MTD ပြောမယ်

MTD ပြောမယ်

Share

MTD ပြောမယ် will support those
who want to develop mental strength

07/03/2026

⚠️ ဖုန်းဝယ်တဲ့အခါ လူ ၈၀% မသိတဲ့ IMEI လှည့်စားနည်း ၅ ချက်

ဖုန်းဝယ်ပြီးမှSIM မရတာ၊ IMEI Block ဖြစ်တာတွေ ကြုံရတဲ့သူတွေ များလာပါတယ်။

အများအားဖြင့် ဒီ IMEI လှည့်စားနည်းတွေ ကြောင့် ဖြစ်တတ်ပါတယ် 👇

1️⃣ IMEI Sticker ပြောင်းထားတာ
ဖုန်းဘောက်စ်မှာပါတဲ့ IMEI နဲ့ဖုန်းထဲက IMEI မတူတာတွေ ရှိပါတယ်။
📌 ဝယ်ခါနီးDial Pad မှာ
* #06 #
ရိုက်ပြီး စစ်ကြည့်ပါ။

2️⃣ Clone IMEI ဖုန်း
Fake ဖုန်းတွေမှာတခြားဖုန်းရဲ့ IMEI ကို Copy လုပ်ထားတာတွေ ရှိပါတယ်။
ဒီလိုဖုန်းတွေက နောက်ပိုင်းမှာNetwork Block ဖြစ်နိုင်ပါတယ် ⚠️

3️⃣ Blacklist ဖုန်း
တချို့ဖုန်းတွေကခိုးထားတဲ့ဖုန်း ဖြစ်နိုင်ပါတယ်။
အဲ့လိုဖုန်းတွေကို System ထဲမှာBlacklist လုပ်ထားတတ်ပါတယ်။

4️⃣ Import မတရားတဲ့ ဖုန်း
တရားဝင် Import မလုပ်ထားတဲ့ ဖုန်းတွေမှာအခွန်မပေးထားတဲ့အတွက် ပြဿနာ ဖြစ်နိုင်ပါတယ်။

5️⃣ Fake Refurbished ဖုန်း
အသစ်လို ပြန်ပြုပြင်ပြီးအသစ်ဖုန်းလို ရောင်းတဲ့ ဖုန်းတွေ ရှိပါတယ်။

📌 IMEI ကို ဘယ်မှာ စစ်နိုင်လဲ?

Website 👉 ceir.gov.mm

📌 အနှုတ်ချုပ်
ဖုန်းဝယ်တဲ့အခါ
✔ IMEI စစ်ပါ
✔ Box နဲ့ IMEI တူမတူကြည့်ပါ
✔ ယုံကြည်ရတဲ့ဆိုင်မှာ ဝယ်ပါ
ဒါမှ ဖုန်းဝယ်ပြီးမှ ပြဿနာ မတက်ပါဘူး 👍

🕹️ဒီအချက်လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း သိရအောင် Share ပေးလိုက်ပါဦးနော်!

နောက်ထပ် software ကောင်းကောင်းလေးတွေကိုလဲ အခမဲ့ရယူနိုင်ဖို့ Telegram channel ကိုလဲ Join ပေးထားပါအုံး

https://t.me/infotechmm

05/03/2026

ကမ္ဘာတစ်ဝှမ်းရှိမေမေများအတွက်
ဘယ်ကျောင်းကောင်းသလဲ

#ဘယ်ကျောင်းကောင်းသလဲ

01/12/2024

Gd 6. နဲ့ပညာရေးရပ်တန့်နေတဲ့ သား/သမီးတို့အတွက် International Education လမ်းကြောင်း ၂သွယ် (IGCSE or GED)

30/05/2024
06/09/2023

ဝက်ခြံနဲ့ ဝက်ခြံပုန်းအဖြစ်များတဲ့ ဆယ်ကျော်သက် ကလေးတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ သတိပေးချင်ပါတယ်ရှင်။

ကျန်းမာတဲ့ အသားအရေကို လူတိုင်းလိုချင်ကြမှာပါ။
သိပ်ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူးနေိာ။

ဘာ့ကြောင့် အဖြစ်များရတာလဲ????
၁။ ဟိုမုန်း အပြောင်းအလဲတွေကြောင့်ပါ။
၂။ အစား အသောက် အနေအထိုင်ကြောင့်ပါ။
၃။ ဝက်ခြံပုန်းကျတော့ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါသတဲ့
၄။ စိတ်ဖိစီးရင်လည်း ဖြစ်တတ်သတဲ့
၅။ မိမိသုံးစွဲနေတဲ့ အလှပြင်ပစ္စည်း နဲ့ skincare တွေနဲ့ မတည့်တဲ့အခါလည်းဖြစ်နိူင်တာပေါ့။
၆။ နောက်တော့ မိမိ သုံးစွဲနေတဲ့ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ပါသတဲ့ရှင်။

ဘယ်လို နေထိုင် စားသောက်ရမလဲ
၁။ မျက်နှာ ကိုမှန်မှန် မနက်တိုင်း ည တိုင်းသစ်ပါ။
၂။ ဝက်ခြံကို မညစ်ပါနဲ့
၃။ ရေများများသောက်ပါ
၄။ ရေမှန်မှန်ခ်ျုးပါ
၅။ မျက်နှာသုတ်ပုဝါ တို့ပတ် ကျောက်ပြင်တို့ကိုမှန်မှန်
ဆေးပါ
၆။ ဆေးလိပ်မသောက်ပါနဲ့
၇။ မိတ်ကပ် ထူကြီး မလိမ်းပါနဲ့
၈။ အိပ်ရေးဝဝ အိပ်စက်ပါ။
၉။ အဟာရ ပြည့်ဝစွာ စားသုံးပါ
၁၀။ ဆီများသောအစာ မစားပါနဲ့ (အာလူးကြော် ......)
၁၁။ အရည်ရွှမ်းသော အသီးအနှံများစားပါ
၁၂။ အမျှင်များသောအစာများစားပါ။
(ကျမရဲ့ ပညာပေး ဆောင်းပါးများအား အများသူငါ
ပညာ ဗဟုသုတရစေရန် ရေးသားထားခြင်းဖြစ်ပါ၍ ကျမရဲ့ post အား လွတ်လပ်စွာ share နိုင်ပါတယ်။ သို့သော်လည်း copy ကူးယူ၍ မိမိတို့ post များတွင်ဖော်ပြခြင်းမပြုလုပ်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်ရှင့်။)

Dr Mya Thandar Zaw Wynn( ph. 095082785 )

04/09/2023

အလုပ်တွေက
မူကြိုကျောင်း ( 's Academy) နဲ့ /
အတွက်
( International Education & Training Centre)
ကျောင်းလေးတွေ ထောင်လိုက်တော့ အဲဒီဘက်ကို
အချိန်အများကြီးပေးရတော့ ဒီ Page လေးမှာ
ဆောင်းပါးလေးတွေ မရေးဖြစ်ခဲ့တာ တော်တော်ကြာပါပြီ။

အခုတော့... မျာက်လုံးအောက် နဲ့ မျက်ခွံ အပေါ်က အဆီ တွေ
ထုတ်ပြီး လှနေတဲ့ မမတွေရဲ့ ပုံတွေကြည့်ရင်း အားကျပြီး၊
သဘောတွေ ကြရခဲ့တာ....(တကယ်တတ်ကျွမ်း၊ လေ့ကျင့်ထားတဲ့ ဆရာဝန်တွေ ကိုယ်တိုင်လုပ်ပေးထားတဲ့ အလှတရားလေးများ)
သိပ်မကြာခင်ကတော့ မလင်း #လင်းဇာနည်ဇော် တင်ထားတဲ့
မ​ကြီးသန်း ရဲ့ မျက်လုံးအောက်အဆီအိတ် ခွဲရင်းမတော်တဆ
ဖြစ်သွားတဲ့ အကြောင်း နဲ့ အခြား လင်းလင်း(မိတ်ကပ်) တို့ရဲ့
video files တွေ တွေ့ခဲ့ရလို့ ဒီ စာလေးရေးဖြစ်ပါတယ်။

နစ်နာသူ ကာယကံရှင် မကြီးက မနောဖြူသူ မို့
ကလေးရဲ့ အနာဂတ်အတွက်
ဘယ်ဆိုင် ဘယ်သူ ဘယ်ဝါ ထုတ်ဖော်မပြောကြားခဲ့ လို့

ကျန်သော အနာဂတ် ရှိ လူငယ်၊ လူရွယ်၊ လူကြီးတို့
ကိုယ့်အနာဂတ်ကို ငဲ့ညှာသောအားဖြင့်
သတိကြီးစွာ....နေကြပါကုန် လို့ သတိပေးရင်း

ကျမတို့ page ရဲ့ ထုံးစံအတိုင်း
သဘာဝ ပစ္စည်းလေးတွေ၊ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်း
လှပကြရအောင်နော်။

မျက်စိအောက်နဲ့ မျက်စိအပေါ်မှ အဆီများဖြစ်ပေါ်မှူ ကို
ကာကွယ်ရန် နှင့် လျော့ချရန်
(၁) စောစော အိပ်ယာဝင်ပါ။ ဖုန်းကြည့်ချင်းဖြင့် အားအင်
အကုန်မခံပါနှင့်။
(၂) ဆားလျော့ စားပါ။ ဆား ငန် စားသူများ eye bag တွေ ပို အဖြသ်များပါသည်။
(၃) အိပ်ယာဝင် ခါနီး အရည်များ မသောက်ပါနှင့်။
(၄) မှောက်မအိပ်ပါနှင့်။ ပက်လက် ခေါင်းအုံးလေး အနည်း
ငယ် မြင့်အိပ်ပါ။
(၅) ရေလုံဘူး အသေးလေး ၃ - ၄ ခုထဲမှာ ရေ တဝက်ကျော်ဖြည့်ပြီး ခဲထားပြီး မျက်လုံးအပေါ် နှင့် မျက်လုံးအောက် ဖောင်းနေသော နေရာများကို အသာ ဖိပြီးကပ်ပေးပါက
သက်သာ စေပါတယ်။
(၆) မျက်လုံး အတွက်လေ့ကျင့် ခန်း လေးလည်းတင်ပေးပါမယ်ရှင့်
(((အသက်အရွယ်ကြောင့် မျက်ခွံများပိ၍ မွေးရာပါ
မျပ်ဝန်းလှလှ များ ပျောက်မှာ စိုးရိမ်သူများအတွက်
မျက်ဝန်းအိမ် ကျယ်ဝန်း စေသော လေ့ကျင့်ခန်းများ)))
Ref: တိုင်းရင်းသူအမာ ရေးသားသော " အလှပြုပြင်နည်း"
စာအုပ်)
(1) အခါသင့်တိုင်း ပြတင်းပေါက်ဖွင့်၍ မျက်စိတဆုံးရှိ အရာ တခုခုကို အသေးစိတ်ကွဲပြားအောင်ကြည့် (၁ မှ ၂၀ ရေတွက်)
ပြီး မျက်စိမှိတ် ( ၁ မှ ၅ ရေတွက်ပါ)။ဖွင့်လိုက် ပိတ်လိုက်
အနည်းဆုံး ၅ကြိမ်

(2) ၂ပေ အကွာရှိ အရာဝထ္ထုကို မျက်ဝန်း အကျယ်ဆုံး ဖြစ်အောင် ဖွင့်ပြီး ၁ မှ ၂၀ ရေတွက်ပါ။ ပြီး မျက်စိပိတ်၍ ၁မှ ၅ ထိရေတွက်ပါ။ ဖွင့်လိုပ်ပိတ်လိုက် ၅ကြိမ်ထက်မနည်း ပြုလုပ်ပါ။

