Upgrade Your Beauty with Thiri

Upgrade Your Beauty with Thiri

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Upgrade Your Beauty with Thiri, Yangon.

20/12/2018

😍🎄❤️Christmas Makeup Tutorial🎄🎄❤️
🎁(Giveaway Include)

😘💋Hello All of my Sweethearts❤️🎄
😍Welcome back👋Makeup Tutorial လေးတွေမတင်တာကြာလို့ မေ့သွားလောက်ပြီဟုတ်??
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ညမက Christmas နဲ့ လိုက်ဖက်မယ့် Look လေးကို ပြင်ပြထားပါတယ်နော်...
💚❤️ဒီLook လေးကို သဘောကျတယ်ဆို Like & share လုပ်ပေးဖို့လဲ မမေ့နဲ့နော်💋😘👧🏻🎄

💓🎁နောက်တစ်ခုက Christmas present အနေနဲ့ Glydire Cosmetics & Fashion က ထုတ်တယ့် FIRDO Mineral Spray(19000ks) တန် ကို Giveaway လေး လုပ်ပေးမယ်နော်..❤️💋💋
😍ဒီ Spary လေးက ညမရဲ့ Favorite Brand ဖြစ်ပြီး အရမ်းကို သုံးလို့ကောင်းလွန်းလို့ အားလုံးကိုဝင်ပြီး ကံစမ်းစေချင်ပါတယ်💋😘👧🏻🎁🎄

🎄😍🎁Giveaway မှာ ပါဝင်ချင်တဲ့ Sweethearts လေးတွေက ဒီ Rules လေး ၃ချက်ကို လုပ်ပေးပါနော်..

1. ဒီ ပိုစ့်ကို Like လုပ်ပြီးPublic နဲ့ shareပေးရပါမယ်❤️

2. Shareရင်လဲHashtagလေး ဒီ၂ခု လုပ်ပေးရပါမယ်👇




ဆိုပြီး ရေးပေးပါနော်❤️

3. အပေါ်က ၂ချက်လုပ်ပြီးကြောင်း Screenshot ရိုက်ပြီး ဒီပို့စ်အောက်မှာ မန့်ပေးနော်❤️

😍💓Giveaway ပေါက်တဲ့Sweetheart လေးကို 25ရက်နေ့မှာ ဒီPageက ကြေငြာပေးမယ်နော်🎁🎄

😘👧🏻Sweethearts လေးတွေအားလုံး Good Luck ပါနော်❤️🎁🎄

🎉🎄🎁Merry Christmas to You All🎄🎄😍😍💋

🎄🎁❤️💚
❤️💋💄😍

Photos from Upgrade Your Beauty with Thiri's post 04/09/2018

😍ဒီနေ့ တစ်ရက်အပြတ်selfမိတ်ကပ်သင်တန်းမှာ သင်တန်းသူလေးတွေ ကိုယ်တိုင် လက်စွမ်းပြလိမ်းထားတာ...❤️Amazing ပါပဲ!!!😱😱😱💕

😊တစ်ရက်ထဲနဲ့ မတတ်မှာ စိတ်ပူနေတဲ့ချစ်ဆုံးတို့အတွက် ဒါလေးတွေနဲ့ သက်သေပြထားတယ်နော်😁❤️

💘Self Makeup class စုံစမ်းချင်သူများ 09968829943 ကိုဆက်ပြီး မေးလို့ရပါတယ်ရှင်😘❤️

Photos from Upgrade Your Beauty with Thiri's post 19/08/2018

😍ဒီစနေတနင်္ဂနွေ classမှာ အရမ်းကို တော်ကြတဲ့ သင်တန်းသူတွေ..ဒါသူတို့ကိုယ်တိုင် ပြင်ထားကြတာ❤️💄💋😍

😱၂ရက်ထဲနဲ့ ဒီလောက်ပြင်တတ်သွားတာ မချီးကျူးပဲ မနေနိုင်ဖူး😘💕💕💘💘

💕😊၂ရက်ထဲနဲ့ မတတ်မှာ စိတ်ပူနေတဲ့ ချစ်ဆုံးလေးတွေလဲ စိတ်ဝင်စားရင် မြန်မြန်လေးလာJoin ဖို့ ဖိတ်ခေါ်ပါတယ်ရှင်😍❤️
Ph > 09968829943

Photos from Upgrade Your Beauty with Thiri's post 12/08/2018

😍မင်္ဂလာပါရှင့်...

💖ညမရဲ့ Self make up classလေးကို လာတတ်ချင်
လို့ မေးကြတဲ့ sweetheart လေးတွေအတွက် သင်တန်းလေးပြန်ဖွင့်ပေးပါမယ်နော်...❣️😊

😍သင်တန်းသူလေးတွေရဲ့ Review လေးတွေပါ ရှိတာကြောင့် မတတ်မှာ စိတ်မပူနဲ့တော့...ပြင်တတ်သွားဖို့က ကိုယ့်တာဝန်သာ ထားလိုက်..😍👌သင်တန်းသူလေးတွေရဲ့ Feedback တချို့ကိုလဲ Pageထဲ ဝင်ကြည့်လို့ရပါတယ်ရှင်😘💘

Self Make up Classမှာ ဘာတွေသင်ပေးမလဲဆိုတော့

👉Skincare အဆင့်ဆင့်အသုံးပြုနည်း
👉Skin ထိန်းသိမ်းနည်း
👉ကိုယ့်မျက်နှာနဲ့ လိုက်မယ့် မျက်ခုံးမွှေးဆွဲနည်း
👉Foundation ကြာရှည်ခံအောင်လိမ်းနည်း
👉မျက်ခုံးမွှေးရိတ်နည်း(ဆိုင်မှာရိတ်စရာမလိုတော့ဖူးနော်)
👉Do & Don’t မိတ်ကပ်ပြင်နည်း
👉Eyeshadows ခြယ်နည်း
👉Daily Makeup လိမ်းနည်း
👉ပွဲတတ်မိတ်ကပ် လိမ်းနည်း

သင်တန်းရက်ကတော့

🗓18.8.2018 (Saturday) , 19.8.2018 (Sunday)
2ရက်ကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်😍💖

🕙သင်တန်းအချိန်စာရင်း🕔

Section 1 - 10 a.m to 1 p.m
Section 2 - 2 a.m to 5 p.m

Section 2ခု ခွဲပေးထားတာမို့ ကြိုက်နှစ်သက်ရာအချိန်ကို တတ်လို့ရပါတယ်နော်💘

သင်တန်းFees💰

😍ဒီလက ညမရဲ့ Birthday Monthလဲ ဖြစ်တာကြောင့် Discount အနေနဲ့ ဈေးသက်သက်သာသာနဲ့ ဖွင့်ပေးထားပါတယ်
😱အရင် ၃၅၀၀၀(သုံးသောင်းခွဲ) ကနေ အခု ၂၅၀၀၀(နှစ်သောင်းခွဲ)သာ ပေးရမှာ ဖြစ်ပါတယ်ရှင်😍

နေရပ်လိပ်စာ🏠

တိုက်(၉) ကျိုက္ကဆံဘုရားလမ်း သင်္ယန်းကျွန်းမြို့နယ် ရန်ကုန်မြို့

📞Ph no. 👉 09968829943 ကိုဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ရှင့်

Photos from Upgrade Your Beauty with Thiri's post 12/08/2018

❣️Self Makeup class က သင်တန်းသူတချို့ရဲ့ Feedbacks လေးတွေ💖

Photos from Hearty Heart's post 09/08/2018

😍😍

21/07/2018

Ep 6 👉 Daily Makeup Look 💄💋😍
ပြင်ရတာလဲလွယ်တာမို့ ကြိုက်နှစ်သက်ရင် like & share လုပ်ပေးနော်..😘💓💘

14/07/2018

💖မိတ်ကပ်သင်တန်း စုံစမ်းလိုသူများ Thiri Htet အကောင့်မှာ လာရောက် စုံစမ်းပေးပါရှင်..😘😘💕💖
ကျေးဇူးတင်ပါတယ်ရှင်💋💋💘

Photos from Upgrade Your Beauty with Thiri's post 06/07/2018

💓 6 Beauty Hacks of Toothpaste 💓

😍Hello Sweethearts💖💋
💓ဒီတစ်ခေါက်ကတော့ သွားတိုက်ဆေးနဲ့ ပတ်သတ်ပြီး အသုံးဝင်ပုံ 6 ချက်ကို ပြောပြပေးသွားမှာပါ...😘💕ကဲ အာ့ဆို စာရှည်သွားမှာစိုးလို့ တစ်ခြားမပြောတော့ပဲ ချက်ချင်းပြောပြလိုက်မယ်နော်...😇😍

1. မှဲ့ခြောက်နဲ့ အမဲစက် 💓

ပါဝင်ပစ္စည်း
- Baking Soda လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရမ်းချဉ်သီး အရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း🍅🍅
- အဖြူရောင် သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဖန်ခွက် တစ်ခွက်🥣

အသုံးပြုပုံ💋👇
ရိုးရိုးလေးပါပဲ...ပါဝင်ပစ္စည်းတွေကို ရောပြီး Dark Spots တွေမှာ ၁၅မိနစ်လောက် သုတ်လိမ်းထားလိုက်နော်...ပြီးရင်တော့ ကြက်သီးနွေးရေလေးနဲ့ ပြန်ဆေးချလိုက်ပါ...တစ်ပတ် ၂ကြိမ် ကို တစ်လလောက်လုပ်ရုံနဲ့ သက်သာသွားစေမှာပါရှင်...💕

2. ခန္ဓာကိုယ်က ညိုမဲနေတဲ့ နေရာ( ဥပမာ - တံတောင်ဆစ် နဲ့ ဒူးခေါင်း )💓

ပါဝင်ပစ္စည်း
- Orange 🍊 or Lemon 🍋 အရည် ထမင်းစားဇွန်း ၂ဇွန်း
- သွားတိုက်ဆေး အဖြူရောင် ထမင်းစားဇွန်း၁ဇွန်း
- ဖန်ခွက်တစ်ခု

အသုံးပြုပုံ😍👇
ပါဝင်ပစ္စည်းတွေကို ရောပြီး မဲနေတဲ့နေရာမှာ လိမ်းပေးပြီး ၇ မိနစ် ၈ မိနစ်လောက်ထားပေးပါ..ပြီးရင်ရော ရေအေးနဲ့ ဆေးချလိုက်ရုံပါပဲ..ရိုးရိုးရှင်းရှင်းလေးပါပဲ..ဒါပေမယ့် ပိုဖြူချင်လို့ဆိုပြီး ၇မိနစ်ထပိုပြီး ကြာကြာထားလိုက်လို့ မရပါဖူးနော်...😘💋

3. ဝက်ခြံ 💓
ပါဝင်ပစ္စည်း
- ရှားစောင်းလက်ဘက် လက်ဖက်ရည်စွန်း ၂စွန်း
- သွားတိုက်ဆေး အဖြူရောင် လက်ဖက်ရည်စွန်း ၂စွန်း
- ဖန်ခွက်

အသုံးပြုပုံ😍👇
ပါဝင်ပစ္စည်း ၂မျိုးရောပြီး ညအိပ်ခါနီး ဝက်ခြံပေါ်မှာ လိမ်းထားလိုက်ပါ..မနက်အိပ်ရာနိုးရင် ကြက်သီးနွေး ရည်လေးနဲ့ ဆေးချလိုက်ပါ..ဝက်ခြံသက်သာသွားတဲ့အထိ ညတိုင်း လုပ်ပေးပါနော်...💘💋

4. ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင် နှင့် အဖျား ၂ခွ ဖြစ်နေသော ဆံပင်💕

ပါဝင်ပစ္စည်း
- ငှက်ပျောသီး တစ်လုံး🍌
- Toothpaste ထမင်းစားစွန်း ၁စွန်း
- ဖန်ခွက် 🥣

အသုံးပြုပုံ😍👇
ပါဝင်ပစ္စည်း ၂ခုရောချေပြီး ခေါင်းမလျော်ခင် မိနစ် ၃၀အလိုမှာ လိမ်းပေးရုံပါပဲ..

5. သွားဝါခြင်း 💓

ပါဝင်ပစ္စည်း
- Baking Soda လက်ဖက်ရည်စွန်း ၁စွန်း
- Orange juice လက်ဖက်ရည်စွန်း ၁စွန်း
- Toothpaste လက်ဖက်ရည်စွန်း ၁စွန်း

အသုံးပြုပုံ😍👇
ပါဝင်ပစ္စည်း ၃မျိုးရောပြီး သွားမှာ 2 or 3 mins လောက် ပွတ်တိုက်ပေးပါ...၅ရက် အတွင်း ဖြူဖွေးလာပါလိမ့်မယ်..💓

6. နှုတ်ခမ်းညိုမဲခြင်း💘💋

ပါဝင်ပစ္စည်း
- ပျားရည် လက်ဖက်ရည်စွန်း ၁စွန်း
- သွားတိုက်ဆေး လက်ဖက်ရည်စွန်း၁စွန်း

အသုံးပြုပုံ😍👇
မသုံးခင် သွားပွတ်တံနဲ့ နှုတ်ခမ်းကို ဖွဖွလေးတိုက်ပေးပြီး သွေးလည်ပတ်နှုန်းကောင်းအောင် အရင် လုပ်ပေးပါမယ်..ပြီးရင်တော့ အပေါ်က ပါဝင်ပစ္စည်း ၂မျိုးကို ရောပြီး brush နဲ့ ဖွဖွလေးပွတ်ပေးပါနော်..၁မိနစ်လောက်လုပ်ပေးပြီး lip balm သုံးပေးလိုက်ရင် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ရမှာပါ..တစ်လ တစ်ခါသာ လုပ်ပေးပါနော်..💓💋

😍☝️ဒါကတော့ Toothpaste နဲ့ ပတ်သက်ပြီး အသုံးဝင်ပုံလေးတွေပဲ ဖြစ်ပါတယ်...
ဈေးကြီးကြီး ပေးပြီး သက်သာဖို့ထက် ဒီလို နေ့တဒူဝ အသုံးပြုနေတဲ့ ပစ္စည်းလေးတွေနဲ့ ကုသလိုက်ရင် ဝင်ငွေလဲ Saveဖြစ်သွားမယ် မဟုတ်လား ချစ်ဆုံးတို့ရေ...

😘💋💓ဒီ blogလေးကိုအသုံးဝင်မယ် ထင်ရင် like & share လေး လုပ်ပေးသွားနော်..နောက်ထပ်သိချင်တာရှိရင်လဲ cmt မှာ မန့်ပေးခဲ့နော် ချစ်ဆုံးတို့ရေ😍👇💕

💋😍ကြိုးကြိုးစားစားရေးထားတဲ့ Blogလေးကို အဆုံးထိဖတ်ပေးတဲ့ ချစ်ဆုံးတယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်ရှင်..💓ချစ်ဒယ်နော်..မွ💋💋!!အာ့ဆို နောက်တစ်ခေါက်ပြန်တွေ့မယ်နော်..တာ့တာ!😘👩🏻💘

💕
😍💘

02/07/2018

Ep 4 💋
French Makeup Look😍💖

Photos from Upgrade Your Beauty with Thiri's post 29/06/2018

😍Color Correctors များအကြောင်း💘

❤️Color Correctors ဆိုတာ မျက်နှာပေါ်က အသားအရောင်မညီညာတာကို ဖုံးပေးပြီး မျက်နှာအသားအရောင်ကို တပြေးတည်းဖြစ်သွားအောင် ညှိပေးတဲ့ Concealer တစ်မျိုးပါ...သူတို့ကို foundation မလိမ်းခင်မှာ အသုံးပြုပေးရပါတယ်...💓👀

😍🌈Color Correctors မှာ အဓိက သုံးတဲ့ အရောင်တွေက Green, Purple, Pink, Orange and Yellow တို့ပဲ ဖြစ်ပါတယ်😍😊

💋Color တွေအလိုက် သူတို့ရဲ့ အသုံးဝင်ပုံတွေကိုလဲ ပြောပြမယ်နော်...💖

Green ~ နီရဲနေတဲ့ မျက်နှာအစိတ်အပိုင်း
ဥပမာ- ဝက်ခြံ နဲ့ Allergies တို့ကို ဖုံးပေးပါတယ်

Purple ~ နဂိုအသားအရည်ထက် မွဲခြောက်ပြီး မှိုင်းနေရာ
ဥပမာ - မျက်လုံးအတွင်းထောင့် နဲ့ နှုတ်ခမ်း ထောင့်စွန်းနေရာ

Pink ~ အသားဖြူတဲ့သူ ဥပမာ light skin tone ရဲ့ Dark Circle တွေမှာ သုံးပါတယ်

Orange ~ အသားညိုတဲ့သူတွေရဲ့ Dark circle ,Dark spot and မျက်တွင်းညိုတဲ့နေရာတွမှာ အဓိက သုံးပေးပါတယ်

Yellow ~ ပြာနှမ်းနှမ်းဖြစ်နေမယ့် နေရာတွေ
ဥပမာ- အမာရွတ်တွေ, သွေးကြောတွေနဲ့ မျက်တွင်းအရမ်းကျနေရင်(မျက်တွင်းညိုတာနဲ့ မျက်တွင်းကျတာမတူပါဖူးနော်) သုံးပေးပါတယ်...Eyeshadow Baseအဖြစ်လဲ သုံးပေးပါတယ်💖

အခုရေးသွားတာကတော့ Color Correctors နဲ့ ပတ်သက်ပြီး လာမေးကြလို့ ညမသိထားတဲ့ အချက်လေးတွေ ပြန်မျှဝေပေးတာပါရှင်...

💓အသုံးဝင်မယ်လို့လဲ မျှော်လင့်ပါတယ်ရှင်..ကိုယ်သိချင်တဲ့ Beauty tipsလေးတွေ ရှိရင်လဲ cmtမှာ မေးခဲ့လို့ရပါတယ်နော်..💘

😘💕အဆုံးထိဖတ်ပေးတဲ့ ချစ်ဆုံးတယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်ရှင့်..နောက် Blogမှာ ပြန်ဆုံမယ်နော်..တာ့တာ!👋😘👩🏻💖

😍😍💕
💓💋💋

26/06/2018

💖မင်္ဂလာပါ ချစ်ဆုံးလေးတို့ရေ..😍
😊💄ညမက ဒီတခေါက်မှာတော့ လူငယ်ဆန်ဆန် colorful lookလေးကို Tutorialလေး လုပ်ပြီး ပြင်ပြပေးထားပါတယ်ရှင့်...😍💓💓
😘👩🏻💋မိတ်ကပ်ကို စိတ်ဝင်စားတဲ့ Beginnerလေးတွေအတွက် အဓိက ထားပြီး ပြင်ပြပေးထားပါတယ်နော်..လိုက်ပြင်ကြည့်လို့ လွယ်ကူမယ်လို့ မျှော်လင့်ပါတယ် ချစ်ဆုံးတို့ရေ...😇😘💖
😊😘💕ဒီVideoလေးကို ကြိုက်ရင် Like & share လုပ်ဖို့ မမေ့နဲ့ဦးနော်..နောက်ထပ် blog တစ်ခုမှာ ပြန်တွေ့မယ်နော်!💖💄👀👸👸🏻
😘တာ့တာ...👋👋😍💘
💓
💓

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon