(အငံဓာတ်ပိုလို့ဆားမထည့်ရတော့ပါ)
4. အပ်မှို ဥနီအရင်ထည့်ပါ။
5.အရွက်တွေပြုတ်ထားတာတွေထည့်ပါ။
6.မားမားခေါက်ဆွဲကိုနောက်ဆုံးထည့်ပါ။
7. အရသာမှုန့်အနည်းငယ်ထည့်ပါ။
8. မြေပဲထည့်ပီးနှမ်းဖြူးပါ။
9. နံနံပင်အုပ်ပီးမီးပိတ်သုံးဆောင်နိုင်ပါပီ။
နေတတ်ရမယ်
အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။
ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။
တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။
မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။
မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင်
ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။
မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။
မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။
မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။
မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ
ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။
Happy Sunday
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon