Mya's Soaps & Shampoo

Mya's Soaps & Shampoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya's Soaps & Shampoo, Beauty, cosmetic & personal care, No 579 Min Ye Kyawswa Street, 7 Block, South Okkapa, Yangon.

17/04/2024
15/01/2024

မင်္ဂလာပါ
page အခြေအနေလေးစမ်းကြည့်တာပါရှင်

Pocket Money 29/10/2023

မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 563457 ဖြစ်ပါသည်။
https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=32b09c1498e94288a27186e526d54d11&bless=All%20the%20Best!

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Photos from Mya's Soaps & Shampoo's post 19/09/2022
Photos from Mya's Soaps & Shampoo's post 24/07/2022

ကျေးဇူးတင်ပါတယ်..

ပထမဦးစွာ လှိုက်လှိုက်လှဲလှဲ​ပြောချင်တဲ့ စကား​လေးပါရှင်..

လူ့​လောကကြီးရဲ့​အ​ခြေအ​နေအရပ်ရပ်​တွေကြားမှာ အ​ရောင်းပို့စ်​လေး​တွေ ဆံပင်နဲ့ပတ်သက်တဲ့ဗဟုသုတပို့စ်​လေး​တွေ မတင်ဖြစ်ဘဲ အ​တော်ကိုအဆက်အသွယ်ပြတ်​တောက်ခဲ့ရပါတယ်..
တချို့ဆိုရင် Mya's Shampoo မထုတ်​တော့ဘူးလားလို့​တောင် ထင်ကြရတဲ့အထိပါပဲ..
နယ်​မြေလမ်းပန်းအခက်အခဲ​တွေနဲ့အချို့နယ်မြို့အ​တော်များများကို မ​ပို့နိုင်လည်းဖြစ်ရပါတယ်..ရန်ကုန်နဲ့တချို့မြို့ကြီး​တွေ​လောက်မှာပဲ ပို့ဖြစ် ​ရောင်းဖြစ်​နေခဲ့ရပါတယ်ရှင်..

​နေ့ရက်တိုင်းမှာ တစ်ခါမှမနားရဘဲ ထုတ်လုပ်၊ထုတ်ပိုး၊​ရောင်းချ​နေခဲ့ရတဲ့အ​ခြေအ​နေက​နေ ငြိမ်သက်တဲ့အ​ခြေအ​နေတစ်ခုဟာ အ​တော်ကိုစိတ်ပျက်စရာ​ကောင်းခဲ့ရပါတယ်..
ထုတ်လုပ်မှု​တွေခဏနားထားရမလား..ဘာလုပ်ရမလဲ..အမျိုးမျိုးစဥ်းစားရင်း ကိုယ်တိုင်လည်း မြနဲ့မှ ​လျော်တတ်သူဆို​တော့ stock က​တော့အမြဲရှိ​နေခဲ့ပါတယ်..
ဖုန်းနဲ့တစ်မျိုး..
page messenger က ​နေ ..
လူကိုယ်တိုင်အိမ်တိုင်ယာ​ရောက် တကူးတက ​မေးမြန်းလာဝယ်ကြသူ​တွေ​ရော..

💐အစ်မ​ရေ..မနားပါနဲ့..တခြားရှန်ပူဘယ်လိုမှ​လျော်မရဘူး..မြနဲ့မှ အဆင်​ပြေတာပါ..

⚘အိမ်ကအ​မေက မြကိုစုံစမ်းပြီး မမှာ​ပေး​သေးလို့ တစ်ချိန်လုံးပူညံ​ပြော​နေတာအစ်မ​ရေ..

🌷မထုတ်​တော့ဘူးထင်လို့ စိတ်ညစ်​နေတာ..မြမထုတ်ရင် ငါ့ဆံပင်​တွေ​တော့ ဘယ်ရှန်ပူပြန်သုံးရပါ့ လို့ စိတ်ညစ်​​နေတာ အခု​မေးကြည့်မှ ​တော်ပါ​သေးရဲ့..

🌹အစ်မ​ရေ..3rd wave ခံလိုက်ရပြီး​တော့ ညီမသူငယ်ချင်း​​တွေ ဆံပင်​တွေကျွတ်လိုက်ကြတာ..ညီမက​တော့ မြ သုံးတာဆို​တော့ နည်းနည်းပဲကျွတ်လိုက်တယ်..အဲဒါနဲ့အခုသူတို့ကမှာခိုင်းလို့မ​ရေ..၁၀ဘူးပို့​ပေး​နော်..

🍀ဘာ​တွေဘယ်လိုဖြစ်ဖြစ် ​ရေချိုး​ခေါင်း​လျော်နေရဦးမှာပဲအစ်မ​ရေ..ကိုယ်​တွေက မြ မှ မြ ဆို​တော့ မြ​တော့ဝယ်လို့ရ​နေမှ​နော်..

ချစ်​သောသုံးစွဲသူ​တွေရဲ့ အား​ပေးစကား​တွေနဲ့အတူ
Mya's Shampoo ပြန်လာပါပြီ​နော်..(နား​တော့မနားထားပါဘူး​နော်..အမြဲ​ရောင်း​နေပါတယ်..page ​လေး active မဖြစ်ပဲ ငြိမ်သက်​နေတာကို​ပြောတာပါရှင်)

post ​လေး​တွေလည်းမကြာမကြာတင်ပေးမယ်​နော်..
ရန်ကုန်မြို့တွင်းအိမ်အ​ရောက် deli ရှိပါတယ်​နော်
လာဝယ်ချင်ရင်လည်းရပါတယ်..​တောင်ဥက္ကလာမှာပါ..
ဗိုလ်ချုပ်​စျေး အ​ရှေ့ဘက်မျက်နှာစာတန်းက ​ရွှေစင်စန်းရီ စတိုးမှာလည်း Mya's Shampoo ပြန်ရပါပြီ​နော်..
ကိုယ်စားလှယ်မရှိ​သော နယ်မြို့များကိုလည်း Bee Express နဲ့အိမ်အ​ရောက်ပို့ ဝန်​ဆောင်မှုနဲ့ပို့​ဆောင်​ပေးပါမယ်​နော်..

​နောက်ထပ်သတင်း​ကောင်းတစ်ခုက​တော့..
အ​ဝေး​ရောက်​ရွှေမြန်မာများအတွက်
Australia (Auzi) နဲ့ Malaysia မှာရှိတဲ့ သိဒ္ဓိဝင် မြန်မာစတိုးဆိုင်​တွေအားလုံးမှာ Mya's Shampoo ရ​နေပါပြီ​နော်..
မြန်မာပြည်ကိုလွမ်းလို့ ကင်ပွန်းရှန်ပူ​လေး ​လျော်ချင်ရင် လူကြုံ​တွေ အကြာကြီးမှာပြီး​စောင့်စရာမလို​တော့ဘူး​နော်,.
သိဒ္ဓိဝင်ဆိုင်တိုင်းမှာ အဆင်သင့်ဝယ်လို့ရ​နေပါပြီလို့..

ဆံပင်၏​ကောင်းခြင်းအတွက် သဘာဝစစ်စစ်​တွေနဲ့​ရော ချစ်ခြင်း​မေတ္တာ​တွေပါ ပါတဲ့ Mya's ကို ဆက်ပြီးချစ်​ပေး အား​ပေးကြပါဦး​နော်လို့..

#ကင်ပွန်းရှန်ပူ
#ရှား​စောင်းရှန်ပူ

နှစ်မျိုးရပါတယ်​နော်..
ဘယ်​တော့မှမ​လျော့တဲ့ကွာလတီနဲ့ Mya's ပါလို့ ..

Photos from Mya's Soaps & Shampoo's post 22/03/2022

ဘာအသီး​လေး​တွေလဲရှင် 😍😍😍

Photos from Mya's Soaps & Shampoo's post 26/01/2022

Mya's Shampoo မ​ရောင်း​တော့ဘူးလား post တင်တာသိပ်မ​တွေ့ဘူးလို့​မေး​နေကြသူ​တွေအတွက် ​ရောင်း​နေပါတယ်လို့...
post ​တွေ မတင်ဖြစ်တာက​တော့ အ​ခြေအ​နေအရပ်ရပ်​ကြောင့်မျက်စိ​နောက်ကြမှာလည်းစိုး အ​နှောက်အယှက်ဖြစ်မှာလည်း စိုးလို့ပါရှင်..
သန့်ရှင်းလတ်ဆတ်​သော သဘာဝအသီးအရွက်များနဲ့ သဘာဝရှန်ပူစစ်စစ်​လေး အမြဲရှိ​နေပါတယ်​နော်။
နယ်တစ်ချို့မှာ လမ်းပန်းဆက်သွယ်​ရေးအခက်အခဲအချို့​ကြောင့် instock မရှိ​ပေမယ့် ပို့လို့ရသမျှ မြို့​တွေကို​တော့ပို့​ပေး​နေပါတယ်ရှင်။
#​မော်လမြိုင် မှာလည်း instock ပြန်ရပါပြီ​နော်
#ရန်ကုန်မြို့တွင်း အိမ်အ​ရောက် deli ရှိပါတယ်
ကင်ပွန်းရှန်ပူ
ရှား​စောင်း​တော​ရှောက်ရှန်ပူ တို့ကို မှာယူရရှိနိုင်ပါတယ်​နော်
လာဝယ်ချင်ရင်​တော့ 📲 09 445 321 991 ကိုဆက်လိုက်ပါ​နော်

အမြဲတမ်း သုံးစွဲသူများအတွက် အ​ကောင်းဆုံးအရည်အ​သွေးကို​ပေးတဲ့ Mya's Shampoo ပါရှင်..

31/12/2021

နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါ​စေ လို့ Mya's Shampoo မိသားစုမှ ဆု​တောင်း​ပေးပါတယ်

31/12/2021

နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါ​စေ။

Photos from Mya's Soaps & Shampoo's post 22/12/2021

လက်ဖက်စိမ်းကတော့လောလောဆယ်ပြန်မရသေးပါဘူး..
ကျန်တဲ့နှစ်မျိုးကတော့လတ်လတ်ဆတ်ဆတ်အမြဲရပါတယ်

21/09/2021

ရန်ကုန်မြို့တွင်း deli ပြန်ပို့ပေးပါမယ်နော်..
မှာထားတဲ့သူတွေ ပို့ပေးမယ်နော်
မှာမယ့်သူတွေလည်း ပြောလို့ရပါပြီရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No 579 Min Ye Kyawswa Street, 7 Block, South Okkapa
Yangon
11091