Nway Oo Yeik

Nway Oo Yeik

Share

wattpad user name
" nwayooyeik8 "

27/04/2026

ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲကို တစိမ့်စိမ့် တိုးဝင်လာမယ့် ဇာတ်လမ်းလေးတစ်ပုဒ်...

ဒီစာအုပ်ကို ဖတ်တဲ့အခါ ဇာတ်ကောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့ နူးညံ့တဲ့ သံယောဇဉ်တွေကို မြင်ရပြီး စိတ်ထဲမှာ တစ်မျိုးလေး ကြည်နူးနေမိပါလိမ့်မယ်။ အိပ်မက်တွေကို အတူတူ ပုံဖော်ကြရင်းနဲ့ ရရှိလာတဲ့ ရင်ခုန်သံလေးတွေက စာဖတ်သူကိုပါ ပြုံးမိစေမှာပါ။

အရမ်းကြီး ပူဆွေးနေတာမျိုး မဟုတ်ဘဲ၊ တစ်ယောက်ကိုတစ်ယောက် စိတ်ပူပေးတတ်တဲ့ အပြုအမူလေးတွေ၊ သတိရနေမိတဲ့ ခံစားချက်လေးတွေကို အေးအေးချမ်းချမ်းလေးနဲ့ ခံစားရမှာပါ။ ဖတ်နေရင်းနဲ့ "သူတို့လေးတွေ ဘယ်လိုများ ရှေ့ဆက်ကြမလဲ" ဆိုတဲ့ စိတ်နဲ့တင် ဇာတ်လမ်းထဲမှာ စီးမျောသွားစေမှာပါ။

ချိုချိုအေးအေးနဲ့ ရင်ထဲမှာ အမှတ်တရတွေ ကျန်ရစ်ခဲ့မယ့် ဇာတ်လမ်းမျိုးကိုမှ ဖတ်ချင်တယ်ဆိုရင်တော့... ဒီ Ongoing လေးက နင့်အတွက် အဖော်မွန်ကောင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

https://www.wattpad.com/story/410337109?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=nwayooyeik8

20/04/2026

"ဂုဏ်သိက္ခာဆိုတဲ့ အုတ်တံတိုင်းတွေကြားမှာ မင်းရဲ့ ဝိညာဉ်က သေဆုံးနေပြီလား?"

ဆွေကြီးမျိုးကြီး ဆရာဝန်မျိုးရိုးရဲ့ အောင်မြင်မှုတွေ၊ အဆင့်အတန်းတွေနဲ့ စည်းကမ်းတွေအောက်မှာ "ယောနသံ" ဆိုတဲ့ လူငယ်လေးဟာ အသက်ရှူရတာတောင် မေ့လျော့နေခဲ့ရသူ။ သူက သားတစ်ယောက်ထက် မိသားစုဂုဏ်ကို ဖော်ဆောင်ရတဲ့ အရုပ်တစ်ရုပ်နဲ့ ပိုတူနေခဲ့တယ်။
​ဒါပေမဲ့... သူ့ရဲ့ မှောင်မှိုင်တိတ်ဆိတ်နေတဲ့ အကျဉ်းထောင်ထဲကို "ခွန်းသမူပိုင်" ဆိုတဲ့ ဝိညာဉ်တစ်ခု ဝင်ရောက်လာတဲ့အခါ...
​"မင်းရဲ့ အေးစက်စက် မျက်နှာဖုံးအောက်မှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ငါက ပိုသိချင်လာလို့လေ..."
ခွန်းသမူပိုင်က ​စည်းကမ်းတွေကို ရိုက်ချိုးပစ်မယ့် လေပြေညင်းလား? ဒါမှမဟုတ် အားလုံးကို ဖျက်ဆီးပစ်မယ့် မုန်တိုင်းလား?
ယောနသံ ကရော ​ဂုဏ်သိက္ခာကို ငဲ့ပြီး တစ်သက်လုံး အကျဉ်းကျခံသွားမလား?
ဒါမှမဟုတ် အရာအားလုံးကို စွန့်လွှတ်ပြီး လွတ်မြောက်ခြင်းဆီကို လှမ်းတက်မလား?
ဆိုတာကိုအချစ်ဇာတ်လမ်းတစ်ပုဒ်အနေနဲ့
ဖတ်ရှူရမှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးရဲ့အမည်ကတော့
"ဂုဏ်သိက္ခာတို့၏အကျဉ်းထောင်မှလွတ်မြောက်ခြင်း"
wattpad ရဲ့ "nwayooyeik8"ဆိုတဲ့အကောက်မှာလာဖတ်လို့ကပါတယ်ရှင့်❤️🌻

20/04/2026

"ဂုဏ်သိက္ခာတို့၏ အကျဉ်းထောင် မှလွတ်မြောက်ခြင်း"
အပိုင်း(1)
စာမေးပွဲရလဒ်ကပ်ထားတဲ့ ကျောင်းရှေ့က မြေဖြူစာသင်ပုန်းရှေ့မှာ ကျောင်းသားတွေ တိုးဝှေ့နေကြတယ်။ ယောနသံ တစ်ယောက် လက်ထဲက စာအုပ်တွေကို တင်းတင်းဆုပ်ကိုင်ရင်း ရင်ခုန်သံတွေကို ထိန်းထားရတယ်။ သူ အမြဲတမ်း မျှော်လင့်နေတာက အပေါ်ဆုံးမှာ ရှိနေမယ့် သူ့နာမည်။
ဒါပေမဲ့... ထုံးစံအတိုင်းပဲ။
အဆင့် (၁) - ခွန်းသမူပိုင်
အဆင့် (၂) - ယောနသံ
ယောနသံရဲ့ မျက်မှောင်တွေက ချက်ချင်း ကြုတ်သွားရတယ်။ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ သူ ညမအိပ်ဘဲ စာကျက်ခဲ့ရတဲ့ ညတွေ၊ မိသားစုရဲ့ မျှော်လင့်ချက်တွေ အားလုံးက ဒီလူတစ်ယောက်ကြောင့် အမြဲတမ်း ဒုတိယနေရာမှာပဲ ရပ်တန့်နေရတယ်။
"ဟားဟား... ဟေ့ကောင် ခွန်းသမူပိုင်! မင်းကတော့ အေးဆေးပဲနော်။ စာမေးပွဲနီးမှ ငါတို့နဲ့ ဘောလုံးကန်နေပြီးတော့တောင် အဆင့်တစ်က မလွတ်ဘူး"
သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းချီးကျူးသံနဲ့အတူ လူအုပ်ထဲကနေ ပေပေတေတေ ပုံစံနဲ့ ထွက်လာတဲ့ ခွန်းသမူပိုင် ကို ယောနသံ စူးစူးရဲရဲ စိုက်ကြည့်မိတယ်။ ခွန်းသမူပိုင်က ကျောင်းဝတ်စုံအင်္ကျီကို အပြင်ထုတ်ထားပြီး ကော်လာကလည်း လိပ်နေသေးတယ်။ ဒါပင်မဲ့ သူ့ရဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ ခန့်ညားတဲ့ ကိုယ်ဟန်ကြောင့် မိန်းကလေးတွေက ငေးကြည့်နေကြပေမဲ့ ယောနသံအတွက်တော့ ဘယ်တုန်းကမှ အနိုင်မရခဲ့တဲ့ ပြိုင်ဘက်တစ်ယောက်အပြင်မပိုခဲ့ဖူး။
ခွန်းသမူပိုင်က သူ့ကို စိုက်ကြည့်နေတဲ့ ယောနသံကို တွေ့တော့ ခြေလှမ်းတွေ ရပ်လိုက်တယ်။ ပြီးတော့ ခပ်နောက်နောက် အပြုံးတစ်ခုနဲ့ ယောနသံရဲ့ အနားကို တိုးလာခဲ့တယ်။
"ဘယ်လိုလဲ... ဒုတိယမင်းသားလေး။ ဒီတစ်ခါလည်း ငါ့ကို မကျော်နိုင်ပြန်ဘူးလား?"
ယောနသံရဲ့ ဖြူနုတဲ့ ပါးပြင်တွေက ဒေါသကြောင့် နီမြန်းလာတယ်။
"မင်း... မင်း ကံကောင်းသွားတာပါ"
"ကံကောင်းတာလား? ငါကတော့ ကြိုးစားတာလို့ ထင်တာပဲ" ခွန်းသမူပိုင်က ပြောရင်း ယောနသံရဲ့ နဖူးပေါ်က ဝဲကျနေတဲ့ ဆံပင်လေးတွေကို အမှတ်မထင် ကြည့်လိုက်မိတယ်။ အနားကပ်သွားမှ မြင်ရတဲ့ ယောနသံရဲ့ နုနယ်တဲ့ အလှတရားကို ခွန်းသမူပိုင်မြင်ပြီး "ဒီကောင်ယောက်ျားရောဟုတ်ရဲ့လား"ဆိုပြီး
စိတ်ထဲမှာတွးနေမိတယ်။ပြီး‌တော့
"နောက်တစ်ခါ အဆင့်တစ်ရချင်ရင် ငါ့ကို လာတောင်းပန်လေ... ငါ နည်းနည်း လျှော့ပေးမယ်"လို့လည်းပြောလိုက်ပါသေးတယ်
ယောနသံ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ခွန်းသမူပိုင်က သူ့ပုခုံးကို တစ်ချက်ပုတ်ပြီး ရယ်မောကာ ထွက်သွားတော့တယ်။ ယောနသံ အံကို တင်းတင်းကြိတ်ထားမိတယ်။ အိမ်ပြန်ရောက်ရင် ဆီးကြိုနေမယ့် ဖခင်ဖြစ်သူရဲ့ အေးစက်တဲ့ အကြည့်တွေကို တွေးမိတော့ ရင်ထဲမှာ လေးလံသွားရတယ်။
ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပေမဲ့ အဆင့်တစ်မှ မဟုတ်ရင် အသိအမှတ် မပြုခံရတဲ့ ဘဝ။ တခြားတစ်ဖက်မှာတော့ သာမန်မိသားစုကနေ ရုန်းကန်နေရပေမဲ့ ဘာကိုမှ ဂရုမစိုက်သလို နေတတ်တဲ့ ခွန်းသမူပိုင်။ သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက ဒီနေ့မှာ ပိုပြီး ပြင်းထန်သွားခဲ့ပြီ။
ခွန်းသမူပိုင်ရဲ့ လှောင်ပြုံးကို နောက်ကျောမှာ ထားရစ်ခဲ့ပြီး ယောနသံ ကျောင်းကနေ အမြန်ထွက်လာခဲ့တယ်။ သူ့ရဲ့ ဇိမ်ခံကားလေးက ကျောင်းရှေ့မှာ အသင့်စောင့်နေပေမဲ့ ယောနသံအတွက်တော့ အဲ့ဒီကားက အကျဉ်းထောင်တစ်ခုဆီ ခေါ်ဆောင်သွားမယ့် ရထားလုံးလိုပဲ။
အိမ်ထဲကို ခြေချလိုက်တာနဲ့ အေးစက်လှတဲ့ လေထုက ဆီးကြိုနေတယ်။ ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ ဖခင်ဖြစ်သူက ယောနသံကို မော့တောင်မကြည့်ဘဲ မေးလိုက်တယ်။
"ဒီလ စာမေးပွဲ ရလဒ်ထွက်ပြီမလား"
ယောနသံ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့သွားသလိုပဲ။ "ဟုတ်... ထွက်ပါပြီ အဖေ"
"အဆင့်တစ်လား"
"ဒု... ဒုတိယပါ အဖေ။ အမှတ်က (၂) မှတ်ပဲ ကွာတာပါ"
ထိုအခါမှာ ဖခင်ဖြစ်သူ ဦး‌မင်းအာကာ က သတင်းစာကို ချလိုက်ပြီး ယောနသံအနားကိုလာကာစူးစိုက်ကြည့်လိုက်တယ်။ပြီတော့ ခပ်ပြင်းပြင်းနဲ့ မျက်နှာကိုထိုးလိုက်တယ်။‌ ယောနသံကြမ်းပြင်ပေါ်ကိုလဲကျသွားတယ်။ထိုအချိန်"ငါ့သားသမီးတွေထဲမှာ အမြဲတမ်း ဒုတိယဖြစ်နေတာ မင်းတစ်ယောက်ပဲရှိတယ်။ ငါတို့မျိုးရိုးမှာ ဒုတိယဆိုတာ ရှုံးနိမ့်တာနဲ့ အတူတူပဲ။ မင်း အစ်ကိုနဲ့ အစ်မကို ကြည့်စမ်း... သူတို့က ဘယ်တုန်းကမှ သူများအောက် မကျခဲ့ဘူး။ မင်းကို ဒီလောက် ထောက်ပံ့ပေးထားတာက ဒုတိယရဖို့ မဟုတ်ဘူး ယောနသံ"
အပြစ်တင်စကားတွေက မြားအဆိပ်တွေလို ယောနသံရဲ့ ရင်ဘတ်ကို တည့်တည့်မှန်တယ်။ သူ ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ သူ့အခန်းထဲကို ပြေးဝင်ခဲ့မိတယ်။ မျက်ရည်တွေက ဝေ့တက်လာပေမဲ့ အံကို တင်းတင်းကြိတ်ထားပြီး မျက်တောင်ခတ်ကာ ပြန်သိမ်းလိုက်တယ်။