(3)အခါသင့်တိုင်း မျက်လုံးကို လက်ဝဲ၊အထက်၊ လက်ယာ၊ အောက်ဖက် တလှည့်စီ လှည့်ပတ်ကစားပေးပါ။ (အကြိမ် ၂၀)

(အနှစ်နှစ် ကာလ မှ အဆီများဖြစ်ပါ၍ တစ်လ နှစ်လ လောက်နဲ့တော့ မပျောက်ကင်းနိုင်ပါရှင့်)
ကျမ မှာ မျိုးနဲ့ ရိုးနဲ့ မျက်လုံးကြီးသလို eye bag လည်းအကြီးကြီး ရှိပါတယ်။ နံမည်ကြီး စျေးကြီးပေးရတဲ့ Brand eye cream တွေ ၃၀ ကျော်လောက် ကပုလင်းခွံ၊ ဘူးခွံ အထပ်လိုက်ဖြစ်သည်အထိ ဝယ်လိမ်းခဲ့ဘူးပါတယ်။ လုံးဝ မပျောက်ပါဘူးနော်။)
credit to image collected from Google search

MTD Councelling Corner MTD Counselling Corner will support
the ones who really need mental and physical strength

Photos from MTD Councelling Corner's post 08/03/2022

လိုချင်သူများအတွက်
deli ဖြင့်ပိုဆောင်ပေးပါမယ်ရှင့်

Photos from MTD Councelling Corner's post 21/01/2021

အပတ်တိုင်း ကြာသပတေးနေ့တိုင်း အပျော်ဆုံးနေ့
ကျူရှင်တွေ ကျောင်းတွေ ပိတ်တဲ့နေ့
တစ်ပတ်မှာ တစ်ရက်သာ အားတဲ့နေ့လေး

မနက် ၉နာရီမှ နိုးတော့
မျက်နှာသစ်၊ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွတ်

ဝါသနာပါရာလေးတွေလုပ်
မိသားစုအတွက် (ဖေဖေ့အတွက်) အချိန်ပေး၊
ကမ္ဘာအေးကို လမ်းလျောက်ထွက်
အိမ်ရောက်တော့ စိုက်ထားတဲ့ သစ်ပင်လေးတွေ သဘာဝမြေသြဇာထည့် ကိုယ်စပ်ထားတဲ့ အားဆေးတွေဖြန်း အရွက်ခြောက်တွေရှင်း
အသုတ်စုံ လုပ်စားတာမို့ ဝိုင်းလုပ်ပေးပြီး
ခေါင်းလျော် ရေချိုး ပြီးတာနဲ့
မျက်နှာချွေးပေါက်ကျယ်တာအတွက် အိမ်မှာရှိတာလေးတွေနဲ့ ၄. - ၅ရက်လောက်လည်းခံအောင်
မျက်နှာပေါ် လိမ်းလို့ကောင်းအောင်
လေး ​​ကြက်ဥတို့ ခရမ်းချဥ်သီးတို့ မထည့်ပဲ(paste)
လုပ်လိုက်ပါတယ်။
ပုံအောက်မှာ စာတွေ ရေးထားပါတယ်ရှင့်။

အရွယ်မတိုင်မှီ အိုမင်းခြင်းမှ ကင်းဝေးကြပါစေရှင်

Please visit the link
https://www.facebook.com/Dr.MTDWynn/

For more information
095082785, 09952144587

20/01/2021

သင်ဟာ ချွေးပေါက်ကျယ်တဲ့ မျက်နှာပိုင်ရှင်ဆိုရင်တော့ ဒီ post လေးကို ကျော်သွားလို့ မရဘူးနော်

မျက်နှာဆိုတာ အနုနယ်ဆုံး အသားအရည်အစိတ်အပိုင်းလို့ ပြောရမှာပါ။
နေပူလောင်တဲ့အခါ၊ အသက်အရွယ်လေးရလာတဲ့အခါ မျက်နှာပြင်ပေါ်မှာ ချွေးပေါက်ကျယ်(facial large pore)တွေဖြစ်လာတော့တာပဲ
အဆီပျံတတ်တဲ့ မျက်နှာ ဆို ချွေးပေါက်ကြီးတွေက
ထင်းနေရော၊ ဘာကြောင့်ဖြစ်တာလဲ သိပြီဆိုတော့

ဘယ်လိုကာကွယ်မလဲ
၁။ နေပူထဲသွားရင် ထီးဆောင်းပေါ့ အလွယ်လေးပဲ
(ကျမက ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့
ဆိုတဲ့ အစားထဲက😁)
၂။ တစ်နေ့ ၂ခါ မျက်နှာသစ် (ညအိပ်ခါနီး မပျက်မကွက်သစ်ပါ။)

ဘယ်လိုပြုပြင်မလဲ
၁။ ညအိပ်ခါနီးမျက်နှာသစ်ပြီးရင် ပန်းသီး ရှလကာရည် ကို ၁:၁စပ်ပြီး ဂွမ်းနဲ့ တို့လိမ်းပါ။

။၂ ကြက်ဥ အကာ ၊ သံပုရာရည်၊ ခရမ်းချဥ်သီး နှင့် ဆန်စိမ်းမုန့် တို့ကို ရောမွှေပြီး၊ မျက်နှာလိမ်း ခြောက်သွားပြီးမှ ဖြေးညင်းစွာ သစ်ပါ။

၃။ လျားစောင်းလက်ပတ် အနှစ်လေးလိမ်းပြီး ဆယ်မိနစ်ခန့်နေမှ မျက်နှာသစ်ပါ။

အရွယ်မတိုင်မှီ အိုမင်းခြင်းမှ
ကင်းဝေးရပါစေ

Please visit the link
https://www.facebook.com/Dr.MTDWynn/

More information
095082785, 09952144587

Photos from MTD Councelling Corner's post 15/01/2021

ကာလအတွင်းမှာတောင်

MTD အမှတ်တံဆိပ်
ဆံပင်ကျွတ်ပျောက်၊ ဆံပင်သန်ဆီ နှင့်
ခေါင်းလျော်ရည် (500ml)

ဝယ်ယူအားပေးကြတဲ့
ရန်ကုန်၊
ဧရာဂတီတိုင်းအတွင်းမှ
မိတ်ဆွေများကို
ကျေးဇူးအထူးတင်ရှိပါသည်ရှင့်။

ဆံပင်ကို ပြုပြင်ပေးတဲ့
အုန်းဆီစစ်စစ်နဲ့ ဆီးဖြူသီးပါဝင်တဲ့
ခေါင်းလိမ်းဆီလေးကို ဦးရေထဲစိမ့်ဝင်နေအောင် စနစ်တကျ မှန်မှန်လိမ်းခြင်း​ပေးအားဖြင့်၊
ဆံပင်သန်ခြင်း၊ ဆံပင်ကျွတ်ပျောက်ခြင်း၊
ဘောက်ပျောက်ခြင်း။(မျက်ခုံး၊ မျက်တောင်များလည်းလိမ်းနိုင်ပါသည်။) ၂၅၀၀ကျပ်

လဘက်၊သံပုရာ၊ဆီးဖြူသီး၊ သံလွင်ဆီ၊ သံပုရာသီး
နှင့် ပျားရည်ဖြင့်ပြုလုပ်ထားသော ခေါင်းလျော်ရည်
ကို စနစ်တကျမှန်မှန်သုံးစွဲခြင်းဖြင့်
ဆံပင်သန်ခြင်း၊ ဆံပင်ကျွတ်ပျောက်ခြင်း။
ဘောက်ပျောက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာပါ။ ၃၀၀၀ ကျပ်
ပစ္စည်း၂မျိုး ပေါင်းသုံးလိုက်ရင်တော့
ဆံပင်နဲ့ပတ်သက်လို့ ဘာမှပူစရာ
မလိုတော့ပါဘူး။
Please visit the link
https://www.facebook.com/Dr.MTDWynn/

More information
Please contact
095082785, 09952144587

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00