SHE Care

SHE Care

Share

Mini care on your skin

Photos from SHE Care 's post 27/08/2025

ဟယ်လို အချောလေးတို့ရေ…💜🙆🏻‍♀️

ဒီနေ့ကတော့ cleansing oil အကြောင်းလေးကို မျှဝေပေးချင်ပါတယ်…

Cleansing Oil သုံးတဲ့/ သုံးချင်တဲ့သူလား 👀❓ ဒါတွေ #မလုပ်မိဖို့ သတိပေးပါရစေ။

🫧 Double Cleansing အတွက် ရွေးချယ်စရာ Micellar Water, Cleansing Water, Cleansing Milk, Cleansing Oil, Cleansing Balm,... အစရှိသဖြင့် အများကြီးရှိတဲ့အထဲ ဒီနေ့ အိ ပြောပြမဲ့ Topic ကတော့ "Cleansing Oil & Cleansing Balm" နဲ့ အဓိက သက်ဆိုင်ပါတယ်။

(၁) ဘာလို့ Cleansing Oil သုံးချင်ရတာလဲ။

"Cleansing Oil ကို အဆီဖုပျောက်အောင်သုံးတာ" လို့ ပြောရင် အရမ်း အရမ်း အူယားတာ။ Cleansing Oil က သုံးနေတဲ့အတောအတွင်း အဆီခဲ အဆီမျှင်လေးတွေ အလွယ်တကူ ထွက်လာအောင်လုပ်ပေးနိုင်တယ်ဆိုပေမဲ့ အဆီဖုပျောက်အောင် သုံးရတဲ့ Primary Choice တခု လုံးဝ မဟုတ်ပါဘူး။

Cleanser တမျိုးတည်းနဲ့ မပြောင်နိုင်တဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင် လုပ်ပေးဖို့က သူ့ရဲ့ Main Purpose ပါ။

အဲလို Purpose တွေ စလွဲကုန်ရင် ဘာဖြစ်မလဲဆိုတော့ — မဖြစ်ရင်လည်း ဘာမှမဖြစ်ဘူး၊ ဖြစ်ရင်လည်း "အဆီဖု နှစ်ဆ ဟောဒီက Cleansing Oil နဲ့မှ" တို့ဘာတို့တွေဖြစ်ကုန်ရော။

ဒါကြောင့် Cleansing Oil သုံးမယ်ဆို အဆီဖုပျောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးထက်၊ ရေဆေးချရလွယ်တာ/ မျက်စိမစပ်တာ/ အသားခြောက်မသွားတာ/ သေချာ Cleansing လုပ်ပေးနိုင်တာ/ အနံ့ Texture အဆင်ပြေတာ/ ကိုယ့် Budget နဲ့ကိုက်တာ/ ... စတဲ့ အချက်တွေကို ဦးစားပေး ကြည့်ဖို့လိုပါမယ်။

(၂) မလိုအပ်ဘဲ လျှောက်မသုံးပါနဲ့။

ပထမအချက်မှာပြောခဲ့သလိုပဲ Cleansing Oil က Cleanser တစ်ခုတည်းနဲ့မပြောင်နိုင်တဲ့ အညစ်အကြေးတွေကို (အသားအရေကို မထိခိုက်စေဘဲ) နူးနူးညံ့ညံ့ပျော်ဝင်အောင် ဖျော်ချပေးပြီး သန့်စင်သွားစေဖို့ ဖြစ်တာကြောင့်... ကိုယ့်အသားအရေက အဲလို ဖယ်ရှားစရာ အညစ်အကြေးရှိမနေရင် တကူးတက မဖြစ်မနေ သုံးပေးဖို့မလိုအပ်ပါဘူး။ Sunscreen, Makeup သုံးထားရင်တော့ သုံးပေးတာ ပိုကောင်းပါတယ်။

တခါတရံ Miceller Water နဲ့ အဆင်ပြေနေရာကနေ... Oil or Balm ပြောင်းသုံးမှ အဖုတွေ + နောင်တတွေ ရသွားတာ ကြုံဖူးမှာပါ။

ဘယ်သူမှ နားမထောင်လောက်တဲ့ (၁) နဲ့ (၂) ကို ပြောပြပြီးနောက် ဂရုစိုက်ရမယ့်အချက် (၃) နဲ့ (၄) အလှည့်ပါ 🙄🙌🏻

(၃) လက်ရှိ Cleansing Oil သုံးနေတဲ့သူတွေအတွက်။

အသုံးမပြုခင် လက်ကို ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။ ပြီးကျမှ တဘက်လေးနဲ့ ခြောက်အောင်ပြန်သုတ်၊ Massage လုပ်ပေါ့နော်။ မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ၁-၂ မိနစ်လောက် ပွတ်နေတာ တွေးမိရင် ကျလိကျလိဖြစ်လို့။

Massage လုပ်တဲ့အချိန်ကလည်း နေ့တိုင်းသုံးတာဆို ၁ မိနစ် ဆို လုံလောက်ပါပြီ၊ ၅ မိနစ်လောက် နေ့တိုင်း ပွတ်ရင် ကြာလာရင် အသားအရေ ပျက်စီးနိုင်ပါတယ် 😈

Cleansing Oil ကို ခြောက်သွေ့နေတဲ့မျက်နှာပေါ်မှာသုံးပြီး Emulsify လုပ်တဲ့အခါ 100% Fully Emulsified ဖြစ်ပြီး အကုန်နီးပါး ရေနဲ့ ဆေးချပြီးမှ Second step cleanser ကို ဆက်သုံးပေးသင့်ပါတယ်။

အဲလို သုံးတဲ့နေရာမှာလည်း ဆပ်ပြာက အရမ်းခြောက်လို့ အဆင်မပြေသလို၊ အရမ်းနူးညံ့လို့လည်း အဆင်မပြေပါဘူး။

Drying ဖြစ်လွန်းတဲ့အခါ အသားအရေက Dehydrate ဖြစ်တဲ့ဘက်ကို ရောက်သွားနိုင်သလို၊ Cleansing Power မကောင်း (အလွန်နူးညံ့နေပြန်) ရင်လည်း အဆီတွေကျန်ပြီး အဖုထပ်ထနိုင်ပါသေးတယ်။

(၄) ခုမှ စသုံးမဲ့သူတွေကတော့ —

Patch test ကို တမျက်နှာလုံး မလုပ်နိုင်ရင်တောင် ပါးတစ်ခြမ်းကိုတော့ လုပ်ကြည့်ကြဖို့တိုက်တွန်းပါတယ်။ ဒါမှပဲ Allergic ဖြစ်နှုန်း၊ တမျက်နှာလုံး ဘု တသိန်း ထနှုန်းကတော့ လျော့သွားနိုင်တာကြောင့်ပါ။



#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 16/08/2025

ဟယ်လို အချောလေးတို့ရေ… ဒီနေ့မှာတော့ AHA,BHA အကြောင်းလေးကို မျှဝေပေးချင်ပါတယ်…

AHA (Alpha Hydroxy Acid)

လုပ်ဆောင်ချက်
• Surface exfoliation — အရေပြားအပေါ်ယံရှိ dead skin cells ကို ဖယ်ရှားပေးတယ်
• အသားအရေ dull ဖြစ်နေတာကို ပြန်လည် တင်းရင်း ကြည်လင်စေတယ်
• Sun damage လျော့စေတယ်
• Dehydration အနည်းငယ်ဖြေရှင်းပေးတယ် (lactic acid က hydrating effect ရှိ)

သင့်လျော်သူများ
• အသားခြောက်၊ dull skin, pigmentation/မညီသောအရောင်
• Anti-aging စတင်လိုသူများ

Common types
• Glycolic acid → အထူးအကျိုးရှိ (အရေပြားထဲ အနက်ဝင်)
• Lactic acid → သက်သာပြီး hydrating
• Mandelic acid → Sensitive skin အတွက် gentle

BHA (Beta Hydroxy Acid)

လုပ်ဆောင်ချက်
• Pore deep cleaning — Oil-soluble ဖြစ်လို့ pores အတွင်းဝင်ပြီး sebum, dead cells ဖယ်ထုတ်ပေးတယ်
• Blackheads, whiteheads, clogged pores လျော့စေတယ်
• Anti-inflammatory ဖြစ်လို့ acne redness လျော့စေတယ်
• Rough texture & uneven tone ကို ပြန်လည်ညှိပေးတယ်

သင့်လျော်သူများ
• Oily skin / combination skin
• Acne-prone, blackheads, whiteheads
• Enlarged pores

Common type
• Salicylic acid → OTC products မှာ 0.5%–2% ပမာဏနဲ့ အများဆုံး တွေ့ရတယ်

ဘယ်သူဘာကို သုံးသင့်လဲ?

• Oily / Acne‑prone → BHA (salicylic) အရင်စမ်းသုံးကြည့်ပါ
• Dry / Dull / Sun‑damaged / Pigmentation → AHA (lactic / glycolic) ကောင်းတယ်
• Combination skin → T‑zone တွင် BHA, အရင်ကြမ်းတဲ့ပိုင်းတွင် AHA ကို spot treat/alternate ပြုလုပ်နိုင်တယ်
• Sensitive skin → mandelic သို့မဟုတ် lactic လျော့ညှိထားတဲ့ AHA ကို စတင်ပါ။
အသုံးပြုနည်း အဓိကသတိပြုရန်

- Patch test လုပ်ပြီးမှစတင်ပါ။ ( patch test အကြောင်းကို သဥ္ဇာပေ့ချ်ထဲမှာ တင်ထားလို့ ပြန်ရှာဖတ်နိုင်ပါတယ်)
- တစ်ပတ် 1–2 ကြိမ်စတင်ပြီး နည်းနည်းတိုးပါ
- တစ်ညတည်း AHA + BHA နှစ်ခုလုံး မထပ်သုံးပါ (အရေပြားထိခိုက်နိုင်)
- Always wear sunscreen (SPF 50+++)
-Retinol/benzoyl peroxide နဲ့ တစ်ညတည်း ထပ်ပြီးလည်း မသုံးရပါ။




#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 11/08/2025

ဟယ်လို အချောလေးတို့ရေ🫶🏻🙆🏻‍♀️

ဒီနေ့တော့ သဥ္ဇာမျက်နှာမှာ redness ရပြီ အပူဖုထတာလေးတွေကို သက်သာသွားတဲ့ serum လေးတစ်ခုအကြောင်းကို မျှဝေချင်ပါတယ်…

Purito က centella serum ပါ… အရင်က ဗူးပုံစံအဟောင်းကို ခုဗူးပုံစံအသစ်နဲ့ ထုတ်ထားတာပါ… သဥ္ဇာက ခုဗူးပုံစံအသစ်ကိုမှ 15ml လေး စမ်းသုံးဖြစ်တာပါ…

Centella နဲ့ niacinamide ပါလို့ အဆီဖု၊ redness အဆီပြန်တာသက်သာတယ်၊ နောက်ပြိး ဂလိုးစမိုးတော့ အရမ်းဖြစ် … ရှယ်ဂလိုးတယ်😁

ဘာကြိုက်သွားလဲဆိုတော့ … အသားကအိအိလေးနဲ့ ရောင်ရမ်းနေတာတွေ ၁ ပတ်လောက်မှာ ဖြည်းဖြည်းချင်းသိသာလာတယ်… သဥ္ဇာက ရှယ်ပလန် စန်းစန်းတင့် စကင်ပါ… တစ်ခါတစ်လေ ဘာမှန်းမသိ မျက်နှာက ယားပြီး အဖုသေးသေးလေးတွေ ထွက်လာတာ… ခု ဒီ serum လိမ်းကြည့်တာ အဲ့လို အကြောင်းမရှိယားနေတာတွေပါ သက်သာလာတယ်…

နောက်ပြီး skin barrier ကောင်းလာသလိုပါခံစားရတယ်… အရင်က နေပူထဲသွားပြီးရင် ပြန်လာရင် အဖုထွက်တယ်😁🥲 … ခု အဲ့လိုလည်း မဖြစ်တော့ဖူး🤗

Purito က bamboo pathenol cream က လိုင်းပေါ်မှာ hot နေလို့… သဥ္ဇာလည်း purito centella serum ကိုယ်ဖြစ်နေတာတွေနဲ့ ကိုက်လို့ try ကြည့်လိုက်တာ … တော်တော်လေး အဆင်ပြေတယ်ပြောရမယ်🤗

Serum ကောင်းတာလေး ရှာနေရင် 15ml ဗူးသေးလေး စ try ကြည့်ပါ… နောက်မှ အဆင်ပြေရင် 60 ml ကိုဆက်သုံးကြည့်ပါ🫶🏻

စျေးက ၃ သောင်းကျော်ထင်တယ်… Korea skin care authentic store တွေမှာ ဝယ်လို့ရပါတယ်နော် 💜





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

28/07/2025

ဟယ်လို အချောလေးတို့ရေ… မရေးတာကြာလို့ ဒီတစ်ခါတော့ trend ဖြစ်နေတဲ့ retinol နဲ့ adapalene အကြောင်းလေးရေးချင်ပါတယ်…
🌙 Retinol နဲ့ Adapalene

အသားအရေကို ကောင်းမွန်ချင်သူတိုင်းရဲ့ skincare routine မှာ နေရာယူလာတဲ့ နာမည်ကြီး Active Ingredients ၂ မျိုး – Retinol နဲ့ Adapalene အကြောင်းကို မျှဝေပေးချင်ပါတယ်။ 😊

🔸 Retinol ဆိုတာဘာလဲ?
Vitamin A ရဲ့ ဖြစ်ပြီး၊ အသားအရေကို ပြန်လည်တင်းရင်းစေတယ်။
✔ မျက်နာအရေးအကြောင်းများလျော့နည်းစေတယ်
✔ အဆီဖုများကို လျော့ကျစေတယ်
✔ အသားအရေတောက်ပလာစေတယ်
☝ မနက်အချိန်မှာ အသုံးပြုမယ်ဆိုရင် နေရောင်ကာ (sunscreen) မဖြစ်မနေ လိမ်းဖို့ လိုအပ်ပါတယ်။

🔸 Adapalene ဆိုတာလဲ?
Retinoid မျိုးအတွင်းမှာ မျက်နှာအဆီဖုနှင့် ဝက်ခြံကင်းဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုးပါ။
✔ ဝက်ခြံများကို ထိထိရောက်ရောက်ကုသပေးတယ်
✔ အသားအရေကို ညစ်ညမ်းခြင်းမှ ကာကွယ်ပေးတယ်
☝ Sensitive skin အတွက် ပိုသင့်တော်တယ်။

💡 တစ်ချိန်တည်းမှာ သုံးလို့ရလား?
မရပါဘူး။ ရောနှောသုံးလို့ မရပါဘူး။ အရေပြားပျက်စီးနိုင်ပါတယ်။ ကိုယ့်အသားအရေက ဝက်ခြံ၊ အဆီဖု မရှိသူဆို retinol ကို try ကြည့်ပြီး အဆီဖု၊ sensitive skin ဆို adapalene ကို သုံးကြည့်နိုင်ပါတယ်။

တစ်ခု သတိပြုရမှာက - ၂ မျိုးလုံးက purging ဖြစ်နိုင်လို့ သုံးခါစမှာ မြုံနေတဲ့ အဆီဖုလိုမျိုးရှိရင် ကန်ထွက်နိုင်ပါတယ်။ Purging ကြောက်တတ်ရင် မသုံးဖို့ အကြံပြုပါတယ်။

🧴 ဘယ်သူတွေကို သင့်လဲ?
✔ ဝက်ခြံများရှိသူ
✔ အရေးအကြောင်းများစွာရှိသူ
✔ အသားအရေညစ်ညမ်းနေသူ







#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 01/07/2025

ဟယ်လို အချောလေးတို့ရေ… 🙆🏻‍♀️🙆🏻‍♀️

အရင်တစ်ခါ ပို့စ်မှာ သဥ္ဇာ အသားအရမ်းခြောက်ပြီး အဖုသေးသေးလေးတွေ ထွက်တုန်းက sheet mask နဲ့ သက်သာခဲ့သလို နောက်ထပ် ကယ်တင်ရှင်ကတော့ Cerave Moisturizing lotion ပါပဲ…

သဥ္ဇာ အရင်ကသုံးနေကြက Clinique က DD gel ပါ…
DD gel ကတော့ အသားရေတိုင်းနဲ့ တည့်ပြီး bad review မရှိသလောက် ကောင်းမွန်သော moisturizer ပါ… ဟိိဟိ စျေးတော့ တဖြေးဖြေးမြှောက်လာတော့ သဥ္ဇာက Cerave က SA cleanser လည်း သုံးနေတော့ Cerave ကပဲ moisturizer လည်းတွဲသုံးကြည့်မယ်ဆိုတော့ … လိုက်ရှာရင်း ဗူးမှာ ရေးထားတာက normal to dry တဲ့ သဥ္ဇာက combination skin ဆိုတော့ အဆင်ပြေပါ့ မလားကို ဆိုင်နားကို ဖြတ်လျှောက်လိုက် စဉ်းစားလိုက်… ၃၇၈ ခေါက်လောက်လုပ်ပြီး နောက်ဆုံးတော့ ဗူးအသေးလေး try ကြည့်ခဲ့ပါတယ်… Cerave မှာက Moisturizing cream နဲ့ lotion ရှိပါတယ်… ကိုယ့်အသားရေက အဆီပြန်တယ် combination ဆိုရင် lotion ပဲသုံးပါ… ကိုယ့်အသားရေက ခြောက်တယ်ဆိုရင်တော့ cream type ကိုသုံးပါ… သူ့ဗူးမှာရေးထားတာက normal to dry ဆိုတော့ မြန်မာအသားရေနဲ့က normal skin type ဆိုတာတော့ ရှားရှားပါးပါးနော့😬🥺 normal skin type ပိုင်ရှင်တွေကိုတော့ အားကျပါတယ်😇

အဲတော့ သဥ္ဇာပြောသလိုပဲ cream နဲ့ lotion ကို ကိုယ့်အသားရေပေါ်မူတည်ပြီး ရွေးချယ်လို့ရပါတယ်…

Lotion ကိုမှ လိမ်းကြည့်လို့ အဆီပြန်တယ်ထင်ရင် ညပိုင်းပဲသုံးပေးလို့လည်းရပါတယ်… သဥ္ဇာစသုံးတုန်းက လိမ်းလိမ်းချင်းမို့ ထင်တယ် အဆီနည်းနည်းပြန်တယ်လို့ ခံစားရပေမယ့် နောက်ရက်တွေတော့ လိမ်းရင်းလိမ်းရင်း အဆင်ပြေလာတယ်…

ဘာတွေကောင်းလဲ…
- အသားခြောက်တုန်းက ထွက်လာတဲ့ အဖုသေးသေးလေးတွေက သက်သာလာတယ်…
- skin barrier ကောင်းလာတယ်… ( DD gel သုံးတုန်းက ခံစားချက်ပဲ… အသားပြောင်ပြောင်လေး ဖြစ်လာတယ်)
- ရေဓါတ်ပြည့်ဝနေသလိုလေး ခံစားရတယ်

ဒီနေရာမှာ ပြောချင်တာက moisturizer မှန်ရင် သူ့အလုပ်က ရေဓါတ်ပြည့်ပြည့်ဝဝ ဖြည့်ပေးရမယ်…
skin barrier ကောင်းအောင် လုပ်ပေးရမယ်… ကျန်တဲ့ ဝက်ခြံပျောက်တာတို့… အရေးကြောင်းပျောက်တာတို့ဆိုတဲ့ expectation တွေတော့ ထားလို့မရဖူးနော်🤪🤪

Cerave ကတော့ DD gel လို brand ပြီးရင် တကယ့် နာမည်ကြီး brand မို့ 88 ml size ကို ၅ သောင်းဝန်းကျင်နဲ့ဆို သုံးပျော်ပဲနော်… 😁😁





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 16/06/2025

ဟယ်လို အချောလေးတို့ရေ…..

ဒီကြားထဲမှာ ဒေါ်သဥ္ဇာ တစ်ယောက်ပျောက်ချက်သား ကောင်းနေပါတယ်… အကြောင်းကတော့ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကထိ သဥ္ဇာ အသားရေတော်တော်လေး ထိသွားလို့ပါ…

၂ ပတ်ကျော်လောက်ကုစားပြီးတဲ့ အချိန်မှာတော့ အသားရေလေး ကောင်းစပြုလာပါပြီ..

ဘယ်လိုဖြစ်လာရတာလဲ…

အရေပြားက ခြောက်ပြီး အဖုသေးသေးလေးတွေ ပါး ၂ ဖက်မှာ စဖြစ်လာတာပါ… မျက်နှာသုတ်ပုဝါနဲ့ သုတ်မိတာက စတယ်ထင်ပါတယ်… နောက်ပြီး သဥ္ဇာ မျက်နှာက ယားတတ်လို့ allergic ပျောက်ဆေးမကြာခဏ လိမ်းလေ့ရှိပါတယ်… အဲ့ဆေးမှာ steroid အပျော့စားပါပါတယ်… အဲ့တာတွေစုပြီး ဖြစ်လာရတယ်လို့ ယူဆရပါတယ်… ဝက်ခြံလိုမဟုတ်ပေမယ့် မျက်နှာသစ်ပြိီးရင် အသားက အရမ်းခြောက်ပြီး စပ်ပါတယ်… မိတ်ဖုလို အဖုသေးလေးတွေ ပါးနှစ်ဖက်လုံး ဖြစ်တာပါ… ဒေါ်သဥ္ဇာ တစ်ယောက် ကြေကွဲနေပါပြီ🥺🥺

ကုသရေး…

အရေပြားဆေးခန်း သွားမယ်လို့ စဉ်းစားပါသေးတယ်… မသွားဖြစ်လိုက်ပဲ သက်သာသွားပါတယ်…

သဥ္ဇာ သက်သာပေမယ့် အခြားလူတွေ ဒီလိုဖြစ်ရင်သက်သာချင်မှ သက်သာပါလိမ့်မယ်… လူတစ်ယောက်နဲ့ တစ်ယောက် အရေပြားပုံစံမတူကြလို့ သဥ္ဇာကတော့ အဲ့လိုဖြစ်လာရင် ဆေးခန်းသွားဖို့ အရင်ဆုံးတိုက်တွန်းပါတယ်…

သဥ္ဇာ သက်သာခဲ့တဲ့နည်းလမ်းတွေကတော့ ရိုးရှင်းပါတယ်…

- မျက်နှာသစ် Johnson baby soap bar ပဲ သုံးပါတယ်၊ သုံးနေကျ Cerave SA cleanser ခဏရပ်လိုက်ပါတယ်… salicylic acid က အသားခြောက်တတ်လို့ပါ…

- ပြီးရင် sheet mask နေ့တိုင်းနီးပါး ကပ်ပါတယ် ( ဒီနေရာမှာ glow၊ niacinimide၊ collagen ပါတာ လုံးဝ မသုံးပါိနဲ့၊ ရေဓါတ်ဖြည့်တဲ့ sheet mask တစ်မျိုးကိုပဲ ရွေးသုံးပါ)

- sheet mask ကပ်ပြီးရင် Aloe Vera Gel လိမ်းပါတယ်

- နောက်ပြီးမှ moisturizer လုံးဝ အပျော့စား( cuta pro၊ cerave lotion)သုံးပါတယ်

အဲ့တာမျိုး ၁၀ ရက်ကျော်နီးပါးလုပ်ခဲ့ပါတယ်..

ခုတော့ သက်သာစ ပြုလာပါပြီ…

အသားခြောက်တာများဆို မျက်နှာသစ်ပြီးရင် ပါးတွေက စပ်ပြီးယားနေတာ🥺🥺🥲

ခုလိုမျိုး ဖြစ်လာပြီဆိုရင် အရေပြားဆေးခန်းသွားတာ အကောင်းဆုံးပါ… ကိုယ့်ဘာသာပျောက်အောင်လုပ်မယ်ဆိုရင်လည်း သူများညွှန်းတဲ့ skin care တွေထက်… လုံးဝ gentle/fragrance free skin care တွေ သုံးပါ… လျှောက်ပြီး စမ်းတာမျိုးလုံးဝရှောင်ပါနော်…





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 22/05/2025

ဟယ်လို နွေနွေပူပူမှာ အဆီပြန်တဲ့ moisturizer တွေလိမ်းရလို့ စိတ်ညစ်နေပြီလား…🤔🤔

သဥ္ဇာ အမြဲလိမ်းဖြစ်နေတဲ့ Clinique moisturizer အစားထိုးသုံးဖြစ်တဲ့ budget friendly လည်းဖြစ်တဲ့ ဆရာဝန် recommended brand ဖြစ်တဲ့ cuta pro ultra care hydrator moisturizer လေးအကြောင်းမျှဝေပေးချင်ပါတယ်…

သူ့ကို မျက်နှာပေါ်တင်လိုက်တာနဲ့ အေးသွားတဲ့ ခံစားချက် စဖြစ်ပါတယ်… texture ကလည်း ကျဲကျဲအေးအေးလေးပါ… moisturizer ထက် essence လိုလို လိမ်းရတဲ့ ခံစားချက်ပါ….

လိမ်းထားပြီးရင်လည်း အဆီအရမ်းပြန်တဲ့ ခံစားချက်မဖြစ်ပဲ Clinique နဲ့ ခပ်ဆင်ဆင်ပါ… သူက အရေပြားဆရာဝန်တွေလည်း ညွှန်လို့ ဝက်ခြံ၊ အဆီဖုနဲ့ sensitive skin တွေပါသုံးလို့ရပါတယ်…

Moisturizer တစ်ခုလုပ်ရမယ့် အစိုဓါတ်ပေးတဲ့ အလုပ်ကို သေချာလေး လုပ်ပေးပါတယ်… အခြားသော brightening effect ဘာညာတော့ မပေးပါဖူး…

လိမ်းထားပြီး ၁ နာရီအကြာမှာတော့ နည်းနည်းဂလိုးသလိုဖြစ်ပါတယ်… သဥ္ဇာကတော့ combination နဲ့ sensitive skin ပါ …

အသားအရေတိုင်းနဲ့ တည့်လာဆိုတော့ သူ့ texture ကအေးပြီး မစေးကပ်လို့ အားလုံးနဲ့ တည့်တယ်လို့ ပြောရမှာပါ… အနံ့မပါလို့ sensitive skin တွေတော့ အသဲစွဲမှာပါ…

Cuta Pro မျက်နှာသစ် အကြောင်းလည်း သဥ္ဇာ ဒီပေ့ချ်ထဲမှာ ဝင်ဖတ်လို့ရတယ်နော်… ၂ မျိုးတွဲသုံးရင်တော့ ပိုထိရောက်မှာပါ…

ဘယ်သူတွေကို အဓိက သုံးစေချင်လဲဆိုတော့..

- ဘာသုံးသုံးမတည့်သူ
- skin barrier ပျက်စီးနေသူ
- sensitive skin
- အနံ့ပါတဲ့ skin care မကြိုက်သူ
- moisturizer ဆိုအေးတာလေးမှ ကြိုက်သူ

စျေးကလည်း 50 ml ကို ၃ - ၄ သောင်းဝန်းကျင်ဆိုတော့ အရမ်းစျေးမများတဲ့ထဲ ပါပါတယ်





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 11/05/2025

ဟယ်လို အချောလေးတို့ရေ💜

ပူလွန်းလို့ ခေါင်းပဲ လျှော်ချင်နေတဲ့ နွေရာသီမှာ သဥ္ဇာ ခုလက်တလော သုံးဖြစ်နေတဲ့ ခေါင်းလျှော်ရည်လေး တစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်…

သဥ္ဇာအမြဲသုံးနေကျက Growell ပါ …
Growell shampoo review ကတော့ သဥ္ဇာ့ ပေ့ချ်ထဲမှာ ဝင်ဖတ်ကြည့်လို့ပါတယ်… သဥ္ဇာရဲ့ all time favorite ပါ…

ဖြစ်ချင်တော့ သုံးနေကျ shampoo ကမှာလို့မရတဲ့ အခြေနေရောက်နေတော့… ဆံပင်အကျွတ်သက်သာတဲ့ ခေါင်းလျှော်ရည်ထဲက … ရွေးကြည့်ရာကနေ… L’Oréal က Anti Hair Fall Resist 3x ကိုရွေးဖြစ်သွားပါတယ်… အရင်က L’Oréal က ထုတ်တဲ့ shampoo တစ်ခုကို သုံးဖူးတာ ဗောက်ဖူးတော့ သုံးဖို့တော့ ခပ်လန့်လန့်ဖြစ်နေတာ… ခု စမ်းသုံးကြည့်တော့ Growell ကိုမမှီပေမယ့် သုံးလို့အဆင်ပြေတဲ့ အနေထားလေးမို့ review ရေးဖြစ်တာပါ…

သဥ္ဇာ သုံးတာက အညိုရောင်ဗူးလေးပါ… ပုံမှန်ဆို ဆံပင်ကျွတ်သက်သာတဲ့ ခေါင်းလျှော်ရည်တော်တော်များများက … လျှော်ပြီးရင် ဆံပင်ကြမ်းပါတယ်… ခု လျှော်ကြည့်တာ ဆံပင်မကြမ်းသွားဖူး.. အနံ့ကတော့ … ငယ်ငယ်က ကိုယ်တွေ အသဲစွဲ Pantine၊ Rejoice တို့လို အနံ့သင်းသင်းလေးပါပဲ..

ဆံပင်ကျွတ်ာသက်သာလား…

ဆံပင်ကျွတ်တာက သိသိသာသာကြီး မဟုတ်ပေမယ့် အခြား shampoo တွေထက်တော့ အကျွတ်သက်သာပါတယ်….

လျှော်ပြီးရင် ဦးရည်ပြား သန့်သွားသလိုလည်း ခံစားရပါတယ်…

Budget friendly ဖြစ်လို့ ဆံပင်အရမ်းကျွတ်နေတဲ့ အချောလေးတို့ must try ပါနော် 🤗





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Photos from SHE Care 's post 01/05/2025

ဟယ်လို အချောလေးတို့ရေ… နွေပူပူမှာ ပျောက်နေတဲ့ သဥ္ဇာကတော့ … နွေပူပူမှာ အသားရည်ကျန်းမာဖို့ ရိုးရှင်းတဲ့ tips လေးတွေကို မျှဝေပေးချင်ပါတယ်… 👌👌

ခုနောက်ပိုင်း အပူရှိန်တွေတက်လာတာနဲ့ အမျှ ချွေးထွက်လွယ်ပြီး အဆီအောင်းတဲ့ ရာခိုင်နှုန်းကလည်း သာမန်ရာသီတွေထပ် ပိုမြင့်လာပါတယ်…

ဒါကြောင့် ဝက်ခြံ၊ အဆီဖုနဲ့ အသားရည် နီမြန်းတာတွေ ဖြစ်လွယ်ပါတယ်…

ကဲ … ဒီတော့ အရိုးရှင်းဆုံး လွယ်ကူတဲ့ နည်းလမ်းလေးတွေက ဘာတွေလဲ…

- ရေသောက်ပါ… များများသောက်နိုင်လေ ကောင်းလေပါ… ရေသောက်တာ ကိုယ်တွင်းအပူကို ငြိမ်းအေးစေတဲ့ အပြင် အဆီထွက်နှုန်းကိုလည်း လျော့
ချပေးပါတယ်….

- အသီးနှံများများစားပေးပါ… အတတ်နိုင်ဆုံး အပူကင်းစင်အောင် နေပေးပါ… အရည်ရွှမ်းတဲ့ အသီးနှံ
တွေ ပိုစားပေးပါ…

- အသားရည်ထိန်းသိမ်းတဲ့ နေရာမှာ မရှိမဖြစ်က suncream နော်… လုံးဝ မေ့လို့မရဖူးနော်…
ပူလွန်းလို့ … လိမ်းပြီးအပြင်ထွက်ရတဲ့ သူဆို ၂ နာရီ၊ ၃ နာရီခြားတိုင်း sun spray catch up လုပ်ပေးပါ…
ကိုယ့် အသားရည်တဲ့ လိုက်ဖက်တဲ့ physical sun cream ၊ chemical suncream ရွေးချယ် အသုံးပြုနိုင်ပါတယ်…

- double cleansing သေချာလုပ်ဖို့လည်းမမေ့နဲ့နော် 🙆🏻‍♀️💜





#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11181