"ခွန်းသမူပိုင်... မင်းကြောင့်... အားလုံးက မင်းကြောင့်ပဲ"
တစ်ဖက်မှာတော့ နေဝင်ရိုးရီ အချိန်...။
ကျောင်းသားအများစု အိမ်မှာ နားနေကြချိန်မှာ ခွန်းသမူပိုင် ကတော့ ကျောင်းဝတ်စုံကို လဲဖို့တောင် အချိန်မရဘဲ မြို့စွန်က ဈေးတန်းလေးထဲမှာ အလုပ်ရှုပ်နေတယ်။ သူက အမေဖြစ်သူ ဒေါ်လှရီ ရဲ့ ထမင်းသုပ်ဆိုင်လေးမှာ ဝိုင်းကူရင်း ဈေးသည်တွေ ဆူညံသံတွေကြားမှာ ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေတာ။
"သားကြီး... ပင်ပန်းနေပြီလား။ နားလိုက်ပါဦး၊ အမေ ဆက်လုပ်လိုက်မယ်"
"ရတယ် အမေ။ အမေပဲ နားလိုက်။ ဒီမှာ ညီလေးကိုလည်း စာသင်ပေးရဦးမယ်"
ခွန်းသမူပိုင်က ပြောရင်း ဆိုင်ဘေးက ခုံပုလေးမှာ ထိုင်ပြီး စာအုပ်ကို ခေါင်းစိုက်ကြည့်နေတဲ့ ညီလေး ခွန်းသညီ‌ဇေ ရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်တယ်။ သူ့ရဲ့ ယောက်ျားပီသတဲ့ လက်မောင်းတွေမှာ အကြောစိမ်းတွေ ထောင်နေပြီး၊ ကျောင်းမှာ တွေ့ရတဲ့ ပေတီပေစုတ် ပုံစံက အခုတော့ အားကိုးထိုက်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လို ပြောင်းလဲသွားတယ်။
သူ့စိတ်ထဲမှာ ခဏတာ ယောနသံရဲ့ မျက်နှာကိုပြန်မြင်‌‌ယောင်လာတယ်ပေါ်လာတယ်။ ခုနက ကျောင်းမှာ တွေ့ခဲ့တုန်းက ယောနသံရဲ့ မျက်လုံးတွေထဲမှာ ဒေါသတင်မကဘဲ တစ်ခုခုကို ကြောက်ရွံ့နေတဲ့ အရိပ်အယောင်တွေကို ခွန်းသမူပိုင် သတိထားမိလိုက်တယ်။‌ဪ ချမ်းသာတဲ့သူတွေမှာလည်း သူတို့ ဒုက္ခနဲ့သူတို့ ရှိတာပဲလို့ သူတွေးမိတယ်။
နောက်တစ်နေ့ မနက်... ကျောင်းတက်ချိန်။
ယောနသံက ကျောင်းကို စောစောရောက်နေပြီး စာကြည့်တိုက်ထဲမှာ စာအုပ်တွေကြား ခေါင်းနှစ်ထားတယ်။ မျက်ကွင်းတွေက နည်းနည်း ညိုနေပြီး ညက ကောင်းကောင်းအိပ်မပျော်ခဲ့တဲ့ပုံပဲ။ အဲ့ဒီအချိန်မှာပဲ စာကြည့်တိုက် တံခါးပွင့်သွားပြီး... ခြေသံပြင်းပြင်းနဲ့ လူတစ်ယောက် ဝင်လာတယ်။
ဘယ်သူလဲဆိုတာ ယောနသံ ကြည့်စရာတောင် မလိုဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်တတ်တာ ခွန်းသမူပိုင်ကလွဲလို့ ဘယ်သူမှ မရှိဘူးလေ။
ခွန်းသမူပိုင်က ယောနသံရဲ့ မျက်စောင်းကို ဂရုမစိုက်ဘဲ သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ စာအုပ်တစ်အုပ်ကို ယောနသံရဲ့ ရှေ့ကို ပစ်တင်လိုက်တယ်။
"ဒါ... မင်း မနေ့က ကျောင်းရှေ့မှာ ကျန်ခဲ့တဲ့ မှတ်စုစာအုပ်မလား"
ယောနသံက အံ့ဩသွားပြီး စာအုပ်ကို ကြည့်လိုက်တော့ သူ့ရဲ့ လျှို့ဝှက်ချက်တွေ ရေးထားတဲ့ ဒိုင်ယာရီလို မှတ်စုစာအုပ် ဖြစ်နေတယ်။ သူ့မျက်နှာ ချက်ချင်း သွေးဆုတ်သွားတယ်။.. မင်း ဒါကို ဖတ်လိုက်ပြီလား"
ယောနသံရဲ့ အမေးက အေးစက်နေပေမဲ့ စိုးရိမ်စိတ်ကို ဖုံးမရဘူး။ ခွန်းသမူပိုင်က ခုံကို နောက်ပြန်မှီရင်း ခေါင်းကို စောင်းကာ ယောနသံကို စေ့စေ့ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်တွေက ပြောင်ချော်ချာ်အရိပ်အယောင်တွေ ပါနေပေမဲ့ တစ်ဖက်မှာလည်း အရာအားလုံးကို ထွင်းဖောက်မြင်နေသလိုပဲ။
"ငါက သူများ အရှုပ်အထွေးတွေကို စိတ်ဝင်စားလေ့မရှိဘူး"
ခွန်းသမူပိုင်က စာအုပ်ကို ယောနသံရဲ့ ရှေ့ကို လက်နှစ်ချောင်းနဲ့ အသာတွန်းပေးလိုက်တယ်။ ပြီးတော့မှ ယောနသံရဲ့ ဖြူဖျော့ပြီး တည်ငြိမ်လွန်းတဲ့ မျက်နှာကို ခပ်စိုက်စိုက်ကြည့်ရင်း ဆက်ပြောတယ်။
"စာအုပ်ကို မဖတ်ဘဲနဲ့တောင်... မင်းရဲ့ မျက်လုံးတွေက တင်းကျပ်လွန်းနေတာကို ငါ မြင်နေရတာပဲ။
ကိုယ့်ကိုယ်ကိုယ် သံမဏိစည်းကမ်းတွေကြားမှာ ပိတ်လှောင်ထားရတာ မပင်ပန်းဘူးလား ယောနသံ"
ယောနသံရဲ့ မျက်တောင်တွေ အနည်းငယ် တုန်ခါသွားရတယ်။
"ဒါ ငါ့ကိစ္စပဲ... ခွန်းသမူပိုင်။ ငါ့ဘဝထဲကို မင်း ခြေမကျော်လာပါနဲ့"
ယောနသံက စာအုပ်ကို သိမ်းပြီး ထိုင်နေရာက ထရပ်လိုက်တယ်။ ခွန်းသမူပိုင်ကတော့ ထိုင်နေတဲ့ ခုံပေါ်မှာပဲ ပေါ့ပေါ့ပါးပါး ထိုင်နေရင်းကနေ ယောနသံရဲ့ ကျောပြင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ခြေကျော်တာ မဟုတ်ပါဘူးကွ... လမ်းမှားနေတဲ့သူကို လမ်းမှန်ပြချင်ရုံဘဲ။ မင်းက စည်းကမ်းတွေ နောက်မှာ ပုန်းနေပေမဲ့ ငါကတော့ မင်းကိုကြည့်ပြီး စိတ်ကျဉ်းကြပ် လွန်းလို့ပါ။
ယောနသံ ဘာမှ ပြန်မပြောဘဲ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာခဲ့တယ်။ ခွန်းသမူပိုင်ရဲ့ စကားတွေက သူ့ရဲ့ စည်းကမ်းကြီးလှတဲ့ ကမ္ဘာထဲကို ခဲတစ်လုံး ပစ်ချလိုက်သလိုပဲ။
နေရောင်အောက်မှာ လွတ်လပ်စွာ ရယ်မောနေတဲ့ ခွန်းသမူပိုင် နဲ့ အမြဲတမ်း အရိပ်ထဲမှာ ပုန်းကွယ်နေရတဲ့ ယောနသံ... သူတို့နှစ်ယောက်ရဲ့ ကမ္ဘာက ဒီနေ့မှာပဲ စတင်ပြီး ထိတွေ့မိသွားခဲ့ပြီ။
[အပိုင်း - ၁ ပြီးပါပြီ]

10/11/2023

ဘာဖြစ်လို့လဲ Why?
ပင်ပန်းနေပြီလား?

စိတ်အေးအေးထားပါ...

အရာအားလုံးကို...
တခါတည်း လုပ်စရာမလိုဖူးလေ...

စိတ်ငြိမ်ငြိမ်ထားပြီး...
တစ်ခုပြီးမှ တစ်ခုလုပ်ပါ...

နိုင်သလောက်ဘဲလုပ်ပါ...
ကိုယ့်ကိုယ်ကို...
အရမ်းကြီးဖိအားပေးစရာ မလိုပါဖူး...

ကိုယ့်ရဲ့စိတ်ကို ကိုယ်ကိုယ်တိုင်ကဘဲ...
ပင်ပန်းအောင် လုပ်နိုင်တာပါ...

ကိုယ်ကသာ စိတ်ညစ်စရာတွေကို...
ခေါင်းထဲမှာ မထည့်ထားရင်...

စိတ်ညစ်စရာ ဆိုတာလည်း...
ရှိလာမှာ မဟုတ်ပါဖူး...

ကိုယ့်စိတ်ကိုပျော်ရွှင်အောင် သာထားရင်
အရာအားလုံးက အဆင်ပြေသွားမှာပါ...

Fighting 💪🫶

#ပျော်ပျော်နေပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon