Phyu Sin's Diary

Phyu Sin's Diary

Share

My favorite Place

Photos from Phyu Sin's Diary's post 10/09/2025
Photos from Phyu Sin's Diary's post 25/07/2025

လူတစ်ယောက်ရဲ့အိုမင်းခြင်း အစက
ခရီးတွေ ထပ်မထွက်ရာက စတာပဲ.. တဲ့။

ဘာလို့ ခရီးထွက်သလဲ....

ကွန်ပျူတာကို သင်စူးစိုက်ကြည့်နေချိန်ဟာ
အလက်စကားက *Cod ငါး ရေပေါ် ခုန်တက်လာချိန်ဖြစ်တယ်။

သင် မျက်မှောင်ကြုတ် စိတ်ညစ်နေချိန်ဟာ
တရုတ်ပြည် Meili နှင်းတောင်က *Snub-nosed မျောက် သစ်ကိုင်းဖျားပေါ် တက်နေချိန်ဖြစ်တယ်။

သင် ဘတ်စ်ကား ရထားတိုးနေချိန်ဟာ
တိဗက်က စွန်ရဲငှက် တိမ်ယံထက်ဆီ ပျံဝဲနေချိန်ဖြစ်တယ်။

သင် ဘာလုပ် ဘာကိုင်ရမှန်းမသိ စိတ်လေနေချိန်ဟာ
နီပေါက ကျောပိုးအိတ်ခရီးသွားတွေ မီးပုံပွဲ ကျင်းပနေချိန်ဖြစ်တယ်။

ဒီလောကမှာ ...

ဒေါက်ဖိနပ်စီးသူတွေ မရောက်နိုင်တဲ့လမ်းတချို့ရှိတယ်။

ရေမွှေးဆွတ်ထားသူတွေ ရှုရှိုက်မရနိုင်တဲ့ လေထုရှိတယ်။

ရုံးထိုင်နေသူတွေ ဘယ်တော့မှ မတွေ့ဆုံနိုင်တဲ့ လူတချို့ရှိတယ်။

နာမည်ကြီးတံဆိပ် ကြိုက်သူတွေ မမြင်နိုင်တဲ့ သဘာဝအလှတရားတွေ ရှိတယ်။

အသိအမြင် ကြွယ်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွဖို့
ပိုက်ဆံတွေစုပြီး တစ်နှစ်တစ်ခါ ခရီးထွက်စို့...

*Cod ငါး = ငါးကြီးဆီ ထုတ်ယူရသောငါး
*Snub-nosed မျောက် = ရွှေရောင်အမွေးရှိသည့် နှာခေါင်းတို မျောက်တစ်မျိုး

💌
#နိုင်းနိုင်းစနေ

Photos from Phyu Sin's Diary's post 23/06/2025

F A I R Y 🎀🧚🏻‍♀️🪽🦢

26/05/2025

Cat Cat village memories 🇻🇳

Photos from Phyu Sin's Diary's post 21/01/2025

💍🤍……….Now &Ever………….💍🤍

Life is fairytale 🧚🏻

01/06/2024

Ngwe Saung’s SunSet Time

18/02/2024

🏕️ဒီသီချင်းလေးကို ကြားတိုင်း Fairyland Kalawမှာ

ရခဲ့တဲ့memories တွေကအကုန်မျက်လုံးထဲ ပြန်

ပေါ်ပီ ပျော်ရွင်မှု အပြည့်ပဲ ပင်လယ်ထက်တောင်တန်း

တွေကြိုက်တဲ့သူမို့ ကလောက ခဏခဏသွားချင်တဲ့မြို့

10/09/2023

ခုနောက်ပိုင်း ကိုယ့်အထာနဲ့ကိုယ်
သန့်သန့်လေးပဲ နေဖြစ်တော့တယ် ။

ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားသလို
လူအများကြီးနဲ့လဲ မရောဖြစ်တော့ဘူး ။

အရင်တုန်းက ဒါကို အထီးကျန်စရာကောင်းတယ်လို့
ထင်ခဲ့ပေမဲ့ ၊ တကယ်တော့ ဒါဟာ သိပ်ကောင်းတဲ့
အနေထားလေးပဲ ။

ကိုယ့်အလုပ် ကိုယ်လုပ် ၊ ကိုယ့်စကား ကိုယ်ပြော
ကိုယ့်ကိုကိုယ် အချိန်ပေးဖြစ်တယ် ။
အားနေရင် ရုပ်ရှင်ကြည့်တယ် ၊ စာဖတ်တယ်
ဝါသနာ ပါတာလေးတွေလုပ်ဖြစ်တယ် ။

လူတွေနဲ့ သိပ်မရောတော့
သူများအကြောင်းတွေ စကားထဲထည့်မပြောဖြစ်တော့ဘူး ။
လူတိုင်းဟာ သူ့အကြောင်း ၊ သူ့ကိစ္စပဲလေ ။
ကိုယ်နဲ့ဘာမှ မဆိုင်ဘူး ။
ကိုယ်အကြောင်းကို သူတို့နဲ့ဆိုင်သလို ပြောနေကြလဲ
အရင်လို ပြန်မပြောချင်တော့ဘူး ။
ဒါဟာ သူတို့ရဲ့ ဝါသနာလို့ပဲမှတ်ပြီး ပေးပြောထားလိုက်တယ် ။

My Life, My Choice ပဲပေါ့ ။
ကိုယ်ပျော်မဲ့အရာ လုပ်မယ် ၊ ကိုယ့်ပုံစံအတိုင်းနေမယ် ။
ကိုယ့်ဘဝမှာ ကိုယ့်အထာနဲ့ကိုယ်ပဲ ။

ခုလက်ရှိ mood လေးဟာ အရမ်းကောင်းတယ် ။

Photos from Phyu Sin's Diary's post 02/08/2023

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

Crd

Crd_ မူရင်း

Photos from Phyu Sin's Diary's post 05/03/2023

ကလော ပြန်သွားချင်တာအဲ့ကအစားအသောက်ပြန်သွားစားချင်တာရယ် ရာသီဥတုအရမ်းကြိုက်တာရယ် တစ်ခုချင်းဆီအောက်ရေးထားပါတယ်🤍ကလောတစ်ခွင်စားခဲ့သမျှ 🤍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon